Chapter : 14 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [11] )
Viewers 3k

Chapter : 14 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [11] )



ရှန့်ချန့်ယန်သည် စကားပင်မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။


ဟိုင်ရိ၏ Weibo ပရိုဖိုင်ပုံသည် မှောင်မိုက်နေသော အရိပ်ဖြစ်၏။ ထိုပုံက ရင်းနှီးနေသည်ဟု တွေးမိသောကြောင့် ရှန့်ချန့်ယန်သည် ထိုပုံကို နှိပ်ကြည့်လိုက်ရာ သူကိုယ်တိုင်ဖြစ်နေကြောင်း တွေ့လိုက်ရ၏။


ထိုပုံကို လွန်ခဲ့သည့်နှစ် နွေရာသီက သူသည် (တရုတ်)နိုင်ငံသို့ ပြန်လာပြီး Variety Show တစ်ခုတွင် ပါဝင်ခဲ့စဉ်က ရိုက်ကူးခဲ့ခြင်း ဖြစ်နိုင်သည်။ သူအလုပ်ဆင်းချိန်တွင် နံနက်စောစောပိုင်း ဖြစ်နေပြီဖြစ်၏။ ထိုအချိန်က တံခါးဝတွင် သူ့ကို စောင့်နေသော ပရိသတ်အနည်းငယ် ရှိခဲ့ပုံရသည်။ သို့သော် ဟိုင်ရိသည် ထိုပရိသတ်များထဲတွင် ပါဝင်ခဲ့သည် ဟုတ်၊ မဟုတ် သူသေချာမသိခဲ့ပေ။ လွန်ခဲ့သည့်နှစ်က သူဆိုးခဲ့သော ဆံပင်အနီရောင်ကြောင့် ထိုဓာတ်ပုံကို သူမှတ်မိခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံထဲက မီးရောင်အောက်တွင် သူ၏ ဆံပင်သည် မှောင်မိုက်မှုကို ထိုးဖောက်ဝင်ရောက်နေသော မီးလျှံကဲ့သို့ တောက်ပနေခဲ့၏။


ရှန့်ချန့်ယန်သည် ထိုအချိန်က အဖွဲ့ဝင်များနှင့်အတူ မဟုတ်ဘဲ တစ်ယောက်တည်း (တရုတ်)နိုင်ငံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူရှေ့က လျှောက်သွားနေစဉ် သူ၏ မန်နေဂျာက သူ့နောက်မှ လိုက်ပါလာခဲ့သည်။ ထိုအချိန်က သူသည် အရိုးသာရှိသော ကိုယ်ခန္ဓာနှင့် ပိန်ချုံးနေခဲ့၏။ သူသည် အားနည်းသော ပုံစံမျိုးကို ပြသနေသော်လည်း ပရိသတ်များက သူ့ကို ချစ်ခင်မြတ်နိုးခဲ့ကြသည်။


( TN - အစမှာလည်း ပါပေမယ့် မေ့နေမှာစိုးလို့ပါ ရှန့်ချန့်ယန်က kpop boy group ထဲက တရုတ်မန်ဘာပါနော် activity အများစုက ကိုရီးယားမှာ ရိုက်ကူးရတာဖြစ်ပြီး အခုပြောနေတဲ့ တစ်ခေါက်က solo schedule အနေနဲ့ ကိုရီးယားကနေ တရုတ်ကို ခဏပြန်လာခဲ့တာလို့ ပြောတာပါရှင် )


ရှန့်ချန့်ယန်သည် ထိုညက မိမိကိုယ်ကို သတ်သေရန် ပြင်ဆင်မှုများ ပြုလုပ်ထားပုံကို ပြန်တွေးမိ၏။ မသေခင်တွင် သူ၏ ပရိသတ်များအတွက် အမှတ်တရအနေဖြင့် သူ့မျက်နှာကို နောက်ထပ်အကြိမ်အနည်းငယ် ပြသချင်ခဲ့သည်။


Variety Show များကို လက်ခံသည်မှာ ရှားလေသည်။ နိုင်ငံခြားတွင်မူ ပြိုင်ဆိုင်မှုသည် ပြင်းထန်ပြီး Variety Show ဖိတ်ကြားမှုများလည်း မများခဲ့ပေ။ သို့သော်လည်း လွန်ခဲ့သည့်နှစ် နွေရာသီက သူသည် ရေပန်းစားလာ၏။ သူ့ ကုမ္ပဏီ၏ အကြုံပြုချက်မှာ ဤရေပန်းစားမှုသည် သူ့အတွက် နောက်ဆုံးအကြိမ် တောက်ပမှုဖြစ်လာရန် ဖြစ်ပြီး မကြာမီ မှေးမှိန်သွားမည်ဟု ဆိုသည်။


သူနှင့် ဆက်စပ်နေသော ဒရာမာများနှင့် အရှုပ်အထွေးများ၊ ထို့ပြင် လိင်တူချစ်ခြင်းအပေါ် စျေးကွက်၏ သည်းမခံနိုင်မှုတို့ကြောင့် သူ၏ အနုပညာလုပ်ငန်းသည် အဆုံးသတ်ရတော့မည် ဖြစ်၏။


ထိုညက ရှန့်ချန့်ယန်သည် လမ်းလျှောက်နေစဉ် သူ့နောက်မှ ကင်မရာများဖြင့် လိုက်ပါလာသော မိန်းကလေးအနည်းငယ်ကို ကောင်းစွာ သတိပြုမိခဲ့သည်။ လမ်းမီးတိုင်များက သူတို့၏ အရိပ်များကို ရှည်လျားစေခဲ့၏။ ရှန့်ချန့်ယန်သည် ဓာတ်ပုံများ ပိုမိုရိုက်နိုင်ရန် တမင်တကာ ခြေလှမ်းနှေးခဲ့သည်။ အလွန်အမင်း ပင်ပန်းနေသော သူ၏ မန်နေဂျာက တိုက်တွန်းနေသော်လည်း သူသည် နားမထောင်ဟန်ဆောင်ခဲ့သည်။


ဟိုင်ရိ၏ ပရိုဖိုင်ပုံသည် ထိုညက သူ၏ နောက်ကျောပုံရိပ် ဖြစ်သည်။
ရှန့်ချန့်ယန်သည် ဟိုင်ရိကို ကြည့်လိုက်၏။ ဟိုင်ရိသည် စားပွဲပေါ်တွင် လှဲလျောင်းနေပြီး လှုပ်ရှားမှုမရှိသော်လည်း အိပ်ပျော်နေခြင်း မဟုတ်ကြောင်း သိသာသည်။


အမှန်တကယ်ပင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ဟိုင်ရိ၏ မျက်လုံးများတွင် အံ့ဩမှုသာမက မျက်ရည်များဖြစ်နိုင်ဖွယ်ရှိသော အရိပ်အယောင်များလည်း ရှိခဲ့သည်ဟု ရှန့်ချန့်ယန် မှတ်မိခဲ့သည်။


သူသည် လုံးဝစိမ်းသက်သော လူတစ်ယောက်အပေါ် ထိုကဲ့သို့ ခံစားချက်မျိုး ရှိနိုင်သည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။


ရှန့်ချန့်ယန်သည် သူ့ကို အလွန်ချစ်သော ပရိသတ်အနည်းငယ် ရှိကြောင်း အမြဲသိခဲ့၏။ သူတို့သည် မင်္ဂလာဝတ်စုံများ ဝတ်ဆင်၍ပင် Fansign များသို့ လာရောက်ကြပြီး သူ့ကို မြင်သောအခါ မျက်ရည်ကျလုနီးပါး ဖြစ်ကြသည်။ သူတို့အားလုံးသည် ဟိုင်ရိနှင့် ဆင်တူပါသလား၊ သို့မဟုတ် ဟိုင်ရိသည် သူတို့ထက်ပင် ပို‌နေသည်လား။


ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ မှတ်ချက်များကို အောက်သို့ ဆက်ဆွဲကြည့်လိုက်သည်။ ဟိုင်ရိ၏ မှတ်ချက်တိုင်းသည် သုံးနှစ်ခန့်က ဗီဒီယိုတစ်ခုဆီသို့ ပြန်လည်ခြေရာခံနိုင်၏။ ထိုအချိန်က ဟိုင်ရိသည် ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ကိုရီးယားသို့ ရောက်သည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။


ရှန့်ယွီက သူ အာ့ဟူကို တီးခတ်နေသော ဗီဒီယိုကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်ပင် ရှန့်ယွီက စိတ်ဝင်စားစရာကောင်းပြီး လူကြိုက်များနိုင်သည်ဟု မခံစားရမီက သူ တစ်ကြိမ်တီးခတ်ဖူးခဲ့၏။ ထို့ကြောင့် ရှန့်ယွီသည် ဖုန်းထုတ်၍ နောက်တစ်ကြိမ် တီးခတ်ခိုင်းခဲ့သည်။ ထိုသို့ဖြင့် ဤဗီဒီယို ပေါ်ပေါက်လာခဲ့၏။


ဗီဒီယိုရိုက်ကူးစဉ်က သူသည် ပွဲဦးမထွက်ရသေးဘဲ ကုမ္ပဏီတွင် သင်တန်းသားတစ်ဦးသာ ဖြစ်သည်။ သူ၏ အကသင်တန်း ပြီးဆုံးသွားသောအခါ ဆရာက သူသည် အကကျင့်စဉ်တွင် အားသုံးမှုလွန်ကဲပြီး အခြားသူများထက် ပိုဆိုးနေသည်ဟု ပြောခဲ့၏။ သူနှင့် ရှန့်ယွီသည် ကုမ္ပဏီလှေကားထစ်တွင် ထိုင်နေခဲ့ပြီး ရှန့်ယွီက သူ့ကို နှစ်သိမ့်ပေးခဲ့သည်။


ရှန့်ယွီ : "မင်းရဲ့ Vocal အဆင့်တွေက ငါတို့အားလုံးထက် ပိုကောင်းပါတယ်... မင်းက Main Vocalist ဖြစ်နိုင်တာ သေချာတယ်.. အကက အရေးမကြီးပါဘူး"


ရှန့်ချန့်ယန်သည် ထိုအကြောင်းကို စဉ်းစားမိပြီး တူညီစွာ ခံစားမိသောကြောင့် သူ၏ စိတ်ခံစားမှု အနည်းငယ် ပေါ့ပါးလာခဲ့၏။


ရှန့်ယွီ : "သီချင်းတစ်ပုဒ် ဆိုပါဦး.. မင်းသီချင်းဆိုတာ မကြားရတာ ကြာပြီ.. ဘာသီချင်းဆိုမှာလဲ"


ရှန့်ချန့်ယန်သည် ထရပ်၍ ဖုန်များကို သူ၏ တင်ပါးပေါ်မှ ခါချလိုက်သည်။


ရှန့်ချန့်ယန် : "ခဏစောင့်.. ငါမင်းကို စိတ်ဝင်စားစရာတစ်ခု ပြမယ်"


သူသည် သူ၏ အိပ်ဆောင်သို့ ပြန်ပြေးသွားပြီး အာ့ဟူကို ကောက်ယူကာ ပြန်လာခဲ့သည်။ ခရီးစဉ်တစ်ခုလုံး ငါးမိနစ်ပင် မကြာခဲ့ပေ။ သူပြန်ရောက်သောအခါ ရှန့်ယွီသည် သူ့ကို စောင့်နေဆဲပင်။ သူ့လက်ထဲက အာ့ဟူကို မြင်သောအခါ ရှန်ယွီသည် ကြောင်တောင်တောင် ကြည့်နေခဲ့၏။


ရှန့်ချန့်ယန်သည် ချောင်းဟန့်လိုက်ကာ လှေကားထစ်ပေါ်တွင် ထိုင်လိုက်ပြီး ရှန့်ယွီကို ဆင်းရန် လက်ဟန်ပြလိုက်သည်။


ရှန့်ချန့်ယန် : "ဒါက ငါ့ရဲ့ အကောင်းဆုံး လက်ရာပဲ... အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ သဟဇာတဖြစ်တဲ့ ပေါင်းစပ်မှုနဲ့ ဘက်ပေါင်းစုံက စစ်မှန်တဲ့ အနုပညာလက်ရာပဲ... နားစွင့်ပြီး သေချာနားထောင်လိုက်"


ရှန့်ယွီသည် အဆုံးမဲ့ ရယ်မောသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ ပြေးလာသောကြောင့် ပူနွေးမှုကို ခံစားနေရသော ရှန့်ချန့်ယန်သည် သူ၏ ပွဖောင်းနေသော အ‌နွေးထည်ကို ဇစ်ဖြုတ်လိုက်၏။ အသက်ရှူသွင်းပြီး သူ၏ လက်များကို မြှောက်ကာ "Troublemaker" ကို တီးခတ်လိုက်သည်။


ရှန့်ချန့်ယန်သည် ပထမဆုံးအကြိမ် တီးခတ်စဉ်က အလွန်ကောင်းမွန်စွာ တီးခတ်နိုင်ခဲ့သည်ကို မှတ်မိနေ၏။ ဆန့်ကျင်ဘက်အားဖြင့် ရှန့်ယွီက သူ့ကို ရိုက်ကူးနေချိန်မှသာ သူရှက်ရွံ့သွားခဲ့ခြင်း ဖြစ်သည်။


သူနောက်ပိုင်း တီးခတ်ခဲ့သော "Hope Betrayed" ဗီဒီယိုသည်လည်း ဟိုင်ရိ၏ Weibo တွင် ‌အစောဆုံး ပေါ်လာခဲ့ခြင်း ဖြစ်၏။


ဟိုင်ရိက အောက်တွင် မှတ်ချက်ပေးခဲ့သည်။


[ အရမ်း ကြိုက်တယ် [အသည်း]♡ [မျက်ရည်](⁠╥⁠﹏⁠╥⁠) ]


ရှန့်ချန့်ယန်သည် ထိုအဖြစ်အပျက်နောက်ပိုင်း ဖြစ်ပျက်ခဲ့သော ကိစ္စများကို မလွဲမသွေ ပြန်သတိရမိ၏။ ဤဗီဒီယိုသည် သူ၏ နာမည်ကျော်ကြားမှုကို အဆမတန် မြှင့်တင်ပေးခဲ့ပြီး ဟိုင်ရိကိုလည်း သူ့အား ရှာဖွေတွေ့ရှိစေခဲ့သည်။


သို့သော် ထိုနောက်ပိုင်း အရာအားလုံးသည် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့သည်။ ဆယ့်ခြောက်နှစ်သားဘဝ၏ ဤဆောင်းရာသီနေ့တွင် "Hope Betrayed" သီချင်းစာသားများသည် အိပ်မက်ဆိုးတစ်ခုကဲ့သို့ သူ့ဘဝကို ရစ်ပတ်ခဲ့၏။ ထိုသီချင်းစာသားများသည် သူ့ဘဝကို ထင်ဟပ်နေပုံရသည်။


"တစ်ဦးက ဧဒင်ဥယျာဉ်က အထီးကျန်ပန်းလေးတစ်ပွင့် ~


နောက်တစ်ဦးကတော့ ကောင်းကင်ဘုံက အပြစ်အနာအဆာကင်းတဲ့ ကျောက်စိမ်းတစ်ပွင့် ~

 

ကံကြမ္မာမရှိရင် သူတို့ ဘာလို့ နောက်တစ်ကြိမ် ထပ်ဆုံကြရတာလဲ ~

 
ကံကြမ္မာရှိခဲ့ရင် သူတို့ရဲ့ အချစ်စစ်တွေ ဘာလို့ အချည်းနှီး ဖြစ်ရတာလဲ ~"


ရှန့်ချန့်ယန်သည် ဆက်ဆွဲကြည့်လိုသော ဆန္ဒအားလုံးကို ဆုံးရှုံးခဲ့ရသည်။ ရွံရှာဖွယ်ကောင်းသော ရင်းနှီးသည့်ခံစားချက်သည် တစ်ဖန်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ သူ့ကိုယ်သူ သတ်သေပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်၏။


သေဆုံးသူသည် စားပွဲနိမ့်နိမ့်ရှေ့တွင် ထိုင်နေပြီး သူမ၏ ဆံပင်များက တရှပ်ရှပ်မြည်သံဖြင့် ကြမ်းပြင်ပေါ်တွင် လျှောကျနေသည်။ သူမ၏ ဆံပင်က သူတို့၏ ခြေထောက်နား ရောက်လာချိန်တွင် ဟိုင်ရိသည် စားပွဲပေါ်တွင် ဆက်လက် လဲလျောင်းနေဆဲပင်။ ဆံပင်များက တိတ်ဆိတ်စွာ သူတို့၏ ခြေထောက်များပေါ်သို့ တွားတက်လာပြီး ဟိုင်ရိ၏ လည်ချောင်းမှ စကားလုံးတစ်လုံး ထွက်လာသည်။


ဟိုင်ရိ : "လစ်စမ်း"


ဆံပင်များက ချက်ချင်းပင် ပြန်ကျသွားပြီး သေဆုံးသူ၏ ဘေးသို့ ပြန်ရောက်သွား၏။ ရှန့်ချန့်ယန်က ရယ်လိုက်သည်။ မှောင်မိုက်သော ခံစားချက်မှာ သိသိသာသာ လျော့ကျသွား၏။


ဟိုင်ရိက သူ့ဘက်သို့ မျက်နှာလှည့်ကြည့်လိုက်သည်။


ဟိုင်ရိ : "ဘာရယ်နေတာလဲ"


"အံ့ဩစရာပဲ"


ရှန့်ချန့်ယန် ပြောလိုက်သည်။


"သရဲတောင် ဆဲရဲတယ်၊ ကံကောင်းတာက ဒီသရဲက အငြိုးမထားဘူး၊ မဟုတ်ရင် ခင်ဗျားအသက်ကို မနေ့ကတည်းက ယူသွားလောက်ပြီ၊ အိပ်ပျော်နေတာလား"


ဟိုင်ရိက ထထိုင်လိုက်ပြီး ခါးကို ပျင်းရိစွာ ဆန့်လိုက်သည်။


ဟိုင်ရိ : "မျက်လုံးမှိတ်ထားတာပဲ၊ ဒါပေမဲ့ သတိတော့ ရှိနေသေးတယ်၊ သူတို့ဘာလို့ အခုထိ မရောက်သေးတာလဲ"


ရှန့်ချန့်ယန်သည် app မှ ထွက်လိုက်ပြီး ဟိုင်ရိ၏ ဖုန်းကို သူ့ထံ ပြန်ပေးလိုက်၏။


ရှန့်ချန့်ယန် : "နောက်ကျမှ ရောက်လာတဲ့သူတွေကို သတိထားလိုက်၊ သူတို့က အချိန်ဆွဲချင်တဲ့ လူသတ်သမား ဖြစ်နိုင်တယ်"


ဟိုင်ရိသည် ဤစကားများကို တိတ်ဆိတ်စွာ ထောက်ခံလိုက်သည်။ သူက ပေါ့ပေါ့ပါးပါး မေးလိုက်၏။


"Hot Searches တွေက ဘာတွေတဲ့လဲ"


ရှန့်ချန့်ယန် : ...


ဟိုင်ရိ : ?


ရှန့်ချန့်ယန်သည် အစောပိုင်းကတည်းက သူတို့ကို ကြည့်ပင်မကြည့်ခဲ့သောကြောင့် သူတို့အပေါ် အထင်အမြင်ဖြင့်သာ ပြန်ဖြေနိုင်သည်။


ရှန့်ချန့်ယန် : "အနောက်မြောက် ဟွား ခရိုင် ၁ မှာ ဝေလငါးတစ်ကောင် သေသွားတဲ့ပုံပဲ"


သူ့ကို ဖော်ထုတ်ခံရပြီဆိုတာကို မသိသေးကြောင်း ထင်ရှားသည့် ဟိုင်ရိသည် ဤသတင်းကြောင့် အလွန်အမင တုန်လှုပ်သွား၏။


ဟိုင်ရိ : "ကောင်းကင်ပေါ်က ဝေလငါးတွေလား.. သူတို့သေနိုင်တယ်လား"


ရှန့်ချန့်ယန် : "သူတို့က ကျွန်တော်တို့နဲ့ တည်ရှိပုံတွေ မတူဘူးထင်တယ် ဒါပေမယ့် သူတို့လည်း သေနိုင်တယ်၊ သူတို့ကို‌ 'ကျဆုံးသွားတဲ့ ဝေလငါးတွေ' လို့ ခေါ်ကြတယ် လူတွေအများစုကတော့ လှောင်ကြတယ်လေ"


ဟိုင်ရိ : "ကောင်းတယ်"


ရှန့်ချန့်ယန်သည် မည်သည်က ကောင်းသည်ကို မပြောနိုင်သလို ဟိုင်ရိ Weibo ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံမှန်မဟုတ်သည့်အရာအား ရှာဖွေတွေ့ရှိမည်ကို ကြောက်ရွံ့၍ မေးဖို့ပင် မဝံ့ရဲခဲ့ပေ။


သူသည် ဟိုင်ရိကို အမြဲတမ်း ပရိသတ်တစ်ဦးကဲ့သို့ မမြင်ခဲ့သောကြောင့် သူသည် ဟိုင်ရိ၏ ပရိသတ်ဖြစ်ကြောင်း ပြောကြားချက်မှာ ပေါ့ပေါ့ပါးပါး စကားပြောခြင်းဟုသာ အစကတည်းက ယူဆခဲ့သည်။ အကြောင်းမှာ ဟိုင်ရိသည် အနည်းငယ် တည်ငြိမ်ပြီး စုစည်းမှုရှိပုံရသော်လည်း သေချာကြည့်သောအခါ ထိုဖော်ပြချက်နှင့်လည်း မကိုက်ညီပေ။ ဟိုင်ရိသည် ဘာမှ မပြောခဲ့သော်လည်း သူရင်းနှီးသောလူနှင့်သာ သူလုပ်ခဲ့သမျှကို လုပ်လိမ့်မည်ဖြစ်၏။


ဤအချိန်တွင် ကျန်လူများ တစ်ဦးပြီးတစ်ဦး နောက်ကနေ စတင်လိုက်ပါလာခဲ့သည်။ ပထမဆုံး ပြန်လာသူမှာ ရွှယ်ချွမ်း ဖြစ်သည်။ သူတို့ကို မြင်သောအခါ သူမက ပြုံးလိုက်၏။


ရွှယ်ချွမ်း : "ဘာလို့ ရှင်တို့နှစ်ယောက်က အမြဲတမ်း ဒီလောက်မြန်မြန်ပြန်လာရတာလဲ"


ဟိုင်ရိ : "ကျွန်တော်တို့က ခင်ဗျားတို့လောက် ‌စေ့စေ့စပ်စပ်မရှာဘူးလေ"


ရွှယ်ချွမ်း : "အဲလိုမဖြစ်ဘူး"


ရွှယ်ချွမ်းက အလေးအနက်ထား ပြောသည်။


"သဲလွန်စတစ်ခုကိုတောင် အပေါ်ယံပဲကြည့်ရင် ရှုံးနိုင်တဲ့ အခွင့်အရေးရှိတယ်"


ဟိုင်ရိ၏ တုံ့ပြန်မှုက ရိုးသားမှု အတော်ပင် နည်းပါး၏။


ဟိုင်ရိ : "ဖြစ်နိုင်ပါတယ်"


ရွှယ်ချွမ်းက ပြုံးရင်း ပြောလိုက်သည်။


"ကျွန်မအခန်းကို ရှာပြီးတော့ ဘာတွေများ တွေ့ခဲ့သေးလဲ"


"တွေ့တာတွေတော့ ရှိတယ်"


ဟိုင်ရိပြောလိုက်သည်။


"ဘယ်သူ့အခန်းကို ရှာခဲ့တာလဲ.. ကျွန်‌တော့်အခန်းကိုလား"


ရွှယ်ချွမ်း : "ဟုတ်တယ်"


သူမသည် အသက်သုံးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ ဖြူစင်မှု ရှိနေသေးသည်ဟု ထင်ရပြီး သူမ၏ အပြုံးသည်လည်း အလွန်ပင် ကောင်းမွန်သော သဘောသဘာဝ ရှိခဲ့သည်။


သို့သော် သူမ လေထုထဲတွင် ထုတ်လွှင့်နေသော စိတ်ပျက်အားငယ်မှုသည် အလွန်သိပ်သည်းပြီး ရှန့်ချန့်ယန်ထက်ပင် ပိုမိုသိပ်သည်း၏။ သူမကို ကြည့်ရုံဖြင့် ဟိုင်ရိသည် အလွန်အမင်း မွန်းကြပ်သလို ခံစားရသည်။ သူ့အတွက် သူမကို ကောင်းမွန်သောဘက်မှ မြင်ရန် အလွန်ခက်ခဲသည်။


မကြာမီပင် ဖျင်ကျယ့်နှင့် ချန်ဇယ်လည်း ရောက်လာခဲ့သည်။ လူငါးဦး စုံစုံလင်လင် ရှိနေပြီဖြစ်၏။


ယခုအချိန်သည် နံနက် ၁၁ နာရီ ၁၀ မိနစ် ဖြစ်သည်။ ညဘက်ရောက်ရန် ၉ နာရီ ၂၀ မိနစ် ကျန်ရှိသေးသည်။


ဖျင်ကျယ့် : "တွေ့လာတဲ့ သက်သေတွေကနေ စလိုက်ရအောင်"


ဖျင်ကျယ့် မေးလိုက်သည်။


"ဒါမှမဟုတ် အသေးဆုံးကနေ အကြီးဆုံးကို စရမလား"


သူ၏ အကြည့်က ရှန့်ချန့်ယန်ထံ ရောက်နေသည်။ ဤမေးခွန်းက သူ့ကို ဦးတည်မေးခြင်း ဖြစ်ကြောင်း ရှင်းလင်းနေ၏။ သို့သော် ရှန့်ချန့်ယန်ကမူ သာမန်ကာလျှံကာပင် ပြောလိုက်သည်။


"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"


ဒုတိယအကြိမ် စဉ်းစားကြည့်သောအခါ အဓိပ္ပာယ်ရှိလာ၏။ ရှန့်ချန့်ယန်သည် ဤဂိမ်းတွင် ကျွမ်းကျင်ပြီး မည်သည့်ဆွေးနွေးမှု စတင်သည်နှင့်အမျှ မည်ကဲ့သို့ အခန်းနံပါတ်များအတိုင်း သွားရမည်ကို ကောင်းစွာသိသည်။ ဂိမ်းအစတွင်ပင် ချက်ချင်း လိမ်ညာမှုများ ဖန်တီးခြင်းသည် သိသိသာသာ ခက်ခဲသော ကိစ္စဖြစ်၏။ လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။


ဟိုင်ရိက စဉ်းစားလိုက်သည်။ သူက ပထမဆုံး စကားပြောသူ မဟုတ်လျှင် ပိုကောင်းမည်ဟု ခံစားရသောကြောင့် ရွှယ်ချွမ်းအား ပြောလိုက်သည်။


"ခင်ဗျား အရင်စလိုက်လေ"


ရွှယ်ချွမ်းက မည်သည့် ကန့်ကွက်မှုမှ မပြုဘဲ စလိုက်သည်။


ရွှယ်ချွမ်း : "ဟုတ်ပြီ၊ ကျင်းထျန်ရဲ့ အခန်းကို ရှာပြီးသွားပြီ၊ ကျွန်မ ရှင့်ကိုရှာလို့ရပြီလား"


ဟိုင်ရိက ထရပ်ပြီး လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်လိုက်၏။


ဟိုင်ရိ : "ရှာပါ"


ရွှယ်ချွမ်းသည် နောက်ဆုံးတွင် မိန်းမတစ်ဦးဖြစ်သည့်အားလျော်စွာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။


ဟိုင်ရိက ထပ်ဖြည့်ပြောလိုက်၏။


"စိတ်မပူပါနဲ့၊ မင်းကိုယ်စား တခြားသူတွေကို လုပ်ခိုင်းလို့ရတယ်"


သူက နောက်လှည့်ပြီး ရှန့်ချန့်ယန်ကို အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ပွဲကို ကြည့်နေဆဲဖြစ်သော ရှန့်ချန့်ယန်သည် ရုတ်တရက် အချက်ပြခံရသောအခါ ခဏတာ အံ့အားသင့်သွားခဲ့သည်။ သူထရပ်ပြီး ပြောလိုက်၏။


"‌‌‌ကောင်းပြီ ကျွန်တော်လုပ်လိုက်မယ်"


ရွှယ်ချွမ်းက ရယ်လိုက်၏။


ရွှယ်ချွမ်း : "ဟုတ်ပြီလေ ရှင်(ဟိုင်ရိ)က အရမ်းချောတော့ ကျန်တဲ့သူတွေက ကျွန်မ ရှင့်ကို အခွင့်ကောင်းယူတယ်လို့ ထင်လိမ့်မယ်"


ဟိုင်ရိ ရယ်လိုက်သည်။


ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ ရှေ့ဘက်ကော်လံထောင့်ကို ဖမ်းဆုပ်လိုက်ပြီး ဟိုင်ရိကို အနံ့ခံရန် သူ၏ နှာခေါင်းကို ရှေ့သို့ ရွေ့လိုက်သည်။ ရလဒ်အနေဖြင့် သူ၏ ခေါင်းသည် ဟိုင်ရိ၏ လည်ပင်းနားတွင် ရောက်သွား၏။ သူတို့သည် အလွန်နီးကပ်နေသောကြောင့် ဟိုင်ရိသည် သတိမထားမိဘဲ နောက်သို့ စောင်းသွားခဲ့သည်။ ရှန့်ချန့်ယန်က သူ့ကို ဖမ်းဆုပ်လိုက်ပြီး ခေါင်းထောင်ကာ ကြည့်လိုက်သည်။


ဟိုင်ရိ: "...မင်းဆက်လုပ်"


🌟🌟🌟