အပိုင်း ၂၁၅ (Demon Sect Leader 17 - Extra )
Viewers 43k

ယန်ကျင်းဇီသည် ယန်ရှိူ့ကို သူတို့အိမ်ထဲသို့ ခေါ်လာခဲ့သည်။ အပြင်တွင် အတွင်းဒဏ်ရာများ ရရှိထားသော ကျူးလျန်ယင်းသည် မျက်နှာရှုံ့မဲ့ကာ ပင့်သက်ရှိုက်လိုက်သည် : “ နာလိုက်တာ! ကျိချင်း၊ သူ ငါ့ကို ကန်တာ အားအရမ်းပြင်းတယ်! ”


သူ သူ့ချစ်သူရဲ့ နှစ်သိမ့်ပေးမှုကို လိုတယ်!


ကျူးလျန်ယင်း၏ အစောပိုင်းနှစ်များ၌ သူ့မိသားစုမှာ နတ်ဆိုးဂိုဏ်းကြောင့် ပျက်စီးသွားခဲ့သော်ငြား သူသည် ထိုအချိန်မှစ၍ ချောမွေ့စွာ ခရီးဆက်နေခဲ့သည်။ သူ လုပ်ချင်သည့် အရာတိုင်းကို သူက အမြဲတမ်း အောင်မြင်စွာ လုပ်နိုင်သည်။


သူ ယန်ကျင်းဇီကို မတွေ့မီအထိသာပင်။


သူသည် ဤနတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ခြေရင်းတွင် လဲကျခဲ့ပြီး ထိုအချိန်မှစ၍ ပြန်လည်ကောင်းမွန်လာရန် ကြိုးစားနေခဲ့သည်။ သို့သော်... သူ့သိုင်းပညာ တိုးတက်လာပြီဟု သူ ခံစားရပြီး ယန်ကျင်းဇီကို လာရှာသည့် အကြိမ်တိုင်းတွင် သူသည် ယန်ကျင်းဇီက ပို၍ပင် တိုးတက်လာသည်ကို ရှာတွေ့ခဲ့ရသည်။


ဒါပေမယ့် သူ ယန်ကျင်းဇီဆီကို လာဖို့ မရမက အားထုတ်နေဆဲပဲ!


မဟုတ်ရင် သူ့မှာ ကြိုးပမ်းရမယ့် ပန်းတိုင် မရှိဖြစ်သွားလိမ့်မယ်!


ထို့အပြင် လက်ဝဲရံက မကောင်းမှုများကို ပြုလုပ်ခဲ့သည်ဖြစ်စေ၊ မပြုလုပ်ခဲ့သည်ဖြစ်စေ အရေးမကြီးဘဲ သူဟာ သူ၏ ကယ်တင်ရှင် အမြဲဖြစ်နေလိမ့်မည်ပင်။ လက်ဝဲရံက ယန်ကျင်းဇီ၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။ သူသည် လက်စားချေရန်အတွက် အနည်းဆုံးတော့ ယန်ကျင်းဇီကို အနိုင်ယူသင့်သည်။


“ ပြော... မင်း သူ့ကို မနိုင်နိုင်မှန်း သိရက်နဲ့ ဘာလို့များ မင်းက လာချင်နေရသေးတာလဲ? ” လျိုကျိချင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။


“ ငါ ငါ့ဘဝမှာ သူ့ကို အနိုင်မယူနိုင်ဘူးဆိုတာကို ငါ မယုံနိုင်ရုံပါပဲ! ” ကျူးလျန်ယင်းက ဆိုသည်။  


လျိုကျိချင်း : “ ... ” မင်း မယုံဘူး၊ ငါ ယုံတယ်!


လျိုကျိချင်းသည် ဖမ်းဆီးခံခဲ့ရစဉ် နတ်ဆိုးဂိုဏ်းခေါင်းဆောင်က သူ့ကို တကယ် ကြိုက်သည်ဟု ထင်ခဲ့ပြီး သူက အရှုံးပေးမည့်အစား အသေသာ ခံလိုက်မည်ဟု ပြုမူခဲ့သည်။ နောက်ပိုင်းတွင် ထိုလူက သူ့ကို မကြိုက်မှန်း သူ သိလိုက်ရသည်။ 


ဤကိစ္စကို သူ ပထမဆုံး ကြားသိရသောအခါ သူ မယုံကြည်နိုင်ခဲ့ပေ။ သို့သော် ဂရုတစိုက် စဉ်းစားပြီးသည့်နောက်တွင်တော့ သူသည် ဤသည်မှာ အမှန်တကယ်ပင် ထိုသို့ဖြစ်ကြောင်း ထင်မိသည်။  


တခြားကိစ္စများထက် နတ်ဆိုးဂိုဏ်းခေါင်းဆောင်က သူ့ကို ဖမ်းပြီးနောက် “မင်းက ငါ့အာရုံကို ဆွဲဆောင်တာ အောင်မြင်ခဲ့တယ်” ၊ “မင်း အော်ဟစ်ပြီး လည်ပင်းကွဲသွားရင်တောင်မှ ဘယ်သူကမှ မင်းကို လာကယ်မှာမဟုတ်ဘူး” အစရှိသော နားထောင်ဖို့ပင် အလွန်ရှက်စရာကောင်းသည့် စကားတချို့ကို ပြောခဲ့သည်။ အတိုချုပ်ရသော် ထိုအချိန်မှ နတ်ဆိုးဂိုဏ်းခေါင်းဆောင်က ဤနှစ်များတလျှောက် သူ ပြောဆိုဆက်သွယ်ဖူးသည့် နတ်ဆိုးဂိုဏ်းခေါင်းဆောင်နှင့် လုံးဝဥဿုံ ကွာခြားသည်။


ထို့ကြောင့်... အစပိုင်း၌ ဤလူဟာ သရုပ်ဆောင်နေခဲ့ခြင်း အမှန်တကယ် ဖြစ်လောက်သည်။


ဤသည်ကို သဘောပေါက်ပြီးနောက် သူသည် ဤလူကို ထပ်မမြင်ချင်တော့သော်လည်း သူ့လက်တွဲဖော် ကျူးလျန်ယင်းက အမြဲလက်ဦးမှုယူပြီး ယန်ကျင်းဇီကို သွားရှာကာ တိုက်ခိုက်ရန် တောင်းဆိုနေသည်။


ကျူးလျန်ယင်း ထိခိုက်ဒဏ်ရာရမည်ကို သူ ကြောက်သဖြင့် သူသည် နောက်မှသာ လိုက်သွားနိုင်သည်။


တကယ် ရှက်ဖို့ကောင်းတယ်!


“ ငါ ငါ့ဘဝမှာ သူ့ကို အနိုင်မယူနိုင်ဘူးဆိုတာကို ငါ မယုံကြည်ဘူး။ ငါ နောက်တစ်ခေါက် အပြင်ထွက်ဦးမယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ငါ မတော်တဆ ပင်လယ်ထဲကို ပြုတ်ကျပြီး ကျွန်းငယ်လေးတစ်ခုမှာ သွားသောင်တင်တာ၊ သိုင်းကျမ်းတိုတစ်ခု ရခဲ့တယ်။ နောက်တစ်ခေါက်ကျ ငါ တစ်နေရာရာမှာ ထပ်ရနိုင်လောက်တယ်။ ” ကျူးလျန်ယင်းက ပြောလေသည်။


လျိုကျိချင်း : “ ... ” ကျူးလျန်ယင်း၏ ကံမှာ တကယ်ပင် အလွန်ကောင်းသည်။ ဤအခိုက်အတန့်၌... အမှန်တကယ်ပဲ သူ ကျူးလျန်ယင်းကို အနည်းငယ် ရိုက်ချင်သည်။


တကယ်တော့ တိုက်ခိုက်စရာမလိုချေ။ ကျူးလျန်ယင်းမှာ အရမ်းကောင်းတဲ့ ကံ ရှိပေမယ့် ယန်ကျင်းဇီကို အနိုင်မတိုက်‌နိုင်တုန်းပဲ၊ ဟုတ်တယ်မလား?


“ သွားရအောင်။ အနားယူဖို့ နေရာရှာကြမယ်။ ” ကျူးလျန်ယင်းက ထပ်ပြောပြန်သည်။ စကားပြောပြီးနောက် သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားကာ မလှမ်းမကမ်းရှိ ထောင့်ချိုးသို့ လှမ်းကြည့်လိုက်သည် : “ အဲ့မှာ ဘယ်သူလဲ? ”


ဒီထောင့်နားမှာ လူရှိနေတယ်!


ယခင်က လျိုကျိချင်း၏ အတွေးအားလုံးမှာ ကျူးလျန်ယင်းအပေါ်တွင်သာ ရှိခဲ့ပြီး သူသည် သူ့ပတ်ဝန်းကျင်ကို အာရုံမစိုက်ခဲ့ပေ။ ယခု ကျူးလျန်ယင်းက ထိုသို့ပြောသောအခါ သူသည် သူတို့အနားတွင် ပုန်းနေသော လူများ ရှိနေသည်ကို သဘောပေါက်သွားသည်။ သူသည် လူဖမ်းရန် ထိုနေရာသို့ ချက်ချင်း အမြန်ပြေးသွားခဲ့သည်။


ဒီလူတွေက အမှောင်ထဲမှာ ခိုးကြောင်ခိုးဝှက် ပုန်းနေပြီး ဘာလုပ်ချင်တာလဲ?


ရလဒ်ကမူ လျိုကျိချင်းသည် ထိုလူများထံသို့ ရောက်ရှိပြီး သူနှင့် ရုပ်ဆင်သော မိန်းကလေးက ခေါင်းမော့ကာ သူ့ကို ရှက်ရွံ့စွာ ကြည့်လာသည်ကို တွေ့လိုက်ရသည် : “ ဦးလေး... ”


မိန်းကလေးမှာ သူ့တူမ ဖြစ်ပြီး ဤမိန်းကလေးအပြင် ဤနေရာတွင် ရှိနေသည့် ထူးချွန်ထက်မြက်သော သိုင်းသမားငယ် အများအပြားကလည်း သူ့ကို ရှက်ရွံ့စွာ ကြည့်နေကြသည်။


လျိုကျိချင်း : “ ... ”


နောက်မှလိုက်လာသော ကျူးလျန်ယင်း : “ ... ”


အကြီးအကျယ် မျက်နှာပျက်ပြီ!


ယန်ကျင်းဇီသည်လည်း ဤအချိန်တွင် ယန်ရှိူ့ကို ဤအကြောင်း ပြောပြနေခဲ့သည် : “ အားရှိူ့၊ ကျူးလျန်ယင်းက အဲ့လူတွေကို ဘယ်အချိန်မှာ ရှာတွေ့မယ်လို့ မင်း ထင်သလဲ? ဟားဟားဟားဟား! သိုင်းလောကရဲ့ မျိုးဆက်သစ်လေးတွေက သူ့ကို အရမ်းလေးစားတယ်လို့ ပြောကြတယ်။ သူ့ကို ကိုယ် တက်နင်းထားတာ တွေ့ရင် သူတို့ ဘယ်လိုခံစားရမလဲ ကိုယ် သိချင်တယ်။ ”


“ မကြာခင် တွေ့လောက်တယ်။ ” ယန်ရှိူ့က ပြုံးလျက် ပြောကာ အလွန်ပျော်ရွှင်နေသော ယန်ကျင်းဇီကို ကြည့်နေသည်။


ဤယောက်ျားလေးများနှင့် မိန်းကလေးများ၏ သိုင်းပညာများမှာ အလွန်သာမန်ဆန်ရာ သူတို့သည် စားသောက်ဆိုင်ထဲမှ ထွက်လာလာချင်းပင် ရှာတွေ့ခဲ့ကြသည်။ ဤလူများ နောက်ယောင်ခံမလိုက်နိုင်မည်ကို ဟန့်တားရန်အတွက် ယန်ကျင်းဇီသည် မောင်းနှင်သူကိုလည်း မြင်းဆွဲလှည်းကို အရှိန်နှေးခိုင်းထား၏။


ထို့အပြင် ကျူးလျန်ယင်းက နောက်တစ်ကြိမ် သူ့ဆီလာနေသည်အား ယန်ကျင်းဇီသည် ကြိုတင်သိရှိပြီးဖြစ်သည်။


ယန်ကျင်းဇီသည် ထိုလူငယ်များ ကျူးလျန်ယင်း အရှက်ရသည်ကို တွေ့သွားအောင် တမင်သက်သက် လုပ်ခဲ့ခြင်းဖြစ်သည်။


“ ကျူးလျန်ယင်း သေချာပေါက် အထိနာသွားမှာပဲ... ဒါနဲ့ ဒီတစ်ခေါက် ကျူးလျန်ယင်း သုံးတဲ့ အကွက်တွေကို ကိုယ် အမြဲရင်းနှီးနေသလိုပဲ။ အဲ့ဒါ ကိုယ်တို့ နောက်ဆုံးတစ်ခေါက် ပင်လယ်မှာ သွားကစားတုန်းက ကျွန်းပေါ်မှာ ကိုယ် ထွင်းထုခဲ့တဲ့ဟာတွေမလား? ”


ယန်ရှိူ့က တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်သည် : “ ဟုတ်တယ်။ ”


“ ဒီကျူးလျန်ယင်းရဲ့ ကံက တကယ် ကောင်းတာပဲ... သိုင်းကျမ်းကို ရှာတွေ့ဖို့ ဆယ်စုနှစ်ချီအောင် ကြာလိမ့်မယ်လို့ ထင်ခဲ့တာ။ သိပ်မကြာဘဲ သူ လေ့ကျင့်လိမ့်မယ်လို့ ကိုယ် မထင်ထားဘူး။ ” ယန်ကျင်းဇီသည် ပြောပြီးနောက် ကျူးလျန်ယင်းကို အနည်းငယ် ကရုဏာသက်သွားသည်။


သူသည် ယခုအခါ သူ့ကိုယ်ပိုင် သိုင်းပညာများကို စတင်တီထွင်နေပြီဖြစ်သော်ငြား ကျူးလျန်ယင်းက သူ၏ “စွန့်စားခန်းသိုင်းကျမ်းများ”ကို မှီခိုနေဆဲဖြစ်သည်။ စွန့်စားခန်းတစ်ခု ပြီးဆုံးပြီးနောက် သူက ဤသိုင်းကွက်များကို သုံး၍ တီထွင်ခဲ့သူကိုပင် အနိုင်ယူချင်သေးသည်...


ကျူးလျန်ယင်းက ဒါကို မတွေးမိနိုင်လောက်ဘူး!


ယန်ရှိူ့သည်လည်း ဤသည်ကို တွေးမိပြီး ရယ်မောမိသည်။


“ ညကျရင် သခင်ကျင်း ဘာစားချင်လဲ? ” ဤအခိုက်အတန့်တွင် အရိပ်သက်တော်စောင့်နှစ်ဦးက ယန်ကျင်းဇီ၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။


ယန်ကျင်းဇီသည် တွေးပင် မတွေးဘဲ ယန်ရှိူ့ နှစ်သက်သော ဟင်းအနည်းငယ်ကို နာမည်ရွတ်ပြလိုက်သည်။


အရိပ်သက်တော်စောင့်များက ချက်ချင်း ပျောက်ကွယ်သွားကြသည်။


အရိပ်သက်တော်စောင့်များ၏ သက်တမ်းမှာ အများအားဖြင့် မရှည်ကြာကြချေ။ အဆုံး၌မူ သူတို့ဟာ ငယ်ရွယ်စဉ်က အလွန်အကျွံ ဒုက္ခရောက်ခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ချို့တဲ့နေကြသည်။


သို့သော် ယန်ကျင်းဇီသည် သူတို့၏ ခန္ဓာကိုယ်များ အားပြန်ပြည့်လာအောင် ဤနှစ်များတလျှောက်တွင် သူတို့ကို ဂရုစိုက်ခဲ့ပြီး သူတို့ကို ဖြည်းညှင်းစွာ ပြန်လည်ပျိုးထောင်စေခဲ့သည်။ ယခုအခါ သူတို့၏ ဘဝသက်တမ်းမှာ သာမန်လူများနှင့် တူညီသွားလိမ့်မည်။ 


ယန်ရှို့ကဲ့သို့ အသက်လေးဆယ်ကျော် အရိပ်သက်တော်စောင့် အများအပြားက ယခုအခါ အသက်သုံးဆယ်ကျော်သာ ရှိပုံပေါ်သည်။ 


သေချာတာပေါ့၊ အစွမ်းထက်ဆုံးမှာ သူ ဖြစ်ရာ သူ့တွင် ကလေးမျက်နှာ ရှိနေသေးသည်။ ယခု သူ အပြင်ထွက်သောအခါ လူတိုင်းက သူ့ကို အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည်ဟု ထင်ကြသည်။


သူ့မျက်နှာကို ကိုင်ပြီးနောက် ယန်ကျင်းဇီသည် အခင်းများကို သွားလျှော်လေသည်။


ယနေ့မှာ သူ လျှော်ရန် အလှည့်ဖြစ်သည်။


အိုက်ယား၊ သူတို့အိမ်မှာ အိပ်ရာခင်းတွေက တကယ် အများကြီး ကုန်တယ် — နေ့တိုင်းနီးပါး လျှော်ဖွတ်ခံရသည့် အိပ်ရာခင်းများမှာ အလွန်လျင်မြန်စွာ အမြဲပြဲလွယ်၏။


ယန်ရှိူ့သည် ယန်ကျင်းဇီ အခင်းလျှော်သည်ကို အဖော်ပြုပေးခဲ့သည်။ ထို့နောက် သူသည် ရေတွင်းနား၌ အရိပ်သက်တော်စောင့်များစွာကလည်း အခင်းများကို လျှော်နေကြသည်အား တွေ့လိုက်ရသည်။


ယန်ရှိူ့ : “ ... ”


ဤအရိပ်သက်တော်စောင့်များ ယန်ကျင်းဇီကို စွဲလမ်းနေသည်အား ဟန့်တားရန်အတွက် သူသည် သူတို့အများစုကို လက်တွဲဖော်ရှာပေးရန် အားများစွာ စိုက်ထုတ်ကြိုးပမ်းခဲ့သည်။ ရလဒ်ကတော့ ဒီလူတွေက လက်တွဲဖော် ရှိတာတောင် ယန်ကျင်းဇီရဲ့ စိတ်အာရုံကို သူနဲ့ လာလိုက်လုနေကြတုန်းပဲ!


“ သခင်ကျင်း၊ ကျွန်တော် အခင်းတွေ ခြောက်အောင် အတွင်းအားကို မသုံးနိုင်ဘူး... ” အရိပ်သက်တော်စောင့်တစ်ဦးက ယန်ကျင်းဇီ၏ ဘေးသို့ ခုန်လာခဲ့သည်။


ယန်ကျင်းဇီက သူ့ကို လှည့်ကွက် ရှင်းပြခဲ့သည် : “ အတွင်းအားကို ပိုသုံးဖို့လိုတယ်။ ဒါမှ ပိုပြီးကောင်းကောင်း ထိန်းချုပ်နိုင်မယ်... ”


ဤအခိုက်အတန့်တွင် တခြားအရိပ်သက်တော်စောင့်တစ်ဦးက သူ့လည်အဟိုက်ကို ဆွဲကာ ယန်ရှိူ့ကို ပြောလာသည် : “ ယန်ရှိူ့၊ အခုတလော ငါ့လက်တွဲဖော်က အရမ်းစိတ်ပြင်းပြနေတယ်... ”


ယန်ရှိူ့ : ဟား ဟား! မင်းက ငါ့ရဲ့ ကစားနည်းအဟောင်းကို ကစားနေတုန်းပဲ!


ဒါ‌ပေမယ့် သူ တကယ်ပဲ ဒီအိမ်မှာ ဆက်မနေနိုင်တော့ဘူး!


ထိုညတွင် ယန်ရှိူ့သည် အခင်းများကို ညစ်ပေစေရင်း အခွင့်ကောင်းယူကာ ယန်ကျင်းဇီကို ခေါင်းအုံးစကား တီးတိုးဆိုပြီး အပြင်ထွက်လည်ပတ်ရန် အဆိုတင်သွင်းခဲ့သည်။


“ ကိုယ်တို့ နှစ်ရက်အတွင်း ထွက်ကြမယ်။ ” ယန်ကျင်းဇီက သဘောတူခဲ့သည်။ ယန်ရှိူ့က ဘာမှမပြောလျှင်တောင်မှ သူသည် ဤနေရာမှ ထွက်ခွာချင်သည်... ထိုအရိပ်သက်တော်စောင့်များက အခြားသူများ၏ အချစ်ရေးဘဝကို တကယ် နှောင့်ယှက်ကြ၏။


သို့သော် ဤအချိန်တွင် သူတို့၌ လမ်းလျှောက်ထွက်ခြင်းအပြင် လုပ်စရာ တခြားကိစ္စများ ရှိနေသည်။


ယန်ကျင်းဇီက ပြောသည် : “ ကိုယ်တို့နှစ်ယောက်တည်း အရင်လျှောက်သွားကြမယ်။ ပြီးရင် လအနည်းငယ် ကြာအောင် စောင့်ပြီးမှ ကိုယ်တို့ သိုင်းလောကအစည်းအဝေးကို သွားကြမယ်။ ”


သိုင်းလောကအစည်းအဝေးကို ငါးနှစ်တစ်ခါ ကျင်းပလေ့ရှိပြီး နောက်တစ်ကြိမ် ထပ်မံကျင်းပတော့မည်ဖြစ်သည်။


သူသည် ယခင်က သိုင်းလောကအစည်းအဝေးများကို မတက်ရောက်ခဲ့သော်ငြား ဤတစ်ကြိမ်တွင်မူ တစ်ချက်သွားကြည့်ရန် သူ ဆုံးဖြတ်ထားသည်။


ဤသည်မှာ သူ မွေးစားထားသည့် ထိုမိဘမဲ့များ၏ ကောင်းကျိုးအတွက် အဓိကဖြစ်သည်။


ထိုလူများကို တပည့်များအဖြစ် ပျိုးထောင်ခဲ့ပြီး သိုင်းပညာများ သင်ပေးထားသည်။ ယခုအခါ ဤလူများထဲမှ တချို့က ကျင်းရှို့ကျိုင်တွင် စားပွဲထိုးများအဖြစ် အလုပ်လုပ်နေကြသည်။ တချို့က သူ့ကို ကူညီ၍ ဆိုင်ကို စီမံပေးကာ အိမ်မှုဝေယျာဝစ္စများကို ဂရုစိုက်ပေးနေကြသည်။ သို့သော် သူတို့သည် ဤကဲ့သို့ အမြဲမနေသင့်ချေ။


လူငယ်များဟာ လျန်ကျိုးမှ ထွက်ခွာပြီး လောကကြီးကို ကြည့်ရှုသင့်သည်။


သူတို့ အပြင်ထွက်၍ သိုင်းလောကထဲတွင် သွားလာသောအခါ သူတို့ကို ပိုမိုဘေးကင်းစေချင်လျှင် သန်မာသော နောက်ခံနှင့် ဂိုဏ်းတစ်ဂိုဏ်း ရှိခြင်းဟာ အကောင်းဆုံး ဖြစ်သည်။


ယန်ကျင်းဇီသည် ဂိုဏ်းထောင်ချင်သည်မှာ ကြာပြီဖြစ်ကာ သူသာ ဂိုဏ်းထောင်ပြီး သူ့ကိုယ်ပိုင်ဂိုဏ်းကို စတင်ချင်လျှင် သိုင်းလောကအစည်းအဝေးကို သွားခြင်းက ပိုမိုကောင်းမွန်လိမ့်မည်ပင်။


နောက်တစ်နေ့တွင် ယန်ကျင်းဇီသည် အရိပ်သက်တော်စောင့်များနှင့် သူ့တပည့်များကို ခေါ်ပြီး သူ ထွက်သွားမည့်အကြောင်းကို ပြောပြခဲ့သည်။ သေချာတာပေါ့၊ သူသည် ဤလူများကို သိုင်းလောကအစည်းအဝေးအကြောင်း ပြောပြရန် မမေ့လျော့ဘဲ သူတို့အား ထိုနေရာသို့ အရင်သွားခိုင်းခဲ့သည်။


သူတို့ရဲ့ သခင်ကျင်းက ထွက်သွားချင်ပြန်ပြီ!


ဒါက ဒီမြေခွေးလေး ယန်ရှိူ့ကြောင့်ပဲ ဖြစ်ရမယ်!


အရိပ်သက်တော်စောင့်များသည် ယန်ရှိူ့ကို ချဉ်တူးစွာ ကြည့်ကြပြီးနောက် ယန်ရှိူ့က သူတို့ကို ပြုံးပြသည်အား တွေ့လိုက်ရသည် : “ ငါ အရင်ဆုံး ကျင်းဇီနဲ့ လျှောက်သွားနှင့်မယ်။ သိုင်းလောကအစည်းအဝေးမှာ ပြန်တွေ့ကြမယ်။ ”


အရိပ်သက်တော်စောင့်များ : “ ... ” သူတို့လည်း လိုက်ချင်တယ်! စိတ်မကောင်းစရာက ဒီမြေခွေးလေး ယန်ရှိူ့က သေချာပေါက် မလိုလားတာပဲ!


ယန်ကျင်းဇီသည် ရှင်းပြပြီးနောက် ယန်ရှိူ့နှင့်အတူ လျန်ကျိုးစံအိမ်မှ ထွက်ခွာကာ လှည့်လည်သွားလာတော့သည်။


သူတို့သည် ချမ်းသာသော ညီအစ်ကိုနှစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ကြပြီး ဘယ်သူကမှ လုံးဝ သံသယမဖြစ်ကြချေ။ လမ်းတွင် သူတို့နှင့် တွေ့သော စာသင်သားအုပ်စုကလည်း ယန်ကျင်းဇီ၏ အသိပညာကို လေးစားကြပြီး ယန်ကျင်းဇီကို တော်ဝင်စာမေးပွဲတွင် အတူတကွ ပါဝင်ဖြေဆိုရန် တောင်းဆိုခဲ့ကြသည်။


ယန်ကျင်းဇီ : “ ... ” မေ့လိုက်တော့၊ သူ သူများတွေကို အသက်ရှင်ဖို့ လမ်းတစ်ခု ပေးထားတာ ပိုကောင်းပါတယ်။


ယန်ကျင်

းဇီနှင့် ယန်ရှိူ့တို့သည် များစွာပျော်ရွှင်ခဲ့ကြပြီး အပျော်လွန်သွားကာ သိုင်းလောကအစည်းအဝေးသို့ ရောက်ရှိချိန်တွင် သူတို့နှစ်ဦးစလုံး နောက်ကျနေခဲ့ကြသည်။

ယနေ့ဟာ သိုင်းလောကအစည်းအဝေးနေ့ ဖြစ်သည်။


ဖြောင့်မတ်မှန်ကန်သော သိုင်းလောကထဲမှ သိုင်းဂိုဏ်းများသည် စောစီးစွာ လာရောက်ကြပြီး ကျူးလျန်ယင်းက သူတို့ကို သူတို့၏ ကိုယ်ပိုင်စံအိမ်တွင် နေရာချပေးခဲ့သည်။ ဂိုဏ်းငယ်များသည် ထိုကဲ့သို့ အထူးဦးစားပေးဆက်ဆံမှုကို မရရှိနိုင်သဖြင့် သူတို့သည် သူတို့၏ ကိုယ်ပိုင်ပိုက်ဆံကို သုံး၍ အနီးအနားရှိ တည်းခိုခန်းများတွင် နေထိုင်ရကာ တချို့ဆိုလျှင် သာမန်ယာတောအိမ်များတွင်ပင် နေထိုင်ကြရသည်၊ သို့မဟုတ် ပျက်စီးနေသော ဘုရားကျောင်းတွင်ပင် ရိုးရှင်းစွာ နေထိုင်ကြသည်။


သိုင်းလောကသားများ အားလုံးက ပိုက်ဆံရှိကြသည်မဟုတ်ဘဲ သိုင်းလောကသား အများအပြားမှာ အမှန်တကယ် အလွန်ဆင်းရဲသည်။


ထိုနေ့မနက်တွင် စောစီးစွာပင် ကျူးလျန်ယင်း သည် အလုပ်များခဲ့သည်။ သူနှင့် အလုပ်များသော လူများမှာ လွန်ခဲ့သောလက သူ လျန်ကျိုးမှ ပြန်ခေါ်လာသော ယောကျာ်းလေးများနှင့် မိန်းကလေးများ ဖြစ်ကြသည်။


ဤရက်များတွင် ကျူးလျန်ယင်းသည် သူတို့ကို သူ့ဘေးတွင် ခေါ်ထားကာ သူတို့ကို သိုင်းပညာများ သင်ကြားပေးသည်။ သူတို့၏ အကြီးအကဲများမှာ ကျေးဇူးတင်နေကြသော်ငြား သူတို့အားလုံးကမူ နာကျင်မှုကြောင့် အော်ဟစ်နေကြရသည်။


သူတို့၏ မဟာမိတ်ခေါင်းဆောင်က အလွန်ရက်စက်ရာ သူက သူတို့ကို အားလပ်ချိန် မပေးချေ။ သူတို့အားလုံး ထွက်ပြေးချင်တယ်! သူတို့က လွတ်မြောက်ပြီးရင် ကျူးလျန်ယင်း ရှုံးတဲ့အကြောင်းကို သေချာပေါက် လူသိရှင်ကြားဖြစ်အောင် ကြေညာပစ်မယ်!


သို့သော် သူတို့ စောဒကတက်ပြီး တိတ်တဆိတ် ဆွေးနွေးနေကြစဉ် ကျူးလျန်ယင်းက ပြောသည် : “ မင်းတို့ အဲ့ဒီ့နေ့က တွေ့ခဲ့တာကို အပြင်မှာ ဘာမှလျှောက်မပြောတာ ပိုကောင်းလိမ့်မယ်။ ”


“ဘာလို့လဲ? ” လူများထဲမှ တစ်ဦးက အတင့်ရဲစွာ မေးသည် : “ မဟာမိတ်ခေါင်းဆောင်၊ သူများတွေ ဒီအကြောင်း သိသွားမှာကို ကြောက်လို့လား? ”


ကျူးလျန်ယင်းက ပြန်ပြောသည် : “ ဒါပေါ့၊ ငါ ကြောက်တယ်။ ဒါပေမယ့် ကြောက်တာက ငါတယောက်တည်း မဟုတ်ဘူး….အဲ့လူက သိုင်းပညာရှင်တွေကို တစ်ခါတည်းနဲ့ အကုန်ဖမ်းခဲ့ဖူးပြီးတော့ အဲ့ထဲမှာ မင်းအဖေလည်း ပါတယ်။ မင်းအဖေက အရမ်းဆင်းရဲတယ်။ ငါ ငွေယူပြီး သူ့ကို ပြန်ရွေးလာရတာ။ မင်းသာ အဲ့လူကို နေရာတကာမှာ ချီးကျူးနေမှန်း သူ သိသွားမယ်ဆိုရင်… ဟား! ”


ကျူးလျန်ယင်းကို မေးခွန်းထုတ်သော ကောင်လေး : “ ... ”


တခြား‌ယောက်ျားလေးများနှင့် မိန်းကလေးများ : “ ... ” အဲ့ဒီ့လူက အရမ်းသန်မာတာလား?


ကျူးလျန်ယင်းသည် ဤလူများကို တစ်နေ့လျှင် လေးနာရီသာ အနားယူခိုင်းပြီး ကျန်အချိန်များတွင် လေ့ကျင့်ခိုင်းသည်။ ဤသို့ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးမှာလည်း သိသာထင်ရှားသည်။


လအနည်းငယ်အတွင်း ဤလူများ၏ သိုင်းပညာများဟာ များစွာတိုးတက်လာခဲ့သည်။


လွန်ခဲ့သောရက်အနည်းငယ်က သူတို့၏ အကြီးအကဲများ ရောက်လာခဲ့ကြပြီး ကျူးလျန်ယင်းကို ကျေးဇူးတင်ခဲ့ကြသည်။ သူတို့သည် ကျူးလျန်ယင်းက သူတို့၏ကလေးများကို သင်ကြားပေးနိုင်ကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။


ယောကျာ်းလေးများနှင့် မိန်းကလေးများ : သူတို့ တကယ်ပဲ အရမ်းသနားဖို့ကောင်းတယ်!


ဤအကြီးအကဲများက ပြောရဲသောကြောင့် ကျူးလျန်ယင်း ကတိပေးခဲ့သည်။ သူသည် ဤလူများကို သိုင်းလောကအစည်းအဝေး မရောက်ခင်နေ့အထိ အနားမယူခိုင်းခဲ့ပေ။


ယနေ့မှသာ နောက်ဆုံးတွင်တော့ သူသည် သူတို့ကို ဆက်လက်လေ့ကျင့်မခိုင်းတော့ဘဲ သူတို့ကို ဧည့်သည်များအား သွားထွက်ကြိုခိုင်းခဲ့သည်၊ အဟမ်း အဟမ်း၊ ဧည့်သည်များအား ကြိုဆိုလက်ခံစေခဲ့သည်။


ထိုမိန်းမငယ်များက စီနီယာသိုင်းပညာရှင်များကို ကြိုဆိုနှုတ်ဆက်နေသည်အား တွေ့ရသော် လျိုကျိချင်းက ပြောသည် : “ မင်း ဘာလို့ သူတို့ကို အရမ်းစည်းကမ်းတင်းကြပ်နေတာလဲ? ”


ကျူးလျန်ယင်းက ဖြေသည် : “ ငါ ယန်ကျင်းဇီကို ကျော်နိုင်မယ့် မျှော်လင့်ချက် ရှိတယ်လို့ ငါ မထင်ဘူး။ အခု ငါ သိုင်းလောကမျိုးဆက်သစ်တွေကိုပဲ လေ့ကျင့်ပေးချင်တယ်။ ဒါမှ သူတို့က ယန်ကျင်းဇီရဲ့တပည့်တွေကို ကျော်နိုင်မှာ! ” သူသည် ယန်ကျင်းဇီကို အတော်စိတ်ဝင်စားပြီး ယန်ကျင်းဇီက တပည့်အချို့ မွေးထားမှန်း သိထားသည်။


လျိုကျိချင်းက ဆိုသည် : “ ဒါက နည်းလမ်းကောင်းတစ်ခုပဲ။ ” သူ အခြားသူများလောက် လျင်လျင်မြန်မြန် မပျံသန်းနိုင်ရာ ငှက်အနည်းငယ်ကို လေ့ကျင့်ပေးပြီး သူတို့ကို ပျံသန်းခိုင်းမည်။ ဟားဟား!


သိုင်းလောကအစည်းအဝေး၏ အစပိုင်းမှာ အလွန်ချောမွေ့ပြီး ဖြစ်စဉ်တစ်ခုလုံးမှာ ယခင်အတိုင်း တူညီသည်။ ယင်းကား လူတိုင်းသည် စကားစမြည်ပြောဆိုပြီး ကိစ္စများကို ဆွေးနွေးကြသည်။ သို့သော် အလယ်တွင်... ရုတ်တရက် တစ်ခုခုမှားသွားသည်။


သိုင်းလောကအစည်းအဝေးတိုင်းတွင် ကိစ္စတစ်ခုကို မဖြစ်မနေ ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်းမှာ မည်သူက သိုင်းလောကမဟာမိတ်ခေါင်းဆောင် ဖြစ်မည်ဆိုသည့် အရေးကိစ္စ ဖြစ်ကာ ဤသည်မှာ ဂုဏ်ဩဇာသက်ရောက်မှုနှင့် သိုင်းပညာပေါ်တွင် မူတည်သည်။


ကျူးလျန်ယင်းတွင် မြင့်မားသော သိုင်းစွမ်းရည် ရှိပြီး သိုင်းလောကထဲတွင်လည်း အလွန်ဩဇာသက်ရောက်သည်။ သူသည် သိုင်းလောကမဟာမိတ်၏ ခေါင်းဆောင်အဖြစ် အကြိမ်များစွာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ဤအကြိမ်တွင်လည်း ခြွင်းချက်မဖြစ်သင့်ချေ။


အဆုံး၌မူ သူက အသက်လေးဆယ်ကျော်သာ ရှိသေးပြီး သူ့သိုင်းပညာမှာ အထွတ်အထိပ်တွင် ဖြစ်သည်။ ယခင်နှင့်ယှဥ်လျှင် သူက မညံ့သွားဘဲ တိုးတက်လာသည်။ ဘယ်သူကမှ သူ့ကို လုံးဝ စိန်မခေါ်ဘူး!


သို့သော် ယနေ့တွင်မူ အတော်လေး ကွဲပြားသွားသည်။


မည်သူကမှ သူ့ကို စိန်မခေါ်သောကြောင့် ကျူးလျန်ယင်းသည် ကျေးဇူးတင်စကားအချို့နှင့် သူဟာ သိုင်းလောကမဟာမိတ်၏ ခေါင်းဆောင်အဖြစ် ဆက်လက်ဆောင်ရွက်မည့်အကြောင်းကို ပြောဆိုတော့မည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် လူတစ်စုက ရုတ်တရက် ပြေးဝင်လာကာ ကျူးလျန်ယင်းနှင့် ယှဥ်ပြိုင်ချင်ခဲ့သည်။


ထို့အပြင် ဤလူတစ်စု ရောက်လာပြီးနောက် ကျူးလျန်ယင်းနှင့် အခြားသူများသည် သူတို့၏ လက်များနှင့် ခြေထောက်များက နာကျင်ကာ အားပျော့သွားသည်ကိုလည်း ရှာတွေ့ခဲ့ကြသည်။ သူတို့ဟာ အမှန်တကယ်ပင် အဆိပ်မိခဲ့ကြ၏။


“ ငါတို့က အနောက်ပိုင်းဒေသရဲ့ နေမီးဂိုဏ်းကပဲ! သိုင်းလောကမဟာမိတ် ခေါင်းဆောင်နေရာကလည်း လူပြောင်းသင့်နေပြီ! ” 


ဤလူများ၏ ခေါင်းဆောင်မှာ အသားများ ပြည့်နေသော မျက်နှာရှိသည့် ကြွက်သားကြီးထွားသန်မာသည့် လူကြီးတစ်ဦး ဖြစ်သည်။ သူ့အသံမှာ မိုးခြိမ်းသကဲ့သို့ ကျယ်လောင်ပြီး အားအင်ပြည့်ဝနေသည်။


ကျူးလျန်ယင်းနှင့် သိုင်းပညာရှင်များ : “ ... ” သူတို့ တကယ် သတိမဲ့တာပဲ!


နတ်ဆိုးဂိုဏ်း ဖျက်ဆီးခံရပြီးကတည်းက နတ်ဆိုးဂိုဏ်းခေါင်းဆောင်၊ ယန်ကျင်းဇီဟာ သူ့လက်များကို ဆေးကြောပြီး ( ရှောင်ဖယ်ကာ ) စားသောက်ဆိုင်တစ်ဆိုင်ကို သွားဖွင့်ခဲ့သည်။ နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များကိုလည်း နတ်ဆိုးဂိုဏ်းခေါင်းဆောင်က သတ်ဖြတ်ခဲ့၏။ သူတို့တွင် လောက၌ ငြိမ်းချမ်းနေသည် ဟူသော ခံစားချက်ရှိနေခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် ဤအချိန်၌ နေမီးဂိုဏ်းတစ်ဂိုဏ်း ပေါ်လာပြီး သူတို့သည် ထောင်ချောက်တစ်ခုထဲသို့လည်း ကျရောက်သွားခဲ့ကြသည်။


ကျူးလျန်ယင်းသည် ဘာလုပ်ရမည်နည်းဟု စဉ်းစားနေရင်း အဆိပ်ကို ဖယ်ရှားရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သူသည် ဤနေမီးဂိုဏ်းသားများထဲမှ နောက်လူတစ်ဦး လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည် : “ ကျူးလျန်ယင်း၊ မင်း ငါ့ကို မှတ်မိသေးလား? ”


ကျူးလျန်ယင်း မမှတ်မိနိုင်ပေ။


ကံကောင်းစွာဖြင့် ဤလူက သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။ သူဟာ တစ်ကြိမ်တစ်ခါက နတ်ဆိုးဂိုဏ်း၏ ဟောခန်းမသခင် ဖြစ်ခဲ့ဖူးသော်ငြား ကျူးလျန်ယင်းကြောင့် ဂိုဏ်းမှာ ဖျက်ဆီးခံရပြီး သူက အိမ်ခြေမဲ့ ဖြစ်လာခဲ့သောကြောင့် ကျူးလျန်ယင်းကို အမြဲမုန်းခဲ့ကြောင်း ပြောလာခဲ့၏။


သူသည် အနောက်ပိုင်းဒေသရှိ နေမီးဂိုဏ်းတွင် ခိုလှုံခဲ့ပြီး နောက်ဆုံးတွင်တော့ နှစ်များစွာ ကြာပြီးနောက် ပြန်လာခဲ့ကာ လက်စားချေရန် အဆင်သင့်ဖြစ်နေခဲ့ပြီပင်။


ရန်ငြိုးဟောင်းများ၊ ဤအရာမှာ သိုင်းလောကထဲတွင် အမြဲတည်ရှိနေသည်။


ဒါပေမယ့် ဒီလူတွေက သူတို့ကို အထင်သေးတယ်!


ကျူးလျန်ယင်းတွင် ဤနှစ်များတလျှောက် စွန့်စားခန်းများစွာ ရှိခဲ့ဖူးပြီး သူသည် ဤအဆိပ်ကို လုံးဝ မကြောက်ပေ။ အဆိပ်မမိသော သိုင်းပညာရှင်တချို့လည်း ရှိသေးသည်။ သူတို့ အသက်နဲ့ရင်းပြီး တိုက်မယ်ဆိုရင် အန္တရာယ်ကို အောင်မြင်မှုအဖြစ် ပြောင်းပြီး ဒီနေမီးဂိုဏ်းသားတွေကို သေခိုင်းနိုင်လောက်တယ်!


ကျူးလျန်ယင်းသည် ဤသို့တွေးပြီး လှုပ်ရှားတော့မည်ဖြစ်သည်။


ဤအခိုက်အတန့်တွင် လူနှစ်ဦးက အပြင်ဘက်မှ ရုတ်တရက် ဝင်လာခဲ့သည် : “ ဒီနေ့က သိုင်းလောကအစည်းအဝေးနေ့ မဟုတ်ဘူးလား? ဘာလို့ အရမ်းတိတ်ဆိတ်နေတာလဲ? ”


ဝင်လာသူနှစ်ဦးမှာ ယန်ကျင်းဇီနှင့် ယန်ရှိူ့တို့ပင်။


ကြီးကြီးမားမား လှုပ်ရှားရန် ပြင်ဆင်နေသော ကျူးလျန်ယင်းသည် ဤလူနှစ်ဦးကို တွေ့သောအခါ စိတ်ထင့်သွားရသည်။


သူ တွေးထားသည်မှာ ယနေ့ဖြစ်ရပ်တွင် သူက ရှုံးနိမ့်မှုကို အနိုင်ရမှုအဖြစ် ပြောင်းလဲပြီး လူအများ၏အာရုံကို ပိုင်ဆိုင်ရရှိမည်ဟု ဖြစ်သော်လည်း... အဲ့လိုမဖြစ်လောက်တော့ဘူးမလား?


ကျူးလျန်ယင်းသည် ဤသို့စဉ်းစားနေပြီး နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်က ယန်ကျင်းဇီကို အနည်းငယ် အံ့အားသင့်စွာ ကြည့်သည်ကို တွေ့လိုက်ရသည် : “ သခင်ကျင်းလား? ”


ယန်ကျင်းဇီသည်လည်း ဤလူကို မှတ်မိသည် : “ ဟောခန်းမသခင်ကျန်းလား? ” ထိုလူမှာ ကျန်းမျိုးရိုးရှိ နတ်ဆိုးဂိုဏ်း ဟောခန်းမသခင် ဖြစ်ပြီး အဆိပ်အသုံးပြုရာတွင် အထူးတော်သည်။ မူလပိုင်ရှင်က လျိုကျိချင်းကို ဖွင့်မထုတ်လျှင် ခန္ဓာကိုယ်ကို ပေါက်ကွဲစေနိုင်သည့် ဆေးအမျိုးအစားအား ပေးရန် စီစဉ်ခဲ့သည်။ ထိုအဆိပ်မှာ ဟောခန်းမသခင်ကျန်းထံမှ ဖြစ်သည်။


သူ နောက်ပိုင်း အသုံးပြုခဲ့သော ကြွက်သားပျော့ဆေးအမှုန့်မှာလည်း ဤဟောခန်းမသခင်ကျန်း ပြုလုပ်ထားခြင်း ဖြစ်သည်။


မထင်ထားစွာပင် ဤတစ်ဦးက အသက်ရှင်သေးသည်...


ဟောခန်းမသခင်ကျန်းသည် လူများ ခေါ်ကာ အနောက်ပိုင်းဒေသသို့ ထွက်ပြေးသွားခဲ့ရာ လျန်ကျိုးမှ အဖြစ်အပျက်များကို မသိပေ။ ဤအချိန်တွင် သူ အံ့ဩသွားသည် : “ မင်း မသေသေးဘူးလား? နတ်ဆိုးဂိုဏ်းခေါင်းဆောင်အနားမှာ သူလျိုလုပ်ဖို့ မင်းကို ဖြောင့်မတ်မှန်ကန်တဲ့ သိုင်းဂိုဏ်းတွေက ပို့ထားတာလား? ”


နတ်ဆိုးဂိုဏ်း၏ ပြဿနာက မည်မျှပင်ကြီးပါစေ၊ နတ်ဆိုးဂိုဏ်းကို အလွန်ဂရုစိုက်ပြီး နတ်ဆိုးဂိုဏ်းနှင့် သက်ဆိုင်သည်ဟု ခံစားချက်ရှိသော အဖွဲ့ဝင်အများအပြား ရှိသေးသည်။ ဤဟောခန်းမသခင်ကျန်းမှာ သူတို့ထဲမှ တစ်ဦးဖြစ်သည်။


ဤအခိုက်အတန့်တွင် ယန်ကျင်းဇီက သစ္စာဖောက်ဟု ခံစားရသောကြောင့် သူသည် ချက်ချင်းပင် ဒေါသတကြီး တိုက်ခိုက်လိုက်သည်။


သို့သော် သူ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် သူ့ကို ယန်ရှို့က တားမြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လူများစွာက သိုင်းလောကအစည်းအဝေးခန်းမ အနီးအနားတွင် ရုတ်တရက် ထွက်ပေါ်လာကြသည် : “ သခင်ကျင်း၊ နောက်ဆုံးတော့ ရောက်လာပြီ! ”


“ ကျွန်တော်တို့ ရက်အများကြီး စောင့်နေခဲ့တာ! ” 


“ သခင်ကျင်း၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ? ” 


ဤလူများထဲမှ တချို့မှာ သစ်ပင်များပေါ်မှ ခုန်ချလာကြပြီး တချို့မှာ အနီးအနားရှိ အိမ်များမှ ပျံထွက်လာကြကာ တချို့ဆိုလျှင် မြေကြီးထဲမှပင် ထွက်လာကြသည်။ စုစုပေါင်း လူဦးရေ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် ရှိသည်။


ခန်းမအနားတွင် ဤမျှလူအများအပြား ပုန်းခိုနေသော်ငြား သူတို့ကမူ သတိပင်မထားမိပေ... သိုင်းပညာရှင်များမှာ ဆွံ့အသွားကြသည်။


အလယ်ပိုင်းဒေသမှ သိုင်းပညာရှင်များကို တစ်ခါတည်း သတ်ပစ်ချင်သည့် ထိုနေမီးဂိုဏ်းမှ အဖွဲ့ဝင်များလည်း ဆွံ့အသွားကြ၏။


သို့သော် ယန်ကျင်းဇီသည် လုံးဝ မအံ့ဩပေ။


ဤအရိပ်သက်တော်စောင့်များသည် သူတို့၏ တည်နေရာကို ဖုံးကွယ်ရာတွင် အလွန်တော်ကြသည်။ သူသည် သူတို့ကို လွန်ခဲ့သော အနှစ်နှစ်ဆယ်လုံး သင်ကြားပေးနေခဲ့ပြီး သူတို့၏ ပုန်းခိုသော စွမ်းရည်မှာ ပို၍ပင် အစွမ်းထက်လာသည်… သူပင်လျှင် တခါတရံ အာရုံမစိုက်မိသောအခါ သူတို့ကို မရှာနိုင်ပေ။ အခြားသူများက သူတို့ကို သေချာ‌ပေါက် ရှာနိုင်မည်မဟုတ်ချေ။


သူတို့ရဲ့အင်အားက သိုင်းလောကထဲက ထိပ်တန်းပညာရှင်တွေနဲ့ ယှဉ်လို့ရနေပြီ!


“ ဒီလူတွေကို အရင်ရှင်းလိုက်။ ဒါမှ သိုင်းလောကအစည်းအဝေးကို ကောင်းကောင်းဆက်ကျင်းပလို့ရမှာ။ ” ယန်ကျင်းဇီ ပြောလိုက်သည် : “ အဆိပ်တွေသတိထား! ” သူသည် ဤနှစ်များတလျှောက်တွင် အဆိပ်များနှင့် အခြားအရာများကို လေ့လာခဲ့ဖူးသည်။ ဒါပေမယ့် သူ မဖြေရှင်းနိုင်တဲ့ အဆိပ်မရှိဘူးလို့ အာမခံချက်မရှိဘူးမလား?


အရိပ်သက်တော်စောင့်များသည် တုန့်ပြန်ကာ နေမီးဂိုဏ်းကို ဖမ်းဆီးရန် ပြေးသွားကြသည်။ လူများကို ဖမ်းမိသောအခါ သူတို့က ယန်ကျင်းဇီကိုလည်း ရှင်းပြကြ၏ : “ သခင်၊ ကျွန်တော်တို့ ဒီလူတွေကိုယ်ပေါ်က အဆိပ်ကို တိတ်တိတ်လေး လဲထားတယ်။ စိတ်မပူပါနဲ့၊ သူတို့ ကျွန်တော်တို့ကို မထိခိုက်နိုင်ပါဘူး။ ”


ယန်ကျင်းဇီသည် သူ၏ အရိပ်သက်တော်စောင့်များမှာ အလွန်အရည်ချင်းရှိသည်ဟု ခံစားရသည်။


ကျူးလျန်ယင်း စိတ်ဓာတ်ကျသွားသည် : “ မင်းတို့ အဆိပ်လဲပြီးသွားပြီဆိုရင် ဘာလို့ ငါတို့က အဆိပ်မိနေသေးတာလဲ? ”


“ အိုး၊ ငါတို့ မင်း သောက်လိုက်တဲ့ အဆိပ်ကို မပြောင်းထားဘူး။ ” အရိပ်သက်တော်စောင့်တစ်ဦးက ဖြေလိုက်သည်။ သူတို့၏သခင်က သိုင်းလောကအစည်းအဝေးတွင် ပါဝင်ရန် ရောက်လာသည်။ သခင်က သိုင်းလောကမဟာမိတ်၏ ခေါင်းဆောင် ဖြစ်ချင်ခြင်း ဖြစ်လောက်သည်။ ဤသို့ဖြစ်ရာ... ဒီသိုင်းလောကသားတွေ အဆိပ်မိလို့ဖြစ်တယ်!


မည်သို့ပင်ဖြစ်စေ ထိုအဆိပ်က သူတို့ကို သတ်ပစ်မည်မဟုတ်ချေ။


ကျူးလျန်ယင်း သွေးအန်ချင်သွားမိသည်။


ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ့ထက် ပိုမိုဆိုးရွားသူများ ရှိသည်။ ရည်မှန်းချက်များ ပြည့်နှက်နေသော ထိုနေမီးဂိုဏ်းသားများကို အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့သည်...


သိုင်းပညာရှင်များအနက် မျိုးဆက်ဟောင်းများမှာ ယန်ကျင်းဇီကို သိရှိကြသည်။ ဤအချိန်တွင် အရိပ်သက်တော်စောင့်များ သူတို့၏ အင်အားကို ပြနေသည်အား စောင့်ကြည့်နေရင်း သူတို့သည် ရင်းနှီးသော ခံစားချက်ကို ရုတ်တရက် ရလိုက်ကြသည်။


ဤအခိုက်အတန့်တွင် ယန်ကျင်းဇီက ပြောလာသည် : “ ဒီလူတွေကို ငါ ဖမ်းထားတာ။ မင်းတို့ သူတို့ကို လိုချင်လား? မင်း လိုချင်ရင် ငါ သူတို့ကို ဈေးပေါပေါနဲ့ ရောင်းပေးမယ်၊ တစ်ယောက်ကို ငွေပြားတစ်ထောင်။ ”


သိုင်းလောကသားများ : “ … ” သူတို့ ဒါကို ပိုပြီးရင်းနှီးတယ်!”


သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ဖြေရှင်းပြီးသော ကျူးလျန်ယင်းသည် အံကြိတ်လျက် ပြောလိုက်သည် : “ ရတယ်! ” သူ ဒီနေမီးဂိုဏ်း ဘာလိုချင်လဲ ဆိုတာကို အဖြေရှာပြီး စောစောစီးစီး ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားရမယ်!


ယန်ကျင်းဇီသည် အလွန်လျင်မြန်စွာ လက်တစ်ဖက်နှင့် ငွေယူပြီး အခြားတစ်ဖက်နှင့် “ကုန်ပစ္စည်းများ” ကို ပို့ဆောင်ပေးခဲ့သည်။


လူဝယ်ပြီးနောက် ကျူးလျန်ယင်း မေးမြန်းမိသည် : “ သခင်ကျင်းက သိုင်းလောကအစည်းအဝေးမှာ လာရောက်ပါဝင်တယ်။ မင်း သိုင်းလောကမဟာမိတ်ရဲ့ ခေါင်းဆောင် ဖြစ်ချင်တာလား? ”


သိုင်းလောကမဟာမိတ်ခေါင်းဆောင်သည် ခွန်အားပေါ်တွင် မူတည်သည်။ သူက နေရာလုချင်တယ်ဆိုရင်... သူ သူ့ကို အနိုင်မယူနိုင်ဘူး!


ကျူးလျန်ယင်းသည် ဤသို့တွေးမိသောအခါ အနည်းငယ် ဝမ်းနည်းသွားသည်။


ယန်ကျင်းဇီက ပြောသည် : “ မဟုတ်ဘူး။ ငါ စိတ်မဝင်စားဘူး။ ငါ သူတို့ကို အပျင်းပြေ‌လျှောက်လည်ဖို့ ခေါ်လာတာ... ဒါနဲ့ ငါ ထျန်းကျိရှုမျှော်စင်*လို့ ခေါ်တဲ့ ကျောင်းတစ်ကျောင်းကို ထောင်ထားတယ်။ ကျေးဇူးပြုပြီး ငါ့အတွက် စာရင်းသွင်းပေးပါ။ ပြီးတော့ အနာဂတ်မှာ ထျန်းကျိရှုမျှော်စင်က လူတွေကို ပြဿနာမရှာမိစေနဲ့။ ”


(*ထျန်းကျိရှုမျှော်စင် — ထျန်းကျိဆိုတာက ကောင်းကင်ဘုံသာ သိရှိသော လျှို့ဝှက်ဆန်းကြယ်မှု၊ ကောင်းကင်ဘုံရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေ)


ကျူးလျန်ယင်း : “…ကောင်းပြီ။ ”


ယန်ကျင်းဇီသည် နေမီးဂိုဏ်းနှင့် တွေ့ဆုံခြင်းကို လုံးဝ ဂရုမစိုက်ပေ။ သူသည် သိုင်းလောကအစည်းအဝေးတွင် ပါဝင်ပြီးနောက် ထွက်သွားခဲ့သည်။


နောင်အချိန်များတွင် သူသည် ယန်ရှို့ကို နေရာတကာသို့ အမြဲခေါ်သွားပြီး နေရာတိုင်းတွင် လည်ပတ်ကစားကာ လျန်ကျိုးကိုပင် ပြန်ခဲသည်။


ထို့နောက်... သူတို့ကို ရှာရန်အတွက် ထျန်းကျိရှုမျှော်စင်မှ လူများသည် စားသောက်ဆိုင်များ ပိုပိုဖွင့်ကာ နေရာတိုင်းတွင် သတင်းများ လိုက်ရှာကြသည်... အဆုံးတွင်မူ ထျန်းကျိရှုမျှော်စင်သည် သိုင်းလောကထဲတွင် သတင်းအချက်အလက်အစုံဆုံးဂိုဏ်း ဖြစ်လာသည်။ သိုင်းလောကထဲရှိ လူတိုင်းသည် သတင်းတစ်ခုခု သိချင်လျှင် ထျန်းကျိရှုမျှော်စင်သို့ သွားကာ ဝယ်ယူနိုင်ကြောင်း သိကြသည်။


လူအများသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သူများကို ရှင်းလင်းရန်အတွက်လည်း ငွေသုံး၍ ထျန်းကျိရှုမျှော်စင်မှ အကူအညီတောင်းခံနိုင်သည်။ 


နှစ်ငါးဆယ် ကြာပြီးနောက် ထျန်းကျိရှုမျှော်စင်သည် သိုင်းလောကထဲတွင် လျှို့ဝှက်အဆန်းကြယ်ဆုံးသော ဂိုဏ်း ဖြစ်လာခဲ့ပြီး ထျန်းကျိရှုမျှော်စင်၏ သခင်ဖြစ်သူ လောင်ကျင်းမှာ သိုင်းလောက၏ နံပါတ်တစ် သိုင်းပညာရှင်အဖြစ် အသိအမှတ်ပြုခံရသည်။ ဂုဏ်သတင်းဖြင့် ကျော်ကြားသော ကျူးလျန်ယင်းပင် သူ့လက်ထဲတွင် အကွက်သုံးကွက် မခံနိုင်ချေဟုလည်း ဆိုကြ၏။


အသက်ကိုးဆယ်ကျော်ပြီဖြစ်သော ကျူးလျန်ယင်းသည် အိပ်ရာထဲတွင် လှဲနေရန် အထူးမလိုလားပေ။


သူ သူ့ဘဝမှာ ယန်ကျင်းဇီကို မကျော်ရသေးဘူး!


သူသည် မူလက အပြင်းအထန် ကြိုးစားကာ ယန်ကျင်းဇီထက် ပိုအသက်ရှည်အောင် နေချင်ခဲ့သည်... သို့ရာတွင် မနေ့ည၌ ယန်ကျင်းဇီက သူ့အိမ်အနားသို့ ရောက်လာကာ သူ့ထံသို့ လည်ပတ်ခဲ့၏... 


သူသည် ယခုအခါ အလွန်အသက်ကြီးပြီး သိပ်ကြာကြာ မနေနိုင်တော့လောက်ပေ။ သို့သော် ယန်ကျင်းဇီ၏ပုံစံမှာ အလွန်ဆုံး အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်သာ ရှိသည်ဟု ထင်ရသည်။ ယန်ကျင်းဇီဘေးရှိ ယန်ရှိူ့တောင်မှ သူ့ထက် များစွာငယ်ပုံပေါ်နေပြီး သူ့ခန္ဓာကိုယ်မှာ သန်မာနေသေးသည်။


ဘာလို့ ဒီကမ္ဘာကြီးက အရမ်းမတရားတာလဲ? 


ကျူးလျန်ယင်း အလွန် စိတ်ဆိုးနေသော်ငြား အဆုံးတွင်မူ သူ သူ့မျက်လုံးများကို ပိတ်ခဲ့သည်။


သူ ကျဆုံးခဲ့တယ်...


မှင်သက်စွာဖြင့် ကျူးလျန်ယင်းသည် ကွဲပြားသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည်။


သူ တွေ့ရ၏၊ သူက နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးခဲ့သော်လည်း သူ့နောက်သို့ လိုက်လာသော သိုင်းလောကသားများမှာမူ နတ်ဆိုးဂိုဏ်း၏ ယခင်ခေါင်းဆောင်များ ချန်ထားခဲ့သော စက်ကိရိယာကြောင့် အသတ်ခံခဲ့ရပြီး လျှို့ဝှက်လမ်းကြောင်းထဲတွင် ကြီးကြီးမားမား မီးလောင်မှု ဖြစ်ခဲ့ကာ ရှောင်လင်ဘုန်းကြီးပင်လျှင် မီးထဲ၌ ဆုံးပါးသွားခဲ့သည်။


လျှို့ဝှက်လမ်းကြောင်းမှတဆင့် အရိပ်သက်တော်စောင့်များနှင့်အတူ ထွက်ပြေးသွားသော ယန်ကျင်းဇီကလည်း နောက်ဆုံး၌ သူ့လက်ထဲတွင် သေဆုံးသွားသည်ကို သူ တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့အနားရှိ လူများကလည်း အပြင်းအထန် တိုက်ခိုက်နေသော အရိပ်သက်တော်စောင့်များကြောင့် များစွာသေဆုံးခဲ့ကြသည်။ နတ်ဆိုးဂိုဏ်း မရှိတော့သော်ငြား သိုင်းလောကထဲရှိ သိုင်းပညာရှင်များလည်း သေဆုံးသွားခဲ့ကြ၏။


သူသည် နှစ်နှစ်ဆယ်ကျော်ကြာအောင် သိုင်းလောကမဟာမိတ်ခေါင်းဆောင် ဖြစ်ခဲ့ပြီး ရလဒ်ကမူ နေမီးဂိုဏ်းက သိုင်းလောကအစည်းအဝေးတွင် ရုတ်တရက် ပေါ်လာသည်ကို သူ ထပ်တွေ့လိုက်ရသည်။ သူက အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း သိုင်းလောကအစည်းအဝေးတွင် ပါဝင်ကြသော ပညာရှင်အများအပြားမှာ သေဆုံးသွားခဲ့သည်။

 

သူ တွေ့လိုက်ရသည်၊ သူဟာ နေမီးဂိုဏ်းကို အလယ်ပိုင်းဒေသထဲမှ မောင်းထုတ်ရန် အားများစွာ စိုက်ထုတ်ခဲ့ရပြီး လောကနံပါတ်တစ်သိုင်းပညာရှင် ဖြစ်လာခဲ့သော်ငြား ထိုအချိန်တွင် လျိုကျိချင်းက သေဆုံးသွားပြီးဖြစ်သည်။


အဆုံးတွင်မူ သူသည် ဒဏ်ရာဟောင်းများကြောင့် သေဆုံးချိန်တွင် အသက်ခြေ

ာက်ဆယ်သာ ရှိသေးသည်။



...



သူက သေတော့မှာ၊ ဒါတောင် အခုထိ သူ အိမ်မက်ဆိုးတွေ မက်နေတုန်းပဲ!


တကယ်တော့... သိုင်းလောကမှာ နံပါတ်တစ်သိုင်းပညာရှင် မဖြစ်တာက ကိစ္စကြီးဖြစ်တဲ့ပုံ မပေါ်ပါလား?



____