🌹 Chapter 4
ရှဲ့ဆွေ့
လင်းရွှေ၏ စင်္ကြံရှိ မီးများက အထူးမှိန်ဖျော့နေပြီး အေးမြသော အပြာရောင်ရှိသည်။ သီးသန့်အခန်းတိုင်းကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ပြင်ပကမ္ဘာနှင့် သီးခြားဖြစ်နေစေခဲ့သည်။
ထူထဲသော ကော်ဇောနီကြီးက အသံကို စုပ်ယူထားပေသည်။ စုန့်ယွီက မီးရောင်နောက်ကို လိုက်ကာ ကြမ်းပြင်၏ အတွင်းဆုံးဆီသို့ ဦးတည်သွားခဲ့သည်။
စုန့်ယွီက သန့်စင်ခန်းသို့သွားကာ လက်ကိုဆေးပြီးနောက် သူ ထွက်မသွားမီ သူ့ဝမ်းကွဲထံ မက်ဆေ့ချ်ပို့ရန် တွေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သီချင်းဆိုနေသည်ကို သူ နားမထောင်ချင်တော့ပေ။
ထိုအချိန်တွင် လင်းရွှေ ယူနီဖောင်းဝတ်ထားသည့် ဝန်ထမ်းနှစ်ဦးက အခန်းထဲမှထွက်လာပြီး သူ့ဘေးနားတွင် အချင်းချင်း စကားစမြည်ပြောနေကြသည်။
ရေသံများကြားတွင် သူတို့၏ စကားသံများက စုန့်ယွီ၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားသည်။
"အခုခေတ်ကလေးတွေက အရမ်းခက်ခဲနေကြတာလား..."
"သူက မိုက်ရူးရဲဆန်တာလား…တုံးအတာလားတော့ မသိဘူး…"
"ဒါက မောက်မာတဲ့ အပြုအမူတစ်ခုပဲ… အဲဒီမိန်းမက ဘာအလုပ်လုပ်တယ်ဆိုတာ တစ်ချက်ကြည့်တာနဲ့တင် သိသာနေတယ်…. မျက်ရည်နှစ်စက်လောက် ကျလိုက်တာနဲ့ သူက ဖြူစင်တဲ့ ကြာပန်းဖြူဖြစ်သွားပြီလား…ငါထင်တာတော့ သူက ဒုတိယသခင်လေးဝမ် လိုမျိုး ရက်စက်တဲ့သူနဲ့ တွေ့မယ်လို့ မထင်ထားတာ ဖြစ်မယ်…ပြီးတော့ အခွင့်အရေးရတာနဲ့ ထွက်ပြေးဖို့ ကြံနေတာ…အဲဒီနောက် အဲဒီကောင်လေးအသစ်ကို သွားပြီး ကိစ္စတွေ ရှင်းခိုင်းဖို့ စီစဉ်နေတာပဲ…"
"ဒုတိယသခင်လေးဝမ်က မိန်းမတွေနဲ့ ပတ်သက်လာရင် ဘယ်တော့မှ မညှာတာဘူး… သူကိုယ်တိုင် ဒုက္ခမခံချင်တော့ တခြားသူတွေကို မီးတွင်းထဲ တွန်းပို့တာက တကယ်ကို ရက်စက်လွန်းတယ်…"
"အဓိကအချက်ကတော့ အဲဒီကောင်လေးက လိမ်ညာထားတဲ့စကားတွေကို လုံးဝ ယုံသွားတာပဲ…တကယ်ရယ်ရတယ်…သူက ယောက်ျားလေးဆိုတော့ လုံခြုံပြီလို့ ထင်နေတာလား…ဒုတိယသခင်လေးဝမ်ရဲ့ အသိုင်းအဝိုင်းထဲက သီးသန့်ဘဝက အရမ်းကို ရှုပ်ထွေးပွေလီတာ… အဲဒီကောင်လေးရဲ့ ရုပ်ရည်မျိုးနဲ့ဆို အရက်လိုက်ပို့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ သူ့ဘဝတစ်ဝက်လောက် ဆုံးရှုံးနေလောက်ပြီ…"
ရေပိုက်ခေါင်းကို ပိတ်လိုက်ပြီးနောက် သူတို့ထဲမှ တစ်ယောက်က ခဏရပ်ပြီး ရုတ်တရက် မေးခဲ့သည်။
"အဲ့ဒီကလေးက အထက်တန်းကျောင်းသားပဲ ရှိသေးတယ်လို့ မန်နေဂျာ ပြောတာကို ငါကြားတယ်… ဟုတ်တယ်မလား…တစ်ခုခု မှားသွားရင်တော့ လူ့အဖွဲ့အစည်း သတင်းတွေမှာ ပျံ့နှံ့သွားတော့မှာ…"
တစ်ဖက်လူက လှောင်ပြောင်လိုက်သည်။
"ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ… တစ်ယောက်က တိုက်ခိုက်ချင်စိတ်ရှိပြီးတော့ တစ်ယောက်က ဒုက္ခရောက်ချင်နေတာကို… ဘယ်သူကမှ အတင်းအကြပ်မလုပ်ခိုင်းပါဘူး… ဝမ်မိသားစုနဲ့ ပတ်သက်ရင် မင်းစိတ်ချထားလို့ရတယ်… ဒီသတင်းက ပြန့်မသွားဘူးဆိုတာ သေချာတယ်…"
စုန့်ယွီက တစ်သျှူးဖြင့် သူ့လက်များကို သုတ်လိုက်သည်။ ဝတ္ထုထဲတွင် ကြွယ်ဝချမ်းသာသူများနှင့် အာဏာရှိသူတို့၏လောကက အလွန်ပင် ကောင်းမွန်လှသော လူမှုရေးစည်းမျဉ်းများကို ပြတင်းပေါက်အလှဆင်ပစ္စည်းကဲ့သို့ သဘောထားကြပုံကို သူတွေးလိုက်မိသည်။
ဟုတ်တယ် ဒီလိုပဲဖြစ်ရမယ်…အဲ့လိုမဟုတ်ဘူးဆိုရင် ဒီမိုက်မဲတဲ့လူတွေက အဲ့ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူတွေကို လုပ်ဖို့ ဘယ်လိုလုပ် အဆင်ပြေစေနိုင်မလဲ….
စုန့်ယွီက လူတစ်ယောက် သေဆုံးလုနီးပါးဖြစ်နေသည်ကို မြင်လျှင် မကယ်ဘဲနေမည့်သူမဟုတ်ပေ။ သူက ဤကိစ္စကို နောက်မှ ဧည့်ကြိုဌာနသို့ တိုင်ကြားရန် စီစဉ်ထားသည်။ ကလေးတစ်ယောက် ဖျက်ဆီးခံနေရသည်ကို သူ ဤအတိုင်း ကြည့်မနေနိုင်ပေ။
သူက သူ့ဆဲလ်ဖုန်းကို ထုတ်ပြီး သူ့အစ်ကိုဝမ်းကွဲကို ပို့တော့မည့် မက်ဆေ့ချ်ကို editပြီး ပြန်ပို့လိုက်သည်။
"ဝမ်းကွဲ၊ ကျွန်တော် တက္ကစီစီးပြီး အရင်ပြန်နှင့်တော့မယ်…"
သူ့လက်က ‘ပို့သည်’ ဟူသော စာကို နှိပ်လိုက်သည်။
ထိုအချိန်တွင် ဝန်ထမ်းနှစ်ဦးက တံခါးဝဆီသို့ ဦးတည်သွားနေရင်း စကားပြောနေသည်ကို ထပ်မံ ကြားလိုက်ရသည်။
"အဲ့ကောင်လေးနာမည်ဘယ်လိုခေါ်ပါလိမ့်…"
"သူ့မျိုးရိုးနာမည်က ရှဲ့..ရှဲ့... ရှဲ့ဆွေ့…ဟုတ်တယ်… ရှဲ့ဆွေ့ပဲ…”
သူ့လက်ချောင်းများက တောင်းတင်းလာခဲ့သည်။
ရှဲ့ဆွေ့…
ဖာ့ခ်…
စုန့်ယွီက အံ့အားသင့်သွားခဲ့သည်။ သူ့လက်ကိုင်ဖုန်းကို အိတ်ကပ်ထဲထည့်ကာ ဝန်ထမ်းနှစ်ယောက်ကို လှမ်းခေါ်ပြီး အပြင်ဘက်သို့ ရုတ်တရက် ထွက်လာခဲ့သည်။
"ခဏစောင့်ပါဦး…"
ဝန်ထမ်းနှစ်ဦးက လှမ်းခေါ်ခံရ၍ အံ့အားသင့်သွားခဲ့သည်။ အရပ်မြင့်မြင့် 15 နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက သန့်စင်ခန်းထဲမှ အမြန်ထွက်လာနေသည်ကို သူတို့ တွေ့လိုက်ရသည်။
သူတို့ လင်းရွှေတွင် အလုပ်လုပ်သည့်အတွက် သူတို့၏ ဝန်ဆောင်မှုအရည်အသွေးက ယခုချိန်ထိ ရှိနေဆဲပင်။ စုန့်ယွီ၏ ဝတ်စားဆင်ယင်မှုမှတစ်ဆင့် သူ့နောက်ခံက ထူးခြားကြောင်း သူတို့ပြောနိုင်သည်။
“ဟဲလို…ကျွန်တော်တို့ မင်းအတွက် ဘာလုပ်ပေးနိုင်မလဲ…”
စုန့်ယွီ၏ လေသံက စိုးရိမ်သောကဖြစ်နေသည့် အရိပ်အယောင်ပါနေခဲ့သည်။
"ဘယ်အခန်းလဲ…"
ဝန်ထမ်းများက ရှုပ်ထွေးသွားခဲ့သည်။
"ဘာလဲ…"
စုန့်ယွီ၏ အတွင်းစိတ်က စိတ်မရှည်တော့ပေ။
"ရှဲ့ဆွေ့က ဘယ်အခန်းမှာရှိနေတာလဲ…"
ဝန်ထမ်းများက အဆင်မပြေသော အနေအထားသို့ ရောက်သွားခဲ့သည်။
“အာ…”
စုန့်ယွီက သူတို့ကို တိတ်တဆိတ် စိုက်ကြည့်ရင်း သူ့မျက်ဝန်းနက်များက လေးနက်သော ရည်ရွယ်ချက်များနှင့် ပြည့်နေပြီး ဖြည်းညှင်းစွာဖြင့် စကားလုံးတစ်လုံးစီကို ရှင်းလင်းစွာဖော်ပြနေခဲ့သည်။
"ရှဲ့ဆွေ့နဲ့ ကျွန်တော်က အတန်းဖော်တွေပဲ…"
ဝန်ထမ်းများက သူတို့နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။ သူတို့က သွေးအေးသူများ မဟုတ်ကြပေ။
"သူက 305 မှာပါ…"
“ကျေးဇူးတင်ပါတယ်…”
စုန့်ယွီက တိုးညှင်းနေသောအသံနှင့် ပြောလိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။
သူ အောက်ထပ်သို့ဆင်းနေရင်း သူ့ဝမ်းကွဲဆီ နောက်ထပ် မက်ဆေ့ချ်တစ်ခုကို ထပ်မံပို့လိုက်သည်။
"ကျွန်တော် 305 မှာ…"
ထိုသူက သူစိမ်းဖြစ်နေလျှင်ပင် စုန့်ယွီက ကူညီရန် သွားလိမ့်မည်ဖြစ်သည်။ သို့သော် သူ ဤမျှလောက် အလျင်လိုနေမည် မဟုတ်ပေ။
'ရှဲ့ဆွေ့' ဟူသောအမည်က သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများနှင့် မလွယ်ကူမှုများကို အထွတ်အထိပ်သို့ ချက်ချင်းတက်စေသည်။
ဤကဲ့သို့ဖြစ်ရခြင်းမှာ ရှဲ့ဆွေ့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက “လူစိတ်မရှိသူများကို နှိုးဆွ” ပေးနိုင်ရုံသာမက နောက်ထပ် ထူးခြားချက်တစ်ခုရှိသေးသည်။ ထိုအရာက အခြားသူများ၏ နှိပ်စက်လိုစိတ်ကို အထူးတလည် နှိုးဆွပေးနိုင်သောကြောင့် ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ကံကြမ္မာဆိုးနှင့် ကပ်ဆိုးများနှင့် ပြည့်နှက်နေသည်။
အခြားသူများက အရက်အနည်းငယ်သောက်ပြီး အန်ရုံလောက်ပင်။ ရှဲ့ဆွေ့ အတွက်မူကား ခြေထောက်ကျိုးခြင်းနှင့် ဦးနှောက်ကြေမွခြင်းတို့ဖြင့် အဆုံးသတ်လိမ့်မည်ဖြစ်သည်။ စာရေးသူက ရှဲ့ဆွေ့ကို ပို၍ နှိပ်စက်နိုင်ရန်အတွက် မလုပ်ရဲသောအရာမရှိပေ။
စုန့်ယွီက မူရင်းဝတ္ထု၏ ညံ့ဖျင်းသောဇာတ်အိမ်ကို ကျိန်ဆဲရင်း ဧည့်ကြိုကောင်တာဆီ ပြေးသွားခဲ့သည်။ သူ ပြေးလာသောကြောင့် သူ့အသံတွင် မောဟိုက်သံများ ပါနေ၏။
"မစ္စ…ကျွန်တော် အခြေအနေတစ်ခု သတင်းပို့ချင်ပါတယ်…"
ဧည့်ကြိုမယ်လေးက ခဏတာ ကြောင်ပြီး ရပ်နေမိသည်။ ထို့နောက် ထိုကလေးက မုန့်ကွမ်း ခေါ်လာသည့်သူဖြစ်ကြောင်း မှတ်မိသွားပြီး လေးစားစွာနှင့် မေးလိုက်သည်။
"ဘာပြောလိုက်တာလဲရှင့်…”
စုန့်ယီ: "ကျွန်တော် တိုင်ကြားမှုတစ်ခုလုပ်ချင်လို့… 305 မှာ ပြဿနာတက်နေတဲ့သူတစ်ယောက်ရှိနေတယ်…"
မိတ်ကပ်လိမ်းခြယ်ထားသည့် နူးညံ့သိမ်မွေ့သော ဧည့်ကြိုမယ်လေးက အနည်းငယ် တင်းမာသွားကာ ပြောခဲ့သည်။
"ပြဿနာလား… ဟုတ်ပြီ… ကျွန်မ အဲဒါကို ကြည့်ကြည့်လိုက်မယ်…"
တတိယထပ်ရှိ ဝန်ဆောင်မှုဝန်ထမ်းကို ဆက်သွယ်ရန် အကြောင်းကြားခဲ့သော်လည်း စက်က မထင်မှတ်ဘဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
စုန့်ယွီက စားပွဲကို ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"အချိန်မရှိတော့ဘူး… မင်းတို့ မန်နေဂျာ ဒီမှာ ရှိလား…ကျွန်တော့်ကို လူနည်းနည်းလောက် အရင်ငှားပေး… ကျွန်တော့်သူငယ်ချင်းက 305 မှာ ရှိသေးတယ်… ကျွန်တော်တို့ တစ်စက္ကန့်နောက်ကျရင်တောင် တစ်ခုခုဖြစ်သွားလိမ့်မယ်.."
ဧည့်ကြိုမယ်လေး : “……”
ဒီကောင်လေး ဘယ်ကလာခဲ့တာလဲ… သူ့ကို ကန်ထုတ်ပစ်ဖို့ လုံခြုံရေးအစောင့်ကို ငါ တကယ်တောင်းဆိုချင်ခဲ့တာ… ဒါပေမယ့် ငါ သခင်လေးမုန့်ကို လေးစားပေးရဦးမှာလေ… ငါ ဘာဆက်လုပ်နိုင်ဦးမလဲ…
သူမက အားတင်း၍ပြုံးကာ ပြောခဲ့သည်။
"ကောင်းပြီ…ကောင်းပြီ…စိတ်မပူပါနဲ့…"
*****
လင်းရွှေ၏ အနောက်ဘက်ဥယျာဉ်မှ ရှေးဟောင်းစတိုင်အလှဆင်ထားသော သီးသန့်အခန်းတွင်ဖြစ်သည်။
မုန့်ကွမ်းက သီချင်းဆိုပြီးနောက် ပင်ပန်းလာသည်။ ဆိုဖာပေါ်ထိုင်ပြီး အရက်ပုလင်းကိုဖွင့်ခါနီးတွင် သူ့ဖုန်းက ရုတ်တရက် လင်းသွားသည်။
Screen lockကိုဖွင့်လိုက်ပြီးနောက် သူ့ဝမ်းကွဲက သူ့ကိုပို့ထားသည့် မက်ဆေ့ချ်များကို မြင်လိုက်ရသည်။
ပို့ထားသည်က နှစ်ခုရှိသည်။
[ဝမ်းကွဲ… ကျွန်တော် အရင်ဆုံး တက္ကစီစီးပြီး ပြန်တော့မယ်… ]
[ကျွန်တော် 305 မှာ…]
မက်ဆေ့ချ်နှစ်ခုက မိနစ်အနည်းငယ်မျှသာ ကွာသည်။
မုန့်ကွမ်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယောင်ဝါးဝါးဖြင့် ရိပ်မိနေခဲ့သည်။ သူက ဘီယာပုလင်းကိုဖွင့်ပြီး ပေါ့ပေါ့ပါးပါး မေးခဲ့သည်။
"ဒီနေ့ လင်းရွှေရဲ့ အခန်း 305 ကို ဘယ်သူတွေ သွားတာလဲ…”
ဝေ့မိသားစု၏ သခင်လေးက သူ့ဘေးတွင် ထိုင်နေသည်။ ကျင်းမြို့တော်၏ အစားအသောက်နှင့် ဖျော်ဖြေရေးနယ်ပယ်တွင် လုပ်ငန်းကြီးတစ်ခုအနေဖြင့် လင်းရွှေကလပ်က သူတို့၏စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
ဝေ့ကျယ် က ပြန်ပြောသည်။
"305…မင်းဘာအတွက် မေးနေတာလဲ..."
ထိုအချိန်တွင် သူက ကတ်များကို လှည့်နေရင်း ရုတ်တရက် တစ်ခုခုကို တွေးလိုက်သည်။
"အိုး…ခဏစောင့်…ငါ တစ်ခုခုကို တွေ့လိုက်သလိုပဲ…ဒီနေ့ ငါ အပေါ်ထပ်ကို တက်လာတော့ ဝမ်ပေ့တန် နဲ့ သူ့အဖွဲ့ကို တွေ့လိုက်တယ်…ပြီးတော့ အခန်းက 305 ဖြစ်ပုံရတယ်…"
"ဖွီးးးး”
မုန့်ကွမ်းက သူ့ပါးစပ်ထဲရှိ အရက်များအားလုံးကို ထွေးထုတ်လိုက်သည်။
ဝေ့ကျယ်က တစ်ဖက်သို့ လျင်မြန်စွာ လှည့်ကာ ကျိန်ဆဲလိုက်သည်။
“ဖာ့ခ်… မင်း ရန်ဖြစ်ချင်နေတာလား…”
မုန့်ကွမ်းက အလွန်ဒေါသထွက်နေပြီး မတ်တတ်ထရပ်ကာ ပုလင်းတစ်လုံးကို ခြေမွလိုက်သည်။ သူ့မျက်လုံးများက မှိုင်းညို့နေပြီး သူ့အသံက အေးစက်နေသည်။
"ဝမ်…ပေ့…တန်"
သူ့ဘေးရှိ လူက သူ အလွန်ဒေါသထွက်နေသည်ကို သတိပြုမိပြီး မေးလာခဲ့သည်။
"ဘာကိစ္စရှိလို့လဲ… အဲဒီလူက တကယ်ကို ရွံစရာကောင်းပေမယ့် မင်းကို ရန်မစခဲ့ဘူးမလား…"
ဝမ်ပေ့တန်က သူတို့၏ အသိုင်းအဝိုင်းတွင် မယုံနိုင်လောက်အောင်ပင် ဆိုးရွားသော နာမည်ဆိုးတစ်ခု ရှိသည်။
သူက ထူးဆန်းသောအရာများကို လိုက်စားတတ်ပြီး သူ၏ အရသာခံမှုများက ပုံမှန်မဟုတ်ပေ။ ယခင်က သူက တတိယတန်းစား မင်းသမီးတစ်ယောက်ကို သူမ၏ တိုက်ခန်းတွင် သတ်လုနီးပါးဖြစ်ခဲ့ဖူးသည်။ သို့သော် ဝမ်မိသားစုက သတင်းကို ဖုံးကွယ်ရန် ပိုက်ဆံအများကြီး သုံးခဲ့သည်။
မုန့်ကွမ်း၏ မျက်နှာက မှောင်မိုက်နေပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ငါ့ဝမ်းကွဲက အခု 305 မှာ…"
အဖွဲ့သားများအားလုံးက အသက်ရှူမှားသွားကြသည်။
စုန့်မိသားစုမှ ထိုသခင်လေးက ချစ်စရာကောင်းပြီး၊ ယဉ်ကျေးသိမ်မွေ့သော ပုံပေါက်သည်။
အဲဒီ ကောက်ရိုးအိတ် ဝမ်ပေ့တန်က မျက်လုံးကန်းပြီး သူ့ကို အထဲဆွဲခေါ်သွားတာ မဖြစ်နိုင်ဘူးမလား…
မုန့်ကွမ်းက သူ့ ညီဝမ်းကွဲကို ကာကွယ်ရန် စိတ်အားထက်သန်နေခဲ့သည်။ သူ လှမ်းထွက်သွားပြီး သွားကြိတ်ရင်း ပြောလိုက်သည်။
“သေစမ်း…ငါ့ညီလေးရဲ့ ဆံပင်တစ်မွှေးပျောက်သွားရင် လောင်ဇီက အခုပဲ သူ့ကို ICU ကို ပို့ပစ်မယ်…”
{T/N: Intensive Care Unit (ICU) - အထူးကြပ်မတ်ကုသဆောင်}
"ဟေး…ဟေး…ခဏစောင့်…ငါတို့ မင်းနဲ့လိုက်ခဲ့မယ်.."
ကျင်းမြို့တော်မှ အဆင့်အတန်းမြင့် သခင်လေး အများအပြားသည်လည်း လျင်မြန်စွာ မတ်တတ်ထရပ်ကြသည်။
ငါတို့ကို နောက်နေတာလား…စုန့်ယွီ တကယ်ကို တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ရဲ့ လူအိုကြီးတွေက ငါတို့ကို ခြေထောက်လာချိုးလိမ့်မယ်…
*****
လင်းရွှေ တတိယထပ်တွင် ဖြစ်သည်။
မန်နေဂျာက စုန့်ယွီ၏ နောက်မှ မသက်မသာဖြစ်စွာနှင့် လိုက်လာခဲ့သည်။
"သခင်လေး…မင်းရဲ့ အတန်းဖော်တစ်ယောက်က ဘယ်လိုလုပ် ဒီကိုရောက်နေနိုင်မှာလဲ…"
စုန့်ယွီ၏ သေးငယ်ပြီး နုနယ်သော မျက်နှာက အေးစက်နေခဲ့သည်။
"ကျွန်တော် ရှိတယ်ပြောရင် ရှိလို့ပေါ့…"
မန်နေဂျာက ဤကောင်ငယ်လေးမှာ သူ့ကို မီးတွင်းထဲသို့ တွန်းချနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် တံခါးခေါက်ရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
မကြာမီတွင် အခန်း 305 ၏ တံခါးက ပွင့်သွားသည်။
တံခါးကိုဖွင့်လိုက်သော သူက ဆံပင်အဝါဆိုးထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးအောက် ဧရိယာက စိမ်းပြာရောင်ဖြစ်ပြီး 'မကျေနပ်ဘူး' ဟူသော စကားလုံးကို သူ့မျက်နှာပေါ်တွင် လက်တွေ့ကျကျ ရေးထားသည်။
"ဘာလဲ…"
မန်နေဂျာက ချွေးများ တဒီးဒီးကျနေခဲ့သည်။
“ဒီမှာ ပြဿနာရှိနေတယ်လို့ ကြားတော့ ကျွန်တော် လာကြည့်တာပါ…”
ဆံပင်အဝါနှင့် လူက သူ့နှုတ်ခမ်းများကို ပွတ်သပ်ကာ ပြောခဲ့သည်။
"မရှိဘူး…ထွက်သွားစမ်း…"
စကားပြောပြီးနောက် တံခါးကိုပိတ်ရန်ကြိုးစားသော်လည်း တံခါးလက်ကိုင်က သွယ်လျနေသောလက်ချောင်းများနှင့် ဖျော့တော့နေသည့်လူငယ်၏လက်ဖြင့် ဆုပ်ကိုင်ခံထားရသည်။
အနည်းငယ် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျွန်တော့်သူငယ်ချင်း အထဲမှာ ရှိနေတယ်…"
ဆံပင်အဝါနှင့်လူက အပေါ်သို့ မော့ကြည့်လိုက်သောအခါ တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီ ဝတ်ထားသည့် ဆယ်ကျော်သက် လူငယ်တစ်ဦးကို တွေ့လိုက်ရပြီး မျက်လုံးများက ချက်ချင်း တောက်ပလာသည်။
သူက ယောက်ျားလေးများကို အမြဲ နှစ်သက်ခဲ့ပြီး ကျင်းမြို့တော်တွင် ဝမ်ပေ့တန် နောက်သို့ လိုက်ပြီး သူအလိုရှိရာကို အနိုင်ကျင့်ကာ လုယူလေ့ရှိသည်။ စုန့်ယွီ၏ ဖြူဖျော့ဖျော့နှင့် နုနယ်သောမျက်နှာကို ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်အောက်မှ ခြောက်သွေ့သော အပူများ တက်လာသည်ကို ခံစားရနိုင်သည်။ သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ရင်း ညစ်ပေသောလေသံဖြင့် ရယ်မောလိုက်သည်။
"ရှဲ့ဆွေ့ လို့ ခေါ်တဲ့ သူအကြောင်း ပြောနေတာလား… သူက မင်းရဲ့ သူငယ်ချင်းလား… မင်းတို့ သူငယ်ချင်းဆိုတော့ ကောင်းတာပေါ့…လာပြီး အတူတူကစားရင်ရော ဘယ်လိုထင်လဲ…"
မန်နေဂျာက ဆံပင်အဝါနှင့် သူကို သတိပေးချင်ခဲ့သည်။
“မဟုတ်ဘူး… ဒီလူက...”
စုန့်ယွီက သူ့ကို ဘေးဖက်သို့ တွန်းလိုက်ပြီး လှောင်ပြောင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“သေချာပေါက် ရတာပေါ့…”
ဆံပင်အဝါနှင့်လူက တက်ကြွစွာနှင့် တံခါးကိုဖွင့်လိုက်သည်။
စုန့်ယွီက အထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
သီးသန့်ခန်းထဲတွင် သီချင်းဖွင့်ထားခဲ့သည်။ ထိုအသံများက ဆူညံပွက်လောရိုက်နေပြီး အလင်းရောင်က ဖရိုဖရဲဖြစ်နေကာ ငြီးငွေ့ဖွယ်ကောင်းသည်။ အခန်းထဲတွင် အခိုးအငွေ့များနှင့် အရက်နံ့များဖြင့် ပြည့်နေပြီး ဆိုဖာပေါ်တွင် အမျိုးသားအချို့ ထိုင်နေသည်။
သူတို့၏ လက်များက မိန်းကလေးများ၏ ခါးကို ဖက်ထားကြပြီး အခန်းအလယ်သို့ လှောင်ပြောင်သော မျက်လုံးများနှင့် ကြည့်နေကြလေသည်။ သူတို့၏ ပါးစပ်များကလည်း လှောင်ပြောင်သံများနှင့် ပြည့်နေခဲ့သည်။
"သောက်လိုက်…"
"သခင်လေးဝမ်ရဲ့ စကားတွေက စိတ်ချရတယ်.."
“မင်း အရက်သောက်ပြီးရင် အဲဒီ့မိန်းမကို ငါတို့ လွှတ်လိုက်မယ်…”
စုန့်ယွီက သူတို့၏ မြင်ကွင်းကို လိုက်ရင်း ရှဲ့ဆွေ့ကို မြင်လိုက်ရသည်။
ထိုသူက <နူးညံ့သောထိန်းချုပ်ခြင်း> ၏ အဓိကဇာတ်လိုက်ဖြစ်သည်။
သူက အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။ ရှဲ့ဆွေ့က ကျောင်းသားတစ်ယောက်၏ ကလေးဆန်သောပုံစံရှိနေဆဲဖြစ်သော်လည်း သူ့မျက်နှာက သိသာစွာနှင့် ချောမောနေပြီဖြစ်သည်။ အလင်းရောင်က သူ့မျက်ခုံးနှင့် မျက်လုံးများပေါ်တွင် ကျရောက်လာသောကြောင့် သူ့မျက်လုံးထဲက အေးစက်မှုက နှင်းခဲများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
စားပွဲပေါ်ရှိ အရက်ပုလင်းပေါင်းများစွာက အလွတ်ဖြစ်နေပြီဖြစ်သည်။
သို့သော်လည်း ရှဲ့ဆွေ့၏ လှုပ်ရှားမူများက မရပ်တန့်ခဲ့ပေ။ သူ၏ သွယ်လျသောလက်ချောင်းများက ပုလင်းတစ်လုံးကို မြှောက်ကာ အရက်ကို ငှဲ့ထည့်လိုက်ပြီး ဝါရင့်သူတစ်ဦးကဲ့သို့ တစ်ငုံတည်း မော့ချလိုက်သည်။
လူငယ်လေးက သူ့ရှပ်အင်္ကျီ၏ ကြယ်သီးများကို ဒုတိယကြယ်သီးအထိ ဖြုတ်ထားသည်။ သူ ခေါင်းကိုမော့လိုက်ရာ အရက်များက သူ့နှုတ်ခမ်းထောင့်မှ စီးကျလာပြီး ညှပ်ရိုးဆီသို့ လှိမ့်ဆင်းသွားသည်။ ၎င်းက ပြောမပြနိုင်အောင် ဆွဲဆောင်မှုရှိလွန်းသည်။
ပုလင်းက ကုန်သွားပြီဖြစ်သည်။
သူက စားပွဲပေါ်တင်လိုက်သည်။
"တစ်ဆယ်…"
လူငယ်လေးက သူ့အကြည့်ကို လွှဲလိုက်ပြီး သူ့အသံက အေးစက်နေ၏။
လွန်ကဲပြီး ယုတ်ညံ့သော ဤနက်ရှိုင်းသော ချောက်နက်ကြီးထဲတွင် သူက အလင်းတန်းတစ်ခုကဲ့သို့ သန့်ရှင်းပြီး အရာအားလုံးကို လျစ်လျူရှုလျက်ရှိသည်။
မိတ်ကပ်များပင် ပျက်ယွင်းနေအောင် ငိုထားသည့် အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသည်။ သူမ ခေါင်းကိုမော့ကာ သူ့ကို ကြောင်ငေးကြည့်နေသည်။
လင်းရွှေ၏ အပြင်းဆုံးအရက် ဆယ်ပုလင်းက သူ့ဗိုက်ထဲကို ရောက်သွားခဲ့ပြီဖြစ်သည်။ သူ မသေလျှင်ပင် သူ့အစာအိမ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်နေသင့်ပြီဖြစ်သည်။
ဝဝဖြိုးဖြိုးအမျိုးသားတစ်ဦးက ဆိုဖာအလယ်တွင် ထိုင်လျက် ဆေးပြင်းလိပ် သောက်နေသည်။ သူ၏လေသံမှာ အဓိပ္ပာယ်အပြည့်ပါသည်။
"မင်း တကယ်ပဲ အကုန်သောက်လိုက်တာပဲ…"
ရှဲ့ဆွေ့၏ အသံက ဘာကိုမျှ ဂရုမစိုက်နေခဲ့ပေ။
"သူ့ကို လွှတ်လိုက်ပါ…"
ဝမ်ပေ့တန်က လူငယ်လေး၏ နူးညံ့သိမ်မွေ့သော မျက်နှာကို မက်မောစွာ စိုက်ကြည့်ကာ သူ့အောက်နှုတ်ခမ်းကို လျက်လိုက်ပြီး ဆေးလိပ်မီးကို ငြှိမ်းသတ်ရန် စားပွဲပေါ် သို့ ဖိလိုက်သည်။
"ကောင်းပြီ… ငါ သူ့ကို လွှတ်လိုက်မယ်.. ဒါပေမယ့် ဒီမိန်းမအတွက် ငါ ပိုက်ဆံအများကြီး ပေးခဲ့တာ… ဝိုင်ဆယ်ပုလင်းလောက်နဲ့ သူ့ကို လွှတ်လိုက်ဖို့က ငါ့အတွက် ရှုံးသလို ခံစားရတယ်… မင်းငါ့ကို တစ်ခုခုနဲ့ အစားထိုး လျော်ကြေးပေးမလား..."
ရှဲ့ဆွေ့၏ သူငယ်အိမ်က ကျုံ့သွားခဲ့သည်။ သူ စကားမပြောသော်လည်း သူ့လက်သီးများကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည်။
လူအများစုက နက်ရှိုင်းပြီး ကောက်ကျစ်သောအပြုံးများနှင့် ပြုံးနေခဲ့ကြသည်။ ထိုညတွင် သခင်လေးဝမ် သဘောကျမိသွားသောသူများက မည်သို့ပင်ဖြစ်စေ ပြန်ထွက်သွားနိုင်မည်မဟုတ်ပေ။
ဝမ်ပေ့တန်က သူ့ပေါင်ပေါ်တွင်ထိုင်နေသော အမျိုးသမီးကို တွန်းဖယ်လိုက်သည်။ ထို့နောက် သူ့ခြေထောက်များကို ကားပြီး ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
"ဒီလိုလုပ်ပါလား… အစကတော့ ငါ့စိတ်ထွက်ပေါက်အတွက် သူ့ကို ခေါ်ထားတာ… မင်းက ငါ့အတွက် ပါးစပ်နဲ့ လုပ်ပေးပါလား.. အဲဒါနဲ့တင် ပြေလည်ပြီလို့ သတ်မှတ်လိုက်မယ်... ဘယ်လိုလဲ..."
အခန်းဝတွင်မူ…
ဆံပင်အဝါနှင့်လူက တံခါးကိုမှီပြီး အတော်လေး မကျေမနပ်ဖြစ်နေသည်။
"ငါ ဒီသူငယ်ချင်းလေးနဲ့ ကစားနေတာ… မင်းက ဘာလို့ ပျော်စရာထဲ လာရောနေတာလဲ…သွား…သွား… သွား..ဒီအဖေရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးနဲ့..”
မန်နေဂျာက ခါးသီးစွာ ပြောလိုက်သည်။
"မလုပ်ပါနဲ့…တစ်ခုခု ဖြစ်သွားလိမ့်မယ်… သူက သခင်လေးမုန့် ခေါ်လာတဲ့သူပါ… တစ်ခုခု ဖြစ်သွားလိမ့်မယ်.."
ဆံပင်အဝါနှင့်လူ: "ဘာ…ဘယ်သူခေါ်လာတာလဲ…"
မန်နေဂျာက အခြေအနေများ မည်ကဲ့သို့ဆိုးလာမည်ဆိုသည်ကို စဉ်းစားနေဆဲ နောက်တစ်စက္ကန့်တွင် အခန်းထဲမှ အရက်ပုလင်းများ ကွဲသွားသောအသံ ထွက်ပေါ်လာခဲ့သည်။
ဘန်း…
အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပေသည်။
လူတိုင်း အကြောက်လွန်ပြီး ကြောင်အကာ ရပ်တန့်သွားကြသည်။
သူတို့ သတိမထားမိလိုက်သောအချိန်တွင် လူငယ်တစ်ယောက်က သီးသန့်အခန်းထဲသို့ ရောက်လာခဲ့သည်။
စကားတစ်ခွန်းမျှ မပြောဘဲ သူက စားပွဲပေါ်ရှိ ဘီယာပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်သည်။ သူ့လက်က လှုပ်ရှားသွားပြီး ဝမ်ပေ့တန်၏ ခေါင်းကို ပုလင်းနှင့် ပစ်ပေါက်လိုက်သည်။
ဝမ်ပေ့တန်၏ မျက်ဆံများက ကျုံ့သွားသည်။ သူ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပုလင်းက နံရံကို ထိမှန်ပြီး ပြန်လွင့်လာသည့် မှန်စများက သူ့မျက်နှာကို သွေးထွက်စေခဲ့သည်။
သူ့မျက်နှာပေါ်က သွေးကို ထိမိသည်နှင့် ချက်ချင်း ဒေါသထွက်လာပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
"ဘယ်သူလဲ…ဘယ်သူက သူ့ကို ဒီကို ဝင်ခွင့်ပြုလိုက်တာလဲ…"
ရှဲ့ဆွေ့သည်လည်း ကြောင်သွားခဲ့သည်။ လွန်ခဲ့သည့် တစ်စက္ကန့်ကပင် သူက အမှောင်ထဲတွင် နစ်မွန်းနေဆဲဖြစ်ပြီး၊ စော်ကားသောစကားလုံးများက သူ့အာရုံကြောများနှင့် ဂုဏ်သိက္ခာကို တစ်စတစ်စ ညှဉ်းပန်းနှိပ်စက်နေသည့် ရွံရှာဖွယ်အကြည့်များထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။
နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး ဤအိပ်မက်ဆိုးကို ချေဖျက်ပစ်လိုက်သည်။ အရက်များ အလွန်အကျွံသောက်ထားသောကြောင့် သူ့ဗိုက်ထဲတွင် ဓားနှင့်ထိုးနေသကဲ့သို့ နာကျင်မှုတစ်ခု ရှိနေပြီး အမြဲတမ်းအေးစက်နေတတ်သော သူ့မျက်လုံးများက ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်။ သူက သူ့ဘေးနားကလူကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
စုန့်ယွီက အမှောင်ထဲမှ ထွက်လာခဲ့သည်။ သူ အလွန်ဒေါသထွက်နေသောကြောင့် အသည်းများပင် နာကျင်နေကာ ဝမ်ပေ့တန်ကို လှောင်ရယ်လိုက်သည်။
"အဲဒါက စိတ်ထွက်ပေါက်ရှာတာပဲမလား… ငါမင်းကို ကူညီပေးမယ်…"
တကယ့်ကို ပြင်းပြင်းထန်ထန် စိတ်ထွက်ပေါက်ရှာလိုက်တာပဲ…
🌹🌹🌹