Chapter 4
Viewers 2k

🧶 Chapter 4

အလိမ်အညာသက်သက်ပဲ



သူတို့အိမ်ပြန်ရောက်ချိန်တွင် ကိုးနာရီထိုးပြီဖြစ်၏။ ရွှီကျိကားပါကင်ထိုးပြီးသွားသည်နှင့် အငှားကားတစ်စီးထိုးရပ်လာပြီး လိထျင်းက ဆင်းလာ၏။


လူနှစ်ဦး၏တွေ့ဆုံမှုက တိတ်ဆိတ်နေပြီး တစ်ယောက်နောက်တစ်ယောက်လိုက်ကာ အိမ်ထဲသို့ဝင်သွားကြ၏။


အိမ်ထဲရှိအရာရာတိုင်းက သူ မထွက်သွားမီကကဲ့သို့ပင် ရှိနေပြီး မည်သည့်အရာကိုမှ ရွှေ့ပြောင်းထားခြင်းမရှိပေ။ ဆိုရလျှင် ယခင်ကထက်ပင် သန့်ရှင်းနေသေး၏။ ယင်းမှာ လိထျင်းသန့်ရှင်းရေးလုပ်သည်ဟူသော သက်သေပင်။


ရွှီကျိ၏ ခပ်တင်းတင်းကြုတ်ထားသောမျက်ခုံးတို့မှာ အနည်းငယ်ပြေလျော့သွားပြီး အချိန်ဆွဲမနေဘဲ သူ့အခန်းသို့ တိုက်ရိုက်ပြန်သွားလိုက်၏။


လိထျင်းက ပြောလိုက်သည်။ 

“ကျွန်တော် ဒီနေ့ပဲ အိပ်ရာခင်းလဲထားတာ ခင်ဗျားဒီတိုင်း အိပ်လိုက်လို့ရတယ်…”


“ ငါ့အခန်းထဲကို ဝင်လို့ရတယ်လို့ မင်းကိုဘယ်သူပြောလဲ…” 

ရွှီကျိက အလိုအလျောက်ပင် ဒေါသတကြီးတုံ့ပြန်လိုက်မိသည် 


သူ ဘာပြောလိုက်သည်ကို သတိပြုမိသည်နှင့် ရွှီကျိကချက်ချင်းရပ်လိုက်၏။ လိထျင်းအနေဖြင့် သူ့အကျင့်တို့အား မသိလေရာ ယင်းက တင်းမာလွန်းသွား၏။


တံခါးလက်ကိုင်ကိုကိုင်ထားသည့် ရွှီကျိ၏လက်များကတင်းကျပ်သွားပြီး သူ၏ထောင်ထားသည့်သွေးကြောများက သူမည်မျှအထိ အားသုံးထားကြောင်းကို ပြောပြ၍နေ၏။

" ကျေးဇူးပဲ ဒါပေမဲ့ နောက်ထပ် ငါ့အခန်းထဲကို ထပ်မဝင်ပါနဲ့…"


အတွေးနှင့်အတူ ရွှီကျိက မျက်လုံးဖွင့်လိုက်ရာ လိထျင်းက အသစ်လဲထားသည့် အိပ်ရာခင်းအား လက်ဖြင့်ပြန့်ပြူးအောင် လုပ်နေသည်ကို တွေ့လိုက်ရသည်။


အတော်ကြာအောင်တိတ်ဆိတ်နေပြီးနောက် သူက အလွှာငါးခုပါဝင်သည့် ခုတင်ဘေးမှ အံဆွဲများကို ဖွင့်ကြည့်လိုက်ရာ အထဲရှိအရာအားလုံးကို ပြန်စီပြီးသားဖြစ်နေ၏။ 


ရေချိုးခန်းထဲတွင်ပင် ပုလင်းနှင့်ဘူးများကိုပါ အနိမ့်အမြင့်အရွယ်အစားလိုက် အတန်းလိုက်စီထား၏။ သူက အဝတ်ထားသည့်နေရာကို ဖွင့်လိုက်ချိန်တွင် ရှပ်အင်္ကျီတို့ကို မီးပူထားပြီး ချိတ်ထားသည်ကို တွေ့လိုက်ရ၏။ သေးငယ်သည့် အတွင်းခံများကိုပါ စနစ်တကျထည့်ထားသည်။


တစ်ချက်မျှကြည့်လိုက်ရုံဖြင့် သူ လွန်ခဲ့သည့် နှစ်နှစ်လောက်ကတည်းက ယူလာသည့် ကွန်ဒုံးဘူးလေးမှာလည်း မျက်နှာသစ်ဘေစင်ပေါ်၌ ပေါ်ပေါ်ထင်ထင် အတင်ခံထားရသည်အား မြင်လိုက်ရသည်။


ရွှီကျိက အသက်ပြင်းပြင်းရှူလိုက်၏။


ဤအခန်းတွင်းမှ အရာအားလုံး၊ အိပ်ရာလို ကြီးမားသည့်အရာကစ ဖုန်မှုန့်ကဲ့သို့သော သေးသေးမွှားမွှာလေးများကိုပါ လိထျင်းက မြင်တွေ့ပြီးဖြစ်သည်ကို သူသိလိုက်ရသည်။


ယင်းကိုသတိပြုမိပြီးနောက် ရွှီကျိ ချက်ချင်းပင် အပြင်ထွက်ကာတစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ချင်သွားသည်။ ထိုအတွေးဖြင့်ပင် သူက အပြင်သို့ အလျင်အမြန်ထွက်ကာ ကျယ်လောင်စွာအော်လိုက်၏။


ထို့နောက် လိထျင်းတစ်ယောက် မီးဖိုချောင်ထဲတွင်အေပရွန်ဝတ်လျက် ခေါက်ဆွဲပြုတ်နေသည်ကို သူတွေ့လိုက်ရသည်။ လိထျင်းက ပါးစပ်ထဲတွင် တူကိုကိုက်ထားရင်း သူ့အား အံ့အားသင့်စွာ မော့ကြည့်လာ၏။ ထို့နောက် သူက အိုးထဲမှ ပါစတာကို ပြန်ကြည့်လျက် ပြောလိုက်သည် ။

"ဘာဖြစ်လို့လဲ ကျနော်ခင်ဗျားအတွက် စားစရာလုပ်ပေးနေတာ မစောင့်နိုင်တော့ဘူးလား…"


နွေးထွေးသည့် အဝါရောင်မီးအလင်း ၊ ဂရုစိုက်ခြင်းတို့ ပြည့်နေသည့်စကားလုံးများ ထို့နောက် ပွက်ပွက်ဆူနေသောရေနှင့် ရေနွေးငွေ့တို့ကြားတွင် မှုန်ဝါးဝါးသာမြင်နေရသည့် လှပသောမျက်နှာကလေး။


အမျိုးသား၏စိတ်အခြေအနေက ပြောင်းသွား၏။ သူကတံခါးကို ဘန်းခနဲမြည်အောင် ပိတ်လိုက်ရာ လိထျင်းတစ်ယောက် တုန်ရီသွားရသည်။


ရွှီကျိမှာ မချင့်မရဲဖြင့်ပင် ဒေါသတို့ကိုဖိနှိပ်လိုက်ရသည်။ စောစောကအခြေအနေအရ သူ့တွင် လိထျင်းအပေါ် ဒေါသထွက်ခွင့်လုံးဝမရှိပေ။


ခဏကြာပြီးနောက် လိထျင်းက တံခါးခေါက်လျက် အသာအယာမေးလာသည်။

“ ခင်ဗျားရှိနေလားဟင်… ပါစတာကအသင့်ဖြစ်ပြီ အသားဆော့ပါစတာနော် ထွက်လာပြီး စားပါလား…”


ရွှီကျိမှာ ဒေါသထွက်ရလွန်းသဖြင့် နှလုံးသားပင်ကိုက်ခဲနာကျင်လာသည်။

 â€œ ငါ မစားဘူး...”


လိထျင်းနှင့်ပတ်သက်သမျှ အရာရာတိုင်းက ပြီးပြည့်စုံနေပြီး ထိုးဖောက်ရခက်သည်။ မည်သည့်အားနည်းချက် မည်သည့်ဟာကွက်မျှ ရှာမတွေ့နိုင်သည်အထိပင်။ ရွှီကျိက သူ့အား ဆိုးရွားစွာဆက်ဆံခဲ့သော်လည်း လိထျင်းကမူ ဒေါသမထွက်ခဲ့ပေ။ 


"ခင်ဗျား အခုစားချင်စိတ်မရှိဘူးလား… ကျွန်တော်ဒီတိုင်းပဲချန်ထားခဲ့လိုက်ရမလား ဒါမှမဟုတ် ခင်ဗျားဆီယူလာပေးရမလား…"


တစ်ဖက်သူကြောင့် သူဒေါသထွက်နေရသည်မှာ ရှင်းလင်းနေပါသော်လည်း ကာယကံရှင်ကမူ လုံးဝသတိမပြုမိပါဘဲ သူနှင့်ပိုပြီးနီးစပ်ဖို့ရာ ကြိုးစားနေ၏။ ရွှီကျိမှာ ဝါဂွမ်း ၁၈လွှာခန့်ကို ထိုးနေရသလို ခံစားလိုက်ရ၏။ သူက ဒေါသတကြီးပြောလိုက်သည်။

“ ငါ မစားဘူးလို့…”


တံခါးအပြင်ဘက်မှ ထပ်မံ၍မည်သည့်အသံမှ မကြားရတော့ပေ။ လိထျင်း ထွက်သွားပုံရ၏။


ရွှီကျိ သူ၏ခရီးဆောင်အိတ်ကိုထုတ်လိုက်ပြီး အဝတ်အစားအချို့နှင့် နေ့စဉ်သုံးပစ္စည်းအနည်းငယ်ကို ထုတ်ပိုးလိုက်သည်။ ခရီးဆောင်အိတ်ကိုယူကာ အပြင်ထွက်လိုက်သည်နှင့် ဧည့်ခန်းထဲတွင်ထိုင်ပြီး ပါစတာကို အသံမြည်အောင် စားသောက်နေသည့် လိထျင်းနှင့် တွေ့ဆုံလိုက်ရသည်။


တစ်ဖက်လူမှာ အခန်းထဲမှထွက်လာလိမ့်မည်ဟု လိထျင်း မမျှော်လင့်ထားခဲ့ပေ။ သူက အသံထွက်အောင်စားသောက်နေသည်ကို တစ်ဝက်တစ်ပျက်ဖြင့်ရပ်လိုက်ပြီး မျိုချရမည်လား ထွေးထုတ်ရမည်လား မသိတော့ပေ။


မြင်ကွင်းကား အတော်လေး ကြောင်တောင်တောင် နိုင်လှပေ၏။


အတော်ကြာပြီးနောက် လိထျင်းက ပါစတာကို ကိုက်ဖြတ်ပြီး မတ်တတ်ထလိုက်သည်။ သူ စကားပြောနေစဥ်တွင် အမူအရာက ပြောင်းမသွားပေ။ 

"ကျွန်တော် တစ်ယောက်စာပဲလုပ်ထားတာ ခင်ဗျားမစားတော့ဘူးထင်လို့ အစားအသောက်တွေကိုမဖြုန်းတီးချင်လို့... ခင်ဗျား အခုစားမလို့လား ကျွန်တော်နောက်ထပ်လုပ်လိုက်ပါ့မယ်…"


 "မလိုဘူး…"

 á€›á€˝á€žá€Žá€€á€ťá€­á€€ သူ့အခန်းကိုသော့ခတ်လိုက်ရင်း အေးစက်စက်ပြန်ဖြေလိုက်၏။


ထိုအချိန်မှသာ ရွှီကျိက ခရီးဆောင်အိတ်ကိုသယ်ဆောင်ထားကြောင်း လိထျင်း သတိပြုမိသွားသည်။

“ ခင်ဗျား အခုထွက်သွားတော့မလို့လား…”


“အင်း...” 

ရွှီကျိက အရေးမထားသလိုပင် ပြောလိုက်သည်။ 


လိထျင်းမှာ သူ့ကိုမတားခဲ့ပေ။ သူက ရွှီကျိဖိနပ်စီးပြီးသည်အထိ စောင့်နေပြီးနောက် ပြော၏။

" ခင်ဗျားကျွန်တော့်ကို ဘာလို့ဒီလောက်ထိမုန်းနေရလဲဆိုတာသိချင်တယ်…"


ရွှီကျိက လှည့်လိုက်ပြီးနောက် သူနှင့် တိတ်တဆိတ်အကြည့်ခြင်းဆုံလိုက်သည်။


လိထျင်းက ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ရယ်လိုက်သည်။

 â€œ ကျွန်တော်ပြောခဲ့တဲ့စကားကြောင့်လား ခင်ဗျားကို သဘောကျတယ်ဆိုတဲ့စကားလေ…”


ရွှီကျိက ထိုရယ်မောသံမှာ လှောင်ပြောင်သရော်မှုတို့ပါဝင်နေသလိုခံစားရပြီး ထိုသူနှင့် အချိန်ခဏလေးပင်ထပ်၍ မဖြုန်းလိုတော့ပေ။ သူက တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။


လိထျင်း ရုတ်တရက် သူစိတ်မြန်လွန်းသွားသလို ခံစားလိုက်ရ၏။ သူက ခေါင်းကိုငုံ့ချလိုက်ရာ ဆံပင်တို့က ချောမွေ့သည့်အနက်ရောင်ဖဲကြိုးသို့နှယ် လွင့်ထွက်သွား၏။ သူက အသာအယာရယ်လိုက်သည်။ 

"ဒါဆို ကျွန်တော်ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခုပြောပြရင်ရော…"


ရွှီကျိက ရပ်လိုက်သည်။ သူ့အမူအရာက ပြောင်းမသွားသော်လည်း မျက်ခုံးကမူ အသာမြင့်တက်သွား၏။

"အရေးမပါတာတွေ ပြောမနေနဲ့တော့ တည့်ပြောလိုက်…"


သူက ကဲ့ရဲ့သလို ဆိုလိုက်ချိန်မှာပင် မိမိုက်ခံ့ညားနေသေးသည်။


ထမင်းစား စားပွဲအထက်တွင် တောက်ပသော ဆွဲသီး မီးလုံး အများအပြား တပ်ဆင်ထားသည်။ အလင်းတို့က လိထျင်း၏သုံးဖက်မြင်မျက်နှာထက်သို့ ကျရောက်နေပြီး အလင်းနှင့် အရိပ်ကြား ခြားနားမှုကို ပို၍ပင် ပေါ်လွင်သွားစေကာ မျက်လုံးများကျိန်းစပ်သည်အထိ လှပသွားစေ၏။သူက လက်တစ်ချောင်းထောင်လိုက်ပြီး သူ့နှုတ်ခမ်းထက်တင်လိုက်သည်။

"တကယ်တော့ အဲဒါက... လိမ်ခဲ့တာ…"

 

ရွှီကျိမှာ ကမ္ဘာကြီးကိုပင် အက်ကွဲသွားစေနိုင်လောက်သည့် လျှို့ဝှက်ချက်ကြီးဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အတော်ကြာအောင်စောင့်ပြီးမှ ထိုအဓိပ္ပါယ်မရှိသည့်အရာကို ကြားလိုက်ရသည့်အတွက် လှည့်စားခံလိုက်ရသလို ခံစားရသည်။ သူက နှာမှုတ်လိုက်သည်။ 

"ငါသိတယ်..."


အံ့သြစရာလည်း မဟုတ်ပါဘူး…


မျက်စိပါသူတိုင်း မြင်နိုင်ကြမည်သာ။ သို့ရာတွင် ထိုအချိန်က လူ၆ယောက်တွင် ၄ယောက်မှာ ကန်းနေကြ၏။ ထိုဖွင့်ဟဝန်ခံချက်ကို ကြားပြီးနောက် နှစ်ဖက်မိဘများက ချက်ချင်းပင် ဗျောက်အိုးဖောက်ကာ အောင်ပွဲခံမတတ်ဖြစ်ခဲ့သော်ငြား ကာယကံရှင်နှစ်ဦးကသာလျှင် တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့၏


ယခုမူ လိထျင်းက အမှန်တကယ်ပင် အံ့ဩသွားရ၏။ သူက ရွှီကျိကို အတုခိုးလျက် မျက်ခုံးပင့်လိုက်သည်။ 

"ခင်ဗျားက ဘာလို့အဲ့လိုပြောတာလဲ…"


ရွှီကျိလည်း မသိပေ။ သို့သော်လည်း ထိုစကားက အလိမ်အညာ တစ်ခုသက်သက်သာ ဖြစ်ကြောင်းကိုမူ သူသိ၏။


လိထျင်းက အနည်းငယ်မျှမပြုံးဘဲ မနေနိုင်တော့ချေ။ သူ ရွှီကျိကိုကြည့်လာချိန်တွင် သူ့မျက်ဝန်းများက ချစ်ခြင်းတရားတို့ပြည့်နေပြီး သူ့အသံက ငှက်မွှေးလေးကဲ့သို့ ပေါ့ပါးနေ၏။

"ဒါပေမယ့်လည်း အခု ကျွန်တော်ခင်ဗျားကို တကယ်ကြိုက်တာ…"


ရွှီကျိက မျက်မှောင်ကြုတ်လိုက်ပြီးနောက် တံခါးကိုလှည့်ဖွင့်ကာ ထွက်သွား၏။


သူက အေတိအေးစက်ဖြင့် ထွက်လာပြီး လမ်းရောက်သည့်အခါ မနက်ဖြန်ကုမ္ပဏီအစည်းအဝေးတွင်လိုအပ်သည့် စာရွက်စာတမ်းများကို မေ့ခဲ့ကြောင်း သတိရသွားသည်။ ရွှီကျိ၏အမူအရာမှာ ဖော်ပြ၍မရနိုင်ပေ။ သူအိမ်သို့ပြန်လာရသည့်အကြောင်းအရင်းကို လုံးလုံးမေ့သွားရသည့်အတွက် အလွန်တရာမှ ဒေါသထွက်သွားရ၏။


သူ့အနေဖြင့် မနက်ဖြန်မှ ပြန်သွားရုံသာ တတ်နိုင်တော့သည်။ ထိုသို့မဟုတ်ပါက သူရှုံးနိမ့်ကြောင်းကို ဝန်ခံလိုက်သလိုဖြစ်ပြီး ယင်းက အလွန်ပင်အရှက်ရဖွယ်ကောင်း၏။


လိထျင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက ကောင်းသည့်အရာမဟုတ်သလို ခံစားရသည်။ ပထမဆုံးအချက်အနေဖြင့် လက်ထပ်ပွဲပင်။ ထို့နောက် ငါးခူတစ်ကောင်မှ သူ့အားဝင်တိုက်ခဲ့ပြန်၏။ ပြီးနောက်တွင် သူ့မှတ်ဉာဏ်များမှာလည်း မကောင်းပြန်တော့ပေ။


နောက်တစ်နေ့တွင် ဖောက်သည်က အလုပ်ကိစ္စဆွေးနွေးရန်လာခဲ့သည်။ ရွှီကျိက ပို၍ ယဉ်ကျေးပုံပေါက်အောင်ဝတ်ဆင်ထားပြီး ဆံပင်လိမ်းဂျယ်အချို့ကိုသုံးကာ သူ့နဖူးပြင်အားဖော်ထား၏။


သူက ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိလာသည့် တင်းရင်းကျစ်လျစ်သော ကိုယ်လုံးကိုယ်ပေါက်ကို ထင်ပေါ်အောင်အားဖြည့်ပေးပြီး ချွန်ထက်သည့်ပုခုံးလိုင်းများနှင့် အံဝင်ခွင်ကျဖြစ်နေသည့် မီးခိုးရောင်ဒီဇိုင်နာချုပ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ကိုယ်တိုင်းအတိအကျဖြင့် ချုပ်ထားသည့်ဝတ်စုံက သူ၏ခါးလိုင်းကိုထင်ပေါ်စေပြီး ဖြောင့်စင်းသည့် ခြေတံရှည်များကို မြင်သာစေသည်။


ကုမ္ပဏီအတော်များများက သူတို့တည်နေရာကို မြို့လယ်ခေါင်နှင့် နီးနိုင်သမျှ နီးအောင်တည်ထားရန် ကြိုးစားတတ်ကြသည်။ လူအများမေးလာချိန်တွင် သူတို့၏တည်နေရာက မြို့အထင်ကရနေရာတို့နှင့်နီးနေလျှင် ပို၍ဆွဲဆောင်နိုင်သည်။ 


သို့သော် ရွှီကျိကမူ မတူကွဲပြားစွာ ရွေးချယ်ခဲ့သည်။ သူက မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ အသစ်ပြုပြင်ထားသည့်ပန်းခြံ၏ သုံးပုံတစ်ပုံကို တိုက်ရိုက်ပင် ရယူလိုက်သည်။


“အိုးဘုရားရေ…” 


ချူချီက ရွှီကျိ၏ပုခုံးကို အလေးအမြတ်ထားကာ ပုတ်လိုက်သည်။

 â€œ ငါတို့ သူဌေးကတော့ နေ့တိုင်းပိုပိုပြီးကို ချောလာတာပဲ…”


အချိန်များစွာအတူကုန်ဆုံးခဲ့သဖြင့် ရွှီကျိမှာ အနုပညာဒါရိုက်တာ၏ အနုစိတ်ရွေးချယ်ပြင်ဆင်ချယ်သမှုတို့ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီဖြစ်သည်။ ထိုသူက ထိပ်တွင်ကြက်တောင်စည်းထားပြီး ခရမ်းတောက်တောက်လေဆာဂျက်ကတ်ကိုဝတ်ကာ ဂျင်းဘောင်းဘီအောက်၌ သံပုရာစိမ်းရောင်ဖျော့ဖျော့ အသားကပ်ဘောင်းဘီခံလျက် ဝတ်ဆင်ထားပြီး သူအကြိုက်ဆုံး အနက်ရောင်ဘွတ်ဖိနပ်ကို စီးထား၏။


အတွင်းရေးမှူချန်က အခြားတစ်ဖက်မှနေ၍ လျှောက်လာရာ သူမ၏ဒေါက်ဖိနပ်မှ တဒေါက်ဒေါက်မြည်သံထွက်နေပြီး တဖြည်းဖြည်းအနားရောက်လာသည်။ သူမက ဆိုသည်။

“ကျန်းနန်ကတာဝန်ခံ ရောက်လာပြီ ကျွန်မတို့အရင်သွားလိုက်ကြမလား…” 


ရွှီကျိ ခေါင်းညိတ်လိုက်သည်။


စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ရွှီကျိက အားလုံးအတွက် ကော်ဖီမှာပေးလိုက်ပြီး သူသန့်စင်ခန်းဝင်နေချိန်တွင် အတွင်းရေးမှူးချန်အား သွားယူခိုင်းလိုက်သည်။


“ ဟေ့… မင်းတို့ပြောကြည့် ငါတို့သူဌေးက ဝမ်ယွဲ့အုပ်စုရဲ့ တစ်ဦးတည်းသောဆက်ခံသူမလား... ဘာလို့သူက သူ့ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်ရတာလဲ… ”


“ မင်းက ဘာသိလို့လဲ ချမ်းသာတဲ့လူတွေက ဘဝအတွေ့အကြုံကို ခံစားချင်ကြတာလေ…”


ရွှီကျိက အမူအရာမဲ့စွာဖြင့် ထောင်ချိုးတစ်ဖက်မှ လမ်းလျှောက်ဝင်သွားလိုက်၏။ အတင်းပြောနေကြသည့် ဝန်ထမ်းနှစ်ဦးမှာ ချက်ချင်းပင် တိတ်ကျသွားပြီး တောင်းပန်လိုက်ကာ မျက်နှာများရဲလျက် ထွက်ပြေးသွားကြသည်။


တစ်ဦးတည်းသောသားဖြစ်၍ ဖြစ်နိုင်သည်။ ရွှီကျိ၏ မိဘများက ထိန်းချုပ်လိုစိတ်ပြင်းပြပြီး သူ့လျှောက်ရမည့်လမ်းကိုပါ သတ်မှတ်ပေးကြသည်။ သူသာ မလိုက်နာပါက အိမ်တွင် ငြိမ်းချမ်းမှုမရှိတော့ပေ။


သို့သော်လည်း ရွှီကျိတွင် ပုန်ကန်တတ်သည့်အကျင့်စရိုက်ကလေးရှိပေသည်။ သူ့ကိုအရှေ့အရပ်သို့သွားရန် ပြောလျှင် သူက အနောက်အရပ်သို့သွားမည်သာ။ သူက ယင်းကိုပိုကောင်းအောင်ပင် လုပ်ပြလိမ့်မည်။


သူ တက္ကသိုလ်တက်ချိန်က သူ့မိဘများရွေးချယ်ပေးသည်ကို ဆန့်ကျင်လျက် ခေတ်သစ်မီဒီယာမေဂျာကို ရွေးချယ်ခဲ့သည်။ ဂျူနီယာနှစ်တွင် သူကကိုယ်ပိုင်လုပ်ငန်းစရန် ဆုံးဖြတ်ခဲ့၏။


"လွတ်လပ်သည့်ဆန္ဒ"ဟု အဓိပ္ပါယ်ရသည့် "Will" ယဥ်ကျေးမှုဆိုင်ရာဆက်သွယ်ရေး စတူဒီယိုပင်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ယင်းက အနုပညာရှင်များ၊ ကုန်အမှတ်တံဆိပ်ပါတနာများနှင့် ပူးပေါင်းကာ တေးသရုပ်ဖော်ဗီဒီယိုများနှင့် ကြော်ငြာများရိုက်ကူးခြင်းဖြစ်သည်။


ယခုအချိန်တွင် စတူဒီယိုမှာ လုပ်ငန်းအရွယ်အစားကြီးလာပြီး ဤနယ်ပယ်ထဲတွင် နာမည်ရလာသည်။ စာရင်းဇယားများကို ပြီးပြည့်စုံအောင် မလုပ်ရသေးသော်လည်း လွန်ခဲ့သည့်ငါးနှစ်အတွင်း တေးသရုပ်ဖော်ဗီဒီယို၂၁ ခုနှင့် ကြော်ငြာပေါင်း ၂၀၀ကျော်ကို ရိုက်ကူးခဲ့ရသည်။ ထိပ်တန်းနာမည်ကြီးအနုပညာရှင်များအပါအဝင် အနုပညာရှင် ၂၃၂ဦးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။


ပို၍အရေးအကြီးဆုံးမှာ ရွှီကျိအတွက် ဤအလုပ်က အလွန်သင့်လျော်ခြင်းပင်။ အကြောင်းမှာ လွတ်လွတ်လပ်လပ် ရှိ၍ပင်။


သူက အချိုလျှော့ထားသည့်အုန်းသီးလာတေး တစ်ခွက်ကို မှာလိုက်ပြီး နံရံတွင် ချိတ်ထားသည့် နာရီကို ကြည့်လိုက်ရာ နာရီလက်တံက ၅ နာရီထိုးတော့မည်ဖြစ်ကြောင်း ညွှန်ပြနေသည်ကို သိလိုက်ရတယ်။


ယနေ့တွင် လိထျင်းက အနည်းငယ်စော၍ ဖုန်းခေါ်လာသည်။

“ဟယ်လို… ခင်ဗျားအိမ်ပြန်လာမှာလား ကျွန်တော်ထမင်းချက်ရမလား မချက်ရဘူးလားသိချင်လို့…”


ရွှီကျိမှာ တစ်ဖက်လူက အလုပ်မရှိဘူးလားဟု တွေးမိသွားသည်။

"အင်း...”


ဖုန်းတစ်ဖက်မှာ တိတ်ဆိတ်သွားပြီး တစ်ဖက်လူက မယုံနိုင်သလိုမေးလာ၏။ 

“ အင်း ဆိုတာက...”


“အင်း... ငါအိမ်ပြန်လာမှာ…” 


ရွှီကျိ၏နဖူးထက်သို့ ဆံပင်အနည်းငယ် ကျဆင်းလာသည်။ လာတေးပူပူမှထွက်လာသည့် အဖြူရောင်အငွေ့က သူ၏နှာတံထက်ရှိ မှဲ့နက်လေးကို မှုန်ဝါးဝါးသာ မြင်တွေ့နိုင်စေခဲ့၏။ 


"ဒါပေမဲ့ မင်းငါ့အတွက် ချက်ပေးစရာမလိုဘူး…"



🧶🧶🧶