ရှီရန်မိတ်ကပ်လိမ်းပြီးပြီးနောက်အဖြူရောင်ဝတ်စုံဝတ်ထားကာ ရိုက်ကွင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူမအနားကဖြတ်သွားသောဝန်ထမ်းများက မချီးမွမ်းဘဲမနေနိုင်ကြပေ။
"သူမက နတ်သမီးနဲ့တူတယ်။"
"သူမရဲ့ မိတ်ကပ်နဲ့ဆံပင်က အရမ်းလှတယ်။"
"သူမက ရုပ်ရည်လှပတယ်လို့ ငါထင်တယ်။ ရှေးခေတ်ဝတ်စုံနဲ့အရမ်းလှနေမယ်ဆိုတာကို ငါမသိခဲ့ဘူး"
ရိုက်ကွင်းနေရာက အစုံအလင်ပြင်ဆင်လုနီးပါးဖြစ်သည်။
ရှီရန်သည် ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဇာတ်ညွှန်းကိုလှန်လိုက်သည်။ သူမ၏မှတ်သားထားသောလက်ရေးသည် နေရာတိုင်းတွင် အနက်ရောင်နှင့်အနီရောင်ရှိသည်။
ယနေ့ ရိုက်ကူးမည့်ပထမဆုံးဇာတ်ကွက်ကဒုတိယအမျိုးသမီးဇာတ်ဆောင်ပိုင်လန်နဲ့ ပထမအမျိုးသားခေါင်းဆောင်ရှောင်ချန်းတို့ ပထမဆုံးတွေ့ဆုံမှု ဖြစ်သည်။
ပိုင်လန်၏ဘဝအလှည့်အပြောင်းဇာတ်ကွက်လည်း ဖြစ်သည်။
ပိုင်လန်သည် ကမ္ဘာ့အကြီးဆုံးအိမ်ကြီးရခိုင် ပုန်းကွယ်နေသောမြူအဖွဲ့၏အကြီးဆုံးသမီးဖြစ်သည်။ သူမသည် ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရသည်။
တစ်ကြိမ်လောက် သူမက ခိုးထွက်ပြီး မယုံသင့်သူကို ယုံကြည်ခဲ့သဖြင့် အခြားသောဂိုဏ်းပေါင်းစုံမှတပည့်အချို့ကြောင့် အပျိုရည်ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။
ရှောင်ချန်းသည် သူမကိုကယ်တင်ရန် ကောင်းကင်မှဆင်းသက်လာသူဖြစ်သည်။
ထိုအချိန်မှစ၍ ပိုင်လန်၏နှလုံးသားတွင် ထိုမြင်ကွင်းကို သေရာပါစွဲမက်သွားသည်။
"အစမ်းလေ့ကျင့်ဖို့ လူတစ်ယောက်လိုသေးလား" ပိုင်ကျင်းထျန်လျှောက်လာသည်။
အနက်ရောင်၀တ်စုံရှည်ကို သူ ဝတ်ဆင်ထားသည်။ သူ့ဆံပင်ကို မြင့်အောင်ချည်ထားပြီး သူ့မျက်ခုံးရှည်များက မိုးမခပင်လိုဖြစ်နေသည်။
လက်ထောက်သည် လိမ္မာပါးနပ်စွာဖြင့် ရှီရန်ဘေးတွင် ထိုင်ခုံတစ်လုံးကိုရွှေ့လိုက်သည်။
ပိုင်ကျင်းထျန်တွင် သူရဲကောင်းတစ်ယောက်၏ထက်မြက်သောကျက်သရေက ဖြာထွက်နေကာ သူ့ဝတ်လုံကို ပင့်ပြီး ထိုင်လိုက်သည်။
သူက ဇာတ်ညွှန်းကို ဖတ်သည်။ "ပထမ ဇာတ်ကွက်က ပိုင်လန် ထိကပါးရိကပါးလုပ်ခံနေရတာ။ ဒါက နည်းနည်းတော့ခက်တယ်။"
"အင်း" ရှီရန် ခေါင်းညိတ်လိုက်သည်။
အပြစ်ကင်းစင်သောမိန်းမပျိုလေးသည် အသရေဖျက်ခံရပြီး သူမ၏စိတ်ခံစားမှုများကို လိမ္မာပါးနပ်စွာ ထိန်းချုပ်ရမည်။
"အဆင်ပြေပါတယ်။ ကျွန်တော် မင်းနဲ့အရင်လေ့ကျင့်ပေးမယ်" ပိုင်ကျင်းထျန်က ညင်သာစွာ ပြုံးလိုက်သည်။
"ကောင်းပါပြီ ကျေးဇူးပါ" ရှီရန်က ပြန်ပြုံးပြသည်။
ဝမ်ယုဖေး၏သီးသန့်အဝတ်လဲခန်း၌
ရှောင်ရှီးက တံခါးကိုတွန်းဖွင့်ပြီး အထဲကိုခုန်ပေါက်ဝင်လာသည်။
"အဲ့လောက်တောင်ပျော်နေတာလား?" ဝမ်ယုဖေးသည် သူမကိုမြင်သောအခါ သဘောကျစွာပြုံးလိုက်သည်။
"မမယုဖေး၊ ခနနေ ရှီရန်ရဲ့ဖျော်ဖြေမှုကို ကြည့်ရအောင်။"
ဝမ်ယုဖေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဘာလို့ ရုတ်တရက် သူမရဲ့သရုပ်ဆောင်တာကို ကြည့်ချင်ရတာလဲ"
"ညီမ စပရိုက်တစ်ခုပြင်ဆင်ထားတယ်။ မမယုဖေး၊ ရှိုးကောင်းကောင်းကို ကြည့်ဖို့ပြင်ဆင်ထားလိုက်တော့" ရှောင်ရှီးက ဆန်းဆန်းပြားပြားပြောသည်။
သူမကို ယခုလိုမြင်လိုက်ရ၍ ဝမ်ယုဖေး၏မျက်လုံးထဲတွင် လေးနက်သောအဓိပ္ပါယ်တစ်ခုပေါ်လာပြီး သူမသည် ညင်သာစွာပြုံးလိုက်သည်။
သူတို့ ရိုက်ကူးရေးနေရာကိုသွားကြသည်။
ရိုက်ကူးရေးနေရာကိုအကုန်ပြင်ဆင်ထားပြီး ဒါရိုက်တာလီသည် မော်နီတာတွင် ထိုင်နေပြီဖြစ်သည်။
အရာအားလုံးက သူ့နေရာတွင်သူရှိနေသည်။
'အက်ရှင်'
ပိုင်လန်နေရာတွင် သရုပ်ဆောင်သောရှီရန်သည် သူမ၏နောက်ကျောကို နံရံတွင်ကပ်ထားသည်။
လူလေးယောက်က သူမကို ဝိုင်းထားစဉ် စိုစွတ်နေသောမျက်လုံးများက ထိတ်လန့်စွာပြူးကျယ်သွားသည်။
ယောက်ျားလေးယောက်က တူညီသောလေ့ကျင့်ရေးအဝတ်အစားကိုဝတ်ထားသည်။
သူတို့သည် ပိုင်လန်ကို မရိုးမသားပြုံးကာဝန်းရံလာကြသည်။
"ဘယ်မိသားစုရဲ့ မိန်းမပျိုလေးက အရမ်းလှနေတာလဲဆိုတာကို ငါသိချင်မိတယ်။" သူတို့ထဲက တစ်ယောက်က စိတ်ပျက်စရာကောင်းစွာ ပြုံးပြီး ပိုင်လန်၏မျက်နှာကို ထိရန်လက်လှမ်းလိုက်သည်။
နူးညံ့သောအထိအတွေ့က သူ့ကို ပို၍မောက်မာစွာ ရယ်မောစေသည်။
ပိုင်လန်၏နူးညံ့သောခန္ဓာကိုယ်သည် တုန်ယင်နေကာ ထိုလှပသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
"ကျေးဇူးပြုပြီး... ကျွန်မကို သွားခွင့်ပေး... ဖေဖေက ရှင်တို့ကိုငွေပေးပါလိမ့်မယ်"
သူမ အသံတုန်တုန်ယင်ယင်ဖြင့် တောင်းပန်လိုက်သည်။
"ရက်ရောတဲ့ဆုလာဘ်က မိန်းမပျိုလေးထက် ဘယ်လိုပိုဆွဲဆောင်မှု ရှိနိုင်မှာလဲ။" ယောက်ျားက ပြောပြီး အဝတ်အစား ချွတ်စပြုလာသည်။
ပိုင်လန်က ထိတ်လန့်သွားပြီး သူမ အော်ဟစ်အကူအညီတောင်းချင်သည်။
မထင်မှတ်ပဲ ထိုယောက်ျားက သူမပါးစပ်ကို အရင်ဖုံးအုပ်လိုက်ပြီး ထိတ်လန့်တကြားနှင့်ကြံရာမရဖြစ်၍မျက်ရည်များစီးကျလာသည်။
လူလေးယောက်က ရှေ့ကိုတိုးလာပြီး ပိုင်လန်၏အင်္ကျီကို သူတို့လက်များနဲ့ ဆွဲနေသည်။ ကင်မရာကနေကြည့်ပါက ထိုလူက ပိုင်လန်၏လည်ပင်းနားဆီသို့ ငုံ့နေပြီဖြစ်သည်။
"မလုပ်နဲ့...မလုပ်နဲ့... ကျေးဇူးပြုပြီး...မလုပ်ပါနဲ့..." ပိုင်လန်ငိုချလိုက်သည်။
ထိုအချိန်တွင် အဝေးနေရာမှသရုပ်ဆောင်သောမင်းသားတစ်ယောက်သည် ရှီရန်၏ရင်ဘတ်ဆီသို့ လက်လှမ်းလိုက်သည်။
နှာဘူးထသောအပြုံးသည် သူ့မျက်လုံးပေါ်တွင် တောက်ပနေသည်။
သူ့လက်ချောင်းက ဝတ်စုံကို မထိနိုင်ခင် သူ့လက်ကောက်ဝတ်ကရုတ်တရက်ဆုပ်ကိုင်ခံလိုက်ရသည်။
နောက်တစ်စက္ကန့်တွင်
"ဂျွပ်-"
"အား"
သရုပ်ဆောင်သည် ဒူးထောက်၍ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။
နာကျင်လွန်း၍ အံကြိတ်လိုက်သည်။ သူ့နဖူးပေါ်မှချွေးစေများ ထွက်လာသည်။
မြင်ကွင်းက ရိုက်ကွင်းရှိလူတိုင်းကို ထိတ်လန့်စေသည်။
"ကတ်" ဒါရိုက်တာလီက အလျင်စလိုအော်လိုက်သည်။
ချက်ချင်းဆိုသလို ဝန်ထမ်းတစ်ယောက်က သရုပ်ဆောင်ကို ကူညီရန်ရောက်လာသည်။
"ဘာဖြစ်တာလဲ?" ဒါရိုက်တာက သူနဲ့အတူလိုက်လာပြီးအုပ်ထားသောလက်ကိုတွေ့၍မေးလိုက်သည်။
သရုပ်ဆောင်က ရှီရန်ကို စိုက်ကြည့်လိုက်သည်။
"ဒါရိုက်တာ၊ ဒီမင်းသမီးကို အဲ့ဒီမေးခွန်းမေးသင့်တယ်။ သူမ ဘာလို့ ရုတ်တရက် ကျွန်တော့်လက်ကောက်ဝတ်ချိုးလိုက်တာလဲ မသိဘူး"
ချိုးလိုက်တာလား?!
အားလုံးက မင်းသား၏လက်ကောက်ဝတ်ကို မြင်၍ ထိတ်လန့်တကြားဖြစ်ပြီး ငြိမ်သက်နေသောရှီရန်ဘက်ကို လှည့်ကြည့်လိုက်သည်။
'ဘုရားရေ။'
ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ။
ကြိုးဖြင့်အဆွဲခံထားရသော ပိုင်ကျင်းထျန်သည် လမ်းလျှောက်လာပြီး ရှီရန်ကို အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
ရှီရန်သည် သရုပ်ဆောင်၏နေရာဆီသို့ မေးစေ့ကို မြှောက်ပြကာ ပြောလိုက်သည်။ "ကျွန်မတို့ ရိုက်ကူးနေရင်း သူက ကျွန်မရင်ဘတ်ကို လာကိုင်ဖို့လုပ်ခဲ့တာလေ။"
ထိုသရုပ်ဆောင်က ရှီရန်ကို တအံ့တသြကြည့်မိသည်။
ရှီရန်က ဤမျှလောက်အထိ တိုက်ရိုက်ပြောလိမ့်မည်လို့ သူ မမျှော်လင့်ထားပေ။
သူမနေရာတွင် တခြားမင်းသမီးဖြစ်ခဲ့ပါက ဗလက္ကာရမှုအဖြစ်သာပြောကြပေမည်။
အချိန်တန်သောအခါတွင် သူသည် အခြားနည်းလမ်းဖြင့်ငြင်းခုံနိုင်သည်။
"-ီး နှာဘူးကောင်။"
"ဒီလူက ကောက်ကျစ်လွန်းတယ်။ အခြေအနေကို အခွင့်ကောင်းယူနေတယ်။"
"သူက တခြားလူတွေကိုအခွင့်ကောင်းယူနိုင်ပေမယ့် ရှီရန်ကို အခွင့်ကောင်းယူဖို့တောင်တကယ်သတ္တိရှိနေတယ်။ ဒီလူကအရင်က ခေတ်စားနေတဲ့ရှာဖွေမှုတွေကို မမြင်ဖူးတဲ့ပုံပဲ"
"အဖွဲ့သားထဲမှာ ဒီလိုကောင်စုတ်မျိုးရှိနေသေးရင် ဘယ်လိုလုပ်ကြမလဲ။"
လူအုပ်ကြီးက ကျိန်ဆဲကြသည်။
သရုပ်ဆောင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။ "မလုပ်ခဲ့ဘူး။ သူမ ကျွန်တော်ကိုမှားစွပ်စွဲနေတာ"
"ကျွန်တော်က အရံတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်အပေါ် ရာဇ၀တ်မှုတစ်ခုကို နာမည်တပ်လို့မရဘူး မဟုတ်လား"
လူတိုင်းက ဝေခွဲမရဖြစ်နေပုံပေါက်သည်ကိုမြင်၍ သူ ချက်ချင်းထပ်လောင်းပြောသည်။ "ပြီးတော့ ဒါက ရိုက်ကွင်းတစ်ခုလေ။ ကျွန်တော်မှာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ရှိတယ်"
သူ စကားပိုပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။ သူသည် မှားယွင်းစွပ်စွဲခံရ၍ငြင်းခုံရန် ကြိုးစားနေပုံပေါ်သည်။
"ငါ ကြည့်ရသလောက် သူကလိမ်နေပုံမပေါ်ဘူး"
"ဒါက တကယ်ကို နားလည်မှုလွဲတာမဖြစ်နိုင်ဘူးမလား"
"ဒီလိုဇာတ်ကွက်မျိုးမှာ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့အနည်းအများတော့ရှိမှာပေါ့။ နားလည်မှုလွဲတာက ပုံမှန်ပါပဲ။"
"ဘယ်လောက်ပဲပုံမှန်ဖြစ်ပါစေ လူတစ်ယောက်ရဲ့လက်ကောက်ကိုတော့ မချိုးသင့်ဘူးမဟုတ်လား။"
"ရက်စက်လိုက်တာ။"
ဝမ်ယုဖေးနှင့်သူမ၏လက်ထောက်တို့သည် အဝေးတွင်ရပ်၍ ထိုမြင်ကွင်းကိုကြည့်ကြသည်။
"အဲ့ဒီမင်းသားကို ဒီလိုလုပ်ဖို့စီစဉ်ထားခဲ့တာလား။" ဝမ်ယုဖေးက ဘဝင်ခိုက်စွာပြုံးနေသောရှောင်ရှီးကိုကြည့်လိုက်သည်။
ရှောင်ရှီးသည် ၎င်းအတွက် အမှတ်ယူနေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာပေါ့။ ပထမဆုံးဇာတ်ဝင်ခန်းက စော်ကားခံရတဲ့ ရိုက်ကွက်တစ်ခုလို့ သတင်းကြားခဲ့လို့ ဒီအရံကို ရှာခဲ့တာ"
"အစက အဲဒီလူ ရှီရန်ကိုထိပြီး သူမပြောရမယ့်စကားတွေကို မေ့သွားအောင်လုပ်ဖို့ စိတ်ကူးထားတာ။ သူမ ဒီလောက်မြန်မြန်ဆန်ဆန်တုံ့ပြန်ဖို့ မမျှော်လင့်ထားဘူး။"
ဝမ်ယုဖေးက ညင်သာစွာပြုံးလိုက်သည်။ "သူမရဲ့ တုံ့ပြန်မှုက မြန်ပေမယ့်ရက်စက်တယ်။ ဒါက ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။"
"မှန်တာပေါ့။ ဒါက ပိုတောင်ကောင်းသေးတယ်။ ညီမတို့မှာ အသုံးပြုလို့ရတဲ့အကြောင်းအရာတွေ ပိုများလာတာပေါ့။"
ရှောင်ရှီးစကားပြောနေစဉ် သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရိုက်ကူးသည့် လုပ်ဆောင်ချက်ကို ဖွင့်ကာ ရှီရန်ဆီသို့ ချိန်ရွယ်လိုက်သည်။
မင်းသားက အတောမသတ်နိုင်သေးပေ။ သူက ရှီရန်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။ "ငါက အရံတစ်ယောက်မို့ အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်းထင်နေတာလား"
"ငါသရုပ်ဆောင်နေတာ နှစ်အတော်ကြာပြီ။ တကယ်လို့ ငါက မင်းပြောသလိုနှာဘူးကောင်သာဆိုရင် ငါ ဒီမှာရှိနေနိုင်အုံးမှာလား။ ဒါရိုက်တာက ငါ့ကို ရွေးခဲ့မှာတောင်မဟုတ်ဘူး။"
နားထောင်နေစဉ် ဒါရိုက်တာလီ မျက်မှောင်ကြုတ်ခြင်းကပိုနက်နဲလာသည်။ ရှီရန်ဘက်သို့ လှည့်လိုက်သည်။ "ရှီရန် အတွေးလွန်သွားတာများလား။"
ရှီရန်၏နှုတ်ခမ်းသည် အေးစက်စွာ ကွေးတက်သွားချိန်တွင် သူမ၏မျက်လုံးများတွင် ပြင်းထန်သောအရိပ်တစ်ခု လင်းလက်သွားသည်။
"ကျွန်မက ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်။ သူက ဝန်ခံမှာမဟုတ်တဲ့အတွက် ရိုက်ကူးထားတာကို ပြန်ကြည့်လို့ရတယ်။"
သရုပ်ဆောင်ကလည်း ကြောက်မနေပေ။ "အိုကေလေ၊ ပြန်ကြည့်ကြည့်။ ငါ ဘာကိုမှ မကြောက်ဘူး"
ကင်မရာကို မည်ကဲ့သို့ရှောင်ရှားရမလဲဆိုသည်ကို သူသိနိုင်လောက်သည်အထိ နှစ်ပေါင်းများစွာကြာအောင် သူ သရုပ်ဆောင်ခဲ့သည်။
'ရှီရန်က ဒီနေ့ ဘာမှမတွေ့နိုင်ဘူးလို့တောင်ထင်မိမှာမဟုတ်ဘူး။'
၎င်းကိုတွေးပြီး သူက ကျယ်လောင်စွာဆက်ပြောသည် "မင်းကို ငါအခွင့်ကောင်းယူနေတာကို ကင်မရာက မရိုက်မိဘူးဆိုရင် ငါ့ရဲ့ ဆေးဖိုးတွေကို မင်း ပေးဆောင်ပြီးလူသိရှင်ကြား တောင်းပန်ရမယ်"
"အိုကေ" ရှီရန်သည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ "တကယ်လို့ သက်သေအထောက်အထားတွေ့ရင်ကော ဘယ်လိုလုပ်မှာလဲ"
မင်းသားက “တွေ့ရင် ငါ ဒူးထောက်ပြီး တောင်းပန်မယ်” လို့ ကတိပြုသည်။
"ကောင်းပြီ၊ ပြန်ဖွင့်ကြည့်ရအောင်။" ဒါရိုက်တာလီက သူ့နဖူးကို ကူကယ်ရာမဲ့ ပွတ်လိုက်သည်။
ထိုအဖွဲ့သည် မော်နီတာဆီသို့ ဦးတည်သွားသည်။