၇၀
Viewers 9k

ယွီဇစ်ကျန်း ဆွံအသွားသည်။

[တတိယသခင်​လေးက မာစတာရန်စိတ်ကိုဆွပေးဖို့ တမင်တကာသဘောတူမယ်လို့ ငါထင်ခဲ့တာ။ ငါ အထင်မှားသွားပြီ။]

[တတိယသခင်​လေး- ပန်းနု​သွေးကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လူတိုင်းကို ငါပြမယ်။]

[မာစတာရန်: ငါဘာမှမပြောဘူးနော်။]

[ချူးကျင်းချန်းက သူ့ဇနီးကို အကာအကွယ်ပေးမယ့်သူပဲ။]

[ယွီဇစ်ကျန်း: ငါ အခု တွင်းပေါက်ထဲပြေးဝင်ပုန်းချင်တယ်။]

"ကျွန်​​တော်တို့ ကလေးတွေကို အတူတူဆွဲခိုင်းပြီး သူတို့ဆွဲချင်တာကိုဆွဲခွင့်ပေးလို့ရတာပဲ" ပိုင်ကျင်းထျန်က ထိုကဲ့သို့ညင်သာစွာစကား​ပြောပြီး ယွီဇစ်ကျန်း၏အရှက်ရမှုကို သက်သာရာရစေသည်။

ယွီဇစ်ကျန်းသည် ပိုင်ကျင်းထျန်ကို ကျက်သ​ရေရှိစွာပြုံးပြလိုက်သည်။

အဖွဲ့သားများက ပုံဆွဲကိရိယာများယူလာပြီး ကလေးများက စိတ်ပါလက်ပါပန်းချီစဆွဲလာကြသည်။

ချူးကျင်းချန်းရှေ့တွင် ပန်းချီကားထောက်တိုင်တစ်ခုလည်း ချထားသည်။ မီးသွေးရောင်ခဲတံတစ်ချောင်းကို သူကောက်ကိုင်လိုက်ပြီး ခဏလောက်စဉ်းစားပြီးနောက် စာရွက်ပေါ်တွင် စတင်ရေးဆွဲသည်။

ရှီရန်က ဧည့်ခန်းရှိစင်ပေါ်မှစာအုပ်တစ်အုပ်ကိုယူလိုက်ပြီး စာဖတ်ရန်အတွက် ခြံရှေ့ကကုလားထိုင်တစ်လုံး၌ထိုင်ချလိုက်သည်။

ဧည့်ခန်းရှိကလေးများ ဆူညံနေသော်လည်း ချူးကျင်းချန်းနှင့်ရှီရန်တို့သည် သူတို့၏ကိုယ်ပိုင်ကမ္ဘာအသီးသီးထဲတွင် ရောက်နေပြီဖြစ်သည်။

မိနစ်အနည်းငယ်ကြာလာသည်နဲ့အမျှ သူ့အမူအရာက ပိုပိုပြီးအာရုံစူးစိုက်လာကာ သူ့နှုတ်ခမ်း၌အပြုံးတစ်ခု ပေါ်လာတော့သည်။


ယွီဇစ်ကျန်းက ပန်းချီကားနား ဖြတ်​လျှောက်၍ကြည့်လိုက်သည်။

ပန်းချီကားပေါ်ရှိအရာကို မြင်သောအခါတွင် သူမ၏အမူအရာ ပြောင်းသွားသည်။ ထို့နောက် သူမသည် ခြံရှေ့ရှိရှီရန်ကို စိုက်ကြည့်လိုက်သည်။

ပန်းချီဆွဲချိန်ကုန်ဆုံးတော့မည့်အချိန်၌ ရှီရန်သည် သူမ၏စာအုပ်နှင့်အတူ အခန်းထဲသို့ပြန်ဝင်လာသည်။

ရူရူသည် ရှီရန်ဆီသို့ ပြေးသွားပြီး သူ့ပန်းချီကားကို သူမ ကြည့်နိုင်ရန် မြှင့်ထားလိုက်သည်။ "မာမီ၊ ရူရူရဲ့ ပန်းချီကားကို ကြည့်လိုက်ပါဦး။"

ရှီရန်ဒူးထောက်ပြီး ရူရူထံမှ ပန်းချီကားကို ယူလိုက်သည်။

ပန်းချီကားမှာ ကလေးလက်ကိုကိုင်ဆောင်ထားသောအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ပုံဖြစ်သည်။ သူမက ပုံအလယ်၌ကလေးကို  လက်ညှိုးထိုးပြပြီး "ဒါကရူရူလား" လို့ ညင်ညင်သာသာ မေးလိုက်သည်။

ရူရူက ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး ပန်းချီကားထဲကရုပ်ပုံကို သူ့လက်ညိုးဖောင်းဖောင်း​လေးဖြင့်ထိုးပြသည်။ "ဒါကရူရူ၊ ဒါက ဒယ်ဒီပြီးတော့ ဒါကမာမီ"

"တော်လိုက်တာ"  ရှီရန်သည် ရူရူ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။

ရူရူ၏ကြည်လင်သောမျက်လုံးများ တောက်ပလာသည်။ "ရူရူ ဒယ်ဒီကို​ကော ပန်းချီကားသွားပြလိုက်ဦးမယ်။"

သူ့ခြေထောက်တိုတိုလေးဖြင့် ချူးကျင်းချန်းဆီသို့ ပြေးသွားပြန်သည်။

"ဒယ်ဒီ ဒယ်ဒီ" ရူရူသည် ချူးကျင်းချန်း၏ရှပ်အင်္ကျီထောင့်ကို ဆွဲလိုက်သည်။

"ဟမ်?" ချူးကျင်းချန်းက တိုးညှင်းသောအသံဖြင့် ပြန်ဖြေသည်။

"ဒယ်ဒီ ဘာပုံဆွဲနေတာလဲ" ထိုအချိန်တွင် ရူရူ၏စူးစမ်းလိုစိတ်က လွှမ်းမိုးသွားသည်။

သူက ရှေ့ကို တိုးကြည့်ပြီး ချက်ချင်းပြောလိုက်သည်။ "မာမီပုံပဲ။ အရမ်းလှတယ်"

ကလေး၏အသံက လူတိုင်း၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်သွားသည်။

ရှီရန်သည် မျက်ခုံးပင့်ကာ လျှောက်လာသည်။

ကင်မရာသည် ချူးကျင်းချန်း၏ပန်းချီကားကို ရိုက်ကူးသည်။

စက္ကူဖြူပေါ်တွင် ချူးကျင်းချန်းသည် အမျိုးသမီးတစ်ဦး၏လက်ရာမြောက်သော ကောက်ကြောင်းကိုပုံဖော်ရန်အတွက် မီးသွေးရောင်ခဲတံကို အသုံးပြုခဲ့သည်။

သူမသည် ပြိုင်ကားမောင်းမည့်အဝတ်အစားများဝတ်ဆင်ထားကာ ဆံပင်ရှည်ပျံဝဲလျက်သူမ၏နှုတ်ခမ်းသည် ပြိုင်ဖက်ကိုဂရုမစိုက်သောအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

ထိုအမျိုးသမီးကရှီရန်ဖြစ်နေသည်။

"တကယ်ကိုလှတယ်" ကူကျားက ရိုးရိုးသားသားပြောသည်။

ကောင်း​ကောင်းမွန်မွန်ဆွဲထားရုံသာမက သူမ၏မျက်ခုံးမွှေးကြားရှိအမူအရာပင်လည်း ကွက်ကွက်ကွင်းကွင်းပေါ်နေသည်။

"တတိယသခင်​လေးက ဒီလောက်ကောင်းအောင် ဆွဲနိုင်မယ်လို့ ကျွန်တော်မမျှော်လင့်ထားမိဘူး။" ပိုင်ကျင်းထျန်လည်း အနည်းငယ် အံ့သြသွားသည်။

ရှီဝန်ဖေးက မျက်မှောင်ကြုတ်ပြီး ချူးကျင်းချန်းနှင့်ရှီရန်တို့ကို ကြည့်လိုက်သည်။

တတိယမြောက်သခင်​လေးက ရှီရန်ကို တကယ်ကြိုက်​နေတာလား။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

ဘာ​ကြောင့်ရှီရန်လဲ။

"ကောင်းတယ်။ ရူရူကြိုက်တယ်။" ရူရူသည် ပန်းချီကားကိုထိနိုင်ရန် ခြေဖျားထောက်မတ်တပ်ရပ်ရန်ကြိုးစားသည်။

ချူးကျင်းချန်းက သူ့ကို အလျင်အမြန်ကောက်ချီလိုက်သည်။

ရူရူက အလွန်ပျော်ရွှင်နေသည်။

ချူးကျင်းချန်းသည် ရှီရန်ကိုမျှော်ကြည့်ရင်း သူမ၏မှတ်ချက်ကို စောင့်မျှော်နေသကဲ့သို့ သူ့နှုတ်ခမ်းက​ကွေးညွတ်သွားသည်။

"မဆိုးပါဘူး" ရှီရန်က ပြန်ဖြေသည်။

အမှန်တကယ်တွင် ချူးကျင်းချန်းရေးဆွဲခဲ့သောရေချိုးကန်ကိုကြည့်ခြင်းဖြင့် ချူးကျင်းချန်း၏ပန်းချီစွမ်းရည်သည် အလွန်ကောင်းမွန်ကြောင်းကို သိရှိနိုင်သည်။

သို့သော် သူမသည် ထိုရေချိုးကန်ပုံကို အရှိကိုအရှိအတိုင်းမချီးကျူးနိုင်ပေ။

အခြားသူများထံမှ စဉ်ဆက်မပြတ်ချီးမွမ်းခြင်းအတွက် ချူးကျင်းချန်း၏တုံ့ပြန်မှုက သာမန်သာဖြစ်​နေသည်။

သို့​​သော်"မဆိုးပါဘူး" ဆိုသောစကားလုံးကို သူ ကြားလိုက်သောအခါ သူ့အနက်​ရောင်မျက်လုံးများကတောင် ပျော်ရွှင်မှုနဲ့ပြည့်နေသည်။

[မျက်နှာလိုက်တဲ့သခင်လေးပြန်ပေါ်လာပြီ။]

[ငါပြောနိုင်တယ်။ တတိယသခင်​လေးက မာစတာရန်ရဲ့ချီးမွမ်းစကားကိုပဲကြားချင်နေတာ။]

[ပန်းချီကျောင်းသားတစ်ယောက်အနေနဲ့ တတိယသခင်​လေးက တကယ်ကိုပန်းချီဆွဲတာအရမ်းတော်တယ်ဆိုတာကို ငါ ဝန်ခံရမယ်။]

[တတိယသခင်​လေးက အရာအားလုံးကိုတတ်တယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ။]

[တတိယသခင်​လေးက အရာအားလုံးကိုတတ်တယ်လို့ပြောတဲ့သူ​ရေ ငါတို့တတိယမြောက်သခင်​လေးကဘယ်လိုသီချင်းဆိုရမလဲဆိုတာကိုသိမ​နေဘူး​နော်။]

[ငါက မာစတာရန်သာဆိုရင် ဒီပန်းချီကားတစ်ခုတည်းအတွက်နဲ့ သူ့ကိုလက်ထပ်ပစ်လိုက်မှာ။]

ချူးကျင်းချန်းက ပန်းချီကားကိုယူပြီးရှီရန်ကိုပေးလိုက်သည်။ "မင်းအတွက်"

"ကျေးဇူးတင်ပါတယ်" ရှီရန်က ပန်းချီကားကို ယူလိုက်သည်။

သူမအနားရှိယွီဇစ်ကျန်းသည် မနာလိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

ရှီဝန်ဖေးသည် သူမ၏အမူအရာကိုသတိပြုမိပြီး မျက်လုံးအ​ရောင်လက်သွားသည်။

အချိန် အလျင်အမြန်ကုန်ဆုံးသွားသည်။ ရှီရန်နှင့်ချူးကျင်းချန်းတို့သည် ရူရူနှင့် အတော်ကြာအောင်အချိန်ကုန်ဆုံးခဲ့ကြပြီး တဖြည်းဖြည်းသူနှင့်ရင်းနှီးလာသည်။

ညနေခြောက်နာရီ ရောက်လာကာ သတ်မှတ်ချိန်ကုန်လွန်သွားသည်။

ရူရူသည် ရှီရန်နှင့်ချူးကျင်းချန်းကို မျက်လုံးနီရဲလျက် နှုတ်ဆက်လိုက်သည်။

သူ ထွက်ခွာမသွားမီ သူတို့၏ဖုန်းနံပါတ်များကို မေးမြန်းရန် မမေ့ခဲ့ပေ။

"ဒီနေ့မစ်ရှင်ပြီးမြောက်သွားတဲ့အတွက် အားလုံးကိုဂုဏ်ယူပါတယ်" လို့ ဒါရိုက်တာက ပြုံးပြီး ပြောသည်။ "ကလေးရဲ့မိဘတွေက ကျွန်တော့်ကိုအမှတ်ပေးထားပြီးပါပြီ။ အခု ကျွန်တော်တို့ ဒီနေ့အဆင့်သတ်မှတ်ချက်​တွေကို ကြေညာပေးပါမယ်။"

[ငါ ဒီနေ့မာစတာရန်နဲ့တတိယသခင်​လေးအဖွဲ့ကိုပဲအာရုံစိုက်ခဲ့တာဖြစ်လို့ တခြားအဖွဲ့တွေကို သိပ်အာရုံမစိုက်မိဘူး။]

[မာစတာရန်နဲ့တတိယသခင်​လေးတို့ပထမနေရာကိုရနိုင်လား။]

[နောက်ဆုံးနေရာသာမဖြစ်ပါစေနဲ့။ ငါသူတို့ကို ဆက်ကြည့်ချင်သေးတယ်။]

[မာစတာရန်ရော တတိယသခင်​လေးကိုရော ဖယ်ထုတ်လို့မရဘူးနော်။]

"ပထမနေရာကို ကြေငြာပါမယ်။ ရှီဝန်ဖေးနဲ့ကျုံးယူဖန်ဖြစ်ပါတယ်"

"တကယ်လား? အရမ်းကောင်းတယ်" ရှီဝန်ဖေးစိတ်လှုပ်ရှားစွာခုန်လိုက်လာပြီးကျုံးယူဖန်ကို ပွေ့ဖက်လိုက်သည်။ "အရမ်းကောင်းတယ်။ ကျွန်မတို့က နံပါတ်တစ်တဲ့။"

တစ်​ခဏအကြာတွင်​ သူမသည်​ ကျုံးယူဖန်၏ရင်​ခွင်​ထဲတွင်​ရှိ​နေသည်​ကို သိလိုက်​ပုံ​ပေါ်ပြီး ရှက်​ရွံ့စွာပြန်​ဆုတ်​သွားသည်​။

ကျုံးယူဖန်က သူမကိုငုံ့ကြည့်ကာ ညင်သာစွာပြုံးလိုက်သည်။

[တကယ်တော့ ဒီနှစ်ယောက်ကစုံတွဲတွေပဲ။]

[မာစတာရန်နဲ့ကျုံးယူဖန်က မလိုက်ဖက်ဘူး။ ဒီနှစ်ယောက်က ပိုလိုက်ဖက်တယ်။]

[ရှီဝန်ဖေးရဲ့တုံ့ပြန်ပုံကို ကြည့်ကြဦး။ သူမက ဖောက်ပြန်​ထားတဲ့ပုံမ​ပေါ်ဘူးနော်။]

[သူတို့နှစ်ယောက်သာတွဲ​နေရင် မာစတာရန်နဲ့ကျုံးယူဖန်က စေ့စပ်ပွဲကိုဖြတ်လိုက်ရုံပဲပေါ့။ ဘာပဲဖြစ်ဖြစ် ငါက နတ်ဘုရား​တွေလိုချော​မောလှပတဲ့စုံတွဲရဲ့ပရိတ်သတ်ပဲ။]

[ဒါပေမယ့် အပြန်အလှန်ခံစားချက်မရှိတာက ကျုံးယူဖန်ဖောက်ပြန်ရတဲ့အကြောင်းပြချက်တစ်ခုတော့ မဖြစ်နိုင်ဘူးမလား။]

ဒါရိုက်တာက အဆင့်သတ်မှတ်ချက်များကို ဆက်လက်ကြေငြာသည်။ ဒုတိယနေရာက ပိုင်ကျင်းထျန်အဖွဲ့ဖြစ်ပြီး တတိယနေရာက ကျူယီ​ဖေးအဖွဲ့ဖြစ်သည်။

မနေ့က ပထမနေရာရခဲ့သောရှီရန်နဲ့ချူးကျင်းချန်းတို့က ယ​နေ့နောက်ဆုံးနေရာသာရသည်။

ရှီဝန်ဖေး၏မျက်လုံးများသည် မာနဖြင့်တောက်ပလာသည်။

သို့သော် ချူးကျင်းချန်းသည် ထိုအဖွဲ့ထဲတွင်ရှိနေသောကြောင့် သူမ မည်သည့်စကားမှမပြောဝံ့ပေ။

တခြားသူများက အနည်းနဲ့အများအံ့သြသွားသော်လည်း သူတို့နှစ်ယောက်၏အမူအရာက မ​ပြောင်းလဲသွား​ပေ

[တကယ်တော့ ငါ လုံးဝမအံ့သြမိဘူး။ ဟားဟားဟား။]

[ငါက ရူရူရဲ့အဖေသာဖြစ်ခဲ့ရင် လေထဲ​ဆောင့်​ကြောင့်ထိုင်​ရတဲ့အပိုင်းမှာတင် သူတို့နဲ့ရန်ဖြစ်​နေလောက်ပြီ။]

[ဒီနှစ်ယောက်က ကလေးတွေကိုဘယ်လိုဂရုစိုက်ရမှန်းမသိဘူး။ သူတို့မှာလည်း အတွေ့အကြုံသိပ်မရှိကြဘူးလေ။]

အဆင့်သတ်မှတ်ပြီးသည်နှင့် အားလုံးက အနားယူရန် အခန်းကိုပြန်သွားကြသည်။

ကလေးများကိုပြုစုစောင့်ရှောက်ရသည်က သူတို့အတွက်ပင်ပန်းသောအလုပ်တစ်ခုဖြစ်သည်။

ညရှစ်နာရီခွဲပြီဖြစ်သည်။ မူလကတိတ်ဆိတ်နေသောဧည့်ခန်းသည် ရုတ်တရက်ပြန်လည်အသက်ဝင်လာသည်။

ဧည့်ခန်းထဲတွင် လူတိုင်းသည် သူတို့၏ညအိပ်၀တ်စုံဝတ်ကာ စုရုံးနေကြသည်။

ယွီဇစ်ကျန်းသည် ဆွဲဆောင်မှုရှိသောညအိပ်၀တ်စုံကို၀တ်ထားသည်။ သူမ၏စွဲမက်ဖွယ်ကောင်းသောရင်အကွဲနေရာက အလွန်အာရုံကိုဖမ်းစား​နေသည်။ အားလုံးကို နှုတ်ဆက်ပြီးနောက် သူမ ဝင်လာသည်။

ရှီရန်၏သာမန်ညအိပ်ဝတ်စုံကို သူမ တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူမ ကျောပြင်ကို အနည်းငယ်ဆန့်ကာ သူမကိုယ်သူမ ကျေနပ်​နေပုံ​ပေါ်သည်။

သူမသည် သူမ၏ကိုယ်ခန္ဓာကောက်​ကြောင်းအပေါ် ယုံကြည်မှုအပြည့်ရှိသည်။

လူတိုင်းက စားပွဲဝိုင်းမှာထိုင်ကြပြီး ယွီဇစ်ကျန်းကအလွတ်ဆုံးထိုင်ခုံ၏ဘေးကို တမင်တကာ ရွေးထိုင်လိုက်သည်။

ချူးကျင်းချန်း နောက်ဆုံးမှဝင်ရောက်လာသည်။

သူသည် ရှီရန်ပိုင်ကျင်းထျန်နှင့်ကျူယီ​ဖေးတို့ကို ချက်ခြင်းသတိထားမိသည်။

တစ်ခုတည်းသောထိုင်ခုံလွတ်မှာ ငြိမ်သက်စွာထိုင်နေချိန် သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။

ယွီဇစ်ကျန်း၏ဘေးနားတွင် သူ ဝင်ထိုင်​လိုက်သည်။

ယွီဇစ်ကျန်းအလွန်ပျော်နေသော်လည်း အနီးနားပတ်ဝန်းကျင်၌ကင်မရာများရှိနေသည်ကို သူမ သိသောကြောင့် သူမက တည်ကြည်ဟန်ဆောင်ပြီး ချူးကျင်းချန်းကို ပြုံးပြလိုက်သည်။

"ဒီညက လူတိုင်းအပန်းဖြေဖို့အတွက်ပါ။ လူတိုင်းက ဂိမ်းဆော့လို့ရတယ် ဒါမှမဟုတ် အတူတူစကားပြောလို့ရပါတယ်။ အချိန်ကလိုချင်သ​လောက် အတူကုန်ဆုံးလို့ရပါတယ်" လို့ ဒါရိုက်တာက ဆိုသည်။

ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကိုမျက်လုံးထောင့်မှကြည့်လိုက်သည်။ သူမ၏နှလုံးက မခံမရပ်နိုင်ဖြစ်လာ​သောကြောင့် သူမက ဦးစွာ စကားပြောလိုက်သည်။ “မှန်မှန်ပြောရဲလားနဲ့ပြောတဲ့အတိုင်းလုပ်ရဲလားဆိုတဲ့ဂိမ်းကို ကစားကြမလား”

"ဒါက အကြံကောင်းပဲ" ရှီဝန်ဖေးက ချက်ချင်းပဲလိုက်​ပြောကာ သူမ၏သစ္စာမဲ့သောအကြည့်ဖြင့်
ရှီရန်ကိုတစ်ချက်ကြည့်လိုက်သည်။

ရှီရန်က တတိယသခင်​လေးနဲ့နာမည်အတူကြီးလာပြီး သူမရဲ့နာမည်ဆိုးကိုရှင်းပစ်နိုင်မယ်လို့ထင်နေတာလား။

ဒီည ငါ တစ်ကြိမ်တည်းနဲ့ ရှီရန်ရဲ့အရာအားလုံးဖျက်ဆီးပစ်မယ်။