Chapter : 39 ( မီး မိန်းကလေး [14] )
Viewers 3k

Chapter : 39 ( မီး မိန်းကလေး [14] )


ဟိုင်ရိသည် ခေတ်ကြီးပြောင်းသွားပြီဖြစ်ကြောင်းနှင့် ယခုခေတ်ယောကျာ်းလေးများသည် အလွန်ထူးခြားကြောင်း ပြောချင်ခဲ့သည်။

ရှန့်ချန့်ယန် လက်ကိုဆန့်တန်းလိုက်ပြီး တံခါးကိုမှီနေသော ဟိုင်ရိကို တွေ့လိုက်၏။

"ဘာလဲ၊ အရမ်းထိမိသွားလား"

ဟိုင်ရိက ရယ်မောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်"

ရှန့်ချန့်ယန်သည် သူ့ဖုန်းကို သိမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"ခင်ဗျားအတွက် ထမင်းစားခန်းတစ်ခုလုံးကို ကျွန်တော်ကြိုရှင်းထားပြီးပြီ"

ဟိုင်ရိ : "ဟားဟားဟားဟားဟားဟား"

ဘေးအခန်းတံခါးမှာ ပွင့်လာပြီး ထန်ယင်၏ ခေါင်းပြူထွက်လာခဲ့သည်။

"ဝါး၊ ဘာတွေပျော်ပျော်ရွှင်ရွှင်ပြောနေကြတာလဲ"

ဟိုင်ရိ : "အိုင်ဒေါဒရမ်မာတွေ သရုပ်ဆောင်အကြောင်း"

ထန်ယင် : ?

ရှန့်ချန့်ယန်သည် ဟိုင်ရိကို လက်ဝှေ့ယမ်းပြပြီး ထွက်သွား၏။

ဟိုင်ရိနှင့် ထန်ယင်တို့သာ ကျန်ခဲ့သည်။ ထန့်ယင်က တည်ကြည်သောမျက်နှာထားဖြင့် မေးလိုက်၏။

"ဘာလဲ၊ ရှင်တို့နှစ်ယောက်ချောချောလေးတွေက ကိုယ့်ကိုယ်ကို ဖော်ထုတ်ကြတော့မှာလား"

ဟိုင်ရိ : "...ငါမတရားခံရသလို ခံစားရတယ်"

ထန်ယင်က ရယ်လိုက်သည်။

"နောက်တာပါ"

"ငါသိတယ်"

ဟိုင်ရိက ပြုံးလိုက်၏။

"ငါလည်း နောက်တာ"

ထန်ယင် : "ဒါပေမယ့် ရှင်တို့ဘာတွေပြောနေကြတာလဲ"

ဟိုင်ရိ : "အစားအသောက်အကြောင်းပါ၊ ဗိုက်ဆာနေပြီလား"

ထန်ယင် သူမ၏နှုတ်ခမ်းကို ကွေးလိုက်ပြီး ညင်သာစွာရေရွတ်လိုက်၏။

"အင်း၊ ထမင်းစားချိန်မရောက်သေးဘူး"

ဟိုင်ရိ၏ စိတ်ခံစားချက်သည် ရုတ်တရက် အလွန်နက်ရှိုင်းသွားသည်။ သူ့နှလုံးသားထဲရှိ မာနသည် မသိစိတ်ကပင် ပေါ်ပေါက်လာပြီး ပေါ့ပေါ့ဆဆပင် ပြောလိုက်၏။

"ခဏနေရင် ထမင်းစားချိန်ရောက်တော့မယ်"

ထန်ယင် : ?

ဟိုင်ရိ ဘာမှမပြောတော့ဘဲ ပြုံးနေခဲ့သည်။

ဤခံစားချက်က အရိုက်ခံချင်လောက်အောင် များလွန်းနေပြီလား...

ဟိုင်ရိသည် ပျော်ရွှင်မှုနဲ့အတူ သူ့ကိုယ်သူ အရမ်းအလွန်အကျွံစိတ်လှုပ်ရှားနေတာလားဆိုပြီး ရုတ်တရက်တွေးမိ၏။

ဘယ်သူဂရုစိုက်လို့လဲ...

၎င်းသည် လူကို အမှန်တကယ်လန်းဆန်းစေသည်။ ဟိုင်ရိ၏ သေနေသည့်ခွေးလို တည်ငြိမ်တဲ့နှလုံးသားက ယခုလိုရူးသွပ်စွာ ခုန်ပေါက်နေသည်မှာ ကြာပြီဖြစ်သည်။ သူသည် မည်သူ့ကိုမှ ဘာခံစားချက်မှ မရှိတော့ဘူးဟု ထင်ခဲ့သော်လည်း၊ သူ၏စိတ်ခံစားမှုများကို တကယ်နှိုးဆွပေးနိုင်တဲ့သူကို တစ်ခါမှ မတွေ့ဖူးတာပင် ဖြစ်နေခဲ့သည်။

ထန်ယင် : "ရှင်ရဲ့ အခုလိုပြုံးနေတာက အရမ်းကိုထူးဆန်းတယ်"

ဟိုင်ရိ : ...

ဟိုင်ရိ : "ဟားဟား၊ ဟုတ်လား"

ထန်ယင် : "အခုတော့ ပိုလို့တောင်ထူးဆန်းသွားပြီ"

ပြောစရာစကားမဲ့စွာဖြင့် ဟိုင်ရိ ပခုံးတွန့်လိုက်သည်။

ထန်ယင်သည် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်မောလိုက်ရာ သူမ၏မျက်လုံးများမှာ ကွေးညွှတ်နေသောလခြမ်းပုံစံဖြစ်သွား၏။ ၄င်းသည် အရမ်းချစ်စရာကောင်းနေ၏။

ဟိုင်ရိသည် ထိုမိန်းကလေးမှာ တကယ်ကို ချစ်စရာကောင်းသည်လို့ စိတ်ရင်းမှန်နှင့် ခံစားမိ၏။ သူက 0 ဖြစ်ပေမယ့်တောင် သူမ၏ ချစ်စရာကောင်းမှုကို ခံစားမိလိုက်ရသည်။ သို့ပေမယ့် ဤအကြောင်းကို ပြောဖို့ရာ နည်းလမ်းမရှိချေ။ ဟိုင်ရိသည် မိန်းကလေးများအပေါ် စိတ်မဝင်စားချေ။

ထန်ယင် : "အခုလေးတင် ရှင့်ကိုမေးချင်နေတာ.. ရှင်က တိုင်းရင်းသားမျိုးစပ်လား"

ဟိုင်ရိ : "ဟုတ်တယ်၊ အတွင်းဘက်မွန်ဂိုလီးယား အရှေ့နဲ့အနောက် မျိုးစပ်ပါ"

ထန်ယင် : "ဟားဟားဟားဟားဟားဟား"

ဟိုင်ရိ နောက်တာရပ်လိုက်သည်။

"ငါ့အမေက ရုရှားတိုင်းရင်းသူ၊ ငါကတော့ တရုတ်စစ်စစ်ပါ"

ထန်ယင် : "ရှင့်ကို အရမ်းချောတယ်လို့ ပြောဖူးတဲ့သူရှိလား"

ဟိုင်ရိ သူမ၏ပွင့်လင်းမှုကြောင့် ရှုံးနိမ့်သွားသည်။ ခဏတာမျှ ဘာပြောရမှန်းမသိဖြစ်သွားပြီး တိတ်ဆိတ်ပြီးနောက် သူဖြေလိုက်၏။

"မင်းလိုပြောတဲ့သူတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး"

ထန်ယင် : "ရှင်က တကယ်ပဲ အရမ်းချောတယ်လို့ ထင်တယ်၊ တစ်ချက်ကြည့်ရုံနဲ့ ရှင့်ရဲ့ချောမောမှုက ကျွန်မကို မူးနောက်စေတယ်... ရှင်က အင်တာနက်မှာနာမည်ကြီးလား"

ဟိုင်ရိ : "မဟုတ်ဘူး"

ဟိုင်ရိ ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး သူမကို မေးလိုက်၏။

"ငါနဲ့ ခုနက ချောတဲ့ ကောကော...နှစ်ယောက်ထဲမှာ ဘယ်သူက ပိုချောလဲ"

ထန်ယင်က ရှန့်ချန့်ယန်၏အခန်းကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ရှင်ရော ဘယ်လိုထင်လဲ"

ဟိုင်ရိ ပြုံးလျှက်ပင် မေးခွန်းကို ရှောင်လွှဲလိုက်၏။

"အဲဒါက ငါမင်းကိုမေးတဲ့မေးခွန်းမဟုတ်ဘူးလား"

ထန်ယင်သည် သူမရဲ့ခြေဖနောင့်ကို စောင့်လိုက်သည်။

"အဲဒါကြောင့် ကျွန်မလည်း ရှင့်ကိုမေးနေတာပဲလေ"

ဟိုင်ရိ၏အမြင်အရ ရှန့်ချန့်ယန်သည် ပို၍ချောမောသည်မှာ သေချာသည်။ သူနှင့် ရှန့်ချန့်ယန်တို့မှ ပေးစွမ်းသော ခံစားချက်သည် ကွဲပြား၏။ ရှန့်ချန့်ယန်သည် အရိုးထိစွဲစေသော နုပျိုမှုကို ပိုင်ဆိုင်ထားသည်။ ရှန့်ချန့်ယန် ကိုယ့်ကိုယ်ကိုယ် သတ်မသေမီက သူ၏တရားဝင်ဇာတ်ရုပ်သည် တောက်ပသော လူငယ်တစ်ဦးဖြစ်၏။

ရှန့်ချန့်ယန်၏ တောက်ပသော စိတ်နေစိတ်ထားကို ဟိုင်ရိ ခံစားသိရှိနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် စိတ်ပျက်အားငယ်မှုများလည်း သူ့ထံမှ ထွက်ပေါ်လာတတ်သည်။ ဟိုင်ရိ ပထမဆုံးအကြိမ် ရှန့်ချန့်ယန်ကို မြင်ပြီး "<Hope Betrayed>" ကို သူတီးခတ်သည်ကို နားထောင်သောအခါ ဤကောင်လေးသည် ပါးနပ်မှုအားနည်းလိမ့်မည်ဟု မထင်ခဲ့ပေ။

ရှန့်ချန့်ယန်သည် ရှုပ်ထွေးသော စိတ်နေစိတ်ထားရှိသူဖြစ်သည်။ သူသည် တောက်ပပြီး တည်ငြိမ်သော်လည်း၊ စိတ်ပျက်အားငယ်မှုနွယ်ပင်များသည် သူ့ပတ်လည်တွင် ရူးသွပ်စွာရစ်ပတ်နေ၏။ ဤအရာမှာ ရှန့်ချန့်ယန်၏ နက်နဲမှုကို ပို၍တိုးစေခဲ့သည်။ အခြားသူများက သူ၏အတွေးများကို မဖော်ထုတ်နိုင်ပေ။ ရုပ်ရည်နှင့် မည်သည်မျှမဆိုင်ချေ။ ရှန့်ချန့်ယန်သည် သူ့ထက် ဆွဲဆောင်မှုပိုရှိသည်ဟု ဆိုရမည်။

ဟိုင်ရိက ပြန်ဖြေလိုက်၏။

"ရှန့်ချန့်ယန်"

သို့သော် ထန်ယင်က ပြုံးလျှက် ပြောလိုက်သည်။

"အာ.. ကျွန်မအတွက်ကတော့ ရှင်ပဲ"

ဟိုင်ရိက အံ့အားသင့်သွားသည်။

"တကယ်လား"

ထန်ယင် : "ဟုတ်တယ်...ကျွန်မပြောပြီးပြီ ရှင်အရမ်းချောတယ်လို့၊ ချောတဲ့ကောကော ရယ်...ဘာဖြစ်လို့လဲ၊ ရှင့်ရဲ့ယုံကြည်မှုတွေ ဘယ်ရောက်သွားလဲ"

ဟိုင်ရိ ရယ်မောလိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်။

ငါဘယ်လိုလုပ် ယုံကြည်မှုမရှိဘဲ နေနိုင်မှာလဲ...

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ အနုပညာခံစားမှုနှင့် အံဝင်ခွင်ကျဖြစ်ပြီး သူ့ရဲ့ G-spot(ခံစားမှုအထွတ်အထိပ်နေရာ) ပေါ်မှာ အရူးအမူး ကခုန်နေသောကြောင့် ဖြစ်နိုင်သည်။

ဟိုင်ရိ နှိမ့်ချစွာ ပြောလိုက်သည်။

"ငါက သာမန်ပါပဲ"

ထန်ယင် : "ဘာကြောင့်လဲဆိုတာ သိလား"

ထန့်ယန်က သူ့ရဲ့အဖြေကို မစောင့်တော့ဘဲ ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ ရှင့်မှာ သေခြင်းတရားရဲ့ အငွေ့အသက် မရှိလို့ပဲ"

ဟိုင်ရိ : ?

ထန်ယင် : "ဒီမှာရှိတဲ့ လူအတော်များများရဲ့ မျက်နှာတွေမှာ သေခြင်းနဲ့ မှိုင်းညို့မှုတွေ အပြည့်ပဲ...သူတို့ ဆက်ပြီး မရှင်သန်ချင်တော့တဲ့ပုံစံမျိုးပေါ့၊ သူတို့ကို မြင်တိုင်း ဒီနေရာမှာ တကယ်မနေချင်တော့ဘူးလို့ ခံစားရတယ်၊ ဖိစီးမှုများတယ်...ရှင့်ဆီမှာ အဲ့ဒါမျိုးမရှိဘူး၊ ချောတဲ့ကောကော ရှင်က ဝံပုလွေအုပ်ထဲကို မတော်တဆရောက်လာတဲ့ သိုးတစ်ကောင်လိုပဲ"

"ငါ ဒီကို စိတ်ဓာတ်ကျလို့ ရောက်လာတာပါ"

ဟိုင်ရိသည် သူမကို ကြောင်တောင်တောင်ကြည့်ရင်း မေးလိုက်သည်။

"ငါ့မှာ သေခြင်းတရားရဲ့ အငွေ့အသက်မရှိတာ ဖြစ်နိုင်လို့လား...မင်းမှာလည်း မရှိဘူးလေ"

ထန်ယင် : "ဘာလို့လဲဆိုတော့ ကျွန်မ မသေချင်လို့"

ဟိုင်ရိ : ...

ထန်ယင် : "ကျွန်မ ရှင်သန်ချင်တယ်၊ ဒါပေမယ့် ပြန်သွားပြီး ရင်ဆိုင်ဖို့ သတ္တိမရှိဘူး၊ လူသတ်သမားနေရာရရင် နည်းနည်းတော့ ပေါ်ပေါ်လွင်လွင် သရုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကို ဖော်ထုတ်ပြီး ပြန်သွားမယ်လို့ အမြဲတွေးနေခဲ့တာ...ဒါပေမယ့် ကျွန်မ တစ်ခါမှ လူသတ်သမားမဖြစ်ခဲ့ဘူး၊ အရင်ကလည်း ဘယ်တောင်တွင်းထဲမှ အကျပ်ကိုင်ခံရတာမျိုးလည်းမရှိဘူး၊ ဒါကြောင့် ဒီနေရာမှာပဲ ဆက်နေခဲ့တာ...နောက်ထပ် နှစ်ခုလောက် အလုပ်တွေလုပ်ရင် သေဖို့အတွက် လျှောက်ထားဖို့ အမှတ်တွေ လုံလောက်သွားလိမ့်မယ်"

ဟိုင်ရိက သူမသည် အတော်လေး ကြံ့ခိုင်သည်ဟု ခံစားရသည်။ သူက မြည်တမ်းလိုက်၏။

"အမှန်ပဲ၊ မသေချင်တဲ့သူတွေက မသေနိုင်ဘူး၊ ရှင်သန်ချင်တဲ့သူတွေက မရှင်သန်နိုင်ဘူး"

ထန်ယင် : "ဟုတ်တယ်၊ ကံကြမ္မာက လူတွေကို အရူးလုပ်တယ်...ကျွန်မ အသက်ကို အရမ်းချစ်တုန်းပဲ"

ဟိုင်ရိက နောင်တရသလို ပြောလိုက်သည်။

"မင်းအကြောင်း တချို့အရာတွေ ကြားထားတယ်... အရမ်းဝမ်းနည်းရပါတယ်"

"အာ"

ထန်ယင် မျက်နှာပျက်သွားရသည်။ သူမ၏မျက်နှာတွင် အနည်းငယ်သော အခက်အခဲ အရိပ်အယောင်လေး ပေါ်လာ၏။ ချက်ချင်းဆိုသလို သူမက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့"

သို့သော်လည်း ဟိုင်ရိသည် သူမ အတင်းအကြပ်ပြုလုပ်နေသည်ဟု ခံစားရသည်။ သူ ချက်ချင်းပင် နောင်တရသွား၏။ ဤအကြောင်းကို မပြောသင့်ခဲ့ပေ။ သူမကို အပြစ်တင်လို့မရဘူးလို့ ခံစားရတဲ့အတွက် ပြောရင်းတန်းလန်းလေးပဲ ထည့်ပြောလိုက်ခြင်းဖြစ်သည်။

ထန်ယင် : "တကယ်တော့ ဘာမှအရေးမကြီးတော့ပါဘူး၊ နည်းနည်းတော့ အခက်အခဲရှိတယ်လို့ ခံစားရတယ်၊ ရှင်က ချောတဲ့ကောကော တစ်ယောက်ဆိုတော့ ကျွန်မရဲ့ရှက်စရာကောင်းတဲ့ အချိန်တွေကို ရှင်သိသွားတာက တကယ်ကို အတော်လေး အခက်အခဲရှိတာပေါ့"

ဟိုင်ရိသည် သူ့နှလုံးသားအောက်ဆုံးကနေ ပြောလိုက်သည်။

"မင်းက အရမ်းသတ္တိရှိတယ်၊ အဲဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်"

ထန်ယင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါက သာမန်လူတစ်ယောက် တွေးပုံမျိုး မဟုတ်ဘူးလား...ကျွန်မက လူယုတ်မာတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတာ... ဒါပါပဲ"

ဟိုင်ရိ : "ငါ့မှာ မင်းရဲ့ live ကို နေ့တိုင်း နေ့လည်တိုင်း ကြည့်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတယ်...ငါတို့ အားလုံး နေ့လည်ခင်းအချိန်အိပ်ကြပေမယ့် သူကတော့ ရုံးမှာ မင်းရဲ့ live ကို ကြည့်နေတာ...သူ မင်းကို အရမ်းကြိုက်တယ်၊ အဲဒါကြောင့် မင်းရဲ့အသံကို ငါ မှတ်မိနေတာ"

ထို့နောက် ထန်ယင်ပြောလိုက်၏။

"ဒါဆို ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ သူ့အတွက် ထိခိုက်မှုကြီးကြီးမားမား ဖြစ်ခဲ့ရမှာပဲ"

"ဟုတ်တယ်"

ဟိုင်ရိက လိမ်ညာပြောလိုက်သည်။

"သူ အရမ်းစိတ်ဆိုးသွားတယ်"

ထန်ယင်က ရယ်လိုက်ရုံမျှသာ ရှိသည်။ သူမ သူ့ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မသိရပေ။ သူမ၏ ရယ်သံက အလွန်ကူးစက်တတ်လေသည်။

"ကျွန်မ သေတော့မှာ၊ ရှင်က ကျွန်မကို ယုံပြီး ကျွန်မသေတော့မှာကိုတောင် ကောင်းသောစကားတွေ ပြောပေးသေးတယ်...ရှင်က ဒီနေရာနဲ့ မသင့်တော်ဘူးလို့ တကယ်ထင်မိတယ်"

ဟိုင်ရိ : "ငါ့မှာ စိတ်ဓာတ်ကျရောဂါရှိတယ်"

ထန်ယင် : "ပြန်သွားပြီး ကောင်းကောင်းကုသမှု ခံယူလိုက်ပါ"

ဟိုင်ရိ၏ မျက်လုံးများက သူမအပေါ်တွင် စူးစိုက်နေသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် ရှိသမျှအရာအားလုံးကို သူမအား ပြောပြလိုစိတ် ပြင်းပြလာသည်။ သူက နံရံကိုမှီပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"ဒီနေရာမှာ ငါ တော်တော်ပျော်ပါတယ်"

ထန်ယင် : "ရှင်က ဒီကို ပျော်ဖို့လာတဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင်တယ်၊ တခြားသူတွေကတော့ သေဖို့လာတာ"

ဟိုင်ရိ : "နေဦး၊ သင်တန်းသားဟောင်းတွေ မရှိဘူးလား...သူတို့လည်း ဒီမှာ ပိုပျော်ကြတယ်မဟုတ်လား"

"ဪ၊ ဟုတ်သား"

ထန့်ယန်က ပြောလိုက်သည်။

"သူတို့ကို ကျွန်မမေ့သွားတယ်၊ ရှင်က သင်တန်းသားဟောင်း ဖြစ်ချင်လို့လား"

ရှန့်ချန့်ယန်၏ ဇာတ်လမ်းကို နားထောင်ပြီး သူ၏ဆံပင်များ ထောင်ကုန်သည်ကို ခံစားရပြီးနောက် ဟိုင်ရိက ပြောလိုက်၏။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့မှာ အဲလိုရည်ရွယ်ချက်တွေ မရှိဘူး...ငါ ပြန်သွားပြီး အသက်ရှင်ချင်တယ်"

ထန်ယင်က ပြုံးလိုက်သည်။

"တွေ့လား၊ ရှင်ပြန်သွားဖို့ ရွေးမယ်ဆိုတာ ကျွန်မသိတယ်...ဒီကလူအများစုက သေဖို့ပဲ ရွေးကြမှာ"

ဟိုင်ရိ စဉ်းစားလိုက်၏။ ဤနေရာကိုရောက်လာပြီးနောက် သူသည် ရှင်သန်ချင်စိတ်ရှိသည့်သူ အများကြီးကို မတွေ့ခဲ့ရသည်မှာ မှန်ပေသည်။ သူတို့သည် အထူးသဖြင့် စိုးရိမ်ပူပန်နေပုံရပြီး သေချင်ကြ၏။ ဟိုင်ရိ၏ သေလိုစိတ်သည် ပြင်းပြခြင်းမရှိပေ။ သူသည် အစောပိုင်းတွင် သေရန် မဝံ့ရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူပြန်သွားပြီးနောက် ဟင်းသီးဟင်းရွက်တစ်ပင်လို ဖြစ်သွားမည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ရှန့်ချန့်ယန်ထံမှ သူသည် ထိုသို့ဖြစ်လာမည်မဟုတ်ကြောင်း ကြားပြီးနောက် သူ၏နှလုံးသားသည် အနည်းငယ်ပို၍ တည်ငြိမ်လာခဲ့၏။ ယခု သူ့ကို ဤနေရာနှင့် ချည်နှောင်ထားသည့် တစ်ခုတည်းသောအရာမှာ ရှန့်ချန့်ယန်ဖြစ်သည်။

ရှန့်ချန့်ယန်ပါ ထွက်သွားပါက သူသည် ဤနေရာတွင် သေချာပေါက် မနေတော့ပေ။ ရှန့်ချန့်ယန် ဤနေရာမှ ထွက်ခွာသွားပါက သူသည် သေခြင်းတရားလမ်းကြောင်းကိုသာ လျှောက်လှမ်းနိုင်ပြီး အသက်ရှင်သန်နိုင်မည်မဟုတ်ပေ။

ဟိုင်ရိသည် ဤအကြောင်းကို တစ်ခါမျှ တွေးရန် မဝံ့ရဲခဲ့ပေ။ ဤအကြောင်းကို တွေးရုံဖြင့်ပင် သူ့ကို ဘဝက အဓိပ္ပါယ်မဲ့နေသည်ဟု ခံစားရစေသည်။

ထန်ယင် : "ရှင့်ရဲ့လက်တွေ့ဘဝမှာ ဆိုးရွားတဲ့အရာတွေ ဘာမှမရှိဘူး မဟုတ်လား၊ ပြန်သွားပြီး အရာရာကို ရင်ဆိုင်ဖို့ မကြောက်ဘူးလား"

ဟိုင်ရိ : "အတိအကျတော့ မဟုတ်ဘူး၊ ငါ့အမေက တစ်နှစ်လောက် အိမ်ထဲမှာ ပိတ်ထားနိုင်တယ်"

ထန်ယင်က တခစ်ခစ်ရယ်လိုက်သည်။

"ကြွားလုံးထုတ်နေတာလား..ရှင်က ချောတဲ့ကောကော တစ်ယောက်ဖြစ်နေရင်တောင် ကျွန်မ သည်းခံမှာ မဟုတ်ဘူးနော်"

ဟိုင်ရိ : "ဟားဟားဟား၊ မင်းလည်း ပြန်သွားလို့ရပါတယ်"

"မသွားနိုင်ဘူး"

ထန်ယင်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။

"ကျွန်မမိဘတွေက သူတို့မျက်နှာပျက်အောင် လုပ်ခဲ့လို့ ကျွန်မကို မုန်းတီးပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ အတင်းအကြပ် လုပ်ခဲ့တယ်"

ဟိုင်ရိ : ...

ထန်ယင် သူမ၏ပခုံးကို တွန့်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်လိုက်၏။

ထန်ယင် : "ထူးဆန်းတယ်၊ ဟုတ်တယ်မလား...မိဘမျိုးစုံ ရှိတာပဲလေ၊ ဒါကြောင့် ကိုယ့်ကိုယ်ကို နည်းနည်းလေး ကံကောင်းလွန်းတယ်လို့ မထင်နဲ့နော်"

ဟိုင်ရိ ခဏတာမျှ ကြက်သေ သေသွားသည်။ တုန်လှုပ်နေဆဲ အခြေအနေတွင် သူတိတ်ဆိတ်နေခဲ့သည်။

ထန်ယင်က ရယ်လိုက်၏။

"ကျွန်မလည်း သူတို့အတွက် စကားလုံးမရှိဘူး၊ ဒီလိုလူမျိုးတွေကို အရင်က တစ်ခါမှ မမြင်ဖူးဘူး... သူတို့ ဘယ်လိုလုပ် ဒီလောက်ကြောက်ဖို့ကောင်းနိုင်တာလဲ"

ဟိုင်ရိ : "ငါလည်း ပြောစရာစကားလုံးမရှိတော့ဘူး"

"စကားလုံးမရှိတော့ဘူးဟုတ်လား"

ထန်ယင်သည် ထပ်မံပြောလိုက်သည်။

"အဲတာကအရမ်းရမ်းရွံဖို့ကောင်းတာ"

သို့သော် ဟိုင်ရိသည် အချိန်အတော်ကြာအောင် စိတ်ငြိမ်သက်မှု ပြန်မရနိုင်သေးပေ။ ယခု ထန်ယင်သည် မည်သို့ပင် ပေါ်လာသည်ဖြစ်စေ၊ ဟိုင်ရိက သူ့ကိုယ်သူ သူမနေရာတွင် ထားပြီး သူမမိဘများက သူ့ကို သတ်သေရန် အတင်းအကြပ်ပြုလုပ်ပါက သူမည်မျှ စိတ်ပျက်အားငယ်မှုထဲ ရောက်ရှိနေမည်နည်း။ အွန်လိုင်းတွင် ထန်ယင်သည် ကျိန်ဆဲခံရသူဖြစ်ပြီး အပြင်ဘက်တွင် သူမကို ထောက်ပံ့ပေးသည့် မိသားစုလည်း မရှိပေ။ ၎င်းသည် ထိတ်လန့်ဖွယ်ရာထက်ပင် ကျော်လွန်နေသည်။

ဟိုင်ရိသည် ဤနေရာမှလူများ မကြာခဏဆိုလေ့ရှိသည့် 'လူတိုင်းတွင် ကိုယ်ပိုင်နာကျင်မှုရှိသည်' ဟူသော စကားစုကို နားလည်သွားပြီဟု ယူဆနိုင်၏။

တကယ်တော့၊ ၎င်းကို မမြည်းစမ်းနိုင်သေးပေ။ ၎င်း၏ ခါးသီးမှုက လျှာကို အနည်းငယ်နာကျင်စေလိမ့်မည်ဖြစ်သည်။

ထန်ယင် : "ကျွန်မ ကျေးလက်ရွာကလာတာပါ၊ ကျွန်မရှာတဲ့ ပိုက်ဆံအားလုံးက ကျွန်မမိသားစုကို ကျွေးမွေးဖို့ပဲ၊ ၂နှစ်တောင် တိုက်ရိုက်ထုတ်လွှင့်ပြီးနောက်မှာတောင် ကျွန်မက အငှားတိုက်ခန်းမှာပဲ နေနေရတုန်းပဲ... ပြဿနာပေါ်လာတော့ သူတို့က ကျွန်မကို အိမ်ပြန်ခေါ်ပြီး မထွက်ဖို့ ပြောတယ်၊ တခြားရွာသားတွေကိုလည်း ကျွန်မပြန်လာပြီဆိုတာ မသိစေဘူး...ကျွန်မအဖေက ကျွန်မကို သေသွားစေချင်တယ်လို့ ပထမဆုံးအကြိမ် ပြောတော့ ကျွန်မ ပါးစပ်အာခြောက်သွားတယ်၊ နောက်ဆုံးတော့ သူတို့က နောက်နေ့မှာ ပိုးသတ်ဆေးဝယ်လာတယ်လေ"

ဟိုင်ရိ : ...

ထန်ယင် : "ပြောစရာစကားကို မရှိတော့ဘူး"

ဟိုင်ရိ : "ဒါဆို မင်း...ပြန်မသွားနိုင်ဘူးလား"

ထန်ယင် : "ကျွန်မ ပြန်သွားချင်တယ်၊ မသေချင်တာပါ"

"ပြန်သွားလိုက်ပါ"

ဟိုင်ရိ အားပေးလိုက်သည်။

"ဒီလိုမိဘတွေကို ထားခဲ့ဖို့ တုံ့ဆိုင်းနေဖို့လိုသေးလား"

ထန်ယင် : "ပြန်သွားရင် အစကနေ ပြန်စရလိမ့်မယ်၊ ဘာမှရှိမှာ မဟုတ်ဘူး...အရမ်းခက်ခဲလိမ့်မယ်လို့ ခံစားရတယ်"

ဟိုင်ရိ ပြောစရာ ဘာမှမရှိတော့ပေ။

ထန်ယင် : "ကိစ္စမရှိပါဘူး၊ ကျွန်မရဲ့ဆင်းရဲဒုက္ခအကြောင်း အကုန်ပြောပြနေတာ ရှင့်ရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့တာပဲ မဟုတ်လား"

ဟိုင်ရိ၏ မျက်နှာတွင် အကူအညီမဲ့သော အပြုံးတစ်ခု ပေါ်လာ၏။

ဤနေရာကလူများနှင့် နှိုင်းယှဉ်လျှင် ဟိုင်ရိသည် တကယ်ကို ကံကောင်းသူပင်။ ထို့ကြောင့် သူ သေဖို့ အကြောင်းပြချက်တောင် ရှာမတွေ့နိုင်ချေ။ သူဘယ်လိုရောက်လာလဲလို့ မေးသည့်အခါ 'နေမကောင်းလို့' ဆိုတာကလွဲလို့ တခြားဘာမှ မပြောနိုင်ခဲ့ချေ။

သူ၏မိသားစုမှာ ချမ်းသာလေသည်။ သူသည် တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိပြီး 'မစ္စတာ ပြီးပြည့်စုံသူ' ဟု သတ်မှတ်ခံရလောက်အောင်ပင် သူ့အတွက် မထူးဆန်းပါပေ။ မည်သူ့လက်ချက်နှင့်မျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဘယ်တော့မှ မခံစားခဲ့ရချေ။ သို့ပေမယ့် ဟိုင်ရိကိုယ်တိုင်အတွက်တော့ သူဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လမ်းကြောင်းကို ဆက်လျှောက်ဖို့ ခေါင်းမာခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ ထန်ယင်မှ သူ့ထံ သေခြင်းတရား၏အငွေ့အသက် မရှိဘူးဟု ပြောခဲ့ခြင်းသည် မထူးဆန်းပေ။

ဟိုင်ရိ သူအဘယ်ကြောင့် ဤနေရာအား ရောက်လာခဲ့လဲဆိုတာ မသေချာချေ။ သူ့ကို အကြောင်းပြချက်မရှိဘဲ ဤလမ်းကြောင်းပေါ်ကို လှမ်းခေါ်ခဲ့သလိုပင်။

ဒါဟာ ရှန့်ချန့်ယန်နဲ့ တွေ့ဆုံဖို့ပဲလား... ဟိုင်ရိက ဒါက ကံကြမ္မာရဲ့ ခေါ်ဆိုမှုလား ရဲရဲဝံ့ဝံ့ တွေးခဲ့မိသည်။

🌟🌟🌟