Chapter : 15 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [12] )
Viewers 3k

Chapter : 15 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [12] )



ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ ရှေ့ဘက်ကော်လံကို စမ်းကြည့်လိုက်သည်။ အတွင်းထဲတွင် ဘာမှမရှိဘဲ သူ၏ လက်ကောက်ဝတ်များလည်း အလွန်သန့်ရှင်းနေသည်။ မနေ့က ဖျင်ကျယ့်ကြောင့် ဒဏ်ရာရခဲ့သည်ဟု ရှင်းပြထားသော သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာမှလွဲ၍ တခြားဘာမှ မရှိတော့ပေ။


ရှန့်ချန့်ယန်သည် လက်တစ်ဖက်သည် ဟိုင်ရိ၏ ပေါင်‌သို့ ရောက်သွားကာ စမ်းကြည့်လိုက်၏။


ဟိုင်ရိသည် ရဲကို ဖုန်းခေါ်ချင်နေခဲ့သည်။


ရွှယ်ချွမ်းကိုသာ ရှာဖွေခွင့်ပေးခြင်းက ပိုကောင်းပေမည်။


သို့သော် ရှန့်ချန့်ယန်၏ လက်သည် ထိုနေရာတွင် ကြာကြာမနေခဲ့ပေ။ တစ်ခါတည်း ဆွဲသပ်လိုက်ပြီး ပြီးသွားသည်။ ထို့နောက် သူထရပ်ကာ ကြေညာလိုက်၏။


"ရှင်းတယ်"


ရွှယ်ချွမ်းက ပြုံးလိုက်သည်။


ရွှယ်ချွမ်း : "ရှင်က တကယ်ကို ရှင်းတဲ့ပုံရတယ်"


ဟိုင်ရိ ပြုံးပြလိုက်၏။


ဟိုင်ရိ : "ကျွန်တော် ဒီတစ်ကြိမ်မှာ လူသတ်သမားဖြစ်ပြီး ပိုက်ဆံနည်းနည်း ရချင်တယ်၊ ဒါပေမယ့် ဒီအလှည့်မှာတော့ အခွင့်အရေး မရခဲ့ဘူး"


"ဒါဆို ရှင့်အခန်းထဲမှာ ဘာလို့ အဆိပ်ရှိနေတာလဲ"


ရွှယ်ချွမ်းက မေးခွန်းထုတ်၏။


"ဒါကို စားရင် သေနိုင်တယ်"


ဟိုင်ရိက ပြန်ထိုင်လိုက်သည်။


"ဗိုလ်ချုပ်ဖျင်ကျယ့်ကို သတ်ချင်လို့.. သူက ကျွန်တော့်ဘဝရဲ့ ပြိုင်ဘက်ပဲ၊ ဓားနဲ့ဆို သူ့ကို မနိုင်ဘူးဆိုတာ ငါသိတယ်... ဒါကြောင့် မသမာတဲ့ နည်းလမ်းကို သုံးဖို့ စဉ်းစားခဲ့တာ"


ရွှယ်ချွမ်း : "ရှင့်ရဲ့ ဆေးကို အရင်က သုံးခဲ့ဖူးတယ်.. နည်းနည်း လျော့နေပြီ.. ရှင်လုပ်ပြီးပြီလား"


ဟိုင်ရိ : "သူ့အစားအစာထဲ ထည့်လိုက်တယ်... အစေခံမလေး ရှန်းရှင့်က အစားအစာ တည်ခင်းနေတုန်း ကျွန်တော်ပိတ်ဆို့လိုက်ပြီး အစားအစာထဲ ထည့်လိုက်တယ်"


ရွှယ်ချွမ်းက လှည့်လိုက်ပြီး ဖျင်ကျယ့်ကို မေးလိုက်၏။


ရွှယ်ချွမ်း : "စားလိုက်ပြီလား"


ဖျင့်ကျယ်: "သေစမ်း! ငါစားခဲ့တယ်"


ဟိုင်ရိက ပြုံးလိုက်သည်။


"အာနိသင်က ၂ နာရီကြာမှ ပြမှာ၊ ခင်ဗျားမိန်းမက အာနိသင် မပေါ်ခင် သေသွားတာမလို့ ခင်ဗျားလည်း တကယ်တော့ သေရတော့မှာပဲ"


( TN - ဒါလေးတွေက အခု သူတို့ လူသတ်သမားရှာနေချိန်မဟုတ်ဘဲ ဇာတ်လမ်းထဲက အဖြစ်အပျက်တွေပါနော် )


ရွှယ်ချွမ်းက မပြုံးဘဲ နူးညံ့စွာ ဆက်မေးလိုက်သည်။


"အစားအစာကို ဘယ်အချိန်မှာ အဆိပ်ခတ်တာလဲ"


ဟိုင်ရိ : "၉ နာရီ"


ဟိုင်ရိက အချိန်ဇယားကို မှတ်မိနေပြီးသား ဖြစ်၏။


ရွှယ်ချွမ်း : "ရှင်က အစားအစာကို အဆိပ်ခတ်တာ၊ ဒါပေမယ့် ဖျင်ကျယ့်နဲ့ သေဆုံးသူက အခန်းတူတူနေတာလေ သေဆုံးသူက မစားမိတာ ဘယ်လိုလုပ် သေချာတာလဲ"


ဟိုင်ရိက ပခုံးတွန့်ပြလိုက်သည်။


"သဘာဝကျကျပဲ၊ ကျွန်တော်တို့ ပူးပေါင်းကြံစည်ခဲ့လို့ပေါ့"


ဟိုင်ရိ: "ကျွန်တော် ဒီကို ဗိုလ်ချုပ်ကို သတ်ဖို့ပဲ လာခဲ့တာ၊ ဒါကို သေဆုံးသူကလည်း သိနေတယ်၊ သူ(မ) ခင်ပွန်းကို သူ(မ)ကိုယ်စား သတ်မယ့် ကျွန်တော့်အစီအစဉ်ကိုလည်း သူ(မ)ကို အသိပေးထားတယ်"


ဟိုင်ရိသည် စားပွဲရှေ့တွင် ထိုင်နေသော သေဆုံးသူကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် မမျှော်လင့်ဘဲ စာနာစိတ် လှိုင်းလုံးတစ်ခု ပေါ်လာ၏။ သူ့အတွက် သူမသည် အလွန်သနားစရာကောင်းလှသည်။ ဟိုင်ရိက ဆက်ပြော၏။


"ဖျင်ကျယ့်က သူ(မ)ကို အရမ်းဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာ.. သူက သူ့ချစ်သူကိုပဲ ချစ်တာ.. ပထမဇနီးကို မဟုတ်ဘူး၊ သူ့ရဲ့ သေသွားတဲ့ သမီးကိုတောင် သူက မကြိုက်ခဲ့ဘူး.. သူ(မ)ရဲ့ ဆင်းရဲဒုက္ခကို မြင်ပြီး ကျွန်တော်က သူ့ကို အရမ်းချစ်ခဲ့တယ်.. ဒါကြောင့် ဗိုလ်ချုပ်ကို သတ်ဖို့ စဉ်းစားခဲ့တာ.. အဲဒါကြောင့်ပဲ.. ခင်‌ဗျားတို့အားလုံးက ဒီကို သေဆုံးသူကို သတ်ဖို့ ရောက်လာတာ၊ ဒါပေမယ့် ကျွန်တော်ကတော့ ဖျင်ကျယ့်ကို သတ်ဖို့ လာခဲ့တာ"


ဖျင်ကျယ့်က ခါးသီးစွာ ပြုံးရင်း ခေါင်းညိတ်လိုက်သည်။


"အဲဒါက ငါ့ဇာတ်ညွှန်းထဲမှာလည်း ပါပြီးသားပဲ၊ သူလိမ်နေတာ မဟုတ်ဘူး"


ဤတစ်ခါတော့ ရွှယ်ချွမ်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။


"ရှင်တို့နှစ်ယောက် မနေ့ကတည်းက တစ်ယောက်ကိုတစ်ယောက် ထောက်ခံနေကြတာ၊ အရမ်းကြီး သိသာနေပြီ မဟုတ်ဘူးလား"


ရွှယ်ချွမ်း : "ရှင်တို့နှစ်ယောက်က အချင်းချင်း အပြစ်ကင်းကြောင်းကို ကူညီသက်သေခံနေကြတာပဲ.. ရှင်တို့က လူသတ်သမားနဲ့ အပေါင်းအပါဆိုရင် ဘယ်လိုလုပ်မလဲ"


သူမရဲ့ စကားကို ကြားပြီးနောက် ဖျင်ကျယ့်ရဲ့ မျက်နှာအမူအရာ ပြောင်းသွားပြီး သူက လျင်မြန်စွာ ပြောလိုက်သည်။


ဖျင်ကျယ့် : "ဒရာမာတွေမခင်းစမ်းပါနဲ့.. ငါက ဇာတ်ညွှန်းအတိုင်းပဲ အမှန်တရားကို ပြောနေတာပါ"


ဟိုင်ရိ၏ မျက်လုံးထဲမှာ ရွှယ်ချွမ်းကို သံသယရှိတဲ့ ရာခိုင်နှုန်းက မူလက ၅၀% ကနေ အခု ၇၀% အထိ တိုးလာခဲ့သည်။


ဟိုင်ရိ၏ အမြင်မှာ ရွှယ်ချွမ်းသည် လူသတ်သမား မဟုတ်လျှင်တောင် သူက အပေါင်းအပါပဲ။ သူက ဆွေးနွေးပွဲ၏ ပထမအချီမှာ တခြားသူတွေအပေါ် ရေဆိုးရေညစ်များ လောင်းချခဲ့ပြီး ဆက်တိုက် လူနှစ်ယောက်ကို အသရေဖျက်ခဲ့သည်။ ဒါက လူသတ်သမား၏ ကစားပုံပင်။


ဟိုင်ရိက တိုက်ရိုက်မေးလိုက်သည်။


"ဒါဆို ခင်ဗျားအခန်းထဲက မှန်နောက်က အရုပ်က ဘာအတွက်လဲ"


ရွှယ်ချွမ်း သိသိသာသာ အံ့အားသင့်သွားခဲ့၏။


ရှန့်ချန့်ယန်က ရုတ်တရက် ပြောလိုက်သည်။


"တစ်ခုခု ပေါ်လာပြီးမှ ပြော"


သူ၏ ရုတ်တရက် အေးစက်စက် ပြက်လုံးကြောင့် လူတိုင်း အံ့အားသင့်သွားပြီးမှ ရယ်မောကြသည်။ ရွှယ်ချွမ်းလည်း ပျော်ရွှင်သွား၏။


ရွှယ်ချွမ်း : "ကျွန်မ ဖန်တီးစရာ ဘာမှမရှိပါဘူး.. ရှင့်ရဲ့ အရုပ်လိုပဲ၊ အဲဒါကလည်း ယွိရှန့်ရဲ့ အရုပ်ပဲ.. ကျွန်မ သူ့ကို အရမ်းချစ်တော့ ကျွန်မမှာလည်း တစ်ခုရှိတာပေါ့"


သူမ လိမ်နေခဲ့သည်။


ဟိုင်ရိသည် ပထမဆုံးအကြိမ် ကြားလိုက်ကတည်းက သိလိုက်၏။ သူမ၏ ပြောဆိုချက်သည် အနည်းငယ်မျှပင် ဆွဲဆောင်မှု မရှိခဲ့။


ဟိုင်ရိက မေးလိုက်သည်။


"ဘာလို့ မှန်နောက်မှာ ထားတာလဲ"


ရွှယ်ချွမ်း : "ထားစရာ နေရာမရှိလို့လေ... ဗိုလ်ချုပ်က သူ့သမီးကြီးကို မကြိုက်ဘူး၊ အရုပ်တွေကို မမြင်ချင်ဘူး၊ ဒါကြောင့် ကျွန်မ ဖွက်ထားရတာ"


ဟိုင်ရိက သူ့ကို တိတ်ဆိတ်စွာ အကြာကြီး ကြည့်နေခဲ့၏။


ရွှယ်ချွမ်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


"ဒါ အမှန်ပဲ"


ဟိုင်ရိ : "အဲဒီအရုပ်က တိုက်တိုက်ဆိုင်ဆိုင် ချယ်ရီပင်ကို မျက်နှာမူနေတယ်.. ပြီးတော့ ယွိရှန့်ကို အဲဒီပင်အောက်မှာ မြှုပ်ထားတယ်.. ခင်ဗျားမှာ ဖွက်ထားဖို့ နေရာတွေ အများကြီး ရှိရဲ့သားနဲ့ ဘာလို့ မှန်နောက်မှာ ဖွက်တာလဲ"


ရွှယ်ချွမ်းသည် ပြင်းထန်သော မေးခွန်းထုတ်မှုကြောင့် စကားပင် ပြောမရတော့ပုံ ရသည်။


"ဒါက ဇာတ်ညွှန်းထဲမှာ အဲဒီလို ရေးထားတာ.. ဗိုလ်ချုပ် စိတ်မကျေနပ်မှာကို စိုးရိမ်လို့ မှန်နောက်မှာ ဖွက်ထားတာ"


ရှန့်ချန့်ယန် : "ကျွန်တော့်ကိုတော့ သေဆုံးသူက ပေးထားတာ... ခင်ဗျားဟာက ဘယ်ကရတာလဲ"


ရွှယ်ချွမ်း : "ကျွန်မလည်း မသိဘူး"


ရွှယ်ချွမ်းက သက်ပြင်းချရင်း ပြောလိုက်၏။


"တစ်နေ့ကျတော့ ကျွန်မအခန်းထဲမှာ ရုတ်တရက် ပေါ်လာတာ.. သခင်မကြီး(သေဆုံးသူ)က ကျွန်မ ယွိရှန့်ကို ကြိုက်တာ သိလို့ ပေးထားတာလို့ပဲ အမြဲထင်ခဲ့တာ... ဒါကြောင့်လည်း ဘယ်တုန်းကမှ မမေးဘဲ ဒီအတိုင်းပဲ ထားလိုက်တာ"


ရွှယ်ချွမ်းသည် သဲလွန်စတိုင်းအတွက် အဖြေရှိခဲ့သည်။


သို့သော် ဟိုင်ရိက တစ်ခုခု မှားနေသည်ဟု ဝိုးတဝါး ခံစားရ၏။


တစ်စုံတစ်ခု မှားနေပြီဖြစ်သော်လည်း မည်သူ့အရာဆိုသည်ကို သူတိတိကျကျ မပြောနိုင်ခဲ့ပေ။


မျက်နှာပေါ်တွင် တွေးတောသည့် အမူအရာဖြင့် ရှန့်ချန့်ယန်သည်လည်း ဆက်လက် တိတ်ဆိတ်နေခဲ့သည်။


ဤအချိန်တွင် ချန်ဇယ်က စတင်ပြောဆိုလာသည်။


ချန်ဇယ် : "ငါ ရှင့်ဇီအခန်းကို ရှာခဲ့တယ်"


ဟိုင်ရိ၏ စိတ်အခြေအနေ တင်းမာသွားခဲ့၏။ ရွှယ်ချွမ်းအပေါ် သူ၏ စိတ်ဝင်စားမှု ချက်ချင်း ပျောက်ကွယ်သွားပြီး ချန်ဇယ်၏ စကားကို နားထောင်ရန် အာရုံစိုက်လိုက်သည်။


သူမသည် ရှန့်ချန့်ယန်၏ အခန်းကို ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရှာဖွေခဲ့ခြင်း မဟုတ်သည်မှာ သေချာသည်။


🌟🌟🌟