⛰️Chapter - 24
ရှစ်ရှုန်း… ကျွန်တော်တို့ မိုးခိုသင့်တယ်…
ပါးဖုန်းချောက်ကမ်းပါးရှိ စိတ်ဝိညာဉ်စွမ်းအားက သိပ်သည်းလေသည်။ ကောင်းကင်တွင် ပျံသန်းနေစဉ်ပင် သက်တောင့်သက်သာ ရှိနေလေ၏။
လူမနေသော တောင်ကြားမှ ရံဖန်ရံခါတွင် မိစ္ဆာသားရဲများ၏ အော်သံကို ကြားရလေသည်။ သို့ရာတွင် ထိုမှတပါး အခြားအသံမရှိဘဲ တိတ်ဆိတ်နေလေသည်။
ထိုညနေတွင် မိုးက တဖွဲဖွဲ ရွာသွန်းနေလေ၏။
သူတို့ဆယ်ယောက်က ကောင်းကင်မှ ဆင်းလာပြီး လိုဏ်ဂူတစ်ခု ရှာရန် ကြိုးစားလိုက်သည်။
ယနေ့ညတွင် လမသာပေ။
ကျွင်းယန်ကျစ်က တိတ်တဆိတ်ဖြင့် ကောင်းကင်သို့ ကြည့်နေလေသည်။
ရေလနန်းတော်ရှိ တပည့်များ၏ ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးသွားခြင်းက လီရှုနှင့် ကုကျင်းပိုင်တို့အား ထိတ်လန့်သွားစေလေသည်။ သူတို့က ပြောလိုက်၏။
“သူတို့ကို မိစ္ဆာလိုမျိုး တစ်ခုခုက ထိန်းချုပ်ထားတာလား...”
မော့ရှောက်ယန်က သူယူလာသော ရိက္ခာခြောက်ကိုထုပ်ကာ တစ်ကိုက်ကိုက်လိုက်သည်။
“ဘယ်လိုအရာမျိုးက လူတစ်ယောက်ရဲ့စိတ်ကို အဲ့လို ဖြစ်သွားစေတာလဲ...”
ဟယ့်လင်က အေးစက်စွာ ပြောလိုက်၏။
“နတ်ဆိုးကျင့်ကြံနည်း၊ မိစ္ဆာကျင့်ကြံနည်း၊ ဆေးလုံးတွေနဲ့ အဆိပ်ငွေ့တွေ…”
လျိုချန်မော့က ပြောသည်။
“မင်းပြောတာက အရမ်းရိုးရှင်းတယ်… နတ်ဆိုးကျင့်ကြံနည်းဖြစ်ဖြစ် မိစ္ဆာကျင့်ကြံနည်းဖြစ်ဖြစ် မွေးရာပါစွမ်းအား မဟုတ်ဘူးဆိုရင် ဒီလိုမျိုး လူ့စိတ်ကို ထိန်းချုပ်နိုင်ဖို့က ကျင့်ကြံဆင့် တော်တော်မြင့်မှ ရမှာ…”
ဖန်းရှောက်က ပြောလိုက်သည်။
“ဟုတ်တယ်… အခုက အဆိပ်ငွေ့ကြောင့် ဖြစ်နိုင်တယ်… သူတို့ကအဆိပ်ငွေ့နဲ့ တွေ့ပြီး ဒီလိုတွေဖြစ်သွားတာနေမယ်…”
ကုကျင်းပိုင်က မေးလိုက်သည်။
“လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်တာက ဘယ်လိုနတ်ဆိုးကျင့်ကြံနည်းမျိုးလဲ…”
အလွန်မှောင်သော လိုဏ်ဂူထဲတွင် လျိုချန်မော့က ခေါင်းငုံ့ထား၏။ ထို့နောက် သူက ပြောလိုက်သည်။
“မိစ္ဆာကျင့်ကြံသူတွေအတွက်တော့ သူတို့ရဲ့ ကျင့်ကြံဆင့်တွေ တိုးတက်ဖို့ သတ်ဖြတ်တာတွေက ဟိုးအရင်ထဲက ဖြစ်ပျက်နေတာတွေပဲ... လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းကဆိုရင် လူတွေက သေကြေပျက်စီးခဲ့ကြပြီးတော့ ကမ္ဘာကြီးက ငရဲတစ်ခုလို ဖြစ်ခဲ့တာ... နတ်ဆိုးကျင့်ကြံသူတွေက သွေးတွေကို စုပ်ယူပြီး သူတို့ရဲ့ ကျင့်ကြံဆင့်တွေ တိုးတက်အောင် အသုံးပြုခဲ့ကြတယ်...”
“ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့တာက နှစ်ထောင်ချီလောက် ကြာနေပြီ....”
ကွေ့ရှင်းပိက ပြောလိုက်၏။
“လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့ မွေးရာပါစွမ်းရည် ရှိတဲ့လူက ဒီနှစ်ပေါင်းများစွာအတွင်းမှာ လူတစ်ယောက်ပဲ ရှိသေးတယ်... အဲ့ဒီအချိန်တုန်းက ငါက စပြီးကျင့်ကြံရုံပဲရှိသေးတယ်... သူ့အကြောင်းကို လူတွေပြောတာ ကြားဖူးတယ်...”
“ဟန်ယွမ်နန်းတော်…”
ဟယ့်လင်က ပြောလိုက်သည်။
လျိုချန်မော့က ပြောလိုက်၏။
“လူပေါင်း ၄၆၇ ယောက် နန်းတော်သခင်ကနေ အစေခံတွေအထိ အားလုံး အကြောင်းပြချက်မရှိ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သတ်ဖြတ်ခဲ့ကြတာ… ဆယ်နှစ်တောင် မပြည့်သေးတဲ့ နန်းတော်သခင်ရဲ့ သားလေးက အဲ့ကိစ္စရဲ့ တရားခံဖြစ်ပြီးတော့ အဲ့ဒီအရှုပ်အထွေးထဲမှာ ပဲသေသွားခဲ့တယ်...”
လီရှုက ပြော၏။
“အဲ့ကလေးက ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တဲ့ မွေးရာပါနတ်ဆိုးစွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ကြားဖူးတယ်... နို့စို့အရွယ်မှာတည်းက လူကြီးတွေကို အချင်းချင်း ပဋိပက္ခဖြစ်စေပြီး ဒဏ်ရာရစေခဲ့တယ်တဲ့...”
“ဒီလိုကလေးမျိုးကို မွေးကတည်းက သတ်ပစ်ခဲ့ရမှာ… နန်းတော်သခင်က ဆုံးဖြတ်နိုင်စွမ်းမရှိဘူးလား…”
“ကိုယ့်ကလေးကို ဘယ်သူက လက်တင်(သတ်)နိုင်မှာလဲ…”
ကျွင်းယန်ကျစ်က ညင်သာစွာပြောလိုက်သည်။
“မင်းတို့ ဆက်ပြောနေကြဦး… ငါ မွန်းကြပ်လာသလို ခံစားရလို့ လမ်းထွက်လျှောက်လိုက်ဦးမယ်…”
သူပြောပြီးနောက် အပြင်ထွက်သွား၏။
ဝမ်ကျင်းကလည်း မြေပေါ်မှ ထကာ သူ့နောက်သို့ ပြေးလိုက်သွားလေသည်။
“ကျွင်းရှစ်ရှုန်း… ကျွန်တော့်ကို စောင့်ပါဦး…”
ကွေ့ရှင်းပိ၏ နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားကာ ပြောလိုက်၏။
“ကျွင်းရှစ်ရှုန်း… ကျွင်းရှစ်ရှုန်းဆိုတာကြီးပဲ… မင်းမျက်လုံးထဲမှာ တခြားလူမရှိတော့ဘူး…”
မော့ရှောက်ယန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကွေ့ရှစ်ရှုန်း… မနာလိုဖြစ်နေတာလား…”
ကွေ့ရှင်းပိက အေးစက်စွာ ပြောလိုက်၏။
“မနာလိုတာ… ငါကလား… အဲ့ကောင်လေးက အရမ်းတုံးလွန်းလို့ ကျွင်းရှစ်ရှုန်းအတွက် စိတ်မကောင်းလို့ပါ…”
လိုဏ်ဂူ၏ အပြင်ဘက်တွင်…
မိုးဖွဲလေးထဲတွင် လူနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်နေကြလေသည်။ သူတို့ ဘေးပတ်ပတ်လည်တွင် အားလုံးက မှောင်မည်းနေလေ၏။ ကျွင်းယန်ကျစ်က ညင်သာစွာပြောလိုက်သည်။
“လုရှစ်တိ…အပြင်မှာ အရမ်းမှောင်တယ်… လိုဏ်ဂူထဲပြန်သင့်ပြီ… ကိုယ် တစ်ခါတစ်လေ တစ်ယောက်တည်း နေရတာကြိုက်လို့…”
ဝမ်ကျင်းက ခပ်တိုးတိုးပြောလိုက်သည်။
“ကျွန်တော်ရှစ်ရှုန်းကို မနှောင့်ယှက်ပါဘူး… ရှစ်ရှုန်းရဲ့ဘေးမှာ နေချင်လို့ပါ…”
သူက ရွေးချယ်စရာမရှိသဖြင့် အပြင်ထွက်လာခြင်းဖြစ်သည်။
ယနေ့ညမှာ ကျွင်းယန်ကျစ်က အုပ်စုနှင့် ကွဲထွက်သွားသောည ဖြစ်၏။ လမ်းတစ်လျှောက် သွားလာနေစဉ် ရက်အနည်းငယ်အကြာ၌ ကျိခယ့်ချင်းနှင့် တွေ့မည်ဖြစ်သည်။
အမျိုးသမီး ဇာတ်လိုက်နှင့် မည်သည့်ခံစားချက်မှ မတိုးတက်ခဲ့သဖြင့် မည်သည့် ဇာတ်လမ်းဇာတ်ကွက် ဖြစ်လာမည်ကို မသိနိုင်ပေ။ ကျွင်းယန်ကျစ်နောက်သို့ သူလိုက်သွားရန်က လိုအပ်လေသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၏။ ကျွင်းယန်ကျစ်က တိတ်တဆိတ် လမ်းလျှောက်နေပြီးနောက် ရုတ်တရက် ရပ်လိုက်၏။
သူ့နောက်မှ လိုက်နေသည့် ဝမ်ကျင်းက သူ့နောက်ကျောကို တိုက်မိသွားလေသည်။ နှာခေါင်းထိပ်မှ အနည်းငယ် နာကျင်သွားသဖြင့် မျက်ရည်ဝဲလာလေ၏။
“ရှစ်ရှုန်း…”
ကျွင်းယန်ကျစ်က အသံအက်အက်ဖြင့် ပြောလိုက်၏။
“လုရှစ်တိ… ကိုယ်နည်းနည်း မူးလာသလို ခံစားရလို့… ကိုယ့်လက်ကို တွဲထားပေးနိုင်မလား… “
သူ့အသံက အလွန်နူးညံ့နေသော်လည်း ပုံမှန်နှင့် အနည်းငယ် ကွဲပြားနေလေသည်။
ဝမ်ကျင်းက ကြောင်အသွားပြီးနောက် မြန်မြန်ပြောလိုက်၏။
“ရှစ်ရှုန်း နေလို့မကောင်းဘူးလား… ကျွန်တော်တို့ ဂူထဲကိုပြန်ပြီး အနားယူရအောင်လေ…”
သူအရှေ့ရှိလူက မိုးရေထဲတွင် ရပ်နေဆဲဖြစ်ပြီး စကားမပြောချေ။
ဝမ်ကျင်းက အနည်းငယ်စိုးရိမ်လာပြီး အလင်းရောင်ရစေရန် လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားလုံးကို စုစည်းလိုက်၏။
သူက ကျွင်းယန်ကျစ်၏ အေးစက်နေသော လက်ကိုဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလေသည်။
“ကိုယ်တို့ ဂူကို ပြန်စရာမလိုပါဘူး… မိုးခိုဖို့နေရာရှာရအောင်…”
ကျွင်းယန်ကျစ်က ကောင်လေး၏ နွေးထွေးသောလက်ချောင်းများကိုခပ်ဖွဖွ နှိပ်နယ်ပေးနေလေသည်။
“အာ... ရှစ်ရှုန်း… ရှေ့မှာ လိုဏ်ဂူလေးတစ်ခုရှိတယ်…”
“ကောင်းပြီ…”
ဝမ်ကျင်းက ကျွင်းယန်ကျစ်၏ လက်ကို ဆွဲကာ ရှေ့မှသွားလေသည်။
“ကျွန်တော်တို့အတွက် ကိုယ်ပိုင်ဂူရှိပြီ… တခြားလူတွေနဲ့ ကျပ်ညပ်ပြီး နေစရာမလိုတော့ဘူး… ရှစ်ရှုန်း ပြုံးပါဦး…”
ကျွင်းယန်ကျစ်က လိုဏ်ဂူထဲသို့ အဆွဲခေါ်ခံသွားရလေ၏။ လိုဏ်ဂူက အလွန်ကျဉ်းသော်လည်း သူတို့နှစ်ယောက် ပူးကပ်ပြီးနေပါက လူနှစ်ယောက်နေရန် ဆန့်လေသည်။
ဝမ်ကျင်းက ကျွင်းယန်ကျစ်၏ဘေးတွင်ထိုင်ချလိုက်ပြီး နေရခက်စွာဖြင့် ဂနာမငြိမ် ဖြစ်နေလေသည်။
“ရှစ်ရှုန်း… သက်တောင့်သက်သာ မဖြစ်ဖူးမလား… နောက်ထပ် ဂူတစ်ခု ထပ်ရှာလိုက်ရမလား…”
”မလိုပါဘူး…”
ကျွင်းယန်ကျစ်၏ မျက်နှာက ဖြူဖျော့နေလေသည်။ ဝမ်ကျင်းကမူ သူ၏ မျက်လုံးများထဲတွင် အလွယ်တကူ မမြင်နိုင်သော ကြောက်ရွံ့မှုများ ကြီးစိုးနေလေ၏။
ဝမ်ကျင်းက မြန်မြန်ပြောလိုက်သည်။
“ကျွန်တော်တို့ ရွှေ့စရာမလိုတော့ဘူး… ဒီည ဒီမှာပဲ အိပ်လို့ရတယ်…”
သူပြောနေစဉ်တွင် နေရခက်နေသည်ကို ခံစားနေရလေသည်။ ခန္ဓာကိုယ်ကို တွန့်လိမ်နေပြီး သက်တောင့်သက်သာ ရှိမည့် အနေအထားကို ရှာနေလေ၏။
ကျွင်းယန်ကျစ်က သူ၏ခါးကို ဆွဲလိုက်ပြီးနောက် နောက်မှ ပွေ့ဖက်ထားလိုက်သည်။
လူနှစ်ယောက်က တစ်နေရာတည်းတွင် ရှိနေပြီး လိုဏ်ဂူက ချက်ချင်း အလွန်ကျယ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
ဝမ်ကျင်းက နွေးထွေးနူးညံ့သော ပွေ့ဖက်မှုထဲတွင် လှဲလျောင်းနေလေသည်။ မာပြီးအေးစက်သော ကျောက်တုံးနှင့်ယှဉ်လျှင် ဤသည်က အလွန် သက်တောင့်သက်သာရှိနေလေသည်။ သူက မပြောဘဲ မနေနိုင်တော့ပေ။
“အာ ဒါအကောင်းဆုံးပဲ...”
ကျွင်းယန်ကျစ်က သူ၏မေးစေ့ကို ဝမ်ကျင်း၏ပုခုံးပေါ်တွင် တင်ထားလေသည်။
“ရှစ်တိ... ဘာဖြစ်လို့လဲ... တစ်ခုခုတွေးနေတာလား...”
“မဟုတ်ပါဘူး... မိုးရွာတဲ့နေ့တွေကျရင် ကျွန်တော့်စိတ်အခြေအနေက သိပ်မကောင်းလို့ပါ...”
ကျွင်းယန်ကျစ်၏ အသံက နူးညံ့နေ၏။
“ဪ... ဒါဆို ရှစ်တိက ဘာလုပ်ချင်တာလဲ...”
“ဘာမှမလုပ်ချင်ဘူး... အေးအေးဆေးဆေးလေးပဲ ဒီမှာ နေချင်တယ်...”
“အို... ကောင်းပြီ...”
လူနှစ်ယောက်က တိတ်ဆိတ်စွာဖြင့် အနားယူနေကြကာ ပိုပြီးသက်တောင့်သက်သာရှိလာသည်ကို ခံစားနေရလေသည်။ ဝမ်ကျင်းက ကျွင်းယန်ကျစ်ဘက်သို့ ကိုယ်ကိုလှည့်ပြီး မေးလိုက်၏။
“ရှစ်ရှုန်း… အစကတော့ ကျွန်တော့်ကိုမှီပြီး ရှစ်ရှုန်းကိုနားစေချင်တာ… ဒါပေမဲ့ အခုတော့ ကျွန်တော်ကပဲ ရှစ်ရှုန်းကိုမှီပြီး အနားယူနေတယ်…”
“ဘယ်သူက ဘယ်သူ့ကိုမှီမှီ အတူတူပဲ…”
ကျွင်းယန်ကျစ်က သူ၏ မေးစေ့ကို ဝမ်ကျင်း၏ပုခုံးပေါ်တွင် တင်ထားပြီးပွတ်သပ်နေလေ၏။ သူ သက်ပြင်းချလိုက်သောအခါ လေက ဝမ်ကျင်း၏ မျက်နှာကို ရိုက်ခတ်သွားလေသည်။
ဝမ်ကျင်းက ငိုက်မျည်းလာပြီး မျက်လုံးကို ပွတ်သပ်လိုက်၏။
“ရှစ်ရှုန်း… ကျွန်တော်အိပ်ငိုက်နေပြီ…”
“ဒါဆို အိပ်လေ…”
“ရှစ်ရှုန်း… မပျော်မရွှင် မဖြစ်ပါနဲ့…”
သူ၏ လေးလံသော မျက်ခွံများက ပိတ်ကျသွားပြီးနောက် ခေါင်းက ကျွင်းယန်ကျစ်၏ ရင်ခွင်ထဲသို့ ဝင်သွားလေသည်။
“မင်းသာ ကိုယ့်အနားမှာ အမြဲရှိနေပေးရင် ကိုယ်မပျော်မရွှင် ဖြစ်မှာမဟုတ်ပါဘူး…”
သူ၏ လေသံက နူးညံ့နေဆဲဖြစ်သော်လည်း အမည်မသိ ခံစားချက်အချို့က ရောနှောနေလေသည်။
ဝမ်ကျင်းက တဖြည်းဖြည်း အသိစိတ်လွတ်သွားလေ၏။
“အင်း… ကျွန်တော် ရှစ်ရှုန်းနားမှာ အမြဲရှိနေပေးမှာပါ…”
နောက်ဆုံးတွင် သူ၏အသိစိတ်က အမှောင်ထုထဲသို့ ကျရောက်သွားပြီးနောက် အိပ်မောကျသွားလေသည်။
လူငယ်လေး၏ ခန္ဓာကိုယ်က မီးတောက်လေးကဲ့သို့ နွေးထွေးကာ သက်တောင့်သက်သာရှိလေ၏။ ကျွင်းယန်ကျစ်က ဝမ်ကျင်းအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ သူ၏ သေးသွယ်သော လည်ပင်းလေးအား နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ထိလိုက်လေသည်။
သူစိတ်ကူးထားသကဲ့သို့ နူးညံ့နွေးထွေးလေ၏။
ထို့နောက် လျှာထုတ်ကာ လျက်လိုက်ပြီး ခပ်ဖွဖွ စုပ်ယူလျက် အမှတ်အသားများ ချန်ထားခဲ့လေသည်။
သူ၏ လျှာထိပ်လေးက တကြွကြွဖြစ်နေပြီး ယစ်မူးစွဲလမ်းနေလေသည်။ ကျွင်းယန်ကျစ်က တဖြည်းဖြည်း အားထည့်ကာ စုပ်ယူနေပြီး မျက်လုံးများက နက်မှောင်လာလေ၏။
ဒီကောင်လေးကို ငါ့အနားကနေ ဘယ်တော့မှ ထွက်မသွားစေချင်ဘူး…
နေ့တိုင်း သူ၏လေကို ဝမ်ကျင်းအပေါ် ထုတ်လွှတ်ပေးနေလျှင် တစ်လအတွင်း၌ လုကျင်းက သူ့အား နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးလာမည်ဖြစ်ပြီး လက်ကျန်ဘဝတစ်လျှောက်ကို သူ့အနားတွင်သာ မြှုပ်နှံထားပြီး သစ္စာဖောက်မည့်အတွေးများ ရှိလာတော့မည်မဟုတ်ပေ။
ကျွင်းယန်ကျစ်က ဝမ်ကျင်း၏ခေါင်းကို မ,လိုက်ပြီးနောက် အမှောင်ထဲတွင် နှုတ်ခမ်းလေးကို ရှာလိုက်၏။
စိုစွတ်နေသော နှုတ်ခမ်းလေးက အနည်းငယ်ဟနေ၍ ကျွင်းယန်ကျစ်က အောင့်မထားနိုင်တော့ဘဲ လျှာကို အထဲသို့ထည့်ကာ ခံတွင်းထဲရှိ နွေးထွေးမှုများကို စုပ်ယူလိုက်လေသည်။
ကောင်လေးက အလွန်အိပ်မောကျနေပြီး လုံးဝ အသိမရှိပေ။
ကျွင်းယန်ကျစ်၏ ပါးစပ်ထဲတွင် လေက လှိမ့်တက်လာပြီး သူ့ခံတွင်းထဲတွင် ရှိနေကာ လွှတ်လိုက်ရန် မဝံ့မရဲဖြစ်နေလေ၏။
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ထိုညတွင် သူ မည်သည်ကိုမှ ရှင်းရှင်းလင်းလင်း မမှတ်မိခဲ့ပေ။ ရုတ်ရုတ်သဲသဲ ဖြစ်နေသော အော်သံများ၊ ငိုကြွေးသံများနှင့် နေရာအနှံ့တွင် သွေးများပြန့်ကျဲနေသည်ကိုသာ မှတ်မိလေသည်။ သူ့အမေက သူ့အား တွန်းထုတ်ခဲ့သဖြင့် သူ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
သူ နိုးလာသည့်အချိန်တွင် ရွှင်းယန်တောင်ခြေရှိ တောထဲတွင် မေ့လဲနေလေသည်။
ထို့နောက် သူ၏တစ်မိသားစုလုံးက အသတ်ခံလိုက်ရပြီး လူသတ်သမားက သူကိုယ်တိုင်ဖြစ်သည်ကို သတင်းကြားလိုက်ရလေ၏။
သူက အလွန်ကြောက်ရွံ့နေပြီး ထိုညတွင် မအိပ်နိုင်ခဲ့ပေ။ သူ၏ မှတ်ဉာဏ်များကို ပြန်ရှာဖွေသော်လည်း မည်သည်ကိုမှ မမှတ်မိနိုင်ခဲ့ပေ။
သူက လူသတ်သမား ဟုတ်သည် မဟုတ်သည်ကို သူကိုယ်တိုင် မသိသော်လည်း သူ့ရင်ခွင်ထဲရှိ လူငယ်လေးက ဘယ်တော့မှ မသိနိုင်ပေ။
နူးညံ့သောနှုတ်ခမ်းလေးကို စုပ်ယူလိုက်ပြီး သူ့ခံတွင်းထဲရှိလေကို ဖြည်းဖြည်းချင်း လွှတ်ထုတ်နေလိုက်၏။ တစ်လကြာလျှင် လုကျင်းက သူ့အပိုင် ဖြစ်လာလိမ့်မည်။
ဝမ်ကျင်းက မျက်မှောင်ကြုတ်ပြီး ညည်းညူနေလေသည်။
“အင်း... နေလို့မကောင်းဘူး...”
ကျွင်းယန်ကျစ်က စိတ်ရှုပ်ထွေးနေပြီး လေကို ပြန်သိမ်းလိုက်သည်။
ငါ ဘာလုပ်သင့်လဲ...
လုကျင်းကို ရုပ်သေးအဖြစ် မပြောင်းချင်သော်လည်း တစ်နေ့တွင် ထိုသူက သူ့အား သစ္စာဖောက်သွားမည်ကို ကြောက်နေလေ၏။
ငါ့လိုလူမျိုးကို မွေးကတည်းက လည်ပင်းညှစ်ပြီး သတ်လိုက်သင့်တာလို့ သူလည်း တစ်နေ့မှာ ခံစားလာရမှာလား…
မူလတွင် သူက သူ့၏လက်ကျန်ဘဝတစ်လျှောက်လုံးတွင် မည်သူနှင့်မှ နီးနီးကပ်ကပ်နေရန် မတွေးထားခဲ့ပေ။ သို့ရာတွင် ဤကောင်လေးက သူ့ဘဝထဲသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့လေ၏။ မည်သည့်အရာကိုမှ သတိမထားဘဲ အရူးလေးကဲ့သို့ သူ့အား နည်းမျိုးစုံဖြင့် ပျော်ရွှင်စေရန် လုပ်ပေးလေသည်။
ငါဘယ်လိုလူလဲဆိုတာ မသိဘူးလား… ဒီအရူးလေးကတော့…
“နာတယ်…”
သူက ဝမ်ကျင်း၏ ခေါင်းအနောက်ကိုကိုင်ကာ လည်ပင်းကို ပြင်းပြင်းထန်ထန် စုပ်ယူလေ၏။
အခုတော့ ထွက်ပြေးချင်ပြီလား…
ကျွင်းယန်ကျစ်က ဝမ်ကျင်းအား မြေပေါ်တွင်ဖိထားပြီး အင်္ကျီထဲသို့ လက်လျှိုဝင်လိုက်ချိန်တွင် နူးညံ့အိစက်သော အသားအရေလေးကို ခံစားလိုက်ရလေသည်။
ဝမ်ကျင်းက နေရခက်စွာဖြင့် တွန့်လိမ်နေပြီး သတိလက်လွတ် ညည်းညူနေလေ၏။
“အာ့… နာတယ်…”
ကျွင်းယန်ကျစ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းကာ ဝမ်ကျင်းကို သူ့ရင်ခွင်ထဲတွင် ထားလျက် ထထိုင်လိုက်လေသည်။ သူက ခေါင်းငုံ့ကာ ဝမ်ကျင်း၏ အဝတ်အစားများကို ဖြည်းဖြည်းချင်း ပြန်စေ့ပေးလိုက်ပြီး တီးတိုးပြောလိုက်၏။
“ရှစ်တိ… ဒီတစ်ကြိမ်တော့ ကိုယ်မင်းကို ယုံလိုက်မယ်… ဒါပေမဲ့ ကိုယ့်ကို ဘယ်တော့မှ သစ္စာမဖောက်ရဘူးနော်… ဟုတ်ပြီလား…”
ကောင်လေးက ပြန်မဖြေပေ။ ငြိမ်ငြိမ်သက်သက်ဖြင့် သူ့ရင်ခွင်ထဲတွင်သာ လှဲနေလေ၏။
ကျွင်းယန်ကျစ်က သူ့ခေါင်းကို ပုတ်လိုက်သည်။
“အိပ်တော့…”
ဝမ်ကျင်းက သူ့ခါးကိုဖက်ထား၏။ သူ၏ အမူအရာက သက်တောင့်သက်သာဖြစ်ကာ ငြိမ်သက်နေဆဲ ဖြစ်လေသည်။
⛰️⛰️⛰️