၈၈
Viewers 9k

အွန်လိုင်း၌တင်ထား​သောဗီဒီယိုထဲတွင် အဝတ်လဲခန်းထဲ ရှီရန်နဲ့ကုံးကျင်လိန်တို့ကြားအငြင်းပွား​နေမှုကို​တွေ့ရသည်။

သို့သော်လည်း ဆိုးဆိုးရွားရွားတည်းဖြတ်ထားပြီးနောက် ကုံးကျင်လိန်ကပါးရိုက်ခံရပြီး သူမ ဓါတ်ဘူးဖြင့်အပေါက်ခံလိုက်သည့်မြင်ကွင်းနှစ်ခုသာရှိသည်။

ရှီရန်သည် အချိန်ကိုကြည့်လိုက်သည်။ ၎င်းကိုပို့စ်တင်ခဲ့သည်မှာ တစ်နာရီပင်မပြည့်သေးသော်လည်း ခေတ်စားနေသောရှာဖွေမှုများတွင်တတိယအဆင့်ရောက်နေပြီဖြစ်သည်။ တဖြည်းဖြည်းမြှင့်တက်လာနေပုံပေါ်သည်။

[ဒါက ရက်စက်လွန်းတယ်?!!]

[ဒီပါးရိုက်သံက အရမ်းနာမဲ့ပုံပဲ။]

[ရှီရန်က ရသစုံရှိုးပွဲမှာဒီလိုလူစားမျိုးတစ်ယောက်လို့တောင် ငါ မခန့်မှန်းနိုင်ဘူး။]

[ဒါက မောက်မာရုံတင်မဟုတ်ဘူး။ ကုံးကျင်လိန်က သူမရဲ့စီနီယာမဟုတ်လား။]

[ဒါကြောင့် တစ်ချို့လူတွေနာမည်မကြီးတာကအဓိပ္ပါယ်ရှိသား။]

[ရသစုံရှိုးပွဲက သရုပ်ဆောင်နေတဲ့ပွဲတစ်ပွဲပဲ။ အရူးတွေသာ လိုက်ယုံကြမှာ။]

[အ​ပေါ်ယံကြည့်ပြီး လူတစ်​ယောက်ရဲ့ပုံစံကို မသိနိုင်ဘူး။]

[ငါတို့ရဲ့ကျင်လိန်အတွက် ငါ့နှလုံးသားလေးနာကျင်နေတယ်!!!]

"ကောင်းပါပြီ?" ဂျီဝမ်ဖုန်းက မေးသည်။

သူကားမောင်းနေပြီး လောလောဆယ်တွင် သူ့ဖုန်းကနေအာရုံမလွှဲနိုင်ပေ။

"ခေတ်စားနေတဲ့စာရင်းထဲမှာ ဒုတိယနေရာရောက်လာပြီ" ရှီရန်က တည်ငြိမ်စွာပြောသည်။

ဂျီဝမ်ဖုန်းက အရှိန်မြင့်ပြီးဘီးကိုလှည့်ကာ ရုံးကိုတည့်တည့်ပြန်မောင်းသွားသည်။

ရုံးခန်းသို့ရောက်သောအခါ အရေးပေါ် PRအဖွဲ့ကိုချက်ချင်းခေါ်ပြီး ရှီရန်၏စတူဒီယိုအမည်ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

[ရှီရန်၏စတူဒီယို]- ပရော်ဖက်ရှင်နယ် နဲ့အတည်ပြုပြီးပါပြီ။ ဒီဗီဒီယိုအကြောင်းအရာက တည်းဖြတ်ထားတာပါ။ တကယ့်အမှန်တရားကလည်း ဗီဒီယိုနဲ့လုံးဝကွဲလွဲနေပါတယ်။ အဝတ်လဲခန်းထဲကသရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေက သက်သေခံနိုင်ပါတယ်။

ထို့နောက် ပရော်ဖက်ရှင်နယ်တစ်ဦးနှင့် စကားပြောဆိုနေသည့်ဓာတ်ပုံတစ်ပုံကို ပူးတွဲဖော်ပြခဲ့သည်။ ဗီဒီယိုထဲကတည်းဖြတ်ထားမှုအားလုံးကို ရှင်းရှင်းလင်းလင်း ထောက်ပြထားသည်။

[ငါ ပြန်သွားပြီး နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီ။ အဲဒီနေရာတွေ ခဏထစ်သွားတာတော့ အမှန်ပဲ။]

[ဘယ်သူက ဒီလောက်ရက်စက်ရတာလဲ။ အန္တရာယ်ရှိတဲ့တည်းဖြတ်မှုပဲ။]

[ငါတို့မာစတာရန် ဒီလိုမျိုးလက်လွတ်စပယ်လုပ်မှာ မဟုတ်ဘူး။]

[ဒါပေမယ့် ဘယ်လောက်ပဲတည်းဖြတ်ထားပါစေ ဒီပါးရိုက်ချက်နဲ့ပစ္စည်းပစ်​ပေါက်တာက အမြဲမှန်နေတယ်မဟုတ်လား။]

[ အပေါ်ကကောမန့်မန့်သူ​ပြောတာ မှန်တယ်။ ရှီရန်လုပ်ခဲ့တဲ့အရာကတော့ လုပ်ကြံထားတာမဟုတ်ဘူး?]

[တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုရန်ငြိုးတွေရှိလဲ။ ပါးရိုက်ပြီး ဓါတ်ဘူးကိုပစ်ပေါက်တယ်။ ဒီဓါတ်ဘူးက တစ်ယောက်ယောက်ကို ထိမိရင် ဘယ်လောက်တောင်နာကျင်သွားရမလဲ။]

[နောက်ဆုံးတော့ စတူဒီယိုကအရာအားလုံးကို ရှုပ်ထွေးစေတယ်။]

[သူမက ဝန်ထမ်းတွေကိုရှင်းပြခိုင်းသေးတယ်။ ရှီရန်က အရမ်းကြောက်စရာကောင်းတယ်။ ဝန်ထမ်းတွေက အမှန်အတိုင်းပြောရဲပါ့မလား။]

ထိုအချိန်တွင် ဓါတ်ပုံတစ်ပုံတက်လာပြီး အရှိန်တက်လာသည်။

ဓါတ်ပုံက ရိုက်ကွင်း၌ရိုက်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် မင်းသား၏လုပ်ရပ်များက ဖွင့်ချခဲ့ပြီး ရှီရန်အား တောင်းပန်ရန် သူဒူးထောက်လျက်ရှိသည်။

အဆိုပါ ဗီဒီယိုကိုတင်ထားသူသည် အမျိုးသားသရုပ်ဆောင်ဒူးထောက်နေသည့်မြင်ကွင်းကို သာ တမင်တကာဖြတ်တင်ခြင်းဖြစ်သည်။

ထိုအချိန်တွင် ရှီရန်၏အမူအရာမှာ အေးစက်နေပြီး မင်းသားသည် ခေါင်းငုံ့ကာ အရှက်တကွဲဖြစ်နေသည်။

ဓာတ်ပုံကိုကြည့်ရုံဖြင့် ရှီရန်သည်မာနကြီးပြီးမုန်းတီးလွန်းနေသဖြင့် အမျိုးသားသရုပ်ဆောင်တွင် အရှက်တကွဲ ဒူးထောက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ကြောင်း တွေးမိရန် လွယ်ကူသည်။

[F*ck,f*ck,f*ck!! ဒီတခေါက်တော့ တည်းဖြတ်ထားတာ မဟုတ်ဘူးမလား?]

[သူမက တကယ်ကိုဥပဒေမဲ့နေတဲ့သူ မဟုတ်ဘူးလား။]

[ဒါက ရိုက်ကူး​ရေးအဖွဲ့သားတွေ မဟုတ်လား။ ပတ်ဝန်းကျင်ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးလား?? ဒီအတိုင်းရပ်ကြည့်နေကြတယ်???]

[ရှီရန်က အခု Cအဆင့်ကတစ်ယောက်တောင်မဟုတ်သေးဘူးမဟုတ်လား။ သူမ ဘယ်လိုတောင်မာနကြီးနေရတာလဲ။]

[ကျောထောက်နောက်ခံနဲ့ဆို မတူဘူး။ တတိယသခင်​လေးရဲ့နောက်ခံနဲ့ သူမ လုပ်ချင်တာ​တွေမှန်သမျှကို စလုပ်နေပြီ။]

[အဲဒီမင်းသားကိုရင်းနှီးနေတယ်။ သူက အရံသရုပ်​ဆောင်ထင်တယ်]

[အရံသရုပ်​ဆောင်တွေကို ဒီလိုအနိုင်ကျင့်လို့ရရိုးလား?? ကျစ် ဒီလိုလူက ဖျော်ဖြေရေးနယ်ပယ်နဲ့ ထိုက်တန်လို့လား??]

[သူမက သေးငယ်တဲ့ဆယ်လီတစ်ယောက်ပဲ​လေ။ သူမကိုယ်သူမ အဆင့်အတန်းမြင့်မားတယ်လို့ တကယ်ထင်နေတာလား။]

အင်တာနက်သုံးစွဲသူများက ကျိန်ဆဲကြသည်။

ဂျီဝမ်ဖုန်းသည် ၎င်းကိုဖတ်ပြီးနောက် ပို၍ပင်မျက်မှောင်ကြုတ်သွားသည်။

"ဒါကို ဘယ်သူရိုက်ထားတာလဲ။ ဒီလူတွေက ဘာလို့တကယ့်အကြောင်းအရာကိုဖျောက်တင်ထားကြတာလဲ။" ဖန်တုံတုံက ဒေါသတကြီးပြောသည်။

သူမသည် ဂျီဝမ်ဖုန်းကိုကြည့်လိုက်သည်။ "အစ်ကိုဖုန်း၊ ညီမတို့ အခု ဘာလုပ်သင့်လဲ။"

"ဒါရိုက်တာလီကို ဖုန်းဆက်လိုက်မယ်။ အစ်ကိုတို့အတွက် အ​ခြေအ​နေကို သူဖြေရှင်းပေးဖို့ဆွယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့"

ဂျီဝမ်ဖုန်းက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဒါရိုက်တာကို ဖုန်းဆက်လိုက်သည်။

ဖုန်းခေါ်ဆိုမှုက အမြန်ဖြေကြားခံရသည်။

"ဒါရိုက်တာ၊ အွန်လိုင်းပေါ်မှာခေတ်စားနေတဲ့ရှာဖွေမှုတွေကို တွေ့ပြီးပြီလား။ ဒါရိုက်တာက ရှီရန်နဲ့အဲဒီအမျိုးသားသရုပ်ဆောင်ကြားက အငြင်းပွားမှုကို မြင်ခဲ့တာသေချာပါတယ်  ဒါ​ကြောင့်...."

ဂျီဝမ်ဖုန်း စကားမဆုံးခင် ဒါရိုက်တာက "ဝမ်ဖုန်း" ဟုဖြတ်​ပြောသည်။

"ငါမင်းကိုမကူညီချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ရှီရန်က ဒီတစ်ခါအကြီးအကျယ်မှားသွားပြီ။ သူမ ဒီနေ့တစ်ယောက်ယောက်ကို စော်ကားခဲ့တာဖြစ်မယ်။"

"ဘာကိုဆိုလိုတာလဲ?" ဂျီဝမ်ဖုန်းက အံ့အားသင့်သွားကာ ဆိုဖာပေါ်ရှိ ရှီရန်ကို ကြည့်လိုက်သည်။

ဒါရိုက်တာလီက သက်ပြင်းချလိုက်သည်။ "မင်းမပြောရင်တောင် အ​ခြေအ​နေကို ရှင်းပေးဖို့ ငါဆန္ဒရှိခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေဆီက ဖုန်းခေါ်ဆိုမှုတစ်ခုရခဲ့တယ်။ အခု မင်းကို ငါမကူညီနိုင်လို့ ငါ့ကိုခွင့်လွှတ်ပေးပါ"

"ဒါရိုက်တာလီ၊ ရင်းနှီးမြှုပ်နှံသူတွေက မင်းကို ဝင်စွက်ဖက်ခွင့်မပြုဘူးလို့ ပြောနေတာလား။"

"မှန်တယ်။ အင်တာနက်ပေါ်မှာ အခြေအနေတွေပိုဆိုးလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေက ငါ့ကို ဖုန်းဆက်ပြီး ရှီရန်ကို ဖယ်ရှားခိုင်းတယ်။ အဖွဲ့သားအားလုံးကို ပါးစပ်ပိတ်ထားဖို့တောင်အမိန့်ပေးခဲ့တယ်" လို့ ဒါရိုက်တာက ပြောသည်။

"အဲဒါကြောင့် မင်းကို ငါ မကူညီနိုင်ဘူး။ တင်းယွီနည်းပညာက ငါတို့ရဲ့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူ။ သူတို့ကို ဆန့်ကျင်ဖို့ ငါ မတတ်နိုင်ဘူး။"

ထို့​နောက် ဒါရိုက်တာဖုန်းချလိုက်သည်။

ဂျီဝမ်ဖုန်းအံ့သြသွားသည်။

တင်းယွီနည်းပညာ...

အဲ့ဒါက ယု​ဖေးရဲ့အဖေရဲ့လုပ်ငန်းပဲ။

သူသည် ရှီရန်ထံသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ ဒါရိုက်တာလီပြောခဲ့သည့်စကားကို သူပြန်ပြောခဲ့သည်။

ပြီးနောက် သူက “ဒီနေ့ တစ်စုံတစ်ယောက်ကို စော်ကားမိခဲ့တာလား” လို့ မေးသည်။

"တင်းယွီနည်းပညာနဲ့ဝမ်ယု​ဖေးတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။" အတန်ကြာစဉ်းစားပြီးနောက် ရှီရန်က မေးလိုက်သည်။

"အဲ့ဒါက သူမအဖေရဲ့ ကုမ္ပဏီပဲ" ဂျီဝမ်ဖုန်းက ဖြေပြီး ထိတ်လန့်နေပုံ​ပေါ်သည်။ "မင်း ဆိုလိုတာက..."

ရှီရန်ခေါင်းညိတ်လိုက်သည်။ 'အဲဒါ သူမပဲ။'

"မဖြစ်နိုင်ဘူး" ဂျီဝမ်ဖုန်း ရုတ်​တရက်​ထရပ်​ပြီး ငြင်းလိုက်သည်​။

သူ့လေသံက ခိုင်မာသည်။ "ယု​ဖေးက ဒီလိုလူစားမျိုးမဟုတ်ဘူး"

"ချူးကျင်းချန်းကြောင့်ဆိုရင်​ကော?" ရှီရန်က မေးစေ့ကိုထောက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဂျီဝမ်ဖုန်းက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ တုံ့ဆိုင်းသွားသည်။

ယု​ဖေးသည် တတိယသခင်​လေးကို နှစ်ပေါင်းများစွာသဘောကျခဲ့သည်။

မကြာသေးမီက တတိယသခင်​လေးနှင့်ရှီရန်အကြောင်းကောလာဟလများ နေရာတိုင်းတွင် ပျံ့နေပြီး ပေးစား​သောပရိသတ်များသည် နေရာတိုင်းတွင်ရှိနေသည်။

၎င်းက အကြောင်းပြချက်ဖြစ်ပါက မဖြစ်နိုင်စရာမရှိ​ပေ။

"ညီမလည်း ဝမ်ယုဖေးလို့ ထင်တယ်။" ဖန်တုံတုံက တိုးတိုးလေး ရေရွတ်သည်။

ရှီရန်နဲ့ဂျီဝမ်ဖုန်းက သူမကိုကြည့်လာသည်ကိုမြင်၍ သူမလျှာကိုထုတ်ပြီး အ​နေခက်စွာပြုံးလိုက်သည်။

"ဆက်ပြောပြပါဦး။" ဂျီဝမ်ဖုန်းသည် မျက်ခုံးမွှေးကြားရှိနေရာကို ပွတ်သပ်လိုက်သည်။

ဖန်တုံတုံသည် ရှီရန်ကိုသေချာကြည့်သည်။

ရှီရန်က သူမကို မတားသည်ကိုမြင်၍ သူမ အမှန်အတိုင်းပြောသည်။ "သူမက အဝတ်လဲခန်းထဲမှာရှိနေပြီး ဒီနေ့ ရိုက်ကွင်းမှာလည်းရှိ​နေတယ်။ နောက်ပြီး မမရန်ကို တမင်တကာ ပစ်မှတ်ထားနေတာ အသိသာကြီး။"

"ကုံးကျင်လိန်ယုတ္တိရှိမ​နေတာက အရှင်းသားကြီးပဲ။ ကုံးကျင်လိန်က ဒီလိုလူမှန်း သူမ တကယ်မသိတာကို ညီမ မယုံဘူး။ ဒါ​​တောင်  ကုံးကျင်လိန်ဘက်က​နေ ရပ်တည်ပေးပြီး မမ ရန်ကို တောင်းပန်ခိုင်းသေးတယ်။"

"ပြီး​တော့ မမရန်က အခွင့်ကောင်းယူခံရမလိုဖြစ်ပြီး သက်​သေအထောက်အထားကိုတွေ့တဲ့အခါတောင်းပန်ဖို့ဒူးထောက်ခိုင်းချိန်မှာ ဝမ်ယု​ဖေးက ရှေ့ထွက်လာပြီး အဲဒါကို မေ့ပစ်ဖို့ တောင်းဆိုတယ်။"

'မေ့ပစ်လိုက်ပါ' က ဘာကိုဆိုလိုတာလဲ။ သူ့လက်ထောက်က အရမ်းသွက်လက်​နေတယ်။ သူများကို ဒုက္ခပေးဖို့ဘဲ​တွေး​နေတာ။"

ဖန်တုံတုံက ဝမ်းသာအားရပြောလိုက်သည်။

သူမသည် ထိုစကားများကိုတစ်နေ့လုံး ထိန်းချုပ်ခဲ့ရကာ သူမ အတွေးလွန်​နေသလိုဖြစ်မည်ကိုကြောက်သောကြောင့် ထိုစကားများကို သူမ မပြောရဲခဲ့ပေ။

မမရန်က သူမနှင့်အ​တွေးတူ​နေမည်ဟု သူမ မမျှော်လင့်ထားပေ။

ဂျီဝမ်ဖုန်းသည် တင်းမာသောအမူအရာဖြင့်ဆိုဖာပေါ် မှီလိုက်သည်။ "မင်းတို့ နားလည်မှုလွဲနေတာလား"

ဝမ်ယု​ဖေးသည် ထိုသို့သောလူဖြစ်သည်ကို သူ မယုံချင်သေးပေ။

ထိုအချိန်တွင် စားပွဲပေါ်ရှိ ဂျီဝမ်ဖုန်း၏ဖုန်းမြည်လာသည်။

သူ ကောက်ယူပြီးဖြေသည်။

"ဝမ်ဖုန်း" ဝမ်ယုဖေး၏နူးညံ့သိမ်မွေ့သောအသံသည် ဖုန်းအခြားတစ်ဖက်မှထွက်ပေါ်လာသည်။

ဂျီဝမ်ဖုန်းသည် ရှီရန်ကို မသိစိတ်မှလှမ်းကြည့်ကာ သူ့နှလုံးခုန်မြန်သွားသည်။

“အင်း” လို့သာ သူပြောသည်။

ဝမ်ယု​ဖေးက ၎င်းကို ကျင့်သုံးရ​နေပုံပေါ်ပြီး စိတ်ထဲမထား​ပေ။

"အွန်လိုင်းမှာ ရှီရန်ရဲ့အဖြစ်အပျက်ကို တွေ့ခဲ့ရတယ်။ သူမ အဆင်ပြေရဲ့လား" ဝမ်ယု​ဖေးက စိုးရိမ်တကြီး မေးသည်။

"သူမ အဆင်ပြေပါတယ်။"

"တကယ်​​တော့ ငါ ဖုန်းခေါ်ရတဲ့အ​ကြောင်းက..." ဝမ်ယု​ဖေးက ခဏတုံ့ဆိုင်းသွားသည်။

သူမ ဆက်ပြောသည်။ "အဖေက ရှီရန်နေရာကို လူစားထိုးချင်တယ်လို့ ငါကြားတယ်။ အဲ့ဒါ အမှန်ပဲလား"