Ch 22
Viewers 5k

🌹Chapter 22

လူများကိုရိုက်ခြင်း



မာရှောင်တင်းက သူ့ကို လိပ်စာ ပို့ပေးလိုက်သည်။


ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်းအနီး လင်းချင်းလမ်းရှိ အပန်းဖြေနှင့် ဖျော်ဖြေရေး လမ်းတွင်ဖြစ်သည်။ အင်တာနက်ကဖေးများ၊ စစ်တုရင်နှင့် ကတ်ခန်းမများ၊ KTV များ၊ ဘိလိယက်ခန်းများနှင့် အခြားနေရာများ အားလုံးကို ထိုနေရာတွင် ရနိုင်သည်။ ဤသည်က ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏ ကျောင်းသားအများစုက အတန်းပြီးလျှင် သွားဆော့သည့် နေရာဖြစ်ပြီး၊ လူဆိုးဂိုဏ်းများ စုဝေးရာနေရာလည်း ဖြစ်သည်။


စုန့်ယွီက ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် နေရာကို ရှာမတွေ့သဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေခဲ့သည်။


ထို့ကြောင့် သူက မာရှောင်တင်းကို မေးလိုက်သည်။

[ ငါ လင်းချင်းလမ်းကို ရောက်ပြီ… နေရာ အတိအကျက ဘယ်နားမှာလဲ… ]


ဆာဒါကို ပရိုဖိုင်ပုံက အကြာကြီး ရပ်တန့်နေခဲ့သည်။ မာရှောင်တင်းက ခဏစဉ်းစားလိုက်သော်လည်း မည်သို့ရှင်းပြရမှန်း မသိပေ။ နေရာက အလွန်ဝေးလံပြီး တိကျသော အထင်ကရအမှတ်အသား မရှိပေ။


အဆုံးတွင် သူက အကြည့်ကို ရွှေ့လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ကူးတစ်ခု ရသွားခဲ့ပြီး သူ့စိတ်ဝိညာဉ်ရှိ စာပေ၏ အသိပညာကို စမ်းကြည့်လိုက်သည်။


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: ယွီကော… ကောင်းကင်ကို မော့ကြည့်လိုက်…]


စုန့်ယွီက သူ့ဖုန်းကို ကိုင်ထားပြီး စက္ကန့်အနည်းငယ် မှင်သက်သွားခဲ့သည်။ ထူးဆန်းသော စိတ်ကူးတစ်ခုက သူ့ကို ဖုံးလွှမ်းသွားပြီး သူက သူ့စကားကို နားထောင်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။


လျှပ်စစ်တိုင်များပါ်တွင် ငှက်အချို့ နားခိုနေကြသည်။ မိုးပြာရောင်ကောင်းကင်

က အဆုံးမရှိပြီး ကောင်းကင်တွင် တိမ်များစွာ ရှိနေသည်။ သူ သေချာဂရုတစိုက် ကြည့်ပြီးနောက်တွင်လည်း ဘာမျှထူးခြားခြင်း မရှိခဲ့ပြီး ပြတင်းပေါက်မှ သူ့အား လက်ပြနေသောသူပင် တစ်ယောက်မျှမရှိနေပေ။


စုန့်ယွီက နားမလည်သောကြောင့် စာရိုက်လိုက်သည်။


[ ? ]


မာရှောင်တင်း၏ အကြောင်းပြန်မှုက ဤတစ်ကြိမ်တွင် အထူးသဖြင့် မြန်နေခဲ့သည်။


[ မင်း မာရှ်မဲလို (marshmallow) လိုမျိုး တိမ်တိုက်တစ်ခုကို မြင်လား… ]


စုန့်ယွီ: "......"


မာရှောင်တင်းက အလွန်ပျော်နေ၏။


[ အဲ့ဒီတိမ်တိုက်ရဲ့ ညာဘက်မှာ ငါရှိတယ်…အဲ့နောက်ကို လိုက်လာရင် ငါ့ကို တွေ့လိမ့်မယ်… ယွီကော ငါ့ရဲ့ဂိမ်းက စတော့မယ်…နောက်မှ ပြောမယ်...]


စုန့်ယွီ: "......"


သူ ရူးနေတာလား…


ရှဲ့ဆွေ့က သူ့မျက်နှာအမူအရာကို ကြည့်ပြီး ပြုံးလိုက်သည်။

 "ဘာဖြစ်တာလဲ…"


စုန့်ယွီက သူ့ဖုန်းကို ပိတ်လိုက်ပြီး မျက်နှာသေနှင့် ပြောလိုက်သည်။

 "ဘာမှ မဟုတ်ပါဘူး… ရိုက်ရမယ့် လူအရေအတွက် တစ်ယောက် ထပ်တိုးလာတာ ဖြစ်နိုင်တယ်…"


ရှဲ့ဆွေ့က မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူ ညင်သာစွာ မေးလိုက်သည်။

 "အင်တာနက်ကဖေး နာမည်က ဘာလဲ…"


စုန့်ယွီက ခဏစဉ်းစားပြီး ပြောလိုက်သည်။

"နာမည်မှာ "ဟွား" ပါတဲ့ တစ်ခုခုပဲ…" 


ရှဲ့ဆွေ့က သူ့အကြည့်ကို မြှင့်တင်ပြီး သူတို့ လျှောက်နေသည့် လမ်းကို ကြည့်လိုက်သည်။ ကျင်းမြို့တော်က သူ့ကလေးဘဝကတည်းကပင် သူ့မှတ်ဉာဏ်ထဲတွင် အလွန်ကို ရှင်းလင်းစွာဖြင့် မှတ်မိနေသော နေရာပင်ဖြစ်ပြီး အစတွင် ပိုက်ဆံရှာရန်အတွက် ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏ ပတ်ဝန်းကျင်က နေရာအားလုံးကို သူ လိုက်ပတ်ခဲ့သည်။ နာမည်တွင် "ဟွား" ပါသော နေရာက ဝေးလံပြီး ဆရာများက လွယ်ကူစွာနှင့် ရှာမတွေ့နိုင်ပေ။ သူ မကြာမီမှာပင် မှတ်မိသွားခဲ့သည်။ သူ့မျက်လုံးဝိုင်းများက အနည်းငယ် ကျုံ့သွားပြီး ပလတ်စတစ်အိတ်ကို ကိုင်ကာ သူ့ခြေထောက်ရှည်များကို ရှေ့သို့ လှမ်းလိုက်သည်။

 "ငါ့နောက် လိုက်ခဲ့…"


မြို့ကို ယခုမှ ရောက်လာသောသူတစ်ယောက်အနေနှင့် စုန့်ယွီက သဘာဝအတိုင်းပင် ယဉ်ကျေးသိမ်မွေ့ပြီး နာခံတတ်သည်။


သူတို့ လမ်းဖြတ်ကူးပြီးနောက် အဆောက်အအုံနှစ်ခုကြားရှိ လမ်းကြားထဲသို့ ဝင်သွားကြသည်။ လမ်းကြားထဲသို့ နှစ်လှမ်းသုံးလှမ်း လျှောက်ပြီးသည်နှင့် လှေကားတစ်ခု ရှိနေသည်။


ရှဲ့ဆွေ့က ပြောလိုက်သည်။

"ဒုတိယထပ်…" 


စုန့်ယွီက ပါးစပ်ဟောင်းလောင်း ကျသွားခဲ့သည်။ သူ အလွန်အံ့ဩသွားခဲ့သည်။

"ဒီအင်တာနက်ကဖေးက ဒီလောက်ဝေးတာ… မင်း ဘယ်လိုလုပ် သိတာလဲ…"


ရှဲ့ဆွေ့ ခဏတာ ပြုံးလိုက်သည်။

 "ငါ အရင်က ဒီမှာ အလုပ်လုပ်ခဲ့ဖူးတယ်…"


စုန့်ယွီ၏ ဦးနှောက်က တစ်စက္ကန့်လောက် ရပ်တန့်သွားခဲ့သည်။

"မင်း တကယ်ပဲ အချိန်ပိုင်း အလုပ်အမျိုးအစား အများကြီး လုပ်ဖူးတာပဲ…"


ရှဲ့ဆွေ့က ဤမေးခွန်းကို မဖြေခဲ့ပေ။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းသွားခဲ့သည်။

"မင်းက လူတွေကိုတောင် ရိုက်တော့မှာဆိုပြီး နေရာကိုတောင် မသိဘူးလား…”


စုန့်ယွီက လက်ဝှေ့ယမ်းလိုက်သည်။

"နေရာအကြောင်း ပြောစရာမလိုပါဘူး… ငါ ဘယ်လိုလူမျိုးနဲ့ ရန်ဖြစ်မယ်ဆိုတာတောင် မသိဘူး…"


ရှဲ့ဆွေ့: "......"


ဤသည်က စုန့်ယွီ၏ ပုံစံအတိုင်းပင်ဖြစ်သည်။


ဒုတိယထပ် အင်တာနက်ကဖေးတွင်ဖြစ်သည်။


စုန့်ယွီ ဝင်လာသောအခါ မာရှောင်တင်းက ရှုံးနှင့်နေပြီဖြစ်သည်။ သူက စားပွဲကို ရိုက်ပြီး နားကြပ်ကို ဒေါသတကြီး ဆွဲဖြုတ်လိုက်ကာ သူ့ဘေးရှိ ဖက်တီးလေးကို လက်နှင့် ရိုက်လိုက်သည်။


 "နောက်ဆုံးလှိုင်းမှာ မတက်နဲ့လို့ ငါ ပြောတယ်လေ… ဒါပေမဲ့ မင်းက မဆင်မခြင်ဆော့ဖို့ တဇွတ်ထိုး လုပ်နေတာ… ငါ အရမ်းဒေါသထွက်တာပဲ… ဒီဂိမ်းရှုံးတာ မင်း အပြစ်ပဲ….


ဖက်တီးလေးက သူ့ခေါင်းကို လက်မောင်းများဖြင့် နာကျင်စွာ ကွယ်ထားလေသည်။

 "ငါ မှားပါတယ်…ငါ မှားပါတယ်… တင်းကော ငါ မှားပါတယ်…"


"ကျွတ်" 

သူတို့နှင့် ခပ်လှမ်းလှမ်း ထိုင်ခုံတစ်ခုတွင် အဖြူရောင်တီရှပ်ဝတ်ထားသော အရပ်ရှည်ရှည်နှင့် ပိန်သောလူငယ်တစ်ယောက်က လှောင်ပြောင်လိုက်သည်။

 "တော်ပြီ Marksman… မင်းကိုယ်တိုင်လည်း အပြစ်ကို ရိုးရိုးသားသား ခံယူသင့်တယ်…မင်းက မင်းတို့အဖွဲ့ရဲ့ အမှတ်ကို ရှုံးအောင်လုပ်နေတဲ့သူက မင်းပဲ…1/9 Marksman..."🌹


{T/N: 1/9 marksman - သူက တစ်ကြိမ်ပဲ သတ်ပြီး ကိုးကြိမ် သေဆုံးခဲ့တဲ့သူ}


မာရှောင်တင်းက ဤသည်ကို လက်မခံပေ။

 "ဂိမ်းအလယ်မှာ ဝဘ်ဆိုဒ်(website) တစ်ခု ပေါ်လာတာ…ဒါကို မတွက်ဘူး…ထပ်ကစားမယ်…”


အဖြူရောင်တီရှပ်ဝတ်ထားသော လူငယ်က မဲ့ပြုံးပြုံးလိုက်သည်။

 "ကျွတ်… အရှုံးကိုလက်မခံနိုင်ရင် မခံနိုင်ဘူးလို့ ဝန်ခံလိုက်ပေါ့… ဘာလို့ ဆင်ခြေတွေ အများကြီး ပေးနေရတာလဲ…"


မာရှောင်တင်း: "… ဖာ့ခ်… မင်းက ဂိမ်းတစ်ပွဲ နိုင်ရုံနဲ့တင် ရူးနေပြီ… ဒီနေ့ည ၉ နာရီ၊ အဆောင်ဝင်ပေါက်… ငါနဲ့ မင်း ရန်ဖြစ်ကြမယ်…မင်း မလာရင် မင်းက မြေး––"


သူ၏ စကားကြမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး နောက်ဆုံးတွင် 'သား' ဟူသည့် စကားလုံးကို ပြန်မျိုချလိုက်ရသည်။ သူက မျက်လုံးပြူးပြီး ယခုမှ ဝင်လာသသည့်လူများကို စိုက်ကြည့်နေခဲ့သည်။


စုန့်ယွီက လှေကားအတက်တွင် မာရှောင်တင်းအား တစ်ချိန်လုံး ဖုန်းခေါ်နေခဲ့သည်။ သို့သော် ရလဒ်အနေနှင့် မာရှောင်တင်းက ဂိမ်းကို အာရုံစိုက်နေသဖြင့် သူ့ဖုန်းတုန်နေသည်ကို လျစ်လျူရှုထားခဲ့သည်။ သူ လုံးဝ မကိုင်ခဲ့ပေ။


ယခုမူကား သူ့ကို ကိုယ်တိုင် မြင်နေရပြီဖြစ်သည်။


စုန့်ယွီ၏ မျက်နှာအမူအရာက အေးစက်နေပြီး သူ ဖုန်းချလိုက်သည်။


မာရှောင်တင်းက သူ့ကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မှင်သက်နေခဲ့သည်။

 "......" 


ယွီကောက ဒီကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ…


သူ ရှင်းပြရန် အချိန်ပင် မရသေးမီ စုန့်ယွီက ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာနှင့်ပြီဖြစ်သည်။ သူ့မျက်နှာအမူအရာက မှောင်မိုက်နေသောကြောင့် သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေမှန်း ရှင်းရှင်းလင်းလင်း မြင်သာနေသည်။


မာရှောင်တင်းက လက်မြှောက်ပြီး လက်နက်ချလိုက်သည်။

"ယွီကော… ငါ ရှင်းပြပေးလို့ ရပါတယ်… ခုနက တကယ်ပဲ ဖုန်းမြည်သံ မကြားလိုက်တာပါ…"


စုန့်ယွီ လှောင်ပြောင်လိုက်ပြီး သူတို့၏ စကားပြောခန်းကို ဆွဲထုတ်လိုက်သည်။

"စိတ်မပူပါနဲ့… မင်း အရင်ဆုံး ရှင်းပြပေးလိူ့ရတယ်… အဲ့ဒီ မာရှ်မဲလို (marshmallow) ပုံစံ တိမ်တိုက်က ဘယ်မှာလဲ…"


မာရှောင်တင်း: "......"


??? ဒီဘက်ခေတ်လူတွေမှာ ရိုမန့်တစ်ဆန်တဲ့ စိတ်မရှိကြတော့ဘူးလား…


တိမ်တွေကို လိုက်ကြည့်တာက ကဗျာဆန်တာ မဟုတ်ဘူးလား…


*****


မာရှောင်တင်းက သူ၏ ထိုးနှက်ခံထားရသည့် နဖူးကို အုပ်ကိုင်ပြီး သူ့ရှေ့မှ လျှောက်သွားခဲ့သည်။

 "ငါ အိမ်သာသွားတုန်းက သူတို့ စကားပြောရင်း အဲ့ဒီရွံစရာကောင်းတဲ့ ပုံပြင်တွေအကြောင်း ပြောနေတာ ကြားလိုက်တယ်…. တကယ် စိတ်တိုစရာပဲ… သွားကြစို့.. ယွီကော သူတို့ကို သွားစိန်ခေါ်ကြမယ်…"


"တတိယထပ်… တတိယထပ်… သူတို့ တတိယထပ်ကို တက်သွားတာ ငါ ကိုယ်တိုင် မြင်လိုက်တယ်…"


ကျောင်းလူမိုက်ဘဝကို စွန့်လွှတ်ရန် စီစဉ်ထားသော စုန့်ယွီက သူ့နှုတ်ခမ်းထောင့်များကို အောက်ချလိုက်ပြီး ဤဆိုးကျိုးသက်ရောက်မှုရှိသော လူငယ်နှင့် ဤကိစ္စများအကြောင်းကို ပြောချင်စိတ်မရှိတော့ပေ။ သူ တမင်တကာ သူ့ခြေလှမ်းများကို နှေးလိုက်ပြီး ရှဲ့ဆွေ့ကို စောင့်လိုက်သည်။


မာရှောင်တင်း၏ နောက်လိုက်ငယ်လေးများက သူတို့၏ အစ်ကိုကြီးက ဂါရဝပြုပြီး ဤမျှလောက် အလေးအနက်ထားနေသည့် ထိုလူငယ်ကို မြင်သောအခါ အလွန် ကြောက်လန့်သွားကြလေသည်။


သူ့ပုံစံက သိမ်မွေ့နုနယ်သော်လည်း တိုက်ခိုက်သောအခါ သူ့လုပ်ဆောင်ချက်များတွင် တုံ့ဆိုင်းမှုမရှိပေ။ သူ့လှုပ်ရှားမှုများက ရက်စက်ပြီး မဆင်မခြင်ဖြစ်သည်။ သူ့ကို လှုံ့ဆော်ခြင်းက မကောင်းသည်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ရှင်းရှင်းလင်းလင်း သိသာသည်။


ပြီးတော့ အဓိကအချက်က... သူ့နောက်ကို လိုက်လာတဲ့သူက ရှဲ့ဆွေ့ မဟုတ်ဘူးလား…


ဤလူများနှင့် ရှဲ့ဆွေ့က အလယ်တန်းကျောင်း အတူတူ တက်ခဲ့ကြသည်။ သူတို့က သူ့ကို မှတ်မိနေသည့်ပုံစံက သူ့၏ ထူးချွန်သော ကျောင်းစွမ်းဆောင်ရည်နှင့် ရုပ်ရည်ကလွဲ၍ သူက တိတ်ဆိတ်ပြီး မှောင်မိုက်ကာ အထီးကျန်သည်ကိုပင်ဖြစ်သည်။


သို့သော် ယခုလက်ရှိ ရှဲ့ဆွေ့မူကား သူတို့မှတ်မိနေသည့်သူနှင့် အနည်းငယ် ကွဲပြားနေသည်။


ထိုနေရာတွင် တူညီသော အချက်အချို့ ရှိနေသေးသည်။ ထောင်ပေါင်းများစွာ ကွာဝေးသောနေရာမှ လူများစွာကို ငြင်းပယ်ခဲ့သော အေးစက်သည့် ကိုယ်ရောင်ကိုယ်ဝါမူကား မပြောင်းလဲသေးပေ။


သို့သော် ဤသည်က လူများကို အလွန်ကွဲပြားသော ခံစားချက်ကို ပေးသည်။


အတိတ်တွင် ရှဲ့ဆွေ့က အမှောင်ထဲ၌ ခိုင်မာစွာ ပေါက်နေသည့် နွယ်ပင်တစ်ပင်ကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်ကို ဆူးများနှင့် ပတ်ထားကာ ဖိနှိပ်ခံရပြီး ထုံထိုင်းနေသည့် ပုံစံနှင့် နေထိုင်ခဲ့သည်။ သူ့ကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏ မှောင်မိုက်မှုကို ခံစားမိလိုက်သည်။


ထိုအရာက ယခုတွင် မတူတော့ပေ။ ထိုမှောင်မိုက်မှုက ဖော်ပြ၍မရသည့် စရိုက်တစ်ခု ဖြစ်လာခဲ့ပြီး သူ၏ လှုပ်ရှားမှုတိုင်းက အလွန်ကို ကျက်သရေရှိပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေပုံရ၏။ သူ့မျက်လုံးများက ပြုံးသည်ဖြစ်စေ၊ မပြုံးသည်ဖြစ်စေ အနည်းငယ် အေးစက်နေပြီး ပေါ့ပေါ့ဆဆပုံပေါ်သော်လည်း အန္တရာယ်ရှိသည်။


ထိုနောက်လိုက်ငယ်လေးများက သူတို့နောက်မှ တိတ်ဆိတ်စွာနှင့် လိုက်နေကြသည်။


စင်္ကြံလမ်းတွင် စုန့်ယွီက ခေါင်းမော့ပြီး သူ့ကို မေးလိုက်သည်။

"မင်းကို ကျောင်းစတက်တုန်းက ကျူးကျစ်ရှင်းကို ရိုက်ဖို့ ငါပြောခဲ့တာ မှတ်မိလား…"


ရှဲ့ဆွေ့၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ သူက ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။ သူ့မျက်လုံးနက်များက သူ့(စုန့်ယွီ)ကို ကြည့်နေရင်း ခပ်ပါးပါး ရယ်လိုက်သည်။

 "ဒါဆို မင်း လူတွေကို ရိုက်မယ်လို့ ပြောခဲ့တာက တကယ်တော့ ငါ့အတွက် လက်စားချေတာလား…"


"အာ…" 

စုန့်ယွီက သူ အလွန် ဝင်ပါနေမိသည်လားဆိုသည်ကို ပြန်စဉ်းစားလိုက်သည်။ 


အကြောင်းမဲ့ ယဉ်ကျေးနေတဲ့သူတွေက အများအားဖြင့် သစ္စာဖောက်ဖို့ ဒါမှမဟုတ် ခိုးဖို့ ပြင်ဆင်နေကြတာ…


သူ အနည်းငယ် ကြောက်ရွံ့စိတ်ဝင်လာခဲ့ပြီး ဖုံးကွယ်လိုက်သည်။

"မဟုတ်ပါဘူး… သူတို့ဆိုင်ရဲ့ ဟင်းချက်တာက အရမ်း ဆိုးလို့ပါ…"


ရှဲ့ဆွေ့: "အိုး…"


မာရှောင်တင်းက ယခုဆိုလျှင် ရှဲ့ဆွေ့အား သူ့လူတစ်ယောက်ကဲ့သို့ သဘောထားနေပြီဖြစ်သည်။ 


ဘာပဲဖြစ်ဖြစ် ယွီကောရဲ့ ထိုင်ခုံဖော်ဆိုတော့ ငါ သူငယ်ချင်းပဲလေ…


သူက ရှေ့မှ လမ်းပြနေပြီး သူ့အကြားအာရုံက သိပ်မကောင်းပေ။ သူက ရှဲ့ဆွေ့၏ မေးခွန်းကိုသာ ကြားလိုက်သည်။


ယွီကော၏ရင်ထဲမှ သူ့ပုံရိပ်ကို ပြန်တည်ဆောက်ရန်အတွက် သူက စုန့်ယွီအတွက် ဂုဏ်တက်စေမည့် စကားကိုပြောပေးရန် အပြေးအလွှား တက်လာခဲ့သည်။

"အဲ့ဒါက အဓိကအကြောင်းမဟုတ်ဘူးလား.…ယွီကောက အစက မလာဖို့ ရည်ရွယ်ထားတာ… သူက ကောင်းကောင်းမွန်မွန် စာကျက်ပြီး ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို လျစ်လျူရှုထားဖို့ စီစဉ်နေတာ…ဒါပေမဲ့ ရလဒ်အနေနဲ့ ကျူးကျစ်ရှင်းက မင်းကို ရိုက်ဖို့ ပူးပေါင်းကြံစည်နေတာလို့ ငါက ပြောလိုက်တာ…ပြီးတော့ မင်းကို ရိုက်ချင်နေပုံရတယ်လို့ ပြောလိုက်တာနဲ့ ယွီကောရဲ့ စကားတွေက ချက်ချင်း ပြောင်းသွားတာပဲ…သူ ငါ့ကို လိပ်စာတောင်တောင်းသေးတာ… ပြီးတော့ သူ လုံးဝ မရပ်ဘဲ ဒီကို လာခဲ့တာ… မင်း ပြောစမ်းပါဦး. အဲ့ဒါ အဓိပ္ပာယ်ရှိလား… တကယ်ပဲ၊ ရှဲ့ဆွေ့… ငါတို့ ယွီကောက မင်းအပေါ် အရမ်းကောင်းတာပဲ…"


စုန့်ယွီ: "......"


သောက်ကျိုးနဲ… မာရှောင်တင်း…မင်းတော့ သေပြီ..


စင်္ကြံမီးရောင်က အလွန်မှောင်မိုက်နေပြီး လူနှစ်ယောက်က အလွန်နီးကပ်စွာ ရပ်နေကြသည်။ စုန့်ယွီက ရှဲ့ဆွေ့၏ ရယ်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။


သူ့အသက်ရှူသံက အနည်းငယ် ပူနေပြီး နားထဲမှ ရယ်သံက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတစ်ခုကဲ့သို့ ကျန်ရစ်ခဲ့သည်။


စုန့်ယွီ အံကြိတ်လိုက်သည်။

"သူပြောတာကို နားမထောင်နဲ့… သူက ဘာမှန်းမသိဘဲ လျှောက်ပြောနေတာ..."


ရှဲ့ဆွေ့က သူ့ကို အမြဲတမ်း အလိုလိုက်ပေးခဲ့သည်။ သူ့မျက်လုံးများက အမှောင်ထဲတွင် အလင်းရောင်များ ရှိနေသကဲ့သို့ ဖြစ်နေပြီး သူ့လေသံနှင့်အတူ အပြုံးကို သယ်ဆောင်ထားသည်။

 "ကောင်းပြီ…"


စုန့်ယွီက မာရှောင်တင်းမှ သူ့အကြောင်း ပြောခဲ့သည်များကို ပြန်တွေးရင်း သူ့ခြေလှမ်းများကို တမင်တကာ နှေးလိုက်သည်။ သူ တွေးလေလေ စိတ်တိုလေလေ ဖြစ်နေသည်။

<နူးညံ့သော ထိန်းချုပ်ခြင်း> တွင် ရှဲ့ဆွေ့က သူ့ကျောင်းနေဖက်များ၏ အနိုင်ကျင့်မှုများနှင့် စော်ကားမှုများကို များစွာ ခံစားခဲ့ရသည်။ ဤလူ ချန်ကျစ်ကျယ်နှင့် ပတ်သက်ပြီးမူကား သူ(စုန့်ယွီ) မူရင်းစာအုပ်ကို ခပ်မြန်မြန် ဖတ်စဉ်တွင် ထိုသူနှင့်ပတ်သက်ပြီး သိပ်အထင်အမြင် မရှိခဲ့ပေ။ သို့သော် ရှဲ့ဆွေ့၏ အဖွားကို ခြိမ်းခြောက်ခဲ့သည့် မူရင်းဝတ္ထုထဲမှ Gong #2 က ယခင်က ရှဲ့ဆွေ့ကို သူ့နှင့် အဖော်ပြုခိုင်းရန်ပင် တွန်းအားပေးခဲ့သည်။


နီးစပ်သော ဆွေမျိုးများကို ခြိမ်းခြောက်ရန် အသုံးပြုသည်က အလွန်နိမ့်ကျသော ထိုးနှက်မှုပင်ဖြစ်သည်။ အထက်တန်းကျောင်းသားတစ်ယောက်ထံမှ ဤသို့သော လှည့်ကွက်မျိုးမှ မည်သို့ ထွက်နိုင်သည်ကို မသိခဲ့ပေ။


စုန့်ယွီက ပြောလိုက်သည်။

" သူက အလယ်တန်းသုံးနှစ်လုံးအတွက် ခွင့်လွှတ်ဖို့ မင်းကို တောင်းပန်သင့်တယ်လို့ ငါ ထင်နေတုန်းပဲ…" 


ရှဲ့ဆွေ့၏ မျက်တောင်များက တုန်ယင်သွားပြီး အပြုံးမမည်သော အပြုံးတစ်ခု ပေးလိုက်သည်။


စုန့်ယွီက လှေကားများကို စိုက်ကြည့်ပြီး တစ်လှမ်းချင်းစီ ရှေ့သို့ လျှောက်သွားခဲ့သည်။ သူက ကိုယ့်ဘာသာကိုယ် တိတ်ဆိတ်စွာ ပြောလိုက်သည်။

 "ဟုတ်တယ်... အဲ့ဒါပဲ…"


ကျူးကျစ်ရှင်း၏ စရိုက်ကို ကြည့်ခြင်းအားဖြင့် သူက မာရှောင်တင်းကြောင့် ကြောက်လန့်သွားပြီး ကောလဟာလများကို မဖြန့်ဝေရဲတော့ပေ။ သို့သော် နောင်တစ်ချိန်တွင် ဤထက်ပိုပြီး မလုပ်လာနိုင်ဟု အာမခံ၍မရပေ။


သူ့ကို မမေ့နိုင်တဲ့ မှတ်ဉာဏ်တစ်ခု ပေးလိုက်တာက ပိုကောင်းတယ်…ဒါမှ သူ ဘာပြောသင့်တယ် ဘာမပြောသင့်ဘူးဆိုတာကို အမြဲတမ်း နားလည်သွားလိမ့်မယ်…


မာရှောင်တင်းက တတိယထပ်ကို မုန်တိုင်းကဲ့သို့ တက်သွားခဲ့သည်။ ဤသည်က သေးငယ်သော ဘိလိယက်ခန်းမတစ်ခုပင် ဖြစ်သည်။



🌹🌹🌹