[ ကလေးအဖေ ??? နာမည်ကလေ...]
[တတိယသခင်လေး အရင်က ရှီရန်ကို 'ကလေးအမေ' လို့ ခေါ်ခဲ့ဖူးတယ်မလား။]
တတိယသခင်လေး???
[ဒါက တတိယမြောက်သခင်လေးသာဆိုရင်၊ သူက ကလူဆန်လွန်းတယ်။]
[တတိယသခင်လေးသာဆိုရင် သူ့ကိုယ်သူ ခြင်လို့ ခေါ်သင့်တယ်မဟုတ်လား]
[မနေ့က တတိယသခင်လေးက သူ့ရဲ့ ID ကို စခရင်မှာဝှက်ထားတာကနာတယ်ကွာ။ မဟုတ်ရင် သူဟုတ်မဟုတ် ငါတို့ သိနိုင်မှာ။]
[ပေးစားတဲ့ပရိသတ်တွေ တကယ်ကိုတော်လောက်ပြီ။ သူတို့က အရာအားလုံးမှာတတိယမြောက်သခင်လေးကို ဆွဲထည့်နေတယ်။]
[ကော်ပိုရေးရှင်းဥက္ကဋ္ဌက ဒီတိုက်ရိုက်ထုတ်လွင့်မှုကိုကြည့်ရလောက်အောင် အားနေတယ်များထင်နေတာလား။]
[ရှီရန်နဲ့သန်းရာချီတန်စာချုပ်တစ်ခု။ ဘာကိုရွေးချယ်ရမလဲဆိုတာကိုလူတိုင်းသိတယ်ဟုတ်ပြီလား။ အိပ်မက်မက်မနေနဲ့တော့။]
ဒါရိုက်တာက ID ကို ကြည့်ရင်း သူ့လက်များက တုန်နေသည်။
အကယ်၍ လူနှစ်ယောက်ပေါင်းတိုက်ရိုက်ထုတ်လွှင့်မှုအတွက် သူ့အခန်းကိုအလှဆင်ထားမှန်း တတိယသခင်လေး သိသွားပါက ဒါရိုက်တာအသတ်ခံရနိုင်သည်။
သို့သော် စခရင်ပေါ်ရှိထင်မြင်ယူဆချက်ကို ဖတ်ပြီးနောက် သူ စိတ်သက်သာရာရသွားသည်။
၎င်းက အဓိပ္ပာယ်ရှိသည်။ တတိယသခင်လေးသည် ဤမျှအားနေမည်မဟုတ်ပေ။
"ကလေးအဖေဆိုတဲ့ ID နာမည်နဲ့ဒီအင်တာနက်အသုံးပြုသူကို လက်ဆောင်စာရင်းမှာ ပထမဆုရတဲ့အတွက်ဂုဏ်ယူပါတယ်။ အခု လုပ်စေချင်တဲ့အတိုင်းပြောလို့ရပြီ" လို့ သူက အသံထွက်ပြောလိုက်သည်။
လူတိုင်းက ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
နောက်တစက္ကန့်တွင် ရင်းနှီးနေသော ပြိုးပြိုးပြက်ပြက်ဖြစ်နေသောမြင်းဖြူတစ်ကောင်သည် ပျံသန်းလာကာ ရောင်စုံစခရင်ကို အသားပေးဖော်ပြထားသည်။
[သူတို့နှစ်ယောက်ကြားအကွာအဝေးကို တစ်မီတာထက်ပိုခြားထားလိုက်]
ဒါရိုက်တာ: "?"
စခရင်တွင် ဟားတိုက်မှုများ ထွက်ပေါ်လာသည်။
[ဟားဟားဟားဟား သေချာသွားပြီ။ ဒါက တတိယမြောက်သခင်လေးပဲ]
[တတိယသခင်လေး- ငါ ထွက်သွားပေမယ့် အပြည့်အဝထွက်သွားတာတော့မဟုတ်ဘူး။]
[တတိယသခင်လေး ဒီလိုပုံစံနဲ့ပြန်လာမယ်လို့ ဘယ်တုန်းကမှ ငါမမျှော်လင့်ထားဘူး။]
[တတိယသခင်လေးက တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပေါ်လာနိုင်ဘူးလို့ သူပြောခဲ့တာ။ ဒါ မျက်နှာကို ဖြတ်ရိုက်လိုက်တာမလား??]
[တတိယသခင်လေးက ရက်ရောတယ်။ ယွမ်တစ်သန်းတောင်ပေးခဲ့တာ]
[ကလေးတွေ၊ လက်လျှော့လိုက်ကြစို့။ ငါတို့ အနိုင်ယူလို့မရလောက်ဘူး။]
[ဟားဟားဟား၊ ကလေးအဖေ။ ငါ ရယ်မောရင်းသေတော့မယ်။]
[ဂျယ်လီနင်နေတဲ့ဘုရင်ကြီး]
ဒါရိုက်တာ၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် မှောင်သွားသည်။
တတိယသခင်လေးက ထုတ်လွှင့်မှုကို အမှန်တကယ်ကြည့်ရှုရန် သူ မမျှော်လင့်ထားပေ။
တတိယသခင်လေးက ယခုလိုတောင်းဆိုလာခြင်းကို သူ ပိုအံ့သြသွားသည်။
အဆုံးတွင် စုံတွဲ၏ရေပန်းစားမှုနှင့် ပရိသတ်များကျေနပ်စေရန် လူနှစ်ဦးပေါင်းတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ဒါရိုက်တာက သူ့လည်ချောင်းသံရှင်းလိုက်သည်။ ဤတစ်ကြိမ်က သူ့လေသံက သတိထားလာသည်။ "ဒီအင်တာနက်အသုံးပြုသူက
နောက်တနာရီအတွက် သူတို့ရဲ့ ခရီးစဉ်ကို ဆုံးဖြတ်နိုင်ပါတယ်။"
[ဟားဟားဟား]
[ပညာရှိတဲ့သူက အခြေအနေကို လိုက်နာတတ်တယ်။]
ထို့နောက် ရောင်စုံမှတ်ချက်များ လွင့်ပျံလာပြန်သည်။
[ရုပ်ရှင်ကြည့်ရမယ်]
ဒါရိုက်တာက သက်ပြင်းချလိုက်သည်။
'ဘုရားမလို့'
ဧည့်သည်အမျိုးသားနှင့်အမျိုးသမီးဧည့်သည်ကဝေးကွာနေရန်လိုအပ်သော်လည်း အချစ်ရုပ်ရှင်ကိုအတူတူကြည့်သောမြင်ကွင်းက ကြည်နူးစရာကောင်းလှသည်။
သို့သော်လည်း ဒါရိုက်တာက သက်ပြင်းမချနိုင်မီတွင် ရောင်စုံမှတ်ချက်များ ရပ်တန့်သွားပြန်သည်။
[ "Extreme Escape" ဆိုတဲ့ရုပ်ရှင်ကိုကြည့်ခိုင်းလိုက်]
ဒါရိုက်တာ: "?"
"Extreme Escape" ကို ကြည့်ရှုခွင့်ပေးရန် လူနှစ်ဦးပေါင်းတိုက်ရိုက်ထုတ်လွှင့်မှုကို သူ သတ်မှတ်ထားခြင်းမဟုတ်ပေ။
[ဟားဟားဟားဟား]
[ထင်ထားတဲ့အတိုင်း တတိယသခင်လေးကတော့၊ ဟားဟား။]
[ဒါရိုက်တာမေ့လဲသွားတော့မှာလား။ ဟားဟား ဟား]
[ဒါရိုက်တာက ရုတ်တရက် တတိယမြောက်သခင်လေးပေါ်လာမယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး]
[မိသားစုကတတိယသခင်လေးရဲ့ကိုယ်ကို ယူသွားနိုင်ပေမဲ့ တတိယသခင်ငယ်ရဲ့ဝိညာဉ်ကတော့ တိုက်ရိုက်ထုတ်လွှင့်မှုမှာရှိနေဆဲပဲ။]
ဒါရိုက်တာက အသံချဲ့စက်ကို တုန်တုန်ယင်ယင် ကောက်ကိုင်လိုက်သည်။ "ပ... ပထမနေရာရတဲ့အင်တာနက်သုံးစွဲသူက ဧည့်သည်အမျိုးသားနဲ့အမျိုးသမီးဧည့်သည်ကို တစ်မီတာထက်ပိုတဲ့အကွာအဝေးမှာ ထားခိုင်းဖို့နဲ့ 'Extreme Escape' ရုပ်ရှင်ကို ကြည့်ရှုဖို့ တောင်းဆိုခဲ့ပါတယ်။
ကျူယီဖေး ပြောစကားမရှာနိုင်ဖြစ်သွားသည်။
သူတို့နှစ်ဦးသည် စခရင်သို့မဟုတ်လက်ဆောင်အခြေအနေကို မမြင်နိုင်သောကြောင့်ဘာဖြစ်နေမှန်းကို မသိကြပေ။
သို့သော် ထိုတောင်းဆိုမှုကို...
တကယ် မမျှော်လင့်ထားပေ။
"ဒါရိုက်တာ အတည်ပြောနေတာလား။" ကျူယီဖေးအံသြသွားသည်။
ဒါရိုက်တာက အတင်းပြုံးပြသည်။ "ဒါက ထိပ်တန်းလက်ဆောင်ပေးသူဆီက တောင်းဆိုချက်ပါ။ စည်းကမ်းတွေကို လိုက်နာရပါမယ်။"
ငါရဲ့ခါးသီးမှုကို ဘယ်သူသိနိုင်မလဲ။
ကျူယီဖေးက အံ့အားသင့်သွားသည်။ ထို့နောက် တစ်ခုခုကိုတွေးကာ ရှီရန်ကို တိုးတိုးလေး မေးသည်။ "ဒါက မင်းနဲ့တတိယသခင်လေးစုံတွဲရဲ့ပရိသတ်တွေများဖြစ်နေမလား။"
"ဖြစ်နိုင်တယ်။" ရှီရန်က သိပ်ပြီးတုံ့ပြန်မှုမရှိသလို အများကြီးမစဉ်းစားနေပေ။
[အဲ့ဒါက အတွဲရဲ့ပရိတ်သတ်ပါ။ ဟားဟား။]
[တတိယသခင်လေးသည် မာစတာရန်နဲ့သူကိုယ်တိုင်ရဲ့အမာခံပရိသတ်ပါ။ဟားဟား]
ပရိုဂရမ်အဖွဲ့သည် ဗီဒီယိုကို စတင်ဖွင့်သည်။
ရှီရန်က စူးစိုက်ကြည့်နေသည်။
ရုပ်ရှင်က သူမအကြိုက်ပုံစံဖြစ်သည်။
ရှီရန်၏မျက်နှာကို အနီးကပ်မြင်နိုင်ရန် ကင်မရာသည် ရှေ့ကို တိုးလှည့်သွားသည်။
KT အဖွဲ့CEOရုံးခန်း
ချူးကျင်းချန်းသည် ရွှေရောင်မျက်မှန်ကို ၀တ်ဆင်ထားပြီး ချောမောလှပသောမျက်နှာကပြုံးနေသည်။
သူသည် သူ့မေးစေ့ကို လက်ဖြင့်ထောက်ကာ မျက်နှာချင်းဆိုင်ရှိကြီးမားသော TV ပေါ်မှရှီရန်ကို ကြည့်နေသည်။
"ပရောဂျက်ဌာနကနန်ချန်းစီးတီးကို ဝယ်ယူမှုဟာ ချောမွေ့နေပါတယ်။ ကျွန်တော်တို့က အခုပရောဂျက်တစ်ခုကိုလုပ်ဆောင်နေပါတယ်။ မန်နေဂျာဂျန်းက လောလောဆယ် စုံစမ်း...."
လက်ထောက်သည် တိုးတိုးတိတ်တိတ်အသံဖြင့် အစီရင်ခံကာ ချူးကျင်းချန်းကို ရံဖန်ရံခါ ကြည့်သည်။
သူသည် နံဘေးသို့တိတ်တဆိတ်ခြေလှမ်းအနည်းငယ်လှမ်းကာ တတိယသခင်လေး၏မြင်ကွင်းကို ပိတ်ဆို့မိမည်ကို ကြောက်သည်။
အစကတည်းက တတိယသခင်လေးနဲ့ပတ်သတ်ပြီးတစ်ခုခုတော့မှားနေပြီ။
အစက တိုက်ရိုက်ထုတ်လွှင့်မှုမှာလက်ဆောင်တစ်ခုပို့ပေးဖို့ သူတောင်းဆိုခဲ့တယ်။ နောက်ပိုင်း သူ့ဖုန်းနဲ့သူ တစ်ခုခုပို့နေတဲ့ပုံပဲ။
နောက်ဆုံး သူ အချိန်အတော်ကြာအသုံးမပြုခဲ့တဲ့TVကို ဖွင့်ပြီး "သတိ အချစ်ရှိသည်" ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားတယ်။
ချူးကျင်းချန်းသည် ရှီရန်၏အမူအရာများကို မပျက်မကွက် လေးနက်စွာကြည့်နေသည်။
ထို့နောက် ကင်မရာက ရုပ်ရှင်စခရင်သို့ရွှေ့သွားသည်။
သူသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်နေသည်။
လက်ထောက်က ရုပ်ရှင်ကိုမကျေနပ်ဖြစ်နေသည်ဟုထင်ပြီး ချက်ချင်းရှင်းပြသည်။
"ကျွန်တော် စစ်ပြီးပါပြီ။ Extreme Escape က သူငယ်ချင်းတွေကြားကြည့်အကောင်းဆုံး ရုပ်ရှင်စာရင်းမှာနံပါတ်တစ်ဝင်ပါတယ်။"
အခုဏလေးတင် တတိယသခင်လေးက သူ့ကိုသူငယ်ချင်းနှင့်ကြည့်ရန်သင့်တော်မည့်ရုပ်ရှင်တစ်ကားကို ရှာခိုင်းခဲ့သည်။ သူက အဆင့်သတ်မှတ်ချက်များကိုစစ်ဆေးပြီး ဇာတ်ကားနာမည်ကို မပို့ခင် သုံးသပ်ချက်ကို ကြိုဖတ်ခဲ့သည်။
တတိယသခင်လေးက ဒီဇာတ်ကားက မသင့်တော်ဘူးလို့ ထင်နေတာလား?
လက်ထောက်က စိတ်မသက်မသာဖြစ်သလို ခံစားလာရသည်။
ခဏအကြာတွင် သူသည် နက်နဲသောအသံကို ကြားလိုက်ရသည်။ "ရှီရန်တစ်ယောက်တည်းကိုပဲ အဓိကရိုက်ကူးဖို့ 'သတိ အချစ်ရှိသည်'ထုတ်လုပ်ရေးအဖွဲ့ကို စီစဉ်ခိုင်းလိုက်။"
'တစ်ယောက်တည်း ရိုက်ကူးတာလား'
"တတိယမြောက်သခင်လေး၊ မစ္စရှီကိုပဲ ရိုက်ကူးရင် ရှိုးအရည်အသွေးကိုထိခိုက်သွားမှာကို စိုးမိပါတယ်။ ဒါရိုက်တာက အဲ့ဒါကိုသဘောတူပေးဖို့ ခက်ခဲလိမ့်မယ်။"
"ပြီးတော့ မစ္စရှီရိုက်ကွက်တွေကအရမ်းများလွန်းတယ်။ မတရားဘူးလို့ ပရိသတ်က ချက်ချင်းခံစားမိကြမှာ။မစ္စရှီရဲ့သရုပ်ဆောင်လမ်းကြောင်းအတွက် ပိုဆိုးသွားလိမ့်မယ်။"
ချူးကျင်းချန်း မျက်ခုံးပင့်လိုက်သည်။ သူ့မျက်ခုံးများကြားတွင် ပျင်းရိမှုရှိနေပြီး နက်မှောင်သောမျက်လုံးများက အနည်းငယ် အေးစက်နေသည်။ "သူတို့ကို ငါပြမယ်လို့ ဘယ်သူကပြောနေလို့လဲ။ ငါတစ်ယောက်တည်းကြည့်မှာ"
လက်ထောက်- ???
ပင်လယ်နားကအိမ်၌
ဒါရိုက်တာက လက်ထောက်ထံမှဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးချိန်၌ တုန်လှုပ်နေဆဲဖြစ်သည်။
တတိယသခင်လေး ယခင်တုန်းက လုပ်ခဲ့သည့်အရာများကိုတွေးပြီး ရုပ်ရှင်ကြည့်နေသောရှီရန်ကို ကြည့်ပြီး သူအံ့သြသွားသည်။
ရှီရန်အတွက် တတိယသခင်လေး၏ခံစားချက်က တကယ်ကိုထူးခြားပုံပေါ်သည်။
မနှောင့်နှေးဝံ့ဘဲ ဝန်ထမ်းကိုချက်ချင်းလုပ်ရန် စီစဉ်ခိုင်းသည်။
ဇာတ်ကားက ဇာတ်ချိန်အတက်ဆုံးအပိုင်းကို ရောက်သွားပြီး လူတိုင်းက စိတ်ဝင်စားနေကြသည်။
ကျူယီဖေးသည် သနားစရာကောင်းသောမျက်နှာဖြင့် သူမကို ရံဖန်ရံခါကြည့်နေတတ်သည်။
[ကလေးလေးက အရမ်းစိတ်ထိခိုက်ပြီးသနားစရာကောင်းနေပေမယ့် ရယ်စရာကောင်းလိုက်တာ ဟားဟားဟား]
[နိုး ငါတို့ အဲဒါကို ပြင်ရမယ်။ ကလေးလေးက မာစတာရန်ရဲ့လက်ကို တစ်နာရီအတွင်း ကိုင်ခိုင်းထားရမယ်။]
[တတိယသခင်လေးရဲ့ပိုင်ဆိုင်မှုငွေကြေးက ... တုနှိုင်းမရဘူးနော်!!!]
[တတိယသခင်လေးက တစ်နေ့လုံးတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ဖို့အချိန်အားနေမယ်လို့ ငါ မထင်ဘူး။]
[ငါတို့ငွေတွေစုပေါင်းကောက်ဖို့လိုအပ်နေပြီ။ ကလေးလေးအတွက် စိတ်နာတယ်။]
[ဒီဇာတ်ကားက အရမ်းကောင်းပေမယ့် မာစတာရန်က ရုပ်ရှင်ကားကိုပဲ ကြည့်နေတာ။]
[ဝင်ထည့်ကြ!!! ငါတို့ကလေးလေးတွေရဲ့ ပျော်ရွှင်မှုအတွက်!!!]
ကျူယီဖေး၏ပရိသတ်များသည် တစ်နာရီအတွင်း လက်ဆောင်စာရင်းပြန်ဖွင့်မည့်အချိန်ကို စောင့်မျှော်နေကြပြီး စိတ်အားထက်သန်နေကြသည်။
သို့သော်လည်း...
အလွန်ချမ်းသာသော ချူးကျင်းချန်း၏ရှေ့တွင် လူစုလူဝေးဆီမှရန်ပုံငွေရှာထားသောငွေသည် အသေးအမွှားလောက်သာ ဖြစ်ပေလိမ့်မည်။
ချူးကျင်းချန်းသည် အခြားသော 999 အပျော်စီးသင်္ဘောများကို အသုံးပြုပြီး လူတိုင်းကိုကျော်တက်သွားသည်။
ရှီရန်နှင့်ကျူယီဖေးအကြားအကွာအဝေးလည်း တိုးလာသည်။
တစ်မီတာကျော်မှ နှစ်မီတာကျော်အထိဖြစ်လာသည်။
နောက်ဆုံးတွင် တစ်ယောက်ကဆိုဖာပေါ်၌ထိုင်ပြီး နောက်တစ်ယောက်က ကုတင်ပေါ်၌ထိုင်နေသည်။ သူတို့ လုံးလုံးဝေးကွာသွားကြသည်။
ပရိသတ်များ မျက်ရည်ကျနေကြသည်။
[ကလေးလေး၊ ငါတို့တောင်းပန်ပါတယ်။ ငါတို့လက်လျှော့လိုက်ပြီ။]
[သူက လက်ဆောင်အရမ်းပေးလွန်းတယ်။ ငါတို့ အနိုင်ယူလို့မရဘူး... ဝူး ဝူး]
[ချမ်းသာတာကအရမ်းကောင်းလွန်းတယ်။ အရမ်းအားကျတာပဲ!!]
အစမှအဆုံးထိ ရှီရန်နှင့်ကျူယီဖေးတို့သည် စခရင်ပေါ်မှအခြေအနေကို မသိခဲ့ကြပေ။
သူမသည် ၎င်းအား အခြားသောအတွဲပရိသတ်များ သို့မဟုတ် ကျူယီဖေးပရိသတ်များ၏ တမင်စီစဉ်မှုတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။
ရိုက်ကူးရေးပြီးဆုံးသွားသောအခါ ကျူယီဖေးသည် သူ့တွင် အသက်ရှင်စရာအကြောင်းတစ်ခုမှ မရှိတော့ပုံပေါ်နေသည်။
ရှီရန်သည် သူမ၏ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး မြို့တော်သို့ပြန်သွားရန် ပြင်ဆင်သည်။
ဂျီဝမ်ဖုန်း၏ကားက တံခါးဝ၌စောင့်နေသည်။
သူမ ကားထဲသို့ဝင်လာသောအခါ ရယ်စရာတွေ့သကဲ့သို့စနောက်ချင်နေသောမျက်လုံးတစ်စုံကို ရုတ်တရက် တွေ့လိုက်ရသည်။