"စတားမြို့တော်ဖျော်ဖြေရေးကပိတ်ရတော့မှာလား။" ရှီရန်ထိုင်ပြီး ကျူးယို့ဟန်ကို ကြည့်လိုက်သည်။
ကျူးယို့ဟန်ဆွံအသွားသည်။
ချီး
ဒီနှစ်ယောက်က ဘာလို့ဒီလိုမျိုးတူတဲ့စကားတွေ အမြဲပြောရတာလဲ။
ချူးကျင်းချန်းအကြောင်းကိုတွေးမိရင်း သူ ပြုံးမိပြန်သည်။ "ဒီနေ့နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။ တတိယသခင်လေးအနားမှာမရှိတာကိုနေသားမကျသေးဖူးမလား"
"ကျွန်မတို့ နှစ်ရက်ပဲအတူတူရိုက်ကူးရေးဝင် ထားတာ။ နှစ်ရက်က အလေ့အကျင့်တစ်ခုဖြစ်ဖို့အတွက် အချိန်တိုတောင်းလွန်းပါတယ်။" ရှီရန်သည် ရေတစ်ပုလင်းယူကာ တစ်ငုံသောက်လိုက်သည်။
ကျူးယို့ဟန်က ဆွံအသွားပြန်သည်။
သူ တကယ်ကိုခံစားရသည်။
ကျင်းချန်းသည် ရှီရန်ကဲ့သို့သော မိန်းကလေးကို လိုက်ပိုးရန်သတ္တိရှိသည်။
ဒီအခက်အခဲတွေကိုထိပ်တိုက်တွေ့ရဲတဲ့စိတ်ဓာတ်က လေးစားစရာကောင်းတယ်။
"ဒါပေမယ့် တတိယသခင်လေးက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာပါဝင်ခဲ့တယ်လို့ယူဆနိုင်တယ်။" ကျူးယို့ဟန်က ဆက်ပြောသည်။
"ဟမ်?" ရှီရန်က စိတ်ရှုပ်ထွေးစွာကြည့်လာသည်။
ကျူးယို့ဟန်က ထူးထူးခြားခြားပြုံးလိုက်သည်။ "အခုထိမသိသေးဘူးမဟုတ်လား။ တတိယသခင်လေးက ဒီနေ့အရမ်းရက်ရောနေတာ"
'ရက်ရောတယ်?'
ရှီရန်က မျက်ခုံးပင့်လိုက်သည်။
ယနေ့ ကျူယီဖေးနှင့်အတူတိုက်ရိုက်ထုတ်လွှင့်နေချိန်၌ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကို သူမ ရုတ်တရတ် သတိရသွားသည်။
ထိုအချိန်တွင် ထိပ်တန်းလက်ဆောင်ရှင်သည် ချူးကျင်းချန်း၏အမာခံပရိသတ်တစ်ဦးဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။
ယခုမူကား...
"သူက ချူးကျင်းချန်းလား?"
"ဘယ်လိုထင်လဲ?" ကျူးယို့ဟန်ကမျက်တောင်ခတ်လိုက်သော်လည်း မှတ်ချက်မပေးပေ။
ရှီရန်သည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
သူမ အံ့သြသွားသည်။
သို့သော် ၎င်းက ချူးကျင်းချန်းလုပ်လိမ့်မည့်အရာတစ်ခုဖြစ်နိုင်သည်။
ကားလမ်းခရီးက ချောမွေ့သည်။
ရှီရန်သည် မြို့တော်ရှိသူမ၏တိုက်ခန်းသို့ ပြန်ရောက်သောအခါ ညဉ့်နက်နေပြီဖြစ်သည်။
"ဒီး-"
သူမ ရေချိုးခန်းမှထွက်လာသောအခါ စားပွဲပေါ်မှဖုန်းတုန်ခါသံကို ကြားလိုက်ရသည်။
သူမသည် စစ်ဆေးရန် ရှေ့သို့တိုးသွားသည်။
ချူးကျင်းချန်းဖုန်းခေါ်ဆိုနေခြင်းဖြစ်သည်။
သူမ ဖုန်းကိုင်လိုက်ပြီး ဖုန်းကိုနားရွက်နားထားကာ ပျော့ပျောင်းသောဆိုဖာပေါ်၌ ထိုင်လိုက်သည်။
"ဒီည လပြည့်ဝန်းကြီးကိုမြင်ရတယ်။" ချူးကျင်းချန်း၏နက်ရှိုင်းသောအသံသည် နူးညံ့သိမ်မွေ့သည်။
"အိုး?"
ရှီရန်သည် လသာဆောင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း လကို မမြင်ရပေ။
သူမ ထလိုက်သည်။
သူမ လက်ရန်း၌မတ်တပ်ရပ်လိုက်ပြီးအပေါ်ကိုကြည့်စဥ် လေပြေက သူမမျက်နှာကို တိုက်ခတ်လာသည်။
မှောင်မိုက်နေသောညကောင်းကင်တွင် လပြည့်ဝန်းသည် အမြင့်တွင်ရှိနေသည်။
သူမ၏နှုတ်ခမ်းကွေးညွှတ်သွားကာ သူမ ပြုံးလိုက်သည်။ "ဟုတ်တယ်၊ လပြည့်ပဲ။"
ချူးကျင်းချန်းသည် KT အဆောက်အဦအဦး၏အပေါ်ဆုံးထပ်တွင် ရပ်နေပြီး ရှီရန်
ကဲ့သိုတူညီသောလကို မော့ကြည့်လိုက်သည်။
သူ ကျေနပ်စွာ မျက်လုံးကို မှေးထားသည်။ "ဒီနေ့တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကျွန်တော့်အခန်းပဲ။"
"အင်း။"
“ငါးသန်းလောက် ကျွန်တော်သုံးလိုက်တယ်” ဟု သူကထပ်ပြောသည်။ သူသည် ချီးမွမ်းခြင်းကိုစောင့်ဆိုင်းနေသည့်ကလေးတစ်ယောက်ကဲ့သို့ မျှော်လင့်နေသံပေါက်သည်။
"နှမြောစရာကောင်းလိုက်တဲ့ပိုက်ဆံတွေ။"
ချူးကျင်းချန်းရယ်လိုက်ပြီး သူ့ရယ်မောသံသဲသဲက ပြည့်လျှံလာသည်။
"မင်းမနက်ဖြန် ဇာတ်ကားရိုက်ကူးရမယ် မဟုတ်လား။ ပိုင်ကျင်းထျန်က အမျိုးသားဇာတ်ဆောင်ဖြစ်မယ်?" သူ့မျက်လုံးအရောင်လက်သွားသည်။
"အမျိုးသမီးဇာတ်ဆောင်က ဝမ်ယုဖေးလေ" လို့ ရှီရန်ကပြောသည်။
"တမင်တကာပြောတာလား?" ချူးကျင်းချန်းက ပြုံးပြုံးလေး မေးသည်။ "သူမနဲ့ကျွန်တော်အကြောင်း... ရှင်းပြလို့ရပါတယ်"
"ရှင်းပြစရာမလိုပါဘူး" ဟု ရှီရန်
က နှလုံးသားမဲ့စွာ ငြင်းဆိုသည်။
သို့သော် ချူးကျင်းချန်းသည် ပို၍ပင်ပျော်ရွှင်စွာ ပြုံးနေသည်။
သူ့လက်ညှိုးကို လက်ရန်းတစ်လျှောက်ရွှေ့လိုက်သည်။ "မနေ့ကထွက်သွားဖို့ငြင်းလိုက်ရင် ကျွန်တော့်အတွက် ကူတိုက်ခိုက်ပေးမယ်လို့ပြောခဲ့တုန်းက အတည်ပြောခဲ့တာလား?"
"ကျွန်မ အတည်ပြောတာ။"
"မင်း မနိုင်ရင်ကော ဘာဖြစ်သွားမလဲ" ချူးကျင်းချန်းသည် လက်ရန်းကိုမှီ၍ သူ့မျက်နှာပေါ်ရှိအပြုံးကို မသတ်နိုင်ပေ။
"ရှင် ရှိနေသေးတယ်လေ။"ချူးကျင်းချန်း၏အပြုံးပိုနက်ရှိုင်းလာသည်။
ခဏအကြာတွင် ရှီရန်၏တုံ့ဆိုင်းနေသော အသံကို သူကြားလိုက်ရသည်။
"ကျွန်မ...ရှင့်ကို မေးခွန်းတစ်ခုမေးချင်တယ်"
ချူးကျင်းချန်း မျက်ခုံးပင့်လိုက်သည်။
ရှီရန်က သူ့ကို ထိုကဲ့သို့လေသံနဲ့ပြောသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။
'မေးခွန်းမေးမလို့လား'
'ဒီနေ့အကြောင်းကို သိသွားပြီး သူမကို ငါကြိုက်နေတာလားလို့ မေးချင်တာလား။'
'ဒါမှမဟုတ် ငါနဲ့ဝမ်ယုဖေးအကြောင်း မေးချင်တာလား'
ထိုအချိန်တွင် ချူးကျင်းချန်းသည် စိတ်လှုပ်ရှားလာသည်။
အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် ရှီရန်က မေးသည်။“ကျွန်မ မေးချင်တာက ရှင့်ကို ကိုယ်ခံပညာဘယ်သူသင်ပေးခဲ့တာလဲ။"
ချူးကျင်းချန်း :"..."
သူပြန်မဖြေသောအခါ ရှီရန်က ရှင်းပြသည်။"လူတော်တော်များများက သူတို့ရဲ့ဆရာတွေကို ထုတ်ဖော်မပြောချင်ကြဘူးဆိုတာ ကျွန်မသိပါတယ်။ဒါပေမယ့် ရှင်က အရမ်း...သန်မာနေတဲ့အတွက် ကျွန်မသိချင်ရုံသက်သက်ပါ"
"အဲဒါကို မင်းမေးချင်တာလား။" ချူးကျင်းချန်း၏နှုတ်ခမ်းသည် အန္တရာယ်ရှိစွာ ကွေးတက်သွားသည်။
"အင်း" ရှီရန်က ရိုးရိုးသားသားပြန်ဖြေသည်။
"မနက်ဖြန် စောစောစီးစီးရိုက်ကွင်းသွားရဦးမှာမလား။ စောစောအနားယူလိုက်တော့။တစ်ညလုံး မအိပ်ပဲမနေနဲ့" လို့ ချူးကျင်းချန်းက ပြုံးပြီး ပြောသည်။
ရှီရန်က သူ မပြောပြချင်ဟု ထင်သည့်အတွက် သူမ ဆက်မမေးတော့ပေ။ "အိုကေပါ။"
ထို့နောက် ရှီရန်က ဖုန်းချလိုက်သည်။
ချူးကျင်းချန်းသည် တစ်ဖက်ရှိဖုန်းချလိုက်သောအသံကိုနားထောင်ပြီး အားကိုးရာမဲ့ ရယ်မောလိုက်သည်။ သူက “နှလုံးသားမရှိတဲ့မိန်းကလေး” ဟု ရေရွတ်သည်။
နောက်တစ်နေ့တွင် ဝန်ထမ်းများသည် ရိုက်ကွင်းကို ပြင်ဆင်ဆဲအချိန် ရှီရန်သည် အစောကြီးရောက်လာသည်။
ဂျီဝမ်ဖုန်းက သူတို့ကို ရိုက်ကွင်း၌ထားပြီး ထွက်သွားသည်။
ဖန်တုံတုံသည် ရှီရန်၏နောက်သို့လိုက်လာကာ စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်သည်။
"မမရန်၊ ဒါက ညီမပထမဦးဆုံးရိုက်ကွင်းကိုရောက်ဖူးတာပဲ။ အရမ်းမှော်ဆန်တယ်လို့ ခံစားရတယ်" လို့ စိတ်လှုပ်ရှားစွာ ပြောသည်။
ရှီရန်ပြုံးပြီး စကားမပြောဘဲ အများသူငှာ အဝတ်လဲခန်းဆီသို့ တည့်တည့်သွားသည်။
ထုတ်လုပ်ရေးအဖွဲ့တွင်ကိုယ်ပိုင်အ၀တ်လဲခန်းရသောအမျိုးသားခေါင်းဆောင်၊အမျိုးသမီးခေါင်းဆောင်များမှလွဲ၍ အခြားသရုပ်ဆောင်များသည် အများသူငှာအ၀တ်လဲခန်းတွင် ၎င်းတို့၏မိတ်ကပ်ကို လိမ်းနိုင်သည်။
သူမ အထဲကို၀င်သွားပြီးနောက် တံခါးကိုအားဖြင့်ဖွင့်သံကို ကြားလိုက်ရသည်။
ဇိမ်ခံအမှတ်တံဆိပ်များ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် နာမည်ကြီးတံဆိပ်ပါအိတ်တစ်လုံးကိုကိုင်ဆောင်ကာ မောက်မာစွာ ဝင်လာသည်။
"ဒီအ၀တ်လဲခန်းကို ငါတစ်ယောက်တည်း သုံးမယ်။အားလုံးထွက်သွားကြ" လို့ ကျယ်လောင်စွာပြောရင်း သူမ၏မာနကြီးသောအကြည့်က လူတိုင်းအပေါ်ကို ဖြတ်သန်းသွားသည်။
အဝတ်လဲခန်းထဲကလူများက တယောက်ကို တယောက်ပြန်ကြည့်ရင်း တအံတသြဖြစ်နေသည်။
"အမ်... အစ်မကျင်လိန်၊ တခြားသရုပ်ဆောင်တွေကလည်း မိတ်ကပ်လိမ်းရဦးမှာပေါ့" ဟု မိတ်ကပ်ပညာရှင်တစ်ဦးက ဂရုတစိုက်ပြောသည်။
"အဲ့တော့?" ကုံးကျင်လိန် က မနှစ်သက်စွာဖြင့်မေးလိုက်သည်။
မိတ်ကပ်ပညာရှင်က စကားဆက်ပြောရန် အလွန်ကြောက်သွားသည်။
"ဒါက ဘယ်သူလဲ သူမက မာနကြီးလိုက်တာ"ဖန်တုံတုံက ရေရွတ်သည်။
"သူမက ဒီကားမှာ တတိယမြောက်အမျိုးသမီးဇာတ်ကောင်လေ။ အစက သူမ မပါဝင်ဘူးလို့ ကြားသိရပေမယ့် ဒီလိုဝင်လာတာကြည့်ရသလောက် သူမမှာကျောထောက်နောက်ခံအခိုင်အမာရှိပုံပဲ။"
တစ်ယောက်ယောက်က တိုးတိုးလေးပြောပြီး ရှင်းပြသည်။
ရှီရန်၏မျက်လုံးများတွင် သဘောပေါက်မှုများ ပြည့်နှက်သွားသည်။
"ဒါပေမယ့် ဒါက အများသူငှာအသုံးပြုဖို့အတွက်လေ။ တစ်ယောက်တည်းသုံးချင်တယ်ဆိုရင်တော့ ဝန်ထမ်းတွေဆီကသီးသန့်တစ်ခုပဲ သွားတောင်းပေါ့" ဟု သရုပ်ဆောင်တစ်ဦးက မကျေမနပ်ပြောဆိုသည်။
ကုံးကျင်လိန်သည် မျက်လုံးများကို မှေးထားပြီး ဒေါက်မြင့်ဖိနပ်စီးကာ သူမရှေ့သို့ လျှောက်သွားလိုက်သည်။ သူမလက်ကို မြှောက်ကာ မင်းသမီး၏မျက်နှာကို ပါးရိုက်လိုက်သည်။
"ဖြန်း-"
ကျယ်လောင်သောပါးရိုက်သံက လူတိုင်းကို ထိတ်လန့်သွားစေသည်။
ကုံးကျင်လိန်သည် ဤမျှမာနကြီးပြီး ထိုကဲ့သို့ တစ်စုံတစ်ယောက်ကိုရိုက်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။
ခဏလောက် လူတိုင်းက ပြသနာဖြစ်လာသဖြင့် မည်သူမှ အသံမထွက်ရဲကြပေ။
မင်းသမီးသည် သူမ၏ပါးကိုဖုံးအုပ်ကာကုံးကျင်လိန်ကို ထိတ်လန့်စွာကြည့်သည်။
"ဒါက ငါ့ကိုစိန်ခေါ်တဲ့အတွက်ရလဒ်ပဲ" ကုံးကျင်လိန်က လှောင်ပြောလိုက်သည်။
သူမ၏မောက်မာသောအကြည့်များက လူတိုင်းအပေါ်ကိုရောက်သွားသည်။ "ဘာလို့မထွက်သွားကြသေးတာလား။ နင်တို့ကို တစ်ယောက်ပြီးတစ်ယောက်ထွက်ခိုင်းဖို့ ငါ လူရှာခိုင်းရဦးမှာလား"
မည်သူကမှပြန်မပြောသည်ကိုမြင်၍ သူမအနောက်ကလက်ထောက်ကို အော်ခေါ်လိုက်သည်။ "အဝတ်လဲခန်းကို သုံးခါလောက် သန့်ရှင်းရေးလုပ်ခိုင်းလိုက်။ လူအများကြီးရှိနေတာကြောင့်အခန်းကညစ်ပတ်နေပြီ"
မင်းသမီးအငယ်သည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို ကိုက်သည်။
၎င်းကို ကုံးကျင်လိန်သတိပြုမိသောအခါ သူမက လှောင်ပြောသည်။ "ငါ နင့်ကို ပြောနေတာလေ။ ထွက်သွားစမ်း။"
ထို့နောက် သူမကို တွန်းလိုက်သည်။
သတိမထားမိဘဲ မင်းသမီးက နောက်ပြန်လဲကျတော့မည်။
သူမ လဲကျလုနီးပါးဖြစ်နေသည်။
တစ်စက္ကန့်အကြာတွင် လက်တစ်ဖက်က သူမနောက်ကျောသို့ ရောက်လာပြီး သူမကိုယ်ကိုထိန်းပေးလိုက်သည်။
သူမ ထိတ်လန့်စွာမော့ကြည့်လိုက်သောအခါ ရှီရန်၏လှပသောမျက်နှာကို တွေ့လိုက်ရသည်။ သူမက မတ်တပ်ထရပ်ပြီး ကျေးဇူးတင်စွာပြောသည်။ "ကျေးဇူးတင်ပါတယ် အစ်မရှီရန်"
"နင်က ရှီရန်လား?" ကုံးကျင်လိန်သည် သူမအား မနှစ်သက်စွာ အပေါ်အောက်တစ်ချက်အကဲခတ်လိုက်သည်။ "အကောင်းဆုံးမင်းသားပိုင်ရဲ့အိပ်ရာပေါ်တက်ပြီး ဒုတိယမြောက်အမျိုးသမီးဇာတ်ကောင်ကိုရတာကြောင့် ငါ့ကို နင်စိန်ခေါ်နိုင်မယ်လို့ နင်ထင်နေတာလို့တော့လာမပြောနဲ့"
"နင် အိမ်သာကထွက်လာတာလား။ နင့်ပါးစပ်က အနံ့တွေထွက်နေတယ်" ရှီရန်ပျင်းရိစွာပြောသည်။
"ငါ့ပါးစပ်က နံတယ်လို့ ဘယ်လိုတောင်ပြောရဲနေတာလဲ၊ ခွေးကောင်မ။"
ကုံးကျင်လိန်၏အမူအရာ ပြောင်းသွားသည်။ သူမသည် သူမ၏ရှည်လျားသောလက်သည်းနီနီများကို ဆန့်ထုတ်လိုက်ပြီး ရှီရန်၏မျက်နှာဆီသို့ လှမ်းလိုက်သည်။
သူမကို မထိနိုင်ခင် လက်က လေထဲ၌အဖမ်းခံလိုက်ရသည်။
"ငါ့ကိုလွှတ်စမ်း" ကုံးကျင်လိန် ရုန်းကန်သည်။
သို့သော် ရှီရန်မှာ မလှုပ်မယှက်ရှိနေသည်။
"ကောင်မ ငါ့ကိုလွှတ်စမ်း နားမကြားဘူးလား?" ကုံးကျင်လိန်၏အသံသည် ကျယ်လောင်လာပြီး သူမ၏အသံက နားမခံမရပ်သာဖြစ်စေသည်။
ရှီရန်က ပြုံးလိုက်သည်။ "အင်း၊ ငါ နင့်ကိုလွှတ်ပေးလိုက်မယ်။"
သူမ လွှတ်ပေးလိုက်သည်။
ကုံးကျင်လိန်က သွားကိုကြိုတ်နေသည်။ "အနည်းဆုံးတော့ နင့်နေရာကိုနင်သိ..."
"ဖြန်း-"
ကုံးကျင်လိန်၏ပါးကို ရိုက်လိုက်သည်။