အခန်း(၁၃)
Viewers 2k

အခန်း ၁၃


လယ်အစွန်သို့ ရောက်သည်နှင့် 

ဟန်ရှု​ယောင်က မိန်းကလေးသုံးယောက်ကို

ပြောလိုက်သည်။


"မင်းတို့သုံးယောက်က 

ဒီမှာခရုတွေ ကောက်ကြ 

ငါတို့ယောင်္ကျားလေးသုံးယောက်ကတော့ 

ရှေ့ကလယ်ကွင်းမှာ ငါးရှဉ့်တွေ ဖမ်းမယ်" 


"ကောင်းပြီ ရှင်တို့သွားနှင့်" 


လီ​လော့ယန်က လက်ဝှေ့ယမ်းပြီး 

ယဲ့မုန့်​​ယောင်နှင့် ကျန်ယင်းယင်းကို 

ဖိနပ်ချွတ်ခိုင်းကာ ခရုကောက်ရန် 

ရှေ့ကွင်းထဲသို့ အရင်သွားလိုက်သည်။


"မုန့်​ယောင် ဒီမှာကြည့်စမ်း ခရုတွေအများကြီးပဲ" 


ကျန်းယင်းယင်းက ကန်သင်းရိုးပေါ်ကနေ 

လယ်ကွင်းကို လက်ညှိုးထိုးပြရင်း ပြောသည်။


"နင်တို့နှစ်ယောက် မြန်မြန်ဆင်းလာကြ

 ငါ ဒီမှာ အများကြီးကောက်ထားပြီ"


လီ​လော့ယန်က အော်ပြောသည်။


ယဲ့မုန့်​ယောင်သည် သူမ၏ဘေးမှ ကျန်းယင်းယင်း

လျင်မြန်စွာ လျှောက်သွားသည်ကို ​တွေ့လိုက်ရသည်။ 


လယ်ကွင်းထဲမှာ ပိုးကောင်ငယ်လေးတွေ 

အများကြီးရှိသည်ကို မြင်သောအခါ သူမ အနည်းငယ် ကြောက်လန့်နေသည်။ 

သူမက လယ်ကွင်းထဲမှ လူနှစ်ယောက်ကို

ပြောလိုက်သည်။ 


"​ဟေး ငါမဆင်းရဲဘူး

ဒါကြောင့် ငါလယ်ကွင်းအစွန်က 

အ​ကောင်​လေးတွေကိုပဲ ကောက်လိုက်မယ်​နော်

ခရုတွေဆိုရင် ရပြီမလား"


ကျန်းယင်းယင်းတို့က သူမကို အတင်းအကျပ်မလုပ်ခိုင်းသဖြင့် ယဲ့မုန့်​ယောင်က ကန်သင်းရိုးဘေးတစ်လျှောက် လျှောက်သွားကာ ခရုများကို ကောက်ယူလိုက်သည်။ 


လယ်ကွင်းထဲတွင် အလွန်ကြီးမားသော 

ခရုများစွာကို တွေ့ရသဖြင့် လယ်ထဲသို့

ဆင်းလျှောက်ရန် ကြိုးစားသော်လည်း 

ခြေထောက်က ရွံ့ထဲနစ်ဝင်သွားသဖြင့် 

၎င်းကို မခံစားနိုင်ဘဲ လက်လျှော့လိုက်ရသည်။


ယဲ့မုန့်​ယောင်က ခရု​ကောက်ရင်း ကျန်းယင်းယင်းတို့ကို လျင်မြန်စွာပင် ထားခဲ့လိုက်ပြီး ပိုမိုကျယ်ဝန်းသော နေရာလွတ်တစ်ခုတွင် 

ရပ်ကာ ​စောင့်နေလိုက်သည်။


"ဟေ့ နင်က ယဲ့မုန့်​ယောင်ဆိုတာလား

နင် အစ်ကိုရူယောင်နဲ့ ဝေးဝေးနေဖို့ 

ငါသတိပေးလိုက်မယ် မဟုတ်ရင်​တော့ 

ငါရိုင်းပြရလိမ့်မယ်"


ယဲ့မုန့်​ယောင် ကြည့်လိုက်ရာ ယနေ့ 

ပညာတတ်လူငယ်ဝင်းခြံထဲတွင် သူမအား မျက်လုံးပြူး၍ကြည့်နေခဲ့သော လျိုရှန်းရှန်းဖြစ်ပြီး

မိန်းကလေးသုံးယောက်နှင့်အတူ 

သူမဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမက ​မောက်မာစွာ ပြောလာသည်။


"နင်ကြားလား မြေခွေးမ" 


လျိုရှန်းရှန်းက တိတ်ဆိတ်နေသော 

ယဲ့မုန့်​ယောင်အား ​အော်ပြောလိုက်သည်။


"ရှန်းရှန်း သူက ဆွံ့အ​နေတာ မဖြစ်နိုင်ဘူး" 


မိန်းကလေးတစ်ဦးက ပြုံးပြီး ရွဲ့ပြောလိုက်သည်။


"ငါတော့ သူနားမကြားဘူး ထင်တာပဲ" 


နောက်ထပ်မိန်းကလေးတစ်ဦးကလည်း ဆက်ပြောလာသည်။


ယဲ့မုန့်​ယောင်က သူတို့ကို ဂရုစိုက်ချင်စိတ်မရှိသော်လည်း ၎င်းက ဆူညံလွန်းနေသည်။ သူမ မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြန်ပြောလိုက်၏။


"ရှင်တို့နဲ့ ဟန်ရူယောင်နဲ့က ဘာဆိုင်လို့လဲ

ငါ့ကို ဒါတွေလာပြောဖို့ ရှင်တို့မှာ 

ဘာအရည်အချင်းတွေရှိလို့လဲ 

ပြီးတော့ သူ ဘယ်သူနဲ့ပဲနေနေ 

ရှင်တို့ လိုက်ထိန်းချုပ်လို့မရဘူး"  


"ဟွန့် အစ်ကိုရူယောင်နဲ့ငါနဲ့က 

နောက်ဆုံးကျရင်အတူတူဖြစ်လာမှာပဲ 

နင်တို့နှစ်ယောက် အကြာကြီးသိနေကြလို့ 

နင်လက်ဦးမှုယူလို့ ရပြီလို့ မထင်လိုက်နဲ့ 

အစ်ကိုရှုယောင်က နင့်လိုမြေခွေးမကို 

ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး" 


လျိုရှန်းရှန်းက ယဲ့မုန့်​ယောင်ကို 

မနာလို​​သော မျက်နှာထားဖြင့် ပြောလိုက်သည်။


"​သြော်...

ဒါဆို နင်က သူ့ကို တစ်ဖက်သတ် ကြိုက်နေတာပေါ့ 

ငါ​ပြောပါဦးမယ် နင်က အကျည်းတန်လွန်းတယ်

နင့်မျက်လုံးတွေကလည်း ပွင့်​ရောပွင့်​နေရဲ့လား

မသိဘူး ​သေးသေးပိစိလေးတွေ 

နင့်မျက်နှာကလည်း ဇလုံလောက်ကြီး

ဟန်ရူယောင်က နင့်ကို မကြိုက်တာ 

အံ့ဩစရာမရှိပါဘူး" 


ယဲ့​မုန့်​​ယောင်က ပြောလိုက်သည်။


ဟမ့် ငါဒီလိုပြန်ပြောချင်စိတ်မရှိပါဘူး...

ဒါပေမဲ့ လျိုရှန်းရှန်းရဲ့ မကောင်းတဲ့စိတ်ဓာတ်နဲ့

ငါ့ကို မြေခွေးမလို့ ခေါ်နေတာကြောင့် ပြောရတာ... 


ယဲ့မုန့်​ယောင်သည် သူမ၏ ယခင်ဘဝတုန်းက အနိုင်ကျင့်ခံရချိန်တွင် စကားပြန်မပြောရဲခဲ့သော 

မိဘမဲ့ကလေး မဟုတ်တော့ပေ။ သူမက ဘဝသစ်ရပြီးနောက်ပိုင်းကတည်းက စိတ်ဆိုးလွယ်သူ ဖြစ်လာသည်။ 


သူမက အများအားဖြင့် လွယ်လွယ်ကူကူ 

အနိုင်ကျင့်ခံရနိုင်သူတစ်ဦးကဲ့သို့ ပုံပေါ်နေသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ သူမကို 

မည်သူကမျှ လာမနှောင့်ယှက်သောကြောင့် ဖြစ်သည်။ သူမက ဂရုစိုက်ချင်စိတ်မရှိသော်လည်း 

သူမကို ဒေါသထွက်အောင် လုပ်လျှင်တော့ 

စိတ်ထိန်းနိုင်လိမ့်မည် မဟုတ်​ပေ။


"နင် ဘာပြောလိုက်တာလဲ 

သတ္တိရှိရင် ပြန်ပြောစမ်းပါ"


လျိုရှန်းရှန်းကဒေါသတကြီး ပြောလိုက်သည်။


"ပြောစမ်းပါဦး

နင်လောက်ရုပ်ဆိုးတဲ့သူ ငါတစ်ခါမှမမြင်ဖူးဘူး

ပထမတစ်ချက်ကြည့်လိုက်ရင် နင်ကရုပ်ဆိုးတယ် ဒါပေမဲ့ သေချာကြည့်လိုက်တော့ 

နင်ကပိုပြီးရုပ်ဆိုးတာပဲ အဓိကကတော့ 

နင်မှာ ကိုယ့်ကိုယ်ကိုသိတဲ့စိတ်ကလည်းမရှိဘူး 

ပြီးတော့ တခြားသူတွေက 

နင့်ကိုကြိုက်လာမယ်လို့ ထင်ရအောင် 

ဘယ်ကနေ ဒီလိုယုံကြည်မှုတွေရလာလဲ မသိဘူး 

ငါသာ နင့်​နေရာမှာဆိုရင် လူတွေနဲ့တွေ့ဖို့ 

အပြင်​တောင် ထွက်ရဲမှာမဟုတ်ဘူး"


ယဲ့မုန့်​ယောင်က ညစ်ညမ်းတဲ့စကားလုံးများ 

မသုံးဘဲ ဆဲဆိုလိုက်သည်။


"အား"


လျိုရှန်းရှန်းက ဒေါသထွက်ပြီး 

ယဲ့မုန့်​ယောင်ကို လယ်ကွင်းထဲသို့ လက်ဖြင့်တွန်းချရန် ကြိုးစားလိုက်သည်။


မမျှော်လင့်ဘဲ ယဲ့မုန့်​​ယောင်က ရှောင်လိုက်သဖြင့် သူမက အရှိန်လွန်ကာ မျက်နှာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ နောက်လိုက်နှစ်ဦးက အလျင်အမြန်ပြေးလာပြီး သူမကို ကူညီထူလိုက်သည်။


"ယဲ့မုန့်​ယောင် နင် မြေခွေးမ

ဘာလို့ ​ရှောင်တာလဲ" 


လျိုရှန်းရှန်းက လယ်ကွင်းထဲကနေ ထွက်လာပြီး သူမ၏မျက်နှာနှင့် ကိုယ်ခန္ဓာတစ်ခုလုံး ရွံ့တွေဖုံးနေလျက် မကျေမနပ် ပြောလိုက်သည်။


"ငါက အဲဒီမှာ ရပ်နေပြီး 

နင်တွန်းတာခံရအောင် ရူး​နေတာမဟုတ်ဘူး" 


ယဲ့မုန့်​ယောင်က မထီမဲ့မြင်ပြောလိုက်သည်။


ထိုစဥ် လျိုရှန်းရှန်း၏ နောက်လိုက် 

မိန်းကလေးတစ်ယောက်က ပြောလိုက်တယ်။


"ရှန်းရှန်း နင့်မျက်နှာက သွေးထွက်​နေတယ်"