Ch 21
Viewers 3k

⛰️Chapter – 21

နောက်ဆုံးတော့ ၁၅နှစ်ပြည့်ပြီ



နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့တွင် ဝမ်ကျင်းက ရေခဲစမ်းချောင်းသို့ သွားခဲ့ရပြန်သည်။ ဘောင်းဘီကိုသာချန်ပြီး အဝတ်အစားများချွတ်ကာ ရေထဲသို့ ဆင်းလိုက်၏။ အအေးဓာတ်က ချက်ချင်း အသားထဲသို့ စိမ့်ဝင်လာပြီး သွားများက တခိုက်ခိုက် တုန်လာလေသည်။


သူက မတ်တတ်ရပ်နေပြီး အအေးဓာတ်ကို အသားကျသွားစေရန် စောင့်နေလေသည်။


သူ့အား ချုပ်နှောင်ခြင်းအစီအရင် ပြုလုပ်ရန် ရောက်ရှိလာသူက ကျွင်းရှစ်ရှုန်းဖြစ်သည်။


ကျွင်းယန်ကျစ်က ရေထဲတွင် အလင်းစက်ဝိုင်းတစ်ခု ဆွဲကာ ပြောလိုက်သည်။

“နေ့လယ်နဲ့ညနေကျရင် မင်းကို ရှစ်တိ(၈)က စားစရာလာပို့လိမ့်မယ်... ရှစ်နာရီနေပြီးရင် မင်းထွက်လာလို့ရပြီ...”


“ကျေးဇူးတင်ပါတယ်... ကျွင်းရှစ်ရှုန်း...”


ဝမ်ကျင်းက သွားများ တခိုက်ခိုက်တုန်နေလေသည်။


ကျွင်းယန်ကျစ်က လှည့်ထွက်သွားပြီးနောက် ရေထဲရှိခန္ဓာကိုယ်ကို တစ်ချက်ပြန်ကြည့်လိုက်ကာ တိတ်ဆိတ်စွာဖြင့် ထွက်သွားလေသည်။


သူက ဝမ်ကျင်း ခံစားနေရမည်ကို စိတ်မပူပေ။ 


ထိုနေ့က ဝမ်ကျင်း၏ခန္ဓာကိုယ်မှ အနွေးစီးကြောင်းတစ်ခု ထုတ်လွှတ်ခဲ့သည်။ ဤလူငယ်လေး၏ ခန္ဓာကိုယ်က ထူးခြားပုံရ၏။ သွမ့်ရွှမ်က သူ့အား ရေခဲစမ်းချောင်းထဲတွင် စိမ်ခိုင်သည်က သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရန် ဖြစ်ပုံရသည်။ ၎င်းက သူ့၏ကျင့်ကြံဆင့်အတွက် အကျိုးရှိလောက်မည်ဖြစ်သည်။ 


ထိုညကို သူပြန်တွေးကြည့်လိုက်စဉ်တွင်…


ကျွင်းယန်ကျစ်၏ ခြေလှမ်းများ ရပ်သွား၏။


သူ့ဘဝ၏ ၂၂ နှစ်တာကာလလုံးတွင် ထိုမျှ နွေးထွေးသောညကို မခံစားခဲ့ရဖူးချေ။ ထပ်ခါ ထပ်ခါပြန်တွေးပြီး မိန်းမောတွေဝေရလောက်သည်အထိ ခံစားရလေသည်။


ကျွင်းယန်ကျစ်က အိမ်သို့ပြန်ရောက်သောအခါ အိပ်ရာပေါ်တွင် ထိုင်ပြီး တရားမှတ်လိုက်သည်။ သူ၏ အတွင်းစိတ်တွင် မရေမတွက်နိုင်သော ရှေးခေတ်ပုံစံ စာလုံးများက အစီအစဉ်မကျဘဲ ပေါ်လာပြီး ကွဲပြားသော စာပိုဒ်များ ဖြစ်ပေါ်လာလေသည်။


စာလုံးများက မှေးမှိန်နေပြီး နားလည်ရန်ခက်ခဲသော်လည်း မချင့်မရဲဖြစ်နေသော သူ့ခံစားချက်များနှင့် နှိုင်းယှဉ်လျှင် ဖြေရှင်းရန် ပိုလွယ်လေ၏။


သူက ညရောက်သည်အထိ တရားမှတ်နေခဲ့ပြီးနောက် မျက်လုံးပွင့်လာလေသည်။


ကောင်းကင်ထက်မှ လခြမ်းကွေးက ချွန်ထက်သော သွားကဲ့သို့ သာနေလေ၏။ တောင်ကြားထဲရှိ အမှောင်ထုထဲတွင် သူ၏ ခန္ဓာကိုယ်က စတင်တုန်ရီလာလေသည်။


ကျွင်းယန်ကျစ်က ဖြည်းဖြည်းချင်း အဝတ်အစားများကို ချွတ်ကာ မြွေအသွင်ပြောင်းလိုက်ပြီးနောက် ပြတင်းပေါက်မှ တွားသွားထွက်သွားလိုက်သည်။


တောင်ကြားများရှိ လမ်းများကို ခပ်ရေးရေးမြင်ရလေ၏။ ကျွင်းယန်ကျစ်က ချောက်ကမ်းပါးတစ်လျှောက် တက်သွားပြီးနောက် တစ်ခဏကြာသောအခါ သတိမမူမိစွာဖြင့် ခေါင်းပြန်လှည့်ပြီး တောထဲသို့ လျှောဆင်းသွားလေတော့သည်။ ကောင်လေးက ရေခဲစမ်းချောင်းထဲတွင် ကျင့်ကြံနေဆဲဖြစ်သည်။ အနည်းငယ်လှမ်းသည့်နေရာမှ မြင်ရလေ၏။ 


လုကျင်း၏ ကျင့်ကြံနှုန်းက အလွန်နိမ့်၍ သူ့ကိုရှာတွေ့ရန် မဖြစ်နိုင်ချေ။


ရေခဲစမ်းချောင်းနှင့် ၁၅ ပေခန့်အကွာတွင် ရပ်လိုက်ပြီးနောက် တုန်ယင်နေသော ခန္ဓာကိုယ်ကို တိတ်တဆိတ်ဖြင့် ခွေထားလိုက်ပြီး ခေါင်းထောင်ကာ ကြည့်လိုက်သည်။


သူ တစ်ခဏခန့် ကြည့်နေသော်လည်း ထူးဆန်းသော ခံစားချက်ကို ရနေလေ၏။


လုကျင်းက ဘာလို့ ဘာအသံမှ မထွက်တာလဲ… ငါ ထွက်လာတုန်းကတောင် အဝေးကနေ သူ့ရဲ့ သွားချင်းရိုက်မိနေတဲ့အသံနဲ့ အေးလို့တုန်နေတာမလို့ ရေဘောင်ဘင်ခတ်သံကိုလည်း ကြားခဲ့ရတယ်… ပြီးတော့ အေးလွန်းလို့ ရှစ်ဖူကိုလည်း ကျိန်ဆဲနေမှာသေချာတယ်…


အခုတော့ ဘာလို့ ဘာအသံမှ ထွက်မလာတာလဲ…


ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလို အနွေးစီးကြောင်းကို စုစည်းနိုင်ရင် အေးပြီးတောင့်နေမှာ မဟုတ်ဘူး…


မြွေကြီး၏ ခန္ဓာကိုယ်က ချက်ချင်း အလျင်အမြန်ပြေးသွားလိုက်ရာ နှင်းထဲတွင် အမှတ်အသားများ ကျန်ခဲ့လေသည်။


ရေခဲစမ်းချောင်းသို့ ရောက်သည့်အချိန်တွင် လုကျင်းက လှုပ်ရှားမှုမဲ့နေလေ၏။ ရေခဲစမ်းချောင်းထဲတွင် ခန္ဓာကိုယ်က တောင့်တင်းနေပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားကာ နှုတ်ခမ်းများက တုန်ယင်နေလေသည်။


မြွေ၏ အားနည်းချက်ကို မဖော်ပြချင်သဖြင့် ကျွင်းယန်ကျစ်က လူအသွင်ပြောင်းကာ လူငယ်လေးကို ရေထဲမှ ဆွဲထုတ်လိုက်၏။


ဝမ်ကျင်းက သတိလက်လွတ်ဖြင့် ကျွင်းယန်ကျစ်၏ လည်ပင်းကို ဖက်ထားလေသည်။

“အေးတယ်… အေးတယ်…”


ပိန်ပါးပြီး အားနည်းပုံရသော လက်မောင်းလေးက မမျှော်လင့်ထားစွာဖြင့် အလွန်သန်မာလေ၏။ သူ့လည်ပင်းကို လွှတ်ပေးမည့် အရိပ်အယောင်မရှိဘဲ တင်းတင်းဖက်ထားပြီး ၎င်းက ဝေဒနာကို သက်သာစေပုံ ပေါ်လေသည်။


ကျွင်းယန်ကျစ်က ခက်ခက်ခဲခဲဖြင့် အဝတ်အစားတစ်စုံထုတ်လိုက်ပြီး ဝမ်ကျင်းကို ပွေ့ချီကာ ဝမ်ကျင်း၏အိမ်သို့ ပျံသန်းသွားလိုက်လေသည်။


ဘာလို့အေးခဲနေတာလဲ… သူ့ခန္ဓာကိုယ်က အပူမထုတ်ဘူးလား…


ကျွင်းယန်ကျစ်က ဝမ်ကျင်းကို အိပ်ရာပေါ်တွင် တင်ပေးလိုက်သည်။ ထပ်ပြီးမတောင့်ခံနိုင်တော့သဖြင့် မြွေအသွင်ပြောင်းကာ ဝမ်ကျင်းဘေးတွင်ခွေနေလိုက်ပြီး စောင်အောက်တွင် တုန်ရီနေလေ၏။


***********


သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နွေးထွေးလာလေသည်။ ဝမ်ကျင်းက မူးဝေစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အမှောင်ထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရလေ၏။


သူ့ဘေးတွင် လှဲနေသော ကြီးမားသည့် တစ်စုံတစ်ခုကို လှည့်ကြည့်လိုက်သည်။ ၎င်းက အစိတ်အပိုင်းလေးတစ်ခုက စောင်အောက်တွင်ဖြစ်ပြီး ကျန်သောအစိတ်အပိုင်းများက စောင်အပြင်တွင် ဖြစ်လေသည်။ တုန်ယင်ကာ‌ ခွေနေသောပုံရိပ်က မည်သည့်အရာဆိုသည်ကို ခန့်မှန်းရန် မလိုတော့ပေ။


ယမန်နေ့ညက သူမှတ်မိသည်က အအေးဓာတ်ကြောင့် တုန်ယင်နေခဲ့ပြီး တဖြည်းဖြည်း သတိမေ့သွားသည်ကိုသာ ဖြစ်သည်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့အား ရေထဲမှ ဆွဲထုတ်ပေးခဲ့သည်ကိုလည်း ခပ်ရေးရေး မှတ်မိလေသည်။


မြွေကြီးက ငါ့ကို ကယ်ခဲ့တာလား…


သူက ဂရုတစိုက်ဖြင့် စောင်ကို မကြည့်လိုက်သည်။ ရုတ်တရက် လှုပ်ရှားမှုကြောင့် မြွေကြီး၏ခေါင်းက ထောင်လာပြီးနောက် တစ်ဖန် တိတ်ဆိတ်စွာ ပြန်လှဲသွားလေသည်။


ဝမ်ကျင်း၏ နှာခေါင်းက ချဉ်စူးလာသည်ကို ခံစားလိုက်ရသည်။ သူက မြွေကြီး၏ ခေါင်းပေါ်ကို မှီလိုက်ပြီးနောက် ပြောလိုက်၏။

“မင်းက အကောင်းဆုံးပဲ...”


မြွေကြီးက လှုပ်ရှားမှု ကင်းမဲ့နေလေသည်။


ဝမ်ကျင်းက သူ့ကိုလွှတ်လိုက်ပြီးနောက် အိပ်ရာပေါ်မှ ဆင်းကာ မိစ္ဆာသားရဲများ ကြိုက်သည့် အသီးများကို ရှာလိုက်လေသည်။ သူက အသီးကို မြွေကြီး၏ရှေ့တွင် ထားပေးလိုက်ပြီးနောက် မေးလိုက်၏။

“မင်း... ငါနေတဲ့နေရာကို ဘယ်လိုသိတာလဲ...”


မြွေကြီးက မတုံ့ပြန်သလို အသီးကိုလည်း မစားဘဲ တုန်ယင်နေသည်။


ဝမ်ကျင်းက မြွေကြီး၏ခန္ဓာကိုယ်ကို ဖက်လိုက်ပြီးနောက် ပြောလိုက်၏။

“မင်းရဲ့ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ... ဘာလို့ အမြဲတမ်း တုန်နေတာလဲ...”


မြွေကြီးက လျှာကိုထုတ်လိုက်ပြီးနောက် တရှူးရှူးအသံပြုလိုက်သည်။


ဝမ်ကျင်းက မဆင်မခြင် မပြုမူရဲပေ။ သူက မြွေကြီးပေါ်ကို စောင်ခြုံပေးလိုက်ပြီးနောက် ပြောလေသည်။

“ပြီးခဲ့တဲ့တစ်ခေါက်မှာ ငါ့ခန္ဓာကိုယ်က အပူတွေထွက်လာပြီး မင်းကိုပါ မျှပေးခဲ့တယ်… အခု ထပ်ပြီး ထွက်လာအောင် လုပ်နိုင်ရင် မင်းပိုပြီး သက်သာလာမယ်ထင်တယ်…”


ထို့နောက် ဝမ်ကျင်းက အနွေးစီးကြောင်းတစ်ခုကို ခန္ဓာကိုယ်ထဲတွင် နိုးကြားလှည့်လည်စေလိုက်သည်။ သူက အာရုံစူးစိုက်ထားပြီး စွမ်းအားကို လှုံ့ဆော်ရန် ဂရုတစိုက် ကြိုးစားနေ၏။ ထို့နောက် နွေးထွေးသည့်စီးကြောင်းတစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာပြီးနောက် မြွေကြီးဆီပါ ကူးပြောင်းသွားကာ မြွေကြီးက ဝမ်ကျင်းကို ထပ်ခါထပ်ခါ ရစ်ပတ်နေတော့သည်။


ဝမ်ကျင်းက အနည်းငယ် စိတ်လှုပ်ရှားနေ၏။

“ငါတစ်နေ့လုံး ကြိုးစားနေတာ လုပ်လို့မရဘဲ မင်းကိုဖက်ထားတော့မှပဲ ရတော့တယ်…”


မြွေကြီးက သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး ဝမ်ကျင်း၏လည်ပင်းကို သူ့ခေါင်းဖြင့် ပွတ်သပ်နေလေသည်။ စောင်ထဲတွင် လူငယ်လေး၏ခန္ဓာကိုယ်က နွေးထွေးကာ သက်တောင့်သက်သာရှိနေလေသည်။


၁၀ နှစ်ကျော် ကြာသည့်တိုင်အောင် ပင်ကိုစရိုက်ကို ချုပ်တည်းထားရသည့် မြွေကြီးက နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီး ဝမ်ကျင်း၏ ခန္ဓာကိုယ်ကို အိပ်ရာပေါ်တွင်  ဂရုတစိုက် ရစ်ပတ်ထားလေသည်။


ဝမ်ကျင်းက သူ့ကိုလျက်နေသော မြွေကြီး၏လျှာကို တွန်းထုတ်လိုက်၏။

“စိတ်လျှော့ထား... အိပ်ရအောင်... ငါ မနက်ဖြန်... အလုပ်လုပ်စရာရှိသေးတယ်...”


မြွေကြီးက အကြိမ်အနည်းငယ်ခန့် ထပ်လျက်လိုက်ပြီးနောက် ဝမ်ကျင်း၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ လှဲလျောင်းနေလိုက်လေသည်။


“မင်း ထပ်လာဦးမှာလား... အပြင်မှာတွေ့တာက အရမ်း အန္တရာယ်များတယ်...”

ဝမ်ကျင်းက နူးညံ့စွာ ပြောလိုက်သည်။


မြွေကြီးက လှုပ်ရှားမှုမဲ့နေဆဲဖြစ်ပြီး သဘောမတူသလို ငြင်းလည်း မငြင်းဆန်ခဲ့ပေ။


“အိပ်တော့...”


ဝမ်ကျင်းက မြွေကြီး၏ခေါင်းကို ထိလိုက်ပြီးနောက် လက်ယမ်းကာ မီးငြှိမ်းလိုက်သည်။


*********


နောက်တစ်နေ့ မနက်စောစောတွင် ဝမ်ကျင်းက နိုးလာပြီးနောက် အမှတ်တမဲ့ဖြင့် သူ့လက်ကို ထုတ်လိုက်သည်။


မည်သူမှ မရှိပေ။ အိပ်ရာက အေးစက်နေလေသည်။


ယမန်နေ့ညက အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့် မြွေကြီးထွက်သွားသည်ကို သတိမထားမိလိုက်ပေ။


ဝမ်ကျင်းက အဝတ်အစားလဲကာ ထွက်လာသည့်အချိန်တွင် လိပ်ကြီးက ကုပ်ကုပ်ကလေးဖြင့် နှင်းထဲတွင် တွားသွားကာ ဖြည်းဖြည်းချင်း လာနေသည်ကို မြင်လိုက်ရလေသည်။ သူက လိပ်ကြီး၏ရှေ့တွင် ထိုင်ချပြီး မိစ္ဆာသားရဲသီးကို ကျွေးလိုက်သည်။


လိပ်ကြီးက ဖြည်းဖြည်းချင်း ဝါးနေလေ၏။


မြွေကြီးနှင့် သူ၏ဆက်ဆံရေးက တစ်ဆင့်တိုးလာပြီဖြစ်သည်။ ဝမ်ကျင်းက အလွန်ပျော်နေသော်လည်း မည်သူ့ကိုမှ မပြောပြနိုင်ပေ။ သူက အနာဂတ်နှင့် ပတ်သက်ပြီး အလွန်စိုးရိမ်နေ၏။ ဝမ်ကျင်းက သူ့ခန္ဓာကိုယ်မှ ထိုအနွေးစီးကြောင်းက မည်သို့ထွက်လာသည်ကို အဖြေမရှာနိုင်ခဲ့ပေ။


မြွေကြီးကိုဖက်လိုက်လို့ ထွက်လာတာများလား...


နောက်ထပ်နှစ်လတွင် သူက ရေခဲစမ်းချောင်းထဲတွင် ထပ်ခါထပ်ခါ ကြိုးစားနေပြီး မြွေကြီးက ဘေးတွင် ကြည့်နေလေသည်။ 


ပထမဆုံး ကြိုးစားသည့် အကြိမ်များတွင် သူက မြွေကြီးအား ဖက်ထားရန် လိုအပ်လေသည်။ အအေးဓာတ်နှင့် သူ၏ခံစားချက်များက အနွေးစီးကြောင်းကို အစပျိုးရန် လိုအပ်သည့်အရာများ ဖြစ်ပုံပေါ်သည်။ နောက်ပိုင်းတွင် သူ၏ဝိညာဉ်စွမ်းအားများထဲ၌ ပြောင်းလဲမှုအနည်းငယ်ကို ခံစားလာရလေ၏။ ၎င်းက အနွေးစီးကြောင်းကို အစပျိုးပေးပြီး သူက တဖြည်းဖြည်းဖြင့် အနွေးဓာတ်ကို ဆန္ဒရှိသလို ထုတ်လွှတ်လာနိုင်လေသည်။


ဝမ်ကျင်းက အပျော်ကို ထိန်းချုပ်မထားနိုင်တော့ဘဲ သွမ့်ရွှမ်ထံသို့ ချက်ချင်း တင်ပြလိုက်သည်။


သွမ့်ရွှမ်က စကားတစ်ခွန်းသာ ပြောခဲ့သည်။

“အခုကစပြီး သန့်စင်ကျောက်စိမ်း ချီအစစ်အမှန်ကို လေ့ကျင့်တော့… အခြေခံအကူကျင့်ကြံခြင်းကို လေ့ကျင့်စရာ မလိုတော့ဘူး…”


“နားလည်ပါပြီ…”


သန့်စင်ကျောက်စိမ်း ချီအစစ်အမှန်က လျိုချန်မော့ ကျင့်ကြံနေသောနည်းလမ်းဖြစ်သည်။ ၎င်းက ကျင့်ကြံရန်သာမက နားလည်ရန် ခက်ခဲပြီး အလွန်လေးနက်လေ၏။ သွမ့်ရွှမ်က လျိုချန်မော့ကို ဝမ်ကျင်းအား အသေးစိတ် မသင်ကြားခိုင်းဘဲ တစ်လတစ်ကြိမ် လမ်းညွှန်မှုအနည်းငယ်ကိုသာ ပေးခိုင်းသည်။ ကျန်သောအချိန်များတွင် သူက ဝမ်ကျင်းအား ကိုယ်တိုင်သင်ယူစေလေ၏။


တတိယယန်ခန္ဓာကိုယ်၏ အနွေးစီးကြောင်းက ယန်ချီများနှင့် ဝိညာဉ်စွမ်းအားများ ရောနှောရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကျင့်ကြံရေးနည်းလမ်းက အခြားလူများနှင့် အနည်းငယ်စီ ကွဲပြားလေသည်။ လူတစ်ယောက်က ထပ်တူကျလုနီးပါး ကျင့်ကြံနည်းကို ကူးယူပါက သူ၏ကျင့်ကြံဆင့်မှာ ရပ်တန့်နေမည်ဖြစ်သည်။


ဝမ်ကျင်း၏ အထုံပါရမီက ကောင်းသော်လည်း သူက ငယ်ရွယ်ပြီး အနွေးစီးကြောင်းကို ထိန်းချုပ်နိုင်သည်က အကန့်အသက်ရှိသည်မှာ နှမြောစရာဖြစ်သည်။ ခြောက်လကြာပြီးနောက် သူက ချီသန့်စင်ခြင်း အဆင့်(၇)ကို တက်သွားပြီဖြစ်၏။ သူက လျိုချန်မော့၏ ကျင့်ကြံနှုန်းနှင့် ယှဉ်နိုင်ပြီဖြစ်သော်လည်း ဟယ့်လင်နှင့် ကျွင်းယန်ကျစ်၏ ကျင့်ကြံနှုန်းကိုမူ လိုက်မမီသေးချေ။


ထိုခြောက်လအတွင်းတွင် မြွေကြီးက တစ်လလျှင် နှစ်ကြိမ် သုံးကြိမ်ခန့် သူ့အား ရံဖန်ရံခါတွင် လာရှာတတ်သည်။ မြွေကြီးရောက်လာသည်နှင့် လိပ်ကြီးကလည်း ချက်ချင်း ခေါင်းထွက်လာတတ်၏။


ရလဒ်အနေဖြင့် ဝမ်ကျင်းက မြွေကြီးနှင့် လိပ်ကြီး ဝင်ရထွက်ရ အဆင်ပြေစေရန် သူ၏တံခါးနှင့်အိပ်ရာကို ပြန်လည်ပြုပြင်ခဲ့ရလေသည်။


အချိန်က ရေကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားလေ၏။ တစ်နှစ်က ကုန်ဆုံးသွားပြီး လာမည့်နွေဦးတွင် ဝမ်ကျင်း၏အသက်က ၁၅နှစ်သို့ ရောက်ပြီဖြစ်လေသည်။


********


ရေခဲနှင့် နှင်းများ အရည်ပျော်သွားပြီးနောက် အရာအားလုံးက နွေးထွေးမှုများနှင့် ပြည့်နှက်ကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။ သို့ရာတွင် ယခုနှစ်၌ ချင်ရှုဓားဂိုဏ်းကမူ ပူဆွေးသောကများနှင့် ဖုံးအုပ်နေလေသည်။


နန်ရန်တောင်ထိပ်၏ ဆရာသခင်ဖြစ်သော အခြေတည်နောက်ဆုံးအဆင့်ရှိသူ ကောင်းယန်က အသက်အရွယ်ကြောင့် ဗဟိုချက်ကို မတည်ဆောက်နိုင်တော့ဘဲ ကွယ်လွန်သွားခဲ့လေသည်။


ကောင်းယန်၏ကွယ်လွန်ခြင်းက ဝမ်းနည်းဖွယ်ဖြစ်၏။ သို့ရာတွင် သက်ရောက်မှုအရှိဆုံးက သူ၏တပည့်များဖြစ်သည်။ 


[လွန်ခဲ့သော နှစ်ထောင်ချီတွင် ချင်ရှုဇီက စာလိပ်(၁၀)ခုကို ချန်ထားခဲ့သည်။ တစ်ခုချင်းစီက ကွဲပြားပြီး ဖော်ပြရန်မဖြစ်နိုင်ပေ။ တစ်ခုချင်းစီက ခြွင်းချက်မရှိ ဆက်ခံသူအဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့၏။ တစ်နည်းပြောရလျှင် ရှေးဟောင်းစာလိပ်များက သူတို့၏သခင်ကို ကိုယ်တိုင်ရွေးချယ်ပြီး ရွေးချယ်ခံရသည့်လူကသာ စာလိပ်ထဲရှိ အကြောင်းအရာများကို သင်ကြားနိုင်လေသည်။ လွန်ခဲ့သောအချိန်များတွင် ထိုရှေးဟောင်းစာလိပ်များ တည်ရှိနေခြင်းကြောင့် ချင်ရှုဂိုဏ်းက အချင်းချင်း ပဋိပက္ခများဖြစ်ပွားခဲ့၏။ အဆုံးတွင် ဟုန်ရှို့တောင်ထိပ်၏ ဆရာသခင်က ရှေးဟောင်းစာလိပ်နှစ်ခုကို သူနှင့်အတူယူသွားပြီး လုံးဝ သတင်းမကြားခဲ့ရတော့ပေ။ 


ထို့နောက် ကြီးမြတ်သောကုမုက ချင်ရှုဓားဂိုဏ်းကို ပြန်လည်စုစည်းကာ တပည့်များကို စည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်စုဝေးစေလေသည်။ ထိုအချိန်မှစပြီး ရှေးဟောင်းစာလိပ်များက သူတို့၏သခင်ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီး ရွေးချယ်ခံရသူက တောင်ထိပ်သခင် ဖြစ်လာလေသည်။ ထို့ကြောင့် တောင်ထိပ်ရှိ ဆရာသခင်တစ်ယောက်က ကွယ်လွန်လျှင် ထိုစာလိပ်ကို တပည့်များအနက်မှ တစ်ယောက်ကို ရွေးချယ်ပြီး တောင်ထပ်သခင်အသစ် ဖြစ်လာလေသည်။]


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ အပိုင်း(၄၀)မှ ကောက်နုတ်ချက်ဖြစ်သည်။


ရှေးဟောင်းစာလိပ်များက သူတို့၏သခင်ကို မည်သို့ရွေးချယ်သည်ကို မည်သူမှမသိပေ။ ယခုအချိန်တွင် နန်ရန်တောင်ထိပ်၌ တပည့်အယောက် (၇၀)ရှိလေသည်။ မမျှော်လင့်ထားစွာဖြင့် ရှေးဟောင်းစာလိပ်က သူတို့အနက် တစ်ယောက်မှ မနှစ်သက်သဖြင့် တပည့်များက စိုးရိမ်နေကြလေ၏။


မည်သူကမှ အမွေမဆက်ခံနိုင်ပေ။ ထို့ကြောင့် ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’ က အခြားတောင်ထိပ်များ၏ ပိုင်ဆိုင်မှု ဖြစ်လာလေသည်။


ထို့ကြောင့် ချမှတ်ထားသော ဓလေ့ထုံးတမ်းအရ ရှီဖန့်က  ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

“ချင်ရှုဂိုဏ်းသားများအားလုံး ပင်မခန်းမဆောင်ထဲမှာ စုဝေးပါ…”


ထိုနေ့တွင် နွေးထွေးသော နွေဦးလေပြေလေးက တိုက်ခတ်နေပြီး တောတောင်က စိမ်းလန်းနေလေသည်။ ချင်ရှုဂိုဏ်းသား အယောက်(၃၀၀၀)ကျော်ခန့်က ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’၏ သခင်အဖြစ် ရွေးချယ်ခံရန် ခန်းမဆောင်ထဲတွင် စုစည်းနေကြလေ၏။


ဆေးဖက်ဝင်အပင်များ၏ ရနံ့ဖျော့ဖျော့က လူအုပ်ထဲတွင် အချိန်တစ်ခဏ ဖြတ်ပြေးသွားပြီးနောက် တဖြည်းဖြည်း လွင့်စင်သွားလေသည်။ ရှီဖန့်က တပည့်များအား ပြန်ပြီး ရလဒ်ကို စောင့်ဆိုင်းရန် ညွှန်ကြားလိုက်သည်။


သုံးရက်ကြာပြီးနောက် ရှီဖန့်က သတင်းတစ်ခု ပြောခဲ့သည်။ 

“စုစုပေါင်း ၇၂ ယောက်က ‘ပြန်လည်အသက်သွင်းခြင်းကျမ်းဂန်’ရဲ့အောင်မြင်သူတွေအဖြစ် ဆန်ကာတင် ရွေးချယ်ခံရတယ်… ဟွေ့ရှစ်တောင်ထိပ်က ကျွင်းယန်ကျစ်နဲ့ မော့ရှောက်ယန်က ရွေးချယ်ခံရတယ်… စည်းမျဉ်းတွေအရ ဒီတပည့် ၇၂ယောက်က စမ်းသပ်မှုမှာ ပါဝင်ရမယ်… နေ့လယ် ၁၁ နာရီမှာ တောင်ထိပ်တိုင်းက တပည့်(၁၀)ယောက်စီ ခန်းမဆောင်ထဲ ပို့ပေးပါ…”


တောင်ထိပ်တိုင်းက တပည့်(၁၀)ယောက်စီ သွားရမည်ဖြစ်သည်။ တစ်နည်းပြောရလျှင် ဟွေ့ရှစ်တောင်ထိပ်က လူတိုင်း သွားရမည်ဖြစ်၏။


လူတိုင်းက မျှော်လင့်ချက်မဲ့နေသော်လည်း အနည်းဆုံး ကောင်းသည့်အရာတစ်ခုရှိသည်။ ဟယ့်လင်က အရေးကိစ္စများနှင့် ပက်သတ်ပြီး မည်မျှစိတ်မဝင်စားစေကာမူ ဤကိစ္စကို မငြင်းဆန်နိုင်ချေ။ 


မော့ရှောက်ယန်၏ မျက်နှာက နီရဲနေလေ၏။ သူက  နောက်ဆုံးရွေးချယ်ခံရသူ မဖြစ်နိုင်သော်လည်း ဆန်ကာတင်အဖြစ် ရွေးချယ်ခံရသည်က အလွန်ဝမ်းမြောက်ဖွယ် ကောင်းလေသည်။



⛰️⛰️⛰️