Ch 2
Viewers 3k

⛰️ Chapter - 2

ပြန်ပေးဆွဲလာသည့်မြေးကို ပြုစုပျိုးထောင်ခြင်း



လက်ရှိအချိန်တွင် ဝမ်ကျင်းနေထိုင်သည့် နေရာက ရွှင်းယန်တောင်ခြေရှိ ရွာလေးတစ်ရွာဖြစ်သည်။


ရွာအဝင်တွင် အောက်ခြေသို့ ရှင်းရှင်းလင်းလင်း မြင်ရလောက်အောင် သန့်စင်သောရေများရှိသည့် စမ်းချောင်းတစ်ခုရှိလေသည်။ ထိုရေက လန်းဆန်းချိုမြိန်ပြီး ဝိညာဉ်စွမ်းအားများလည်း ရှိလေသည်။ ဤရွာသို့ ဖြတ်သွားသည့် မသေမျိုးတစ်ယောက်က ရေသောက်ရန် နားခဲ့ဖူးသည်ဟု ပြောစမှတ်ရှိကြသည်။ ရလဒ်အနေဖြင့် ဤရွာကို ချင်ချွမ်ရွာဟု ခေါ်တွင်ခဲ့ကြ၏။


[T.N_ချင်ချွမ်-သန့်စင်သောစမ်းချောင်း]


ဤနေရာတွင် နေထိုင်သောလူများက ရိုးသားကြသည်။ ရွာကသေးငယ်ပြီး နေထိုင်သူများက ဒါဇင်အနည်းငယ်ခန့်သာ ရှိသည်။ မိသားစုတစ်စုက ညဘက်တွင် သူတို့၏ကလေးကို ဆူပူရိုက်နှက်လျှင် ကျန်သောရွာသားများက မိုးသောက်ချိန်မတိုင်မီ သိသွားမည်ဖြစ်သည်။ ရွာသားများက ရွှင်းယန်တောင်မှ ရရှိသော အရင်းအမြစ်များကို အသုံးပြုပြီး တစ်ယောက်နှင့် တစ်ယောက် အမှီသဟဲပြုနေထိုင်ကြ၏။ ရွာသားအများစုက တောင်မှထွက်သော ဆေးဖက်ဝင်သစ်မြစ်များကို တူးဖော်ရောင်းချပြီး အသက်ရှင်နေထိုင်ကြသည်။


ရွာက သိသိသာသာ မထူးချွန်သော်လည်း မသေမျိုးစွမ်းအား အနည်းငယ်ရှိလေသည်။ ဝမ်ကျင်းက ဤငြိမ်းချမ်းသော ရွာလေးတွင် နေခဲ့သည်မှာ ၁၀နှစ်ကြာပြီဖြစ်သည်။ 


ငါ ဒီကမ္ဘာကို ဘယ်လိုရောက်လာတာလဲ... အဲ့ဒါကတော့ သိပ်မသေချာဘူး...


အစောပိုင်းနှစ် အနည်းငယ်တွင် ဝမ်ကျင်းက အခြားနို့စို့အရွယ် ကလေးများကဲ့သို့ တုံးအပြီး မှတ်ဉာဏ်များမရှိပေ။ သူ အသက်၇ နှစ်တွင် ရွှင်းယန်တောင်၌ ငလျင်အသေးလေးတစ်ခု လှုပ်ခတ်ခဲ့၏။ ငလျင်လှုပ်ခတ်နေစဉ်အချိန်တွင် ဝမ်ကျင်းက ရူးသွပ်သကဲ့သို့ဖြစ်လာပြီး မျက်လုံးထဲတွင် ကစဉ့်ကလျားမြင်ကွင်းများ ပေါ်ပေါက်လာလေသည်။ ထိုအချိန်မှစပြီး အတိတ်ဘဝ၏ မှတ်ဉာဏ်များကို တဖြည်းဖြည်းပြန်လည်ရရှိလာလေသည်။


သူအံ့အားသင့်သွားရသည်က သူက ‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ ဝတ္ထုထဲတွင် နေထိုင်နေခြင်းဖြစ်လေ၏။ ထိုသိရှိမှုက အချိန်အနည်းငယ် ကြာသည့်တိုင်အောင် သူ့အား ကြောင်အနေစေခဲ့သည်။ သူ၏ သရုပ်မှန်ကိုသိရှိပြီးနောက် ဣန္ဒြေမပျက်အောင်နေကာ ဘဝအတွက် ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲနေခဲ့၏။


တိတိကျကျဆိုလျှင် သူ၏ လက်ရှိပြဿနာမှာ သူ မည်ကဲ့သို့ အသက်ရှင်အောင် လုပ်ရမည်ကို ဖြစ်သည်။


လူအိုကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က စားပွဲတွင် အတူထိုင်နေကြသည်။ လုယွင်ဖေးက ဝမ်ကျင်းကို ကြင်နာစွာကြည့်လိုက်၏။

“ကျင်းအာ… ပြီးခဲ့တဲ့ရက်တွေမှာ သန့်စင်တောက်ပစွမ်းအားကျင့်ကြံမှုက ဘယ်လိုနေလဲ…”


သန့်စင်တောက်ပစွမ်းအားကျင့်ကြံမှုဆိုသည်မှာ အဆင့် (၁၃) ဆင့်ပါဝင်ပြီး ကျင့်ကြံမှုကို စတင်ရန် နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းကို အနီးဆုံးမြို့ဖြစ်သည့် ရွှင်းယန်မြို့တွင် စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးဖြင့် ဝယ်ယူနိုင်လေသည်။


ယွီရှန်းငါးဟင်းအား နူးညံ့သောငါးနှင့် ခရမ်းသီးတို့ကို တွဲဖက်ကာ ချက်ပြုတ်ထားပြီး တစ်ကိုက် ကိုက်လိုက်သည့်အချိန်တိုင်း ဝမ်ယွီမှာ အလွန်ကောင်းသော ချက်ပြုတ်စွမ်းရည်ကို သဘောမကျဘဲ မနေနိုင်တော့ချေ။ သူက ပါးစပ်အပြည့် နှစ်လုတ်စာကို မြိုချလိုက်ပြီး ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။

“တတိယအဆင့်မှာပဲရှိသေးတယ်… နောက်တစ်ဆင့်ကို မချိုးဖြတ်နိုင်သေးဘူး…”


လုယွင်ဖေးက ပြုံးလိုက်၏။

“မလေ့ကျင့်ဘဲ လျှောက်ကစားနေတာမလား…”


“မကစားပါဘူး… ကျွန်တော် နောက်တစ်ဆင့်ကို ရောက်ခါနီးမှာ အတားအဆီးနဲ့တွေ့နေလို့…”


လုယွင်ဖေးက တိတ်ဆိတ်သွား၏။ ထို့နောက် ပြုံးကာ သူထပ်ပြောလိုက်သည်။

“သုံးလကြာရင် ချင်ရှုဓားဂိုဏ်းက တပည့်အသစ်တွေခေါ်ဖို့ ငါးနှစ်အတွင်းမှာ ပထမဆုံးအကြိမ် တံခါးဖွင့်လိမ့်မယ်… အဘိုးက မြေးမပါမှာကို စိုးရိမ်နေတာ…”


“အဘိုး… မစိုးရိမ်ပါနဲ့… မြေးက ကြိုးစားမှာပါ…”

ဝမ်ကျင်းက အာမခံလိုက်ပြီး မျက်နှာပေါ်တွင် သားသမီးတို့၏ ကိုင်ရှိုင်းမှုကို ဖော်ပြထားလေသည်။


လုယွင်ဖေးက နှာခေါင်းကို ပွတ်လိုက်၏။

“စတုတ္ထအဆင့်ကို ကျော်ဖြတ်ပြီးရင် ရွှင်းယန်မြို့မှာကစားဖို့ အဘိုးက မြေးကို ခေါ်သွားပေးမယ်… တစ်ခုခုလိုချင်တာရှိရင် အဘိုးက ချက်ချင်းဝယ်ပေးမယ်…”


“ဟုတ်…”


တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာပြီး ဝမ်ကျင်းက လုယွင်ဖေး၏ စေတနာကို လိုက်လျောညီထွေပြုမူကာ သိတတ်သည့်မြေးပုံစံကို ကောင်းကောင်း သရုပ်ဆောင်နေခဲ့လေသည်။ သူက ထူးဆန်နေသည်ဟု သံသယဝင်ခွင့် မပြုနိုင်ပေ။


ဤလုယွင်ဖေးက အမှန်တကယ် သူ့အဖိုးမဟုတ်ပေ။


ဝမ်ကျင်းက မွေးစားခံရသည့် ကလေးဖြစ်သည်။


မူလကိုယ်၏ သရုပ်မှန်ကို သူ မသိပေ။ ဝမ်ကျင်း သုံးနှစ်သားအရွယ်တွင် လုယွင်ဖေးက သူ့အား ချင်ချွမ်ရွာသို့ ခေါ်လာခဲ့၏။


လုယွင်ဖေးက သူ့ကို ပြုစုပျိုးထောင်ပေးရသည့် ရည်ရွယ်ချက်တစ်ခုသာရှိသည်။


အပိုင်စီးခြင်း…


လုယွင်ဖေး၏ အထုံပါရမီက အလွန်နိမ့်ပြီး သူ၏ ကျင့်ကြံဆင့်မှာ အမြင့်ဆုံးအနေဖြင့် ချီသန့်စင်ခြင်းအဆင့်၏ သတ္တမအဆင့်ထိသာ ရောက်နိုင်သည်။ သူက အသက်ကိုးဆယ်ကျော်နေပြီး လူ့လောကတွင်နေရန် အချိန်များစွာ မရှိတော့ပေ။ သူက သေရန် အဆင်သင့်မဖြစ်သေးပေ။ ကံကောင်းစွာဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်က သူသေပြီးနောက် သူ၏ဝိညာဉ်ကို ယာယီထိန်းသိမ်းထားပြီး အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးနိုင်မည့် နည်းလမ်းပါသော ရှေးဟောင်းစာလိပ်တစ်လိပ်ကို သူကောက်ရခဲ့သည်။ ဤနှစ်များအတွင်း သူက ကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကို လုယူပြီး အသက်ရှင်နိုင်ရန် အထုံပါရမီကောင်းသော ကလေးတစ်ယောက်ကို သူရှာဖွေနေခဲ့၏။ အဆုံးတွင် ကောင်းကင်ဘုံက သူ့ကိုပစ်မထားဘဲ ဝမ်ကျင်းဆိုသည့် ကလေးနှင့်ဆုံစေကာ အခွင့်အရေးတစ်ခု ပေးခဲ့လေသည်။ လုယွင်ဖေးက မမျှော်လင့်ထားသော ကံကောင်းမှုကြောင့် အပျော်လွန်နေခဲ့လေ၏။ ထိုကလေးကို ဖမ်းခေါ်လာကာ ချင်ချွမ်ရွာတွင် အခြေချနေထိုင်ပြီး အဘိုးတစ်ယောက်အဖြစ် သရုပ်ဆောင်နေခဲ့သည်။


ဤအိုမင်းနေသည့် ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာသည့်အချိန်မှာ ဝမ်ကျင်း၏အဆုံးသတ် ဖြစ်လာလိမ့်မည်။


ထို့ကြောင့် သူက မှတ်ဉာဏ်များ ပြန်လည်ရရှိသည့်အချိန်မှစပြီး လွတ်မြောက်ရန် နည်းလမ်းများကို ကြိုးစားရှာဖွေနေခဲ့လေ၏။


တစ်ခါက သူထွက်ပြေးရန် ကြိုးစားချိန်တွင် လုယွင်ဖေးက သူ့ခန္ဓာကိုယ်ပေါ်တွင် အဆောင်တစ်ခုထားထားပြီး ချင်ချွမ်ရွာမှ သုံးလီကျော်ပြီး ထွက်မပြေးနိုင်ရန် ကာကွယ်ထားသည်ကို သိလိုက်ရလေသည်။ သူက ပြန်တိုက်ခိုက်ရန်လည်း စဉ်းစားခဲ့ဖူး၏။ ကံမကောင်းစွာဖြင့် လုယွင်ဖေး၏ ကျင့်ကြံဆင့်က ချီသန့်စင်ခြင်း၏ တတိယအဆင့်ကို ရောက်နေပြီး ဝမ်ကျင်းအတွက်မူ သူ၏ ကျင့်ကြံဆင့်က အကန့်အသတ်ရှိ၍ လုယွင်ဖေး၏ ပြိုင်ဖက်မဟုတ်ပေ။ 


ရွာသားများကို အကူအညီ တောင်းရန်ကလည်း ယုတ္တိမရှိချေ။


ရွာသားများက အလွန်ရိုးသားကြပြီး ကျင့်ကြံခြင်းကို နားမလည်နိုင်ကာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးသည့် ကိစ္စမျိုးကို လုံးဝကြားဖူးမည်မဟုတ်ပေ။ သူတို့အား ပါဝင်ပတ်သက်စေလျှင် သူတို့၏ အသက်များကို ဝန်လေးရန်သာရှိသည်။ ထို့အပြင် လုယွင်ဖေးက အလွန်ထက်မြက်ပြီး စဉ်းစားဉာဏ်ရှိသည့် အဘိုးကြီးဖြစ်၏။ သူက သူ့မြေးကို အလွန်ချစ်၍ ဝမ်ကျင်းကဲ့သို့ ကလေးတစ်ယောက်ကို မည်သူကမှ ယုံမည်မဟုတ်ပေ။


ခန္ဓာကိုယ်ကို အပိုင်စီးရန်အတွက် အောင်မြင်နိုင်ချေက ၂၀%မှ  ၅၀%အထိ ရှိသည်။ ကျင့်ကြံဆင့်က ကွာခြားလေလေ အပိုင်စီးခြင်းက အောင်မြင်နိုင်လေလေဖြစ်ပြီး ရှုံးသည့်လူက ဝိညာဉ်လွင့်ပျောက်သွားမည် ဖြစ်သည်။ လုယွင်ဖေးက လွန်ခဲ့သောနှစ်များမှ ယခုအချိန်ထိတိုင်အောင် သေရမည်ကို ကြောက်ရွံ့နေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ချင်ရှုဓားဂိုဏ်း၏ တံခါးဖွင့်မည့်အချိန်က နီးကပ်လာပြီဖြစ်ပြီး လုယွင်ဖေးက စွန့်စားရန် အသင့်ဖြစ်နေခဲ့လေသည်။


အဓိကဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ချင်ရှုဓားဂိုဏ်းကသာ ၁၆ နှစ်အောက်နှင့် အနည်းဆုံး ချီသန့်စင်ခြင်း စတုတ္ထအဆင့်ရှိသော တပည့်အသစ်များကို ခေါ်ယူလေသည်။ ထို့ကြောင့် လုယွင်ဖေးက ဝမ်ကျင်းကို စတုတ္ထအဆင့်သို့ ကျော်ဖြတ်နိုင်ရန် အလွန်စိုးရိမ်နေခဲ့၏။ လက်ရှိအခြေအနေတွင် လုယွင်ဖေးက တပည့်အဖြစ် လက်ခံနိုင်ရန် အရည်အချင်းမပြည့်မီပေ။ ခန္ဓာကိုယ်ကို လုယူပြီးနောက် အနည်းဆုံး တစ်နှစ်ကြာသည့်တိုင်အောင် ကျင့်ကြံခြင်းကို လုပ်နိုင်မည်မဟုတ်ချေ။


ဝတ္ထုထဲတွင် အောင်မြင်ရန်အခွင့်အရေးက နည်းပါးသော်လည်း လုယွင်ဖေးက ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်သွားပြီး ‘လုကျင်း’ ဟူသော နာမည်ကိုသုံးကာ ချင်ရှုဓားဂိုဏ်းသို့ ဝင်သွားနိုင်ပြီး အငယ်တန်းတပည့်တစ်ယောက် ဖြစ်လာခဲ့သည်။


အခြေအနေက အရေးကြီးနေသဖြင့် ဝမ်ကျင်းမှာ ဖြစ်နိုင်ချေအခွင့်အရေး အနည်းငယ်ကိုပင် ချန်လှပ်မထားနိုင်ပေ။


အမှန်တွင် သူက ချီသန့်စင်ခြင်းကို ပဉ္စမအဆင့်ထိ ကျော်ဖြတ်ပြီးပြီဖြစ်သည်။ သို့ရာတွင် လုယွင်ဖေးက ‘ကောင်းကင်မျက်လုံးစွမ်းရည်’ ကို မသင်ယူခဲ့သဖြင့် သူ၏ ကျင့်ကြံဆင့်အမှန်ကို မမြင်နိုင်ပေ။ သို့သော် နောက်သုံးလအတွင်း သတ္တမအဆင့်ထိ ကျော်ဖြတ်ကာ လုယွင်ဖေးကို ယှဉ်ပြိုင်နိုင်ရန်က သူ၏အိပ်မက်ပင် ဖြစ်ချေသည်။ 


‘သက်ရှိတိုင်းအတွက် ကပ်ဘေးတစ်ခု’ ကို သေသေချာချာဖတ်ထားသည့် စာဖတ်သူတစ်ယောက်အနေဖြင့် သူ၏ အသိပညာများက အသုံးဝင်ရန် မျှော်လင့်လေသည်။


အပြင်ဘက်ရှိမိုးက တဖြည်းဖြည်း သည်းလာလေ၏။ 


လေနှင့်မိုးကြားတွင် မားမားမတ်မတ်ရှိနေသော တောင်တန်းများက အန္တရာယ် အရိပ်အယောင်ကို ဖြည်းဖြည်းချင်း ပြသနေလေသည်။



⛰️⛰️⛰️