၈၃
Viewers 9k

"အား"


ကုံးကျင်လိန်သည် သူမ၏မျက်နှာကို ဖုံးအုပ်ကာ အရူးအမူးအော်လိုက်သည်။

"နင် ငါ့ကိုရိုက်ရဲတယ်? နင်ရိုက်ရဲတယ်?"သူမသည် ဒေါသူပုန်ထကာ ရှီရန်ကိုဒေါသတကြီး လက်ညှိုးထိုးသည်။

ရှီရန်က မျက်ခုံးပင့်လိုက်သည်။ "လူတွေကို တောင် ငါရိုက်နိုင်ရင် တိရစ္ဆာန်တွေကိုဘာလို့ မရိုက်နိုင်ရမှာလဲ"

"နင်က ငါ့ကိုတိရစ္ဆာန်လို့ခေါ်လိုက်တာလား?" ကုံးကျင်လိန်က မယုံကြည်နိုင်ဖြစ်သွားသည်။

သူမ ငယ်ငယ်ကတည်းက သူမကို ယခုကဲ့သို့မည်သူကမှမဆက်ဆံရဲကြပေ။

ရှီရန်က ပထမဦးဆုံးသူဖြစ်သည်။

ရှီရန်ကို ငါ အခုသေစေချင်တယ်

သူမ သေစေရမယ်!!!

သူမသည် အဝတ်လဲခန်းပတ်ပတ်လည်ကို ဒေါသထွက်ကာကြည့်သည်။ အနက်ရောင်ဓါတ်ဘူးကို သူမ မြင်သောအခါ မဆိုင်းမတွဆွဲကိုင်လိုက်ပြီး ရှီရန်၏မျက်နှာဆီကို ပစ်ချလိုက်သည်။

"မမရန် သတိထား" ဖန်တုံတုံသည် အလွန်ထိတ်လန့်သွားပြီး ရှီရန်အတွက် ၎င်းကို ကာ​ပေးချင်ခဲ့သည်။

သို့​သော် မကြာခင်သူမ၏ကော်လာကဆွဲခံလိုက်ရပြီး ရှီရန်၏နောက်တွင် အထားခံလိုက်ရသည်။

ရှီရန်က သူမလက်ကို မြှောက်လိုက်ပြီးဇာတ်ညွှန်းကို လိပ်ထားဆဲဖြစ်ပြီး ၎င်းဖြင့် ဓါတ်ဘူးကို ဝှေ့ယမ်းလိုက်သည်။

သူမ၏လှုပ်ရှားမှုများသည် သွက်လက်မြန်ဆန်သည်။

ဓါတ်ဘူးသည် ပျံလာသောဘေ့စ်ဘောတစ်လုံးကဲ့သို့ပြန်လှည့်သွားကာ ကုံးကျင်လိန်၏မျက်နှာဆီသို့ ဦးတည်သွားသည်။

ကြောက်ရွံ့မှုကြောင့် သူမ၏မျက်လုံးများပြူးကျယ်လာပြီး သူမမျက်နှာကို ကာကွယ်ရန် မသိစိတ်ဖြင့်ငုတ်တုတ်ထိုင်ချလိုက်သည်။

"ဘမ်း-"

ဓါတ်ဘူးသည် အဖြူရောင်နံရံကို ထိမှန်ကာ ကွဲအက်သွားသည်။

အတွင်းမှရေများသည် ဖြန်းခနဲ ထွက်လာပြီး ကုံးကျင်လိန်ကိုယ်တစ်ခုလုံးပေါ် ဖြန်းခနဲ စင်သွားသည်။

အဝတ်လဲခန်းထဲတွင် သူမ၏စူးစူးဝါးဝါးအော်သံများဖြင့် ပြည့်နှက်သွားပြန်သည်။

"ဘာဖြစ်နေကြတာလဲ?" သိမ်မွေ့သော အသံသည် တံခါးဝမှထွက်လာသည်။

- ထိုလူသည် ဝမ်ယု​ဖေးဖြစ်သည်။

ကုံးကျင်လိန်သည် သူမ၏ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင် မော့ကြည့်လိုက်သည်။ သူမ စိတ်ထိခိုက်စွာပြေးသွားသည်။ "မမယု​​ဖေးနောက်ဆုံးတော့ရောက်လာပြီ။"

ဝမ်ယု​ဖေးက ကုံးကျင်လိန်ကို စိတ်ရှုပ်ထွေးစွာကြည့်ကာ ပြောသည်။ "ဘာလို့ ရေစိုနေရတာလဲ။ ဘာဖြစ်ခဲ့တာလဲ"

ကုံးကျင်လိန်သည် ရှီရန်ကို စိုက်ကြည့်နေသည်။ "မမယု​ဖေးရှီရန်က ညီမကိုဓါတ်ဘူးနဲ့ပစ်ပေါက်လိုက်တာ။ ညီမ အချိန်မီသာမရှောင်နိုင်ခဲ့ရင် ညီမရဲ့ခေါင်းပေါက်သွားလိမ့်မယ်!"

ဝမ်ယု​ဖေးသည် အနည်းငယ်မျက်မှောင်ကြုတ်ပြီး မြေပြင်ပေါ်ရှိအက်ကွဲနေသောဓါတ်ဘူးကို ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် ရေအိုင်တစ်ခုရှိနေသည်။

သူမက သ​ဘောမကျသလို​မေးသည်။ "ရှီရန်၊ ဟုတ်ရဲ့လား?"

"အင်း" ရှီရန်ဝန်ခံသည်။

"ဒါ​တော့ ရှီရန်လွန်သွားပြီ။ ဒါက ထုတ်လုပ်ရေးအဖွဲ့လေ။ ပုဂ္ဂိုလ်ရေးအရ အငြိုးရှိရင်တောင် ဒါမျိုးမလုပ်သင့်ဘူး။" ဝမ်ယု​ဖေးက စိတ်ပျက်သွားပုံ​ပေါ်သည်။

"အဲ့ဒါကမမှန်ဘူး" ဖန်တုံတုံက မတ်တပ်ထရပ်ပြီးပြောသည်။ "သူမက မမရန်ကို ဓါတ်ဘူးနဲ့အရင်ပစ်ခဲ့တာ။ မမရန်က အဲဒါကို ပြန်ရိုက်ထုတ်လိုက်တာ။"

"အဲဒါအမှန်ဘဲလား?" ဝမ်ယု​ဖေးသည် အခန်းထဲရှိအခြားသူများဘက်သို့ လှည့်လိုက်သည်။

ထိုလူများသည် မော့ကြည့်သောအခါ ကုံးကျင်လိန်၏သတိပေးသောအကြည့်ကို တွေ့လိုက်ရသည်။

သူတို့ အလွန်ထိတ်လန့်သွားပြီးချက်ချင်း ငုံ့ကြည့်ပြီး ဝင်မ​ပြောကြ​ပေ။

ဖန်တုံတုံမယုံနိုင်ဖြစ်သွားသည်။ သူမသည် မင်းသမီးငယ်၏ဦးတည်ရာကို ကြည့်သည်။

ကုံးကျင်လိန်သည် ရှီရန်ကို ပစ်မှတ်ထား​နေသည်မှာ ယခုပင် ထိုမင်းသမီးကိုကယ်တင်ခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ထိုမင်းသမီးသည် အခြားသူများကဲ့သို့ပင် ပါးစပ်ပိတ်​နေသည်။

"နင်က​ကော ဘာလို့ဒီလိုဖြစ်​​နေတာလဲ?" ဖန်တုံတုံဒေါသထွက်သွားသည်။

ရှီရန်က ဖန်တုံတုံ၏ပခုံးကို ကိုင်ထားပြီး "အစ်မ အဆင်ပြေတယ်" လို့ တိုးတိုးလေး ပြောလိုက်သည်။

ကုံးကျင်လိန်၏ကျောထောက်နောက်ခံသည် အလွန်အားကောင်းသောကြောင့် ထိုလူများသည် သူမဆီမှအမုန်းခံရမည်ကို ကြောက်ကြသည်မှာသဘာဝကျသည်။

ရှီရန်ဘက်တွင် မည်သူမျှမရှိသည်ကို မြင်လိုက်ရသဖြင့် ကုံးကျင်လိန်သည် ပို၍ပင်အတင့်ရဲလာသည်။

"မမယုဖေး ညီမမျက်နှာကို ကြည့်ပါဦး။ သူမက ညီမကို ပါးရိုက်တာ​ကြောင့်ဒေါသအရမ်းထွက်ပြီး သူမကို တစ်ခုခုနဲ့ပစ်ပေါက်မိလိုက်တာ။"

ကုံးကျင်လိန်သည် သူမ၏မျက်နှာကို တစ်ဖက်သို့လှည့်ပြလိုက်သည်။ သူမ၏ပါးပြင်ပေါ်တွင် အနီရောင်တောက်နေ​သောလက်ဖဝါးရာ​ပေါ်​နေသည်။

"ဟုတ်တယ်မလား?" သူမ မင်းသမီးငယ်ကို ပြုံးပြသည်။

မင်းသမီးက အံကြိတ်ကာ ခေါင်းညိတ်သည်။
"ဟုတ်ပါတယ်။ ရှီရန်က မမကျင်လိန်ကို အရင်ရိုက်တယ်။ မမကျင်လိန်က လက်တုံ့ပြန်ဖို့လုပ်လိုက်ရုံပါ။"

ကုံးကျင်လိန်ကျေနပ်စွာပြုံးလိုက်သည်။

ဝမ်ယုဖေး၏မျက်လုံးများတွင် ကောက်ကျစ်​သောအ​တွေးတစ်ခု လင်းလက်သွားသည်။ "ရှီရန်က အခုတကယ်နာမည်ကြီးနေပေမယ့် ကိုယ့်အသိစိတ်ကလွတ်ပြီးတခြားသူတွေကို မောက်မောက်မာမာမဆက်ဆံသင့်ဘူး။"

သူမ သက်ပြင်းချလိုက်သည်။ "ဒါရိုက်တာလီကို ဒုတိယမြောက်အမျိုးသမီးဇာတ်ကောင်အတွက်ရှီရန်ကို ကျင်းထျန်ကအကြံပြုထားတာကြောင့်ပဲ သရုပ်​ဆောင်ခွင့်ကိုရတာ​လေ"

"ကျင်းထျန်ရဲ့ အမြင်ကို ယု​​ဖေးအမြဲယုံကြည်တယ်။ ဒါပေမယ့် သူ့အ​ပေါ်ကို အခွင့်ကောင်းယူပြီး မင်းလုပ်ချင်တာကိုလုပ်လို့မရဘူး"

အပြင်ကလူများက အဝတ်လဲခန်းထဲ၌ဘာဖြစ်နေမှန်းမသိကြ​ပေ။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်၍ သူတို့ဝင်လာကြသည်။ဝမ်ယု​ဖေး၏စကားများကို ကြားလိုက်ရသည်။

"အတော်ဆုံးမင်းသားပိုင်က ရှီရန်ကို ထောက်ခံခဲ့တာလား???"

"သူတို့မတော်တရော်ဆက်ဆံ​ရေးရှိ​နေမှာကို ငါကြောက်မိတယ်။ သူမရဲ့အကျင့်စရိုက်ကို ကြည့်ပါဦး။"

"အကောင်းဆုံးမင်းသားပိုင်က သူမကို ထောက်ခံရင်ကောဘာဖြစ်လဲ? သူမ လုပ်ချင်တိုင်းလုပ်လို့ရလို့လား? လူတွေအပေါ် ပစ္စည်းပစ်ပေါက်တာတော့ အရမ်းများသွားပြီ။"

"ဒီလိုမျိုးလူကို ရိုက်ကွင်းမှာ တွေ့ရခဲတယ်။"

ဝန်ထမ်းများက ရှီရန်အ​ကြောင်းဆွေး​နွေးပြောကြသည်။

ထိုအခိုက်အတန့်တွင်မုန်းတီးမှုက သူမအပေါ် သက်​ရောက်သွားသည်။

"ဟူး" ဝမ်ယု​ဖေးကူကယ်ရာမဲ့စွာသက်ပြင်းချသည်။ "ဒီလိုဆိုရင်​ကောဘယ်လိုလဲ။ ကျင်လိန်ကို တောင်းပန်လိုက်ရင် ဒီကိစ္စပြီးသွားလိမ့်မယ်။"

"အဆင်ပြေတယ်မလား ကျင်လိန်?" ဝမ်ယု​ဖေးက ညင်သာစွာမေးသည်။

ကုံးကျင်လိန်က မောက်မာစွာ ရယ်မောလိုက်သည်။ "အစ်မယု​ဖေး ​ကဒီလိုပြောလာမှ​တော့ အဆင်​ပြေပါတယ်​။ ဒါ​ပေမယ့်​ ညီမကို သူမ ဒူး​ထောက်​တောင်းပန်​စေချင်​တယ်​!"

သူမ လက်နှစ်ဖက်ကို ရင်ဘတ်နား၌ပိုက်ကာ မေးစေ့ကိုမော့ကာ သင့်လျော်သောတောင်းပန်မှုကို ဝမ်းမြောက်စွာစောင့်ဆိုင်းနေသည်။

ရှီရန်က လက်တွေကိုလှုပ်ရုံနဲ့အစွမ်းထက်နေပြီလို့ တကယ်ထင်နေတာလား?

အခုတော့ လူအားလုံးက ငါ့ဘက်မှာရှိနေတယ်။

ရှီရန်ဘာလုပ်မယ်ဆိုတာကို ကြည့်ရ​သေးတာ​ပေါ့။

"မဖြစ်နိုင်ဘူး" ရှီရန်၏ငြင်းဆန်မှုသည်ချက်ချင်းပင်ဖြစ်သည်။

"ရှီရန်" ဝမ်ယု​ဖေးက မကျေမနပ်ဖြစ်သွားသည်။

"အစ်မယု​ဖေး" ရှီရန်က ဖြတ်​​ပြောသည်။ "ကျွန်မ အစ်မကို စီနီယာတစ်ယောက်လို လေးစားလို့ အစ်မလို့ခေါ်တာ။ဒါပေမယ့် အစ်မစကားက အရမ်းလွန်​သွားပြီမဟုတ်ဘူးလား"

"ကျွန်မကို အကောင်းဆုံးသရုပ်ဆောင်ပိုင်က တကယ်ပဲ ထောက်ခံပေးခဲ့တာ။ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်မနဲ့ ကုံးကျင်လိန်ကြားကကိစ္စလေ။ မင်းသားပိုင်နဲ့ ဘာသက်ဆိုင်​နေလို့လဲ"

ဝမ်ယု​ဖေးဆွံအသွားသည်။

"မှန်တယ်။ ဒီကိစ္စက ငါတို့ရဲ့မင်းသားနဲ့ ဘာမှမဆိုင်ဘူးမဟုတ်လား။ သူမ ဘာလို့ ရုတ်တရက်ပြောလိုက်တာလဲ။"

"ယု​ဖေးက ဘာမှမပြောရင် မင်းသားပိုင်ကိုတောင် ငါ တကယ်တွေးမိမှာမဟုတ်ဘူး။"

"ဝမ်ယု​ဖေးကို လူတိုင်းကို ကျင်းထျန်နဲ့ရှီရန်တို့ကမရိုးသားတဲ့ဆက်ဆံ​ရေးရှိတယ်လို့ ထင်​စေချင်​နေတာလား။"

"ဒါက မှန်တယ် မှားတယ်တော့မရှိဘူး။ဒါပေမယ့် ဒီကိစ္စက အကောင်းဆုံးသရုပ်ဆောင်ပိုင်နဲ့တော့ ဘာမှမဆိုင်ဘူး။"

"မှန်တယ်။ ပြီးတော့ အကောင်းဆုံးသရုပ်ဆောင်ပိုင်ရဲ့အမြင်ကို သူမတကယ်ယုံကြည်တယ်ဆိုရင် ကုံးကျင်လိန်ကို ဘာလို့ သူမ ကူညီခဲ့တာလဲ။"

လူတိုင်း၏ ဆွေးနွေးမှုမှာ အလွန်တိုးသော်လည်း အများစုက ဝမ်ယု​ဖေး၏နားထဲသို့ ရောက်နေဆဲဖြစ်သည်။

သူမ၏မျက်နှာပေါ်ရှိအပြုံးကို အတင်းအကျပ်ဆွဲဆန့်နေရသည်။

ကုံးကျင်လိန်သည် ထိုအသံများကို မကြားပေ။ ထိုအချိန်တွင် သူမသည် ရှီရန်ကို လက်ညှိုးထိုးနေသည်။ "မြန်မြန်ဒူးထောက်ပြီးတောင်းပန်။ မဟုတ်ရင် အတင်းဒူးထောက်ခိုင်းမှ အပြစ်လာမတင်နဲ့"

"ကြိုးစားကြည့်​လေ။" ရှီရန်က အဓိပ္ပါယ်ရှိစွာပြုံးလိုက်သည်။

လူတိုင်းက ကုံးကျင်လိန်ကို စာနာစိတ်နဲ့ ကြည့်နေကြသည်။

"သတိအချစ်ရှိသည်" ကို အနည်းနှင့်အများဆိုသလို သူတို့ကြည့်ရှုခဲ့ကြသည်။ သူတို့မမြင်ဖူးတောင်မှ ၎င်းက ခေတ်စားနေသောခေါင်းစဉ်တစ်ခုမှန်းသူတို့ သိကြသည်။

ရှီရန်ကို ခေါင်းချင်းဆိုင်တိုက်ခိုက်ချင်ရင် သေခြင်းတရားကို လက်ယက်​​ခေါ်နေတာ အထင်အရှားပဲမဟုတ်လား?

ကုံးကျင်လိန်သည် ဒေါသမခံမရပ်နိုင်ထွက်လာပြီး တစ်စုံတစ်ယောက်ကို ရှာရန် သူမ၏ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်။

ဝမ်ယု​ဖေးက သူမလက်ကို အမြန်ဆွဲကိုင်လိုက်ပြီး တိုးတိုး​လေးပြောသည်။ "ဒါက ထုတ်လုပ်ရေးအဖွဲ့။ နေရာတိုင်းမှာသတင်းထောက်တွေရှိတယ်။ ကစားနေတာတွေကို ရပ်လိုက်တော့"

၎င်းကိုကြား၍ ကုံးကျင်လိန်က ဖုန်းကို မလွှတ်ချင်ဘဲချလိုက်ရသည်။

"ရှီရန်က ကျင်လိန်ကို အရင်ရိုက်ပြီးဓာတ်ဘူးကို ပစ်ချခဲ့တာ ဝန်ခံခဲ့တယ်။ နောက်ဆုံးတော့ မရှီရန်အမှားကြီးလုပ်မိသွားပြီ။"

ဝမ်ယု​ဖေးက ရှီရန်ကို ညင်သာစွာ ပြုံးပြလိုက်သည်။ "ဒါဆို တို့မျက်နှာထောက်ပါဦး။တောင်းပန်လိုက်တာနဲ့ ကိစ္စပြီးသွားမှာပါ"

ယခု ရှီရန်ဘက်ကနေခုခံကာကွယ်နေသကဲ့သို့ သူမပြောသည်။

ကုံးကျင်လိန်ဒေါသထွက်နေသော်လည်း သူမက "တောင်းပန်ရင် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်" ဟု  ပြောသေးသည်။

ရှီရန်က နှုတ်နဲ့တောင်းပန်ရင်တောင် အရှက်ရစရာဖြစ်​နေပြီမဟုတ်လား?

အချိန်တန်ရင် ငါ ဒီမြင်ကွင်းကို သေချာရိုက်ပြီး အွန်လိုင်းမှာတင်လိုက်လိမ့်မယ်။

ဒါဆို ရှီရန်က တစ်သက်လုံးအရှက်ရသွားလိမ့်မယ်။

အားလုံးက ရှီရန်ကို ကြည့်ပြီး သူမ တောင်းပန်လာသည်ကိုစောင့်နေကြသည်။

ထိုအချိန်တွင် ရှီရန်သည် ဝမ်ယု​ဖေးမျက်နှာမထောက်ဘဲ​နေမည်ဟု မည်သူမျှမခံစားမိကြပေ။

"ဘာလို့ဒီလောက်လူစုံနေကြတာလဲ"

ညင်သာသောအသံသည် တံခါးဝမှထွက်ပေါ်လာသည်။