Ch 11
Viewers 5k

🌹Chapter 11

ဒေါသကို ဖြေဖျောက်ခြင်း



ဦးလေးမာက စုန့်ယွီ၏ဖုန်းခေါ်ဆိုမှုကြောင့် မျက်နှာတွင် မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်နေသည်။

 "ဘာပါလိမ့်…."


သို့သော်လည်း သူက သခင်လေး၏ စကားကို နားထောင်ကာ ကားကို မောင်းဝင်ခဲ့သည်။


ကားမီးများ ထွန်းထားပြီး အလင်းတန်းနှစ်ခုက မှောင်မိုက်နေသော လမ်းမပေါ်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။


လူဆိုးဂိုဏ်းဝင်များက မျက်လုံးများ ဖွင့်ထား၍မရလောက်အောင် ခံစားလိုက်ရပြီး သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

"ဖာ့ခ်…သူ အတည်ပြောနေတာလား…"


ဆံပင်နီက စုန့်ယွီကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။ တစ်စုံတစ်ခု တကယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူက ယိုင်ထိုးကာ မြေပြင်မှ ထလာပြီး ပြောခဲ့သည်။

"မင်းတို့ စောင့်နေလိုက်…"


သူ၏ နောက်လိုက်အချို့က သူတို့၏ လက်ထဲမှ ပစ္စည်းများကို တချောက်ချောက်အသံများနှင့် ပြုတ်ကျစေကာ သူတို့၏ ခေါင်းဆောင်ကိုထူပြီး ထွက်ပြေးသွားကြသည်။


ဦးလေးမာက ကားဟွန်းကို အကြိမ်အနည်းငယ်တီးကာ လူဆိုးဂိုဏ်းဝင်များ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ထို့နောက် သူက ကားမောင်းဝင်လာပြီး စုန့်ယွီရှေ့တွင် ရပ်တန့်လိုက်သည်။


စုန့်ယွီက ရှဲ့ဆွေ့နှင့် ဆက်လက်ပြောဆိုနေခဲ့သည်။

"သူတို့က လူဆိုးဂိုဏ်းကလူ‌တွေပဲ…မင်းကို ပြဿနာရှာဖို့လာရင် သူတို့ကို ပြန်မချနဲ့…110 ကို ခေါ်ပါ…"


သူက သူ မရှိသည့်အခါ ရှဲ့ဆွေ့၏လက်က ထပ်ကျိုးသွားမည်ကို စိုးရိမ်နေခဲ့သည်။


ရှဲ့ဆွေ့၏ ညို့မှောင်နေသော မျက်လုံးများတွင် စစ်မှန်သော အပြုံးတစ်ခု ရှိနေပြီး ခေါင်းအသာညိတ်ပြလိုက်သည်။


စုန့်ယွီက ဆက်ပြောသည်။

"ကျန်းမာရေး အာမခံ ဝယ်ထားလား…"


ရှဲ့ဆွေ့: "မဝယ်ထားဘူး…"


စုန့်ယွီက သူ့အား လုပ်နည်းကို သင်ပေးလိုက်သည်။

"ကျန်းမာရေး အာမခံ သွားဝယ်လိုက်ပါ…ဒါမှ နောက်ကျရင် လျန်ယွင်လမ်းတစ်လျှောက်မှာ ဘေးကင်းကင်း သွားလာနိုင်လိမ့်မယ်…"


ရှဲ့ဆွေ့က အနည်းငယ် ပြုံးလိုက်သည်။

 "ဟုတ်ပါပြီ…"


ဦးလေးမာ:  "......" 


သခင်လေး၊ မင်းရဲ့စိတ်က တစ်ခုခု မှားနေတယ်လို့ ထင်တယ်…


ကားထဲတွင် ထိုင်ပြီးနောက် ဦးလေးမာက စတီယာရင်ကို ကိုင်ကာ သူ့ကို စပ်စုစွာ မေးသည်။

"သခင်လေး၊ သူက သခင်လေးရဲ့ သူငယ်ချင်းလား… ပထမဆုံးအကြိမ်တွေ့တာနဲ့ ရင်းနှီးသလို ခံစားရတယ်ဆိုတဲ့ သူငယ်ချင်းဆိုတာလား…"


စုန့်ယွီ: "ဟုတ်တယ်… သူက အရမ်းချောတယ်မလား…"


ဦးလေးမာက ရယ်မောလိုက်သည်။

"သူက အရမ်းချောတဲ့ ကောင်လေးတစ်ယောက်ပါ... သခင်လေးလိုပဲ…"


အိမ်ရောက်သောအခါ အဖွားမုန့်က သူ့ကို စာလေ့လာသည့်အကြောင်းနှင့် ပတ်သက်၍ မေးခဲ့သည်။ စုန့်ယွီက နှစ်ဆယ်ရာခိုင်နှုန်းပင် မမှန်သည့် သူ၏ စာမေးပွဲစာရွက်ကို ပြရန် ရှက်ရွံ့နေပြီး ဝိုးတဝါး ပြောလိုက်သည်။

"သား နည်းနည်းတော့ နားလည်ခဲ့ပြီ…" 


အဖွားမုန့်က အလွန်ဝမ်းသာပြီး အသည်းကို အားဖြည့်ပေးကာ မျက်လုံးကို ကြည်လင်စေမည့် ဆေးရည်တစ်ခွက်ကို သူ့အတွက် တမင်တကာ ပြုလုပ်ပေးခဲ့သည်။


ဆေးရည်ကို သောက်ပြီးနောက် သူက ရေချိုးကာ အိပ်ရာဝင်ခဲ့သည်။


စုန့်ယွီက QQ ကို ဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ အမျိုးသမီးသရဲ ပရိုဖိုင်ပုံရှိသူတစ်ဦးက သူ့ထံ ဆက်တိုက် မက်ဆေ့ချ်များစွာ ပို့ထားခြင်းပင်။


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး - ယွီကော၊ ကော စုံစမ်းခိုင်းတာတွေကို စုံစမ်းပြီးသွားပြီ…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး - ငါ့ရဲ့ ညီအစ်ကိုတွေ နည်းနည်း ခေါ်ပြီး၊ ကျောင်းဂိတ်မှာ အဲ့ဒီအရူး ကျူးကျစ်ရှင်းကို ပိတ်ဆို့ထားလိုက်ပြီးတော့ သူ့ကို အမှန်အတိုင်း ပြောခိုင်းလိုက်တယ်…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး - ကျူးကျစ်ရှင်းက ရှဲ့ဆွေ့ ရောဂါရှိလား မရှိလားဆိုတာ သူ မသိဘူးလို့ ပြောတယ်… သူ့အမေနဲ့ ရပ်ကွက်ထဲက အန်တီတွေ အများကြီးက ရှဲ့ဆွေ့ရဲ့ အမေမှာ အေအိုင်ဒီအက်စ် (AIDS) ရှိတယ်လို့ ပြောတာကို သူ ကြားပြီး ယုံသွားတာတဲ့… ဘယ်လောက်တောင် တုံးလိုက်လဲ…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး - ပြီးတော့ နောက်ထပ် စုံစမ်းလိုက်တယ်… သေစမ်း၊ ရှဲ့ဆွေ့ရဲ့ အမေမှာ အေအိုင်ဒီအက်စ် ရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ… ဒီလျှောက်ပြောတတ်တဲ့ မိန်းမကြီးအုပ်စုက သူတို့မိသားစုထဲက ယောက်ျားတွေကို ထိန်းထားနိုင်စွမ်း မရှိလို့ ဖြစ်လိမ့်မယ်…ရှဲ့ဆွေ့ရဲ့အမေ ပြောင်းလာတော့ သူတို့က ရည်းစားစကားပြောဖို့ သွားကြလို့ မိန်းမတွေက မနာလိုဖြစ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောတာ ဖြစ်လိမ့်မယ်…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး - ကျူးကျစ်ရှင်းအမေက စားသောက်ဆိုင်သေးသေးလေး ဖွင့်ထားပုံရတယ်… ဘယ်လောက်တောင် မုန်းစရာကောင်းလ်ိုက်လဲ… မနက်ဖြန် ညီအစ်ကိုတွေတစ်စု ခေါ်ပြီးတော့ အဲ့ဒီမှာ သွားရှုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ… လမ်းပေါ်ကလူတိုင်းကို အဲ့ဒီက အစားအသောက်တွေက မကောင်းဘူးလို့ ပြောပြီး သူ့ကို ဒေါသနဲ့ သေအောင်လုပ်မယ်…လျှောက်ပြောတဲ့ ကောလာဟလတွေရဲ့ ပစ်မှတ်ဖြစ်ရတာ ဘယ်လိုခံစားရလဲဆိုတာ သူ့ကို ခံစားစေရမယ်…]


စုန့်ယွီက သူ့စကားများကြောင့် သဘောကျပြီး ရယ်မောမိခဲ့သည်။


[မင်းရဲ့ယောက်ျား ယွီကော - မင်းလုပ်နေတာက လိမ်လည်မှုနဲ့ အသရေဖျက်မှုလို့ ခေါ်တယ်… အဲ့ဒီအစား "ဒီဆိုင်မှာ စားပြီး ဆေးရုံရောက်သွားတဲ့ ညီအစ်ကိုတစ်ယောက်ရှိတယ်…အခုထိ မသက်သာသေးဘူး" လို့ အော်တာက ပိုကောင်းတယ်…]


[မင်းရဲ့ယောက်ျား ယွီကော - ဒါမှမဟုတ်၊ ပိုစတာတစ်ခုကို ကိုင်ပြီး လမ်းပေါ်မှာဆန္ဒပြလိုက်…"ဒီခွေးသူဌေးမကြီးက အစားအသောက်ထဲကို အဆိပ်ထည့်ထားလို့ ငါ ဆယ်ရက်လောက် မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးက သေသွားတယ်" လို့ ကြွေးကြော်လိုက်…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး - 666၊ ကျွန်တော့်ရဲ့ ယွီကောက ကျွန်တော့်ထက်တောင် ပိုမိုက်သေးတယ်…]


[မင်းရဲ့ယောက်ျား ယွီကော - မိုက်တာကို လာပြောမနေနဲ့တော့… အဲ့ဒီ ဆတ်ဆတ်ထိမခံတဲ့ မိန်းမကြီးအုပ်စုကို မင်း တကယ် အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: [စိတ်ပူစွာ လက်ကိုက်ခြင်း] [သနားစရာကောင်းပြီး စိတ်ထိခိုက်ခြင်း]]


အမှန်တကယ်တွင် စုန့်ယွီက ထိုလူအပေါ် ဘာမှ သိပ်လုပ်ရန် မစီစဉ်ထားခဲ့ပေ။ အကယ်၍ သူတို့ တကယ်လုပ်မည်ဆိုလျှင် ထိုလမ်းပေါ်မှ လူတိုင်းက ကောလာဟလများ ဖြန့်ရန် ကူညီခဲ့ကြသူများသာဖြစ်သည်။ ရှဲ့ဆွေ့၏ အလယ်တန်းကျောင်းက ကျောင်းနေဖက်များပင်လျှင် သွယ်ဝိုက်ပြောဆိုသည့် တရားခံများ ဖြစ်သည်။ အလယ်တန်းကျောင်း သုံးနှစ်တာကာလအတွင်းသာမကဘဲ၊ ဆယ်နှစ်တာ ကာလတစ်လျှောက်လုံးတွင်လည်း ရှဲ့ဆွေ့က ပိုပြီး ရက်စက်သော အရာများနှင့် ကြုံတွေ့ခဲ့ရသည်။ လမ်းပေါ်တွင် အော်ဟစ်ဆူပူခြင်းက သူ့ဒေါသကို ပြေလျော့စေမည် မဟုတ်သကဲ့သို့၊ လမ်းပေါ်က ဆတ်ဆတ်ထိမခံ မိန်းမကြီးအုပ်စု၏ ဝိုင်းဝန်းမှုကိုလည်း ခံရနိုင်သည်။


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး:ယွီကော၊ အဲ့ဒီလိုဆိုရင် ငါတို့ ဘာလုပ်သင့်လဲ…]


စုန့်ယွီ ရုတ်တရက် သတိရသွားသည်မှာ ဤလောကတွင် 'Diner' ဟု ခေါ်သည့် အက်ပလီကေးရှင်းတစ်ခု ရှိပုံရပြီး ၎င်းက အလွန်ရေပန်းစားနေခဲ့သည်။ အပြင်အစားအစာ မှာစားသူများပင်လျှင် ဤသည်ကို အသုံးပြုကြသည်။


[မင်းရဲ့ယောက်ျား ယွီကော: သူ့ဆိုင်နာမည်ကို ငါ့ကို ပို့ပေး…]


[ ရေတွင်းတူးခဲ့သူတွေကို ဆာဒါကိုက မမေ့ဘူး: အိုး ဟုတ်ပြီ…]


စုန့်ယွီက ဆိုင်နာမည်ကို ရိုက်ထည့်လိုက်ပြီး ဤစားသောက်ဆိုင်၏ အဆင့်သတ်မှတ်ချက်များက အလွန်မြင့်မားနေသည်ကို တွေ့လိုက်ရသည်။ သူ၏ အစားအသောက်အမျိုးအစားမှာ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနားတွင် ရှိနေပြီး၊ ပြန်လည်သုံးသပ်ချက်များက အကောင်းဘက်ချည်းသာ ဖြစ်သော်လည်း၊ ချီးကျူးစကားများက အလွန် စက်(mechanical)ဆန်နေသည်ကို ကြည့်ခြင်းအားဖြင့်၊ ဤအရာအားလုံးက  ပြန်လည်သုံးသပ်ချက်အတုများ ဖြစ်နိုင်သည်။


Diner က လက်ရှိတွင် ဆိုင်တစ်ခုချင်းစီ၏ အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်သည့် လှုပ်ရှားမှုတစ်ခုကို ကျင်းပနေပြီး၊ အနိုင်ရသော စားသောက်ဆိုင်က ယွမ်10,000 ဆုကြေးရရှိနိုင်သည်။ သို့သော် အသုံးပြုသူတစ်ဦးစီက တစ်ကြိမ်သာ မဲပေးနိုင်သည်။


စုန့်ယွီ သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။


ထို့နောက် သူက စခရင်ရှော့ရိုက်ပြီး သူ့အစ်မထံ ပို့လိုက်သည်။


[စုန့်ယွီ: ဒီအက်ပလီကေးရှင်း… အကောင့် ၅၀၀ လောက်  ရအောင်လုပ်ပေးနိုင်မလား…]


[စုန့်ဝမ်ရင်း: ???]


[စုန့်ဝမ်ရင်း: နင် ဘာဖြစ်နေတာလဲ…ငါ့ရဲ့ သနားစရာကောင်းတဲ့ မောင်လေး…]


[စုန့်ဝမ်ရင်း: မားနဲ့ပါးက နင့်ရဲ့အသုံးစရိတ်ကို ဖြတ်လိုက်လို့လား… အဖွားက နင့်ကို အိမ်ကနေ နှင်ထုတ်လိုက်တာလား…]


[စုန့်ဝမ်ရင်း: အခု နင်က ပြန်လည်သုံးသပ်ချက်တွေ ရေးပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့အထိ ဖြစ်သွားတာလား TUT]


[စုန့်ယွီ: ဟုတ်တယ် ကျဲ…]


[စုန့်ယွီ: စိတ်ထိခိုက်နေတယ်… အဲ့အကြောင်း ပြောတောင် မပြောချင်ဘူး QAQ]


ချစ်စရာကောင်းအောင် ဟန်ဆောင်တာလား… မလုပ်တတ်တဲ့သူ ရှိလို့လား…


[စုန့်ဝမ်ရင်း: ..အီး.. ]


[စုန့်ဝမ်ရင်း: အကောင့် ၅၀၀ ကို ဘာလုပ်ဖို့လဲ…]


[စုန့်ယွီ: ကောင်းမှုကုသိုလ် စုဆောင်းနေတာ…]


ဤစကားများက ရန်လိုမှုများနှင့် ပြည့်နှက်နေ၏။


ကံကောင်းစွာနှင့်ပင် စုန့်ဝမ်ရင်းက အလွန်စိတ်ချရသည်။ သူမက ချက်ချင်းပင် အကောင့် 500 ကို ရှာဖွေပြီး အသုံးပြုသူအမည်များနှင့် စကားဝှက်များပါသည့် သပ်ရပ်သောစာရင်းတစ်ခုနှင့် ပို့ပေးခဲ့သည်။


စုန့်ယွီက ရေတပ် (water army) ကို စီစဉ်ရန် အလွန်ပျင်းနေခဲ့သည်။


အပျက်သဘောဆောင်သည့် ပြန်လည်သုံးသပ်ချက်များ ရေးသောအခါ၊ ကိုယ်တိုင်ရေးခြင်းက ဒေါသကို ပိုပြီး ထုတ်ဖော်နိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ခဲ့သည်။


နောက်တစ်နေ့တွင်….


စုန့်ယွီက နို့လက်ဖက်ရည်ဆိုင်သို့ ပြန်လာပြီး ထိုင်နေသော်လည်း ဤတစ်ခါ သူ့ရှေ့တွင် ဓာတုဗေဒ စာမေးပွဲ မေးခွန်းစာရွက်တစ်ရွက် ရှိနေသည်။ ရှောင်ရှီးက သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး ပိုက်တံကို ကိုက်ရင်း သူ့လုပ်ရပ်များကို နားမလည်စွာ ကြည့်နေခဲ့သည်။

"ယွီကော ဘာလုပ်နေတာလဲ… နှစ်နာရီတောင် ရှိပြီ… ဘာလို့ Multiple choiceတစ်ခုမှ မဖြေရသေးတာလဲ…"


{T/N: အရှေ့မှာ ရှောင်ရှီးက စုန့်ယွီကို little brother လို့ခေါ်လို့ မောင်လေးလို့ ရေးခဲ့ပေမဲ့ ဒီအပိုင်းမှာ Brother Yu လို့ သုံးထားလို့ ယွီကောလို့ ရေးလိုက်တာပါ}


စုန့်ယွီက အကောင့်များကို ဖြည်းဖြည်းချင်း ပြောင်းနေခဲ့သည်။

 "ငါ အလုပ်များနေတယ်.. မနှောင့်ယှက်နဲ့…"


ရှောင်ရှီး၏ မျက်လုံးများက တောက်ပနေပြီး သူမက ကပ်ပြီးကြည့်လာခဲ့သည်။

 "ဘာလုပ်နေတာလဲ…"


စုန့်ယွီ: "မကောင်းတဲ့ သုံးသပ်ချက်တွေ ရေးနေတာ…"


ရှောင်ရှီး: "..."


အစပိုင်းတွင် စုန့်ယွီက အလွန်ဉာဏ်ရည်ထက်မြက်ပြီး စကားပြောကောင်းခဲ့သည်။ သူက ဝန်ဆောင်မှုပုံစံမှတစ်ဆင့် ဝန်ဆောင်မှုအမြန်နှုန်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးမှတစ်ဆင့် အသားအရသာ၊ ဟင်းလျာများ၏ လတ်ဆတ်မှုအထိ အားလုံးကို ဝေဖန်ခဲ့သည်။ စိတ်အနှောင့်အယှက်ဖြစ်စေမည့် "ငါ တစ်ခါမှ အဲ့ဒီမှာ မစားဖူးဘူး" ဟူသည့် စကားကို အစပိုင်းတွင် ထည့်သုံးပြီး၊ လုပ်ငန်းပိုင်ရှင်များကို ဒေါသထွက်ပြီး ဖျားနာစေသည့် cloud အသုံးပြုသူ တစ်ယောက် ဖြစ်လာရန် ရည်ရွယ်ခဲ့သည်။ သို့သော် ဤမျှလောက်ကြာကြာ ရေးပြီးနောက်တွင် လှုံ့ဆော်မှုများ ကုန်ဆုံးသည်ကို ရှောင်ရှားရန် ခက်ခဲလာပြီး၊ သူ၏ စာရေးဟန်က တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အပျက်သဘောဆောင်သည့် ပြန်လည်သုံးသပ်ချက်များ ချန်ထားခဲ့ရသည့် သူ၏ အကြောင်းပြချက်များက အင်တာနက် အတင်းတုတ်သူများနှင့် မထူးခြားနားပင်ဖြစ်သည်။


"ငါ လင်မယားအဆုတ်ကင်(husband and wife lungs slices) မှာလိုက်တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ လင်းနဲ့မယား တစ်ယောက်မှ မပါလာဘူး… လိမ်လည်မှုသံသယရှိတယ်…သတင်းပို့လိုက်ပြီ…"


{T/N: Husband and Wife Lung Slices - လို့ခေါ်တဲ့ တရုတ်ဟင်းလျာကို မြန်မာလို တိုက်ရိုက်ပြန်ဆိုရင် "လင်မယား အဆုတ်ကင်" ဒါမှမဟုတ် "လင်မယား အဆုတ်ပြား" လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီဟင်းလျာမှာ ခေတ်သစ်ပြုလုပ်နည်းအရ အဆုတ်ကို တကယ်တမ်း မသုံးကြပါဘူး။ အများစုကတော့ နွားသား၊ နွားအူမ၊ နွားလျှာ၊ တစ်ခါတစ်ရံ နွားနှလုံး စတာတွေကို ပါးပါးလှီးပြီး အစပ်နဲ့ထုံကျင်တဲ့ (málà) မာလာဆော့စ်နဲ့ အေးခဲတဲ့ အနေအထားမှာ မြေပဲလှော်၊ နံနံပင်တို့နဲ့ တွဲဖက်သုံးဆောင်တဲ့ စစ်ချွမ်း (Sichuan) ဒေသရဲ့ နာမည်ကြီး အအေးဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။}


"သူဌေးမကြီးမှာ သား ဒါမှမဟုတ် သမီး ရှိလား… အရမ်းရုပ်ဆိုးလို့ ကျွန်တော့်မျက်လုံးတွေ နာတယ်.. ကြယ်တစ်ပွင့်..." 


နောက်ပိုင်းတွင် ပို၍ စိတ်ထင်သည့်အတိုင်း ရေးလာခဲ့သည်။


"ပိုက်ဆံရှင်းဖို့ သွားတော့ ငါက အရင်ကလို ဆင်းရဲနေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်... စိတ်မပျော်ဘူး…"


အပျက်သဘောဆောင်သော ပြန်လည်သုံးသပ်ချက်…


"ဒီနေ့ အပြင်ထွက်တော့ နေတစ်လုံးတည်းကိုပဲ တွေ့လိုက်ရလို့ စိတ်မကောင်းဘူး…"


အပျက်သဘောဆောင်သော ပြန်လည်သုံးသပ်ချက်…


"ဘာလို့ ငါက အခုထိ တစ်ကောင်ကြွက် ဖြစ်နေရတာလဲ… ဝမ်းနည်းတယ်…"


အပျက်သဘောဆောင်သော ပြန်လည်သုံးသပ်ချက်….


"နေ့ခင်းဘက် ကြယ်တွေကို မမြင်ရဘူး… စိတ်ပျက်တယ်…"


အပျက်သဘောဆောင်သော ပြန်လည်သုံးသပ်ချက်…


"ဆီးရီးယားက ဒီနေ့အထိ စစ်ဖြစ်နေတုန်းပဲ… ဆီးရီးယားပြည်သူတွေက အရမ်းသနားဖို့ကောင်းတယ်… ငါ စိတ်မကောင်းဘူး… ဒါကြောင့် ပြန်လည်သုံးသပ်ချက် မကောင်းတာ ပေးမယ်…"


"အဟားဟားဟား---"


ရှောင်ရှီးက စုန့်ယွီ၏ နောက်သို့ သွားရပ်ကာ၊ ဤအပျက်သဘောဆောင်သော ပြန်လည်သုံးသပ်ချက်များကို မြင်တွေ့ရသောအခါ ရယ်မောရင်း ငိုတော့မတက်ပင် ဖြစ်သွားခဲ့သည်။


"ယွီကော၊ ဘာလုပ်နေတာလဲ… ဒီလုပ်ငန်းကို ဒေါသနဲ့ သေအောင်လုပ်တော့မှာပဲ…"


ဤအချိန်တွင် ရှဲ့ဆွေ့က ရောက်လာခဲ့သည်။


သူနှင့် ရှောင်ရှီးက အလှည့်ကျ တာဝန်ကျနေကြသူများ ဖြစ်သည်။ သူမက သူ့(စုန့်ယွီ)ကို ချက်ချင်း လျှာထုတ်ပြပြီးနောက် ရယ်မောရင်း ငွေရှင်းကောင်တာသို့ ပြေးသွားသည်။

 "ရှဲ့ကော မြန်မြန် တားပါဦး… ယွီကော ရူးသွားပြီ…”


စုန့်ယွီ: "..." 


မင်းလို မိန်းကလေးတစ်ယောက်က ဒီလိုပြောသင့်လို့လား….



🌹🌹🌹