Chapter 7
Viewers 2k

🧶 Chapter 7

ရယ်စရာကောင်းလိုက်တာ



ည ၁၁ နာရီထိုးသည်အထိ လိထျင်း သူ့ကို ထပ်မံ မနှောင့်ယှက်လာချေ။ ရွှီကျိက ဧည့်ခန်းကြမ်းပြင်ထက်တွင် တိတ်ဆိတ်စွာ ထိုင်လျက် ဇာတ်ညွှန်းရေးသားနေပြီး ခဏအကြာတွင် သူ့ဖုန်း မြည်လာသည်။


သူ မျှော်လင့်ထားပြီးသားပင်။ သူက ခေါ်ဆိုသူနံပါတ်ကို ကြည့်ပင် မကြည့်ချေ။ ဖုန်းကို တိုက်ရိုက်ကောက်ယူကာ နားရွက်အနားသို့ ကပ်လိုက်၏။

"ဟယ်လို အဖေ…"


"မင်း ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်နေတာလဲကွ…" 

ရွှီချန်းယွဲ့မှာ တကယ့်ကို ဒေါသထွက်နေ၏။

"အခု ဘယ်အချိန်ရှိနေပြီလဲ ကြည့်စမ်း လိထျင်းကို မြန်မြန်အထဲဝင်ခိုင်းလိုက်…"


ရွှီကျိ သူ့မျက်လုံးတို့ကိုမှိတ်လိုက်ပြီး စိတ်ဖြေလျှော့ကာ ဆိုဖာခုံပေါ် ခေါင်းတင်လျက် အနားယူလိုက်သည်။ 

"မရဘူး…" 


"မင်းမှာ ကိုယ်ချင်းစာစိတ် မရှိဘူးလား မင်း လူတစ်ယောက်ကို အပြင်မှာ တစ်ညလုံး စောင့်ရအောင်လုပ်နေတာပဲ…" 

ရွှီချန်းယွဲ့က အော်လိုက်သည်။

 "ပြီးတော့ ဒီကိစ္စကို လုပ်ငန်းနယ်ပယ်ထဲကလူတွေ မြင်ရင် ဘာပြောကြမလဲသိရဲ့လား… ရွှီမိသားစုရဲ့ တစ်ဦးတည်းသောသားက သူနဲ့လက်ထပ်ထားပြီးစ ဇနီးကို အနိုင်ကျင့်တယ်… အိမ်အပြင်မှာ ပိတ်ထားပြီး အိမ်ထဲကို ပေးမဝင်ဘူးလို့ ပြောကြမှာကွ…"


မသင့်လျော်၍သာမဟုတ်ပါက ရွှီကျိမှာ အသံထွက်ကာ ရယ်မိပေလိမ့်မည်။

 "ကျွန်တော် လူပြောခံရမှာကို မကြောက်ဘူး…"


ရွှီချန်းယွဲ့ တိတ်ဆိတ်သွားပြီး ဒေါသတကြီး အသက်ရှူနေသည်။ ရွှီကျိက သူ့စိတ်ထဲမှနေ၍ထိုသူ ဆက်ပြောမည်တို့ကို တွေးမိပြီးဖြစ်၏။ 

*မင်းက မရှက်တတ်လို့ သူများပြောတာကို ဂရုမစိုက်ပေမဲ့ ငါ့ဂုဏ်သိက္ခာက ရှိနေသေးတယ်ကွ*


"မင်းသားကို မင်းပဲပြောတော့…" 

ရွှီချန်းယွဲ့က သူ့ဖုန်းကို သူ့ဇနီးထံ ပစ်ပေးလိုက်သည်။ 

"သူ့အသက်က ၂၆ နှစ်ရှိနေပြီ ဘာက ရှက်စရာကောင်းလဲတောင် မသိသေးဘူး… ဒီလို ထူးဆန်းတဲ့ကောင်ကို မင်းမွေးထားတာ…"


"သူက ငကြောင်ဖြစ်နေရင်တောင် ရှင့်သားပဲလေ…" 

ချန်လျန့်က ပြောလိုက်သည်။

 "ကျွန်မ ဘာအမှားမှ မလုပ်ထားဘူး ဒါတွေအားလုံး ရှင့်ဆီက အမွေရထားတာပဲ…"


ရွှီကျိမှာ သူ့ဖခင် တံခါးအားဆောင့်ပိတ်လိုက်သံကို ကြားလိုက်ရသလိုပင်။


ထို့နောက် ချန်လျန့်က သူ့အား ပြောလိုက်သည်။

“သား အဓိကက ဒီအကြောင်းတွေ လုပ်ငန်းနယ်ပယ်မှာ ပျံ့နှံ့သွားရင် ကုမ္ပဏီအတွက်ရော သားအတွက်ရော မကောင်းဘူး အမေပြောချင်တာကို နားလည်လား…”  


ရွှီကျိက ရှင်းလင်းအောင် ပြောလိုက်သည်။

 â€œá€€á€ťá€˝á€”်တ္ဏ်ပဟ္ဏပဟဎးသဏး သူ့ကို အထဲပေးမဝင်နိုင်ဘူး…”


ချန်လျန့်လည်း အနည်းငယ်မျှ ဒေါသထွက်လာသည်။

 â€œá€™á€”က်ပိုင်း ၂ နာရီ ၃ နာရီလောက်လေးတောင် သူ့ကို အထဲပေးမဝင်နိုင်ဘူးလား…”


ရွှီကျိက ခေါင်းကို နောက်လှန်လျက်မော့လိုက်ရာ လည်ဇလုတ်လေး ပေါ်လာသည်။ 

"အချိန်က ဘာအရေးပါလို့လဲ… နောက်နေ့ကူးလို့ မနက်လင်းရင်တောင် ဘာမှကွာခြားသွားမှာ မဟုတ်ဘူး…"


ချန်လျန့်တစ်ယောက် သိသိသာသာပင် အတော်လေး စိတ်ဆိုးဒေါသထွက်သွားရပြီး စကားပင် မပြောနိုင်တော့ပေ။


တစ်ယောက်ယောက်ကို တံခါးအပြင်ဘက်၌ တစ်ညလုံး စောင့်ခိုင်းထားခြင်းမှာ မှန်ကန်သည့်ဖြေရှင်းနည်းမဟုတ်ပေ။ ရွှီကျိအနေဖြင့် လိထျင်းကို သဘောမကျလျှင်ပင် နာကျင်ထိခိုက်အောင် လုပ်ခြင်းက အဓိပ္ပါယ်မရှိချေ။


သူက ပြောလိုက်၏။ 

“အမေ ကျွန်တော့်မှာ ဖြေရှင်းနည်း နှစ်မျိုးရှိတယ်… ပထမတစ်ခုက အခုပဲ သူ့ကို အိမ်ပြန်ခေါ်လိုက် ပြီးရင် ကျွန်တော် အိမ်ကို တစ်ပတ်ကို နှစ်ခါ ပြန်လာပေးမယ်… အမေ သဘောမတူလည်း ရပါတယ် ဘာလို့လဲဆိုတော့ ဒုတိယဖြေရှင်းနည်းက သူဟိုတယ်မှာ နေဖို့ ကျွန်တော်သူ့ကို ပိုက်ဆံပေးလိုက်မယ် ပြီးတာနဲ့ သူ့ကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူး…"


လိထျင်းတစ်ယောက် ခရီးဆောင်အိတ်ပေါ်တွင် လှဲလျောင်းကာ ငိုက်မျဥ်းနေစဥ် ချန်လျန့်က သူ့ကို ရုတ်တရက်ဖုန်းခေါ်ကာ အိမ်ပြန်လာခိုင်းသည်။


ဖုန်းချပြီးနောက် ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရာ ၁၁နာရီ၂၉မိနစ်ကို ပြသနေ၏။ သူ့မျက်နှာအမူအရာမှာ မှောင်မိုက်သွားသည်။ ထိုအချိန်တွင် ရွှီကျိက တံခါးဖွင့်ပြီး ပြောလာ၏။

“အိမ်ပြန်တော့…” 


လိထျင်း၏ ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးတို့မှာလည်း မှေးစင်းနေဆဲဖြစ်ရာ ဆန့်ကျင်ဘက်အနေဖြင့် လျော့ရဲနေသည့် အလှကို ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားပြီး ခရီးဆောင်အိတ်၏လက်ကိုင်ကို ကိုင်ကာ ထရပ်လိုက်သည်။


ရွှီကျိအနေဖြင့် တစ်ဖက်လူမှာ အမှန်ပင် အလွန်ကြည့်ကောင်းသည်ကိုမူ ဝန်ခံရပေမည်။ သူ မပြုံးဘဲရှိနေချိန်တွင် သူ့မျက်နှာလေးက အေးစက်နေပြီး စွဲမက်ဖွယ်ကောင်း၏။ သို့သော်လည်း လက်ရှိ သူ့အမူအရာမှာ ရွှီကျိထံလာပြီး ရိုက်နှက်တော့မည့်ဟန်ပေါက်နေသည်။


သူကလည်း လှုပ်ရှားမှုတို့ကင်းမဲ့စွာဖြင့် တံခါးကို မှီလျက် မျက်လွှာချထားကာ သူတို့နှစ်ဦးသားက တွဲဖက်ညီနေသည်။


လိထျင်းက သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ခေါင်းကို မော့လိုက်သည်။ သူ့နှုတ်ခမ်းများက တစ်တန်းတည်းဖြစ်နေပြီး သူ၏ ကော့တက်နေသည့် မျက်လုံးထောင့်များက ချိတ်တစ်ခုနှယ်ရှိနေသည်။


ရွှီကျိက လက်ကို မြှောက်လျက် ခုခံရန်ဖြစ်စေ၊ စတင်တိုက်ခိုက်ရန်ဖြစ်စေ အသင့်ပြင်ထားပြီးဖြစ်၏။ မမျှော်လင့်ထားစွာပင် လိထျင်းက မျက်ခုံးကို ကွေးလျက် သူ့ကို ကြည့်လိုက်ပြီး လက်ဖဝါးဖြန့်ကာ ပြောလိုက်သည်။

“ကျွန်တော့်မှာ တက္ကစီခပေးစရာမရှိဘူး…”


ရွှီကျိသည်လည်း မျက်ခုံးများကို တွန့်ချိုးလိုက်မိသည်။ သူ ငွေသားအချို့ကို ကမ်းပေးလိုက်သည်။ လိထျင်းက အပြုံးမျက်နှာလေးဖြင့် ယူကာ သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။


သူက ဆိုသည်။

"ငါ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေနေ့တွေတိုင်းမှာ အိမ်ပြန်လာမယ်…" 


လိထျင်းက ခဏမျှရပ်နေပြီး ပြုံးလျက်ပြောလာ၏။

 "ကောင်းပါပြီ ကျွန်တော် ခင်ဗျားကို ဖုန်းခေါ်ပါ့မယ် ခင်ဗျားအတွက် ချက်ပြုတ်ပေးစေချင်သေးလား…" 


"မလိုဘူး…" 

ရွှီကျိက ပြန်ဖြေသည်။


လိထျင်း ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရွှီကျိက တံခါးကို ပိတ်ကာ သက်ပြင်းချလိုက်သည်။ ပင်ပန်းလွန်းသဖြင့် သူ့မျက်လုံးများကို ဖွင့်မထားနိုင်တော့ချေ။


သူ၏ဇီဝနာရီအရ ည ၁၁ နာရီမှ နံနက် ၇ နာရီခွဲအထိ အိပ်စက်ရန်လိုအပ်သည်။ အကြောင်းမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ရန်နှင့် ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ရာ လေ့ကျင့်ခန်းလုပ်ရန်လိုအပ်၍ပင်။ ဆိုရလျှင် သူ့အသက်မှာ ၂၆ နှစ် ရှိနေပြီဖြစ်ရာ အသက် ၂၀ ကျော်စ အရွယ်ကကဲ့သို့ တစ်ညလုံး မအိပ်ဘဲမနေနိုင်တော့ပေ။ ထိုသို့နေမိပါက နောက်နေ့တွင် တက်ကြွလန်းဆန်းနေနိုင်တော့မည် မဟုတ်ပေ။


လိထျင်း ပြန်သွားပြီးနောက် သူ့ထံက မည်သည့်သတင်းမှ မကြားရတော့ပေပေ။ သူက နောက်ဗုဒ္ဓဟူးနေ့၌သာ အခြေအနေကိုမေးမြန်းရန် ဖုန်းခေါ်ခဲ့၏။


ရွှီကျိမှာ ကတိတည်သူဖြစ်သည်။ သူက အမြဲလိုလို အိမ်သို့မပြန်မီ ညစာကို အပြင်တွင် စားတတ်ပြီး သူပြန်သွားချိန်တိုင်း၌လည်း လိထျင်းက သူ့ကိုလာမနှောင့်ယှက်ချေ။


သူတို့က အချင်းချင်း အနှောင့်အယှက် မပေးခဲ့ကြချေ။ နောက်ဗုဒ္ဓဟူးနေ့တွင်လည်း လိထျင်းက ပုံမှန်အတိုင်း ရွှီကျိ အိမ်ပြန်လာမလာကို ဖုန်းဆက်မေးပြန်သည်။


"အင်း ဟုတ်တယ် မီးကို ညာဘက် နည်းနည်းရွှေ့လိုက်ဦး မစ္စမော့ကို မိတ်ကပ်ပြင်ပြီးပြီလား မေးလိုက်…" 


ရွှီကျိ အလုပ်များနေသည်။ သူ့လက်နှစ်ဖက်ဖြင့် အလုပ်အချို့ကို တည်းဖြတ်နေရာ သူက ဖုန်းကို ပခုံးနှင့် နားကြားတွင် ညှပ်ထားရ၏။ ယနေ့တွင် အလုပ်အတူတွဲလုပ်သည့် အနုပညာရှင်က အကြောင်းတစ်ခုခုကြောင့် သုံးနာရီခန့် နောက်ကျနေသဖြင့် သူတို့ အချိန်ပိုလုပ်ရနိုင်ချေ ရှိသည်။


သူက ပြောလိုက်သည်။

 "ဒီညတော့ ပြန်မလာတော့ဘူး မနက်ဖြန်မှ လာခဲ့မယ်…" 


လိထျင်းက စိတ်ပျက်သွားမှုနှင့်အတူ နှမြောတသဖြစ်ဟန်ဖြင့် သံရှည်ဆွဲလျက် "အာ..."ဟူ၍ ညည်းတွားလိုက်သည်။ 

"နှမြောစရာပဲ ဒီည ညစာကို အများကြီး ချက်မိသွားတယ် ကျွန်တော်တစ်ယောက်တည်း ဘယ်လိုမှ ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး..."


ရွှီကျိတွင် လိထျင်း၏ အရေးမပါသော စကားများကို နားထောင်ရန် အချိန်မရှိသဖြင့် ဖုန်းကို တိုက်ရိုက်ပင် ချလိုက်သည်။


မမျှော်လင့်ဘဲ ရိုက်ကူးမှုစပြီး နှစ်နာရီအကြာတွင် အနုပညာရှင်မှာ အရေးပေါ်ကိစ္စတစ်ခုကြောင့် ထွက်သွားသည်။ ရွှီကျိက အရပ်ရှည်သူတစ်ဦးဖြစ်ပြီး စတူဒီယိုထဲတွင် အမူအရာမဲ့စွာ ရပ်နေရင်း လက်ထဲမှ ဘောပင်ကို လှည့်နေလိုက်သည်။


မန်နေဂျာက သူ့အား ရှက်ရွံ့သလို တောင်းပန်လာသော်လည်း သူ၏စကားတို့တွင် ထိုသို့သောဖြစ်ရပ်မျိုး ထပ်မံဖြစ်လာနိုင်သည်ဟူသည့် အရိပ်အမြွက်တို့စွက်နေသည်။


ရွှီကျိက ဘာမှခွန်းတုံ့ပြန်မနေဘဲ လက်ကိုမြှောက်လိုက်ကာ ဆက်တိုက်စကားပြောနေသည့် မန်နေဂျာအား ရပ်တန့်လိုက်သည်။


သူက ပြောလိုက်သည်။

"ဒါမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်ရင် ဒီအနုပညာရှင်နဲ့ ပတ်သက်တဲ့ ဘယ်အလုပ်ကိုမှ ကျွန်တော်တို့ဘက်က လက်ခံတော့မှာမဟုတ်ဘူး… စာချုပ်ထဲမှာ အနုပညာရှင်ဘက်က နောက်ကျတာ ဒါမှမဟုတ် သုံးကြိမ်စောပြန်တာမျိုးဖြစ်ရင် ပူးပေါင်းဆောင်ရွက်မှုကို တိုက်ရိုက်ရပ်ဆိုင်းမဲ့အကြောင်း သေချာရေးထားပြီးသားပါ…"  


မန်နေဂျာက 'Will' ဒါရိုက်တာမှာ ကောလဟာလတွေအတိုင်း တကယ်ကို အေးစက်ပြီး ပေါင်းသင်းရခက်သည်ဟု စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်မိသည်။ 


ဒါပေမဲ့ သူက အလုပ်လုပ်တာတော်တော့ လူအများကြီးက သူ့နဲ့အတူတူ အလုပ်လုပ်ချင်နေကြတုန်းပဲ…


"ဟေး လောင်ယန် ခင်ဗျားတို့ အလုပ်များတာကို ကျွန်တော်တို့ နားလည်မပေးတာ မဟုတ်ဘူးနော်…" 

ချူချီက သူ့သူဌေး အနိုင်ကျင့်ခံရမည် စိုးရိမ်သဖြင့် နောက်တွင်ရပ်လျက် ထေ့ငေါ့ကာ ပြောလိုက်သည်။


"ဒါပေမယ့် ခင်ဗျားတို့ဘက်တို့လည်း ကျွန်တော်တို့ဘက်ကို နားလည်ပေးဖို့ လိုတယ်လေ… ဒီတစ်ကြိမ် သုံးနာရီ နောက်ကျတာကိုတော့ လျစ်လျူရှုပေးလိုက်မယ်... ခင်ဗျားတို့ကို စောင့်ပေးနိုင်တာကို အတော်လေး ကံကောင်းနေပြီ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ဒီနယ်ပယ်ထဲကလူတွေပဲလေ… ရိုက်ကူးရေးအတွက် ပြင်ဆင်တာနဲ့တင် ငွေအကုန်ကျများလို့ ကျွန်တော့်နှလုံးတောင်နာတယ် ဒါက ကျွန်တော်တို့ စတူဒီယိုတစ်ခုလုံးက ခင်ဗျားတို့ကို တစ်နေကုန် ဖျော်ဖြေပေးရသလို ဖြစ်မနေဘူးလား… ပြီးတော့ ကျွန်တော့်သူဌေးပဲ အရှုံးပေါ်နေတာ ဒါကြီးက မမျှတဘူးလေ ဟုတ်တယ်ဟုတ်…"


မန်နေဂျာက ခါးသက်သက်ပြုံးလိုက်ပြီး ထပ်မံတောင်းပန်ကာ နောက်ထပ်ထိုသို့ ဖြစ်မည်မဟုတ်ကြောင်း ကတိပေးလာသည်။


လူအုပ်ကြီး ထွက်သွားပြီးနောက် ချူချီက "ထွီ" ဟူ၍ တံတွေးထွေးလိုက်သည်။ ကြက်တောင်စည်းလေးက အနည်းငယ်တုန်ခါသွားပြီး သူက ပြောလိုက်၏။

"သူ့ကို အဲဒီပုံနဲ့မြင်ရတာ စိတ်ပျက်ချက်ပဲ ပြီးတော့ သူက အရေးကြီးပုဂ္ဂိုလ်လိုလုပ်နေတာ တကယ့်ကောင်စုတ်လေး…"


ဤသို့သောဖြစ်ရပ်မျိုးက တစ်ကြိမ်နှစ်ကြိမ်မက ဖြစ်ခဲ့ဖူးသည်။ စတူဒီယို စတင်တည်ထောင်စဥ်က လူအများက သူတို့ကို လူဟုပင် မသတ်မှတ်ခဲ့ကြချေ။ ရွှီကျိမှာ ကံမကောင်း၍ဖြစ်သည်ဟုသာ တွေးမိပြီး ပြောစရာစကားပင်ရှာမရချေ။


သူက ပြောလိုက်သည်။

 "ငါတို့တွေ ပူးပေါင်းရေးသဘောတူညီချက်တွေကို ပြောင်းလဲဖို့လိုပြီ… တကယ့်အရေးကြီးကိစ္စမဟုတ်ရင် နောက်ကျတာပဲဖြစ်ဖြစ် စောပြန်တာပဲဖြစ်ဖြစ် တစ်ကြိမ်လေးတောင်မှ လက်ခံလို့မရဘူး…" 


ချူချီက အခိုင်အမာ သဘောတူလိုက်သည်။

 "လုပ်သင့်တယ် ငါတို့က သူတို့အပေါ် အရမ်းကောင်းပေးလွန်းတယ်… ငါ့တို့အချိန်ဇယားက ဒီနှစ် ဒုတိယနှစ်ဝက်အထိ ပြည့်နေပြီ… သူတို့က သူတို့ကိုယ်သူတို့ အရမ်းအရေးကြီးတယ်လို့ ထင်နေကြတာလား…"


ရွှီကျိက လက်ဝှေ့ယမ်းပြလိုက်သည်။ 

“ကောင်းပြီ အားလုံးပဲ ဒီနေ့တော့ ဒီလောက်နဲ့ရပ်ကြစို့… မင်းတို့လည်း ပင်ပန်းကြပြီ မနက်ဖြန် မင်းတို့ကို ငါနေ့လယ်စာကျွေးမယ်…”


သွားလိုက်ပြန်လိုက်ဖြင့် ပုံမှန်ထက် နာရီဝက်သာ နောက်ကျပြီး အလုပ်ဆင်းလိုက်ရသည်။ မနက်ဖြန်ညတွင် အလုပ်အချိန်ပိုဆင်းရမည်ဖြစ်၍ ရွှီကျိက အိမ်ကို ယနေ့ညပြန်လိုက်သည်က ပိုကောင်းသည်ဟု တွေးလိုက်သည်။ သူက လိထျင်းကို ဖုန်းဆက်ပြီး အကြောင်းကြားမနေပေ။


လမ်းအကွေ့သို့ရောက်ချိန်တွင် တစ်ခုခု ထူးဆန်းနေသလို သူခံစားလိုက်ရသည်။ မီးများပိတ်ထားသဖြင့် မှောင်မည်းနေသော ပြတင်းပေါက်များကိုသာ မြင်ရသည်။


ရွှီကျိက အကျင့်အတိုင်း ဘယ်ဘက်မျက်ခုံးကို ပင့်လိုက်သည်။ သူက ကမ္ဘာကြီးကွဲအက်သွားစေနိုင်သည့် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်မိတော့မလို ခံစားလိုက်ရသည်။


သူက ကားပါကင်ထိုးပြီးနောက် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သည်။ "ပီ" ဟူသော အသံနှင့်အတူ မီးများကိုဖွင့်လိုက်ပြီး ခေါ်လိုက်သည်။

"လိထျင်း..." 


အင်း လူတစ်ယောက်မှ မရှိဘူးပဲ…


ရွှီကျိ မီးဖိုချောင်ထဲဝင်ကာ ထမင်းပေါင်းအိုးကို ဖွင့်ကြည့်လိုက်ရာ ထမင်းမဆိုထားနှင့်၊ ရေတစ်ပေါက်ပင် မတွေ့ရချေ။

 

သူက လိထျင်း၏ ဟန်ဆောင်မှုတို့ပြည့်နေသောအသံကို ပြန်သတိရသွားသည်။

 "အာ... နှမြောစရာပဲ... ဒီည ညစာကို အများကြီး ချက်မိသွားတယ်…"


သို့သော်လည်း ယင်းက ရွှီကျိအပေါ် ဘာမှမသက်ရောက်ချေ။ သူက သူ့အလုပ်များကိုသာ ဆက်လုပ်နေလိုက်သည်။ လိထျင်းက မည်မျှနောက်ကျသည်အထိ အပြင်တွင်နေသည်ကို သူကိုယ်တိုင် မြင်ရမှဖြစ်မည်။ 


လိထျင်းက တစ်ညလုံး အပြင်တွင် လျှောက်ကစားနိုင်ကြောင်းကို သူ့လုပ်ရပ်များဖြင့် ရွှီကျိအား ပြသခဲ့သည်။ နောက်နေ့မနက် ရွှီကျိ နိုးလာချိန်တွင် အိမ်ထဲရှိ ပစ္စည်းများကို ယခင်အတိုင်း နေရာတကျထားလိုက်၏။ သူက ဖိနပ်များကိုလည်း တစ်စွန်းတစ်စလေးပင် မပြောင်းလဲစေဘဲ မူလနေရာအတိုင်း အတိအကျပြန်ထားလိုက်သည်။


သူက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး အလုပ်ပြန်သွားလိုက်သည်။ နေ့လယ်တွင် လိထျင်းက သူ့ကိုဖုန်းခေါ်ပြီး နူးညံ့သောလေသံဖြင့် မေးလာသည်။

 "ခင်ဗျား ဒီည ပြန်လာမှာလား…" 


ရွှီကျိက ပြန်ဖြေလိုက်သည်။

“အင်း၊ မင်း ငါ့အတွက် ချက်စရာ မလိုဘူး…”


သူတို့နှစ်ဦးက ငြိမ်းချမ်းသော နောက်ထပ်ညတစ်ညကို အတူတူ ကုန်ဆုံးခဲ့ကြသည်။


ရွှီကျိမှာ အလွန်စိတ်ရှည်သူဖြစ်ပြီး သူစိတ်ဝင်စားသည့် ကိစ္စများနှင့်ပတ်သက်လာလျှင် အချိန်မည်မျှကြာကြာ စောင့်ဆိုင်းနိုင်စွမ်း ရှိသည်။


*****


နှစ်ပတ်ကြာပြီးနောက်တွင်၊ နှင်းလျှောစီးအပန်းဖြေစခန်း၌။


နှင်းလျှောဘုတ်ပြားစီးနေစဉ် ရွှီကျိက ဘေးဘက်မှ ခုန်တက်လိုက်သည်။ သူ၏ရှေ့ခြေထောက်ကိုသုံးကာ ဖြတ်ကျော်လိုက်ပြီးနောက် ဘုတ်ပြားကို လမ်းနှင့် ထောင့်မှန်အနေအထားကျအောင်လုပ်လိုက်သည်။ သူက လမ်းပေါ်တလျှောက် အကွာအဝေးတစ်ခုအထိ ကျွမ်းကျင်ချောမွေ့စွာဖြင့် လျှောဆင်းသွားပြီးနောက် တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။


သူ့ဖုန်းမြည်လာသောအခါ သူက ပန်းပုရုပ်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ၏နှင်းတောဝတ် ဝတ်စုံထဲမှ ဖုန်းကို ထုတ်ကာ ကိုင်လိုက်သည်။


သူက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လိမ်ပြောလိုက်သည်။

 "အင်း၊ ဒီညတော့ ပြန်မလာတော့ဘူး ဒီနှစ်ရက် အချိန်ပိုလုပ်ရမှာ ပြန်လာမယ်ဆို မင်းကို ဆက်သွယ်လိုက်မယ်…"


ကျိဖန်းချီက သူ့ကို အပြစ်တင်လိုဟန်ဖြင့် ကြည့်လာသည်။

“ကော မင်းက မိသားစုကို တစ်စက်ကလေးမှ ဂရုမစိုက်တာပဲ မင်းလျှောက်ကစားချင်ရုံနဲ့ ဘာလို့မရီးကို လိမ်လိုက်တာလဲ မရီးဘယ်လောက်ပဲ မင်းကိုတုန်နေအောင် ချစ်...”


ရွှီကျိမှ သူ့ကို စူးစိုက်ကြည့်လိုက်ရာ ချက်ချင်းပင် နှုတ်ဆိတ်သွားသည်။


ထိုညတွင် သူက အေးအေးဆေးဆေးပင် အိမ်သို့ ကျွမ်းကျင်စွာ ကားမောင်းသွားလိုက်သည်။ တစ်ဖက်လူ ထွက်ပြေးမည့်အချိန် လုံလောက်စေရန် သူက တမင်တကာ တစ်နာရီကျော် နောက်ကျအောင်နေခဲ့သည်။ ယင်းမှာ သူ့အတွက် အလွန်စဉ်းစားပေးရာပင် ရောက်နေသေးသည်။


ထင်ထားသည့်အတိုင်း လိထျင်းက အိမ်တွင် မရှိပေ။


ဤသည်ကို မြင်လိုက်ရပြီးနောက် ရွှီကျိက မနေနိုင်ဘဲ လှောင်ပြုံးပြုံးလိုက်မိသည်။ သူက အခြားမည်သည့် ခံစားချက်မှ မရှိသလို လှည့်စားခံရ၍လည်း ဒေါသမထွက်သွားပေ။ ရယ်စရာကောင်းသည်ဟုသာ ထင်မိ၏။


ဒီကောင်လေးက တကယ်ကို လျှောက်ပတ်ကစားရတာကို ကြိုက်ရဲ့သားနဲ့ အမြဲတမ်း လူလိမ္မာယောင်ဆောင်နေတာပဲ…


သူ့အတွက် ထိုမျှ ရယ်စရာကောင်းသည့် ကိစ္စမျိုးကို မတွေ့ခဲ့ရသည်မှာ အတော်ကြာပြီပင်။



🧶🧶🧶