အခန်း ၁၄
ထိုအချိန်မှ လျိုရှန်းရှန်းက မျက်နှာတွင် အနည်းငယ် နာနေသည်ကို ခံစားလိုက်ရသည်။ သူမက အလိုလို လက်နှင့် ထိခိုက်မိသည့်နေရာကို စမ်းကြည့်လိုက်မိ၏။
လက်ပေါ်မှ သွေးများမြင်သောအခါ
အော်လိုက်ပြီး သူမ၏နောက်လိုက်နှစ်ယောက်ကို ဒဏ်ရာနက်သလား၊ ရုပ်ပျက်ဆင်းပျက်များဖြစ်နေလားဆိုတာ စစ်ဆေးခိုင်းလိုက်သည်။ လယ်ကွင်းထဲသို့ ပြုတ်ကျစဥ်က ကျောက်ခဲနှင့် ခြစ်မိခြင်းဖြစ်နိုင်သည်။
ဘေးနားတွင် ရပ်နေသည့်ယဲ့မုန့်ယောင်အား
ဒေါသတကြီးနှင့်ပြောလိုက်သည်။
"နင် ငါ့ညီမကို တောင်းပန်ရမယ်
နင့်ကြောင့်သာမဟုတ်ရင်
သူက ဒီလိုဖြစ်မှာမဟုတ်ဘူး"
"လျိုချန်းချန်း နင်မျက်စိကန်းနေလား
နင့်ညီမက အရင် လူကိုတွန်းချတယ်ဆိုတာ
ထင်ရှားနေတာပဲ ပြီးတော့ ယောင်ယောင်က သူ့ကို လုံးဝမတွန်းဘူး သူဘာသာသူ လဲကျသွားတာ"
လီလော့ယန်နှင့် နောက်တစ်ယောက်က ပြေးလာပြီး ပြောလိုက်ကြသည်။
သူတို့နှစ်ယောက်က လယ်ကွင်းထဲတွင် ခရုကောက်နေခဲ့ကြခြင်းဖြစ်သည်။ ကျန်းယင်းယင်း ကြည့်လိုက်သည့်အခါ မိန်းကလေးအများအပြားက ယဲ့မုန့်ယောင် ကို ပြဿနာရှာဖို့ လာနေကြတာ တွေ့ရသည်။ ထို့ကြောင့် သူတို့က အလျင်အမြန်ပြေးလာခဲ့သည်။ သူတို့ရောက်ရောက်ချင်း မထင်မှတ်စွာ လျိုချန်းချန်း၏ အခြေအမြစ်မရှိသော စကားလုံးများကို ကြားလိုက်၏။
"နင်တို့က အရင်ရန်စချင်တယ်ဆိုတာ
ထင်ရှားနေတာပဲ ယောင်ယောင်ကို ဒီမှာ ရပ်နေပြီး
အနိုင်ကျင့်ခံစေချင်တာတော့ မဟုတ်ဘူးမလား"
ကျန်းယင်းယင်းက ဒေါသတကြီး ပြောလိုက်သည်။
လျိုချန်းချန်းက ဆက်လက်၍ ငြင်းခုန်ချင်သော်လည်း လီလော့ယန်က စကားဖြတ်လိုက်၏။
ဤကဲ့သို့ ငြင်းခုန်နေမည့်အစား သူမ၏ညီမကို ဆေးဆရာဝန်ဆီပို့ပြီး ဒဏ်ရာကျက်မကျက် စစ်ဆေးခြင်းက ပိုကောင်းမည်လို့ ပြောလိုက်သည်။
သူမမျက်နှာက နဂိုကတည်းက ရုပ်ဆိုးနေပြီးသားကို နောက်ထပ်အမာရွတ်တစ်ခု ထပ်ရခဲ့ရင်
လက်ထပ်နိုင်ပါ့မလားမသိဘူး ဟုထည့်ပြောလိုက်သေးသည်။
လျိုရှန်းရှန်းနှင့် သူမ၏သူငယ်ချင်းတွေက
ဒေါသတကြီးနှင့် ထွက်သွားရန်ကလွဲပြီး
အခြားရွေးချယ်စရာ မရှိတော့ချေ။ သူတို့က
ယဲ့မုန့်ယောင်တို့တွေကို 'ဒီတိုင်းမထားဘူး' ဟုခြိမ်းခြောက်ပြီးမှ ထွက်သွားကြသည်။
ဤအဖြစ်အပျက်ပြီးနောက် ယဲ့မုန့်ယောင်တို့က
ခရုဆက်ကောက်ရန် စိတ်မပါတော့ချေ။ သူတို့သုံးယောက်က ဟန်ရူယောင်နှင့်တခြားသူများကို ရှာပြီးဖြစ်ပျက်ခဲ့သမျှကို အတိအကျ ပြောပြလိုက်သည်။
ဟန်ရူယောင်တို့က အလွန်ဒေါသထွက်ကာ
လျိုရှန်းရှန်း ကို ရှာပြီး စာရင်းရှင်းဖို့ လုပ်ကြသည်။သို့သော် ယဲ့မုန့်ယောင်က တားလိုက်၏။
ဟန်ရူယောင်က ယဲ့မုန့်ယောင်ကို ခေါင်းအစ
ခြေအဆုံး သေချာစစ်ဆေးပြီး သူမ ဒဏ်ရာမရသည်ကို တွေ့သောအခါ စိတ်သက်သာရာရသွားသည်။
"အစ်ကိုကြီးကို
ဒီလောက်လူကြိုက်များလိမ့်မယ်လို့
မထင်ထားဘူး
အစ်ကို့ကြောင့် ဒီလို မတရားခံရတယ်"
ယဲ့မုန့်ယောင်က စနောက်လိုက်သည်။
"မင်း... ဒီလိုမပြောပါနဲ့ကွာ
ကိုယ့်ကို သဘောကျတဲ့သူ တစ်ယောက်မှ
မရှိတာက ပိုကောင်းသေးတယ်"
ဟန်ရူယောင်က ပြန်ပြောလိုက်လေသည်။
"ဒီညီအစ်မနှစ်ယောက်ကတော့
ပြောစရာ စကားလုံးတွေတောင် မရှိတော့ဘူး"
လီမင်ဟွေ့ ကလည်း ဝင်ပြောလိုက်၏။
"ငါ့အမေကလည်း သူတို့အစ်မနှစ်ယောက်နဲ့
ဝေးဝေးနေဖို့ မှာဖူးတယ်...ငါတို့ ဒီကို
ရောက်လာကာစက လျိုချင်းချင်းက ငါတို့ကို
အထင်သေးသလို နှိမ့်ချကြည့်တတ်တယ်တဲ့...
သူမက ငါ့အဖေသိမ်းထားတဲ့ နာရီတစ်လုံးကို
သူ့ညီမနဲ့အတူခိုးသွားတာ...
နောက်တော့ ဘာဖြစ်လဲမသိဘူး...
သူမက ပြန်လာပေးပြီး ငါ့မိဘတွေ
ကျေနပ်အောင် အမြဲကြိုးစားနေတော့တာပဲ"
ရှန်ရိယင်းကပြောလိုက်သည်။
"လျိုချန်းချန်း ဘာဖြစ်မှန်း ငါမသိဘူး
သူမ ရေထဲကျသွားပြီးကတည်းက
ငါ့ကို ပစ်မှတ်ထားနေတာ
မြစ်ထဲခုန်ချဖို့ ဘယ်သူက သူ့ကိုပြောလို့လဲ
ငါနဲ့လည်း ဘာမှမဆိုင်ဘူး
သူမ ငါ့ကိုတွေ့တိုင်း ငါသူမကို
တစ်ခုခုကြွေးတင်နေသလိုပဲ ပြုမူနေတယ်"
လီလော့ယန်ကလည်း ညည်းညူလိုက်သည်။
ယဲ့မုန့်ယောင်နှင့် ကျန်းယင်းယင်းတို့
ရှုပ်ထွေးနေတာအား မြင်သောအခါ
လီလော့ယန်က သူတို့ကို ရှင်းပြလိုက်သည်။
ဖြစ်စဥ်မှာ လျိုချန်းချန်း အထက်တန်းကျောင်းတုန်းက ရွာခေါင်းဆောင်၏သားတစ်ယောက်*နှင့်
ရည်းစားဖြစ်ခဲ့ကြသည်။ သို့ပေမဲ့ သူမ၏အမေက မြို့မှလူတစ်ယောက်နှင့် သူမအား ပေးစားချင်သောကြောင့် သဘောမတူခဲ့ချေ။ သူမကို အိမ်ထဲမှာ ပိတ်လှောင်ထားပြီး သူမချစ်သူနှင့် တွေ့ခွင့်မပေးခဲ့ကြချေ။
[T/N Etranမှာ ရွာခေါင်းဆောင်၏သား
လို့ပဲ ရေးထားပါတယ် တစ်ခြားရွာကပဲလားမသိဘူး လီမင်ဟွေ့မဟုတ်ပါဘူးနော်]
လျိုချန်းချန်းက မိဘများ သဘောတူလာအောင် အစာငတ်ခံ ဆန္ဒပြခဲ့သော်လည်း မကြာခင်မှာ အစာငတ်ခံတာက အသုံးမဝင်ဘူးဆိုတာ သိလာခဲ့သည်။ တစ်နေ့ သူမ အမေက သူ့အတွက် အစားအစာတွေ လာပို့ပြီးနောက် တံခါးကို
သေချာမပိတ်မိသဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။
သူမကမြစ်သို့ ပြေးသွားပြီး သူမအဖေကို ခြိမ်းခြောက်သည်။ အမေက သူမကို
လက်ထပ်ခွင့်မပြုရင် မြစ်ထဲခုန်ချမည်ဟု
ပြောခဲ့သော်လည်း ဟန်ချက်ပျက်ပြီး
မြစ်ထဲကျသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
လျိုချန်းချန်းကို ကယ်တင်ပြီးနောက် နှစ်ရက်ခန့်
ဖျားနေခဲ့သည်။ သူမပြန်လည်သက်သာလာပြီးနောက် သူမ အမေက မြို့ကလူတစ်ယောက်နှင့် အတင်းအကျပ် လက်မထပ်ခိုင်းတော့ဘဲ၊ သူမ၏ချစ်သူနှင့် လက်ထပ်ဖို့ပင် သဘောတူခဲ့သည်။ ဒါပေမဲ့ သူမက လက်ထပ်ချင်စိတ်မရှိတော့ဟု ပြောခဲ့လေသည်။
"ဒါဆို သူမလုပ်ခဲ့တာတွေက ဘာအတွက်လဲ"
ကျန်းယင်းယင်းက ရှုပ်ထွေးနေသောပုံဖြင့်
ပြောလိုက်သည်။
"ဘယ်သူသိမှာလဲ"
လီလော့ယန်က ပခုံးတွန့်ပြလိုက်သည်။
ယဲ့မုန့်ယောင်က ဘေးနားတွင် ရပ်နေပြီး
သူမ၏မေးစေ့ကို လက်နှင့်ထိလိုက်သည်*။
[T/N 🤔 ဒါမျိုးလေးပါ
ပုံပေါ်အောင် ဘယ်လိုရေးရမယ် မသိလို့]
ဒီမြင်ကွင်းက ရင်းနှီးတယ်လို့ ခံစားရပေမယ့်
သူမ မှတ်မိနိုင်ခြင်း မရှိပေ
ထိုအချိန် သူမရဲ့စိတ်ထဲမှာ အလင်းရောင်တစ်ခု
ဖြတ်ခနဲ လင်းသွားသလို ခံစားရပြီး
အဖြေက ထွက်တော့မလို ခံစားလိုက်ရ၏...
မမျှော်လင့်ထားသည်မှာ ယဲ့မုန့်ယောင်၏
အတွေးကို လီမင်ဟွေ့က ဖြတ်တောက်လိုက်သည်။ ထို့နောက် သူမ ပြန်၍
စဉ်းစားချင်သော်လည််း ဘာကိုမှ မှတ်မိနိုင်ခြင်း
မရှိတော့ပေ။
"မြန်မြန်ပြန်ကြရအောင်
လျိုချန်းချန်းရဲ့အမေက လွယ်လွယ်ကူကူ
ဆက်ဆံလို့ရတဲ့သူ မဟုတ်ဘူး
နောက်မှ ဘယ်လိုပြဿနာမျိုးတွေ ဖြစ်လာမလဲ
ငါတို့မသိနိုင်ဘူး အရင်ပြန်ပြီး
မိဘတွေကို ဘာတွေဖြစ်ခဲ့လဲ ပြောပြရအောင်
ဒါမှ သူတို့ ပြင်ဆင်ထားနိုင်လိမ့်မယ်"
လီမင်ဟွေ့က ပြောလိုက်သည်။
"သူ့အမေက အဲဒီလောက်တောင်
ဒုက္ခပေးနိုင်တယ်လား"
ယဲ့မုန့်ယောင်က သံသယဖြင့် ပြောလိုက်သည်။
လီမင်ဟွေ့တို့သုံးယောက်က တညီတညွတ်ထဲခေါင်းညိတ်လိုက်သည်။
ယဲ့မုန့်ယောင်နှင့် ကျန်းယင်းယင်းက သူတို့နောက်လိုက်ပြီး အိမ်အမြန်ပြန်ရန်ကလွဲလို့
တခြားရွေးချယ်စရာ မရှိတော့ပေ။