Chapter 5
Viewers 2k

🧶 Chapter 5

ကျွန်တော်က အခု ခင်ဗျားအပိုင်လေ



ဤတစ်ကြိမ်တွင်မူ ရွှီကျိက အတွေ့အကြုံမှ သင်ယူခဲ့၏။ သူတံခါးမှဝင်လိုက်သည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ စာကြည့်ခန်းထံတိုက်ရိုက်သွားလိုက်ကာ စာရွက်စာတမ်းများကို တတ်နိုင်သမျှယူခြင်းဖြစ်၏။


သူက ညစာစားချိန်၌ ပြန်လာခြင်းဖြစ်ရာ လိထျင်းခေါက်ဆွဲစားနေသည်နှင့် ကြုံကြိုက်သွားသည်။ ရွှီကျိက တစ်ချက်သာကြည့်လိုက်သည်။ ယင်းက အသင့်စားခေါက်ဆွဲဖြစ်ပုံရပြီး MSG[ဟင်းချိုမှုန့်]နံ့ပင် ရနေ၏။


လိထျင်းက သူ့အတွေးတို့ကို နားလည်သွားပုံပေါ်ပြီး သူ့ကိုပြုံးပြလျက်ဆိုသည်။

 "ခင်ဗျား ထမင်းမစားဘူးဆိုလို့ ရိုးရိုးရှင်းရှင်းပဲ ချက်လိုက်တာပါ…"


ရွှီကျိက ဘာမှမပြောဘဲ ထွက်သွားသည်။


နောက်လမှစ၍ သူအိမ်ကို ဘယ်တော့မှ ပြန်မလာတော့ပေ။


စတူဒီယိုမှ ပရောဂျက်အသစ်တစ်ခုကို လက်ခံထားပြီး သဘာဝကျကျပင် သူက ဒါရိုက်တာအဖြစ် အရာရာကို ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်ရသည်။ ပထမ၌ လိထျင်းက ရွှီကျိအကြောင်းကို မေးရန် ဖုန်းခေါ်သေးသည်။ သို့သော်လည်း နောက်ပိုင်း၌ ရွှီကျိက လတ်တလောတွင် ပြန်လာမည်မဟုတ်ကြောင်းနှင့် ထပ်မံဖုန်းမခေါ်ရန် တိုက်ရိုက်ပင်ပြောလိုက်သည်။


ထိုအချိန်မှစ၍ ဖုန်းခေါ်ဆိုမှုများ မရှိတော့ပေ။ နောက်ဆုံးတွင် ရွှီကျိသည်လည်း အေးချမ်းတိတ်ဆိတ်မှုကို ခံစားခွင့်ရသွားသည်။


"ပြီးသွားပြီ အားလုံးကြိုးစားခဲ့ကြတယ် ငါ့လူတို့…"

ထုတ်လုပ်ရေးမန်နေဂျာက အော်လိုက်ပြီး အားလုံးက သြဘာပေးလိုက်ကြသည်။


ရွှီကျိက သူ၏ တောင့်တင်းနေသောလည်ပင်းကို လှုပ်ရှားလိုက်ပြီး ထိုင်ခုံတွင် ပြန်မှီလိုက်ကာ အယ်ဒီတာက ရိုက်ကူးထားသည်တို့ကို သေသပ်အောင် တည်းဖြတ်နေသည်အား ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ပွင့် ရှိနေသည်။


တည်းဖြတ်သူမှာ မိန်းမငယ်လေးတစ်ဦးဖြစ်သည်။ သူမ၏ မျက်နှာတစ်ခုလုံးက နီရဲနေပြီး မော့မကြည့်ရဲပေ။


ကြော်ငြာများတွင် လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာအထူးပြုလုပ်ချက်များ သို့မဟုတ် ဟာသဆန်ဆန် ဆွဲဆောင်နိုင်စွမ်းရှိသည့်အရာတစ်ခုခု လိုအပ်သည်။ ရွှီကျိ၏ ဖန်တီးမှုပုံစံမှာမူ တစ်ရာရာခိုင်နှုန်း ပထမတစ်ခု (ရုပ်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များ)ပင်ဖြစ်သည်။အကြောင်းပြချက်မှာ ရိုးရှင်း၏။

စကားလုံးတစ်လုံးတည်းသာ။ ယင်းမှာ "အမိုက်စား"ဟူ၍။


Willကုမ္ပဏီမှ အကြီးပိုင်းဝန်ထမ်းများမှာ ကျောင်းတက်စဉ်ကတည်းက ရွှီကျိနှင့်အတူ စတင်လုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်။ ချူချီ ၊ အတွင်းရေးမှူးချန်၊ လက်ထောက်ဓာတ်ပုံဆရာနှင့် မီးအလင်းအမှောင်ပညာရှင်အားလုံးပင်။


သူ၏သူဌေးဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ရွှီကျိမှာ အတော်လေး ကျေနပ်နေကြောင်းလို ချူချီ သိလိုက်သည်။ သူ၏ အသစ်လုပ်ထားသော လက်သည်းများမှာလည်း တလက်လက်တောက်ပနေပြီး ရွှီကျိ၏ မျက်လုံးများကိုပင် ကန်းသွားစေနိုင်လောက်သည်။ 


သူက ပြောလိုက်၏။


"ဘော့စ်ရေ တို့တွေ ဒီလောက်ထိတောင် အလုပ်ကြိုးစားခဲ့တာပဲဟာ ဒီည ညစာလိုက်ကျွေးပါလားနော်…" 


ရွှီကျိက အသံထွက်အောင်ရယ်လိုက်သည်။ 

"မင်းက ငါ့ပိုက်ဆံအိတ်ထဲကနေ စားရမယ့်အချိန်ကိုပဲ အမြဲစောင့်နေတာနော်…"


ချူချီက သူ့ကို ရွှတ်နောက်နောက်ဖြင့် တွန်းထုတ်ကာ ဆိုလိုက်၏။

 "လူလိမ်ကောင်…" 


လူအများ ပြောလေ့ရှိသည်က အနုပညာနယ်ပယ်တွင် ဆန့်ကျင်ဘက်လိင်သဘောကျသူများကိုသာစုပြီး မာကျောက် ကစားရန်မှာ ခက်ခဲသည်ဟု ဆိုကြသည်။


ချူချီနှင့် ရွှီကျိတို့မှာ တက္ကသိုလ်တက်စဉ်က အတန်းဖော်များဖြစ်ကြသည့်အပြင် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြသည်။ ထို့ကြောင့် ရွှီကျိ စိတ်ဆိုးမည်မဟုတ်ကြောင်းကို ချူချီ သိ၏။ သို့သော်လည်း အကယ်၍ တခြားသူတစ်ဦးသာ ဖြစ်နေပါလျှင် ရလဒ်က ကွဲပြားသွားနိုင်သည်။


လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူတို့ လက်ထောက်ထုတ်လုပ်သူအသစ်တစ်ဦးကို ငှားရမ်းခဲ့သည်။ ထိုလက်ထောက်မှာ လိင်တူချင်းစိတ်ဝင်စားသည့် အောက်ပုဂ္ဂိုလ်သူတစ်ဦး ဖြစ်သည်။ ချူချီမှ ရွှီကျိအား ဆက်ဆံပုံကို မြင်ပြီးနောက် ထိုလက်ထောက်သည်လည်း သူ့ကိုယ်သူ ရွှီကျိထံပစ်ဝင်လိုက်ရန် ကြိုးစားလာခဲ့သည်။ အကြိမ်များစွာ သတိပေးခဲ့သော်လည်း တစ်ဖက်လူက လုံးဝလျစ်လျူခဲ့သဖြင့် ရွှီကျိက ထိုလက်ထောက်အောက်ပုဂ္ဂိုလ်လေး၏ လက်ကို ရိုးရှင်းစွာပင် ရိုက်ချိုးပစ်လိုက်လေသည်။


ချူချီမှာ သူ ထိုအောက်ပုဂ္ဂိုလ်လက်ထောက်လေးအား ကြောက်ရွံ့စွာ ကြည့်ခဲ့မိသည်ကို ယခုထိတိုင် မှတ်မိနေသေးသည်။ ထို့နောက် သူ့လက်သူလည်း ပြန်ကြည့်မိသွားခဲ့သည်။


ရွှီကျိက သူ့အားနှစ်သိမ့်ပေးခဲ့၏။

"စိတ်မပူစမ်းပါနဲ့ကွာ ငါမင်းလက်ကို မချိုးပါဘူး…"


ရွှီကျိနှင့် အတူအချိန်ကုန်ဆုံးဖူးသူတိုင်းက သူ့ကို "ပေါင်းသင်းရခက်သူ" ဟု တံဆိပ်ကပ်ကြလိမ့်မည်။ သို့သော်လည်း သူငယ်ချင်းများအတွက်ဆိုလျှင် ရွှီကျိမှာ လုံးဝတွန့်ဆုတ်မနေတတ်ပေ။ သူက အဆုံးထိ အတူရှိနေပေးတတ်ပြီး "သစ္စာရှိခြင်း" ဟူသော စကားလုံးအား ရှင်းလင်းအောင် ဖော်ပြနိုင်သူတစ်ယောက်ဖြစ်၏။


လိုအပ်ချက်ဟူ၍ ရွှီကျိ၏ မိတ်ဆွေအပေါင်းအသင်းအသိုင်းအဝိုင်းအတွင်းတွင် ရှိနေရန်သာ။


"ကောင်းပြီလေ…" 

ရွှီကျီက လက်ခုပ်တီးပြီး ပြုံးကာပြောလိုက်သည်။ 

"ဒီညတော့ ညစာအတူစားကြမယ် လူတိုင်း အပင်ပန်းခံကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်…"


"ဝိုး..."


လူတိုင်းက ပိုပြီးကျယ်လောင်စွာ အော်ဟစ်သြဘာပေးလိုက်ကြသည်။


ချူချီက ရွှီကျိကို မျက်လုံးမှိတ်ပြလိုက်ရာ သူ့ခေါင်းထိပ်ရှိ ကြက်တောင်စည်းသေးသေးလေးက ရှေ့နောက် ယိမ်းထိုးသွားသည်။ 


"ဒီည ဘာအစီအစဉ်ရှိလဲ…"


ရွှီကျိကဆိုသည်။

 "ဘာအစီအစဉ်မှ မရှိဘူး၊ ညစာစားပြီးရင် အိမ်ပြန်တော့မယ်…" 


"ဟန်ကျင်းကအိမ်ကို ပြန်မှာလား…" 

ချူချီက မေးလိုက်သည်။

ဟန်ကျင်းမှာ သူပြောင်းရွှေ့နေထိုင်သည့် အိမ်အသစ်ပင်။ 


ရွှီကျိက ပြန်ဖြေလိုက်၏။

"အင်း…" 


"ဒါဆို မိန်းမရတာက ဘာများကောင်းတော့လို့လဲ…" 

ချူချီက နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ 

"ဒီလောက်အကြာကြီး နေလာခဲ့တဲ့အိမ်ကိုတောင် မပြန်နိုင်တော့ဘူး တခြားတစ်ယောက်ကို အလကားပေးလိုက်ရတာပဲမလား…"


ရွှီကျိက သူ့၏အိမ်ထောင်ဖက်မှာ အမျိုးသားတစ်ဦးဖြစ်ကြောင်းကို ချူချီအား မပြောရသေးပေ။

သူက ပြောလိုက်သည်။

 "ဇနီးတစ်ယောက်ရတာက ကောင်းပါတယ် ဒါပေမဲ့ မသိတဲ့သူနဲ့ လက်ထပ်ရတာတော့ မကောင်းဘူး…" 


ထို့အပြင် သူ့ဇနီးက ဦးစွာ တံခါးလာခေါက်သူဖြစ်၏။ သူကမူ ကြိုတင်သိထားခြင်းပင် မရှိဘဲ အသိပေးခံရရုံသက်သက်သာ။


"ကျွတ် ကျွတ်" 


ချူချီက လက်သန်းကို ထောင်ပြရင်း ပြောလာသည်။ 

"စီစဉ်ပေးတဲ့ လက်ထပ်ပွဲပေါ့ အခုက ၂၂၀၂ ခုနှစ်တောင် ရောက်နေပြီကို ခေတ်နောက်ကျချက်ပဲ…"


ရွှီကျိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

 "ဘာလဲ" 


"သူဌေး၊ မင်းက တကယ်ကို ခေတ်နောက်ကျနေပြီပဲ…"

ချူချီမှာ မထိန်းနိုင်တော့ဘဲ ထုတ်ပြောလိုက်မိသည်။ သူ့တွင် မကျေနပ်မှုတို့မရှိသည့်တိုင် လွှတ်ပေးလိုက်ဖို့ရာလည်း စိတ်ကူးမရှိပေ။


 "သူဌေး ညစာစားပြီးရင် အပြင်ထွက်ပျော်ကြရင်ရော…"


ရွှီကျိမှာ ပြန်ဖြေဖို့ရာ စိတ်မပါသဖြင့် မျက်လုံးမှိတ်ထားရင်း ဆိုလိုက်သည်။ 

"မသွားဘူး…" 


သူက လူအများနှင့် ဆက်ဆံရသည်ကို မကြိုက်ခြင်း မဟုတ်သော်ငြား ချူချီ၏ လူမှုအသိုင်းအဝိုင်းမှာ "ညီအစ်မများ"ဖြင့်သာ ပြည့်နေရာ အလွန်ပင် ကြောက်စရာကောင်း၏။


သူ ချူချီ၏ သူငယ်ချင်းများဖြင့် အပြင်ထွက်ခဲ့ရသည်ကို မှတ်မိနေဆဲပင်။ ယင်းက ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်ခဲ့၏။ ထိုအချိန်က ပင့်ကူအိမ်ထဲရောက်သွားသလို ခံစားခဲ့ရသည်။ အရောင်စုံလက်သည်းရှည်များစွာက သူ့ပတ်လည်တွင် ဝဲနေပြီး ရေမွှေးနံ့များကြောင့် အာရုံထွေပြားကာ စိတ်ဖိစီးခဲ့ခဲ့ရသည်။


"ဝိုး၊ ကောကောရဲ့ ရင်အုပ်ကြွက်သားတွေက တအားကို နူးညံ့နေမှာပဲ”


“အား၊ ကောကောရဲ့ လက်မောင်းတွေကို တကယ်ကြိုက်တယ်လို့”


“ကောကော ကျွန်တော့်ကို ဘယ်လိုမြင်လဲ ကျွန်တော့်ခါးက အရမ်းကို ပျော့တာနော်၊ သူငယ်ချင်းလုပ်ကြမလား”


ရွှီကျိ ထပ်ပြီး မတွေးချင်တော့ပေ။


ချူချီက လက်သုံးချောင်းထောင်ပြီးဆိုသည်။

 â€œá€„ဍ ကျိန်တယ် ပြီးခဲ့တဲ့တစ်ခေါက်က မတော်တဆဖြစ်သွားတာပါ… ဒီတစ်ခါ ယောကျ်ားဆန်တဲ့လူတချို့ကို ခေါ်လိုက်ပါ့မယ် ဟုတ်ပြီလား… မင်းက အောက်ပုဂ္ဂိုလ်တွေအတွက်တော့ နတ်သုဒ္ဒါလိုဖြစ်နေတာကိုး မင်းရဲ့မျက်နှာလေးကို အလဟဿမဖြုန်းတီးစမ်းနဲ့…”


ရွှီကျိက သူ့ကိုယ်သူ ကြွက်သားအပြည့်ဖြင့် အောက်ပုဂ္ဂိုလ်များများ အဝိုင်းခံနေရသည်ကို စိတ်ကူးထဲ မြင်ယောင်မိသွား၏။ သူ ငြင်းရန်အပြု ဖုန်းမြည်လာသဖြင့် စကားစပြတ်သွား၏။ ဖုန်းကို ကောက်ကိုင်လိုက်သည့်အခါ ရွှီချန်းယွဲ့ထံမှ ဖြစ်နေသည်။


သူ့မျက်နှာထက်ရှိ အပြုံးတို့ ပျောက်ကွယ်သွားပြီး စောစောကအထိ ကြည်လင်နေသည့် စိတ်လေးမှာလည်း ချက်ချင်း ပျောက်သွား၏။ သူ့ရင်ဘတ်ထက်တွင် ကျောက်တုံး ကီလိုဂရမ်ဒါဇင်ပေါင်းများစွာဖြင့် အဖိခံထားရသလို ခံစားနေရသည်။


ချူချီက ရွှီကျိနှင့်သူ့မိသားစုကြားမှ ဆက်ဆံရေးကို သိထားသည့်အတွက် အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး သူအရင်ပြန်တော့မည့်အကြောင်း အချက်ပြသည်။ ရွှီကျိက ခေါင်းညိတ်ပြပြီး ဒုတိယအကြိမ် ဖုန်းမြည်လာသည်ကို စောင့်ကာ ဖုန်းကိုင်လိုက်၏။


"ဘာလို့ ဒီလောက်နောက်ကျမှ ကိုင်တာလဲ…"


"အလုပ်လုပ်နေလို့ပါ…" 

ရွှီကျိက ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။

ရွှီချန်းယွဲ့က သူ့သား၏ စွန့်ဦးတီထွင်လုပ်ငန်းများကို အမြဲလိုလို နိမ့်ကျသလို မြင်ခဲ့သူဖြစ်၏။ သူက လှောင်ပြောင်သလို ဟက်ခနဲ ရယ်သံပြုလိုက်ပြီး ဆိုသည်။


 "ဒီည အိမ်ပြန်လာခဲ့ လိမိသားစုလည်း ရောက်နေတယ် အတူတူ ညစာစားကြရအောင်…" 


"ဒီည မလာနိုင်ဘူး၊ လုပ်စရာရှိတယ်…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ ပြောလိုက်သည်။


"ဖျက်လိုက်…"

ရွှီချန်းယွဲ့က အတင်းအကျပ်တိုက်တွန်းလာ၏။


ရွှီကျိကလည်း နှာမှုတ်လိုက်သည်။

“ကျွန်တော်အရင်ကလည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ ပြောစရာရှိရင် တစ်ရက်ကြိုပြောလို့ လုပ်ရမဲ့ရက်ရောက်မှ ခေါ်ပြောရအောင် ကျွန်တော်က ခွေးမဟုတ်ဘူး…"  


ရွှီချန်းယွဲ့သည်လည်း ဒေါသထွက်သွား၏။

"ငါက ငါ့သားကို အိမ်ပြန်ညစာစားဖို့အတွက် ကြိုတင်ရက်ချိန်းယူနေရဦးမှာလားကွ…"


သူတို့ သဘောတူညီမှု မရနိုင်ကြသေးပေ။ သူတို့စကားပြောချိန်တိုင်း ထိုသို့သာ အမြဲဖြစ်ကြရ၏။ 

ရွှီကျိက သက်ပြင်းဖျော့ဖျော့ချလိုက်ပြီး ဆိုလိုက်သည်။

 "ဒီညတော့ ကျွန်တော် မလာနိုင်ဘူး ရက်ရွှေ့ရင်ရွှေ့ မဟုတ်ရင်လည်း မေ့လိုက်တော့…" 


အဆုံးထိ ခေါင်းမာနေသဖြင့် နောက်ဆုံးတွင် ရွှေ့ဆိုင်းလိုက်ရ၏။ ချန်လျန့်က သူ့ကို ဖုန်းဆက်ကာ မနက်ဖြန်တွင် လာရန်ပြောသည်။


ညနေပိုင်းတွင် သူ့မိဘများနှင့် လိမိသားစုကို မျက်နှာချင်းဆိုင်ရမည့်အကြောင်း သိထားသည့်အတွက် ရွှီကျိ တစ်နေ့လုံး စိတ်ခံစားချက်မကောင်းပေ။ သို့တိုင် သူမည်မျှပင်မလိုလားပါစေ သူလက်ထပ်ထားပြီးသည့် အချက်ကို လက်ခံပြီးသည်မှာ ကြာပြီဖြစ်၍ သူ့စိတ်ခံစားချက်မှာ ပိုမို ငြိမ်သက်သွားသည်။


ထားလိုက်တော့… လက်ထပ်ပြီးရင်တောင် ငါ့ဘဝက ဘာမှသိပ်ပြောင်းလဲမှာမှ မဟုတ်တာ… ဒီတော့ ဒီလိုပဲ နေသွားတော့မယ်…


ရွှီကျိ လက်ဗွေအာရုံခံစနစ်သော့ကို နှိပ်လိုက်ရာ တံခါးက "ကလစ်" ဟူသောအသံနှင့်အတူ ပွင့်သွား၏။ မွှေးပျံ့နေသည့် အစားအသောက်ရနံ့က သူ့ထံ ရောက်လာသည်။


ဝင်ပေါက်၏ ညာဘက်တွင် ဧည့်ခန်းနှင့်ဆက်ထားသည့် မီးဖိုချောင်ကျယ်ကြီး ရှိ၏။ ထိုနေရာတွင်အမျိုးသားတစ်ဦးက ပခုံးအထိရှည်သည့် ဆံပင်များကို နောက်တွင် စုစည်းချည်နှောင်ထားပြီး အဖြူရောင်အေပရွန်ကိုဝတ်ကာ ချက်ပြုတ်နေ၏။


“ခင်ဗျားပြန်လာပြီပဲ…” 

လိထျင်းက အသံကြားသဖြင့် ရွှီကျိကို ပြုံးကာကြည့်လာသည်။

 â€œá€Ąá€…ဏးဥသ္ဏက်တွ္က အဆင်သင့်ဖြစ်တော့မယ်…”


ရွှီကျိ သူယခင်ပြောခဲ့သည့် စကားများကို ပြန်ရုပ်သိမ်းလိုက်သည်။ အိမ်ထဲတွင် သူစိမ်းတစ်ယောက်ရှိနေခြင်းကို သူနေသားမကျသေးသဖြင့် ဘာပြောရမည်ကိုမသိဘဲ "အမ်း" ဟုသာ အသံပြုလိုက်သည်။


သူ့မိဘမျာနှင့် လိမိဘနှစ်ပါးက ဧည့်ခန်းထဲတွင် စကားပြောရင်း ရယ်မောနေကြသည်။


ချန်လျန့်က သူ့ကို ပထမဆုံး မြင်သူဖြစ်ကာ ပြောလာသည်။

"ရှောင်ကျိ ဒီမှာလာထိုင်ပါဦး…" 


ဤတစ်ကြိမ်တွင်မူ ရွှီကျိက နာခံစွာပင် ထိုင်လိုက်ပြီး လိမိသားစု၏ မြှောက်ပင့်စကားတို့ကို နားထောင်နေလိုက်သည်။ သူတို့က သူ့ကို ရွှီမိသားစု၏ တစ်ဦးတည်းသောသားပီပီ အရပ်ရှည်ကာ ရုပ်ရည်ချောမောပြီး ရွှီချန်းယွဲ့ကဲ့သို့ပင် သြဇာတိက္ကမရှိပုံပေါ်ကြောင်းတို့အား ပြောဆိုနေကြသည်။


ရွှီကျိကာ မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

"လက်ဆေးလိုက်ဦးမယ်…"


လိထျင်းပြောခဲ့သည်မှာ မှန်သည်။ အစားအသောက်များမှာ အမှန်ပင် အသင့်ဖြစ်နေပြီဖြစ်၏။ ရွှီကျိက ရေချိုးခန်းထဲတွင် ဆယ်မိနစ်မျှကြာအောင် အချိန်ဖြုန်းပြီး ပြန်ထွက်လာသည့်အခါ အစားအသောက်များက စားပွဲပေါ် အသင့်ရောက်နေ၏။


ရွှီကျိမှာ ယခင်က လိမိဘများ ရောင်းချရန် ကြိုးစားခဲ့သည့် "သိက္ခာရှိသောဇနီးကောင်း"လေး၏ အရှိန်အဝါကို မခံစားရဘဲ မနေပေ။


သက်ကြီးပိုင်းလေးဦးမှာ ထိုင်နေကြပြီ ဖြစ်သော်လည်း လိထျင်းကမူ သူ့ကို စောင့်နေပုံရသည်။


လိထျင်းက သူ၏အေပရွန်ကို ချွတ်ထားပြီးဖြစ်သည်။ နားထင်ထက်သို့ ဆံပင်အနည်းငယ် ကျနေပြီး သူ့၏မေးလေးကို ထပ်ကာထပ်ကာ ပွတ်သပ်နေသည်။ သူက ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပြီး ရွှီကျိကို ချစ်စရာကောင်းအောင် ပြုံးပြလိုက်ရာ သူ၏ အေးစက်ပြီး ခံစားချက်မရှိသလို မျက်နှာကို ချက်ချင်း အသက်ဝင်သွားစေခဲ့သည်။ သူက ပြောလာသည်။

 "ဒီမှာလာထိုင်လေ…" 


ရှေးလူကြီးတို့၏ ဆိုရိုးစကားတစ်ခုရှိသည်။ "အလှလေးတစ်ဦးသာ လည်ပြန်ကြည့်ပြီး ပြုံးလိုက်ရင် အဆတစ်ရာဆွဲဆောင်မှုရှိတယ်"ဟူ၍ပင်။ လိထျင်းကမူ လည်ပြန်လှည့်ကြည့်စရာပင်မလိုဘဲ သူ့နှုတ်ခမ်းလေးကို အသာပင့်လိုက်ရုံမျှဖြင့်ပင် လူအုပ်ကြီးတစ်အုပ်ကို သူ့အေပရွန်အောက်ကို ဝပ်တွားလာစေလောက်အောင် စေစားနိုင်သည်။


ကံမကောင်းစွာဖြင့် သူက လူမှားရွေးချယ်ကာ ပြုံးပြမိခြင်းပင်။ ရွှီကျိက ထိုသို့သောအရာများကို အလေးထားသူ မဟုတ်ပေ။ သူက နှစ်ကြိမ်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

 "မင်းပဲထိုင် ငါ့ကိုယ်ငါလုပ်နိုင်တယ်…" 


လိထျင်း၏အပြုံးမှာ မပျက်ယွင်းသွားပေ။ သူကပြောလာသည်။

 "ခင်ဗျားထိုင်ပါ၊ ခင်ဗျားအတွက် ကျွန်တော် ထိုင်ခုံကို ဆွဲထုတ်ပေးထားပြီးသားဖြစ်နေပြီ…" 


ရွှီကျီက ဘာမှမပြောဘဲ တိတ်တဆိတ်ရပ်နေသည်။ သူ့ပုံစံက "မင်းမထွက်သွားရင် ငါဒီမှာပဲ တစ်သက်လုံးရပ်နေလိုက်တော့မယ်" ဟု ပြောနေသလိုပင်။


ချန်လျန့်က ကြားဝင်ဖျန်ဖြေပေးလိုက်သည်။

"လိထျင်း မင်းပဲထိုင်လိုက်ပါ သူ့ကို ဂရုစိုက်မနေနဲ့…"


လိထျင်း သူ့ကို ဝမ်းနည်းသည့်အကြည့်ဖြင့် ကြည့်လိုက်သလို ခံစားလိုက်ရသော်ငြား ဂရုစိုက်မနေပေ။ သူက ဆွဲထုတ်ထားပြီးသား ထိုင်ခုံကို ပြန်တွန်းသွင်းလိုက်ပြီးနောက် ပြန်ဆွဲထုတ်ကာ နောက်ဆုံးတွင် ထိုင်ချလိုက်၏။


ညစာမှာ တန်ဖိုးကြီးညစာစားပွဲနှင့်တူသည်။ ဟင်းလျာများမှာ အဖြူရောင်ကြက်သားလွှာ၊ ဂျင်းနံရိုး ၊ ရတနာသုံးပါးဟင်းလျာကြော်၊ အသားလုံး စွပ်ပြုတ် ၊ အသားကြက်သွန်ဖြူကြော်နှင့် အသီးအရွက်ဆီပူလောင်းထားသည့်ဟင်းလျာတို့ ဖြစ်၏။ ဟင်းလျာခြောက်မျိုးနှင့် ဟင်းချိုတစ်မျိုး ပါဝင်ပြီး ဟင်းပွဲအလှဆင်ထားပုံနှင့် အရသာမှာ နာမည်ကြီး စားသောက်ဆိုင်များနှင့် အလွယ်လေး ယှဥ်နိုင်၏။


အထူးသဖြင့် အဖြူရောင်ကြက်သားလွှာမှာ ကြက်သားအရသာအပြည့်ရှိပြီး ကြက်သားဖြင့်တွဲစားရသည့် ကြက်သွန်မြိတ်ဂျင်းဆော့စ်မှာ မယုံနိုင်စရာကောင်းအောင် မွှေးကြိုင်နေသည်။


ဤဟင်းပွဲများကို လူတစ်ယောက်တည်းကသာ ပြင်ဆင်ရလျှင် တစ်နေကုန်လောက် အချိန်ယူရန် လိုအပ်ပေလိမ့်မည်။ ရွှီကျိက စားပွဲတစ်ဖက်ခြမ်းမှ လိထျင်းကို မသိစိတ်အရ လှမ်းကြည့်မိသွားသည်။ လိထျင်းက သူ့အကြည့်ကို သတိထားမိသွားပုံရပြီး နားမလည်သလို မော့ကြည့်လာသည်။


တစ်ဖက်လူ၏ နှုတ်ခမ်းထောင့်လေး လှုပ်ရှားသွားသည်ကို မြင်လိုက်သည်နှင့် ရွှီကျိက ချက်ချင်းပင် အခြားသို့ အကြည့်လွှဲလိုက်၏။


လိထျင်း၏မျက်နှာကလည်း ချက်ချင်းပင် အမူအရာမဲ့သွားသည်။


အတိုချုပ်ကာဆိုရလျှင် နှစ်ဖက်မိဘများက အစားအသောက်တို့ကို ချီးမွမ်းနေကြပြီး အဖေလိက အလွန်ဂုဏ်ယူစွာဖြင့် ဆိုသည်။

 "ကျွန်တော်ပြောတာ မှန်တယ်မလား လိထျင်းက ဘာမှထူးချွန်တာမရှိပေမဲ့ ချက်ပြုတ်တာတော့ တော်တယ်လို့လေ…" 


အမေလိက မေးလာသည်။

 "ရှောင်ကျိ အစားအသောက်တွေ ကောင်းရဲ့လား…" 


ရွှီကျိ ထိုစကားကို ကြားသည့်အခါ 'ခင်ဗျားက ဘာမို့လို့ ကျွန်တော့်ကို ရှောင်ကျိလို့ ခေါ်ရတာလဲ' ဟု ပြန်ပြောချင်သွား၏။ သို့သော်လည်း သူက ပြောချင်စိတ်ကို မြိုချလိုက်ပြီး ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။


"အင်း ..."

[သူယဥ်ကျေးတာက တစ်မျိုးလေး]


လိထျင်းက ထိုအဖြေကြောင့် ခဏတာ အံ့အားသင့်သွားပြီးနောက် ခေါင်းလှည့်ကာ ပြုံးလိုက်သည်။ သူ၏သွယ်လျလျ လက်ချောင်းလေးများကို ကွေးညွတ်ကာ မသိစိတ်အရ ပါးစပ်ကို ဖုံးကာထားလိုက်သည်။


ထိုပုံစံက ရွှီကျိ၏ မျက်လုံးထဲတွင် အတော်လေး နူးညံ့နေသလို မြင်နေရသည်။ သူက မျက်မှောင်ကြုတ်လိုက်မိ၏။


မိသားစုတစ်စုလုံး ပျော်ရွှင်နေကြသည့်တိုင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည့် လူနှစ်ယောက်ကမူ တိတ်ဆိတ်နေကြသည်။


ညစာစားပြီးနောက် ပန်းကန်ဆေးရန် လိထျင်းက ထရပ်လိုက်သည်။ အိမ်ရှင်မနှစ်ဦးက ဧည့်ခန်းထဲတွင် စကားပြောနေကြပြီး ရွှီချန်းယွဲ့နှင့် အဖေလိကမူ တစ်ခုခုဆွေးနွေးရန် စာကျက်ခန်းထဲသို့ သွားကြ၏။


စားပြီးသည်နှင့် ချက်ချင်းပြန်သွားခြင်းက မယဉ်ကျေးရာရောက်သဖြင့် ရွှီကျိက သူ့အခန်းထဲ သို့ပြန်သွားရန် ရွေးချယ်လိုက်သည်။


မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် သူကအခန်းထဲမှ ထွက်ပြီး နှုတ်ဆက်ကာ အရင်ပြန်ရန် ကြံစည်လိုက်သည်။


စာကြည့်ခန်းထောင့်မှ ဖြတ်သွားစဥ်တွင် အတွင်းဘက်မှ အဖေလိ၏ အသံကို ကြားလိုက်ရသည်။ သူက "စီမံကိန်း"၊ "ထောက်ပံ့သူ"နှင့် "အကူအညီ" ဟူသော စကားတို့အား ကြားလိုက်ရလေသည်။


ထိုစကားကိုကြားပြီး ရွှီကျိမှာ ရပ်တန့်မိသွား၏။ သို့သော်သူ သတိပြန်ဝင်လာပြီး ထွက်သွားရန် ကြံလိုက်စဥ် သူ့အနောက်မှလူက ပြောလာသည်။


 "ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် ခင်ဗျားအဖေကို ပိုက်ဆံထပ်မဖြုန်းဖို့ အကြံပေးမိမှာပဲ…" 


အနှီစကားကြောင့် ရွှီကျိ ခေါင်းလှည့်ကြည့်လိုက်သည်။ တစ်ဖက်လူက လှေကားထစ်ပေါ်တွင် ချွန်မြထက်ရှသည့် မေးရိုးအားဖော်ထားကာ မောက်မာဝင့်ကြွားသည့်ပုံစံဖြင့် ရပ်နေ၏။


လိထျင်းက လက်ရန်းကို မှီရပ်နေကာ သူ့အကြည့်တို့က သူ့ရှေ့ရှိလူ၏ နှာခေါင်းထက်မှ မှဲ့လေးထံ ကျရောက်နေ၏။ နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့လေးရှိနေပြီး အခိုက်အတန့်တိုင်းက ပန်းချီကားတစ်ချပ် ရပ်တန့်နေသလိုပင်။


သူက ပြောလာသည်။

"ဘာပဲလုပ်လုပ် လိမိသားစုရဲ့ကုမ္ပဏီကို ကယ်မရတော့ဘူး…" 


ရွှီကျိက အကြောင်းအရင်းကို မမေးခဲ့ချေ။ တစ်ဖက်လူက သူ့ကို ပြောပြမည်မဟုတ်ကြောင်း သူသိနေ၍ပင်။ သို့တိုင် သူ အမှန်တကယ်သိချင်နေသည့်အရာ ရှိ၏။ 


"မင်းက မင်းမိသားစုကို မကူညီချင်ဘူးလား…"


"မိသားစုဆိုတာ ဘာကိုဆိုလိုတာလဲ…" 


လိထျင်းက ရယ်စရာတစ်ခုခုကို ကြားလိုက်ရသလို သူ၏ ဖြူဖွေးကြည်လင်နေသည့် မျက်နှာလေးကို မော့လိုက်ကာ သူ့မျက်တောင်ရှည်တို့အား တစ်ကြိမ်မျှပုတ်ခတ်လိုက်သည်။


သူ့နားထက်မှ လျှောကျလာသည့် ဆံပင်တို့ကို နားနောက်ကို သပ်တင်လိုက်ပြီး သူက ညင်သာစွာ ပြုံးလိုက်သည်။

 "ကျွန်တော် ဒီမိသားစုထဲကို လက်ထပ်ဝင်ပြီးပြီ… အခု ကျွန်တော်ကခင်ဗျားအပိုင်ပဲ ဒါကြောင့် ကျွန်တော်တို့ မိသားစုအတွက်ပဲ စီစဉ်ရမှာပေါ့…"


သူက "ကျွန်တော်တို့ မိသားစု" ဟူသော စကားလုံးနှစ်လုံးကို အလေးအနက်ထားကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။



–


စာရေးသူမှာ ပြောစရာရှိပါတယ်…


ရွှီကျိ: ကျေးဇူးပဲ ငါအန်ချင်နေပြီ…



🧶🧶🧶