အခန်း ၂၀
သူမက ဆေးရုံ၏ ဒါရိုက်တာဖြစ်သော်လည်း ခက်ခဲပြီး ရှုပ်ထွေးသည့် ရောဂါများရှိသည့်အခါ၊ဆေးရုံရှိ ဆရာဝန်များက မကုသနိုင်သည့်အခါ သို့မဟုတ် ခက်ခဲသည့် ခွဲစိတ်မှုများကို မလုပ်ဆောင်နိုင်တော့သည့်အခါ ပိုင်ယွင်အား လိုအပ်လေသည်။
သို့သော် ထိုကဲ့သို့အခြေအနေက အခြေခံအားဖြင့် ရှားပါးသည်။အဘယ်ကြောင့်ဆိုသော် ဆေးရုံတွင် တခြားရောဂါများကို ကုသနိုင်သည့် ဆရာဝန်များရှိနေသေးသည်။
ထို့ကြောင့် ပိုင်ယွင်က နေ့တိုင်း ဆေးရုံသို့ သွားရန်မလိုချေ သို့သော်လည်း သူမက နေ့တိုင်း ဆေးရုံတွင်အလုပ်လုပ်ရန်သာ အတင်းအကျပ် တောင်းဆိုခဲ့သည်။
ထို့ကြောင့် ယဲ့မုန့်ယောင်က သူမအမေက "ဘာလို့ ဒီနေ့ ယဲ့ချင်ဖုန်း၏ရုံးခန်းသို့ စောပြီးရောက်နေရတာလဲ" ဆိုတာကို အံ့ဩနေခဲ့သည်။
ပိုင်ယွင်က သူမ၏ရာထူးနှုတ်ထွက်စာလွှာကို လွန်ခဲ့သည့်နှစ်ရက်ကတည်းက တင်ထားပြီးသားဖြစ်ပြီးယခု သူမခေါင်းဆောင်၏လက်မှတ်ထိုးရန်ကိုသာ စောင့်နေခဲ့သည်။
ယခင်ဖျားနာသူများအနေဖြင့် ၎င်းတို့၏ အခြေအနေမှာ မဆိုးဝါးတော့ချေ။ အခြားသော ဆရာဝန်များကလည်း သေးငယ်သော ပြဿနာအချို့ကို ဖြေရှင်းနိုင်သည်။ မူလက ပိုင်ယွင်ကလူနာများ ဆေးရုံမှ ဆင်းသွားသည်အထိ စောင့်ဆိုင်းပြီးမှ ရာထူးမှ နုတ်ထွက်လိုခဲ့သည်။
သို့သော်လည်း မြို့က ယခု အလွန်ရှုပ်ထွေးနေခဲ့သည်။ သူမတို့ဆေးရုံက သူနာပြုတစ်ဦးက တစ်စုံတစ်ယောက်ကို စော်ကားသည်ဟု သတင်းပို့ခံပြီး ယခုထိပြန်မလာနိုင်သေးပေ။ ထို့ကြောင့်ဇနီးမောင်နှံက စောစီးစွာ ကျေးလက်သို့ သွားရန်ဆုံးဖြတ်ခဲ့ကြသည်။
သူနာပြုကိစ္စကြောင့် ယဲ့ချင်ဖုန်းက ပိုင်ယွင်ကို ဆေးရုံတွင် အလုပ်လုပ်ရန် မသွားခိုင်းရဲတော့ချေ။သူမက နိုင်ငံခြားတွင် ပညာသင်ခဲ့ပြီး တရုတ်ဆေးပညာတွင်လည်း ကျွမ်းကျင်သည်။ ထို့ပြင် သူမကို နောက်ကွယ်မှ သတင်းပေးသူ တစ်စုံတစ်ယောက်တစ်ယောက်က သတင်းပို့လိုက်မှာကိုလည်း ကြောက်နေရသည်။
ကံကောင်းထောက်မစွာ ဆေးရုံတွင် ဘယ်သူကမှ သူမနိုင်ငံခြားတွင် ပညာသင်ခဲ့ကြောင်း မသိခဲ့ပေ။
၎င်းက သူမ တရုတ်ဆေးပညာကို ကောင်းမွန်စွာတတ်မြောက်သည့်အချက်နှင့်လည်း သက်ဆိုင်သည် သို့မဟုတ်ပါက သူမလည်း သတင်းပို့ခံရလျှင် ဒုက္ခရောက်လိမ့်မည်။
ပိုင်ယွင်က ယဲ့မုန့်ယောင်ကို အဖြစ်အပျက်အလုံးစုံကို ပြောပြလိုက်သည်။ ယဲ့မုန့်ယောင်က ထိုအကြောင်းကို သိပြီးနောက် သူတို့၏သတိရှိမှုကိုထောက်ခံပြီး ရွာသို့ မြန်မြန်လာရန် တိုက်တွန်းခဲ့သည်။
“ဖေဖေနဲ့မေမေ မြန်မြန်လာရမယ်နော်
ရက်အနည်းငယ်လောက် မတွေ့ရတာကို
သမီး အရမ်းလွမ်းနေပြီ”
ယဲ့မုန့်ယောင်က ချစ်စဖွယ်ပြောလိုက်သည်။
မိသားစုဝင်သုံးဦးသည် ဆယ်မိနစ်ခန့်ဖုန်းပြောပြီးနောက် ဖုန်းချလိုက်ကြသည်။ ယဲ့မုန့်ယောင်က ဖုန်းဘေလ်ပေးဆောင်ရန် သွားခဲ့သည်။ ပစ္စည်းများပို့ဆောင်သည့်ငွေနှင့်ပေါင်း၍ စုစုပေါင်း သုံးယွမ်ကျသင့်သည်။
“ယဲ့ကျစ်ချင်း
မင်းတို့လည်း ပစ္စည်းပို့ဖို့ လာတာလား”
ဝမ်ယွီဟိုင်က ဝင်လာပြီး ယဲ့မုန့်ယောင်တို့ကို တွေ့သည့်အခါ နှုတ်ဆက်လိုက်သည်။ သူ၏နောက်တွင် ပညာတတ်လူငယ်အချို့ လိုက်လာသည်။ သူတို့အားလုံးက အိမ်ကိုပစ္စည်းပြန်ပို့ရန် သို့မဟုတ် မိသားစုဝင်များက ပို့ပေးလိုက်သည့် ပစ္စည်းများကို လာယူရန် လာခဲ့ကြခြင်းဖြစ်သည်။
ယဲ့မုန့်ယောင်တို့လည်း သူတို့ကို နှုတ်ဆက်လိုက်သည်။ ယခုအခါ စာတိုက်တွင် လူပိုများလာခဲ့တော့သည်။ သူတို့အလှည့်မရောက်ခင် ရှုကျားကျားက ယဲ့မုန့်ယောင်တို့ထံ လာပြီး စကားပြောနေခဲ့ကြသည်။
မိန်းကလေးလေးယောက်က စာတိုက်တွင် စကားပြောနေကြပြီး ဟန်ရှုယောင်နှင့် တခြားကောင်လေးနှစ်ယောက်ကတော့ အကူအညီမဲ့စွာ စောင့်နေရုံသာတတ်နိုင်သည်။
ယဲ့မုန့်ယောင်၏နောက်သို့လိုက်လာသည့် ဟန်ရှုယောင်က ဝမ်ယွီဟိုင်၏မျက်လုံးများမှာ ယဲ့မုန့်ယောင်ထံသာ အမြဲရှိနေတတ်သည်ကို မြင်လိုက်ရသည့်အခါ အလွန်မသက်မသာ ခံစားရသည်။
သူဘာကြောင့် ဤသို့ခံစားနေရတယ်ဆိုတာ မသိချေ။ သူ စိတ်မသက်မသာဖြစ်ရခြင်းက ယဲ့မုန့်ယောင်ကို သူ၏ညီမလေးတစ်ယောက်လို သဘောထားလို့ဖြစ်မယ် ဟုမှတ်ယူလိုက်သည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ သူမကို သဘောမကျစေချင်ပေ။
ဝမ်ယွီဟိုင်က ယဲ့မုန့်ယောင်ကို ကြည့်နေရင်း ရုတ်တရက် ကျောထဲက စိမ့်ကနဲ ဖြစ်သွားသည်။ သူသတိထားကြည့်လိုက်သည့်အခါ ဟန်ရှုယောင်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“ယောင်ယောင်
ကိုယ်တို့ အရင် ကုန်စုံဆိုင်ကို သွားရအောင်”
ဟန်ရှုယောင်က လှည့်ပြီး စကားပြောနေဆဲဖြစ်သည့်ယဲ့မုန့်ယောင်ကို ပြောလိုက်သည်။
“ကောင်းပြီ
အစ်မကျားကျား
ဒါဆို ကျွန်မတို့ အရင်သွားနှင့်မယ်”
ယဲ့မုန့်ယောင်က ရှုကျားကျားကို ပြောလိုက်သည်။
“ဟေ့ နင်တို့လည်း မြန်မြန်လုပ်ကြဦး
နောက်ကျနေလိမ့်မယ်
နောက်ကျရင်စျေးပေါတာတွေပဲရမှာ
ကောင်းတာတွေက အကုန်ကုန်သွားလိမ့်မယ်”
ရှုကျားကျားက ပြောလေသည်။
ကုန်စုံဆိုင်များက မကြာခဏ အသင့်ပြင်ဆင်ထားပြီးသား အထည်အလိပ်များကို ရောင်းကြသည်။ ထိုအထည်များတွင် အပေါက် သို့မဟုတ် ချို့ယွင်းချက်များရှိတတ်သည်။ တစ်ခါတစ်ရံ အထည်လိပ်မှ ပုံရိုက်ခြင်းနှင့်ဆေးဆိုးခြင်းများက မှားနေတတ်သည်။ ၎င်းတို့ကို စက်ရုံမှ ပယ်လိုက်သည်။
ပိုကောင်းသည့် အထည်များကိုမူ အရောင်းဝန်ထမ်းများက သူတို့အတွင်းပိုင်းတွင်သာ သုံးကြသည်။ ထို့ကြောင့် လူတိုင်းက မနာလိုဖြစ်ပြီး အရောင်းဝန်ထမ်းတစ်ယောက် ဖြစ်ချင်ကြတာဖြစ်သည်။
ရောင်းချရန်ကျန်ရှိသည့် အထည်များက အရောင်းဝန်ထမ်းများ လက်ကျန်ထားခဲ့သည့် အထည်လိပ်များဖြစ်သော်လည်း ၎င်းတို့ကို ဝယ်ရန် အပြေးအလွှားလာကြသည့် သူတွေ အများကြီးရှိနေပါသေးသည်။
မည်သို့ပင်ဆိုစေကာမူ ဤပြုပြင်ထားသည့် အထည်တွေကို အထည်လက်မှတ်မပါဘဲ ဝယ်ယူနိုင်သည်။
ဒီခေတ်မှာတော့ ဒါက မြို့ခံတွေအတွက် ကောင်းမွန်လေသည်။ အကြောင်းအရင်းမှာ စက်ရုံတွေက လက်မှတ်များ ပါမှသာထုတ်ပေးသည်။ ကျေးလက်ဒေသများတွင် အထည်တစ်စုံဝယ်ဖို့ တစ်နှစ်စာ အထည်လက်မှတ်များကို စုဆောင်းထားရတတ်သည်။
ထို့ကြောင့် ရွာရှိ ကလေးများက အဝတ်အသစ်ဝတ်ရခဲပြီး သူတို့၏အကြီးများဆီကနေ အဝတ်ဟောင်းတွေကို ကောက်ယူဝတ်ကြရသည်။
ရှုကျားကျားနှင့် ယဲ့မုန့်ယောင်တို့ နှုတ်ဆက်ပြီးနောက် သူတို့ခြောက်ယောက်သည် ခရိုင်မြို့ရှိ တစ်ခုတည်းသော ကုန်စုံဆိုင်ကို သွားရောက်ခဲ့ကြသည်။
ထူးထူးခြားခြား လူပိုများနေသည်ကို တွေ့ခဲ့ရသည်။
ရှန်ရိယင်းက သူ၏ဘေးက အဘွားအိုတစ်ယောက်ကို မေးပြီး ယနေ့ အထည်အလိပ်ရောင်းချမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုရခဲ့သည်။
ယနေ့ ကုန်စုံဆိုင်က စက်ရုံမှ စွန့်ပစ်လိုက်သည့် ဓါတ်ဘူးအများအပြားကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို ဓါတ်ဘူးများက အပူကိုထိန်းသိမ်းနိုင်သည့် အာနိသင်က အတူတူပင်ဖြစ်နေသေးသော်လည်း အပြင်အခွံများက ပျက်စီးခြင်း သို့မဟုတ် အရုပ်များ ကွာကျနေခြင်းတို့ ရှိသည်။
အဓိကကတော့ ဓါတ်ဘူးကို လက်မှတ်မပါဘဲ ဝယ်နိုင်ပြီး ဒါကိုသိတဲ့သူတိုင်း ဝယ်ကြ လုကြတော့သည်။
ယဲ့မုန့်ယောင်နှင့် အခြားမိန်းကလေးများက ဤအကြောင်းကို သိရှိပြီးနောက် ပစ္စည်းများ လုယက်နေသည့် အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၎င်းတို့က အလုပ်များကို ခွဲဝေယူခဲ့ကြပြီး မိန်းကလေးသုံးဦးသည် အထည်လိပ်များဆီသို့ သွားခဲ့ကြပြီး ဟန်ရှုယောင်တို့ ကောင်လေးသုံးဦးသည် ဓါတ်ဘူးများ လုယက်ရန် သွားခဲ့ကြသည်။