၈၇
Viewers 9k

သူမ၏အားနည်းချက်ကို စတင်ပြသလာသည်ကို မြင်လိုက်ရသဖြင့် ဝမ်ယုဖေးသည် သူမ၏ နှလုံးသားထဲတွင် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

ဒါပေမယ့် သူမက ကာရိုက်တာထဲက​တော့ ထွက်မသွား​​သေးဘူး။ "ပိုင်လန်က ရှောင်ချန်းကိုကြိုက်နေတာလား"

"ညီ... ညီမ..." ရှီရန်ပြောစရာစကားပျောက်ဆုံးသွားသည်။ သူမ၏မျက်နှာတွင် မိန်းကလေးငယ်တစ်ယောက်၏ရှက်ရွံ့မှုက ရှိနေသေးသည်။

သူမက ရှက်ရွံ့စွာပြုံးလိုက်ပြီး တစ်စုံတစ်ခုကို ရိပ်မိသွားပြီး စူးစူးရဲရဲမော့ကြည့်လိုက်သည်။ "မမရန်ရု ညီမ မ..."

"ရှီရန်က နောက်​ကောက်မကျန်ခဲ့တာကို အံ့သြမိတယ်။" ဒါရိုက်တာလီက သူ ကောက်ကိုင်လိုက်သော စပီကာကို ကြမ်းပြင်ပေါ် ပြန်ချလိုက်သည်။ သူသည် မော်နီတာကို ဆက်ကြည့်ရင်း မျှော်လင့်ချက်ပြည့်​နေလေသည်။

ဝမ်ယု​ဖေးအံ့သြသွားသည်။

ရှီရန်က အမှန်တကယ်တွင် သူမ၏ဖိနှိပ်ထားခြင်းကို ခံ​နေရခြင်းမဟုတ်​ပေ။

"ဟူး" သူမ သက်ပြင်းချလိုက်သည်။ သူမ သည်းမခံနိုင်ဘဲ ဆက်​ပြောလိုက်သည်။ "တကယ်တော့ ရှောင်ချန်းနဲ့အစ်မတွဲနေတာအ​တော်ကြာပြီ"

ရှီရန်သည် ထိုစကားကိုကြားသောအခါ နောက်ပြန်ဆုတ်သွားသည်။ သူမ၏မျက်လုံးများသည် မှုန်ဝါးလာပြီး ၎င်းတို့ထဲတွင် ဝမ်းနည်းမှု၊ ရုန်းကန်မှုနှင့် ရှုပ်ထွေးမှုများ ရှိနေသည်။

စိတ်ခံစားမှုအားလုံး ပေါ်လာသည်။

သူမက ဝမ်ယု​ဖေးကို ရိုးရိုးသားသားပြုံးပြသည်။

သူမမျက်လုံးထဲမျက်ရည်ဝဲနေသော်လည်း ပြောလိုက်သည်။ "ညီမထင်ပါတယ်...  ရန်ရုနဲ့ကိုကို ရှောင်ချန်းက လိုက်ဖက်တဲ့စုံတွဲလို့"

ထိုအခိုက်အတန့်တွင် သူမ၏မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ကျဆင်းသွားပြီး အဆုံးတွင်သူမ၏လှပသောဆံပင်များထဲသို့ ပျောက်ကွယ်သွားသည်။

ရှီရန်ကို ကြည့်ရင်း ဝမ်ယုဖေး၏မျက်လုံးများ တုန်လှုပ်သွားသည်။ သူမ ပါးစပ်ကို ဖွင့်လိုက်သော်လည်း ပြောရမည့်စကားကို မေ့သွားသည်။

"ကတ်"

ဒါရိုက်တာက ဝမ်ယု​ဖေးကို လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ ယု​ဖေး"

ဝမ်ယု​ဖေးသည် သူမ၏ခံစားချက်များကို အမြန်ထိန်းလိုက်ပြီး ဒါရိုက်တာလီအား တောင်းပန်ကာ ပြုံးပြလိုက်သည်။ "တောင်းပန်ပါတယ် ဒါရိုက်တာလီ။ ကျွန်မ ခုနကစာသားတွေမေ့သွားလို့ပါ"

"ဒါဆို ထပ်ရိုက်ရ​အောင်"

"ဟုတ်ကဲ့"

ဝမ်ယု​ဖေးခေါင်းညိတ်လိုက်သည်။ ရှီရန်ကို ပြန်ကြည့်လိုက်သောအခါ သူမ အံ့သြသွားသည်။

'ဒါက တိုက်ဆိုင်တာမလား။'

ရှီရန်က သူမကို စိုက်ကြည့်နေသောအခိုက်အတန့်တွင် သူမစိတ်လွတ်ထွက်သွားသည်။

ဒုတိယအကြိမ်ရိုက်ချက်၌

အရာအားလုံးက ပုံမှန်အတိုင်းပင်ဖြစ်​သော်လည်း နောက်ဆုံးအခန်းနေရာကို ရောက်သောအခါ ရှီရန်က မျက်ရည်နဲ့ပြုံးနေသည်ကို တွေ့လိုက်ရသောအခါ သူမ ကြောင်သွားပြန်သည်။

"ကတ် ဘာဖြစ်တာလဲ ယု​ဖေး" ဒါရိုက်တာလီ စိတ်ရှုပ်သွားသည်။

အစတွင် ရှီရန်သည် ယု​ဖေး၏သရုပ်​ဆောင်မှုကို လိုက်ပါသရုပ်မ​ဆောင်နိုင်ဟု သူထင်ခဲ့သည်။

မမျှော်လင့်ဘဲ ရှီရန်က သူ့ကိုအံ့အားသင့်စေခဲ့သည်။

ယင်းအစား NG ထိလေ့မရှိသော ဝမ်ယု​ဖေးသည် ယနေ့နှစ်ကြိမ် NGထိသည်။

ဝမ်ယု​ဖေးလည်း ထိတ်လန့်သွားသည်။

သူမ ရှီရန်ကို ထိတ်လန့်စွာစိုက်ကြည့်နေသည်။

'တိုက်ဆိုင်မှုမဟုတ်ဘူး'

ရှီရန်သည် သူမ၏သရုပ်​ဆောင်မှုကို ဖိနှိပ်​နေခြင်းဖြစ်သည်။

သူမ ယခင်က သေချာစုံစမ်းခဲ့သည်။ ရှီရန်၏သရုပ်ဆောင်မှုစွမ်းရည်က
အမြဲတမ်းဆိုးရွားပြီး အချိန်အတော်ကြာအောင် ဝေဖန်ခံခဲ့ရသည်။

ဒါပေမယ့် ရှီရန်က ငါသရုပ်ဆောင်တာကို ဘာကြောင့် ရပ်တန့်စေနိုင်ရတာလဲ။

"နင်..." ဝမ်ယု​ဖေးပါးစပ်ကို ဖွင့်လိုက်သည်။

"ဘာဖြစ်လို့လဲ အစ်မယု​ဖေးနေမကောင်းလို့လား။" ရှီရန်သည် စိုးရိမ်ဟန်ဆောင်သည်။

'ငါ့ရိုက်ကွက်တွေကို ဖိနှိမ်နေတာလား'

ဒင်း ငါ့ခွင့်ပြုချက်ကို အရင်ယူရလိမ့်မယ်။

ဝမ်ယု​ဖေး၏မျက်လုံးများ မဲနက်သွားသည်။

သူမ လက်ခံရန် ငြင်းဆန်​နေသည်။

နောက်တတိယအကြိမ်၊ စတုတ္ထအကြိမ်....သတ္တမ​မြောက်အကြိမ်အထိ သူမ NGထိ​နေသည်။

နောက်ဆုံးမိနစ်တွင် စာသားကို အမြဲမေ့သွားခဲ့သည်။

ဒါရိုက်တာလည်း တဖြည်းဖြည်းစိတ်ပျက်လာသည်။ "ယု​ဖေး၊ ခဏအနားယူပြီး ကိုယ့်အခြေအနေကို အရင်ပြန်ညှိလိုက်ဦး။"

ဝမ်ယု​ဖေးသည် အတုအယောင်အပြုံးဖြင့်ပြုံးပြသည်။ "ဟုတ်ကဲ့ပါ ဒါရိုက်တာလီ"

သူမသည် လူတိုင်းကိုဦးညွှတ်သည်။ "အားလုံးကို ဒုက္ခပေးမိလို့တောင်းပန်ပါတယ်"

"NG ခုနစ်ခု၊ ဝမ်ယု​ဖေးကတစ်ကြိမ်တည်းနဲ့ရိုက်နိုင်တယ်လို့နာမည်ကြီးနေတာမဟုတ်ဘူးလား။"

"ပရိသတ်တွေက အဲဒါကိုလုပ်ကြံထားတာဖြစ်မယ်။ အခုကြည့်လေ သူမရဲ့သရုပ်မှန်ကိုပြနေတယ်။"

"ငါသိနေတယ်လေ။ လူသိများတဲ့သူရဲ့မျက်နှာဖုံးတွေက အဆိုးဆုံးပဲ။"

"သူမက ရုပ်ရှင်ဘုရင်မတစ်ယောက်လေ။ ဒါပေမယ့် ရှီရန်ထက် ပိုဆိုးရွားတယ်။ ရှီရန်ရဲ့ သရုပ်ဆောင်ချက်ကဆိုးရွားတယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမယ့် တော်တော်ကောင်းနေတယ်​​ရော"

"ဟုတ်တယ်။ ဟိုမှာ သူမ ငိုနေတာကို ငါမြင်လိုက်ရတယ်။ အဲဒါက ငါ့နှလုံးသားလေးကို နာကျင်စေတယ်။"

"ရှီရန်၊ ဒီကို ခဏလောက်လာခဲ့ဦး" ဒါရိုက်တာက ရှီရန်ကို ဝှေ့ယမ်းပြသည်။

ရှီရန်ရောက်လာသောအခါတွင် သူသည် နဖူးကို ကူရာမဲ့စွာကိုင်လိုက်သည်။ "မင်းရဲ့ အရောင်အဝါကို နည်းနည်းလျှော့ထားလိုက်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် ညရောက်တဲ့အထိ ရိုက်ကူးရေးတွေ မပြီးနိုင်လောက်ဘူး။"

အရာအားလုံးကို သူ ဖောက်မြင်နိုင်သည်။

အစတွင် ယု​ဖေးက ရှီရန်ကိုဖိနှိပ်ချင်သော်လည်း သူမ ရှူံးသွားလိမ့်မည်လို့ မမျှော်လင့်ထားပေ။ ၎င်းအစား သူမ NG ခုနစ်ကြိမ် ထိသွားသည်။

ရှီရန်က အပြစ်ကင်းစွာမျက်တောင်ခတ်လိုက်သည်။ "ဒါရိုက်တာ၊ အစ်မယု​ဖေးက အခြေအနေမကောင်းလို့ဖြစ်တာလို့ ကျွန်မ ထင်ပါတယ်။ နောက်တစ်ကြိမ်ပြန်ကောင်းလာမှာ သေချာပါတယ်။"

"အိုး မင်း" ဒါရိုက်တာလီက သူ့ကိုယ်သူ ရယ်နေမိသည်။ "ငါ့အတွက် ဟန်ဆောင်မနေနဲ့။ နောက်မှ မင်းကိုယ်မင်းထိန်းလိုက်။ ပိုလွန်းတာက လို​နေတာလိုမျိုးမကောင်းတဲ့အရာတစ်ခုပဲ"

"နားလည်ပါပြီ။" ရှီရန်သည် သူမ၏ဟန်ဆောင်ထားသောအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြုံးကာသဘောတူလိုက်သည်။

ဒါရိုက်တာလီ ပြောပြီးသွားသောအခါ အဋ္ဌမမြောက်အကြိမ် ချော​မွေ့စွာပြီးဆုံးသွားသည်။

ဝမ်ယုဖေးသည် နောက်ဆုံးစာကြောင်းကိုပြောပြီးသောအခါ သူမ သက်ပြင်းချလိုက်သည်။

သူမသည် ရှီရန်ကိုကြည့်ကာ ကြောက်ရွံ့မှုတစ်ခုခံစားလိုက်ရသည်။

အဝတ်လဲခန်းသို့ပြန်ရောက်သောအခါ ဝမ်ယုဖေးသည် ထိုမြင်ကွင်းကိုတွေးကာမျက်မှောင်ကြုတ်လိုက်သည်။

ထိတ်လန့်မှု ပျောက်ကွယ်သွားချိန် ရှီရန်အကြောင်းပြန်တွေးပြီး သူမကို ဆွဲဖြဲပစ်ချင်သည်။

"မမယု​ဖေးအဆင်ပြေရဲ့လား" ရှောင်ရှီးက သူမကို စိုးရိမ်တကြီး ရေတစ်ပုလင်းပေးလိုက်သည်။

ဝမ်ယု​ဖေးက ခေါင်းမော့ပြီးရေယူသောက်လိုက်သည်။ သူမ ပြုံးလိုက်သည်။ "အဆင်ပြေပါတယ်။ ရှီရန်... သူမရဲ့သရုပ်ဆောင်မှုစွမ်းရည်က ငါ့ထက် ပိုကောင်းတယ်။"

"မမ ဘာကိုဆိုလိုတာလဲ။ အခုက NG ကြောင့် အဲ့လိုထင်တာလား..."ရှောင်ရှီးက အံသြသွားသည် ။

"အင်း" ဝမ်ယု​ဖေးခေါင်းညိတ်လိုက်သည်။ “ရုပ်သံလွှင့်တဲ့အချိန်​ရောက်လာရင် ဒုတိယ အမျိုးသမီးဇာတ်ကောင်ထက် ငါနိမ့်ကျနေမှာကို ကြောက်မိတယ်။”

"ဘယ်လိုဖြစ်နိုင်မှာလဲ" ရှောင်ရှီးမဆိုင်းမတွပြောလိုက်သည်။

သူမ တွေးတောလိုက်သည်။ ရုတ်တရက် သူမ လက်ခုပ်တီးလိုက်သည်။ "မမယု​ဖေး၊ ဝမ်မိသားစုက ဒီဒရာမာမှာအကြီးဆုံးရင်းနှီးမြှုပ်နှံသူ မဟုတ်ဘူးလား?"

ဝမ်ယု​ဖေးကလည်း တုံ့ပြန်သည်။ "ရှောင်ရှီး၊ နင်ဆိုလိုတာက ရှီရန်ကို ငါ့အ​ဖေက​နေ​တစ်ဆင့်မောင်းထုတ်စေချင်နေတာလား"

"မှန်တာ​ပေါ့။ မမယု​ဖေး၊ ထုတ်လုပ်ရေးအဖွဲ့ကိုရှာဖို့ CEO ဝမ်ကိုဖုန်းခေါ်ပြီး ရှီရန်ကိုမောင်းထုတ်ခိုင်းလိုက်လေ။ အချိန်တန်ရင် ဒုတိယအမျိုးသမီးခေါင်းဆောင်ကိုပြောင်းလိုက်ရုံပဲ။"

ဝမ်ယု​ဖေးအနည်းငယ် စိတ်ပူသွားသည်။ "ဒါပေမယ့် အဖေက သူ့ကိုယ်ပိုင်အခွင့်အရေးကို အလွဲသုံးစားလုပ်နေတယ်လို့ လူတွေကပြောလာမှာကို ငါကြောက်တယ်။"

"ဒါ​တော့မှန်တယ်။" ရှောင်ရှီးသည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။ "ရှီရန်ကို မောင်းထုတ်ဖို့နည်းလမ်းသာရှိမယ်ဆိုရင်"

ဝမ်ယု​ဖေးက စားပွဲပေါ်ရှိဖုန်းကို ကြည့်ကာ ခဏလောက်စဉ်းစားနေမိသည်။

သူမက ယုတ်မာစွာပြုံးပြီး ရှောင်ရှီး၏လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ "ရှောင်ရှီး၊ အစ်မမှာ အကြံတစ်ခုရှိတယ်။"

ရိုက်ကူးရေးပြီး၍ ညအချိန်ရောက်နေပြီဖြစ်သည်။

ရှီရန်သည် သူမ၏ကိုယ်ပိုင်အ၀တ်အစားများအဖြစ်ပြောင်းဝတ်ပြီး ဖန်တုံတုံနှင့်အတူ ရိုက်ကွင်းမှထွက်လာသည်။

သူတို့နှစ်ယောက်က ဂျီဝမ်ဖုန်း
၏ကားထဲကို ဝင်သွားသည်။

"ပင်ပန်းနေပြီလား?" ဂျီဝမ်ဖုန်း
က စိုးရိမ်စိတ်ဖြင့်မေးသည်။

"ကျွန်မ အဆင်ပြေပါတယ်။" ရှီရန်၏ အမူအရာမှာပုံမှန်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှု လက္ခဏာ မရှိပေ။

၎င်းကိုမြင်၍ ဂျီဝမ်ဖုန်းမအံ့သြမိ​ပေ။ "ဒီနေ့ နည်းနည်း အလုပ်ရှုပ်သွားလို့ မနက်ဖြန် ရိုက်ကွင်းမှာအတူအ​ဖော်ပြုပေးမယ်"

"အို​ကေ"

"အတိအကျပြောရရင် အစ်ကိုဖုန်း ဒီနေ့အနားမှာမရှိတာကြောင့်  မမရန် အနိုင်ကျင့်ခံရတာ။ ထုတ်လုပ်ရေးအဖွဲ့ကို ပထမဆုံးရောက်လာတာ ထူးဆန်းတဲ့လူတွေအများကြီးတွေ့ရမယ်လို့မ​​မျှော်လင့်ထားဘူး။"

ဖန်တုံတုံဒေါသထွက်လာသည်။

"ဘာဖြစ်လို့လဲ?" ဂျီဝမ်ဖုန်း၏မျက်နှာ မည်းမှောင်သွားသည်။

ထို့နောက် ဖန်တုံတုံက ဂျီဝမ်ဖုန်းကို ယနေ့ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြောပြသည်။

အဝတ်လဲခန်းနှင့်ကုံးကျင်လိန်တို့ကြားက ပဋိပက္ခအပါအဝင်ဖြစ်သည်။

ဂျီဝမ်ဖုန်းက မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူအပြစ်တင်လိုက်သည်။ "ဒီနေ့ မင်းနဲ့အတူလိုက်ခဲ့သင့်တာ။"

"ကျွန်မ ထိန်းချုပ်လို့ရပါတယ်။" ရှီရန်က မျက်လုံးကိုမှိတ်ပြီး ထိုင်ခုံကိုမှီထိုင်လိုက်သည်။

"မင်း ဒါကိုကိုင်တွယ်နိုင်တယ်ဆိုတာသိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဒီမှာမန်​နေဂျာနဲ့အတူရှိ​နေရင် ဒီလူတွေ မင်းကိုဒီလိုမျိုး အနိုင်ကျင့်ဝံ့မှာ မဟုတ်ဘူး။"

ရှီရန် သမ်းလိုက်သည်။ "ဒီကမ္ဘာမှာ ကျွန်မကိုအနိုင်ကျင့်နိုင်တဲ့လူအများကြီးမရှိပါဘူး"

ဂျီဝမ်ဖုန်းရယ်လိုက်သည်။ "ဒါတော့အမှန်ပဲ။ ဒါပေမယ့် မင်းငါ့ကို မန်နေဂျာတစ်ယောက်တာဝန်ကို လုပ်ခွင့်ပေးသင့်တယ်"

"အိုဘုရားရေ" ဖန်တုံတုံက ရုတ်တရက် အော်လိုက်သည်။

"ဘာဖြစ်တာလဲ?" ဂျီဝမ်ဖုန်းက မေးသည်။

"မမက ခေတ်စားနေတဲ့ရှာဖွေမှုတွေပေါ်​ရောက်​နေပြန်ပြီ။ ချီးပဲ တစ်ယောက်ယောက်က ဒီနေ့အဝတ်လဲခန်းထဲမှာ မမရန်က ကုံးကျင်လိန်ကိုပါးရိုက်နေတဲ့ဗီဒီယိုကို ရိုက်ထားပြီး အွန်လိုင်းမှာတင်လိုက်တယ်။"

ရှီရန်သည် နောက်ကြည့်မှန်မှစူးရှသော မျက်လုံးများဖြင့်ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ "ရှင်ဆန္ဒရှိတဲ့အတိုင်း မန်နေဂျာတစ်ယောက်ရဲ့ အခန်းကဏ္ဍကို တာဝန်ယူလို့ရပါပြီ။"