Ch 13
Viewers 3k

⛰️Chapter - 13

မိစ္ဆာသားရဲတစ်ကောင်က ဒီလိုသမာဓိကို ပိုင်ဆိုင်ထားတယ်



မြွေကြီးထံမှ လုံးဝရစ်ပတ်ခံလိုက်ရပြီးနောက် ဝမ်ကျင်းက အနည်းငယ်ပင် မလှုပ်နိုင်တော့ချေ။ ဝမ်ကျင်းက မျက်လုံးကိုမှိတ်ထားပြီး စိတ်တည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။


ထိုအချိန်တွင် အချက်အလက်တစ်ခုက သူ့ခေါင်းထဲတွင် ပေါ်လာလေ၏။

[စနစ်မှ အသိပေးချက်_ host က စနစ်ထဲသို့ မဝင်သည်မှာ ရက်(၃၀) ရှိပါပြီ… အကူအညီ လိုနေပါသလား…]


ဝမ်ကျင်း၏ သည်းခံနိုင်စွမ်းက အလွန်မြင့်သော်လည်း ယခုအချိန်တွင်မူ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။ 


သေရေးရှင်ရေးဖြစ်နေတာမမြင်ဘူးလား… အကူအညီလိုလားလို့ လာမေးနေသေးတယ်…


ထို့နောက် စာတစ်စောင် ထပ်ပေါ်လာလေသည်။

[စနစ်မှ အသိပေးချက်_ Host က သေရေးရှင်ရေး အခက်ကြုံနေသော အချိန်တွင် ရောက်နေပါသည်… စနစ်က စွမ်းအားကုန်ခမ်းနေပါသဖြင့် အဆင့်မြှင်တင်ခြင်းကို လုပ်ဆောင်နေပါသည်… အဆင့်မြှင့်တင်ခြင်းပြီးမြောက်ရန် ၂၄ နာရီခန့် ကြာမည်ဖြစ်ပါသည်…]


ဝမ်ကျင်း၏ စိတ်ထဲ၌ အဆဲစကားလုံးများ သောင်းချီထွက်ပေါ်လာလေ၏။


သူက ပြင်းပြင်းထန်ထန် အားထုတ်ပြီး တည်ငြိမ်စွာ အသက်ရှူရန် ကြိုးစားလိုက်သည်။


သူရုန်းကန်လေလေ မြွေကြီးက သူ့အား ပိုပြီးတင်းကျပ်စွာ ရစ်ပတ်လေလေဖြစ်သဖြင့် မကြာမီတွင် သူ သေရတော့မည်ဖြစ်သည်။ 


ထိုအချိန်တွင် မြွေကြီး၏အရေပြားက သူ့မျက်နှာနားသို့ ကပ်လာလေသည်။ ၎င်းက အလွန်အေးစက်လေ၏။


ငါ့ဘဝက မြွေရဲ့ဗိုက်ထဲမှာ အဆုံးသတ်တော့မှာလား...


ဝမ်ကျင်းက ရင်တဒိတ်ဒိတ်ခုန်နေပြီး လက်ကို တင်းကြပ်စွာ ဆုပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေလိုက်သည်။


ငါ့ဘဝက ဒီနေရာမှာ အဆုံးသတ်တော့မယ်...


သူ တစ်ခဏ စောင့်နေလိုက်သော်လည်း မည်သည့်နာကျင်မှုမှ ရောက်မလာခဲ့ပေ။ သူ့အား ရစ်ပတ်ထားသည့် မြွေကြီး၏ ခန္ဓာကိုယ်က တုန်ယင်နေသည်ကိုသာ ခံစားရလေသည်။


ရုတ်တရက် မြွေ၏ အေးစက်နေသော အရေပြားက သူ့မျက်နှာနားမှ ခွာလိုက်လေ၏။ ဝမ်ကျင်းက မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် မြွေ၏ခေါင်းက သူ့မျက်နှာနှင့် တစ်လက်မခန့် အကွာတွင် ရှိနေသည်ကို တွေ့လိုက်ရလေသည်။


ဘာတွေဖြစ်နေတာလဲ...


သူ့အစာကို ဘယ်နားကနေ စစားရမယ်မှန်းမသိလို့ ရှာနေတာလား…


မမျှော်လင့်ထားစွာဖြင့် မြွေကြီးက ရစ်ပတ်ထားသည်ကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးလိုက်ပြီး လျှောဆင်းသွားကာ မြေကြီးပေါ်တွင် အခွေလိုက် ဖြစ်နေလေသည်။ ထို့နောက် ၎င်းက ဖြည်းဖြည်းချင်း တွားသွားနေလေ၏။


ဝမ်ကျင်းက ထိတ်လန့်နေပြီး သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်၏။ အဆောင်လက်ဖွဲ့က ကျိုးပျက်သွားပြီဖြစ်သည်။


အဆောင်လက်ဖွဲ့ကို အခြေတည် တည်ဆောက်နေဆဲအဆင့် ကျင့်ကြံသူများက ပြုလုပ်ထားခြင်းဖြစ်သော်လည်း ၎င်းက မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားလေ၏။ ထိုမြွေကြီးက အနိမ့်ဆုံး ရွှေရောင်ဗဟိုချက် ကျင့်ကြံဆင့်ရှိရမည်။ 


ဝမ်ကျင်းက နေရာတွင်သာ ကြောင်အနေ၏။


ကျောက်တုံးကြီး၏ နောက်မှ ဖျတ်ခနဲ တစ်ချက်လင်းသွားပြီးနောက် အရာအားလုံးက မူလအခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။


ဝမ်ကျင်းက မြွေကြီး၏ ခန္ဓာကိုယ်ကိုကြည့်ကာ ဂရုတစိုက်ဖြင့် အနားကပ်သွားလိုက်၏။ ၎င်း၏ ခေါင်းက နစ်မြုပ်နေပြီး ကျောက်တုံးက ၎င်းအပေါ်တွင် တုန်ယင်နေလေသည်။ 


ဒီမြွေက ဘာဖြစ်နေတာလဲ…


ရုတ်တရက် မြွေက တစ်ဟုန်ထိုးရွေ့လာပြီး ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဟကာ ဝမ်ကျင်းထံသို့ အညှာအတာမရှိ ပစ်ဝင်လာလေ၏။


ဝမ်ကျင်းက ထိတ်လန့်ကာ မြေပေါ်သို့ လဲကျသွားသည်။ သူက တစ်စက္ကန့်ပင် မနေရဲတော့ဘဲ ထွက်ပြေးရန် ချက်ချင်းကြိုးစားလိုက်လေသည်။


နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် မြွေကြီး၏ ရှည်လျားသောခန္ဓာကိုယ်က တဖြည်းဖြည်း မြင့်တက်လာပြီး အပြာဖျော့ရောင်အလင်းက ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။ ထို့နောက် ၎င်းက ကျောက်တုံးကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ကာ တုန်ယင်နေပြန်လေသည်။


မြွေတွေက ဆောင်းမခိုဘူးလား… အရမ်းအေးနေတာကို ဘာလို့ အပြင်ထွက်နေတာလဲ…


**********


ဟွေ့ရှစ်တောင်ထိပ်တွင် ဤကဲ့သို့ ကျင့်ကြံဆင့်ရှိသည့် မြွေတစ်ကောင်ရှိသည်။ အလွန်အံ့သြစရာကောင်းသည့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်၏။ သူက ဤကိစ္စကို တင်ပြလိုက်လျှင် တပည့်များ၏ လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ချင်ရှုဓားဂိုဏ်းမှ ရွှေရောင်ဗဟိုချက် ကျင့်ကြံသူများကို ပို့လိုက်မည်ဖြစ်သည်။


သူက အချိန်အတော်ကြာ စဉ်းစားပြီးနောက် အဆုံးတွင် မတင်ပြရန် ဆုံးဖြတ်လိုက်သည်။


ထိုမိစ္ဆာသားရဲက သူ့အား အန္တရာယ်မပေးဘဲ သွားခွင့်ပြုလိုက်လေသည်။ ၎င်း၏ မွေးရာပါသဘာဝက မဆိုးပေ။ ထိုမျှသာမက ၎င်းက နေမကောင်းဖြစ်နေပုံပေါ်၏။ အလွန်ကြီးမားသော ဒဏ်ရာဖြစ်ပုံပေါ်သည်။


မသနားတတ်တာ မဟုတ်ဘူး... ဒီတိုင်းပဲ...


ရှောင်လို့ရရင် ရှောင်နေလိုက်မယ်...


ဒုတိယမြောက်ညက အလွန်မှောင်မဲနေပြီး ကောင်းကင်တွင် လခြမ်းလေးတစ်ခုသာ ရှိပြီး တောင်တန်းများ၏ ပုံပန်းသဏ္ဍာန်များကို ခပ်ရေးရေးသာ မြင်ရလေသည်။


ဝမ်ကျင်းက အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပြီးနောက် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလေ၏။


သူက ညတစ်ဝက်ကျော်သည့်တိုင်အောင် ကင်းစောင့်နေသော်လည်း ပုံမှန်မဟုတ်သည့်ကိစ္စကို မတွေ့ပေ။ မြွေကိုမူ ထည့်မတွက်ချေ။ ဝမ်ကျင်းက ပျော်နေသင့်သော်လည်း စိတ်ထဲတွင် လေးနေသည်ကို ခံစားနေရ၏။


အဆောင်လက်ဖွဲ့၏ စွမ်းအားက ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ဝမ်ကျင်းက အိမ်ပြန်ရန်လုပ်လိုက်သည်။ လမ်းတစ်ဝက်တွင် အရိပ်တစ်ခုက ရုတ်တရက်ပေါ်လာပြီး နားအူစေသော အသံကို ထုတ်လွှင့်နေလေ၏။ ၎င်းက ဝမ်ကျင်းထံသို့ တစ်ဟုန်ထိုး ပြေးလာနေပြီး မျက်စိတစ်မှိတ်အတွင်း ဝမ်ကျင်း၏ ရှေ့သို့ ရောက်လာလေသည်။


ညဘက်တွင် လူတစ်ယောက်တည်းရှိနေသဖြင့် တိုက်ခိုက်ချင်နေသော မိစ္ဆာသားရဲများကို ဆွဲဆောင်နေလေသည်။


ကံကောင်းစွာဖြင့် သူ့ရှေ့ရှိ မိစ္ဆာသားရဲသုံးကောင်၏ ကျင့်ကြံဆင့်က နိမ့်သဖြင့် အလွယ်တကူ ဖြေရှင်းနိုင်၏။


ဝမ်ကျင်းက လက်ထဲတွင် ဝိညာဉ်စွမ်းအားလုံးကို စုစည်းလိုက်ပြီး အလင်းတန်းတစ်ခုကို မြန်မြန်ပစ်ကာ ၎င်း၏ ခန္ဓာကိုယ်ကို ရိုက်လိုက်သည်။ မမျှော်လင့်ထားစွာဖြင့် ၎င်းက သိမ်းငှက်နက်ဖြစ်နေသည်။ သိမ်းငှက်နက်က နာကျင်သွားသဖြင့် ဒေါသထွက်ကာ ၎င်း၏ ချွန်ထက်နေသော လက်သည်းများနှင့် ဝမ်ကျင်း၏ ဂုတ်ကိုဆွဲကာ လေထဲသို့ ပျံတက်သွားလေသည်။ ဝမ်ကျင်းက ကိုယ်ဖော့သိုင်းကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး နောက်ထပ် ဝိညာဉ်စွမ်းအားကို စုစည်းကာ တိုက်ခိုက်လိုက်ပြန်၏။


ထို့နောက် စနစ်၏ အသိပေးချက်က သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာလေသည်။

[စနစ် အဆင့်မြှင့်တင်ခြင်းပြီးဆုံးပါပြီ… စွမ်းဆောင်ရည်အသစ် ရရှိလာပါသည် host၏ အကောင်းအဆိုး စံနှုန်းအရ ၁၀၀ လီ အတွင်းတွင် ‘ဆိုးယုတ်မှု’ ဟုသတ်မှတ်နိုင်သည့် အရာ ၁၃၂ ခုရှိနေပါသည်…]


ပီ ပီ ပီ ပီ ပီ…


မရေမတွက်နိုင်သော လေးထောင့်အကွက်လေးများ ပေါ်လာလေ၏။ သူ့ခေါင်းထဲတွင် အသံများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ဝမ်ကျင်းကို နှောင့်ယှက်နေလေသည်။


သူက တိုက်ခိုက်နေသော်လည်း စနစ်က သူ့ကိုနှောင့်ယှက်ပြီး သူ၏ လှုပ်ရှားမှုများကို နှေးကွေးအောင် လုပ်နေလေ၏။ သိမ်းငှက်နက်က သူ့အား ကျောက်ကမ်းပါးများအပေါ်သို့ ဆွဲခေါ်သွားကာ ပစ်ချလိုက်လေသည်။


ဝမ်ကျင်းက ကျိန်ဆဲလိုက်၏။ သူ့ခေါင်းနောက်က တစ်စုံတစ်ခုနှင့် ရိုက်မိသွားပြီး အားလုံးက မှောင်မဲလာကာ သူ သတိမေ့သွားလေသည်။


မှိန်ပျပျ သာနေသော လရောင်အောက်တွင် ဝမ်ကျင်း၏ ခန္ဓာကိုယ်က ကျောက်ကမ်းပါးများအောက်သို့ ကျသွားတော့လေသည်။


အဆုံးတွင် စနစ်၏ အရည်အသွေးက လုံးဝအဖတ်မဆည်နိုင်အောင် ဆိုးဝါးစုတ်ပြတ်လေသည်။


************


ဝမ်ကျင်းက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ချိန်တွင် သူက ထုံးကျောက်တုံးကြီးပေါ်၌ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်တွင် နှင်းများက ဖုံးလွှမ်းနေ၏။


သူလှည့်ကြည့်ချိန်တွင် အလွန်ကြီးမားသော မြွေကြီးကို တွေ့လိုက်ရလေသည်။ လရောင်ဖျော့ဖျော့က အလင်းကျနေပြီး ၎င်း၏ အရိပ်ကို ထုတ်ဖော်ပြသထားလေ၏။


ဝမ်ကျင်းက ရုတ်တရက် အသိဝင်သွားပြီး ထိတ်လန့်စွာဖြင့် ထခုန်လိုက်လေသည်။


ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ… အခုလေးတင် သိမ်းငှက်နက်နဲ့ တိုက်လာတာကို…


မြွေကြီးက တုန်ယင်နေသဖြင့် သူ့ကို သတိမထားမိချေ။ ၎င်း၏အမြီးက ကျောက်နံရံနားတွင် ညင်သာစွာ တုန်ယင်နေပြီး ဘောလုံးကဲ့သို့ ကွေးထားပြီး ကြီးကြီးမားမား တစ်စုံတစ်ရာကို ခံစားနေရပုံပေါ်လေသည်။ 


ဝမ်ကျင်း သူဘာလုပ်ရမည်ကို မသိသဖြင့် ခေါင်းကုတ်လိုက်၏။


ဒီမြွေကြီးက တော်တော်နာနေပုံဘဲ... သူက ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်ဘူးလား... ဘာလို့လဲ...


သူက လက်ကို ဂရုတစိုက် ထုတ်လိုက်ပြီး မြွေကြီး၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပုတ်လိုက်သည်။ 


မြွေကြီးက ဓာတ်လိုက်သွားသကဲ့သို့ တုံ့ပြန်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ရုတ်တရက် ဆန့်ထုတ်လိုက်၏။ ၎င်းက ဒေါသထွက်သွားပုံပေါ်ပြီး ဝမ်ကျင်းအား အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး စိတ်မဝင်စားစွာဖြင့် ထွက်သွားလိုက်လေသည်။


ဝမ်ကျင်းက မြွေကြီးနောက်သို့ လိုက်ကာ မေးလိုက်သည်။

“မင်း လူသားတွေနဲ့ စကားမပြောနိုင်ဘူးလား... ငါ့ကို ကယ်ထားတာလား...”


မြွေကြီးက သူ့ကို လုံးဝအာရုံမစိုက်ဘဲ ဆက်သွားနေပြီးနောက် ရုတ်တရက် ရပ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာပြီးနောက် အေးစက်နေသော ကျောက်တုံးပေါ်တွင် ခွေနေလိုက်လေသည်။


ဝမ်ကျင်းက အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ထဲတွင် ဝိညာဉ်စွမ်းအားလုံးကို စုကာ မြွေကြီးခန္ဓာကိုယ်ကို ညင်သာစွာ ထိလိုက်သည်။


မြွေကြီးက အေးနေသည်လား နာကျင်နေသည်လားကို သူ သေချာမသိပေ။ သို့ရာတွင် သူ့လက်ထဲရှိ အားပျော့သော ဝိညာဉ်စွမ်းအားလုံးက တစ်ခုခု အကျိုးသက်ရောက်မှုရှိပုံ ပေါ်နေလေသည်။


ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများက လျင်မြန်စွာ စီးဆင်းသွားလေ၏။


ဝမ်ကျင်းမှာ အလွန်ထိတ်လန့်သွားပြီး သူ့လက်ကို မြွေကြီးဆီမှ ပြန်ယူလိုက်ပြီး မြွေကြီးကို ကြည့်လိုက်သောအခါ ၎င်းက အလွန်သက်တောင့်သက်သာ ရှိနေပုံပေါ်ပြီး တုန်ယင်နေခြင်း မရှိတော့ချေ။ ၎င်းက အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေသည့်ပုံပေါ်နေပြီး လေကို လျှာနှင့် အရသာခံနေလေသည်။


ဝမ်ကျင်းက ရုတ်တရက် နားလည်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဒါဆို မင်းက ဝိညာဉ်စွမ်းအားတွေ နည်းနေတာပေါ့...”


တစ်ခဏကြာပြီးနောက် မြွေကြီး၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ခေါင်းကိုငုံ့လိုက်ကာ ဘောလုံးကဲ့သို့ ကွေးနေလျက် ထပ်မံတုန်ယင်နေလေသည်။


မြွေကြီးက နေမကောင်းဖြစ်နေပြီး စိတ်ဝိညာဉ်စွမ်းအားများစွာ လိုနေပုံရသည်။ သူက ဝိညာဉ်စွမ်းအား ပြန်ရနိုင်သဖြင့် မြွေကြီးကို အနည်းငယ်ပေးရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ဝမ်ကျင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဝိညာဉ်စွမ်းအားလုံးကို ထပ်မံစုစည်းလိုက်ပြီး မြွေကြီး၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်ပေးလိုက်လေသည်။


သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် ဝိညာဉ်စွမ်းအားများက မြွေကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေ၏။ မြွေကြီးက ရုတ်ချည်း နိုးကြားလာသည်။ မည်သည့်အတွက်ကြောင့် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ဝမ်ကျင်း၏ လက်ကိုလွတ်အောင်ရှောင်ပြီး အဝေးသို့ သွားသည်ကို  သေချာမသိပေ။


မိစ္ဆာသားရဲတစ်ကောင်က ဤကဲ့သို့ သမာဓိရှိနေသဖြင့် ဝမ်ကျင်းက အလွန်အံ့ဩသွား၏။ ၎င်းက လူကို မစားသလို ပေးကမ်းစွန့်ကြဲမှုကိုလည်း လက်မခံချေ။


၎င်းက ဝမ်ကျင်းအား အနည်းငယ် စိတ်ဆိုးသွားစေ၏။ မူလတွင် သူက လျစ်လျူရှုပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် ယမန်နေ့ညတွင် မြွေကြီးက သူ့အား မည်သို့ရစ်ပတ်ကာ တုန်ယင်နေခဲ့သည်ကို ပြန်သတိရသွားလေသည်။


ဝမ်ကျင်းက သက်ပြင်းချကာ မြွေကြီးနောက်သို့ လိုက်လေသည်။ သူက ထိုင်ချကာ မြွေကြီးကို ထိလိုက်တော့မည့်အချိန်တွင် မြွေကြီးက သူ့ကိုကိုက်ရန် ပါးစပ်ဟလိုက်သည်ကို မြင်လိုက်ရလေ၏။ ဝမ်ကျင်းက မရှောင်လိုက်သဖြင့် မြွေကြီးက ကိုက်မိသွားပြီး သူ့လက်မောင်းပေါ်ရှိ ကိုက်ရာမှ ချက်ချင်း သွေးထွက်လာလေသည်။


မြေကြီးက အဝေးသို့ထွက်သွားသဖြင့် တရှဲရှဲ ပွတ်တိုက်သံများ ထွက်ပေါ်လာလေသည်။


ဝမ်ကျင်းက အမှောင်ထုထဲတွင် မူးဝေလာပြီးနောက် သူ့လက်ပေါ်ရှိ ဒဏ်ရာကို ခံစားနေရသည်။ ဖြစ်ပျက်သွားသည်များကို သေချာမသိသော်လည်း ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အထီးကျန်ခြင်းကို ခံစားလိုက်ရလေသည်။


**********


တတိယညပြီးနောက် ဝမ်ကျင်းက သူ၏ အိပ်သည့်အလေ့အကျင့်ကို ပြန်လည်ကျင့်ယူပြီး အိပ်ရာဝင်လိုက်သည်။


လဝက်ခန့်ကြာပြီးနောက် လလယ်တွင် သူက မြွေကြီးကို ရှာတွေ့သည့်နေရာသို့ အကြိမ်ပေါင်းများစွာ သွားခဲ့သော်လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။


၁၀၀ လီ အတွင်း ဆိုးယုတ်သည့် အရာများကမူ မရေမတွက်နိုင်သည်အထိ အလွန်များပြားလေသည်။ ညဘက်တွင် ရာပေါင်းများစွာရှိနေ၍ နေ့ဘက်အချိန်တွင်မူ ရှင်းပြရန်ပင် မလိုချေ။ စနစ်က သူ့အား ဆိုးယုတ်သည့်အပြုအမူများကို အခါအားလျော်စွာ အသိပေးသော်လည်း အကြံပေးချက်တစ်ခုပင် မပေးခဲ့ချေ။ ဆိုးယုတ်မှု များကိုသာ ပြောလေသည်။


စနစ်၏ အသိပေးချက်များကို ကြည့်ပြီးနောက် အသေးအဖွဲ့ဆိုးယုတ်မှု မစ်ရှင်အချို့ကို ရွေးလိုက်သည့်အချိန်တွင် အောက်ပါ မြင်ကွင်းကို မြင်ရလေသည်။


ပထမဆုံးတစ်ခု- ဟွမ်ဟွားတောင်ထိပ်ရှိ တပည့်အသစ်တစ်ယောက်။ ရှက်တတ်ပြီး သီးခြားနေထိုင်တတ်သော အကျင့်စရိုက်ရှိသဖြင့် ရှစ်ရှုန်းများထံမှ အနိုင်ကျင့်ခံရပြီး ရွှံနှင့် ညစ်ပတ်သောရေများကို စားသောက်ရန် တွန်းအားပေးခံရကာ ရှစ်ရှုန်းများက သူ့ကို ထိုင်ကာ ကြည့်နေကြသည်။ ၎င်းက ဟွမ်ဟွားတောင်ထိပ်အတွက် ဖြေရှင်းရန် ကိစ္စဖြစ်သည်။ ဝမ်ကျင်းက ကြားဝင်နှောင့်ယှက်နိုင်စွမ်းမရှိဘဲ တောင်ထိပ်များကြားရှိ ပဋိပက္ခများကို ရှောင်ကြဉ်ရန် ထိုတာဝန်ကို ပယ်ချလိုက်သည်။ 


ဒုတိယတစ်ခု- ဝမ်ယွဲ့တောင်ထိပ်ရှိ အမျိုးသမီးတပည့်နှင့် ထျန်းဟန့်တောင်ထိပ်ရှိ အမျိုးသားတပည့်က ချစ်ကြိုက်နေကြသည်။ သို့သော် အမျိုးသား တပည့်က အခြားအမျိုးသမီးနှင့် ဇာတ်လမ်းရှုပ်နေခဲ့၏။ ထို့ကြောင့် ၎င်းက ‘အသေးအဖွဲ့ ဆိုးယုတ်မှု’ ထဲတွင် ပါဝင်နေခြင်းဖြစ်သည်။ ဝမ်ကျင်းက သူတို့နှစ်ယောက်နောက်မှ တောထဲသို့လိုက်သွားလေ၏။ ထို့နောက် မျက်နှာနီရဲလာပြီး ချက်ချင်းပြန်ထွက်လာခဲ့သည်။


တတိယတစ်ခု _ ပေယန်တောင်ထိပ်ရှိ တပည့်တစ်ယောက်က အခြားတပည့်ဆီမှ မှော်လက်နက်ကို ငှားခဲ့သော်လည်း ပြန်ပေးခဲ့သည်ဟု ပြတ်ပြတ်သားသား ငြင်းဆန်နေသဖြင့် ရန်ပွဲအကြီးအကျယ်ဖြစ်နေလေသည်။ ဝမ်ကျင်းက အခြားတပည့်များနှင့်အတူ ပွဲကြည့်နေ၏။ အလွန်ကောင်းသော ပွဲဖြစ်သည်။


မစ်ရှင်များစွာရှိလေ၏။ သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် မဖြေရှင်းနိုင်သော ကိစ္စများသာရှိပြီး အခွန်အခက အလွန်များလေသည်။ ရရှိလာမည့် အမြတ်များက ဆုံးရှုံးမှုများကို အစားမထိုးနိုင်ပေ။ ထို့ကြောင့် ဝမ်ကျင်းက ထပ်မံသတိပေးချက်များ မရရှိလာရန် မစ်ရှင်စနစ်ကို လုံးဝပိတ်ချလိုက်လေသည်။


တစ်ခဏကြာပြီးနောက် စနစ်ထံမှ စာတစ်စောင်ရောက်လာလေသည်။

[သတိပေးခြင်း_ ကျွင်းယန်ကျစ်နှင့် ပတ်သက်သော သတိပေးချက်များကို ပိတ်လိုက်လျှင် ပြင်းထန်သော အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ပါသည်။]


ဝမ်ကျင်းက တစ်ခဏခန့်တွေးပြီးနောက် အခြားအရာများကို ပိတ်ကာ ကျွင်းယန်ကျစ်နှင့် ပတ်သက်သော အသိပေးချက်များကိုသာ ဖွင့်ထားလိုက်လေသည်.


Settingကို အဆင့်မြှင့်ပြီးနောက် မစ်ရှင်စနစ်က လုံးဝမရှိဖူးသကဲ့သို့ ဝမ်ကျင်း၏ ဘဝက တစ်ဖန် သာယာလာလေသည်။ 


ရက်အချို့ကြာပြီးနောက် နောက်ဆုံးတွင် လ၏ အစသို့ ပြန်ရောက်လာကာ သူကင်းစောင့်ရမည့်အလှည့်သို့  ရောက်လာပြန်လေသည်။



⛰️⛰️⛰️