၈၉
Viewers 9k

"အဲဒါအမှန်ပဲ။" ဂျီဝမ်ဖုန်းသည် ပြတင်းပေါက်ဆီသို့လျှောက်သွားပြီး ၎င်းအားဖွင့်လိုက်သည်။

လေသည် သူ့မျက်နှာကို တိုက်ခတ်လာသဖြင့် သူ့ကိုပိုစိတ်သက်သာရာရစေသည်။

"အဖေက ဒီလိုလုပ်ဖို့ ငါ မမျှော်လင့်ထားမိဘူး။ ကျင်းချန်းနဲ့ရှီရန်ကောလာဟလတချို့ ကြားလိုက်ရလို့ ဖြစ်နိုင်တယ်" ဟု ဝမ်ယု​ဖေးက စိုးရိမ်တကြီးရှင်းပြသည်။

"အဲ့ဒါက မင်းနဲ့ဘာမှမဆိုင်ဘူးလား" ဂျီဝမ်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။

"ဝမ်ဖုန်း ဘာ... ဘာကိုဆိုလိုတာလဲ" ဂျီဝမ်ဖုန်း၏အသံမှာ ထိတ်လန့်ကာတုန်လှုပ်သွားသည်။ "ငါက နင့်စိတ်ထဲမှာ ဒီလိုလူစားမျိုးလား။"

"အဲဒီလို ငါ ဆိုလိုတာမဟုတ်ပါဘူး။ CEOဝမ်က ရှီရန်ကိုဖယ်ရှားရတဲ့အကြောင်းရင်းက မင်း​ကြောင့်လားလို့ ငါ မေးချင်တာ။"

"နင်ကြောင့် ငါလန့်​သွားတာပဲ" ဝမ်ယု​ဖေးသက်ပြင်းတစ်ချက်ချလိုက်သည်။ "အဖေက ငါထိခိုက်မှာကို စိတ်ပူနေတာ။ တောင်းပန်ပါတယ်။ ဒါပေမယ့် ငါ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့မရနိုင်ဘူး"

"အဆင်ပြေပါတယ်။ ငါ့ဘက်ကရှင်းလိုက်မယ်။" ဂျီဝမ်ဖုန်းသည် ထိုစကားကိုကြားလိုက်ရသောအခါ အနည်းငယ်ပေါ့ပါးသွားသည်။

"အို​ကေ၊ ငါ တောင်းပန်ပါတယ်လို့ ရှီရန်ကို ကူပြောပေးပါဦး။"

"ဒီကိစ္စမှာ မင်းဘာမှအမှားမလုပ်ထားပါဘူး။ ဒါပေမယ့် ငါပြောပေးလိုက်ပါမယ်"

ဂျီဝမ်ဖုန်း ဖုန်းကိုချလိုက်ပြီးနောက် ရှီရန်ကို လှည့်ကြည့်လိုက်သည်။ "ဒါက ယု​ဖေးနဲ့ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်။"

ထိုင်ခုံတွင် ပြန်ထိုင်ပြီး "မင်းနဲ့တတိယသခင်​လေးကြားက  ကောလဟာလတွေကို မြင်သွားတဲ့သူ့အဖေက ဒီလိုလုပ်လိုက်တာ။ သူ့ကို သူမ စည်းရုံးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး" ဟု ရှင်းပြသည်။

ရှီရန်သည် သူမ၏နှုတ်ခမ်းကို စေ့ထားပြီး ဂျီဝမ်ဖုန်းကို အဓိပ္ပါယ်ရှိရှိ အပေါ်အောက်အကဲခတ်လိုက်သည်။

ဂျီဝမ်ဖုန်းက စိတ်မသက်မသာရှုံ့မဲ့သွားသည်။ "ဟုတ်ပြီလား?"

"ရှင် ဝမ်ယု​ဖေးကိုကြိုက်နေတာလား" ရှီရန်က တိုက်ရိုက်မေးသည်။

ဂျီဝမ်ဖုန်းတုန်လှုပ်သွားပြီးအမြန်ငြင်းလိုက်သည်။"ဘာ...ဘာ​တွေ​ပြော​နေတာလဲ။ အဓိပ္ပါယ်မရှိတာ​တွေ"

သူမြန်မြန်ဆန်ဆန် ငြင်းလိုက်သော်လည်း ကြေးဝါရောင်အရေပြားရှိသူ့နားထိပ်ကိုရောက်လာသောပန်းနုရောင်သန်း​နေခြင်းကို မဖုံးကွယ်နိုင်ပေ။

ယခုတော့ ရှီရန် နားလည်သွားသည်။

အချစ်က လူကို အမြင်​ပျောက်ကွယ်​စေသည်။

သူမသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အချိန်မဖြုန်းချင်ပေ။"ဒါကို စရှင်းကြရအောင်။"

ဂျီဝမ်ဖုန်းသည် သူ၏ပုံမှန်လေးနက်မှုကို ပြန်လည်ရရှိလာသည်။“ဗီဒီယိုနဲ့ ဓာတ်ပုံတွေ။ အမှန်တရားကိုသိတဲ့လူက အဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေပဲ ရှိတယ်။သူတို့ကသာ မင်းနာမည်ဆိုးကို ရှင်းလင်းသွားအောင်ကူညီပေးနိုင်တယ်။"

"ဒါပေမယ့် ရင်းနှီးမြုပ်နှံသူတွေက သူတို့ကို ဖိအားတွေ ပေးနေတယ်။ ​​ဒါကြောင့် ငါတို့ ဘယ်သူကိုမှ ရှာလို့မတွေ့ဘူး။ မဟုတ်ဘူး တခြားတစ်ယောက်ရှိသေးတယ်။"

ဂျီဝမ်ဖုန်းက ညာလက်သီးကို ဆုပ်ထားပြီး ဘယ်ဘက်လက်ဖဝါးကို ထိုးလိုက်သည်။ သူ့မျက်လုံးများ တောက်ပလာသည်။ "ပိုင်ကျင်းထျန်"

သို့​​သော် မကြာခင် သူ့အမူအရာက မှိန်ကျသွားပြန်သည်။ "နာမည်ကြီးမင်းသားက မစပ်စုတတ်ဘူးလို့ နာမည်ကြီးတယ်။ သူ့ကို ကူညီခိုင်းဖို့ စည်းရုံးရတာခက်လိမ့်မယ်။ တခြားနည်းတစ်ခုစဉ်းစားကြည့်ရအောင်။"

မသိစိတ်က​နေ ရှီရန်၏လက်ချောင်းများက ဖုန်းကိုပွတ်လိုက်သည်။

'နည်းလမ်းလား?'

သူမတွင် ရိုးရှင်းပြီးအကြမ်းထည်ဖြစ်သောအဖြေတစ်ခုရှိသည်။

"တကယ်တော့ ကျွန်မ.."

ရှီရန်စကားပြောနေစဉ်တွင် ဖန်တုံတုံ၏စိတ်လှုပ်ရှားနေသောအသံကို ကြားလိုက်ရသည်။ "မမရန်၊ အစ်ကိုဖုန်း၊ အတော်ဆုံးမင်းသားပိုင် က Weibo မှာ တင်လိုက်ပြီ။"

ဝမ်ယု​ဖေး၏အိပ်ခန်းထဲတွင် ရေချိုးခန်းမှ ထွက်လာချိန်တွင် သူမသည် ကုံးကျင်လိန်ထံမှဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

"မမယု​ဖေး ခေတ်စားနေတဲ့ရှာဖွေမှုတွေကို တွေ့ပြီးပြီလား။ မတွေ့ရသေးရင် မြန်မြန်ကြည့်ကြည့်လိုက်။ ဒီမသာမကတော့ သေပြီပဲ ဟားဟားဟား"

ကုံးကျင်လိန်၏ပေါ့ပေါ့ပါးပါးရယ်သံက သူမနားထဲသို့ တိုးဝင်လာသည်။ သူမ ပြုံးလိုက်သည်။ "အဲ့လောက်တောင် ပျော်နေတာလား?"

"ပျော်တာ​ပေါ့။ မမယု​ဖေးကို ကျေးဇူးတင်ရမယ်။ မနေ့က ညီမ ပြောပြခဲ့တဲ့ဗီဒီယိုကို မှတ်မိသေးလား။"

“အဲဒီတုန်းက ရှီရန်က ဗီဒီယိုရိုက်ထားတဲ့သူလို့ ထင်ခဲ့တာ။ သူတို့ ညီမကို တကယ်ခြိမ်း​ခြောက်ပြီး 800,000 ပေးစေချင်တာ​လေ။ ညီမ အရမ်းဒေါသထွက်ခဲ့တယ်။"

"နောက်တော့ မမယု​ဖေးက ဗီဒီယိုကို ကောင်းကောင်းဂရုစိုက်ထိန်းသိမ်းဖို့​နဲ့ ပရိသတ်အဆိုးမြင်​သွားစေမယ့်တည်းဖြတ်မခံရ​အောင် မမယု​ဖေးကတောင် ပြောခဲ့တယ်လေ။ မမယု​ဖေးမှတ်မိသေးလား။"

ဝမ်ယု​ဖေး၏မျက်လုံးများ မှောင်နက်သွားသည်။ “မှတ်မိပါတယ်” ဟု ညင်သာစွာပြောသည်။

"အဲဒါကြောင့် အဲဒီတုန်းက အကြံကောင်းလေးတစ်ခုကို ညီမ တွေးမိသွားတာ။ ညီမ အဲ့ဒါကို တည်းဖြတ်ပြီး အွန်လိုင်းမှာတင်လိုက်တယ်။ အဲဒါက ဒီလောက်ထိရောက်မယ်လို့ မမျှော်လင့်ထားဘူး။"

ကုံးကျင်လိန်သည် စကားပို​ပြောလေလေ သူမ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။ "စိတ်ကျေနပ်စရာအကောင်းဆုံးကတော့ တစ်စုံတစ်ယောက်က ဒူးထောက်နေတဲ့အရံအမျိုးသားသရုပ်ဆောင်ရဲ့ ဓာတ်ပုံကို တင်လိုက်တာပဲ"

"ရှီရန်ကို အရမ်းမုန်းနေတဲ့သူက ဘယ်သူလဲသိချင်မိသား  ဟားဟားဟား။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုဘယ်လိုနေထိုင်ရမှန်းမသိတဲ့ငတုံးမရှီရန်ဖြစ်သွားတာပဲ။ သူမက လူတော်တော်များများကို စော်ကားခဲ့တာဖြစ်မယ်။ သူမနဲ့ ဒါပဲ ထိုက်တန်တယ်။"

ဝမ်ယု​ဖေးကုတင်ပေါ် မှီပြီး ဝိုင်နီတစ်ငုံသောက်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် သတိထားရမယ်။ ညီမမှန်းသာ လူ​တွေရှာတွေ့သွားရင် ဒုက္ခရောက်သွားမယ်နော်" လို့ ဂရုတစိုက် အကြံပေးသည်။

ကုံးကျင်လိန်သည် အလွန်ယုံကြည်မှုရှိသည်။ "စိတ်မပူပါနဲ့ မမယု​ဖေး။ ညီမ ဒီဗီဒီယိုတွေကို အမည်ဝှက်နဲ့ပို့လိုက်တာ။ မမ စုံစမ်းရင်တောင် ညီမကို ရှာတွေ့မှာမဟုတ်ဘူး။"

"ရှီရန်ကိုအစားထိုးတော့မယ်ဆိုတာ ညီမကြားတယ်။ အဲ့ဒါက အမှန်ပဲလားဟင်" ကုံးကျင်လိန်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"ဟူး" ဝမ်ယု​ဖေးကူကယ်ရာမဲ့သက်ပြင်းချလိုက်သည်။ "ဒါက အဖေရဲ့ ဆုံးဖြတ်ချက်ပဲ။ အစ်မဘာမှမတတ်နိုင်ဘူး"

"အဲဒါအရမ်းကောင်းတယ်" ကုံးကျင်လိန် က ပိုလို့တောင် ဝမ်းသာအားရပြုံးလိုက်သည်။ “ဒီမြေ​ခွေးမက ကိုကိုကျင်းထျန်ကိုဖြား​ယောင်းရုံတင်မကဘူး တတိယသခင်လေးကိုတောင် ဖြားယောင်းခဲ့တယ်"

ထိုအချိန်တွင် ကုံးကျင်လိန်၏လက်ထောက်၏စိုးရိမ်သောအသံထွက်ပေါ်လာသည်။

"အစ်မ ကျင်လိန်အတော်ဆုံးမင်းသားပိုင်က ရှီရန်နာမည်ဆိုးကို ရှင်းလင်းဖို့ Weibo မှာ ပို့စ်ကူတင်ထားတယ်။"

၎င်းကို ဝမ်ယုဖေး ကြားလိုက်ရသည်။ သူမ ဖုန်းတွင် Weibo ကိုဖွင့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ပိုင်ကျင်းထျန်၏နာမည်သည် ခေတ်စားနေသောရှာဖွေမှုများတွင် ပေါ်လာသည်။

## ပိုင်ကျင်းထျန်ရဲ့ရှင်းလင်းတင်ပြချက်

[ပိုင်ကျင်းထျန်]- ရှီရန်က ရိုက်ကွင်းမှာ ရိုက်ကူး​နေတုန်းက ကျွန်တော် ရှိနေတာ အမှန်ပါဘဲ။ ဒါပေမယ့် အကြောင်းပြချက်က လူတိုင်းထင်သလို မဟုတ်ပါဘူး။

ထို့နောက် ပိုင်ကျင်းထျန်သည် အမှန်တရားအကြောင်းပို့စ်တွင် ဝမ်ယု​ဖေးကိုပင် tag ခဲ့သည်။

[ပိုင်ကျင်းထျန်]- @ဝမ်ယု​ဖေး ရုပ်ရှင်ဘုရင်မဝမ်လည်း အဲ့ဒီနေရာမှာ ရှိနေပါတယ်။ သူမက ကျွန်တော့်ဘက်က​နေ သက်သေခံနိုင်ပါတယ်။

နောက်ဆုံးစာကြောင်းကို သူမ မြင်သောအခါ ဝမ်ယုဖေး၏အမူအရာသည် အကျည်းတန်သွားသည်။

ပိုင်ကျင်းထျန်က သူမကို tag ရန် မမျှော်လင့်ထားပေ။

ယခု သူမ ဝင်ရောက်ပြီးအရာများကို ရှင်းလင်းအောင် ကူညီပေးရမည်။

သူမလက်များကို လက်သီးအဖြစ်ဆုပ်ထားပြီး ခေါင်းကို ငုံ့လိုက်သည်။ သူမ၏မျက်လုံးအောက်မှအရိပ်များက သူမ၏ရက်စက်သော အမူအရာများကို ဖုံးအုပ်ထားသည်။ Weibo ပိုစ့်ကို အောက်ဆွဲချပြီး အင်တာနက်သုံးစွဲသူများ၏မှတ်ချက်များကို ကြည့်လိုက်သည်။

[အော့!!! သေရော!!! ညစ်ပတ်စရာ​ကောင်းတဲ့လူ​တွေ!!!]

[ဒါဆို အ​ကြောင်းတစ်ခုခုရှိတယ်​​ပေါ့။ F*ck၊ အဲဒီကောင်စုတ်က ဓာတ်ပုံကိုတင်တဲ့အခါ ဘာမှမပြောခဲ့ဘူး။]

[ဒါက တကယ့်ကို တွေးချင်သလို​တွေးနိုင်တဲ့ပုံတစ်ခုပဲ။ ခေါင်းစဉ်အကြောင်းအရာအားလုံးက ဖန်တီးထားတာပဲ။]

[ကိုကိုထျန် ပြောတာ မှန်တယ်။ သူမကလုပ်ကြံခံရတာ။]

[ငါ သိနှင့်နေတယ်။ ရှီရန်က ဘာကြောင့် လူတွေကို ဒူးထောက်ခိုင်းဖို့သတ္တိရှိမှာလဲ။]

[အဲဒီလိုလူကို ရှစ်ကြိမ်၊ ဆယ်ကြိမ်လောက် ဒူးထောက်ခိုင်းဖို့က အပန်းကြီးတာတော့ မဟုတ်ဘူး။]

"ဘန်း-"

တစ်စုံတစ်ခု ပြုတ်ကျသံ ထွက်ပေါ်လာသည်။

ဝမ်ယု​ဖေးက ဖုန်း၏ထိပ်ဆုံးကို ကြည့်လိုက်သည်။

ပိုင်ကျင်းထျန်နဲ့သူမ ဖုန်းဆက်သွယ်မှုက ဆက်လက်ရှိ​နေတုံးဖြစ်သည်။

မျက်လုံးကို ကျဥ်း​မြောင်းလိုက်ရင်း ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။

ဝမ်ယု​ဖေးက ဘာမှပြန်မပြောပေ။ ၎င်းအစား ပိုင်ကျင်းထျန်သည် အရာအားလုံးကို ရိုက်ခွဲပြီးသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။

မကြာခင်တွင် ကုံးကျင်လိန်၏ဒေါသသံ ထွက်ပေါ်လာသည်။ "မမယု​ဖေး၊ ကိုကိုကျင်းထျန်က ရှီရန်ကို ဘာလို့ကူညီခဲ့တာလဲလို့ မမ ထင်လဲ။ ဘာလို့လဲ။"

ဝမ်ယု​ဖေးက ညင်သာစွာပြောသည်။ "ဒီရိုက်ကူး​ရေးကိုလုပ်တုန်းက ကြည့်နေတဲ့သူတွေ အများကြီးပဲ။ အရံယောကျာ်းသရုပ်ဆောင်အကြောင်းကို အစ်မတို့အားလုံးသိကြတယ်။ အခုလိုတုံ့ပြန်တာက ယုတ္တိရှိပါတယ်"

"ညီမ သိပါတယ်။ ဒါပေမယ့် ညီမ စိတ်ဆိုးတယ်။ ကျင်းထျန် သူမကို ကူညီနေတာကို ညီမ သည်းခံမကြည့်နိုင်ဘူး"

ဝမ်ယု​ဖေး၏မျက်လုံးများတွင် အလင်းရောင်ဖျော့ဖျော့ လင်းလက်လာသည်။

သူမက ပေါ့​ပေါ့ပါးပါး ပြောလိုက်သည်။ "ကျင်းထျန်က အဝတ်လဲခန်းထဲမှာဖြစ်ပျက်ခဲ့တာကို မတွေ့လိုက်ရဘူး။ မဟုတ်ရင် သူ အဲ့ဒါကိုပါရှင်းဖို့ကူညီပေးလိမ့်မယ်"

"ဟင့်အင်း ညီမ ခွင့်မပြုဘူး" ကုံးကျင်လိန်က ဗိုလ်ကျ​နေသည်။

"စိတ်မဆိုးပါနဲ့။ အဝတ်လဲခန်းထဲက သရုပ်ဆောင်တွေနဲ့ဝန်ထမ်းတွေက ဒါကို လွယ်လွယ်နဲ့ထုတ်ဖော်ဝံ့မှာ မဟုတ်ဘူး။ ညီမနဲ့ ပါဝင်ပတ်သက်နေတဲ့လူပဲ ဒီအကြောင်းကို အခု သိနေတာ" ဝမ်ယု​ဖေးချော့ပြောသည်။

"ဟုတ်တယ် မမယု​ဖေး ပြောတာမှန်တယ်" ကုံးကျင်လိန်သဘောပေါက်လာသည်။ "ဒီအကြောင်းကို ဘယ်သူမှမပြောရဲဘူး။ ညီမတစ်ယောက်တည်းပဲ သိတယ်"

"ဒါဆို ညီမ မပြောရင် သူမရဲ့အပြစ်ကင်းစင်မှုကို ဘယ်သူမှ သက်သေမပြနိုင်ဘူး။ ဒါပေမယ့်... ဒီကိစ္စက အတိအကျမရှင်းလင်းဘဲ ချန်ထားခံရနိုင်တယ်" လို့ ဝမ်ယု​ဖေးက ဝမ်းနည်းစွာနဲ့ ပြောသည်။

"ဟင့်အင်း" ကုံးကျင်လိန်က ချက်ချင်းပင်​ပြောသည်။ "ညီမမှာ အကြံတစ်ခုရှိတယ်။ ရှီရန်ဒီအ​ခြေအ​နေကနေ ရုန်းမထွက်နိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ညီမ သိတယ်။ ညီမ အဲ့ဒါကို အခုလုပ်တော့မယ်။"

"မမယု​ဖေး၊ ညီမရဲ့သတင်းကောင်းကို စောင့်​နေလိုက်တော့"

ကုံးကျင်လိန်က အလျင်အမြန်ဖုန်းချလိုက်သည် ။

ဝမ်ယု​ဖေးသည် အမှောင်ကျသွား​​သောဖုန်းမျက်နှာပြင်ကိုကြည့်ပြီး ရယ်မောလိုက်သည်။