အခန်း (၁၈)
Viewers 2k

အခန်း ၁၈


အနီးအနားရှိ ကလေးများ၏ မိဘများက ယဲ့မုန့်ယောင်အား ကျေးဇူးတင်စကား ဆိုကြသည်။

ကျန်ယင်းယင်းသည် ယဲ့မုန့်ယောင် ပေးသော ဘီစကစ်များနှင့် သကြားလုံးများကို ပုံမှန်အတိုင်း သဘာဝတကျ ယူခဲ့သည်။ သူတို့နှစ်ဦးက ပေကျင်းတွင် တစ်ဦးနှင့်တစ်ဦး၏ အစားအစာများကို မကြာခဏ စားလေ့ရှိပြီး အရှုံးအမြတ် ရှိ၊ မရှိကို ဂရုမစိုက်ကြပေ။


သူမသည် ချန်မေ့လန်နှင့်ယောက်က္ခမကိုလည်း 

ဆွဲဆောင် ပြောဆိုခဲ့သည်။


"အန်တီမေ့လန်

ရှင်တို့ စားလို့ရပါတယ် 

မုန့်ယောင်မှာ တစ်ခြားအ​တွေး​တွေ မရှိဘူး

သူမအတွက် ချန်ထားစရာ မလိုပါဘူး"


ယဲ့မုန့်ယောင်နှင့် အခြားသူများ၏ စကားကို နား​ထောင်နောက် သူတို့ လက်ခံခဲ့ကြသည်။ ယဲ့မုန့်ယောင်သည် သူတို့တစ်ဦးစီအတွက် သကြားလုံးတစ်ဆုပ်နှင့် ဘီစကစ်လေးခု ​ပေးခဲ့သည်။ နျိူချိူင်ဟွားနှင့် သူမ၏ ယောက်က္ခမတို့က တစ်ခုစီ စားပြီး ရပ်လိုက်ကာ နောက်မှ စားရန် ချန်ထားလိုခဲ့သည်။ လီရှောင်ရှင်းနှင့် သူ၏ညီမလေးတို့လည်း စားခဲ့ကြသည်။


ဤသို့ ဘီစကစ်များနှင့် သကြားလုံးများကို ဝေမျှပြီးနောက် သိပ်မကျန်တော့ပေ။ ယဲ့မုန့်ယောင်သည် ၎င်းတို့ကို သူမကိုယ်တိုင်သာ အားလုံးစားလိုက်ပြီး အခြားသူများနှင့် ဝေမျှမစားခဲ့ပေ။ ဘီစကစ်များသည် အထူးသဖြင့် နို့အရသာ ပြင်းပြီး ကြက်သွန်မြိတ်အရသာ အနည်းငယ် ပါဝင်သောကြောင့် အရသာရှိသည်။


"မြို့ကနေလာတဲ့ ပညာတတ်လူငယ်တွေက 

ဇိမ်ခံဘဝနဲ့ နေကြတာပဲ 

သူတို့ကအလုပ်လာရင်တောင် အစားအစာတွေ ယူလာရသေးတယ်"


အနီးနားရှိ အဒေါ်တစ်ဦးက ယဲ့မုန့်ယောင်သည် 

သူတို့နှင့် ဘာမှမမျှဝေသည်ကို မြင်သောအခါ 

မချေမငံ ပြောလိုက်သည်။


"သူတို့ကယဉ်ကျေးဖို့တောင် မသိကြဘူး 

ငါတို့အားလုံး သစ်ပင်ကြီးအောက်မှာ အေးအေးဆေးဆေးနေနေကြတာ 

ငါတို့ လူကြီးတွေကို နည်းနည်းစီပေးသင့်သလို ကလေးတွေကိုလည်း နည်းနည်းစီ ပေးသင့်တယ်" 


နောက်အဒေါ်တစ်ဦးက ပြောလိုက်သည်။


"ဟေး 

ကျိုးတကျွမ်းမိသားစုနဲ့ ချန်ကုံးဖူရဲ့မိသားစု 

ရှင်တို့ ဘာတွေပြောနေကြတာလဲ

မုန့်ယောင်က သူပေးချင်တဲ့သူကို ပေးမှာပေါ့ 

ရှင်တို့နဲ့ ဘာဆိုင်လို့လဲ 

ကျန်းဖူကုံးမိသားစု နင်ရဲ့မြေးဖို့ 

မနေ့က သကြားလုံးတွေ ယူလာတုန်းက 

ဘာလို့ ငါတို့ကို နည်းနည်းမှ မပေးခဲ့တာလဲ" 


နျိူချိူင်ဟွားက ပြောလိုက်သည်။


"မှန်တယ် သူတို့နှစ်ယောက်က 

တခြားသူတွေရဲ့ အခွင့်အရေးကိုယူချင်တာပဲ"


ကျိုးဇီနှင့် အခြားသူများ၏ အဘွားများကလည်း ပြောလိုက်သည်။ ယဲ့ကျစ်ချင်း*က သူတို့မြေးတွေကိုလည်း သကြားလုံးတွေ ပေးခဲ့သည်။


[T/N ယဲ့မုန့်​ယောင်ကို မှား​ရေးတာ ထင်တယ်]


"ပညာတတ်လူငယ်က သူ​ပေးချင်တဲ့သူကို 

ပေးနိုင်တယ် ဒါ ငါတို့ ပစ္စည်းမဟုတ်ဘူး"


အနီးအနားရှိ အဒေါ်များစွာက သဘောတူညီခဲ့ကြသည်။ သူတို့က ဒီနှစ်ယောက်လို အရှက်မရှိကြပေ။



လူများစွာ၏ ဝိုင်းပြောခြင်းကို ခံရပြီးနောက် ထိုနှစ်ဦးက ဘာမှ မပြောဝံ့တော့ပေ။ သူတို့သည် ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။ ခဏအကြာတွင် မည်သူမျှ သူတို့ကို ဂရုမစိုက်တော့သည်ကို တွေ့ရှိသောအခါ အခြားနေရာသို့ ပြောင်း၍ အနားယူကြသည်။


ယဲ့မုန့်ယောင်သည် သူမအား ကူညီရန် လာခဲ့ကြသည့် အဒေါ်များကို ကြည့်လိုက်သည်။ သူမ၏ ဘီစကစ်နှင့် သကြားလုံးများ ကုန်သွားပြီ ဖြစ်သောကြောင့် သူမသည် ယနေ့မနက် လီရှောင်ရှင်းနှင့် သူ့ညီမလေးအတွက် ဖွင့်ခဲ့သော သစ်သီးသကြားလုံးအိတ်ကို ထုတ်ယူပြီး တစ်ဦးစီကို တစ်ဆုပ်စီ ပေးလိုက်သည်။


ယဲ့မုန့်ယောင်က ဤသစ်သီးသကြားလုံးအမျိုးအစားကို သိပ်မကြိုက်ပေ။ ၎င်းတို့ကို ယဲ့ချင်ဖုန်းက သူ၏ထူးချွန်သော ဝန်ထမ်းများကို ဆုချရန် ဝယ်​​လေ့ရှိပြီး ထိုမှကျန်ရှိသည့် အထုပ်များ ဖြစ်ကာ သူမအတွက် အားလုံးထည့်ပေးလိုက်ခြင်း ဖြစ်သည်။


အဒေါ်အချို့မှာ အလွန်ပျော်ရွှင်သွားကြသည်။ 

သူတို့က တရုတ်နှစ်သစ်ကူးကာလတွင်သာ ဤသစ်သီးသကြားလုံးများကို ဝယ်ယူနိုင်ခဲ့ကြသည်။ အကူအညီမပေးခဲ့ကြသော အခြားအဒေါ်များကမူ သူတို့၏ ဆုံးဖြတ်ချက်ကို အလွန်နောင်တရနေကြသည်။


ထိုအချိန်တွင် လီရှောင်ရှင်း၏ ငိုသံကို အနီးအနားမှ ကြားရသည်။ သစ်ပင်ကြီးအောက်ရှိ လူတိုင်း လှမ်းကြည့်လိုက်သောအခါ ကျိုးဇီက လီရှောင်ရှင်းကို ဆွဲခေါ်လာသည်ကို တွေ့ရသည်။ 


ချန်မေလန်က ဘာဖြစ်တာလဲဟု 

အလျင်အမြန် မေးလိုက်သည်။


ကျိုးဇီက ဖြစ်စဉ်အကြောင်းအရာ အကုန်ပြောပြလိုက်သည်။ ဖြစ်စဉ်မှာ သူတို့ လယ်ကွင်းဘေးက ချောင်းမှာ ဆော့ဖို့သွားတုန်းမှာ စာရင်းကိုင် လျို၏မြေးဖြစ်သူ လျိုတာကွေ ဦးဆောင်သည့်

ကလေးဆိုးနှစ်ယောက်က လီရှောင်ရှင်း၏ စား၍ 

မကုန်​သော​ကြောင့် မစားရက်ဘဲ ချန်ထားသည့်သကြားလုံးကို လုယူသွားခဲ့ခြင်း ဖြစ်သည်။


"ရှောင်ရှင်း 

မင်းရဲ့သကြားလုံး ငါတို့ ပြန်ရခဲ့ပြီ" 


ထျဲတန်နှင့် တခြားကလေးအနည်းငယ်က ပြေးလာပြီး သူတို့လက်ထဲက သကြားလုံးကို လီရှောင်ရှင်းထံပေးလိုက်သည်။ သူတို့က ညစ်ပတ်နေပြီး ရန်ဖြစ်လာကြသည်မှာ ထင်ရှားသည်။


ယဲ့မုန့်ယောင်က ထိခိုက်ဒဏ်ရာရတာ ရှိ၊မရှိ ​မေးရန်ပြင်​နေစဥ် အော်သံကြောင့် စကားပြတ်သွားရသည်။ လျှိုတာကွေက ရန်ဖြစ်ပြီး ရိုက်ခံရသည့်အခါ သူ့အမေထံ ပြေးပြီး တိုင်တန်းခဲ့သည်။ သူ၏အ​မေက သူ့သားလေး ရိုက်နှက်ခံထားရသည်ကို မြင်တော့ ဒေါသထွက်သွားသည်။ သူမ၏သားက အရင် သကြားလုံးကို လုယူခဲ့တာကို သိ​သော်လည်း သူက ဂရုမစိုက်ဘဲ ရန်သာလုပ်ချင်ခဲ့သည်။


သူမက ကျန်ကလေးဆိုးနှစ်ယောက်၏ အ​​မေဖြစ်သူတို့ကို သွားရှာကာ သူတို့ သုံးယောက် စုလိုက်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်နှစ်ယောက်မှာ ယဲ့မုန့်ယောင်အား မကြာ​သေးမီကမှ ပြောခဲ့သည့်ကျိုးအမေနှင့် ချန်အမေ ဖြစ်နေသည်။


သို့သော်လည်း သူတို့က ဒေါသတကြီးဖြင့် 

ရှက်ရွံ့စွာ ထွက်ခွာသွားကြသည်။ သူတို့က မှားခဲ့ကြပြီး ယဲ့မုန့်ယောင်လို လူကောင်းများစွာရှိနေသည် ဖြစ်ရာ အနိုင်ကျင့်ခံရသည့်အခါ ဝင်​ပြော​ပေးသည့် သူများစွာရှိသည်။။ ယဲ့မုန့်ယောင်ကို ယခင်က မကူညီခဲ့သည့်အတွက် နောင်တရနေသူများကလည်း ယခုတစ်ကြိမ်တွင် သူမကို ကူညီခဲ့ကြသည်။


ယဲ့မုန့်ယောင်သည် နှမြောတွန့်တိုခြင်းမရှိဘဲ သူတို့တစ်ဦးစီကို အခွံမာသီးတစ်ဆုပ် ပေးလိုက်သည်။ ဝေမျှပြီးနောက် အခွံမာသီးအချို့ ကျန်သေးသဖြင့် ယဲ့မုန့်ယောင်က ကျိုးဇီကို ပေးပြီး သူ၏သူငယ်ချင်းများနှင့် မျှဝေစားရန် တောင်းဆိုခဲ့သည်။


ယဲ့မုန့်ယောင်နှင့် သူမ၏သူငယ်ချင်းတို့က လယ်ကွင်းတွင် အလုပ်ပြန်လုပ်ကြသည်။ ​နေ့လည်စားရန်အတွက် အိမ်သို့ ပြန်လာခဲ့ကြသည်။ ယဲ့မုန့်ယောင် အိမ်ပြန်ရောက်သောအခါ ဟန်ကျင့်ရန်နှင့် သူ၏ဇနီးသည် ​နေ့လည်စာကို ပြင်ဆင်ပြီးသားဖြစ်ပြီး သူမ ပြန်လာစားရန် စောင့်ဆိုင်းနေကြသည်။ 


သူမသည် အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရသောကြောင့် ဗိုက်ဆာနေပြီ ဖြစ်ရာ မျက်နှာနှင့် လက်များကို အလျင်အမြန် ဆေးကြောခဲ့သည်။ ဟန်ရှုယောင်သည် နေ့လည်စာအတွက် ပြန်မလာတော့ပေ။ ထို့ကြောင့် သူတို့သုံးဦးသာ နေ့လည်စာ စားခဲ့ကြသည်။


ထမင်းစားပြီးနောက် ကျန်းလင်းက ယဲ့မုန့်ယောင်ကို

အဆင်​ပြေသလားဟု မေးချင်ခဲ့သော်လည်း ယဲ့မုန့်ယောင် အလွန်ပင်ပန်းနေသည်ကို မြင်ရသောကြောင့် ခဏအိပ်ခွင့်ပေးလိုက်သည်။ ယဲ့မုန့်ယောင် နာရီဝက်ခန့် အိပ်ပျော်သွားပြီး ကျန်းလင်းက သူမကို အလုပ်သို့ပြန်သွားရန် နိုးလိုက်သည်။ သူမ ထွက်လာသောအခါ ကျန်ယင်းယင်းနှင့် အခြားသူများက တံခါးဝတွင် စောင့်နေကြပြီး ဖြစ်သည်။


ကျွန်မတို့ နေ့လည်ဘက် ဂျင်း ဆက်စိုက်ကြရမည်။ ည​နေ၆ နာရီတွင် အိမ်ပြန်လို့ရပြီဖြစ်သည်။ ဒါမှမဟုတ် ကျွန်မတို့ တာဝန်ယူထားသည့် အပိုင်းပြီးပြီဆိုလျှင်လည်း အရင်ပြန်နှင့်လို့ရသည်။ ၎င်းက လးများ ပျင်းရိခြင်းမရှိအောင် အဖွဲ့ခေါင်းဆောင်မှ ချမှတ်ထားသည့် စည်းကမ်းဖြစ်သည်။


ယဲ့မုန့်ယောင်နှင့် ကျန်ယင်းယင်းတို့က ​

နေရာစိုက်ပျိုးရန် အနည်းငယ်ကိုသာ ရခဲ့သော်လည်း သူမတို့​ရှေ့တွင် လူများစွာက စိုက်ပျိုးပြီးနှင့် ​လေပြီ။


[T/N ​ပြောချင်တာက 

သူတို့ကို​ နေရာသေး​သေး​လေး စိုက်ခိုင်း​ပေမယ့် 

မပြီး​သေးဘူး တစ်ခြားလူ​တွေကပြီး​နေပြီ]


ကံကောင်း​ထောက်မစွာ ချန်မေလန်တို့ ယောက်က္ခမနှင့် ချွေးမအပါအဝင် သကြားလုံးရသည့်သူတိုင်းက လာရောက်ကူညီကြသောကြောင့် စိုက်ပျိုးခြင်းလုပ်ငန်းကို လျင်မြန်စွာ ပြီးစီးခဲ့သည်။ ကျေးလက်ဒေသတွင် ထိုသို့ပင် ဖြစ်သည်။ လူမှုဆက်ဆံရေးကောင်းလျှင် လူများစွာက တစ်ဦးကိုတစ်ဦး ကူညီကြမည်။


သူမအလုပ်က ပြန်ရောက်သောအခါ ဟန်ရှု​ယောင်က အိမ်သို့ပြန်ရောက်လာပြီ ဖြစ်သည်။ သူက ယဲ့မုန့်ယောင်ကို အဓိကအခန်းထဲ ခေါ်သွားပြီး ဆေးလိမ်းဆေးနှင့် ဆေးထိုးအပ်တစ်ချောင်းကို ထုတ်ယူကာ ပြောလိုက်သည်။


 "လက်ထုတ် အရည်ကြည်ဖု​တွေကို 

ဖောက်ပေးမယ်" 


"အစ်ကို မဖောက်ချင်ဘူး အရမ်းနာတယ်"


ယဲ့မုန့်ယောင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ ယ​နေ့ သူမ လက်ပေါ်ရှိ အရည်ကြည်ဖုက ​ပေါက်သွားခဲ့ပြီး တစ်နေကုန် နာကျင်​နေခဲ့ရသည်။


"မင်း သေချာလို့လား" 


ဟန်ရှုယောင်က ယဲ့မုန့်ယောင်၏ 

လက်ပေါ်ရှိ အရည်ကြည်ဖုကြီးများကို ကြည့်ရင်း ပြောလိုက်သည်။ 


"ဖောက်ပြီး ဆေးလိမ်းလိုက်

မနက်ဖြန်ကျ မနာတော့ဘူး

ဒီဆေးကို အရင်က ဝယ်ထားတာ အသုံးဝင်တယ်"


"ကောင်းပြီလေ 

ဒါနဲ့ အစ်ကိုက ဆေးဝယ်ဖို့ ဘယ်လို စဉ်းစားမိလဲ"


ယဲ့မုန့်ယောင်က မေးလိုက်သည်။


"ကိုယ်က မင်းအ​ကြောင်း မသိလို့လား

မင်းကလေးဘဝကတည်းက 

လယ်ယာအလုပ်လုပ်ဖူးတာ မဟုတ်ဘူး 

ပထမဆုံးနေ့မှာ အရည်ကြည်ဖုတွေ 

ထွက်မှာ သေချာတယ်"


ဟန်ရှုယောင်က သူမအတွက် အဖုများကို 

ဖောက်ပေးရင်း ပြောလိုက်သည်။


ညစာ စားပြီးနောက် ယဲ့မုန့်ယောင်က မျက်နှာသစ်ပြီး အိပ်ရာဝင်ခဲ့သည်။ မူလက ​နေရာလွန်ထဲသို့ ဝင်၍ သရေစာအချို့ စားရန် စိတ်ကူးထားခဲ့သော်လည်း ယနေ့ အလုပ်ကြောင့် အလွန်ပင်ပန်းကာ 

အိပ်ရာပေါ်တွင် ခဏလှဲပြီး​နောက် အိပ်ပျော်သွား​တော့သည်။