၆၉
Viewers 9k

[ဒီအုပ်စုက တကယ်ရယ်စရာကောင်းတယ်။ ဟားဟားဟား]

[တတိယသခင်​လေးက​တော့ ကိုယ့်​ထောင်​ချောက်နဲ့ကိုယ်မိ​နေပြီ​ဟေ့ ဟားဟားဟား။]

[မာစတာရန်ရဲ့လက်စားချေတာက အောင်မြင်ပြီ။]

[တတိယမြောက်သခင်​လေးရဲ့အသံက အရမ်းကောင်းတယ်။ သီချင်းဆိုလည်းအရမ်းကောင်းလောက်တယ်။]

[တတိယသခင်​လေး မြန်မြန်ဆိုလိုက်။ မာစတာရန်ကို ဆွဲ​ဆောင်ဖို့သီချင်းကိုအသုံးချလိုက်။]

[တတိယသခင်​လေးရဲ့သီချင်းဆိုသံကို စောင့်မျှော်နေပြီ။ အရမ်းကောင်းလောက်မယ်။]

ချူးကျင်းချန်းက ပြုံးပြီးမေးသည်။ "သေချာရဲ့လား"

"အင်း" ရှီရန်ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။"

ချူးကျင်းချန်းက သဘောတူပြီး ရူရူနှင့်ထောင်ပေါင်းများစွာသောအင်တာနက်အသုံးပြုသူများ၏မျှော်လင့်ချက်အကြည့်များအောက်တွင် ပါးစပ်ကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူ့နှုတ်ခမ်းမှ မရေရာသောအသံဖြင့်သီချင်းတစ်ပုဒ်ထွက်လာသည်။

သူ့အသံသည် နား​ထောင်​ကောင်းလှသော်လည်း သီချင်း၏စကားလုံးတစ်လုံးမှ တေးသွားနှင့်အညီထွက်မလာ​​ပေ။

သီချင်းဆိုသံသည် ရိုလာကိုစတာကဲ့သို့ တက်လာလိုက်ပြုတ်ကျဖြစ်​နေသည်။ မည်သည့်သီချင်းဆိုနေသည်ကို​တောင် ခန့်မှန်း​ရန်ခက်ခဲလှ​ပေသည်။

ရှီရန်: ???

[ငါ နားကြားမှား​နေတာပဲဖြစ်မှာပါ။]

[တောင်းပန်ပါတယ်။ ငါ့ကို တစ်ယောက်တည်းပစ်ထား​ပေးကြပါ။]

[တိုက်ရိုက်ထုတ်လွှင့်မှုကို ငါပိတ်ထားသရွေ့ တတိယသခင်​လေးသီချင်းဆိုသံကိုမကြားရတော့လို့ ငါ့စိတ်ကူးယဉ်တာ​တွေက ကွဲအက်သွားမှာမဟုတ်ဘူး။]

[ဒါဆို ဘုရားသခင်က တကယ်တရားမျှတတယ်။ သူ့ရုပ်အဆင်းကပြည့်စုံ​ပေမဲ့ သီချင်း​တောင်မဆိုနိုင်ဘူး]

[တတိယသခင်းလေး၊ ကျေးဇူးပြုပြီးသီချင်းဆိုတာကို ရပ်လိုက်​​ပါတော့။ ဆက်ဆိုနေရင် မင်းမိန်းမ ထွက်ပြေးသွားလိမ့်မယ်!!!]

[ရူရူ: ငါ အစကတည်းကသီချင်းဆိုဖို့ သူ့ကို မ​တောင်းဆိုခဲ့သင့်တာ။]

ကမ်းခြေအိမ်နဲ့မနီးမဝေးက ဟိုတယ်အခန်း၌

"ဟားဟားဟား" ကျူးယို့ဟန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး အသက်ရှုမဝသည်အထိရယ်မောသည်။ "ကူညီပါဦး၊ ရယ်ရတာ ငါအူတက်သေတော့မယ် ဟားဟား။"

ဂျီဝမ်ဖုန်းလည်း မထိန်းနိုင်ဘဲရယ်မိသည်။

"ကျင်းချန်းက ဘာလို့သီချင်းမဆိုတာလဲလို့ ငါသိချင်နေခဲ့တာ။ လက်စသတ်​တော့ သူက တေးဂီတသံ​တွေကို​တောင်ခွဲခြားမသိလို့ပေါ့။" ကျူးယို့ဟန်က မြေပြင်ပေါ် လူးလဲသွားသည်အထိ ရယ်မောသည်။

ရှိုးပွဲတွင် ချူးကျင်းချန်းသည် သီချင်းအဆိုမ​ကောင်းသူတစ်​ယောက်မဟုတ်သလို တည်ငြိမ်သောအမူအရာဖြင့်သီဆိုနေဆဲဖြစ်သည်။

ထူးဆန်းစွာပင် ရူရူသည် ဤထူးဆန်းသောသီချင်းသံကြောင့် အိပ်ပျော်နေပြီဖြစ်သည်။

ချူးကျင်းချန်းသီချင်းဆိုသံလည်း ရပ်သွားသည်။

၎င်းကိုမြင်၍ ရှီရန် မတ်တပ်ထရပ်ပြီး ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

တစ်စက္ကန့်အကြာတွင် စာတစ်​စောင်ကို သူမထံ ပေးလာသည်။

သူမ သူ၏လှပသောလက်ကို ကြည့်လိုက်ကာချူးကျင်းချန်း၏မျက်နှာကိုကြည့်လိုက်သည်။

ချူးကျင်းချန်းသည် နေ့ခင်းတစ်ရေးအိပ်ရမည့်အချိန်ကို ညွှန်ပြသည်။

"နေ့လည်တရေးအိပ်တာမှာ ကလေးကို အ​ဖော်ပြုပေးရမယ်" ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ တစ်နည်းဆိုရသော် ကလေးနှင့်အတူ နေ့ခင်းဘက်တရေးတမော သူမ အိပ်ရမည်။

ရှီရန်သည် မျက်မှောင်ကြုတ်ကာ ချူးကျင်းချန်း၏နောက်ပြောင်သောအကြည့်ကို တွေ့လိုက်ရပြီး​နောက် ပြန်လဲလျောင်းလိုက်သည်။

ယခုတစ်ကြိမ်တွင် သူမ တကယ့်တရေးတမော အိပ်တော့မည်သကဲ့သို့ မျက်လုံးမှိတ်ထားလိုက်သည်။

ချူးကျင်းချန်းက ပြုံးပြီးမျက်လုံးကိုမှိတ်လိုက်သည်။

[သူတို့က တကယ်မိသားစုနဲ့တူတယ်။]

[ဒီလိုပဲ အိပ်တော့မှာလား???]

[တခြားအရာတွေဖယ်လိုက်ရင် ဒီနှစ်ယောက်က အိပ်ပျော်တဲ့အခါအရမ်းကြည့်ကောင်းတယ်။]

[အိပ်​​ပျော်​​နေချိန်​မှာ ဘာလို့ သူတို့မျက်နှာက ဝသလိုမဖြစ်ကြရတာလဲ။ ငါ​တော့ အားကျသွားပြီ]

[တတိယသခင်​လေးကို အားကျ​နေတဲ့သူတွေ၊ ကျေးဇူးပြုပြီး သူ့သီချင်းဆိုတာကို ပြန်ကြည့်ကြ။]

မကြာခင်တွင် ရှီရန်၏အသက်ရှုသံက တဖြည်းဖြည်းငြိမ်သက်သွားသည်။

ထိုအချိန်တွင် ချူးကျင်းချန်းသည် သူ့မျက်လုံးကိုဖွင့်လိုက်သည်။ သူ၏အနက်ရောင်မျက်လုံးများက ကြည်လင်နေသည်။

သူက ဘေးလှည့်ပြီး ရှီရန်၏ဘေးမျက်နှာကို အာရုံစိုက်ကာကြည့်လိုက်သည်။ သူ့နှုတ်ခမ်းသည် အနည်းငယ်ကွေးသွားကာ ပြတင်းပေါက်အပြင်ဘက်ရှိနေ့ခင်းနေအရှိန်ထက်တောင် သူ့မျက်လုံးထဲတွင်အလင်းရောင်က အမှန်တကယ်တောက်​လောင်လှသည်။

[အရမ်းချိုမြိန်တယ် အရမ်းချိုမြိန်တယ်!!!]

[သူ မအိပ်သေးဘူးဆိုတာကို ငါသိနေတယ်လေ။]

[တတိယသခင်​လေးက မာစတာရန်ရဲ့ပရိတ်သတ်အဖြစ်ကို အောင်မြင်စွာအသွင်ပြောင်းသွားပြီ။]

[ရူရူ: ငါ ကုတင်အောက်မှာ ရှိ​နေသင့်တယ်။ ကုတင်ပေါ်မှာ ရှိမနေသင့်ဘူး။]

[ဒီတစ်ကြိမ်​တော့ ဒီရလဒ်ကို ငါလက်ခံလိုက်ပြီ။]

[တတိယသခင်​လေးက ရှီရန်ကို မကြိုက်ဘူးလို့ သူပြောလာခဲ့ရင် ငါ့ခေါင်းကို သူ့ဆီဖြတ်​ပေးလိုက်မယ်။]

[တတိယသခင်​လေးရဲ့ပြင်းပြတဲ့အကြည့်အောက်မှာ အမျိုးသမီးတိုင်း အရည်ပျော်သွားမယ်။]

[သူအရမ်းချောတာပဲ။ တကယ်ချောတယ်။ တတိယသခင်​လေးက ငါကြိုက်တဲ့အလှအပစံနှုန်းနဲ့ လုံးဝကွက်တိပဲ။]

[အချိန်တွေကို ဒီအချိန်မှာ ငါရပ်တန့်ထားလို့ရရင်ရပ်ချင်တယ်။]

နာရီဝက်ကြာပြီးနောက် ရှီရန်နိုးလာသည်။

သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည့်အကြည့်ခံစားရ၍ ဘေးဘက်ကြည့်လိုက်​သောအခါ ရင်း ပြုံးနေ​သောသူ့မျက်လုံးနှင့် ဆုံသွားသည်။

"ရှင် မအိပ်ဘူးလား?" ရှီရန်သည် အသံမထွက်ဘဲ ပါးစပ်လှုပ်ပြောလိုက်သည်။

ချူးကျင်းချန်းလည်း နားလည်သည်။ "ကျွန်တော့်မှာ နေ့ခင်းတရေးတမောအိပ်တတ်တဲ့ အလေ့အကျင့်မရှိဘူး" ဟု ပါးစပ်လှုပ်ကာပြန်ဖြေသည်။

[ရှီရန်: ကလေးနဲ့တရေးတမောအိပ်ရမယ်လို့ အချိန်ဇယားကပြောထားတယ်လေ။]

ချူးကျင်းချန်းက ပြန်​​ဖြေသည်။"မိဘတွေကပါအိပ်ရမယ်လို့ ကျွန်​တော်မပြောခဲ့ပါဘူး။ ကျွန်​တော်တို့က လဲ​နေ​ပေးရမှာ"

စခရင်ရှေ့အင်တာနက်သုံးစွဲသူများက သူတို့ပါးစပ်လှုပ်နေသည်ကိုသာ မြင်နိုင်သော်လည်း မည်သည့်စကားမှ ရှင်းရှင်းလင်းလင်း မကြားရပေ။

[ငါ့အဖွဲ့ဝင်အဆင့်က VIP လေ။ VIPတွေ မကြားနိုင်တဲ့အရာရှိလို့လား။]

[ချီးပဲ၊ သူတို့က အခု ရှိုးပွဲမှာ အသံတွေကို ဆင်ဆာဖြတ်​နေတာလား??]

[သူတို့က ငါတို့အ​​ပေါ်ကိုလျှို့ဝှက်ချက်တွေ တောင်ထားနေပြီလား။ ပြီးတော့ သူတို့ အချင်းချင်းနှုတ်ခမ်းလှုပ်တာကို ကြည့်​ပြီးစကားပြောနေကြတာလား။]

[ထူးဆန်းတဲ့စကား​​ပြောဆိုဆက်ဆံတဲ့ပုံစံတစ်ခုက တိုးလာပြီ။]

[သူတို့က နှုတ်ခမ်းလှုပ်တာကိုတောင်ကြည့်​ပြောနိုင်တယ်။ သူတို့က တကယ်ကို နတ်ဖက်တဲ့စုံတွဲပဲ]

ခဏအကြာတွင် တရေးတမောအိပ်ချိန်ပြည့်သွားပြီး ရူရူဖြည်းညင်းစွာ နိုးလာသည်။

သူ မျက်လုံးများကို ပွတ်သပ်ကာ ကုတင်ပေါ် ၌လိမ့်ကာ ထ၍ ရှီရန်၏မျက်နှာကို အနမ်း​ပေးလိုက်သည်။

ရူကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း ချူးကျင်းချန်း၏အပြုံးသည် မှိန်သွားသည်။

ထိုနေ့မွန်းလွဲပိုင်းကို အပိုင်းနှစ်ပိုင်းခွဲထားသည်။

ကလေး၏ဝါသနာကို ပြုစုပျိုးထောင်ခြင်း၊

[ဝါသနာ?? သာမာန်ဝါသနာတစ်ခု​တော့မဟုတ်ဘူးလို့ ငါ အာရုံရတယ်။]

[ကျားတစ်ကောင်နဲ့ဝံပုလွေတစ်ကောင်ကိုသာ မွေးမြူတတ်တဲ့လူနှစ်ယောက်က ကလေးတစ်ယောက်ကို သင်ပေးနိုင်တဲ့အရည်အချင်းတွေက ဘာရှိမှာမို့လို့လဲ။ ကာလကြာရှည်ပျောက်ကွယ်သွားတဲ့သားရဲထိန်းနည်း​ကော ဖြစ်နိုင်လား။]

[အ​ပေါ်ကမှတ်ချက်ပေးသူ နင် နေရာမှားနေပြီ။ ဒါက တိရစ္ဆာန်ချန်နယ်မဟုတ်ဘူး။]

[တတိယသခင်​လေးက တစ်ခုခုကြံစည်​နေပြန်ပြီလို့ ငါ အာရုံရနေတယ်။]

ရှီရန်နှင့်ချူးကျင်းချန်းသည် ရူရူကို ဧည့်ခန်းသို့ ခေါ်သွားသည်။

ကလေးများ အပါအဝင် အခြားအုပ်စုသုံးခုလည်း ထိုနေရာတွင်ရှိနေသည်။

သူတို့ဆင်းလာသည်ကိုမြင်သောအခါတွင် ယွီဇစ်ကျန်း၏အကြည့်က ရှီရန်နှင့်ချူးကျင်းချန်းကြားမှာ ရွေ့လျားနေသည်။

"ကျွန်တာ်တို့နောက်လုပ်ရမယ့်လှုပ်ရှားမှုက အတူတူပဲဖြစ်နိုင်တယ်မဟုတ်လား။" ပိုင်ကျင်းထျန်က ရှီရန်ကို ပြုံးပြလိုက်သည်။

"ဖြစ်နိုင်လောက်တယ်။" ရှီရန် ခေါင်းညိတ်လိုက်သည်။

သူမ ထိုင်တော့မည့်အချိန်တွင် ပိုင်ကျင်းထျန်နံဘေး၌ထိုင်ချလိုက်​သော ရူရူကိုချီထား​သည့်ချူးကျင်းချန်းကို တွေ့လိုက်ရသည်။ ထို့နောက် သူက ခေါင်းငုံ့ကာ "ရူရူ လုပ်ချင်တဲ့အရာရှိလား" ဟု မေးသည်။

[တတိယသခင်​လေး : ကံကောင်းထောက်မစွာနဲ့ ငါ မြန်မြန် တုံ့ပြန်လိုက်လို့။ မဟုတ်ရင် ငါ့မိန်းမက ငါ့ရဲ့အချစ်ပြိုင်ဘက်ဘေးမှာဝင်ထိုင်လိမ့်မယ်။]

[ငါ​တော့ နတ်ဖက်တဲ့စုံတွဲကိုထောက်ခံတယ်]

[ငါတို့ထျန်ရန်အတွဲ​ပေးစား​တဲ့သူ​တွေ​ကော အခိုင်အမာပေးစားနိုင်ကြသေးရဲ့လား။]

[ငါတို့ကလေးကော။ ငါတို့ယီ​ရန်ပရိတ်သတ်တွေတော့ ထောက်မခံနိုင်ဘူး။]

ရှီရန်သည် သံသယဝင်မ​နေဘဲ ချူးကျင်းချန်းအနားတွင် ထိုင်လိုက်သည်။

ခဏအကြာတွင် ရူရူက "ရူရူပုံဆွဲရတာ ကြိုက်တယ်" ဟု ခပ်တိုးတိုးပြောသည်ကို သူမကြားလိုက်ရသည်။

ချူးကျင်းချန်းမဖြေခင် ယွီဇစ်ကျန်းက ဝင်​ပြောလိုက်သည်။ "သားသားက ပုံဆွဲရတာကိုကြိုက်တာလား?"

"ဟုတ်" ရူရူက နာခံစွာခေါင်းညိတ်လိုက်သည်။

"ဒါဆို တတိယသခင်​လေးက သင်ပေးသင့်တယ်။ ဒီနေ့ ဆွဲထားတဲ့ရေချိုးကန်က ကျွန်မစိတ်ထဲမှာ အခုထိ​နေရာယူထားတုန်းပဲ။ တတိယသခင်​လေးက ပုံဆွဲတာအရမ်းတော်တယ် ဟုတ်တယ်မလား"

ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကို ထူးထူးခြားခြားချိုသာစွာပြုံးပြလိုက်သည်။

"ကျွန်တော်က ပုံဆွဲတာမဆိုးရုံ​လောက်ပါပဲ" လို့ ချူးကျင်းချန်းက ဘာသိဘာသာနဲ့ပြောသည်။

"ကျွန်မက အရင်ကပုံဆွဲသင်ဖူးပေမယ့် ကျွန်မက တတ်​မြောက်​တဲ့အထိမသင်နိုင်လောက်​အောင် အရမ်းတုံးအတာလေ။" သူမ နှာခေါင်းကို ရှုံ့လိုက်ပြီး လျှာကိုတစ်ချက်ထုတ်လိုက်သည်။

"ပုံဆွဲတာက အရည်အချင်းရှိဖို့လည်းလိုအပ်တယ်။"

"ဒါဆို တတိယသခင်​လေးက ရူရူကို သင်ပေးရင်း ကျွန်မကိုရောသင်ပေးနိုင်မလား" ယွီဇစ်ကျန်းက မျှော်လင့်တကြီးနဲ့မေးသည်။

ပရိုဂရမ်ကို ယခုရိုက်ကူးနေပြီး ကင်မရာသည် သူတို့ဘက်ကို လှည့်ထားသည်။ လူများစွာက ကြည့်ရှုနေသဖြင့် တတိယသခင်​လေး၏လူကြီးလူ​ကောင်းဆန်သောအမူအရာကြောင့် သူမကို လုံးဝငြင်းပယ်မည်မဟုတ်ဟု သူမ ထင်သည်။

ထိုအချိန်တွင် သူမသည် တတိယမြောက်သခင်​​လေးနှင့်အတူအချိန်ဖြုန်းရန်အတွက် ပုံဆွဲခြင်းကို ဆင်ခြေအဖြစ်အသုံးချနိုင်မည်ဖြစ်သည်။

သူမစိတ်ကိုပြင်ဆင်ပြီးနောက် ယွီဇစ်ကျန်းသည် ယုံကြည်မှုအပြည့်ရှိပြီး နောက်မှ ချူးကျင်းချန်းကို သူမ အပိုင်သိမ်းနိုင်ပုံကို စိတ်ကူးယဉ်လာသည်။

သို့သော် သူမ မျှော်လင့်ထားသောအဖြေက ပေါ်မလာပေ။

ချူးကျင်းချန်းသည် ရှီရန်ကို လှည့်ကြည့်လိုက်သည်။ "ကျွန်တော် သင်​​ပေးလိုက်ရမလား?"

"အင်း?"

"သူမ ပုံဆွဲနည်းသင်ပေးခိုင်းနေတယ်။ အဲ့ဒါကအဆင်ပြေရဲ့လား" ချူးကျင်းချန်းစိတ်ရှည်ရှည်နဲ့ ထပ်ပြောလိုက်သည်။

"ရှင်ဘာလို့ ကျွန်မကိုလာမေးနေတာလဲ" ရှီရန်စိတ်ရှုပ်​ထွေးသွားသည်။

"မင်းက ကလေးအမေပဲလေ။ သူမက ကလေးရဲ့ အတန်းထဲမှာအလကားလာသင်ချင်ရင် သေချာပေါက် က​လေးအ​မေကို မေးရမှာပေါ့" လို့ ချူးကျင်းချန်းက အချက်အလက်ကျစွာပြောသည်။

[သေတာပဲ! ဘယ်လိုပ​ရောပရည်လုပ်ရမလဲဆိုတာကို သူသိတာပဲ!!!]

[ကလေးအမေ!!! အရမ်းရယ်ရတယ်!]

[အလကား!!! ဟားဟားဟား..]

[ယွီဇစ်ကျန်းနဲ့ မာစတာရန်အပေါ်  တတိယမြောက်သခင်​လေးရဲ့ဆက်ဆံပုံက ကွာခြားလွန်းတယ်။]

[တတိယသခင်လေးရဲ့ခွေးကလေးနှင့်တူတဲ့အကြည့်ကိုကြည့်လိုက်ကြစမ်း။ မာစတာရန်က မသင်ရဘူးလို့ပြောမှာကို သူ စောင့်ဆိုင်းနေတယ်။]

"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ရှင်အပေါ်မှာပဲ မူတည်တယ်။" ရှီရန်၏အဖြေသည် ရိုးရှင်းပြီးအကြမ်းထည်ဖြစ်သည်။

"အဲ့လိုလား?" ချူးကျင်းချန်းက အေးစက်စွာပြုံးလိုက်သည်။

သူ့အ​ဖြေကိုစောင့်နေဆဲဖြစ်​​သော ယွီဇစ်ကျန်းဘက်လှည့်ပြီး "ကလေးအမေက မသင်ရဘူးလို့ ပြောတယ်" ဟု နည်းလမ်းတကျပြောသည်။