"ပြန်ကြည့်လို့လည်း အကြောင်းထူးစရာမရှိဘူး။" ရှောင်ရှီးက နှုတ်ခမ်းကို စူလိုက်သည်။ "ကင်မရာကလွယ်လွယ်နဲ့ဖမ်းနိုင်ရင် ညီမက သူ့ကို ဘာလို့ရှာထားဦးမှာလဲ"
ဝမ်ယုဖေးရယ်မောလိုက်သည်။ "ငါတို့ရဲ့ရှောင်ရှီးက ပိုဥာဏ်ကောင်းလာတယ်။"
ရှောင်ရှီးသည် ချက်ချင်းပင် ပျော်ရွှင်စွာပြုံးလိုက်သည်။ "မမယုဖေး၊ ရှီရန်တောင်းပန်တာကို စောင့်ကြည့်ရအောင်။"
သူမစကားပြောနေစဉ်တွင် သူမက ကောက်ကျစ်သောအပြုံးဖြင့် ရှီရန်၏မျက်နှာကို ကင်မရာကိုချိန်ရွယ်လိုက်ပြန်သည်။
လူတိုင်းသည် မော်နီတာများဆီသို့ ရွှေ့သွားကြသည်။
ပိုင်ကျင်းထျန်သည် ရှီရန်အနားတွင် လိုက်လာသည်။ သူက အသံကို နိမ့်ပြီးပြောသည်။ "အဆင်ပြေသွားမှာပါ။ ကျွန်တော်ဒီမှာရှိတယ်"
ရှီရန်က သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ 'ကျွန်မက မသေချာတဲ့အရာတွေကိုမလုပ်ဘူး'
သူမ၏အပြုံးသည် ယုံကြည်ချက်ပြည့်နေပြီးအလျင်မလိုပေ။
ပိုင်ကျင်းထျန်က အောက်ကိုငုံ့ကြည့်ပြီးပြုံးလိုက်သည်။
မော်နီတာသည် ရုပ်ပုံကို ပြန်လည်စတင်ပြသသည်။
ဝန်ထမ်းများက မတော်တဆဖြစ်ပွားရာအပိုင်းသို့ တိုက်ရိုက်ဆွဲယူကာ အရှိန်တစ်ဝက်ဖြင့်ကြည့်သည်။
ကင်မရာထဲတွင် ရှီရန်သည် ထောင့်တစ်နေရာသို့ တွန်းပို့ခံခဲ့ရပြီးထိုလူအုပ်စုသည် သူမထံ ချဉ်းကပ်လာခဲ့သည်။
ထို့နောက် သူမ ဘေးဘက်သို့ စောင်းလိုက်သည်။
ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူမ၏ခန္ဓာကိုယ်တစ်ဝက်ကိုသာ ကင်မရာနှင့်ရိုက်ကူးမိထားသည်။
ကျန်သောအရံလေးယောက်က သတိမထားမိပေ။
သူတို့က ကင်မရာထဲမှာ အရိုက်ကူးခံထားရဆဲဖြစ်သည်။
ဇာတ်ညွှန်းအရ အရံသရုပ်ဆောင်သည် ရှီရန်၏ကော်လာကို လက်လှမ်းသင့်သည်။
သို့သော် သူ့လက်သည် စီစဉ်ထားသည့်အတိုင်း သူမ၏လည်ပင်းဆီသို့ မရွေ့သွားပေ။
ကင်မရာထဲက လူတိုင်း၏အကြည့်အောက်တွင် မင်းသားသည် ရှီရန်၏ရင်ဘတ်ဆီသို့ သူ့လက်ကိုလှမ်းသွားသည်ကို တွေ့မြင်နိုင်သည်။
သူ ၎င်းကိုထိခါနီးအချိန်၌ ရှီရန်က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ချိုးလိုက်သည်။
အားလုံး၏မျက်နှာများသည် ကြောက်ရွံ့မှုဖြင့် မျက်နှာပျက်သွားသည်။
အရှိန်တစ်ဝက်နဲ့ပြသနေချိန်တွင် လက်ချိုးလိုက်မှုကသွေးထွက်သံယိုနဲ့ ရက်စက်ပုံပေါ်သည်။
ပြန်လည်ပြသခြင်းကို ခေတ္တရပ်ထားလိုက်သည်။ အမှန်တရားက ထင်ရှားပေသည်။
မင်းသားမျက်နှာဖြူဖျော့သွားသည်။
သူ့အားရိုက်ကူးမခံထားရဟု ယုံကြည်မှုရှိနေသည့်အတွက် မော်နီတာကိုတောင်ဂရုစိုက်မကြည့်ပေ။
ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ?
ရှီရန်က ဘာကြောင့် ရုတ်တရက်ဘေးဘက်ကိုစောင်းလိုက်တာလဲ။
တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် သူဒီလိုလုပ်ဖို့ မျှော်လင့်ခဲ့တာလား?
မင်းသားက ပျာယာခတ်သွားသည်။
စူးရှသောမြှားများကဲ့သို့ လူတိုင်း၏အကြည့်များက သူ့ဆီသို့ စူးစူးဝါးဝါးရောက်သွားကြသည်။
"ချီး၊ သူငါ့ကို လှည့်စားလို့ရလုနီးပါးပဲ။ သူဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကိုတကယ်သိတာပဲ။"
"မင်း အပြစ်ကင်းတယ်လို့ မင်းဘယ်လိုအော်ပြောရဲနေရတာလဲ။"
"ဒီလိုလူရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ဖယ်ထုတ်သင့်တယ်"
" ငါ တကယ်ပြသနာရှာလုနီးပါးပဲ။ အဲဒါကိုကြည့်ရင် ရှီရန်က တကယ်ကို နိုးနိုးကြားကြားရှိနေတာပဲ။"
"မင်းတို့လက်ချိုးလိုက်တာကို သတိထားမိလား။ 0.5x အရှိန်နဲ့တောင်အရမ်းမြန်လွန်းတယ်။ "
"ပထမတော့ ပုံမှန်အရှိန်ပြန်ရောက်နေပြီလို့ ထင်ခဲ့တာ။ နာကျင်လို့အော်သံတဲ့အသံကြားမှအရှိန်တစ်ဝက်နဲ့ကြည့်နေတုန်းပဲလို့ ငါ သတိဝင်လာတာ။"
ရှီရန်သည် သူမ၏လက်နှစ်ဖက်ကို ပိုက်ကာ မင်းသားကိုမျက်ခုံးပင့်ကြည့်လိုက်သည်။ "ဒူးထောက်ပြီးတောင်းပန်"
မင်းသားသည် လူတိုင်း၏အာရုံစူးစိုက်မှုအလယ်တွင်ရပ်နေကာ ဒူးထောက်ရန်တွန့်ဆုတ်နေကာ လက်သီးနှစ်ဖက်ကိုဆုပ်ထားသည်။
"ဘယ်လောက်တောင်အသုံးမကျလိုက်သလဲ!" ရှောင်ရှီးဒေါသထွက်သွားသည်။
ဝမ်ယုဖေးသည် ရိုက်ကွင်းထဲသို့မ၀င်မီ သူမကို တစ်ချက်ကြည့်လိုက်သည်။
"ရှီရန်၊ အခု အမှန်တရားပေါ်လာပြီဆိုတော့ ဒါကို မေ့လိုက်ကြရအောင်"
သူမ သည်းမခံနိုင်ပေ။ "ငါတို့အားလုံးက သရုပ်ဆောင်တွေပဲ။ ကိစ္စတွေကြီးအောင်လုပ်စရာမလိုပါဘူး။"
"ဟုတ်တယ်။ ရှီရန်အပြစ်ကင်းတယ်ဆိုတာ လူတိုင်းသိတဲ့အတွက် ရန်လိုနေဖို့မလိုဘူး။"
ရှောင်ရှီးနှင့်ဝမ်ယုဖေးတို့သည် အပြန်အလှန်ထောက်ခံပြောကြသည်။
ရှီရန်က သူတို့ကို အပြုံးမပျက် ကြည့်နေသည်။ "အစ်မယုဖေးက အခုနကတည်းရှိနေတာဆိုတော့ကြားလိုက်မှာပေါ့။ သူက စအလောင်းအစားလုပ်ချင်တာမို့ သူရှုံးတာကိုတော့ ဝန်ခံရမယ်မလား။"
"အခု အမှန်တရားကထွက်လာပြီမလား။ ဘာပဲဖြစ်ဖြစ် သူ သရုပ်ဆောင်နယ်ပယ်မှာ ဆက်မလုပ်နိုင်တော့ဘူး။ ဒီပြစ်ဒဏ်ကလုံလောက်ပြီ" ဟု ရှောင်ရှီးက တုံ့ပြန်သည်။
"ဒီနယ်ပယ်မှာ ဆက်နေဖို့မဖြစ်နိုင်အောင်လုပ်ခဲ့တာက ကျွန်မ မဟုတ်ဘူး။ ဒါက သူ့ဘာသာသူ လုပ်ခဲ့တာ။" ရှီရန်၏အကြည့်က မင်းသားဆီကို ရောက်သွားသည်။
တစ်ဖက်သား၏ရက်စက်ကြမ်းကြုတ်သော အကြည့်နှင့်ခြိမ်းခြောက်သောအကြည့်ကို ဆုံလိုက်ရာ သူမ၏မျက်လုံးများတွင် အေးစက်မှုက ပိုပြင်းထန်လာသည်။ "သူ့လုပ်ရပ်က ဆိုးရွားပြီး သူကမတရားခံရတဲ့သူလိုတောင် ဟန်ဆောင်လိုက်သေးတယ်။ ပြန်သာမကြည့်ရင် သူက ကျွန်မကိုအလွှတ်ပေးမယ်လို့ထင်နေတာလား။"
"အစ်မယုဖေးလို အနိုင်ကျင့်တဲ့သူကိုပြုံးပြီးတော့ ကျွန်မက သဘောထားကြီးခွင့်မလွှတ်နိုင်တာကြောင့်...။
နှုတ်ခမ်းကွေးတက်သွားကာ ရှီရန်၏မျက်လုံးများက အမျိုးသားသရုပ်ဆောင်ကို စိုက်ကြည့်နေသည်။ "ဒူးထောက်ပြီး တောင်းပန်"
ဝမ်ယုဖေး၏မျက်နှာသည် ဖျော့တော့သွားသည်။
ရှီရန်က သူမအား သူတော်ကောင်းဖြစ်ကြောင်းပြောနေသည်မှာ ထင်ရှားသည်။
အားလုံးက သူမကို လှည့်ကြည့်သောအခါတွင်သူမ အံကြိတ်ကာအတင်းပြုံးပြသည်။ "ညီမပြောတာမှန်ပါတယ်။ အစ်မ ဝင်စွက်ဖက်လွန်းသွားမိပြီ။"
ရှီရန်က အဝေးကိုလှမ်းကြည့်လိုက်ပြီး သူမနှင့်ဆန့်ကျင်ဘက်ရှိအမျိုးသားသရုပ်ဆောင်ကို နက်မှောင်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
မင်းသား၏ခေါင်းမာနေသောအမူအရာသည် တဖြည်းဖြည်းပြေလျော့သွားသည်။ နောက်ဆုံးတွင် ရှီရန်၏အကြည့်အောက်၌ သူ ဒူးထောက်လိုက်သည်။
"တောင်းပန်ပါတယ်" ခေါင်းငုံ့ထားပြီး ပြောလိုက်သည်။
အချိန်အတော်ကြာအောင်အဖြေပြန်မကြား၍ မော့ကြည့်လိုက်သောအခါ ရှီရန်ထွက်သွားနှင့်ပြီကို တွေ့လိုက်ရသည်။
သူ့ကို သူမ လုံးဝ အလေးအနက်မထားပေ။
ဒေါသတကြီးဖြင့် လက်သီးများကို ဆုပ်လိုက်ပြီး ရှီရန်၏နောက်ကျောကို စိုက်ကြည့်နေသည်။
ငါ ဒီကောင်မကို ဘယ်တော့မှအလွှတ်ပေးမှာ မဟုတ်ဘူး။
တောင်းပန်ပြီးနောက် ဒါရိုက်တာလီသည် မင်းသားအား ခေါ်ထုတ်သွားရန်အမိန့်ပေးခဲ့ပြီး အစားထိုးတစ်ယောက်ကို အမြန်ရှာရသည်။
ယခုတစ်ကြိမ်တွင် အမှားတစုံတရာမတွေ့ရပေ။ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်နေသည်။
ကင်မရာပေါ်၌
ပိုင်လန်က သူမအရှက်ခွဲခံရတော့မည်ဟုထင်နေချိန်၌ ရှောင်ချန်းသည်အနက်ရောင်၀တ်စုံရှည်ကို၀တ်ဆင်ကာ ကောင်းကင်မှဆင်းလာသည်။
ထို့နောက် ထိုလေးယောက်အားထွက်ပြေးသွားသည်အထိ တိုက်ခိုက်သည်။
ပိုင်လန်က ဆောင့်ကြောင့်ထိုင်ပြီး သူ့ရှေ့ကလူကို မော့ကြည့်လိုက်သည်။
သူ ဖြည်းညှင်းစွာလှည့်လိုက်သောအခါ နေမင်းကြီးကသူ့နောက်မှာ အလင်းဖြာထွက်နေသည်။
ထိုအချိန်တွင် ရှောင်ချန်းသည် ပိုင်လန်၏အပြစ်ကင်းစင်သောနှလုံးသားထဲသို့ လုံးလုံးလျားလျား ဝင်ရောက်လာသည်။
"ကတ်" ဒါရိုက်တာလီက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးသည်။ "အရမ်းကောင်းတယ်။ ရှီရန်က ကျွန်တော်ကို အံ့သြသွားစေတာပဲ။ ချစ်မိသွားတဲ့မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်နေတယ်။"
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ" ရှီရန်က နှိမ့်ချစွာပြန်ဖြေသည်။
"ဘာများကြီးကျယ်နေလို့လဲ?" ရှောင်ရှီးက ရယ်မောလိုက်သည်။ "ငါတို့မမယုဖေးရဲ့ သရုပ်ဆောင်စွမ်းရည်က သူမထက် အများကြီး ပိုကောင်းတယ်"
ဝမ်ယုဖေးက ကူကယ်ရာမဲ့ ပြုံးပြီး "သူမက လူသစ်လေ။ ဒီအတိုင်းအတာအထိသရုပ်ဆောင်နိုင်တာက တကယ်ကိုမဆိုးပါဘူး" လို့ပြောသည်။
"မမယုဖေး၊သူမဘက်က ပြောနေတုန်းပဲနော်" ရှောင်ရှီးက မယုံနိုင်စွာဖြင့်ပြောသည်။ "ဒီမိန်းမက တတိယသခင်လေးကို သွေးဆောင်နေတဲ့ မြေခွေးမတစ်ကောင်ပဲ"
"နောက်ဇာတ်ဝင်ခန်းက အစ်မနဲ့အတူ သရုပ်ဆောင်ရမှာလေ။ အစ်မ စောင့်မျှော်နေပြီ။"
ဝမ်ယုဖေးသည် ပိုင်ကျင်းထျန်နှင့်စကားပြောနေသည့်ရှီရန်၏ဘေးမျက်နှာကို တောက်လောင်သောအကြည့်ဖြင့် ကြည့်သည်။
ကျင်းထျန်နဲ့ဒါရိုက်တာက ရှီရန်ကြောင့်ဖြစ်တဲ့အမှားတွေကို မကြာခဏမြင်ရရင် သူမကို ဇာတ်ပို့အနေနဲ့ရွေးချယ်ခဲ့တာကို နောင်တရမှာလား?
ပထမဇာတ်ဝင်ခန်းပြီးဆုံးပါက ဒုတိယဇာတ်ဝင်ခန်းက ဝမ်ယုဖေးနဲ့ရိုက်ကူးရမည်ဖြစ်သည်။
ပိုင်လန်ကို ရှောင်ချန်းကကယ်တင်ပြီးကတည်းက သူမသည် သူ့နောက်ကိုတောက်လျှောက်လိုက်နေသည်။
ရလဒ်အနေဖြင့် သူမကိုရှောင်ချန်း၏နောက်လိုက်လို့ ခေါ်ဝေါ်ကြသည်။
ပိုင်လန်က သူမ၏ခံစားချက်အား ရှောင်ချန်းကိုဝန်ခံချင်သည့်နေ့အထိဖြစ်သည်။
သူမသည် ရှောင်ချန်းနှင့်ရီရန်ရုတို့တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသည်ကို မတော်တဆတွေ့မိသွားသည်။
ပိုင်လန်သည် ရှောင်ချန်းနှင့်ရီရန်ရု၏ဆက်ဆံရေးအကြောင်းမေးမြန်းရန်အတွက် သူမကို ချဉ်းကပ်သည်။
ရိုက်ကူးရေးနေရာက ရီရန်ရု၏ခြံဝင်းထဲတွင် တည်ထားသည်။
ရှီရန် ရိုက်ကူးရေးနေရာကို ရွှေ့လာသည်။
ထိုအချိန်တွင် ဝမ်ယုဖေး လမ်းလျှောက်လာပြီး အထူးကြင်နာစွာပြုံးပြလိုက်သည်။ "ရှီရန် ခုနကကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ နောက်ပိုင်း ဒီအနေအထားကိုဆက်ပြီးထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
သူမက တည်ငြိမ်စွာခေါင်းညိတ်သည်။
ဝမ်ယုဖေးက တစ်ခုခုကြံစည်နေပြီဟု သူမ ခံစားမိသည်။
"အက်ရှင်"
ပိုင်လန်အဖြစ်သရုပ်ဆောင်သောရှီရန်က သူမ၏စကတ်ကို ပင့်ပြီး ရီရန်ရုဆီကို လျှောက်သွားသည်။
"မမရန်ရု" ပိုင်လန်က မဝံ့မရဲနဲ့ အော်ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲပိုင်လန်" နူးညံ့သောအပြုံးဖြင့် မေးသည်။ သူမ၏အသံသည်ပင် နူးညံ့လှသည်။
"မမ... ကိုကိုရှောင်ချန်းနဲ့မမရဲ့ဆက်ဆံရေးက ဘာတွေလဲဟင်။" ပိုင်လန်က တောက်ပသောမျက်လုံးနဲ့ ဂရုတစိုက်မေးသည်။
ရီရန်ရုလန့်သွားပုံပေါ်ပြီးနောက် သူမက ပိုင်လန်ကိုကြည့်ပြီးပြုံးလိုက်သည်။
ထိုအချိန်တွင် သူမ၏အရှိန်အဝါသည် ပိုမိုအားကောင်းလာသည်။ သူမသည်ပြုံးနေသေးသော်လည်း ဖိနှိပ်မှုများနှင့်ပြည့်နေသည်။
ဘေးပတ်ဝန်းကျင်က လူများကမသိနိုင်သော်လည်း ရှီရန်ကသေချာသိမြင်သည်။
ဝမ်ယုဖေးသည် ရှီရန်၏ရိုက်ကွက်ကို ဖိနှိပ်ထားချင်သည်။
၎င်းက ပထမနဲ့ဒုတိယအမျိုးသမီးခေါင်းဆောင်ကြားအရေးအကြီးဆုံးသောထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။
သူမ၏အရှိန်အဝါကျသွားသည်နှင့် ရုပ်မြင်သံကြားဒရာမာထုတ်လွှင့်ချိန်တွင် သူမသည် ဝမ်ယုဖေးထက် သရုပ်ဆောင်ပိုဆိုးနေပုံပေါ်မည်မှာ သေချာသည်။
ထို့ပြင် ဤသည်မှာ သူမ၏ဒုတိယမြောက်ဇာတ်ဝင်ခန်းဖြစ်သည်။ ဝမ်ယုဖေးဆီမှအလွှမ်းမိုးခံရပြီး အကြိမ်ကြိမ်ရိုက်ကူးရပါကသူမ၏သရုပ်ဆောင်မှုစွမ်းရည်ကို လူအများက သံသယဝင်ကြမည်ဖြစ်သည်။
အတွေးတစ်ခုကသူမ၏စိတ်ထဲဖျတ်ခနဲဝင်လာပြီး သူမကိုယ်သူမ စိတ်စုစည်းလိုက်သည်။
သူမသည် ယုန်ဖြူလေးလိုတုန်လှုပ်ပြီးနှုတ်ခမ်းကိုကိုက်ကာ သရုပ်ဆောင်သည်။
"မမရန်ရုက ဘာလို့ဘာမှမပြောတာလဲ။"
ဝမ်ယုဖေးက ပိုလို့တောင်လှပစွာပြုံးပြပြီး သူမ၏ဘေးပတ်ဝန်းကျင်ရှိအရှိန်အဝါက တဖြည်းဖြည်းခံနိုင်ရည်မရှိနိုင်လောက်အောင်မြင့်တက်လာသည်။
၎င်းကိုမြင်၍ ဒါရိုက်တာလီကသက်ပြင်းတစ်ချက်ချလိုက်သည်။ "ရှီရန်က တက်သစ်စမင်းသမီးအသစ်တစ်ယောက်ဖြစ်နေတုန်းပဲလေ။သူမက ယုဖေးကိုအမှီလိုက်နိုင်မှာ မဟုတ်ဘူး။
"ယုဖေးက သရုပ်ဆောင်တာမှာ အမြဲတမ်း အရည်အချင်းရှိပြီးသား အကောင်းဆုံးမင်းသမီးတစ်ယောက်လည်း ဖြစ်တယ်။ သူမရဲ့ သရုပ်ဆောင်မှုက ရှီရန်နဲ့ ဘယ်လိုလိုက်ဖက်နိုင်မှာလဲ။" လက်ထောက်ဒါရိုက်တာက ထောက်ခံသည်။
"အမှန်ပဲ။ ဒါက NG ထဲရောက်သွားမယ့်ပုံပဲ" လို့ ဒါရိုက်တာက လော်စပီကာကို ကြမ်းပြင်ပေါ်ကနေယူလိုက်ပြီး ရပ်တန့်ခိုင်းတော့မည်ဖြစ်သည်။