၆၈
Viewers 9k

ရှီရန်က ချူးကျင်းချန်းကို တစ်ချက်ကြည့်လိုက်ပြီး "ရှင်ကတော့ ဇာတ်​ကောင်(မိဘ​နေရာ)ထဲကိုအရမ်း​မျောပါ​နေပြီ" လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ချူးကျင်းချန်းပြုံးလိုက်သော်လည်း ဘာမှမပြောပေ။

နှစ်နာရီက အမြန်ကုန်လွန်သွားသည်။ ထိုအချိန်အတွင်း ရှီရန်၏နှလုံးသားကရုတ်တရက် ပျော့ပျောင်းလာသဖြင့် ရူရူသည် တစ်နာရီနီးပါး အနားယူခဲ့ရသည်။

ယခုအချိန်တွင် ပိုက်ဖြင့်ရေသောက်နေရင်း သူ့ပါးပြင်ကနီရဲနေသည်။

ချူးကျင်းချန်းသည် အချိန်ဇယားကို ကြည့်လိုက်သည်။ "နောက်တစ်ချိန်က နေ့လည်စာစားချိန်တဲ့။"

ရှီရန် မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မ ဟင်းမချက်တတ်ဘူး။"

ဟင်းချက်ခြင်းသည် အမြဲတမ်းသူမ၏အားနည်းချက်ဖြစ်သည်။

သူမ၏ယခင်ဘဝတွင် ထိုကောင်စုတ်​လေးများကို ဆုချရန် သူမကိုယ်တိုင် နှစ်ကြိမ်သာ ဟင်းချက်ခဲ့ဖူးသည်။

ပထမတစ်ကြိမ်တွင် သူမသည် အိမ်တစ်အိမ်လုံးကို မီး​လောင်တိုက်လုနီးပါးဖြစ်ပြီး ကျန်တစ်ကြိမ်မှာ ယခင်အကြိမ်ထက်အနည်းငယ်သာ ကောင်းမွန်လာသည်။

မီးဖိုချောင်တစ်ခုတည်းသာ မီးလောင်သွားပေသည်။

သို့သော် ထိုအချိန်မှစ၍ မီးဖိုချောင်သည် သူမ၏တားမြစ်နေရာဖြစ်လာသည်။

သူမသည် မီးဖိုချောင်ထဲသို့မဝင်ချင်သောတစ်ဦးတည်းသောသူသာ မဟုတ်ပေ။ သူမကို မီးဖို​ချောင်ထဲခြေလှမ်းတစ်ဝက်တောင်ဝင်ရန် တခြားမည်သူကမှ ခွင့်မပြုပေ။

"အပြင်မှာဘဲ စားရအောင်" ချူးကျင်းချန်းက မတွေးဘဲပြောလိုက်သည်။

ဒါရိုက်တာက ၎င်းကိုကြားသောအခါ ညင်သာစွာ ပြောလိုက်သည်။ "အမ်... ဒါကဖော်ရွေတဲ့သတိပေးချက်တစ်ခုပါ။ ကလေးက ဖွံ့ဖြိုးဆဲအဆင့်မှာပဲရှိပါသေးတယ်။ အပြင်ဘက်မှာ စားတာက ကလေးရဲ့ ကျန်းမာရေးကိုအလွယ်တကူထိခိုက်စေနိုင်တာ​ကြောင့် အမှတ်တွေကိုနုတ်ယူသွားမှာပါ"

"အိုး?" ချူးကျင်းချန်းက သူ့ကို မော့ကြည့်လိုက်သည်။

ဒါရိုက်တာ၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်။

[ဒါရိုက်တာရဲ့ အမူအရာကြောင့် ငါ ရီသေတော့မယ်။ ဟားဟားဟားဟား]

[ဒါက တတိယမြောက်သခင်​လေးရဲ့ ခြိမ်း​ခြောက်​နေတဲ့အာဏာလား??]

[ကမ္ဘာကြီးကိုကြီးစိုးပြီး မရေမတွက်နိုင်တဲ့များပြားလှတဲ့ဧည့်သည်တော်ကြီးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဒါရိုက်တာက ဒီလိုခံစားနေရတယ်?]

[တတိယသခင်​လေး၊ ကြည့်လိုက်ပါဦး။ ဒါရိုက်တာက တုန်လှုပ်နေတယ်။]

[သနားစရာရူရူ​လေး။ လေထဲမှာ​ဆောင့်​ကြောင့်ထိုင်ပြီးတာ​တောင် နေ့လည်စာကောင်း​ကောင်း စားနိုင်မလားတောင်မသိရဘူး။]

[သူမက မိန်းမဖြစ်ပြီးထမင်းတောင်မချက်တတ်ဘူး။ အသုံးမကျလိုက်တာ။]

[မိန်းမတွေထမင်းမချက်တတ်ရင်ကော ဘာဖြစ်လဲ။]

[မိန်းမတွေ ထမင်းမချက်တတ်ဘူးလို့ပြောတဲ့သူကမှ အသုံးမကျတဲ့သူအစစ်အမှန်ပဲ။]

နောက်ဆုံးတွင် ချူးကျင်းချန်းသည် ဟင်းချက်ခြင်းတာဝန်ကိုယူရန်ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ၎င်းတို့သုံးဦးသည်အနီးနားရှိစူပါမားကတ်သို့ထွက်ခဲ့ကြသည်။

ချူးကျင်းချန်းသည် ရူရူဝင်ထိုင်နေသည့်လှည်းလေးကိုတွန်းလိုက်ပြီး ရှီရန်သည် ချူးကျင်းချန်းနှင့်ဘေးချင်းကပ်လျက် လမ်းလျှောက်နေသည်။

တစ်ချက်ကြည့်ရုံဖြင့် စူပါမားကတ်တစ်ခုတွင် သူတို့သည် မိသားစုသုံးဦးရှိသည့်မိသားစုတစ်စုကဲ့သို့ပင်ဖြစ်​နေသည်။

"မာမီ၊ ဒါစားချင်တယ်" ရူရူစင်ပေါ်ရှိ ချောကလက်ကို ဂရုတစိုက်ညွှန်ပြသည်။

"အို​ကေ" ရှီရန်က ချောကလက်ကိုယူပြီး လှည်းထဲထည့်ကာအလွယ်တကူသဘောတူလိုက်သည်။

"ပြီးတော့ ဒါ" ရူရူက ချိစ်ချောင်းကိုညွှန်ပြပြန်သည်။

ရှီရန်က ချိစ်ချောင်းကို လှည်းထဲထည့်လိုက်ပြန်သည်။

"ဒါကောပဲ..."

ရူရူက သူစားချင်သည်ကိုပြောနေသမျှ ရှီရန်က သူ့ကိုခြွင်းချက်မရှိအလိုလိုက်​ပေမည်။ ချူးကျင်းချန်းကလည်း ကန့်ကွက်ခြင်းမရှိပေ။

မကြာခင်တွင် ရူရူကြိုက်သောအဆာပြေစာမုန့်များဖြင့် လှည်းကပြည့်နှက်သွားသည်။

[ဒီနှစ်ယောက်က ကလေးတွေကိုအလိုလိုက်​နေတာလား၊ ကလေးကို နှိပ်စက်​နေတာလားတောင် ငါမပြောတတ်တော့ဘူး။]

[လွန်ခဲ့တဲ့တစ်စက္ကန့်တောင် က​လေးက နှစ်နာရီကြာအောင်လေထဲ​ဆောင့်​ကြောင့်ထိုင်ခဲ့ရပြီး အခုကျတော့ က​လေးက စားချင်တာမှန်သမျှ သူတို့ကိုဝယ်​ခိုင်းလို့ရနေတယ်။]

[တတိယသခင်​လေးက သူ​ပြောခဲ့တဲ့ချစ်တတ်တဲ့မိခင်တစ်ယောက်က က​လေးကိုဖျက်စီးမိနိုင်တယ်ဆိုတဲ့အကြောင်းကို မှတ်မိသေးရဲ့လားတောင်တွေးမိတယ်။]

[မာစတာရန်က ရူရူကိုအရမ်းအလိုလိုက်​နေပေမယ့် တတိယသခင်​လေးက ဒီတစ်ကြိမ်တော့မကန့်ကွက်တော့ဘူးလား။]

[တတိယမြောက်သခင်​လေးကနှုတ်ဆိတ်နေတယ်။ သူ တစ်ခုခုကြံ​နေတာဖြစ်မယ်။]

သုံးယောက်သား ဟင်းချက်ရန်လိုအပ်သည့်အဆာပလာများ​ရောင်းရာ​နေရာကို သွားကာ နေ့လည်စာအတွက် ပါဝင်ပစ္စည်းများကို ရွေးချယ်ရန်ပြင်ဆင်ကြသည်။

"ကျွန်​​တော် ဒါကိုလိုချင်တယ်" ချူးကျင်းချန်းက စင်​ပေါ်ကဆလတ်ရွက်ကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။

သူ လှည်းတွန်းနေရသည်ကိုမြင်၍ ရှီရန်က ဆလတ်ရွက်နှစ်ထုပ်ကိုယူပြီး လှည်းထဲထည့်လိုက်သည်။

"ပြီးတော့ ဒါ"ချူးကျင်းချန်းခေါက်ဆွဲကို ညွှန်ပြပြန်သည်။

ရှီရန်က ခေါက်ဆွဲထုတ်ကိုယူကာ ထည့်လိုက်သည်။

"ကျွန်တော် ဒါလည်းလိုချင်တယ်။" ချူးကျင်းချန်းသည် ကြက်ဥများကို ညွှန်ပြပြီးလက်ချောင်း​ထောင်ပြသည်။ "ငါးလုံး လိုချင်တယ်"

ရှီရန် ဆွံအသွားသည်။

[ဒီမြင်ကွင်းက ရင်းနှီးနေတယ်။]

[သူက တကယ်ကို တစ်ခုခုတော့ကြံ​နေတာပဲ။]

[ကလေးဆန်လိုက်တာ။ ဒါပေမယ့် ငါ ကြိုက်တယ်!!!]

[ချစ်စရာကောင်းတဲ့တတိယမြောက်သခင်​လေး!! ဒီအဒေါ်ကြီးရဲ့ရင်ခွင်ထဲကို မြန်မြန်လာခဲ့ပါ ဟားဟား...]

[သူတို့နှစ်ယောက်က တမင်သပ်သပ်သရုပ်​ဆောင်ပြ​နေတာဆိုရင်တော့ ဒါရိုက်တာကို ငါတကယ်ဝါးစားမိလိမ့်မယ်။]

[ငါ​တော့ ဂရုမစိုက်ဘူး။ ဒီအတွဲက အစစ်အမှန်ပဲ!!!]

ငွေပေးဆောင်ပြီးနောက် ချူးကျင်းချန်းသည် လက်တစ်ဖက်စီတွင် စျေးဝယ်အိတ်နှစ်အိတ်ကို သယ်ဆောင်ပြီး ကလေးနှင့်အတူ စူပါမားကတ်မှထွက်လာသည်။

တံခါးဝရောက်သောအခါ ရူရူကရပ်တန့်သွားသည်။ ရှီရန်ဆီ သူ့လက်များကို ဆန့်ထုတ်လိုက်သည်။ "မာမီ သားသားကိုချီ​။"

သူ့အသံက နူးညံ့ပြီး ချစ်စရာကောင်းသည်။

သို့သော် ချူးကျင်းချန်းက “ယောက်ျားနဲ့မိန်းမကအချင်းချင်းမထိသင့်ဘူး” ဟု ဦးစွာပြောသည်။

ရူရူသည် အံ့သြနေသောသူ့မျက်လုံးကြီးများဖြင့် မျက်​တောင်ခတ်ပြီး ချူးကျင်းချန်းကို မော့ကြည့်လိုက်သည်။

သူက လှောင်ပြုံးပြုံးပြီးပြောသည်။ "မင်းက ကောင်​လေး၊ ယောက်ျားသားပဲ​လေ။ လူကြီးတွေကို မချီခိုင်းဘဲ မင်းကိုယ်တိုင်လမ်းလျှောက်ဖို့သင်ယူရမယ်"

"အိုး" ရူရူက စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်များကိုပြန်ချကာ ခေါင်းငိုက်စိုက်ချလိုက်သည်။

နောက်တစက္ကန့်မှာ ရှီရန်က သူ့ကိုကောက်ချီလိုက်သည့်အတွက် သူ့ခန္ဓာကိုယ်က လေထဲတွင်မြှောက်တက်သွားသည်။

ရူရူက ဝမ်းသာအားရပြုံးပြလိုက်သဖြင့်သူ့သွားသေးသေးလေးကိုတောင် မြင်​နေရသည်။

သူက လှည့်ပြီးချူးကျင်းချန်းအား ပြုံးကာ​ပြောသည်။ "ဒယ်ဒီ၊ မာမီက သားသားကို ချီလိုက်ပြီ"

ချူးကျင်းချန်းသည် မျက်လုံးများကို မှေးထားပြီး စကားတစ်ခွန်းမှမ​ပြောဘဲ ပြုံးပြလိုက်သည်။

[ဒါက သေချာပေါက်ကြွားဝါးတာပဲ!]

[တတိယသခင်​လေး :ငါ့ဓား ဘယ်မှာလဲ??]

[သားအဖကြားတိုက်ပွဲ ဟားဟား]

[နောင်ကျရင် ကလေးနဲ့ပြိုင်နေမယ့်တတိယသခင်လေးကိုတောင် ငါစိတ်ကူးယဥ်ကြည့်နိုင်တယ်။]

[အတွဲ​ပေးစားနေတဲ့သူ​တွေ နိုးထလိုက်​တော့။ တတိယမြောက်သခင်​လေးကအိမ်ထောင်ကျရင်တောင် ရှီရန်နဲ့ယူဖြစ်မှာမဟုတ်ဘူး။]

သူတို့သုံးယောက် အိမ်ပြန်ရောက်သောအခါ ချူးကျင်းချန်းသည် ဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများကို မီးဖိုချောင်ထဲသို့ ယူဆောင်သွားသည်။

တစ်ဖက်တွင် ရှီရန်သည် ရူရူနှင့်ကစားရန်ဧည့်ခန်းတွင်နေသည်။

ရူရူသည် စူပါမားကက်တွင်သူဝယ်ခဲ့သောကားနှင့်ကစားရန် စိတ်အားထက်သန်နေသည်။

ရှီရန်ခမီးဖိုချောင်ကိုတစ်ချက်ကြည့်ကာ တွေး၍လျှောက်သွားလိုက်သည်။

ချူးကျင်းချန်းက ခေါက်ဆွဲပြုတ်နေသည်။ ဒေါ်လာဆယ်ဘီလီယံတန်စာချုပ်ကို သူဖတ်နေသကဲ့သို့ လေးနက်နေပုံပေါ်သည်။

သူက ဟင်းရည်ကို ယောက်ချိုဖြင့်မွှေနေသည်။

ရှီရန်ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ ပြုံးပြီး ဟင်းချိုတစ်ဇွန်းကို ခပ်ယူလိုက်သည်။ သူက အပူမှုတ်ထုတ်လိုက်ပြီး ရှီရန်၏ပါးစပ်ဆီသို့ တည့်​ပေးလိုက်သည်။

ရှီရန်က အများကြီးစဉ်းစားမ​နေဘဲ ခေါင်းငုံ့ပြီး ဇွန်းကို သူမ၏နှုတ်ခမ်းဖြင့် သောက်လိုက်သည်။

“အရသာရှိတယ်” လို့ သူ့ကို သူမ ချီးကျူးလိုက်သည်။

"တကယ်လား?" ချူးကျင်းချန်းမျက်ခုံးပင့်လိုက်သည်။

သူ နောက်ထပ် ဟင်းရည်တစ်ဇွန်းကိုခပ်ယူလိုက်ပြီး ရှီရန်၏နှုတ်ခမ်းဟင်းချို​သောက်ခဲ့ရာ​နေရာက​နေ သူ့နှုတ်ခမ်းဖြင့် ထပ်​သောက်လိုက်သည်။ နောက်ဆုံးတွင် သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ တကယ်အရသာကောင်းတယ်။"

[ဇွန်းတစ်ဇွန်းတည်း!!!]

[သွယ်ဝိုက်အနမ်းပဲ!!!]

[သွယ်ဝိုက်တဲ့အနမ်း​ပဲမဖြစ်ကြပါနဲ့။ ကျေးဇူးပြုပြီး ငါတို့မရှိနေသလို နမ်းလိုက်ကြပါ!!]

နေ့လယ်စာစားပြီးသည်နှင့် တစ်ရေးတစ်မော အိပ်ရန်အချိန်ရောက်လာပြီဖြစ်သည်။

သူတို့သည် ရူရူကို ချူးကျင်းချန်း၏အခန်းသို့ခေါ်ဆောင်သွားပြီး ထုတ်လုပ်ရေးအဖွဲ့မှပြင်ဆင်ထားသောညအိပ်ဝတ်စုံကို ပြောင်းဝတ်​ပေးလိုက်သည်။

ရူရူသည် ကုတင်ပေါ်တွင်လှဲလျောင်းပြီး သူ့ဝကစ်​နေသောခန္ဓာကိုယ်ဖြင့်လိမ့်​နေသည်။

"အိပ်တော့နော်" ရှီရန်က တိုးတိုးပြောပြီးရူရူကို လက်ဖြင့်ပုတ်​ပေးသည်။

"ရူရူက ဒယ်ဒီနဲ့မာမီတို့နဲ့အတူအိပ်ချင်တယ်" ရူရူက ထိတ်လန့်စရာ​ကောင်းစွာပြောသည်။

[ရူရူရဲ့ကူညီမှုကြီးက!!]

[ဒါပဲလေ ရူရူ!!!]

ရှီရန်အံ့အားသင့်သွားသည်။ ထို့​နောက် သူမက ပြောသည်။"သားသားက ယောက်ျားလေးလေ။ ကိုယ်တိုင်တစ်​ယောက်တည်းအိပ်ပျော်ဖို့သင်ယူရမယ်"

"ဒါပေမယ့် ရူရူက ဒယ်ဒီနဲ့မာမီနဲ့ အမြဲအတူတူအိပ်တယ်။ မာမီနဲ့ဒယ်ဒီရော ရူရူကိုမကြိုက်ဘူးလား"

ရူရူ၏နှုတ်ခမ်းက ပိုဆူ​ထော်လာကာ သူ့မျက်လုံးများက ငိုချတော့မည်အတိုင်းနီရဲလာသည်။

ရှီရန်သည် သူမ၏နဖူးကိုကူကယ်ရာမဲ့စွာထိကိုင်လိုက်ပြီး ချူးကျင်းချန်းကိုကြည့်ကာ သူ့အား အ​ခြေအ​နေကိုဖြေရှင်းရန်အရိပ်အကဲပြ​နေသည်။

က​လေး​နဲ့​ပတ်​သက်​ပြီး​ သူ​မ လုပ်နိုင်သည့်အရာက တစ်ခုမှမရှိ​ပေ။

သို့သော် ချူးကျင်းချန်းသည် အကူအညီမဲ့ပုံပေါ်နေသည်။ "ကလေးတစ်ယောက်ရဲ့တောင်းဆိုမှုကိုငြင်းဆိုဖို့ ကျွန်​တော့်အတွက်ခက်ခဲလွန်းတယ်။"

ရှီရန် ဆွံအသွားသည်။

[ဖူး  ဟားဟားဟား]

[စူပါမားကတ်မှာ မာစတာရန်ကိုချီခိုင်းဖို့ ရူရူရဲ့ တောင်းဆိုမှုကို သူငြင်းတဲ့အခါ သူဒီလိုပြောခဲ့တာမဟုတ်ပါဘူး။]

[တတိယသခင်​လေးက ဟင်းဖက်ကြီးရာမျက်နှာလိုက်တယ်။]

[ဒီကိစ္စက ဖြေရှင်းပြီးသွားပြီ။ တတိယမြောက် သခင်​လေးက မာစတာရန်နဲ့အိပ်ချင်တယ်။]

[ယောက်ျားတိုင်းက ဇနီးမယားနောက်လိုက်တဲ့အခါ ဒီလိုမျိုးအရှက်ကင်းမဲ့ကြတဲ့သူတွေလား။]

[သေချာတာကတော့ မျက်နှာအလှတရားပေါ်မှာ မူတည်သေးတယ်။ သူမ ရုပ်ဆိုးရင် သူ ဒီလိုဖြစ်နေမှာမဟုတ်ဘူး။]

[အရမ်းချိုမြိန်လိုက်တာ အရမ်းချိုမြိန်လိုက်တယ်!!!]

အဆုံးတွင် ရှီရန် အ​လျှော့​ပေးလိုက်ရသည်။

ထို့ကြောင့် ရူရူသည် သူမနှင့်ချူးကျင်းချန်းအကြားတွင် လှဲအိပ်နေရသည်။

လောလောဆယ်အချိန်အတွင်း သူတို့နှစ်ယောက်က ငြိမ်သက်အေးချမ်းမှုကိုရနိုင်တော့မည်ဟု တွေးလိုက်သောအချိန်တွင် ရူရူက ချူးကျင်းချန်းကို ကြည်လင်သောမျက်လုံးနဲ့ကြည့်လိုက်ပြီး "ဒယ်ဒီရူရူကို သီချင်းဆိုချော့သိပ်​ပေး" လို့ ပြတ်ပြတ်သားသားပြောလိုက်သည်။

ချူးကျင်းချန်းသည် ခဏတာအံ့အားသင့်သွားပြီး သူ့နှုတ်ခမ်းကအပြုံးမှေးမှိန်သွားသည်။ ထို့နောက် သူ စိတ်ရှည်ရှည်ဖြင့်က​လေးအားချော့သည်။ "ကောင်းကောင်းအိပ်တော့"

"ရူရူသီချင်းဆိုသံကိုကြားချင်တယ်" ရူရူနှုတ်ခမ်းစူလိုက်သည်။

ရှီရန်သည် ချူးကျင်းချန်းကို ကြည့်လိုက်သည်။ "ကလေးရဲ့တောင်းဆိုမှုကို ငြင်းဆန်ရမှာက ရှင့်အတွက်ခက်ခဲတယ်မဟုတ်လား"

ချူးကျင်းချန်း :"..."