အခန်း (၁၅)
Viewers 2k

အခန်း ၁၅


ယဲ့မုန့်​ယောင်တို့အဖွဲ့က အိမ်သို့ 

အမြန်ပြန်လာခဲ့ကြ​သော်ငြား လျိုရှန်းရှန်း၏

အမေဖြစ်သူက လီမင်ဟွေ့တို့ အိမ်တံခါးဝတွင် ပြဿနာစပြီး ရှာ​နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။


လျိုရှန်းရှန်း ဆေးခန်းပြရန် ဆရာဝန်ဆီသို့

သွား​နေစဥ်တွင် လျိုချန်းချန်းက 

သူ၏နောက်လိုက်တစ်ယောက်ကို အရင်ပြေးပြီး 

သူမ၏မိဘများကို သွားပြောခိုင်းခဲ့သည်။ 


စာရင်းကိုင်လျိုနှင့် သူ၏ဇနီးက လျိုရှန်းရှန်းရဲ့ မျက်နှာက ဒဏ်ရာကို မြင်​သောအခါ 

ဘာဖြစ်ခဲ့တာလဲဟု မေးကြ၏။ လျိုရှန်းရှန်းနှင့်

သူ၏သူငယ်ချင်းများက အမှန်အတိုင်းပြောဖို့ 

မရဲကြပေ။


"သမီးက မိန်းကလေးပညာတတ်

လူငယ်တစ်ယောက်နဲ့ စကားများတာ 

သူတွန်းလိုက်လို့ လယ်ကွင်းထဲ ပြုတ်ကျပြီး

ကျောက်ခဲနဲ့ ခြစ်မိတာပါ" ဟု ပြောခဲ့သည်။


ထိုအ​ကြောင်းကြားရ​သောအခါ လျိုအမေက 

နောက်ထပ် တစ်စက္ကန့်တောင် မစဉ်းစားဘဲ ပညာတတ်လူငယ်မိန်းကလေးကို လျော်ကြေးပေးခိုင်းချင်သည်ဟု ပြောလိုက်သည်။ 


စာရင်းကိုင်လျိုက သူ့သမီး လိမ်နေသည်ဟု 

ခံစားရသော်လည်း ဇနီးသည် ပြသာနာရှာခြင်းကို 

မတားခဲ့ပေ။ သူက ယဲ့မုန့်​ယောင်တို့ ​စောပြီး ပြန်​ရောက်လာမည်ကိုသာ ကြောက်နေခဲ့သည်။ 


သူက လျိုအမေကို ခေါင်း​ဆောင်၏အိမ်ကို သွားပြီး 

ဦးစွာ ကြိုတင်ပြောထားရန် တိုက်တွန်းလိုက်သည်။ ထို့ကြောင့် လျိုအမေက ဤမျှ မြန်မြန် ပြဿနာရှာဖို့ရန် ရောက်လာခြင်းဖြစ်သည်။


"စာရင်းကိုင်လျို... ရှင်က

ယောင်​ယောင်က လျိုရှန်းရှန်းကို 

လယ်ကွင်းထဲတွန်းချပြီး 

သူ့မျက်နှာကိုကုတ်ခြစ်လိုက်တယ်လို့ ပြောတယ်

ရှင့်မှာ သက်သေရှိလား" 


ကျန်းလင်းက ဒေါသတကြီး မေးလိုက်သည်။ 


သူမက ယဲ့မုန့်​ယောင်အ​ကြောင်း သိသည်။ 

ယဲ့မုန့်​ယောင်က လျိုရှန်းရှန်းနှင့် ပြသာနာမရှိဘဲ

ဤကဲ့သို့လုပ်စရာ အကြောင်းမရှိ​ချေ။


"သက်သေမရှိရင် 

အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောပါနဲ့" 


နျိူချိူင်ဟွားက ဘေးကနေ ဝင်ပြောလိုက်သည်။


​ခေါင်း​ဆောင်ကလည်း မျက်မှောင်ကြုတ်ပြီး

ပြော​လေသည်။


"ဟွေ့ဇီနဲ့ တခြားသူတွေလည်း အတူသွားကြတယ်

သူတို့ပြန်လာရင် ဘာဖြစ်ခဲ့လဲဆိုတာ မေးကြစို့

မင်းရဲ့ တစ်ဖက်သတ် ထွက်ဆိုချက်နဲ့

ယဲ့မုန့်​ယောင်ကို ပိုက်ဆံပေးခိုင်းလို့ မရဘူး"


"​ခေါင်း​ဆောင်

ဘာလို့ သက်သေမရှိရတာလဲ

ကျွန်မတို့ ရှန်းရှန်းရဲ့ မျက်နှာက

အမာရွတ်က သက်သေပဲ" 

လျိုအမေက ကျယ်လောင်စွာ ပြောလိုက်သည်။


ထိုအချိန်မှာ ခြံအပြင်ဘက်မှကြည့်​နေသည့် 

လူများက ယဲ့မုန့်​ယောင်တွေ ပြန်လာတာကို 

မြင်ပြီး အော်လိုက်ကြသည်။


 "သူတို့ပြန်လာကြပြီ"


ယဲ့မုန့်​ယောင်တို့က လူအုပ်ထဲသို့

တိုးဝှေ့ဝင်ရောက်ပြီး အဖွဲ့ခေါင်းဆောင်နှင့်

သူ၏အဖွဲ့ကို နှုတ်ဆက်လိုက်သည်။ 


ယဲ့မုန့်​ယောင်က ငိုပြနေသည့် လျိုအမေကို

ကြည့်လိုက်သည်။ အဖွဲ့ခေါင်းဆောင်က သူတို့ကို လယ်ကွင်းထဲ၌ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ပြော​စေ၏။


"ဒီလို ဖြစ်ပျက်ခဲ့တာပါ..." 


ယဲ့မုန့်​ယောင်က ဖြစ်စဉ်တစ်ခုလုံးကို 

ပြောပြလိုက်သည်။ ကျန်းယင်းယင်းနှင့်

လီ​လော့ယန်တို့ကလည်း သူတို့မြင်ခဲ့တာတွေကို 

ပြောပြလိုက်သည်။


"နင်တို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ

နင်တို့က ရှန်းရှန်း ဟန်ရူယောင်ကို ကြိုက်​နေမှန်း 

သိပြီးသား ဖြစ်လိမ့်မယ် ဒါ့​ကြောင့် နင်တို့က

မကျေမနပ်ဖြစ်ပြီး သူ့ကို လယ်ကွင်းထဲ တွန်းချပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့တာ" 


လျိုအမေက ပြန်ပြောပြီး ကျန်းယင်းယင်းကို လက်ညှိုးထိုးကာ ပြော​လေသည်။


"သူတို့သုံးယောက်က အဖွဲ့လိုက်ဆို​တော့

တစ်ဖက်တည်း ရပ်မှာ အသေအချာပဲ"


"ကျွန်တော်တို့ရဲ့ ​ယောင်​ယောင်က 

လျိုရှန်းရှန်းကို မနာလိုဖြစ်ရမယ်တဲ့လား

ဒါက ကျွန်တော် ကြားဖူးသမျှထဲမှာ 

အရယ်ရဆုံးဟာသပဲ" 


ဟန်ကျင့်ရန်က ဝင်ပြောလိုက်သည်။ သူပြောပြီးနောက် ပတ်ဝန်းကျင်က ရွာသားအားလုံးက

ဝိုင်းရယ်ကြ၏။ အဘယ်​ကြောင့်ဆို​သော် 

လျိုရှန်းရှန်းက ယဲ့မုန့်​ယောင်၏​ခြေဖျားပင် မမှီ​ချေ။


"ဘယ်လိုပဲဖြစ်ဖြစ် 

သူမက ကျွန်မတို့ ရှန်းရှန်းကို တွန်းချခဲ့တာ" 


လျိုအမေက ကျိုးကြောင်းမဆီလျော်စွာ

ပြော​လေ​တော့သည်။ ထိုအချိန်တွင် 

လျိုရှန်းရှန်း၏အစ်မနှင့် သူ၏နောက်လိုက်များလည်း ရောက်လာကြသည်။


​ခေါင်း​ဆောင်က ၎င်းတို့အား မေးကြည့်သောအခါ

သူတို့အားလုံးက 'ယဲ့မုန့်​ယောင်က လျိုရှန်းရှန်းကို တွန်းချခဲ့တာ 'ဟု ပြောကြသည်။ လျိုအမေ

ပြဿနာရှာရန် ထွက်မလာမှီ သူတို့ ကြိုတင် ပြုလုပ်ထားသည့် ပူးပေါင်းကြံစည်မှု ဖြစ်၏။


"နင် လိမ်နေတာ" 


ကျန်းယင်းယင်းက ဒေါသတကြီး ပြောလိုက်သည်။ ဟန်ကျင့်ရန်နှင့် တခြားသူများကလည်း အလွန်ဒေါသထွက်နေကြသည်။ ​ခေါင်း​ဆောင်က 

ယဲ့မုန့်​ယောင်တို့အား ယုံကြည်​သော်ငြား လျိုရှန်းရှန်းတို့က 'ယဲ့မုန့်​ယောင်က တွန်းချခဲ့ပါတယ်' ဟု အတင်းအကျပ် ဆိုနေကြသည်။ ယဲ့မုန့်​ယောင်တွင် သက်​သေမရှိလျှင် ဒီကိစ္စအား ဝန်ခံ​ရ​ပေ​တော့မည်။


"ရှင်တို့က ဘာလိုချင်တာလဲ"

ယဲ့မုန့်ယောင်က အေးဆေးတည်ငြိမ်စွာ ​မေးလိုက်သည်။


"ကျွန်မတို့ကို ယွမ်ငါးဆယ် လျော်ကြေးပေးပါ" 


လျူ၏အမေက မျက်လုံးလှန်၍ ပြောလိုက်သည်။ သူမက ယဲ့မုန့်ယောင် အလျှော့ပေးလိုက်ပြီဟု 

ထင်သောကြောင့် သူမ၏ပါးစပ်ကို 

ကျယ်လောင်စွာ ဖွင့်​လေ​တော့သည်။


အပျော်လာကြည့်ကြသော ရွာသားများအားလုံးက လျူ၏အမေသည် ပညာတတ်လူငယ်များကို 

ငတုံး ငအများ အဖြစ် သဘောထားနေသည်ဟု 

တွေးပြီး အသက်ရှူပင်မှားသွားကြသည်။ 


အဘယ်ကြောင့်ဆိုသော် ယွမ်ငါးဆယ်သည် 

စက်ရုံရှိ အလုပ်သမားတစ်ဦး၏ လစဉ်လစာထက် များစွာပိုသောကြောင့် ဖြစ်သည်။ ဟန်ရှုယောင်သည်အသားထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်နေပြီး သူ၏လစာမှာ တစ်လလျှင် ယွမ် ၃၅ သာရှိသည်။ လီမင်ဟွေ့က သူ့ထက် ၅ ယွမ် ​လျော့၍ 

ရသည်။


"ယွမ်ငါးဆယ် ဟုတ်လား

ကျွန်မကို ငတုံးလို့များ ထင်နေတာလား

လျူရှန်းရှန်းရဲ့ ဒဏ်ရာက ၁ယွမ်တောင် 

မကုန်ဘဲ ခြေဗလာဆရာဝန်ကို ပြလို့ရတယ်

ပြီး​တော့ ကျွန်မက လျော်ကြေး​ပေးမယ်လို့လည်း

မပြောခဲ့မိပါဘူး" 


ယဲ့မုန့်ယောင်က ပြောလိုက်သည်။


"ယဲ့မုန့်ယောင်

နင်ဘာကို ဆိုလိုတာလဲ

နင်က ဝန်မခံချင်ဘူး​ပေါ့"


လျူရှန်းရှန်းက သူမအနေဖြင့် မည်သည့်

သက်​သေကိုမှ မထုတ်ပြနိုင်​လောက်ဟု ကောက်ချက်ချလိုက်ပြီး သူမက ပြုံးစိစိဖြင့် 

ပြောလိုက်သည်။


"​ခေါင်း​ဆောင် ကျိုးဇီနဲ့ တခြားကလေးတွေက ယောင်ယောင်တို့ အမှန်အတိုင်း​ပြောတယ်ဆိုတာ သက်သေပြနိုင်ပါတယ်"


ဟန်ရှုယောင်က ပြောလိုက်သည်။