Ch 20
Viewers 5k

🌹Chapter 20



စုန့်ယွီက အိုးယီလျန်၏ အကြောင်းကို ရှဲ့ဆွေ့အား မပြောပြရန် ဆုံးဖြတ်လိုက်သည်။ ရှဲ့ဆွေ့၏ ယခင်ဘဝမှ သူ့ကို ခြောက်လှန့်ခဲ့သည့် အိပ်မက်ဆိုးများကို ဖယ်ရှားပေးရန် ဆုံးဖြတ်ထားပြီးဖြစ်၍ အတန်းပိုင်ဆရာမ၏ မကောင်းသောစိတ်ထားများကို သူ သိရန် မလိုအပ်ပေ။


ကျောင်းနောက်ဘက်က လမ်းက အဆာပြေဆိုင်တန်းဖြစ်သည်။ ဤအချိန်တွင် ဆိုင်အများစုက ပိတ်ထား သော်လည်း ဘာဘီကျူးဆိုင်များမူကား အရောင်းအဝယ်ကောင်းနေလေသည်။ ပြည်ကြီးငါးများက မီးဖိုပေါ်တွင် တရှဲရှဲနှင့် မြည်နေပြီး အနံ့က လမ်းတစ်လျှောက်လုံး မွှေးပျံ့နေသည်။


စုန့်ယွီက စိတ်တက်ကြွနေခဲ့သည်။

 "ဂျုံလုံးတစ်လုံး၊ ဆန်မုန့်တစ်ပွဲ၊ ကြက်သွန်မြိတ်တစ်ပွဲ၊ ကြက်တောင်ပံတစ်စုံ..."


ရှဲ့ဆွေ့က ကူကယ်ရာမဲ့စွာနှင့် သူ့ကို တားလိုက်သည်။

 "တော်ပြီ… ညဘက် အများကြီး မစားနဲ့…" 


သူက ဆိုင်ပိုင်ရှင်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

"သူ့အတွက် ဂျုံလုံးနဲ့ ဆန်မုန့်ပဲ ပေးပါ…" 


စုန့်ယွီ၏ နှုတ်ခမ်းထောင့်လေးက ကွေးကျသွားသော်လည်း ရှဲ့ဆွေ့ လုပ်ချင်သည်ကို သူ ခွင့်ပြုလိုက်သည်။


ဆိုင်ပိုင်ရှင်က မကျေမနပ်နှင့် ရေရွတ်လိုက်သည်။

 "ညီလေး၊ မင်းက ကိုယ့်ချစ်သူရည်းစားကို ထိန်းချုပ်နေတယ်လို့ ထင်နေတာလား…"


စုန့်ယွီက ဘာဘီကျူးဆိုင်မှ အခြားနေရာသို့ ကူးပြောင်းပြီး အိုဒန် သွားဝယ်နေပြီဖြစ်သည်။ နောက်တွင် ကျန်ခဲ့သည့် ရှဲ့ဆွေ့က ဤစကားများကို ကြားသောအခါ အဓိပ္ပာယ်ပါပါနှင့် ရယ်မောလိုက်ပြီး သူ၏ ခံစားချက်များကို မျက်လုံးနက်များထဲတွင် ဖုံးကွယ်ထားလိုက်သည်။

"အဲ့လို ပုံစံပေါက်နေလား…"


ဆိုင်ပိုင်ရှင်က သူ့ကြောင့် အရောင်းအဝယ်ပျက်သွားသဖြင့် မျက်လုံးလှန်ပြီး တိုင်တောလာလေသည်။

 "ဟုတ်တယ်….ဘာလို့ မပေါက်ရမှာလဲ…"


စုန့်ယွီက အိုဒန်နှင့် ပြန်လာသောအခါ ဆန်မုန့်နှင့် ဂျုံလုံးများက ကုန်နေပြီဖြစ်သည်။ သူ့လက်များက မအားသောကြောင့် သူ့စာအုပ်များကို ရှဲ့ဆွေ့အား အရင် သယ်ခိုင်းလိုက်သည်။


သူတို့ ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏ လမ်းမကြီးပေါ်တွင် လျှောက်ရင်း ငါးဖယ်လုံး (fish balls)များ စားနေကြသည်။ ညဘက် ကိုယ်တိုင်လေ့လာချိန်အကြောင်း တွေးမိသောအခါ စုန့်ယွီက ရုတ်တရက် ရယ်ချင်လာခဲ့သည်။ သူက ဝါးရင်းနှင့် ဝိုးတဝါး မေးလိုက်သည်။

" ငါ မင်းကို ကျော်တက်သွားမှာ တကယ် ကြောက်တာလား…" 


ရှဲ့ဆွေ့က သူ့ဦးနှောက်၏ လှုပ်ရှားပုံများကို လိုက်မမှီနိုင်တော့ပေ။

"ဘာလဲ…"


စုန့်ယွီ: "မြို့ရဲ့ နံပါတ်တစ်ကလေ…"


သူ၏ တောက်ပပြီး ပြုံးနေသည့် မျက်လုံးများကို ကြည့်လိုက်သောအခါ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ရှဲ့ဆွေ့က ရုတ်တရက် စာမေးပွဲမေးခွန်းများ လုပ်နေစဉ်က သူ(စုန့်ယွီ)၏ အံကြိတ်ပြီး မျက်နှာပျက်နေသည့် ပုံစံကို သတိရသွားခဲ့သည်။


သူက စိတ်ထဲမှ ပျော်ရွှင်စွာ သူ့ကို တိတ်တဆိတ် ကြည့်ရန် အကြည့်ကို ချလိုက်သည်။

"ကြောက်—"


သူက သူ့လေသံကို တမင်တကာ ဆွဲဆန့်လိုက်သည်။


စုန့်ယွီ၏ အံ့ဩသည့် အမူအရာကို ကြည့်ပြီးမှ သူက စနောက်သောပုံစံနှင့် နောက်ဆက်တွဲ စကားလုံးများကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

 "ကြောက်တာက မင်း ငိုမှာကို…"


စုန့်ယွီ: "???" 

သူ တုတ်ချွန်များကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ သူ မယုံကြည်နိုင်ဖြစ်နေ၏။

 "ငါက သင်္ချာကြောင့် ငိုမယ့် ယောက်ျားတစ်ယောက်လို့ မင်းထင်နေတာလား…"


တစ်ကြိမ်ငိုတာက ဆယ်မှတ်တက်မယ်ဆိုရင်တော့ ငါ ဆန္ဒရှိလိမ့်မယ်…. အဓိကအချက်က ရူပဗေဒနဲ့ ဓာတုဗေဒက မျက်ရည်တွေကို မယုံဘူးလေ…


ရှဲ့ဆွေ့က ခေါင်းစဉ်ပြောင်းလိုက်သည်။

 "မင်း စာကို အရမ်း ဂရုစိုက်တာလား….”


ဤသည်က စုန့်ယွီအတွက် ဝမ်းနည်းစရာကောင်းသော ခေါင်းစဉ်တစ်ခုပင်ဖြစ်သည်။ ယခုတွင် ဤအကြောင်းကို ပြောလာသောအခါ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

 "ဂရုစိုက်တာ မဟုတ်ပါဘူး…. ငါ့ ပါပါးက ဂရုစိုက်တာ…ငါ စာမကြိုးစားရင် အိမ်ပြန်ပြီး လယ်လုပ်ရမယ်လို့ ခြိမ်းခြောက်တယ်… သူက ငါ့ကို လစဉ် ထိပ်ဆုံးအဆင့် ၁၀၀ ထဲ ဝင်စေချင်တာ… ငါ့ အထက်တန်းဝင်ခွင့်စာမေးပွဲ အမှတ်က ၃၅၀… ဟေး၊ သူ ငါ့ကို အရမ်း အထင်ကြီးနေတာ မဟုတ်ဘူးလား…"


ရှဲ့ဆွေ့က စုန့်ယွီတွင် အစ်ကိုတစ်ယောက်ရှိသည်ကို မှတ်မိသည်။ 


စုန့်မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးက သူ့ပခုံးပေါ် မကျလာနိုင်ပါဘူး…ပြီးတော့ သူတို့ရဲ့ ဖျားနာနေတဲ့ ဒီသားငယ်လေးကို စုန့်မိသားစုက ကောင်းကင်ကိုတက်နိုင်တဲ့ အထိတိုင်အောင် စိတ်တိုင်းကျ ချစ်ခင်ပေးခဲ့တာ….


ထိုသို့သော ဖြူစင်ပြီး၊ ကြင်နာ၍ ရိုးသားသော စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်သော ချစ်ခြင်းမေတ္တာနှင့် ပြုမူခြင်းမျိုးသာ ဖြစ်ကောင်းဖြစ်နိုင်သည်။


သို့သော်…


ရှဲ့ဆွေ့က မျက်လွှာချလိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။


အမှတ် ၈၀၀ ကို နည်းနည်းပဲ လိုတာတဲ့…ငါ မျှော်လင့်ထားတဲ့အတိုင်း ၄၀၀ တောင် မကျော်ခဲ့ဘူးပဲ…


စုန့်ယွီက ကောင်းကင်ကို ဆက်ကြည့်နေခဲ့သည်။ သူက တစ်နေ့တွင် စာကြောင့် စိတ်ဆင်းရဲရလိမ့်မည်ဟု တကယ်မထင်ခဲ့ပေ။ သူ ဘာဘီကျူးတုတ်ကို ကိုက်ရင်း မေးလိုက်သည်။

"ထိပ်ဆုံး ၁၀၀ ထဲ ရောက်ဖို့အတွက် ဘယ်နှစ်မှတ်လိုတာလဲ…"

 

ရှဲ့ဆွေ့က ဤမေးခွန်း၏ အဖြေကို တကယ်မသိပေ။ ပိရမစ်၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် စာလေ့လာရေးနတ်ဘုရားက ကျောင်းသားများ၏ ဆင်းရဲဒုက္ခကို မခံစားနိုင်ပေ။

"မင်း လုပ်နိုင်ပါတယ်…"


ငါ ပေးနိုင်တာက ဒီ သတိရှိရှိနဲ့ တည်ငြိမ်တဲ့ အားပေးမှုပဲ….


စုန့်ယွီက သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် မင်းက ငါ့ ထိုင်ခုံဖော်ပဲ… ငါ မလုပ်နိုင်ရင် မင်းကို ပိုမေးမယ်… ငါ့အမှတ်တွေက အနည်းဆုံးတော့ တက်လာမှာပဲ…"


ရှဲ့ဆွေ့က စုန့်ယွီကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

"ကောင်းပြီ၊ ဒါပေမဲ့ Lagrange အကြောင်းတော့ မမေးနဲ့နော်…"


စုန့်ယွီ: "??? ဘာလို့လဲ…."


ရှဲ့ဆွေ့က ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။

"မင်းက အလကားမေးနေတာလေ…မင်း အသုံးလည်း မချနိုင်ဘူး… နားလည်း မလည်ဘူး…"


စုန့်ယွီ: "......" 


သူ အခုတော့ လူတွေကို အထင်သေးနေပြီပဲ…


ဆရာများ၏ တိုက်ခန်းတွင် စုန့်ယွီက စတုတ္ထထပ်၌ နေပြီး ရှဲ့ဆွေ့က တတိယထပ်တွင် နေသည်။ ကောင်းသည်ဆိုးသည်မသိသော်လည်း သူတို့နှစ်ယောက်စလုံးက ထောင့်ခန်းများတွင် နေကြသောကြောင့် အပေါ်အောက် အိမ်နီးချင်းများ ဖြစ်နေကြသည်။ ဤသည်ကို သိလိုက်ရသောအခါ စုန့်ယွီက လန့်သွားပြီး ကောက်ချက်ချလိုက်သည်။

 "ဒါဆို၊ ငါ လသာဆောင်ကနေ ခုန်ချလိုက်ရင် မင်းရဲ့ လသာဆောင်ထဲ ရောက်သွားမှာလား…"


ရှဲ့ဆွေ့က သူ့ကို ခဏတာ ကြည့်လိုက်သည်။

 "သေကြောင်းမကြံနဲ့…"


စုန့်ယွီ ကျစ်သပ်လိုက်သည်။

"ငါ စာမေးပွဲမေးခွန်းတွေ မေးဖို့ ခုန်ချမှာ… သင်ယူမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လိုများ 'သေကြောင်းကြံတာ' လို့ ခေါ်နိုင်မှာလဲ…"


သူ့ကို တံခါးဝမှ တွန်းပြီးနောက် ရှဲ့ဆွေ့က ဝင်ပေါက်တွင် ရပ်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ အလင်းရောင်က တစ်ဝက်လင်းပြီး တစ်ဝက်မှောင်နေသည်။ ထို့နောက် သူ့မျက်နှာပေါ်က အပြုံးမပီပြင်သော အမူအရာကလည်း ပိုင်းခြားထားသကဲ့သို့ ဖြစ်နေပြီး ရင်သပ်ရှုမောဖွယ် လှပနေသည်။

"မင်းရဲ့ သင်္ချာကို ချစ်တဲ့ချစ်ခြင်းက အဆုံးစွန်သော သေကြောင်းကြံခြင်းပဲ…"


ထို့နောက်တွင် သူ စုန့်ယွီကို စကားပြောရန် မစောင့်တော့ပေ။


ရှဲ့ဆွေ့က စုန့်ယွီအတွက် တံခါးကို ပိတ်ပေးလိုက်ပြီဖြစ်သည်။


တုံ့ပြန်ရန် ကျန်ခဲ့သည့် စုန့်ယွီက တံခါးကို အားမရှိစွာနှင့် ဒေါသတကြီး ကြည့်နေခဲ့သည်။


သေစမ်း….


*****


ကျောင်းစတက်သော ပထမဆုံးနေ့တွင် မိသားစုဝင်အားလုံးက စိုးရိမ်တကြီး ဖြစ်နေကြသည်။


မာမားစုန့်က မြို့တော် A မှ ဖုန်းဆက်ပြီး သူ့အခြေအနေကို မေးမြန်းနေခဲ့သည်။ သူမက အရာအားလုံးကို အသေးစိတ် မေးမြန်းခဲ့သည်။


တစ်နာရီခန့် စကားပြောပြီးနောက် စုန့်ယွီက "အရမ်းကောင်းတယ်" ဟူသည့် စကားလုံးအား ပြောရသည်ကိုပင် ပင်ပန်းလာခဲ့သည်။


ပါပါးစုန့်၏ စိုးရိမ်ပူပန်မှုကို ဖော်ပြသည့် နည်းလမ်းမူကား အလွန်ရှိးရှင်းပြီး လက်တွေ့ကျသည်။ သူက သူ့ဘဏ်ကတ်ထဲသို့ ပိုက်ဆံတိုက်ရိုက် လွှဲပေးလိုက်သည်။

ပြည်ပရောက်နေသော သူ့အစ်ကိုကြီးမူကား သူ့ကို အီးမေးလ်ပို့ခဲ့သည်။ စုန့်မိသားစု၏ အမွေဆက်ခံသူအနေနှင့် သူက အရာရာတွင် ထက်မြက်ပြီး ထိန်းချုပ်နိုင်သူဖြစ်ကာ သူ့စကားလုံးများက တိကျပြတ်သားပြီး နှုတ်ဆက်စကားများ ပြောပြီးနောက်တွင် တယ်လီဖုန်းနံပါတ်တစ်ခု ချန်ထားခဲ့သည်။ ထိုအရာက တရုတ်နိုင်ငံတွင်ရှိသော သူ့လက်ထောက်၏ နံပါတ်ပင်။


[ ပါပါးကို ပြောဖို့ ရှက်နေတာမျိုးရှိရင် ဒီနံပါတ်ကို ခေါ်လိုက်… ]


စုန့်ယွီ တကယ်ပင် သူ့အစ်ကိုအား  'like' ပေးချင်စိတ် ပေါက်သွားခဲ့သည်။


သူ့အစ်မ စုန့်ဝမ်ရင်းမူကား အချင်းချင်း စိတ်အနှောင့်အယှက်ပေးတတ်သည့် အကျင့်ရှိ၍ သူက ဘာပြောရမှန်းမသိဘဲ ခက်ခဲနေခဲ့သည်။  သူမက full stop တစ်ခုသာ ပို့လိုက်သည်။


[ စုန့်ဝမ်ရင်း: . ]


[ စုန့်ယွီ: ? ]


[ စုန့်ဝမ်ရင်း: ! ]


[ စုန့်ယွီ: ...... ]


သူတို့နှစ်ယောက်ကြားတွင် နားလည်မှုလွဲမှားပြီး မရှင်းမလင်း စကားပြောဆိုမှုများ ဖြစ်ခဲ့သည်။


[ စုန့်ဝမ်ရင်း: ပါပါးကို နင် ဘယ်လို တိုက်တွန်းခဲ့တာလဲ… ]


[ စုန့်ယွီ: ငါက သင်ယူခြင်းအပေါ် စိတ်အားထက်သန်တဲ့ အချစ်ကို သုံးခဲ့တာလေ…]


[ စုန့်ဝမ်ရင်း: ၃၅၀… ]


[ စုန့်ယွီ: နင်က အမှတ်တွေကိုပဲ ကြည့်တတ်တာ… နင် တစ်သက်လုံး ငါ့အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး… ]


[ စုန့်ဝမ်ရင်း: … မိုက်တယ်… ]


သူက အဖွားမုန့်နှင့် သူ့ဦးလေးကို ဖုန်းခေါ်ပြီးနောက် သူ့တစ်နေ့တာ အလုပ်များကို ပြီးဆုံးသွားခဲ့သည်။ သူက ပန်းသီးအခွံကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီး အိပ်ရာပေါ် လှဲလိုက်သည်။ အိပ်ရာမဝင်မီ စုန့်ယွီက အားနေသောကြောင့် ဖိုရမ်များ လိုက်ကြည့်ခဲ့သည်။


သူ ဝင်လိုက်သည်နှင့် သူ့နာမည်ကို မြင်လိုက်ရသည်။


ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် ကျင်းချန် အမှတ် (၁) အထက်တန်းကျောင်း၏  ဖိုရမ်အသွားအလာ(forum traffic)က ပေါက်ကွဲနေသည်။ ထိပ်ဆုံးတွင် လူကြည့်များသည့် ပို့စ်နှစ်ခု ရှိနေသည်။


[ ပထမနှစ်ကျောင်းသားတွေထဲက ကိုယ့်အတန်းထဲမှာ ယွီကော ဖြစ်နိုင်တဲ့သူကို ရှာတွေ့လား...]


မပြောမဆိုနှင့် အခေါ်ခံလိုက်ရသည့် စုန့်ယွီက ဤဖိုရမ်တွင် ပြဿနာရှိသည်ဟု ခံစားမိလိုက်သည်။


သူတို့က ဘာလို့ ငါ့ကို ရှာနေကြတာလဲ…ရန်ဖြစ်ဖို့လား…မဖြစ်နိုင်ဘူး… အချိန်တန်လို့ သူတို့က ငါ့ကို စကားနဲ့ဖြစ်ဖြစ်၊ လက်သီးနဲ့ဖြစ်ဖြစ် မနိုင်ရင် အရှက်ရစရာ မကောင်းဘူးလား…


စုန့်ယွီက တကယ်ပင် အားနေသည်နှင့် နှိပ်ဝင်လိုက်သည်။


မူရင်းပို့စ်: တိုက်ရိုက်ပြောရရင် ငါတို့အတန်းထဲမှာ 'ယွီ' နာမည်ပါတဲ့သူ ဘယ်သူမှ မရှိဘူး… ကျော်သွား…


1L : သတင်းပို့ပါတယ်… ငါတို့အတန်းထဲမှာ 'ယွီ' နာမည်ပါတဲ့သူ သုံးယောက်ရှိတယ်… ချောတဲ့ကောင်မလေးတစ်ယောက်၊ ရိုးသားတဲ့ ထွားတဲ့ကောင်လေးတစ်ယောက်… ပြီးတော့ မျက်မှန်သမား စာဂျပိုးတစ်ယောက်… သူတို့ထဲက ဘယ်သူမှ ယွီကော မဟုတ်ဘူးလို့ ထင်တယ်… သတင်းပို့မှု ပြီးဆုံး…


2L: 'ယွီ' နာမည်ပါတဲ့သူတွေ အရမ်းများလွန်းလို့ ဘယ်ကနေ စရမှန်းတောင် မသိတော့ဘူး… အဲဒါ့အပြင် ယွီကောရဲ့ ရန်စပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ စရိုက်ကို ကြည့်ခြင်းအားဖြင့် သူက အမြင်အရ ကြမ်းတမ်းပြီး ဆူးတွေနဲ့ ပြည့်နေတဲ့ ပုံစံမျိုး ပေါ်လိမ့်မယ်လို့ ထင်တယ်…. [လက်လုပ်ခွေးခေါင်း]


3L: ဟားဟားဟား...ဆူးတွေနဲ့ ပြည့်နေတဲ့ ပုံစံက ဘယ်လိုလဲ…ဖော်ပြပါဦး….


4L: ကျွတ်… ငါ့လောင်ကုန်းကို မရယ်ကြပါနဲ့…ဟုတ်ပြီလား…ငါ လူတွေကို ရိုက်တော့မယ်….


5L: ယွီကောက အရမ်းချောလိမ့်မယ်လို့ ထင်တယ်… ဒါပေမဲ့ သူ့ရဲ့ အွန်လိုင်းနာမည်ပြောင်မှာ 'ယွီ' ပါတာက သူ့နာမည်မှာ 'ယွီ' ပါမယ်လို့ မဆိုလိုဘူး… ငါဆို အရင်က 'တောက်ပတဲ့ အိပ်မက်ကြယ် · လျှို့ရှန်း သေစမ်း’ ဆိုတဲ့ နာမည်နဲ့အကောင့် သုံးခဲ့ဖူးတယ်….[ခွေးခေါင်း]


6L: ဘာမှ ချောမှာ မဟုတ်ဘူး…သူက အင်တာနက်ပေါ်က မုန်းတီးသူတစ်ယောက်ပဲ… တကယ်တမ်းကျတော့ သူက အရပ်ပုပြီး ဝတဲ့ လူတစ်ယောက်ပဲ ဖြစ်နိုင်တယ်….ငါ့ကျောင်းက ကောင်မလေးတွေရဲ့ မျက်လုံးကို တကယ် လေးစားမိတယ်.. ဘယ်လိုအရူးမျိုးကိုမဆို သဘောကျတတ်ကြတယ်…


7L: မင်းကို မကြိုက်တာမလို့ ငါ့မျက်လုံးက ကောင်းတယ်လို့ ထင်တယ်… [ပြုံး]


စကားများ ရန်ဖြစ်ခြင်း အပတ်စဉ် x၁…


......


123L: ညီအစ်ကို မောင်နှမတို့၊ အချင်းချင်း မဆဲကြပါနဲ့… ယွီကောက ဘယ်လိုလူမျိုးလဲဆိုတာကို တကယ်သိချင်တယ်…. QwQ


124L: အချိန်မဖြုန်းပါနဲ့တော့… ယွီကောက အွန်လိုင်းမှာ ဒီလိုမျိုး ကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်ရဲတာဆိုတော့ သူ့နာမည်အစစ်ကို ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ဘူး…


125L: မှန်တယ်… သူ့နာမည်အစစ်ကို ဖော်လိုက်ရင် ဝိုင်းပြီး ရိုက်ခံရလိမ့်မယ်…


စုန့်ယွီ အောက်ဆုံးအထိ ဆွဲချကြည့်လိုက်ပြီး လုံးဝ ထိတ်လန့်သွားခဲ့သည်။


လူအများကြီးက ငါ့ အတွက် ဘာလို့ ပြောနေကြတာလဲ… တခြားလူတွေ ဘာလို့ ငါ့ကို မုန်းနေကြတာလဲ… အံ့ဩစရာ ကောင်းလိုက်တာ…


ကျွတ်...နားလည်ရခက်လိုက်တာ…


ထို့ကြောင့် သူက သူ့အတွေးများကို အဝေးသို့ ပို့လိုက်သည်။


126L မင်းရဲ့ ယောကျာ်း ယွီကော: ……


……


127L: ????


128L: !!!!!


129L: အဖွဲ့ဓာတ်ပုံ….အားးးးးး….လောင်ကုန်းလေး...အားးးးး…


130L: ဖာ့ခ်…ဖာခ့်…ဖာ့ခ်...ဖာ့ခ်…


131L: သူ့ရဲ့ စာချန်ပြအမှတ်အသား(ellipsis) တွေကတောင် အရမ်းချောတာပဲ… ငါ အရမ်းပျော်တာပဲ…


132L: အားးးးး…ဒါက ငါ့ လောင်ကုန်းနဲ့ အနီးဆုံး ရောက်ဖူးတာပဲ….


133L: ဖြတ်သွားရင်းနဲ့ ထိုးသွားပြီ…


စုန့်ယွီ: "......"


ပရိသတ်များနှင့် လမ်းသွားလမ်းလာများ၏ ပျော်ပွဲရွှင်ပွဲ ပြီးနောက်တွင် မုန်းတီးသူများက ထွက်လာပြီး အလုပ်စတင်လုပ်ဆောင်ခဲ့သည်။


165L: မင်းက ဘာလူဆိုးလုပ်နေတာလဲ….မင်းလို အောက်တန်းစားတွေက အင်တာနက်မှာပဲ ဂုဏ်ရှာတတ်တာ….


166L: မင်းနာမည်ကို ပြောပြပါဦး… မင်း ဘယ်လိုပုံစံရှိလဲ ငါ ကြည့်ပါရစေ…


167L: မင်း ဒီလောက်တောင် တော်နေရင် မနက်ဖြန် ကျောင်းဂိတ်မှာ ရန်ဖြစ်ကြမယ်လေ…မင်းအမေတောင် မမှတ်မိလောက်အောင်တော့ မရိုက်ခံရစေနဲ့… 


168L : ငါ ရယ်လွန်းလို့ သေတော့မယ်… မင်းတို့ ငါ့ရဲ့ ယွီကောကို မြင်ခွင့်ရှိလို့လား…


169L: မင်းတို့လို အရူးတွေက ဆက်မုန်းနိုင်တယ်…. ငါတော့ ပရိသတ်ဆက်မလုပ်တော့ရင် ငါ့အတွက် အရှုံးပဲလို့ သတ်မှတ်လိုက်မှာ…


စကားများ ရန်ဖြစ်ခြင်း အပတ်စဉ် x၂…


"သူတို့ ထပ်ပြီး စကားများနေကြပြီလား…"


စုန့်ယွီ၏ မျက်လုံးထောင့်က ကယောင်ကတမ်း ဖြစ်သွားခဲ့သည်။


သူတို့၏ အကြောင်းပြန်မှုများက အလွန်မြန်သောကြောင့် စုန့်ယွီ လိုက်မမီနိုင်တော့ပေ။ သူက မျက်စိကျိန်းစပ်လာသောကြောင်း ရိုးရိုးရှင်းရှင်းပင် ပြန်ထွက်သွားလိုက်သည်။


ဖိုရမ်များပေါ်ရှိ ဒုတိယပို့စ်ကလည်း အတူတူပင် လူကြိုက်များနေလေသည်။


[ ကျောင်းရဲ့ ကျောင်းမြက်လေး ရွေးချယ်မှုက ပြန်ပြီး ပြောင်းလဲတော့မှာလား… ]


မူရင်းပို့စ်:


ကျောင်းရဲ့ ကျောင်းမြက်လေး ရွေးချယ်မှုမှာ ငါ့ရဲ့ နတ်ဘုရားရှဲ့ မပါရင် အဲ့ဒါက ဘယ်လိုရစ်ငှက် ရွေးပွဲမျိုး ဖြစ်သွားမလဲ… [ပြုံး][ပြုံး]


ဘာမှ မပြောတော့ဘူး… ဓာတ်ပုံတွေ တင်လိုက်မယ်…


1L: [ဓာတ်ပုံ]


2L: [ဓာတ်ပုံ]


……


တိုတောင်းသော အချိန်နှစ်မိနစ်အတွင်းမှာပင် ဤဖိုရမ်ပို့စ်တစ်ခုလုံးတွင် စာမျက်နှာအပြည့် ပြည့်သွားခဲ့သည်။ ဤသည်က တစ်ပြေးညီ အော်ဟစ်သံများနှင့် ကျယ်လောင်သော ငိုကျွေးသံများဖြစ်ကြသည်။


[အားးးးးးးး….]


[ ငါ့ရဲ့ ညီအစ်မတွေအတွက် အဲ့ဒီနေရာမှာပဲ သေပြပါရစေ…]


[ အားးးးး…ဒီမျက်တောင်တွေ… ဒီအကြည့်… ဒီ ကိုယ်ဝါ…ငါ ရူးတော့မယ်…]


[ ဝူးဝူးဝူး…ဒါ ဘယ်လို အမတအလှလေးပါလိမ့်…ငါနဲ့ မထိုက်တန်ဘူး ဝူးဝူးဝူး…သူ့နဲ့ လေအတူ ရှူဖို့တောင် မထိုက်တန်ဘူး…. ]


[ အို ဘုရားသခင်…ငါ့ လက်တွေ တုန်နေတုန်းပဲ… ငါ နှိပ်လိုက်တုန်းက အသက်ရှူတာ ခဏရပ်သွားသလို ခံစားရတယ်… ]


ရူးသွပ်စွာ အော်ဟစ်ငိုယိုသံများ၊ ထို့နောက် အမျိုးမျိုးသော ပုံကြီးချဲ့ ချီးမွမ်းသံများဖြင့် ပြည့်နှက်နေခဲ့သည်။


စုန့်ယွီ၏ လက်ချောင်းများက မူရင်းပို့စ်တွင်ရှိနေသော ရှဲ့ဆွေ့၏ ပုံ၌ ရပ်တန့်သွားခဲ့သည်။


ဒါက ခိုးရိုက်ထားတာ ဖြစ်ရမယ်…


ရှဲ့ဆွေ့က သူ့ခုံ၌ထိုင်နေပြီး သူ့လက်ထဲတွင် စာရွက်အချို့ကို ကိုင်ထားသည်။ အလင်းရောင်က စာသင်ခန်းအပြင်မှ ဝင်လာနေ၏။ သူ့မျက်တောင်များက သူ့ပါးပြင်ပေါ် အရိပ်ကျနေသော်လည်း သူ့မျက်နှာအမူအရာက အေးစက်ပြီး ပျင်းရိနေသည်။


အဖြူရောင်နှင့် သန့်ရှင်းသော ရှပ်အင်္ကျီကို ဝတ်ထားပြီး အေးစက်ကာ ဣန္ဒြေရှိသော ရောင်ဝါရှိနေသည်။ ဤသည်က ကျောင်းဝတ္ထုများအားလုံးတွင် ပေါ်လာသည့် ကျောင်း၏ အမျိုးသားနတ်ဘုရား ကဲ့သို့ပင်။


နောက်ပုံကလည်း ခိုးရိုက်ထားတာ ဖြစ်ရမယ်…


ရှဲ့ဆွေ့က စာရွက်ကို ဖိကိုင်ထားပြီး ကြည့်နေသည်။ သူ၏ သိမ်မွေ့သော မျက်နှာသွင်ပြင်များက ကင်မရာမှန်ဘီလူးမှတစ်ဆင့် ဆွဲဆောင်မှုများ ပြသနေပြီး၊ သူ့မျက်လုံးများက မှောင်မိုက်နက်ရှိုင်းသော်လည်း သူ့အကြည့်က ထက်မြက်ပြီး အေးစက်နေသည်။


အပြုံးမပါသည့် မက်မွန်ပွင့်မျက်လုံးများက ပိန်ပါးပြီး ဝေးကွာနေသကဲ့သို့ ဖြစ်နေပြီး အထူးသဖြင့် ချဉ်းကပ်ရခက်နေသည်။


"ဇာတ်လိုက်က ခုထိ ချောနေတုန်းပဲ…"

စုန့်ယွီက သက်ပြင်းချလိုက်သည်။


လွန်ခဲ့သောတစ်ခေါက်က ကျူးကျစ်ရှင်းကို သူ သင်ခန်းစာပေးခဲ့သောကြောင့် ထိုကောလဟာလများက အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းထိ မရောက်လာခဲ့ပေ။ 


တကယ်တော့ ငါ ဒီလိုအခြေအနေမျိုးကို တွေ့ရတာ ပျော်ပါတယ်…ရှဲ့ဆွေ့က တောက်ပပြီး ထူးချွန်တဲ့ ပုံစံနဲ့ပဲ နေထိုင်သင့်တာပေါ့…


အချို့လူများက ဤသည်က အထက်တန်းဝင်ခွင့်စာမေးပွဲတွင် မြို့အဆင့်ပထမရသောသူဟု လာမျှဝေကြလေသည်။ ထို့နောက် ချက်ချင်းပင် ပရိသတ်များက စာမျက်နှာအချို့အထိ အော်ဟစ်ကြလေသည်။ ‘နတ်ဘုရားရှဲ့ က အံ့ဩစရာ' နှင့် ‘အမတမောင်လေး' ဟူသော အမည်များက ‘အားးးးး’ နှင့်  ‘ဝူးဝူးဝူး’ ဟူသည့် ပို့စ်အမျိုးမျိုးနှင့် တွဲပါလာခဲ့သည်။ ကြည့်ရင်းနှင့်ပင် စုန့်ယွီက 'x' ခလုတ်ကို ထပ်နှိပ်ချင်လာခဲ့သည်။


ဒီကောင်မလေးတွေရဲ့ ခံစားချက်တွေက ဒီလောက်တောင် ပေါနေတာလား…သူတို့က စကားလုံးတစ်လုံးတည်းကို အကြိမ်ကြိမ် ပြန်ပြောနေကြတာ… ညီမလေးတို့ စာရိုက်နေရတာ မပင်ပန်းကြဘူးလား…


သို့သော် သူ ဖိုရမ်မှ ထွက်ရန် ပြင်နေဆဲတွင် သူ့နာမည်ကို ထပ်ခါ၊ ထပ်ခါ မြင်လိုက်ရပြန်သည်။


231L: ဒီလို ချောမောပြီး ရလဒ်ကောင်းတဲ့လူမျိုးကို ကြိုက်တာက ပုံမှန်ပဲ… မင်းတို့ ဘာလို့ မျက်နှာမပြရဲတဲ့ အဲ့ဒီမုန်းတီးသူမျိုးကို ကြိုက်ကြတာလဲဆိုတာ နားမလည်ဘူး… မင်းတို့ ရူးနေကြတာလား…


စုန့်ယွီ: "......"


232L: ???


233L: ဒီကိစ္စအတွက် ငါ့ ယွီကောကို မင်း သောက်ကျိုးနဲ ပြောစရာလိုလို့လား….


234L: နတ်ဘုရားရှဲ့ကို ကြိုက်တာနဲ့ ယွီကောကို ကြိုက်တာက ဆန့်ကျင်ဘက် မဟုတ်ဘူး… အရူးမုန်းတီးသူတွေ… မင်းတို့ နောက်ထပ်စကားတစ်ခွန်း ထပ်ပြောရင် မနက်ဖြန် မင်းတို့အမေက ဈေးဖိုးတွေ ပိုပေးရလိမ့်မယ်နော်…


235L: ငါ ရယ်လို့ သေတော့မယ်… ခွေးကိုလျှာနဲ့လျက်တဲ့ သူတွေက ဒီကို ထပ်လာပြန်ပြီ… သူက ဒီလောက် တော်ရင် မင်းရဲ့ ယွီကောကို စာမေးပွဲမှာ မြို့အဆင့်ပထမရခိုင်းပြီး ကျောင်းမြက်လေး ဖြစ်လာခိုင်းလိုက်…


236L: ယွီကောက မင်းတို့ရဲ့အဖေဖြစ်ရုံနဲ့ လုံလောက်ပြီ…


စကားများ ရန်ဖြစ်ခြင်း အပတ်စဉ် x၃…


နောက်ဘက်တွင် သတင်းနားထောင်ရန် လာကြသောသူများက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ကြသည်။


513L: မင်းရဲ့ ယွီကောက တကယ်ကို ကိုယ်တိုင် သွေးစွန်းတဲ့မိုးကို ယူဆောင်လာတဲ့ ယောက်ျားတစ်ယောက်ပဲ… [ဖရဲသီးစားနေ][ဖရဲသီးစားနေ]


513L: ယွီကောက သွေးစွန်းတဲ့မိုးရဲ့ ကိုယ်စားလှယ်ပဲ… [လက်လုပ်ခွေးခေါင်း]


စုန့်ယွီ: "......"



🌹🌹🌹