အပိုင်း ၂၁၆ (Educated Youth 1 )
Viewers 42k

ပညာတတ်လူငယ် ၁၉၇၅၊ ရှန်းမူကျေးရွာ။ ရှန်းမူကျေးရွာသည် ကျန်းနန်၏ ရေမြို့ထဲမှ ရွာငယ်လေးတစ်ရွာ ဖြစ်သည်။ ၎င်းဟာ ပင်လယ်ထဲသို့ စီးဆင်းနေသော ကြီးမားသည့် မြစ်ကြီးတစ်စင်း၏ အနောက်ဘက်အရပ်တွင် တည်ရှိသည်။ မြစ်ငယ်တစ်စင်းက ရွာကို ကွေ့ပတ်စီးဆင်းနေပေသည်။ မြေသြဇာ ကောင်းမွန်ပြီး ရေနှင့် မြက်များ ပေါများကြွယ်ဝသည်။ ဤနေရာတွင် နေထိုင်ကြသော လူများသည် လယ်ယာလုပ်ငန်းနှင့် ပိုးချည်ထုတ်သော ပိုးကောင်မွေးမြူရေးတို့ကို မျိုးဆက်အလိုက် လုပ်ဆောင်နေထိုင်ခဲ့ကြသည်။ ယခုမှာ လပြက္ခဒိန်၏ ကိုးလမြောက် ဖြစ်ပြီး ရာသီဥတုက မအေးမပူဖြစ်သည်။ ရှန်းမူကျေးရွာရှိ ရွာသားများသည် ကန်စွန်းဥများကို တူးဆွရင်း အလုပ်များနေကြသည်။ ရှန်းမူကျေးရွာသည် အမြဲတမ်း စပါးစိုက်ပျိုးခဲ့ကြသည်။ အချို့လယ်တွင် တစ်နှစ်ကို စိုက်ပျိုးသီးနှံ နှစ်မျိုးအား စိုက်ပျိုးပြီး အချို့လယ်တွင်မူ တစ်နှစ်ကို သီးနှံတစ်မျိုးသာ စိုက်ပျိုး၏။ ဤလှည့်ပြောင်းစိုက်ပျိုးမှုတွင် နှစ်စဉ်စပါးထွက်နှုန်းမှာ ကောင်းမွန်နေသေးသော်လည်း စပါးအများစုကို အများသူငှာသို့ အပ်နှံရမည်ဖြစ်သည်။ တစ်ခါတည်းနှင့် ဆန်ဖြူကို စားရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ယနေ့ တူးနေသော ကန်စွန်းဥများမှာ အထူးအထူး အရေးကြီးသည် — သူတို့အကုန်လုံးက ဗိုက်ဖြည့်ဖို့ ကန်စွန်းဥတွေကို အမှီပြုရမယ်! ကန်စွန်းဥများ တူးယူခြင်းမှာ ပုဂ္ဂလိကတာဝန် ဖြစ်သည်။ မနက်စောစောကတည်းက ရွာထဲရှိ လူငယ်များမှာ သံထွန်ခြစ်များကို သုံး၍ ကန်စွန်းဥ၏ နွယ်များကို ဖြတ်တောက်ထားသော မြေကြီးကို လှန်နေကြပြီပင်။ ကုမင်ရှိူ့သည် မြေကြီးကို တူးဆွနေသည်။ သူသည် အလွန်ပိန်သော်ငြား သူ့ခွန်အားမှာ မသေးငယ်ပေ။ သူ ထွန်လိုက်သည်နှင့်တပြိုင်နက် ရွှံ့တုံးအကြီးကြီးတစ်တုံးနှင့် ကန်စွန်းဥများ အများအပြား ထွက်ပေါ်လာသည်။ ရွာမှ အမျိုးသမီးများသည် လက်များဖြင့် သူတို့ တူးထုတ်ထားသော ရွှံ့တုံးများကို ကောက်ယူကာ ၎င်းတို့ထဲမှ ကန်စွန်းဥများကို ရှာဖွေပြီး ဘေးနားရှိ ဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ ရံဖန်ရံခါတွင် သူတို့သည် ကုမင်ရှိူ့၏ သံထွန်ခြစ်ဖြင့် ထိုးဖောက်ခံထားရသော ကန်စွန်းဥကြီးများ တချို့ကို တွေ့ရမည်ဖြစ်ပြီး သက်ပြင်းချမိကြမည်ပင် : “ ဒီလောက်ကြီးတဲ့ ကန်စွန်းဥကြီး၊ နှမြောစရာပဲ။ ” စကားပြောနေစဉ် သူတို့သည် ပျက်စီးနေသော ကန်စွန်းဥများကို တခြားဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်ကြသည် — ထိုကန်စွန်းဥများမှာ အချိန်အကြာကြီး ထားလို့မရဘဲ အမြန်စားပစ်ရမည်ဖြစ်သည်။ ကုမင်ရှိူ့သည် မြေကြီးကိုသာ ဆက်လက်တူးဆွနေသည်။ အမျိုးသမီးများက မြေကြီးတူးဆွသော သူနှင့် အခြားလူများနောက်သို့ လိုက်ပါပြီး ကန်စွန်းဥများကို ကောက်ယူကြသည်။ သူတို့နောက်တွင် နှာရည်ယိုနေသော ကလေးတချို့ ရှိသေးပြီး သူတို့က ခြင်းတောင်တစ်လုံးကို ကိုင်ထားကြပြီး ရှေ့မှ အမျိုးသမီး ကျကျန်ခဲ့သည့် လက်ချောင်းအရွယ် ကန်စွန်းဥများ သို့မဟုတ် ကန်စွန်းဥအမြစ်များကို ကောက်ယူကြသည်။ ဤကန်စွန်းဥလေးများတွင် “အမျှင်” များနှင့် ပြည့်နှက်နေပြီး ၎င်းမှာ အပင်အမျှင်ကြမ်း ဖြစ်၏။ သို့သော် ၎င်းတို့က သူတို့၏ ဝမ်းဗိုက်ကို ဖြည့်ပေးနိုင်ရာ မည်သူကမှ မဖြုန်းတီးချင်ကြပေ။ ထို့အပြင် ကြီးမားသော ကန်စွန်းဥများမှာ ခွဲဝေရန်အတွက် ရွာသူကြီးထံသို့ အပ်ရမည်ဖြစ်သည်။ သို့ရာတွင် ဤကန်စွန်းဥငယ်များကိုမူ အိမ်သို့ တိုက်ရိုက်ယူသွားနိုင်သည်။ အိမ်သို့ ကန်စွန်းဥများများ ပိုသယ်သွားနိုင်ရန်အတွက် အမျိုးသမီးတချို့သည် သူတို့၏ကလေးများကို သူတို့နောက်တွင် နေခိုင်းကာ ပိုမိုကြီးမားသော ဥအရွယ်အစား ကန်စွန်းဥများကို တမင်သက်သက် ပစ်ချတတ်ကြပြီး ထိုအခါ ထိုကလေးများ၏ ကောက်ယူမှုမှာ ပိုမိုများပြားသွားမည်ပင်။ သူတို့အားလုံးမှာ ရွာသူရွာသားများ ဖြစ်ကြပြီး အများအားဖြင့် ဘယ်သူကမှ ပြောမနေကြချေ။ သူတို့ အလုပ်လုပ်နေစဉ် တစ်စုံတစ်ဦးက ရုတ်တရက် ပြောလေသည် : “ ပညာတတ်လူငယ်ရော ဘယ်မှာလဲ? ဒီကို မလာပြန်ဘူးလား? ” သူတို့ရွာမှာ မြို့တစ်မြို့နှင့် နီးပြီး သူတို့တွင် မြေယာနည်းပါးပြီး လူပိုများ၏။ ဤနေရာသို့ လာရောက်သော ပညာတတ်လူငယ်များမှာ မများပြားဘဲ သူတို့အများစုမှာ ရွာသားများ၏ ဆွေမျိုးများ ဖြစ်ကြသည်။ အနီးအနားရှိ မြို့များမှ လူများသည် ကျေးလက်တောရွာသို့ သွားချင်ကြပြီး သူတို့အားလုံးက အနီးအနားရှိ ကျေးရွာများကို ရွေးချယ်ကြပေသည်။ သူတို့အများစုက သူတို့၏ ဆွေမျိုးများနှင့်သာ အတူသွားနေကြသည်။ သို့သော် ပညာတတ်လူငယ်ကတော့ မတူချေ။ သူဟာ လွန်ခဲ့သော နှစ်နှစ်က ပေကျင်းမှ ရောက်လာခဲ့သည်။ အဲဒါ မြို့တော်ပဲ! သူ ပထမဆုံး ရောက်ရောက်ချင်းတွင် ရွာသားများသည် အလွန်သိချင်ကြပြီး အားလုံးက သူ့ကို အထူးတလည် သွားကြည့်ခဲ့ကြသည်။ သို့ရာတွင် ယခုမူ... ရွာသားများ အားလုံးက သူ့ကို ကြောက်ကြ၏။ ဒီပညာတတ်လူငယ်က အရပ်ရှည်ပြီး လူကောင်ကြီးတယ်၊ အရမ်းသန်မာတဲ့ပုံပေါ်ပေမယ့် သူက အရမ်းပျင်းလွန်းတယ်! ဤနေရာသို့ သူ ရောက်သည်မှာ နှစ်နှစ်ရှိပြီဖြစ်သော်ငြား သူက စိုက်ကွင်းထဲတွင် သေသေချာချာ အလုပ်မလုပ်နိုင်သေးချေ။ အိမ်တွင် ပုန်းပြီး ပျင်းရိဖို့ကိုသာ သူ သိသည်။ “ ပြောလို့သာ ပြောတယ်၊ ပညာတတ်လူငယ်က တကယ်ပဲ အရမ်းပျင်းတယ်နော်။ ” “ ကျန်းဇူဂန်ရဲ့ သမီးလေးလည်း အရင်က သူ့ကို ကြိုက်တယ်လေ။ အခုတလော သူ(မ)လည်း စိတ်ပျက်လာပြီ။ ” “ သူ(မ) စိတ်မပျက်ဘဲ နေမလား? သူက အရမ်းပျင်းတယ်။ သူ ပိုပိုပြီး ဆင်းရဲလာပြီ... ” … ဤပညာတတ်လူငယ်၊ ရွာသားများသည် သူနှင့်ပတ်သက်ပြီး ဘာပြောရမည်မှန်းကို အမှန်တကယ် မသိကြပေ။ သူ စစရောက်ရောက်ချင်း သူက ကျက်သရေရှိပြီး သူ၏ သားရေဖိနပ်များမှာ လုံးဝ ပြောင်လက်နေသည်။ လူတိုင်းသည် သူ့မိသားစုက ချမ်းသာလိမ့်မည်ဟု ထင်ခဲ့ကြသော်ငြား ထိုသို့မဟုတ်ခဲ့ချေ။ ပြီးခဲ့တဲ့ နှစ်နှစ်လုံး ဘယ်သူကမှ သူ့ကို ဘာမှမပို့ပေးခဲ့ဘူး! ပထမဆုံးနှစ်တွင် သူဟာ သူ ယူလာသော ပစ္စည်းများကို ရောင်းချခြင်းဖြင့် နေထိုင်‌နိုင်ခဲ့ပြီး ဒုတိယနှစ်တွင် ရွာနှင့် သူ့အနားရှိ လူများထံမှ စားစရာ ချေးငှားခြင်းဖြင့် နေထိုင်နိုင်ခဲ့သည်။ ရွာမှ ချေးငှားထားသော ဤစပါးစေ့ကို သူက ငွေပြားတိုင်းကို ရေးမှတ်ထားရသည်။ သူက အမြဲတမ်း အလုပ်လုပ်ရန် ပေါ်မလာဘဲ နှစ်ကုန်တွင် ပြန်မပေးနိုင်တော့သည်မှာ သေချာသည်။ ဤသည်မှာ... ပိုမိုအရေးကြီးသည်မှာ သူ့မိသားစု၏ နောက်ခံက သိပ်မကောင်းကြောင်းကိုလည်း ရွာသားများက သိလိုက်ရသည်။ ဤကျန်းနန်ရေမြို့ရှိ လူများတွင် နူးညံ့ကြင်နာသော ကိုယ်ကျင့်စရိုက်များ ရှိကြသည်။ မကြာသေးမီနှစ်များအတွင်း၌ အပြင်ဘက်တွင် အလွန်ဖရိုဖရဲဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံတွင် အရာရှိများက သူတို့ဘက်မှ လူများကိုလည်း ဆွဲခေါ်ပြီး အပြစ်ရှာတတ်သော်ငြား အလှည့်အပြောင်းက မပြင်းထန်ချေ။ ပညာတတ်လူငယ်ကို တစ်ခုခုလုပ်သူ မရှိသော်လည်း လူတိုင်းက သူ့အနားကို မသွားချင်ကြပေ။ သူက ကောင်းစွာ ပညာတတ်လျှင်တောင်မှ ပျင်းရိမှုနှင့် ဆိုးရွားသော နောက်ခံတို့ကြောင့် အစပိုင်း၌ သူ့မျက်နှာကို သဘောကျခဲ့ကြသော မိန်းကလေးများပင် တစ်ဦးပြီးတစ်ဦး နောက်ဆုတ်ကုန်ကြသည်။ ရွာက လူတိုင်း ထင်ကြတယ်၊ ပညာတတ်လူငယ်သာ ဒီလိုဆက်သွားနေရင် သူတော့ တစ်သက်လုံး လူပျိုကြီး ဖြစ်တော့မှာပဲ! တစ်သက်လုံး လူပျိုကြီး ဖြစ်လောက်သည့် ရွာမှ နောက်တစ်ဦးကမူ ကြိုးကြိုးစားစားဖြင့် မြေကြီးကို တူးဆွနေသည့် ကုမင်ရှိူ့ ဖြစ်သည်။ ကုမင်ရှိူ့သည် သူတို့ရွာတွင် ရုပ်ရည်အကြည့်ကောင်းဆုံးလူ ဖြစ်၏။ သူက ပညာတတ်လူငယ်တစ်ယောက်အောက် ပိုမိုမဆိုးရွားချေ။ သူက အလုပ်ကြိုးစားသည်။ သူဟာ အသက်ဆယ့်ငါးနှစ်တွင် စိုက်ကွင်းထဲ၌ အလုပ်လုပ်သောအခါ အရွယ်ရောက်ပြီးလူကြီးတစ်ဦးအတိုင်း တူညီသော လုပ်အားမှတ်များကို ရှာဖွေနိုင်နေခဲ့ပြီဖြစ်သည်။ သို့သော် သူ့တွင် ပြင်းထန်သော ချို့ယွင်းချက်များလည်း ရှိနေသည်။ ပထမဦးစွာ သူ့မိသားစုနောက်ခံကလည်း ဆိုးရွားသည် — ကုမင်ရှိူ့၏ အဘိုးက ရွာ၏ မြေပိုင်ရှင်ကြီး ဖြစ်ခဲ့သည်။ ကုမိသားစုဟာ ပိုးချည်မျှင်လုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးသည်။ သူတို့မိသားစုသည် မြစ်ကြီး၏ ကမ်းစပ်တွင် သုံးမီတာ မြင့်မားသော နံရံတစ်ခု တည်ရှိသည့် ကြီးမားကျယ်ဝန်းသည့် ခြံဝန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး သင်္ဘောဆိပ်ကမ်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ဆယ်စုနှစ်များစွာ မနက်ခင်းတွင် နှစ်စဉ်နှစ်တိုင်း ပိုးအိမ်များကို စုဆောင်းရချိန်၌ အနီးအနားရှိ လူများသည် ဤနေရာတွင် ပိုးအိမ်များကို ရောင်းချရန်အတွက် သူတို့၏လှေများကို လှော်ခတ်လာကြသည်။ ဤသင်္ဘောဆိပ်ကမ်းမှာ လူများ သွားလာနေကြသော နေရာ ဖြစ်ပြီး ငွေစက္ကူများကို ဝါးခြင်းတောင်းများထဲတွင် သယ်ဆောင်ခဲ့ကြသည်။ ကုမိသားစု၏ လူအိုကြီးမှာ တစ်ခါက ပြောရက်စရာမရှိအောင် အထင်ကြီးလေးစားဖွယ်ကောင်းသည်။ မြို့ကြီးသို့ သွား၍ စာသင်ခဲ့သည့် ကုမင်ရှိူ့၏ အဘိုးမှာ ရွာထဲတွင် ဤသို့လုပ်ဆောင်ခဲ့သည့် တစ်ဦးတည်းသော လူ ဖြစ်သည်။ စိတ်မကောင်းစရာမှာ အချိန်ပြောင်းလဲခြင်းက အလွန်မြန်ဆန်ခြင်းပင်။ ကုမင်ရှိူ့ မမွေးခင်ကတည်းက ကုမိသားစုမှာ ပျက်စီးနေပြီဖြစ်သည်။ သူ မွေးပြီးမကြာမီ သူ့ဖခင်က အကြောင်းအရင်းမျိုးစုံကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့သည်။ ထို့နောက် ကုမင်ရှိူ့၏ မိခင်က ကုမင်ရှိူ့ကို ခေါ်ပြီး ရွာထဲရှိ ဇနီးမယားတစ်ဦးကို လက်မထပ်နိုင်သော အသက်ကြီးနေသည့် လူပျိုကြီးတစ်ဦးနှင့် လက်ထပ်ခဲ့ကာ နောက်ထပ်ကလေး လေးဦးကို မွေးဖွားပေးခဲ့၏။ သို့သော် ကုမင်ရှိူ့၏မိခင်က နောက်တစ်ကြိမ် လက်ထပ်ခဲ့လျှင်တောင်မှ ကုမင်ရှိူ့၏ နောက်ခံမှာ မကောင်းသေးချေ။ လူအများအပြားက သူ့ကို လက်ထပ်ရန် ဆန္ဒမရှိကြပေ။ ပိုဆိုးသည်မှာ... သူဟာ သူ့မိသားစု၏ ဆွဲချခြင်းကို ခံနေရသေးသည်။ ကုမင်ရှိူ့သည် သူ့ပ‌ထွေးအိမ်တွင် ရှိနေစဉ် ပြဿနာဆီပုလင်းအဖြစ် အမြင်ခံရသည်။ သူဟာ ငယ်စဉ်ကတည်းက သူ၏ မွေးချင်းအငယ်များကို ဂရုစိုက်ရန်အတွက် လယ်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။ သူသည်လည်း မြေပိုင်ရှင်တစ်ဦး၏ သား ဖြစ်သည်။ သို့ရာတွင် သူဟာ ရွာ၌ အမြဲအနိုင်ကျင့်ခံခဲ့ရပြီး ဆိုးရွားသော ဘဝ ရှိခဲ့၏။ သို့သော် ထိုသို့ဆိုလျှင်တောင်မှ ဘုရားသခင်က သူ့ကို လက်မလွှတ်သေးချေ။ ကုမင်ရှိူ့ အသက်ဆယ့်လေးနှစ်အရွယ်တွင် သူ့ပထွေးက ဖျားနာကာ သူ့ဗိုက်က ပိုပိုပြီး ကြီးမားလာခဲ့သည်။ သူက ဆေးရုံသွားခဲ့ပြီး ဆရာဝန်က သူ့ကို ကုမရနိုင်ဟု ပြောခဲ့သဖြင့် သူ သေသွားခဲ့သည်။ ကုမင်ရှိူ့၏မိခင်က ကျန်းမာရေးညံ့ဖျင်းသည်။ သူ(မ)တွင် ကလေးတစ်ဦး ကိုယ်ဝန်ရှိနေခဲ့ပြီး ရုတ်ချည်း နာမကျန်းဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် သူ(မ) မီးဖွားသောအခါ ကလေး၏ ခြေထောက်က ဦးစွာထွက်လာခဲ့သည်... ဝမ်းဆွဲသည်က ပြင်းပြင်းထန်ထန် ဆွဲခဲ့ပြီး သူ့မိခင်လည်း သေဆုံးသွားခဲ့၏။ ကုမင်ရှိူ့သည် ဤနှစ်တွင် အသက်နှစ်ဆယ်ရှိပြီဖြစ်သည်။ မိသားစုတွင် အကြီးအကဲများ မရှိကြချေ။ ဂရုစိုက်ရမည့် အမေတူအဖေမတူ ညီငယ်များနှင့် ညီမငယ်များ လေးဦးသာ ရှိသည်။ အငယ်ဆုံးမှာ အသက်ခြောက်နှစ်သာ ရှိသေးသည်... ဘယ်သူက သူ့ကို လက်ထပ်ချင်မှာလဲ? သို့သော်လည်း ကုမင်ရှိူ့၏ အဖေက မြေပိုင်ရှင် ဖြစ်သော်ငြား ကုမိသားစု၏ လူအိုကြီးက လူအများအပေါ် အမြဲကြင်နာခဲ့သည်။ ကုမင်ရှိူ့က သနားစရာကောင်းသောကြောင့် ရွာသားများသည် ကုမင်ရှိူ့ကို ဖော်ရွေနေကြဆဲဖြစ်သည်။ တစ်ခါတစ်‌လေမှသာလျှင် အပြစ်ရှာဝေဖန်ပွဲ ရှိသောအခါ ကုမင်ရှိူ့ဟာ နာမည်ခေါ်ခံရပြီး ဝေဖန်ခံနေရဆဲဖြစ်၏။ ဤရက်များတွင်လည်း ၎င်းကို မလွှဲရှောင်နိုင်ပေ။ နေမင်းကြီးဟာ တဖြည်းဖြည်းနှင့် ‌အနောက်အရပ်သို့ ဝင်သွားပြီး နေ့တစ်ရက်ဟု သတ်မှတ်ရန် အချိန်ကျလာသည်။ ပညာတတ်လူငယ်က စိုက်ကွင်းသို့ ရောက်မလာခဲ့သေးချေ။ အဒေါ်ကြီးများသည် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချကြသည်။ “ အဲ့ပညာတတ်လူငယ်လောက် ပျင်းတဲ့ လူတစ်ယောက်ကို တွေ့ရဖို့ တကယ် ရှားတယ်! ” သူတို့ထဲမှ တစ်ဦးက ‌ဆိုသည် : “ သူ ဒီလိုဖြစ်နေတာ၊ အနှေးနဲ့အမြန် သူ ငတ်သေလိမ့်မယ်။ ” သံထွန်ခြစ်တစ်ချောင်းကို သယ်ထားသော ကုမင်ရှိူ့သည် ရွာ၏ လယ်ယာသုံးပစ္စည်းများကို သိမ်းဆည်းသည့် နေရာသို့ ဦးတည်သွားနေသည်။ သူက မနေနိုင်ဘဲ ဝင်ပြော၏ : “ သူ ဖျားနေတယ်... ” “ ဖျားနေတယ်? အဲ့လိုအဓိပ္ပာယ်မရှိ‌တာတွေကို ယုံတဲ့ လူက နင်တစ်ယောက်ပဲ ရှိတယ်။ ” အတင်းပြောနေသော အမျိုးသမီးများက မျက်လုံးလှန်မိကြသည်။ ပညာတတ်လူငယ်ရဲ့ အဲ့လိုဝဖြိုးဖြူဖွေးနေတဲ့ပုံစံနဲ့လေ၊ ဖျားနေမှာလား? ကုမင်ရှိူ့သည် ဤအမျိုးသမီးများ၏ စကားများကို သဘောမတူသော်လည်း အခြားသူများနှင့် ငြင်းခုံရသည်ကို မနှစ်သက်သောကြောင့် ပါးစပ်ပိတ်ကာ ဘာမှမပြောတော့ပေ။ ရှန်းမူကျေးရွာတွင် များစွာသော ဘုရားလောင်းရုပ်တုများ တည်ရှိသည့် ဘုရားကျောင်း အသေးတစ်ခု ရှိဖူးသည်။ ဤဘုရားကျောင်းကို ကုမိသားစုက တည်ဆောက်ခဲ့သော်ငြား အစောပိုင်းနှစ်များတွင်မူ ဘုရားကျောင်းထဲရှိ မြေစေးနှင့် လုပ်သော ဘုရားလောင်းဆင်းတုများကို ဖယ်ပစ်ခဲ့ကြသည်။ ယခုအခါ ဤဘုရားကျောင်းမှာ ရွာ၏ ပစ္စည်းမျိုးစုံကို သိမ်းဆည်းသော နေရာ ဖြစ်လာခဲ့သည်။ ရွာမှ ထွန်စက်များ၊ လူတိုင်း အသုံးပြုသော လယ်ယာသုံးပစ္စည်းကိရိယာများ၊ ရိတ်သိမ်းပြီးသော စပါးများနှင့် အစရှိသည်တို့ အားလုံးကို ဤဘုရားကျောင်းတွင် နေရာချထားသည်။ ကုမင်ရှိူ့သည် သံထွန်ခြစ်ကို ချပြီး အိမ်ပြန်လာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ရွာသည် ထမင်းအိုးကြီးကို တစ်ကြိမ်ပြုလုပ်ဖူးသည်။ သို့သော် ယခုမူ ရွာက ၎င်းကို မလုပ်တော့ချေ။ စားစရာကို မတူညီသော မိသားစုများထံသို့ ‌ဝေခွဲပေးသည်။ ( *ရွာ၏ ထမင်းအိုးကြီး — လယ်သမားများအတွက် ကြီးမားသော ကန်တင်းကဲ့သို့နေရာ ) လွန်ခဲ့သော ဆယ်နှစ်ကျော် အငတ်ဘေး ဖြစ်စဉ်အချိန်နှင့် နှိုင်းယှဉ်ရသော် ဤအချိန်တွင် လူတိုင်း၏ဘဝမှာ များစွာပိုမိုကောင်းမွန်နေပြီဖြစ်သည်။ ကုမင်ရှိူ့၏ မိသားစုတွင် ကုမင်ရှိူ့တစ်ဦးတည်းကသာ သန်မာသော အလုပ်ကြမ်းသမားတစ်ဦး ဖြစ်သည်။ မွေးချင်းအငယ်လေးဦးမှ သုံးဦးမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး စာလေ့လာချင်ကြသည်။ အငယ်ဆုံးမှာ သူတို့မိခင်၏ ဝမ်းဗိုက်ထဲတွင် ရေမွန်းခဲ့သဖြင့် ဖျားနာလွယ်ပြီး အားနည်းကာ ဆိုးရွားသော ဘဝ အမြဲရှိနေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကန်စွန်းဥများကို တူးယူခဲ့ကြပြီး အစောက တူးနေစဉ် ထိခိုက်မိသော ကန်စွန်းဥများကို ရွာက ခွဲဝေပေးပြီးဖြစ်ရာ သူတို့က ဗိုက်ဆာရလိမ့်မည်မဟုတ်ချေ။ ကုမင်ရှိူ့သည် အိမ်ပြန်ရောက်လာသောအခါ ကန်စွန်းဥမီးဖုတ်အနံ့ကို ရရှိလိုက်သည်။ ကုမင်ရှိူ့၏ မွေးချင်းအငယ်လေးဦးမှာ ယောက်ျားလေးနှစ်ဦးနှင့် မိန်းကလေးနှစ်ဦး ဖြစ်သည်။ သူ့ပထွေး၏ မျိုးရိုးနာမည်မှာလည်း ကု ဖြစ်ပြီး သူ့မွေးချင်းအငယ်များမှာလည်း သူ့မျိုးရိုးနှင့် အတူတူပင် ဖြစ်သည်။ သူတို့လေးဦးအနက် အကြီးဆုံးအစ်ကိုမှာ ဤနှစ်တွင် ၁၅ နှစ် ဖြစ်ပြီး ကုယွီပေါင်ဟု အမည်ရှိသည်၊ ဒုတိယမြောက်အစ်မမှာ ဤနှစ်တွင် ၁၃ နှစ် ဖြစ်ပြီး ကုယွီလန် ဟု အမည်ရှိသည်၊ တတိယမြောက်ညီမမှာ ဤနှစ်တွင် ၁၂ နှစ် ဖြစ်ပြီး ကုယွီရှန်း ဟု အမည်ရှိပြီး အငယ်ဆုံးမှာ ကောင်လေး ဖြစ်ကာ ဤနှစ်တွင် ၆ နှစ် ဖြစ်၍ ကုယွီခန်း ဟု အမည်ရှိသည်။ ဤအခိုက်အတန့်တွင် တတိယမြောက်ညီမ ကုယွီရှန်းက ကန်စွန်းဥများကို ချက်ပြီးခါစဖြစ်သည်။ ကန်စွန်းဥများကို ဆေးကြောပြီး သံပြားဒယ်ထဲတွင် ထည့်ကာ အချိန်အကြာကြီး ချက်ပြုတ်သည်။ ကန်စွန်းဥများက သံပြားဒယ်ပေါ်တွင် ကပ်နေသည်။ ကန်စွန်းဥများ၏ တစ်ဖက်ခြမ်းတွင် တူးသည့် အချိန်၌ ကန်စွန်းဥများမှာ ကျက်သွားပြီဖြစ်သည်။ ကန်စွန်းဥများကို ချက်နေစဉ် သူ(မ)သည် ပေါင်းခံဇကာပေါ်တွင်လည်း ပန်းကန်လုံးတစ်လုံးကို တင်ထားခဲ့သည်။ ဆန်အနည်းငယ်ကို ထည့်ပြီး ထမင်းတစ်ပန်းကန်ကို တည်ခဲ့၏။ ဤထမင်းမှာ ကုယွီခန်းအတွက် ဖြစ်သည်။ ကုယွီခန်းက အားနည်းသော်ငြား ခေါင်းမာသော အကျင့်စရိုက် ရှိသည်။ သူက ကန်စွန်းဥများကို မစားချေ။ ကန်စွန်းဥများကိုသာ ရရှိနိုင်သည့်အချိန်၌ပင် သူက ကန်စွန်းဥများကို လုံးဝ မစားဘဲ ဆက်တိုက်ငိုကြွေးနေလိမ့်မည်ပင်။ ကုမင်ရှိူ့သည် ဘယ်တော့မှ အစားအစာနှင့်ပတ်သက်ပြီး ဇီဇာမကြောင်ခဲ့ပေ။ သူသည် အိမ်ပြန်ပြီး လက်ဆေးကာ အိုးထဲမှ ကန်စွန်းဥကို ယူ၍ အခွံကိုပါ ထည့်စားခဲ့သည်။ စားနေစဉ် မြို့တွင် အလယ်တန်းကျောင်း တက်နေသော ကုယွီပေါင်က ပြန်ရောက်လာသည်။ သူတို့ရွာနှင့် မြို့က အလွန်နီးသည်။ ရွာမှ ကလေးများသည် ရွာရှိ မူလတန်းကျောင်းတွင် တက်ကြသည်။ ကျောင်းဟာ ကုမိသားစု၏ သုံးမီတာအမြင့်နံရံရှိ အိမ်ဟောင်းကြီး ဖြစ်သည်။ အလယ်တန်းကျောင်းသားတိုင်းကမူ မြို့သို့ သွား၍ စာသင်ကြသည်။ သေချာတာပေါ့၊ လူအများစုက အလယ်တန်းကျောင်း မတက်ကြချေ။ “ ဒီနေ့ အိမ်မှာ ဘာစားစရာရှိလဲ? ” ကုယွီပေါင်သည် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့ပြီး အိုးထဲတွင် ကန်စွန်းဥများသာ ရှိသည်ကို တွေ့သောအခါ မပျော်မရွှင်ဖြစ်သွားသည် : “ ကန်စွန်းဥတွေပဲလား? ” သူသည် စကားပြောပြီးနောက် ဘေးနားရှိ ထမင်းကို ‌မြင်သွားသည် : “ ငါ့ကို ဒီထမင်းပန်းကန် ပေးလိုက်။ ” “ ဒါက ယွီခန်းရဲ့ဟာ။ ” ကုယွီရှန်းသည် သူ(မ)၏ ဒုတိယအစ်ကိုကို တားချင်သော်ငြား ကုယွီပေါင်က ပန်းကန်ကို ကောက်ယူပြီး တူကိုပင် မသုံးဘဲ တူးနေသော ကန်စွန်းဥအရသာ နည်းနည်းရှိသည့် ခပ်တူးတူး အဝါရောင်ဖြင့် ကျက်နေသော ထမင်းပန်းကန်ရည်ကို တိုက်ရိုက်တစ်ငုံသောက်ခဲ့သည်။ “ ဒါက ယွီခန်းရဲ့ဟာ။ ” ကုမင်ရှိူ့ မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။ “ အစ်ကိုကြီး၊ ငါလည်း ထမင်းစားချင်တယ်။ ” ကုယွီပေါင်သည် သူ့တူများကို လှမ်းယူသည်။ “ မင်း နေ့လယ်တုန်းက ထမင်းစားပြီး ကြက်ဥလည်း စားခဲ့တယ်။ ” ကုမင်ရှိူ့ ပန်းကန်ကို ဆွဲယူလိုက်သည်။ ကုယွီပေါင်သည် မြို့တွင် အလယ်တန်းကျောင်း တက်နေပြီး နေ့တိုင်း ထမင်းသယ်သွားသည်။ သူတို့သည် အိမ်တွင် ဆိုးရွားစွာ စားနေသော်ငြား ကုယွီပေါင်က ကျောင်းမှ လူများဟာ ကောင်းစွာ စားနေကြသည်ဟု ဆိုသည်။ ဆင်းဆင်းရဲရဲ စားခြင်းက သိက္ခာကျသည်။ ကုမင်ရှိူ့သည် သူ ကျောင်းသို့ ထမင်းယူသွားခြင်းအား ခွင့်ပြုပေးရန်သာ တတ်နိုင်သည်။ နေ့စဉ်နေ့တိုင်း သူသည် ကြက်ဥတစ်လုံးကိုလည်း ပြုတ်ပြီး တစ်ဝက်လှီးကာ ပဲငံပြာရည်နှင့် ဆမ်း၍ စားစရာအဖြစ် သူ့အတွက် ထည့်ပေးရသည်။ “ ငါ ဒီညလည်း စားချင်သေးတယ်။ ” ကုယွီပေါင်က ယုံကြည်မှုရှိစွာ ပြောသည်။ ကုမင်ရှိူ့၏ ပထွေးနှင့် မိခင်တို့ သက်ရှိထင်ရှားရှိနေစဉ် အချစ်ခံရဆုံးမှာ ကုယွီပေါင် ဖြစ်ခဲ့သည်။ အဆုံး၌မူ ကုယွီပေါင်ဟာ သူ့ပထွေး၏ ပထမဆုံးကလေးနှင့် သား ဖြစ်၏။ ဤ‌အကြောင်းကြောင့်သာလျှင် ငယ်စဉ်ကတည်းက ကုယွီပေါင်၌ သူ လိုချင်သည်အား ရကိုရရမည့် အကျင့်စရိုက် ရှိလာခဲ့သည်။ ကုမင်ရှိူ့သည် ကုယွီပေါင်၏ စကားကို နားထောင်လေ့ရှိခဲ့သော်ငြား ယနေ့မူ သူသည် တနေကုန် ပင်ပန်းခဲ့ရပြီး သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသောကြောင့် သူက ပြောလိုက်သည် : “ မင်း ပြဿနာထပ်ရှာရင် မင်း မနက်ဖြန် ကျောင်းကို ကန်စွန်းဥပဲ ယူသွားရမယ်။ ” စကားပြောပြီးနောက် ကုမင်ရှိူ့သည် သူ့လက်ထဲရှိ ပန်းကန်အား ကုယွီရှန်းကို ပေးခဲ့သည်။ ကုယွီပေါင်သည် မျက်မှောင်ကြုံ့ကာ စိတ်မကျေနပ်ပေ။ ကုယွီရှန်းသည် ကုယွီပေါင် ထပ်မံစိတ်ဆိုးမည်ကို ကြောက်ရွံ့ပြီး ကုယွီခန်းကို ကျွေးရန် ပန်းကန်ကို အမြန်ယူသွားသည်။ ခြောက်နှစ်အရွယ် ကုယွီခန်းဟာ အချိန်အကြာကြီး သူတို့မိခင်၏ ဗိုက်ထဲတွင် ပိတ်မိနေခဲ့သောကြောင့် ဖြစ်သလား သူတို့ မသိပေ။ သူက အနည်းငယ် ထုံထိုင်း၏။ အသက်ခြောက်နှစ် ရှိနေပြီဖြစ်လျက်နှင့် သာမန်ခြောက်နှစ်သားများ လုပ်နိုင်သည့် ကိစ္စများစွာကို မလုပ်နိုင်သေးဘဲ သူ တစ်ခုခုလိုသည့် အချိန်တိုင်း သူက အစ်ကို သို့မဟုတ် အစ်မဟု အမြဲအော်ခေါ်တတ်သည်။ “ မင်းတို့က အဲ့အရူးကို အရမ်းကောင်းပေးနေကြတာပဲ! ” ကုယွီပေါင်သည် သူ့နှုတ်ခမ်းများကို ကွေးညွတ်ပြီး ပုံစံအကောင်းဆုံးရှိသည့် ကန်စွန်းဥကို ရွေးချယ်ခဲ့သည်။ ဤအချိန်တွင် ကုယွီလန် ပြန်ရောက်လာသည်။ ကုမိသားစု၏ ညီအစ်မနှစ်ဦးတွင် အကြီးမမှာ ကုယွီလန် ဖြစ်ပြီး အငယ်မမှာ ကုယွီရှန်း ဖြစ်သည်။ သူတို့၏ နာမည်များကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ လှပသော အမျိုးသမီးများ ဖြစ်သင့်သည်။ သို့သော် တကယ်တမ်းမှာမူ... ကုမင်ရှိူ့၏ ပထွေးက အမှန်တကယ် ရုပ်မချောလေရာ ညီအစ်မနှစ်ဦးမှာလည်း ဆွဲဆောင်မှုမရှိကြချေ။ သူတို့အနက် ကုယွီရှန်းက အနည်းငယ် အသက်ပိုငယ်ပြီး မူလတန်းကျောင်းတွင် စာသင်နေရင်း အိမ်၌ အလုပ်လုပ်ကာ ကလေးပျိုးထောင်လျက်ရှိသည်။ ကုယွီလန်က အနည်းငယ် အသက်ပိုကြီးပြီး စာသင်ရသည်ကို မကြိုက်သဖြင့် သူ(မ)က စတင်အလုပ်လုပ်နေပြီဖြစ်သည်။ ယနေ့ သူ(မ) ပြန်လာသောအခါ သူ(မ)သည် လက်ထဲတွင် ခြင်းတောင်းတစ်လုံးကို သယ်လာပြီး သူ(မ)၏မိသားစုကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် ၎င်းကို ပြလေသည် : “ ကြည့်၊ အလုပ်လုပ်ပြီးတော့ ငါ ကန်စွန်းဥတွေ အများကြီး သွားကောက်လာခဲ့တယ်! ” သူ(မ)၏ ခြင်းတောင်းထဲရှိ ကန်စွန်းဥများမှာ အတော်လေး ကြီးမားပြီး ကုမင်ရှိူ့ မျက်မှောင်ကြုံ့သွားရသည် : “ ဘာလို့ အဲဒါတွေက အရမ်းကြီးနေတာလဲ? ” ကုယွီလန်က ဖြေ၏ : “ ငါ တိတ်တိတ်လေး ဖွက်ထားခဲ့တာ။ လူတွေအားလုံး ထွက်သွားတော့မှ ငါ သွားပြန်ယူလာခဲ့တယ်... ” “ လူမိမှာ မင်း မကြောက်ဘူးလား? ” ကုမင်ရှိူ့ မျက်မှောင်ကြုံ့နေသည်။ ဤကန်စွန်းဥများကို နောက်ပိုင်းတွင် ခွဲဝေပေးမည်ဖြစ်သော်ငြား တစ်ယောက်ယောက်က တိတ်တိတ်လေး ဝှက်ထားသည်ကို အခြားသူများ ရှာတွေ့သွားလျှင် သူတို့ကို ဝေဖန်ပြောဆိုကြလိမ့်မယ်! “ ငါ့ကို မတွေ့ကြပါဘူး။ ပြီးတော့ သူတို့အကုန်လုံးလည်း ဒီလိုလုပ်နေကြတာပဲ။ ” ကုယွီလန်သည် ကုမင်ရှိူ့ကို ကြည့်လိုက်သည် : “ အစ်ကိုကြီးပဲ အရမ်းရိုးသားလွန်းနေတာ! ” ကုမင်ရှိူ့ အနည်းငယ် ကူရာမဲ့သွားသည်။ သူသည် ဤသည်မှာ မကောင်းဟု ခံစားရသော်လည်း မည်သို့ပြောရမည်မှန်း သူ မသိပေ။ စားပြီးနောက် ကုမင်ရှိူ့ အပြင်ထွက်သည် : “ ငါ အပြင်သွားပြီ။ ” ကုယွီလန်က မေးသည် : “ အစ်ကို၊ မြို့ကို သွားမလို့လား? ငါလည်း နင်နဲ့ လိုက်မယ်။ ” ကုမင်ရှိူ့ ချက်ချင်း ငြင်းလိုက်သည် : “ မင်း အိမ်မှာပဲ နေ။ ” ကုယွီလန်ဟာ ငယ်ငယ်ကလေးဘဝ၌ ဆာလောင်မှုကို တွေ့ကြုံခံစားခဲ့ရသောကြောင့် ဖြစ်လောက်သည်၊ သူ(မ) အပြင်သွားတိုင်း အမြဲတစေ အရာအားလုံးကို အိမ်သို့ ယူသွားချင်လေ့ရှိသည်။ သူ(မ)၏ ခြေလက်များက မသန့်ရှင်းချေ။ သူ(မ)က ပြဿနာလုပ်ပြီး အရိုက်ခံရ သို့မဟုတ် ဖမ်းဆီးခံရမည်ကို သူ ကြောက်သောကြောင့် သူသည် သူ(မ)ကို အပြင်မခေါ်သွားရဲပေ။ ကုယွီလန်က မျက်လုံးလှန်ပြကာ စကားထပ်မပြောတော့ချေ။ ညဘက်၌ ရွာတွင် လူများကို ညကင်းစောင့်ရန် တာဝန်ပေးထားပြီး တစ်ဦးတည်း မဟုတ်ဘဲ လူများစွာ ဖြစ်သည်။ ၎င်းမှာ ကန်စွန်းဥများကို လူတစ်ဦးဦးက ခိုးယူခြင်း သို့မဟုတ် အခြားတစ်ခုခုတို့ကို ရှောင်ရှားရန်အတွက်ပင်။ ကုမင်ရှိူ့သည် အပြင်ထွက်သောအခါ လယ်ကွင်းထဲသို့ မသွားဘဲ မြို့ထဲသို့ သွားခဲ့သည်။ မြို့မှ လူများတွင် စားသောက်ရန် အများပြည်သူစားစရာများ ရှိပြီး အလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ကြသည်။ သူတို့က ကျေးရွာမှ လူများကို အထင်သေးကြ၏။ သူတို့က ကျေးရွာမှ လူများကို “တောလိပ်” ဟု ခေါ်ကြပြီး သေချာပေါက်ပင် ကျေးရွာမှ လူများကလည်း အောက်ကျမခံဘဲ သူတို့ကို “လမ်းလိပ်” ဟု ‌ပြန်ခေါ်ကြသည်။ ကုမင်ရှိူ့သည် ရွာမှ လူတချို့ကဲ့သို့ မြို့မှ လူများကို ရန်လိုခြင်းမရှိသည့်အပြင် သူသည် သူတို့ကို တကယ်ပင် အားကျမိသည်။ မြို့မှ လူများဟာ အလွန်ကောင်းစွာ နေထိုင်ရသည်။ မြို့သို့ ရောက်သောအခါ ကုမင်ရှိူ့သည် ကြံချောင်းထိပ်များကို ကောက်ယူရန်အတွက် မြို့၏ ကုန်ပစ္စည်းထောက်ပံ့ရေးနေရာသို့ တိုက်ရိုက်သွားခဲ့သည်။ ယခုတလော ကန်စွန်းဥများကို ကောင်းစွာ တူးယူနိုင်နေခဲ့ပြီး ကြံချောင်းမှာလည်း ဈေးကွက်ထဲသို့ ရောက်ရှိနေသည်။ ရှန်းမူကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများ အားလုံးက ကြံစိုက်ကြသည်။ ခုတ်ယူပြီးနောက် တစ်ပုံကို ရွာထဲတွင် ခွဲဝေပေးပြီး တစ်ပုံကို သကြားချက်ရန် ပို့လိုက်ကာ နောက်တစ်ပုံကိုမူ ဒေသခံ နေထိုင်သူများကို ထောက်ပံ့ရန်အတွက် အနီးအနားရှိ ကောင်တီမြို့သို့ ပို့ပေးကြမည်ဖြစ်သည်။ ဤကဲ့သို့သော ပြည်တွင်းထွက်ကုန်များအတွက် *လက်မှတ်မလိုချေ။ ( *လက်မှတ် - အသား၊ နို့ ကဲ့သို့ စားစရာများ သို့မဟုတ် အထည်သားများ၊ စက်ဘီးများ ကဲ့သို့ ပစ္စည်းများ အစရှိသည်တို့ကို ဝယ်ယူရန် လက်မှတ်များ လိုသည်... ပိုက်ဆံရှိရုံဖြင့် မလုံလောက်ချေ။ ) လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ မြို့ထဲရှိ လူတိုင်းသည် အများအားဖြင့် ကြံချောင်းတချို့ကို ဝယ်၍ စားကြသည်။ ကျေးရွာတွင် နေထိုင်သူများနှင့် မတူဘဲ သူတို့သည် ရေဆေးပြီးနောက် အခွံနွှာကာ တိုက်ရိုက်စားကြ၏။ သူတို့သည် မကြာခဏ အခွံခွာပြီးသားကိုသာ အိမ်သို့ဝယ်သွားတတ်ပြီး ထို့အပြင် သူတို့သည် ခေါင်းပိုင်းနှင့် ဖင်ပိုင်းတို့ကိုလည်း ဖြတ်ခိုင်းကြဦးမည်ဖြစ်သည်။ ဤသို့ဖြင့် ကြံချောင်း၏ အရွက်များ ရှိသော ထိပ်ဆုံးအပိုင်းလေးမှာ အဖြတ်ခံရပြီး မြေကြီးပေါ်တွင် ပစ်ချခံရပေသည်။ ပြီးနောက် ဤထိပ်ပိုင်းကို လူတစ်ဦးဦးက လာရောက်ကောက်ယူလိမ့်မည်ပင်။ ကြံချောင်းထိပ်များမှာ မချိုသော်လည်း ကျေးရွာတွင် သွားရည်စာများ ကင်းမဲ့နေသော ကလေးများသည် ၎င်းတို့ကို ကောက်ယူပြီး စားကြနေဆဲဖြစ်သည်။ ၎င်းတို့ကို စားပြီးနောက် အခြောက်ခံကာ ထင်းမီးအဖြစ် သုံးနိုင်သည်။ ဤနေရာမှာ လွင်ပြင်များ ဖြစ်ပြီး အများအားဖြင့် ပြန်လည်သိမ်းယူနိုင်သော မြေကြီးကို ပြန်လည်သိမ်းယူပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သစ်တောကဲ့သို့ အရာမျိုး မရှိတော့ချေ။ ဤသည်ကလည်း အခြေအနေတစ်ခုကို ဖြစ်ပေါ်စေခဲ့သည် — အိမ်တိုင်းရှိ ထင်းမီးမှာ မကြာခဏ ရှို့ရန် မလုံလောက်‌ကြပေ။ ကုမိသားစုသည် သူတို့၏ ရွာမှ ရသော ကောက်ရိုးဝေစုနှင့် ပိုးစာသစ်ချောင်းတချို့ကို အသုံးပြုကြသော်ငြား ဤသည်က မလုံလောက်ချေ။ နောက်ထပ်ထင်းမီးများအတွက် စပါးရိတ်သိမ်းပြီးနောက် ကုမင်ရှိူ့သည် ညအခါ၌ လယ်ကွင်းသို့ သွားကာ စပါးအမြစ်များကို သွားဆွဲထုတ်မည်ဖြစ်သည်။ ထို့အပြင် ယခုအခါ သူသည် ကြံချောင်းထိပ်များကို ကောက်ယူရန် မြို့သို့လည်း သွားဦးမည်ပင်။ ကုမင်ရှိူ့သည် တစ်ခါတည်းနှင့် အများအပြားကို ကောက်ယူခဲ့ပြီး စည်းနှောင်ကာ အိမ်သို့ သယ်သွားခဲ့သည်။ သူ အိမ်ပြန်ရောက်သောအခါ အလွန်မှောင်နေပြီဖြစ်သော်လည်း ရွာထဲတွင် လူအများအပြား၏ အိမ်များထဲမှ အလင်းရောင် ထွက်နေဆဲဖြစ်သည်။ သူတို့၏ ရွာက မြို့နှင့် နီးသောကြောင့် လျှပ်စစ်နှင့် ချိတ်ဆက်ထားသည်။ သေချာတာပေါ့၊ လျှပ်စစ်သုံးရန် ဆန္ဒရှိသူများမှာ မများပြားချေ။ ကုမင်ရှိူ့ အိမ်ပြန်ရောက်ရောက်ချင်း မိသားစုထဲမှ ကလေးများစွာက အမြန်ပြေးလာကြသည်။ သူတို့သည် သူတို့ စားနိုင်သော ကြံချောင်းထိပ်များကို ရွေးချယ်ကြ၏။ ကုယွီခန်းဆိုလျှင် အဆုတ်ကွဲမတတ်ပင် အလွန်ကျယ်ကျယ်လောင်လောင် အော်ဟစ်နေသည် : “ မမ! မမ! ” သူသည် သူကိုယ်တိုင် မယူနိုင်သောကြောင့် သူ့ကို ကူညီရန် အခြားသူများကို အော်ခေါ်နေခဲ့သည်။ ကုယွီပေါင်သည် ဤညီငယ်လေး ကုယွီခန်းကို တစ်ခါမှ အာရုံမစိုက်ခဲ့ပေ။ ကုယွီလန်သည် သူ(မ)အတွက်သာ စားသဖြင့် ကုယွီရှန်းသည် ထိပ်ပိုင်းတစ်ခုကို ရှာ၍ သန့်ရှင်းကာ သူ(မ)၏ ပါးစပ်နှင့် အခွံခွာပြီးနောက် မောင်ငယ်လေးကို နည်းနည်းကျွေးလိုက်သည်။ ကြံချောင်းထိပ်များဟာ လုံးဝ မချိုချေ။ ကုယွီခန်းသည် နှစ်ကိုက် ကိုက်စားခဲ့ပြီး မလိုချင်တော့ပေ။ ကုယွီရှန်းသည် သူ(မ)ဘာသာ စတင်စားတော့သည်။ ဤအချိန်တွင် ကုမင်ရှိူ့သည် ယခင်ကတည်းက နှစ်သက်ခဲ့သော ကြံချောင်းထိပ် နှစ်ခုတို့ကို ကောက်ယူပြီး မတ်တပ်ရပ်ကာ အပြင်ထွက်သွားသည်။ ကုယွီပေါင်က မျက်မှောင်ကြုံ့သွားသည် : “ အစ်ကိုကြီးက ဘယ်သွားတာလဲ? ” “ ဖားသွားဖမ်းတာ နေမယ်။ ” ကုယွီရှန်းက ဆက်ပြောသည် : “ ငါလည်း မနက်ဖြန် သွားဖမ်းမှာ။ ” ဖားများကို တွေးမိသော် ကုယွီပေါင်သည် သူ့နှုတ်ခမ်းကို လျှာသပ်မိပြီး သူ့လက်ထဲရှိ မချိုသော ကြံချောင်းထိပ်ကို အောက်ချကာ အခန်းထဲသို့ ပြန်သွားသည်။ ကုမင်ရှိူ့ ဖားမဖမ်းခဲ့ပေ။ သူသည် သွားချင်သော်ငြား ယနေ့တစ်နေ့လုံး ပင်ပန်းထားပြီး မြို့သို့လည်း သွားထားရာ သူ့တွင် တကယ်ပင် အားမရှိတော့ချေ။ တကယ်တော့ ယခု သူ ဗိုက်ဆာနေသည် — ကန်စွန်းဥများကိုသာ စားခြင်းက သူ့ကို အလွန်လျင်မြန်စွာ အမြဲဗိုက်ဆာစေသည်။ ကြံချောင်းထိပ်များတွင် အချိုမရှိသော်လည်း ကုမင်ရှိူ့သည် အနည်းငယ် စားချင်ဆဲဖြစ်သည်။ သို့ရာတွင် သူ မစားခဲ့ပေ။ သူသည် ရေတွင်းသို့ သွား၍ သူ့လက်ထဲရှိ ကြံချောင်းထိပ် နှစ်ခုကို ရေဆေးခဲ့ပြီးနောက် သူ့ဖခင် နေထိုင်ခဲ့သော ကုအိမ်ဟောင်းသို့ သွားခဲ့သည်။ ဤအိမ်ကို ယခုအခါ မူလတန်းကျောင်းအဖြစ် အသုံးပြုနေပြီး တစ်ချိန်တည်းမှာပဲ ပညာတတ်လူငယ်တစ်ဦးလည်း နေထိုင်နေပြီး ၎င်းမှာ ပျင်းရိသော ပညာတတ်လူငယ် ယန်ကျင်းဇီ ဖြစ်သည်။ ကုမင်ရှိူ့သည် ယန်ကျင်းဇီ ဟူသော နာမည်က အလွန်နားထောင်ကောင်းပြီး ပညာတတ်လူငယ်ကလည်း အထူးကြည့်ကောင်းသည်ဟု ထင်မိသည်။ ယန်ကျင်းဇီ ရွာကို ရောက်လာကတည်းက သူသည် ဤပညာတတ်လူငယ်ကို သတိထားမိခဲ့သည်။ သူသည် ဤလူကို သူ့နှလုံးသား အောက်ခြေထိမှပင် သဘောကျပြီး ဤလူကို ပျော်အောင် လုပ်ပေးချင်သည်။ သို့သော် သူသည် ယန်ကျင်းဇီထံသို့ ပစ္စည်းများကို တိတ်တဆိတ်သာ ပို့ပေးနေဆဲဖြစ်သည်။ သူသည် အိမ်မှ စားစရာကို မယူနိုင်သော်ငြား ပို့ပေးနိုင်သော တစ်စုံတစ်ခုကို အမြဲလိုလိုပင် ရှာတွေ့သောကြောင့် သူသည် ၎င်းကို ပညာတတ်လူငယ်နှင့် အမြဲမျှဝေမည်ဖြစ်သည်။ ယနေ့တွင် ပညာတတ်လူငယ်က ဖျားနေပြန်ပြီပင်။ အလုပ်မသွားခင် သူသည် ပညာတတ်လူငယ်ကို တစ်ခုခုပေးချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့တွင် ပို့စရာဟူ၍ ကြံချောင်းထိပ်များသာ ရှိသည်။ သူက ကောက်ယူသောအခါတွင် အထူးတလည် ရွေးလာခဲ့လျှင်တောင်မှ ကြံချောင်းများနှင့် ယှဉ်သော် ဤအရာမှာ အနည်းငယ် စိတ်မကျေနပ်စရာပင်။ အတိတ်တွင် ပညာတတ်လူငယ် ပေကျင်း၌ ရှိနေစဉ်က သူဟာ ပြည့်စုံသော ကြံချောင်းတစ်ချောင်းလုံးကို စားနိုင်ခဲ့မည်မှာ သေချာသည်။ ဤသို့တွေးကြည့်သော် ကုမင်ရှိူ့သည် အနည်းငယ် ရှက်ရွံ့သွားသည်။ သို့သော် သူသည် တံခါးကို ညင်သာစွာ ခေါက်လိုက်ဆဲဖြစ်သည်။ ယန်ကျင်းဇီ ကူးပြောင်းလာခဲ့သည်။ သူသည် ရုတ်ချည်း နိုးလာခဲ့ပြီး ထူးဆန်းသော အနံ့ ရှိသည့်အပြင် ပြိုကျနေသော နံရံများဖြင့် ဝန်းရံထားသည့် အိမ်ငယ်တစ်လုံးတွင် သူ ရောက်နေကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။ အပြင်တွင် မှောင်နေပြီဖြစ်သည်။ အိမ်မှာ‌ ပြောင်ရှင်းနေ၏။ သူသည် မီးအိမ်တစ်လုံးကို ထွန်းညှိ‌ချင်သော်ငြား တစ်လုံးကိုပင် ရှာမတွေ့နိုင်ပေ။ သူဟာ အလွန်လည်း ဗိုက်ဆာနေသေးသည်... ယန်ကျင်းဇီ ဆွံ့အသွားရသည်။ ဘယ်နေရာကို သူ ကူပြောင်းလာတာလဲ? ကူးပြောင်းရသည်မှာ ဘာမှမဖြစ်ချေ။ သူ့ကို သူ၏ အတိတ်မှတ်ဉာဏ် မပေးထားလျှင်လည်း အဆင်ပြေသေးသည်။ ဒါပေမယ့် သူ့မှာ ဘာလို့ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ် ရှိမနေရတာလဲ? သူ ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ? သူ မနက်ဖြန် အပြင်ထွက်ရင် သူ့ကိုယ်သူ ဖော်ထုတ်မိပြီး တစ်ယောက်ယောက်က သူ့ကို တိုက်ရိုက်ဖမ်းသွားလိမ့်မလား? ယန်ကျင်းဇီသည် တွေးရင်း ပိုပိုပြီး စိတ်ရှုပ်လာကာ သူ့ဗိုက်မှာ ပိုပိုပြီး ဆာလောင်လာသည်။ သို့သော် သူသည် ယခုလက်ရှိ အခြေအနေကို မသိရာ ရိုးရှင်းစွာပင် သူ အပြင်ထွက်၍ လျှောက်မသွားရဲချေ။ နေရာတိုင်းတွင် မှောင်နေပြီး သူသည် သူ ဘယ်သွားနိုင်မှန်း မသိပေ။ သူသည် အိပ်ရာထဲတွင်သာ ကူကယ်ရာမဲ့ လှဲနေနိုင်ပြီး မိုးသောက်ချိန်အထိ နေရန် တွေးခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ အသံမှာ အလွန်တိုးညှင်းသော်လည်း ယင်းကား တိတ်ဆိတ်သော ညတွင် အလွန်သိသာသည်။ တစ်ယောက်ယောက်က သူ့ကို ရှာနေတာလား? ယန်ကျင်းဇီသည် သစ်သားခုတင်ပေါ်မှ ဆင်းပြီး စမ်းတဝါးဝါးဖြင့် ရှေ့သို့လျှောက်သွားသည်။ တံခါးခေါက်သံမှာ ရပ်သွားသည်။ တံခါးအပြင်က လူ ထွက်သွားပြီလား? ယန်ကျင်းဇီသည် အနည်းငယ် စိုးရိမ်ပူပန်သွားပြီး တံခါးထံသို့ အမြန်ပြေးသွား၍ တံခါးမင်းတုံးကို လိုက်စမ်းရှာခဲ့ကာ နောက်ဆုံးတွင် တံခါးကို ဖွင့်ခဲ့သည်။ တံခါးကို ဖွင့်ရန် အချိန်များစွာ ကြာခဲ့ပြီး ယန်ကျင်းဇီသည် အပြင်တွင် လူမရှိသည်ကို မြင်ရရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သော်လည်း တံခါးဖွင့်လိုက်သောအခါ သူသည် လူတစ်ဦးကို မြင်လိုက်ရသည်။ အပြင်ဘက်တွင် လရောင်ရှိနေပြီး ဤလူက မည်သည့်ပုံစံဖြစ်မှန်း သူ့ကို တွေ့ရစေခဲ့သည်။ ဤသည်မှာ ကြယ်များ လင်းလက်သကဲ့သို့ တောက်တောက်ပပ မျက်ဝန်းများနှင့် ဓားပုံစံမျက်ခုံးများ ရှိသော အသက်နှစ်ဆယ်ကျော် အလွန်ချောမောသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ခံစားချက်က ဘာနှင့်တူမှန်း မပြောနိုင်ပေ။ သူ တစ်ခုကိုသာ သိသည် — သူ ဒီလူကို ကြိုက်တယ်! သူ မြင်မြင်ချင်း ချစ်မိသွားပြီ! ထူးဆန်းသော နေရာသို့ ကူးပြောင်းပြီးနောက် သူသည် သူ တစ်ခါမှ မသိခဲ့ဖူးသော သူစိမ်းတစ်ဦးကို မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ သို့ရာတွင် သူသည် သူ့ခံစားချက်များကို မထိန်းချုပ်နိုင်ပေ။ သူ့ရှေ့ရှိ လူကို ကြည့်နေရုံဖြင့်တင် သူသည် သူ့နှလုံးသားမှာ သူ့အပိုင် မဟုတ်တော့ဟု ခံစားလိုက်ရသည်။ “ မင်း... ” ယန်ကျင်းဇီသည် ပါးစပ်ဖွင့်လိုက်သော်ငြား ဘာပြောရမည်မှန်း မသိပေ။ ကုမင်ရှိူ့သည် တံခါးခေါက်ခဲ့ပြီး ဘယ်သူကမှ မတုံ့ပြန်ခဲ့သဖြင့် သူသည် စိတ်တိုလာသည်။ ဒီအချိန်မှာ ဖျားနေတဲ့ ပညာတတ်လူငယ်က အိပ်ပျော်နေလောက်ပြီ၊ ဒီလိုမျိုး သူက တံခါးလာခေါက်တော့ ပညာတတ်လူငယ်ကို နှောင့်ယှက်မိမှာမလား? သူသည် တံခါးကို ဆက်မခေါက်တော့ဘဲ သူ့လက်ထဲရှိ ပစ္စည်းများကို တံခါးဝတွင် ထားခဲ့ရန် ရည်ရွယ်ခဲ့သော်ငြား လူတစ်ဦးဦးက ၎င်းတို့ကို ယူသွားမည်အား သူ စိုးရိမ်မိသည်။ သူ မရေမရာဖြစ်နေစဉ် တံခါးပွင့်လာပြီး ပညာတတ်လူငယ် ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။ ပညာတတ်လူငယ်က သူတို့ရွာရှိ လူတိုင်းထက် အရပ်ပိုရှည်ပြီး သန်မာပုံပေါ်သည်... ယင်းကား မြောက်ပိုင်းသားများက အရပ်ရှည်ကြသောကြောင့်ဟု သူတို့က ဆိုကြသည်။ ကုမင်ရှိူ့ နှုတ်ဖွင့်လိုက်သည် : “ ပညာတတ်လူငယ်ယန်၊ ငါ မင်းအတွက် တစ်ခုခုယူလာတယ်။ ငါ... ” “ မင်း အထဲဝင်ထိုင်ချင်လား? ” ယန်ကျင်းဇီက မေးမြန်းသည်။ ကုမင်ရှိူ့သည် ယန်ကျင်းဇီကို အံ့အားသင့်စွာ ကြည့်မိသည်။ ကျေးရွာသားများမှာ အားလုံးက ညစ်ပတ်ပြီး သန်းများ ရှိကြသည်။ ယခင်က သူတို့သည် ပညာတတ်လူငယ်က သူတို့ကို အထဲဝင်ခိုင်းမည်မဟုတ်ဟု ပြောခဲ့ကြသည်။ ဒါပေမယ့် အခု သူက သူ့ကို အထဲဝင်ခိုင်းတာလား? ကုမင်ရှိူ့သည် သူ ကြက်သေသေနေစဉ် သူ့ရှေ့ရှိ ပညာတတ်လူငယ်က ဒယီးဒယိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပညာတတ်လူငယ်က တံခါးဘောင်ကို လက်ကိုင်ပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေခဲ့သည်။ အရင်က ပညာတတ်လူငယ်က သူ ဖျားနေတယ်လို့ ပြောခဲ့တယ်၊ သူ တကယ်ကြီး ဖျားနေတယ်ထင်တယ်! ကုမင်ရှိူ့သည် ချက်ချင်း ရှေ့တိုးပြီး ယန်ကျင်းဇီကို ထိန်းပေးခဲ့သည် : “ ပညာတတ်လူငယ်ယန်၊ မင်း အဆင်ပြေရဲ့လား? ” ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး အံကြိတ်ကာ ပြောလိုက်သည် : “ ငါ အဆင်ပြေပါတယ်။ ” သူသည် အမှန်တကယ် အဆင်ပြေသည်။ သူ ခဏတာ ရုတ်တရက် မူးဝေသွားရုံသာ ဖြစ်သည်။ ပြီးနောက် သူ မူးဝေသွားသော အကြောင်းအရင်းမှာ သူ မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို ရလိုက်သောကြောင့်ပင်။ ယန်ကျင်းဇီသည် အံကြိတ်ပြီး အလွန်ဒေါသထွက်သွားသည် — ဒီမူလပိုင်ရှင်က တကယ့်ဆန်ကုန်မြေလေးကောင်!