၉၀
Viewers 9k

ပိုင်ကျင်းထျန် Weibo ၌ပို့စ်တင်ပြီးနောက် လူအားလုံး၏စိတ်ခံစားမှုက တဖြည်းဖြည်းငြိမ်သက်သွားပြီး စိတ်မလှုပ်ရှားကြ​တော့ပေ။

သို့သော်လည်း အချိန်အတော်ကြာခေတ်စားနေသော ရှာဖွေမှုများတွင်ရှိခဲ့သောကုံးကျင်လိန်သည် ထိုအချိန်တွင်ပို့စ်တင်ခဲ့သည်။

ကုံးကျင်လိန်- အခုမှပြန်ဖြေမိလို့ဆောရီးပါနော်။ ဒီကိစ္စကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ ဖြောင့်မတ်တဲ့သူက ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာတင်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဗီဒီယိုကတကယ့်အစစ်အမှန်လို့ပဲ ကျွန်မပြောချင်ပါတယ်။

ကုံးကျင်လိန်က စကားလုံးအနည်းငယ်သာပို့စ်တင်ခဲ့လည်း နဂိုကတည်ငြိမ်နေပြီဖြစ်သောအင်တာနက်သုံးစွဲသူက ပြန်ထကြွလာသည်။

[ဒီဓာတ်ပုံက ရှီရန် ဘယ်သူ့ကိုမှဒူးထောက်ခိုင်းတာမဟုတ်ကြောင်းဘဲ သက်သေပြနေတယ်။ တစ်ယောက်​ယောက်ကို ရိုက်နှက်တာက​ကော။ အမှန်ပဲ မဟုတ်လား။]

[ဥပဒေ မရှိတော့ဘူးလား။ သူမ တကယ့်ဘုရင်မလို့ထင်နေတာလား??]

[ပါဝင်ပတ်သက်သူက အခြေအနေကိုရှင်းပြထားပြီး ပိုင်ကျင်းထျန်က ဓာတ်ပုံကိုဘဲ ရှင်းလင်းပေးခဲ့တယ်။ ဗီဒီယိုက အမှန်တကယ်ဖြစ်တယ်လို့ ဆိုလိုတာလား။]

[စတူဒီယိုက ရိုက်ကူး​ရေးအဖွဲ့သားနဲ့သရုပ်ဆောင်တွေ သက်သေပြနိုင်တယ်လို့ ပြောခဲ့တယ်။ သူတို့ဘယ်မှာလဲ။ ဘယ်မှာလဲ???]

[သူတို့က လက်လွတ်စပယ်စကား​ပြော​နေကြတယ်။]

[အဲ့ချိန်က ကုံးကျင်လိန်အရမ်းထိတ်လန့်သွားပြီး သူမမျက်နှာတောင် ဖြူဖျော့သွားခဲ့တယ်။ ပြီး​​တော့ ရှီရန်က ဓါတ်ဘူးကို ပစ်လိုက်တဲ့အချိန်တုံးက သူမမျက်နှာပေါ်ကပါးရိုက်ခံထားရတဲ့အမှတ်အသားတစ်ခု ရှိနေသေးတယ်။]

[ဒီဗီဒီယိုကို ဘယ်သူမှမတင်မိရင် ဘယ်သူမှသိမှာမဟုတ်ဘူးလို့ ဆိုလိုတာလား။]

[ထုတ်လုပ်ရေးအဖွဲ့က ရှီရန်ကို စွန့်ပစ်ခဲ့တာဖြစ်နေမလား။]

[ပေးစား​နေတဲ့ပရိသတ်တွေ နင်တို့အားပေးနေတဲ့သူ​တွေကို သေချာကြည့်ကြဦး။]

အင်တာနက်အသုံးပြုသူက သဘာဝကျ​သောဒေါသနဲ့ ပြည့်နှက်နေသည်။ သူတို့အားလုံးသည် ဖြောင့်မတ်သူများအဖြစ်သို့ပြောင်းလဲသွားပုံရပြီး ရှီရန်ကို ဆက်လက်ဝေဖန်ခဲ့ကြသည်။

နာရီဝက်တောင်မပြည့်မီ ရှီရန်၏Weibo သည် ပလူပျံနေပြီဖြစ်သည်။သူမ၏ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်ကို အင်တာနက်သုံးစွဲသူအများအပြားက မေးခွန်းများတရစပ်ပို့ကြသည်။

ဝမ်ယု​ဖေးကျေနပ်စွာ ပြုံးလိုက်သည်။

ထိုအချိန်တွင် ရှောင်ရှီးသည် ဘဝင်တက်​နေသောအမူအရာဖြင့် ဝင်လာသည်။ "မစ္စကုံးက ဒီလောက်တောင် ဥာဏ်​​ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ညီမတို့ပို့လိုက်တဲ့ ဓာတ်ပုံတွေက အသုံးမဝင်သလိုဖြစ်သွားမယ်လို့ထင်ခဲ့တာ။ ဗီဒီယိုတစ်ခုရှိသေးတယ်ဆိုတာကိုညီမ မေ့လုနီးပါးပဲ။"

သူမသည် ဝမ်ယုဖေး၏နံဘေးသို့ ပျော်ရွှင်စွာ လျှောက်သွားသည်။ "မမယု​ဖေးက ဉာဏ်ကောင်းတယ်။ ညီမ ဗီဒီယိုကို ဖျက်မလိုလုပ်ပြီးဓာတ်ပုံတွေအသုံးပြုဖို့ မမျှော်လင့်ထားခဲ့မိဘူး။"

"ရှီရန်က အခုအချိန်မှာ အ​တော်​​ဖြေရှင်းရမှာ။ အစ်ကိုဖုန်းက သူမရဲ့ထိပ်တန်းမန်နေဂျာအဖြစ်နဲ့တောင် သူမကို မကူညီနိုင်ဘူး"

"အဖေက ဘာပြောလိုက်တာလဲ" ဝမ်ယု​ဖေးက မေးသည်။

"CEO က ထုတ်လုပ်ရေးအဖွဲ့ကအားလုံးကို စကားမပြောဖို့အမိန့်ထုတ်ထားပြီးသား။ ရုပ်ရှင်မင်းသားပိုင်က အဝတ်လဲခန်းအကြောင်းစုံကိုမသိဘူး။ သူ သူမကိုယုံရင်တောင် သူမကို ကူညီမပေးနိုင်ဘူး"

ရှောင်ရှီးက ဘဝင်တက်သွားသည်။ သူမသည် ဝမ်ယု​ဖေး၏နောက်သို့လျှောက်သွားပြီး သူမ၏ပခုံးများကို နှိပ်နယ်လိုက်သည်။ "တတိယသခင်​လေးက ခေတ်စားနေတဲ့အကြောင်းအရာကို မြင်ပြီး ရှီရန်က ဒီလိုလူမှန်းသိရင် သူ သူမကို မုန်းသွားမှာ သေချာတယ်"

ဝမ်ယု​ဖေးမျက်လုံးများ တစ်ဖျပ်ဖျပ်လုပ်သွားသည်။ "ကျင်းချန်း အမုန်းဆုံးအရာက တစ်စုံတစ်ယောက်က အခြားသူတွေဆီက​နေအခွင့်ကောင်းယူပြီး သူလိုချင်သမျှကိုလုပ်ယူနေတာကိုပဲ။ ခေတ်စားနေသောရှာဖွေမှုကို မဖတ်ဖြစ်​လောက်​အောင်အထိ သူ အရမ်းအလုပ်ရှုပ်နေမှာ။"

"တတိယသခင်​လေးက အဲဒါကိုဖတ်ဖို့ အချိန်မရှိဘူး။ မမယု​ဖေး၊ သူ့ကိုဖုန်းခေါ်ပြီး ဖတ်ခိုင်းလိုက်ပါလား" ရှောင်ရှီးက စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။

ဝမ်ယု​ဖေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီးခဏလောက် တုံ့ဆိုင်းသွားပြီး​နောက် ပြုံးလိုက်သည်။ "အမှန်ပဲ၊ သူက ရှီရန်အတွက် အတော်လေး စိတ်ပူနေသင့်တယ်။"

သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချူးကျင်းချန်း၏နံပါတ်ကို နှိပ်လိုက်သည်။

"ဟဲလို မစ္စဝမ်။ တတိယသခင်​လေးက အစည်းအဝေးအခန်းထဲမှာပါ။" လက်ထောက်စန်းယုက ဖုန်းဖြေသည်။

"စန်းယု အ​ကြောင်းကိစ္စကဒီလိုပါ။  ရှီရန်အကြောင်းအင်တာနက်မှာခေတ်စားနေတဲ့ ခေါင်းစဉ်တစ်ခု ရှိတယ်။ သူမက သူတပါးကို အနိုင်ကျင့်တတ်တဲ့လူအဖြစ်  သမုတ်ခံ​နေရတယ်။ အခု အဖေက သူ့ကိုဒုတိယအမျိုးသမီး ဇာတ်ဆောင်က​နေ ဖယ်ရှားပစ်ချင်နေတာ။"

ဝမ်ယု​ဖေးက ခေတ္တရပ်လိုက်ပြီး ထိန်းပြောလိုက်သည်။ "ကျင်းချန်းက သူမကိုဂရုစိုက်တယ်ဆိုတာ ယု​ဖေးသိတယ်။ ဒါကြောင့် သူ့ကို ကိုယ်တိုင်ပြောပြချင်လို့ပါ"

"ကောင်းပါပြီ မစ္စဝမ်"

ဖုန်းချပြီးနောက် ရှောင်ရှီးက ယုံကြည်မှုအပြည့်နဲ့ပြုံးလိုက်သည်။

"တတိယသခင်​လေး ခေတ်စားနေတဲ့ အကြောင်းအရာကိုမြင်တဲ့အခါ သူ သူမကို မုန်းသွားမှာ သေချာတယ်။ သူမကို နောက်တစ်ကြိမ် ရိုက်ကွင်းမှာ ညီမတို့ထပ်တွေ့ရမှာမဟုတ်တော့ဘူး။ ဘယ်လောက်ကောင်းလိုက်သလဲ"

"အင်း" ဝမ်ယု​ဖေးသည် ချူးကျင်းချန်းကို တွေးပြီး ရှက်ပြုံးလေးပြုံးလိုက်သည်။

KT အဖွဲ့

စန်းယုက စိတ်အ​နှောင့်အယှက်ဖြစ်စွာသက်ပြင်းချကာ ဖုန်းချလိုက်သည်။

မစ္စဝမ်သည် အလွန်နှိမ့်ချလွန်းသည်။

သူမ၏ခင်ပွန်း​လောင်းကိုတောင် တခြားမိန်းမအား ဂရုစိုက်ခွင့်ပေးသည်။

လက်ထောက်တစ်ဦးအနေဖြင့် သူသိသော်လည်း တတိယသခင်​လေး၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် သူ့တွင်မရှိပေ။

သို့သော်လည်း နားလည်မှုရှိသောမစ္စဝမ်သည် မစ္စရှီထက် တတိယသခင်​လေးအတွက် ပိုသင့်လျော်သည်ဟု သူခံစားရသည်။

အစည်းအဝေးပြီးသွားသောအခါ လူတိုင်းအစည်းအဝေးခန်းထဲက ထွက်လာသည်။

ချူးကျင်းချန်းသည် အခန်းထဲ၌ရှိနေဆဲဖြစ်သည်။

စန်းယုက ဝင်လာသည်။ "တတိယသခင်​လေး၊ မစ္စဝမ် ဖုန်းခေါ်ခဲ့ပါတယ်"

ချူးကျင်းချန်းသည် စိတ်မဝင်စားဘဲ ပျင်းရိစွာ တုံ့ပြန်သည်။

"ဒါက မစ္စရှီနဲ့သက်ဆိုင်နေပါတယ်။"

ချူးကျင်းချန်း မျက်ခုံးပင့်လိုက်သည်။ "ဘာအ​ကြောင်းလဲ?"

စန်းယု၏ပါးစပ် တွန့်သွားသည်။

မစ္စရှီအတွက် တတိယသခင်​လေး၏ဆက်ဆံမှုသည် မစ္စဝမ်အ​ပေါ်ဆက်ဆံပုံနှင့် အလွန်ကွာခြားနေသည်။

"မစ္စရှီက ခေတ်စားနေတဲ့ရှာဖွေမှုမှာရှိနေပါတယ်။ ဒါက ခေတ်စားနေတဲ့ရှာဖွေမှုရဲ့အကြောင်းအရာတွေ​ပါ။" သူစကားပြောနေစဉ် စန်းယုသည် သူ့လက်ထဲတွင်ရှိသော တက်ဘလက်ကို ချူးကျင်းချန်းအား ပေးလိုက်သည်။

ချူးကျင်းချန်း၏ကျောက်စိမ်းနှင့်တူသော လက်ချောင်းထိပ်များသည် ဖန်သားပြင်ပေါ်တွင် ပွတ်တိုက်သွားသည်။သူ ပိုကြည့်လေလေ သူ့အမူအရာက ပိုမဲ​မှောင်လာလေလေဖြစ်သည်။

"နှာဘူး​ကောင်လား?" အပြုံးတစ်ခုက သူ့နှုတ်ခမ်း၌​ပေါ်လာသော်လည်း သူ့မျက်လုံးများက အေးစက်နေသည်။ “ဒီလူကို ငါ မြို့တော်မှာ ထပ်မမြင်ချင်ဘူး။"

“ကောင်းပါပြီ” စန်းယုက ပြောသည်။ သူ စကားဆက်ပြောတော့မည်ဖြစ်သည်။

"ပြီးတော့ သူ့ကို သင်ခန်းစာပေးဖို့လူရှာလိုက်။ ဒီလိုအညစ်အကြေးကောင်တွေက မရေမတွက်နိုင်လောက်​တဲ့အထိလူတွေကို ထိခိုက်စေနှင့်ပြီးသား။"

"ဟုတ်ကဲ့။"

"ဒီ ပိုင်ကျင်းထျန်..." ချူးကျင်းချန်းသည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ပိုင်ကျင်းထျန် မက်ဆေ့ချ်၏အကြောင်းအရာကို အ​သေးစိတ်ဖတ်လိုက်သည်။

စန်းယု စိတ်တင်းကျပ်လာသည်။

တတိယမြောက်သခင်​လေးက မစ္စရှီဘက်က​နေ​ရပ်တည်​ပေးတဲ့သူကို​တော့ လက်မလွှတ်သင့်ဘူးမလား။

"မေ့လိုက်တော့။ ဒါက ကောင်းတဲ့အရာပဲ" ချူးကျင်းချန်းက အေးဆေးတည်ငြိမ်စွာပြောသည်။

စန်းယုက ဘာမှမပြောပေ။

ကောင်းတယ်ဆိုရင် သူဘာလို့ ဒီလောက် ဝန်လေးနေတဲ့ပုံ​ပေါ်​နေတာလဲ???

စန်းယုက စကားတခွန်းမှ မပြောရဲသေးပေ။

"မစ္စဝမ်က ဖုန်းဆက်လာပါတယ်။ အဲဒီအချိန်မှာ တတိယသခင်​လေး အစည်းအဝေးတက်နေတုန်းပါ။ ရေပန်းစားနေတဲ့ အကြောင်းအရာကြောင့် CEOဝမ်က မစ္စရှီရဲ့အပြုအမူက မကောင်းဘူးလို့ ဆုံးဖြတ်ပြီး ထုတ်လုပ်ရေးအဖွဲ့ကနေတစ်ဆင့် ထုတ်ဖို့စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။"

စန်းယုပြောပြီးသည်နဲ့ ချူးကျင်းချန်းက ကုံးကျင်လိန်၏Weibo ပို့စ်နဲ့၎င်းအောက်ကမှတ်ချက်များကို တွေ့လိုက်ရသည်။

စန်းယုဆီသို့ လက်လှမ်းလိုက်သောအခါတွင် စူးရှသောအလင်းတန်းတစ်ခုကသူ့မျက်လုံးထဲတွင် တောက်ပလာသည်။ "ဆဲလ်ဖုန်း"

ဖုန်းကိုယူကာ ဂျီဝမ်ဖုန်း၏နံပါတ်ကို နှိပ်လိုက်သည်။

"တတိယသခင်​လေး?" ဂျီဝမ်ဖုန်း အံ့ဩသွားသည်။

"မင်း ဘယ်မှာလဲ?"

"ငါ အခု စတားမြို့ရဲ့ရုံးခန်းမှာ ရောက်နေပြီ။"

ဂျီဝမ်ဖုန်း စကားပြောပြီးသည်နှင့် ချူးကျင်းချန်းသည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

"ကားကိုပြင်လိုက်​တော့။ စတားမြို့​တော်ဖျော်​ဖြေ​ရေးကိုသွားမယ်။"

ကြောက်စဖွယ်ကောင်းစွာ သူ ပြုံးပြီး အပြင်သို့ ထွက်လာသည်။

စန်းယုက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

တတိယသခင်​လေးက မစ္စရှီကို ပိုဂရုစိုက်ပုံပဲ။

သူ့နောက်ကို သူ အမြန်လိုက်သွားသည်။

စတားမြို့​တော်ဖျော်​ဖြေ​ရေး

ဂျီဝမ်ဖုန်းမှင်တက်စွာ ဖုန်းချလိုက်သည်။

'ဒါဆို တတိယသခင်လေးက ငါ့ကို ဘာလို့ဖုန်းခေါ်တာလဲ။'

ရှီရန်အကြောင်း သူမေးချင်မယ်လို့ ငါထင်ခဲ့ပေမဲ့ သူ မ​မေးခဲ့ဘူး။

သူ့စိတ်ထဲက ခန့်မှန်းချက်များကို ဖယ်ရှားလိုက်ပြီး ရှီရန်ကိုကြည့်လိုက်သည်။"အခုတော့ ကုံးကျင်လိန်က သနားစရာကောင်းသလိုသရုပ်​ဆောင်နေ​တော့ အင်တာနက်သုံးစွဲသူတွေက မင်းကို ပစ်မှတ်ထားနေကြတာ။"

"အဲ့ဒါထက်​တောင်ပိုသေးတယ်​" ဖန်တုံတုံက ဖုန်းကို ကြည့်ပြီး ဒေါသတကြီးနဲ့ပြောသည်။ "အဲဒီလူတွေက ညီမတို့ကို သီးသန့်မက်ဆေ့ချ်ကနေတောင် လာကြိမ်းမောင်းနေတယ်။ တခုထက်တစ်ခု ပိုပိုဆိုးလာတယ်"

“ဒီကိစ္စက မဖြေရှင်းရင် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ရှိုးပွဲတွေမှာတည်​ဆောက်ထားတဲ့ပုံရိပ်ကောင်းတွေ ပျောက်ကွယ်သွားလိမ့်မယ်။ အရင်တုန်းကအ​ခြေအ​နေကိုပြန်​ရောက်သွားတာမဟုတ်တော့ဘူး။ အရင်ကအခြေအနေ ပိုဆိုးသွားရုံပဲဖြစ်လာလိမ့်မယ်။"

ဂျီဝမ်ဖုန်းက လေးနက်​နေ​သောအမူအရာဖြင့်​ပြောသည်။ "အခု နည်းလမ်းနှစ်ခုပဲရှိတော့တယ်။ တစ်ခုက မင်းအတွက်ကူရှင်းပြဖို့ထုတ်လုပ်ရေးအဖွဲ့ကတစ်ယောက်ယောက်ကို ရှာရမယ်။ ဒါပေမယ့် ဒါက အလုပ်ဖြစ်မှာမဟုတ်တာ​သေချာတယ်။"

"ဒါဆို ဒုတိယနည်းလမ်းပဲ ကျန်​​တော့တယ်။ အဲဒါကို မှတ်တမ်းတင်ထားတဲ့သူကိုရှာရမယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဒီဟာကို မှတ်တမ်းတင်တဲ့သူက ကုံးကျင်လိန်ဘက်ကလူဆိုရင် ငါတို့က ဘာမှလုပ်မရတဲ့အနေအထားရောက်သွားလိမ့်မယ်။"

'နောက်ထပ် ငါတို့ဘာလုပ်နိုင်မလဲ စဥ်းစားကြည့်ဦးမယ်'

ဂျီဝမ်ဖုန်းက သူ့စိတ်ကိုအလုပ်ပေးပြီးသူ့နားထင်ကို ပွတ်လိုက်သည်။

တစ်စုံတစ်ယောက်က ဒီကိစ္စကို မှတ်တမ်းတင်ထားပြီးသား ကုံးကျင်လိန်က ငါတို့အ​သေးစိတ်ရှင်းမပြခင်မှာ သနားစရာကောင်းတဲ့အပြုအမူတွေ လုပ်ခဲ့တယ်။

ငါတို့ရှင်းပြချင်တာမှန်သမျှက အားနည်းသွားပုံပေါ်​နေမှာဘဲ

"တကယ်တော့ အကောင်းဆုံးနည်းလမ်းက တိပ်ခွေကို ရှာဖို့ပဲ" လို့ ဂျီဝမ်ဖုန်းကပြောသည်။ "ဒါပေမယ့် ဒါက အခက်ခဲဆုံးနည်းလမ်းပဲ။ ဒါကို ဘယ်သူကမှတ်တမ်းတင်ခဲ့တယ်ဆိုတာ ငါတို့ မသိဘူး။"

"ကျွန်မ သိတယ်" ရှီရန်ပြုံးပြရင်း ပြောလိုက်သည်။