Ch 53
Viewers 11k

53. JQ

 

သို့ပေမယ့် အခုက ဒီအကြောင်းတွေကိုပြောရမယ့်အချိန်မဟုတ်သေးဘူး။ ဆုဆုတစ်ယောက် လင်းချွမ်ရဲ့ဒဏ်ရာအကြောင်းကို အရင်သိထားသင့်ကြောင်း ရုတ်တရက်တွေးတောလိုက်မိတာကြောင့် သူမက စိတ်ပူပန်စွာနဲ့မေးလိုက်တယ်။

 

ဒဏ်ရာက ဘယ်နေရာမှာ ရသွားတာလဲ.. အရမ်းပြင်းထန်တာလား

 

လင်းတုံ့ဟဲ အံ့သြသင့်သွားခဲ့တယ်။ သူ့ဝမ်းကွဲအစ်ကိုရဲ့ လက်ထပ်ပြီးကာစ ဇနီးသည်က သူ့ရဲ့ဝမ်းကွဲအစ်ကိုကို ထိုမျှလောက် ဂရုစိုက်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူနှင့်ချင်ယွဲ့ယွဲ့ကြားထဲမှ ဆက်ဆံရေးလိုမျိုး တူညီနေခြင်းမရှိတာက သိသာထင်ရှားလွန်းတယ်။

 

ဒဏ်ရာက အရမ်းပြင်းထန်ပြီး အိပ်ရာကမထနိုင်ဘူးလို့ ပြောခဲ့တယ် ဒါကြောင့် သူ့ရဲ့မိသားစုဝင်တွေကို စောင့်ရှောက်ဖို့လာခွင့်ပေးလိုက်တာ

 

လင်းတုံဟဲပြောတာကိုကြားတော့ လင်းဟိုင်က ချက်ချင်းထပြောလာတယ်။

 

ကျွန်တော်တို့ မိဘတွေဆီကို ချက်ခြင်းသွားပြောလိုက်မယ်

 

အရမ်းနောက်ကျနေပြီ..  ကွန်မြူနတီကလူတွေပြောတာတော့ စစ်တပ်ထဲကလူတွေက လင်းချွမ်ရဲ့မိသားစုကို လာခေါ်ဖို့ ကားတစ်စီးနဲ့လာနေပြီတဲ့..  ငါ သူတို့နဲ့လိုက်သွားဖို့ပြောထားတယ်

 

လင်းတုံဟဲရဲ့စကားကိုကြားတော့ ဆုဆုတစ်ယောက် ထိုဇာတ်ကွက်ကို ပိုပြီးရင်းနီးကျွမ်းဝင်လာသလို ခံစားမိလာခဲ့ပေမဲ့ သူမသေသေချာချာစဉ်းစားပြီးနောက် ပြန်ပြောလိုက်တယ်။

 

“ကျွန်မလည်း လိုက်ခဲ့မယ်”

 

သူမက လင်းချွမ်ရဲ့ဇနီးဖြစ်တာကြောင့် သူ့ကိုပြုစုဖို့ဆိုရင် သူမကသာ ဂရုစိုက်သင့်တယ်လေ။

 

သူမ  ပြောပြီးတာနဲ့ လင်းဟိုင်အား အိမ်ကို စောင့်ရှောက်ထားပေးဖို့ မှာကြားလိုက်တယ်။ ပြီးနောက် သူမရဲ့ အိမ်သို့ပြန်ကာ ကျောပို့အိတ်ကိုယူပြီး ကပြာကယာပြန်ထွက်လာခဲ့ပြန်တယ်။ သူမ နောက်ထပ်ပြင်ဆင်စရာမလိုတော့ဘူး။  အိတ်ထဲမှာ အရာအားလုံးရှိနေခဲ့တယ်လေ။

 

သူမ ပြင်ဆင်ပြီးထွက်လာချိန်မှာတော့  အစိမ်းရောင်ဂျစ်ကားတစ်စီးက တံခါးအပြင်ဘက်ကို ရောက်ရှိလာခဲ့ပြီ။

 

ထိုကားက အလွန်အမင်း ကောင်းမွန်နေတဲ့ပုံစံမရှိဘဲ ရွှံ့ရေတွေနဲ့ပေနေခဲ့ပြီးအေးခဲနေတဲ့ ရေခဲတစ်ချို့လည်း တင်နေခဲ့ကာ လျှိုမြောင်တစ်ခုထဲကနေ ထွက်လာသလိုမျိုးပဲ။

 

ကားထဲမှ စစ်သားနှစ်ယောက် ထွက်လာခဲ့ပြီး လင်းတုံဟဲကိုမြင်တော့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။  တစ်ချိန်တည်းမှာပဲ ဆုဆုကိုမြင်လိုက်ရတာကြောင့် သူတို့က လှမ်းခါ်လာခဲ့တယ်။

 

ရဲဘော်ဆုဆု?

 

အင်း  ကျွန်မပါ..အခု သွားလို့ရပြီလား

 

သူမက လင်းချွမ်ကိုမြင်တွေ့ရဖို့ အလျင်လိုနေခဲ့တာကြောင့် အခုချိန်မှာ ဆုဆုရဲ့ မျက်လုံးတွေက နီရဲနေပြီး သူမရဲ့ပုံစံက အလွန်သနားစရာ ကောင်းနေခဲ့တယ်။

 

စစ်သားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး လင်းချွမ်ရဲ့အမြင်က အလွန်ကောင်းမွန်လှကြောင်း တွေးတောလိုက်ကြလေတယ်။ ဒီလိုမျိုး နူးညံ့လှပပြီး ဂရုစိုက်တတ်တဲ့  မရီးမျိုးကို အရယူနိုင်ခဲ့တယ်လေ။

 

“ဒါပေမယ့် တပ်ရင်းမှူးလင်းက ရဲဘော်စုစုကို အဲဒီကို မလာစေချင်ဘူး.. ပြောရရင် ခရီးက ရှည်လျားပြီး ကြမ်းတမ်းလွန်းတယ်လေ

 

လင်းချွမ် သတိရလာတဲ့အချိန်မှာ  စစ်တပ်ရဲ့စီစဉ်မှုကိုကြားလိုက်ရတော့ သူ့ရဲ့မိသားစုဝင်တွေကို မလာဖို့တားမြစ်ခဲ့ပြီး သူ့ရဲ့ဒုတိယညီဖြစ်သူကိုသာ လာခိုင်းခဲ့တယ်။

 

အထူးသဖြင့် သူ့ချွေးမကိုတော့ လုံးဝလိုက်လာခွင့်မပေးခဲ့ဘူး။ သူက သူမကို ကြောက်လန့်အောင်လုပ်မိမှာကို စိတ်ပူနေတာဖြစ်နိုင်တယ်။

 

ကျွန်မရဲ့ယောက္ခမတွေက အိမ်မှာမရှိဘူး.. ဒီတော့လင်းဟိုင်က သူ့ရဲ့ညီလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ အိမ်မှာနေခဲ့ရလိမ့်မယ်.. ဒါကြောင့် ဒီတစ်ခါတော့ ကျွန်မအဲဒီကိုလိုက်ခဲ့ရလိမ့်မယ်

 

သူမက  အခိုင်အမာပြောလာတာကြောင့် ဘယ်သူမှ မငြင်းနိုင်တော့ဘူး။

 

လင်းတုံဟဲ:  ကျွန်တော်က သူ့ရဲ့ဝမ်းကွဲပါ.. ကျွန်တော် အတူလိုက်လာရင် ပြသနာမရှိဘူးမလား

 

ကောင်းပါပြီ

 

သူတို့နှစ်ယောက်သည်လည်း ဆုဆုလိုက်လာဖို့ကို မျှော်လင့်နေခဲ့ကြတာလေ။ ဒီလိုဆိုရင်...  သူတို့ တပ်ရင်းမှူးရဲ့ ဟာသတွေကိုမြင်ရနိုင်တယ်လေ.. အဆုံးမှာ သူက အဲဒီနေရာမှာ ဒဏ်ရာရထားတာ....

 

()╭╮()

 

ဆုဆုက သူတို့ဘာတွေ တွေးနေမှန်းကို မသိတာကြောင့် ကားအနောက်ဘက်ခုံဆီကို ဝင်သွားလိုက်တယ်။

 

ကားဒရိုင်ဘာခုံမှ တပ်သားက ချက်ချင်းပဲ ပြောလာတယ်။

 

“မရီး အရှေ့မှာ လာထိုင်လိုက်ပါ”

 

ဒီမှာဆိုရင် ခဏလောက်တော့ ဘေးကိုစောင်းပြီးအိပ်နိုင်တယ်။ နောက်ဘက်မှာထိုင်မယ်ဆိုရင်တော့ တခြားယောကျာ်းတွေနဲ့လူပြည့်နေမှာဖြစ်လို့  အိပ်နိုင်မှာမဟုတ်ဘူး။

 

အာ  ကောင်းပါပြီ

 

ဆုဆု အရှေ့ကိုသွားပြီး တိုက်ရိုက်ထိုင်လိုက်တယ်။

 

သုံးယောက်သား ကားပေါ်သို့တက်ပြီး ရွာထဲမှထွက်လာခါနီးမှာပဲ တစ်စုံတစ်ယောက် ပြေးလာတာတွေ့လိုက်ရတယ်။

 

သူမက အလောတကြီးနဲ့ လက်ယပ်ပြနေတာကြောင့် တင်းတုံဟဲ လှမ်းပြောလိုက်တယ်။

 

မြန်မြန် ကားရပ်ပေးပါဦး

 

ချင်ယွဲ့ယွဲ့က ဒီနေရာမှာဘာလုပ်နေတာလဲဆိုတာကို  သူမသိဘူး။ သူမက သူ့ကိုလိုက်ပို့ပေးချင်တာများလား။

 

ကားရပ်သွားသွားတာကိုမြင်တော့ ချင်ယွဲ့ယွဲ့က ကားအနီးသို့ ပြေးသွားပြီး ဒရိုက်ဘာခုံဘေးမှလှမ်းပြောလာတယ်။

 

စစ်သားရဲဘော် .. ကျွန်မ ခရိုင်မြို့ကိုသွားချင်လို့ပါ.. ကျွန်မကို အဲဒီကို ခေါ်သွားလို့ရမလား..  ဖြစ်နိုင်ရင် ကျွန်မ ရဲဘော် လင်းချွမ်ကိုလည်း တွေ့ချင်ပါ

တယ်

 

မင်းက  ဘယ်သူလဲ?

 

တစ်ဖက်မိန်းကလေးထံမှ လင်းချွမ်ရဲ့နာမည်ထွက်လာတာကြောင့် သူတို့အနေနဲ့ ပြန်မေးဖို့လိုအပ်တယ်။

 

တစ်ဖက်မှာရှိနေတဲ့ ဆုဆုကတော့ စိတ်ထဲမှာ အတွေးတစ်ခု လင်းလက်လာခဲ့ပြီး နောက်ဆုံးမှာ သူမ ဒီဇာတ်ကြောင်းနှင့် ရင်းနှီးရတဲ့ အကြောင်းရင်းကို သိသွားတော့တယ်။ အကြောင်းကတော့ မူရင်းဝတ္ထုမှာ ဒီအကြောင်းကိုထည့်ရေးထားတာပါဝင်ပြီး ထိုစာပိုဒ်က အရေးကြီးတဲ့ ဇာတ်ကွက်တစ်ခုကိုဦးတည်သွားတဲ့ပုံရတယ်။

 

အမျိုးသားအရံဇာတ်ကောင်က ဒဏ်ရာရသွားတာကြောင့် ဇာတ်လိုက်မက ဇနီးဆိုတဲ့ခေါင်းစဥ်အောက်မှာ လင်းချွမ်ကိုဂရုစိုက်ပေးဖို့လိုက်လာခဲ့ပြီး လင်းတုံဟဲကလည်း အဖော်ပြုကာလိုက်သွားခဲ့တယ်။

 

အကွာအဝေးက အတော်လေးဝေးကွာတာကြောင့် သူတို့က စစ်သားတွေရဲ့ကားနဲ့  ခရိုင်မြို့အထိပဲလိုက်ခဲ့ပြီး စစ်သားတွေက တခြားလုပ်စရာတွေရှိနေသေးတာကြောင့် သူတို့ကို မြို့ထဲမှ ချပေးခဲ့ကြတယ်။

 

ထို့နောက် ဇာတ်လိုက်တို့နှစ်ဦးက ထိုအချိန်ကာလအတွင်း လျင်မြန်စွာ သွေးနွေးလာပြီး နောက်ဆုံးမှာတော့ လမ်းတစ်လျှောက်မှာ ဆက်ဆံရေးတွေရှိလာခဲ့တယ်။  ထို့နောက် မင်းသမီး ပြန်လာတဲ့အချိန်မှာ ကိုယ်ဝန်ရှိလာခဲ့တယ်။

 

ပြီးနောက်မှာတော့ အရံဇာတ်ကောင်ကိုအဖေအဖြစ် နာမည်တပ်နိုင်ဖို့အတွက် သူက ဒဏ်ရာကြောင့် နှစ်ပတ်သုံးပတ်လောက်အိပ်ယာထဲမှာလဲနေတဲ့အချိန်ကိုအသုံးချခဲ့တယ်။

 

ဒါဆို ဒီအချိန်က JQ ဖြစ်တဲ့အချိန်လား။

 

ဒီလိုအရေးကြီးတဲ့ဇာတ်ကွက်ကို သူမ ဘယ်လိုမမှတ်မိနိုင်ခဲ့ရတာလဲ။

 

သူမ ခေါင်းကို ဖိလိုက်မိတယ်။ လင်းချွမ် ဒဏ်ရာရသွားတယ်ဆိုတာကို ကြားလိုက်ရတော့ သူမ ထိတ်လန့်သွားပြီး ဘာကိုမှမတွေးနိုင်တော့ဘူးဖြစ်သွားတာပဲ။

 

စာအုပ်ထဲမှာ အဲဒီလို ဇာတ်ကွက်တွေ ရှိနေတယ်ဆိုမှတော့ ဒါက ပျော်စရာကိစ္စမဟုတ်ပေမဲ့လည်း သူ့ရဲ့ဒဏ်ရာက အသက်အန္တရာယ်ရှိလောက်အောင်တော့ မပြင်းထန်လောက်ဘူး။ အနည်းဆုံးတော့ သူ့ရဲ့ ဒဏ်ရာက အနာဂတ်မှာ ပြန်ကောင်းလာနိုင်မှာပဲလေ။

 

ဒါကိုတွေးလိုက်မိတော့ ဆုဆုတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ထိုစိတ်အေးသွားရမှုကြောင့် ဇာတ်လိုက်မကိုတောင် သိပ်ပြီး ဒေါသမထွက်မိတော့ဘူး။ သူမက ကားနဲ့လိုက်ချင်တယ်ဆိုတော့လည်း လိုက်ခိုင်းလိုက်တာပေါ့။ ဘာပဲ​ဖြစ်ဖြစ် ခရိုင်မြို့ကိုရောက်တဲ့အချိန်ကျရင် လမ်းခွဲလိုက်ရုံပဲလေ။

 

လင်းတုံဟဲက ဆုဆုနဲ့ သူတို့တွေကြားမှာ  ရန်ငြိုးအနည်းငယ်ရှိဖူးတာကြောင့် သူမက လက်မခံချင်မှာကို စိတ်ပူနေခဲ့ပေမဲ့ တစ်ဖက်လူက ဘာတစ်ခုမှ ပြောမလာခဲ့ပဲနေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ သူမက သူမရဲ့ခင်ပွန်းသည်ကို အလွန်စိတ်ပူနေခဲ့တာဖြစ်လောက်မယ်။

 

အသံတစ်သံလောက်တောင် မထွက်ပါဘဲ ပါးစပ်ကိုတင်းတင်းစေ့ပြီး လက်ထဲမှကျောပိုးအိတ်ကြီးကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း ထိုင်နေခဲ့တယ်လေ။

 

ဒါကြောင့် သူကပဲ ဝင်ရောက်ရှင်းပြလိုက်တယ်:

 

အဲဒီချင်ယွဲ့ယွဲ့ရဲ့ မိသားစုက လင်းမိသားစုနဲ့ သူငယ်ချင်းဆက်ဆံရေးရှိတယ်လေ.. မင်းတို့ သူ့ကိုပါ ခေါ်လာပေးနိုင်မလား

 

နှစ်ကုန်ပိုင်းမှာ လူတိုင်းက အားလပ်ရက်တွေရရှိတာကြောင့် အိမ်ကို ပြန်သွားချင်ကြတာ ပုံမှန်ပါပဲ။

 

စစ်သားက ထိုအကြောင်းကို ခဏလောက်စဉ်းစားပြီး သဘောတူလိုက်ပေမဲ့ ချင်ယွဲ့ယွဲ့ကို အနောက်ဘက်မှာပဲ ထိုင်ခိုင်းလိုက်တယ်။

 

ချင်ယွဲ့ယွဲ့က ကားမောင်းနေတဲ့ စစ်သားကို ကျေးဇူးတင်လိုက်တယ်။

 

ပြီးနောက် သူမ ကားပေါ်သို့တက်တဲ့အချိန်မှာ လင်းတုံဟဲရဲ့ဘက်မှာဝင်ထိုင်လိုက်ပြီး လင်းတုံဟဲက သူမရဲ့  ခရီးဆောင်အိတ်ကို ကူတင်ပေးလိုက်ပြီး လှမ်းပြောလိုက်တယ်။ 

 

ရဲဘော်ဆုက အစ်ကိုချွမ်ဇီကို ဂရုစိုက်ပေးမှာဖြစ်လို့ မင်း အဲဒီကို သွားစရာ မလိုဘူး

 

ထိုစကားက ဆုဆုအတွက်ဖြစ်သလို ချင်ယွဲ့ယွဲ့ကိုလည်း သူမရဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ဖို့ ပြောချင်တာပဲ။

 

သိပါပြီ

 

ချင်ယွဲ့ယွဲ့သည်လည်း ဥာဏ်ရည် ထက်မြက်တဲ့လူဖြစ်တာကြောင့် ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်တယ်။

 

ဆုဆုက သူတို့ကို စကားပြောမလာခဲ့ပဲ အရှေ့မှာထိုင်ပြီး လမ့်ကိုသာကြည့်နေခဲ့တယ်။

 

ဒီဘက်ခေတ်မှာ လမ်းတွေ သွားလာရခက်ခဲပြီး နှင်းတွေအများကြီးကျဆင်းထားတာကြောင့်  တချို့နေရာက ကြမ်းတမ်းပြီးတချို့နေရာက လမ်းချော်နေခဲ့တယ်။

 

ဒီလိုနဲ့ ဆုဆုတစ်ယောက် တခါမှမဖြစ်ဖူးခဲ့တဲ့ ရွှေ့လျားမှုအပေါ်မူးဝေခြင်းရောဂါကို ခံစားလာရတယ်။ သူမ ရင်ဘတ်ကို တင်းတင်းဆုပ်လိုက်မိပြီး နှစ်ကြိမ်လောက် ဖိလိုက်ကာ ကြည့်ရတာ အလွန်သက်တောင့်သက်သာမဖြစ်ကြောင်း မြင်နေရတယ်။

 

ဒါပေမယ့် ဘေးမှာရှိနေတဲ့ လက်ထပ်ပြီးသား အစ်ကိုပင်းကတော့  သူမရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အလွန်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့လေတယ်။ သူ့ရဲ့ဇနီးသည်က အကြီးဆုံးသားလေးကိုမွေးတုန်းက စစ်တပ်ထဲသို့ဆွေမျိုးအဖြစ်လာလည်ချိန်မှာ ခုလိုဖြစ်ခဲ့တာကို သူ သတိရနေတုန်းပဲ။ သူမက တစ်လမ်းလုံးမှာပျို့အန်ချင်ခဲ့ပြီး လမ်းတစ်လျှောက်လုံးမှာလည်း အန်လာခဲ့ကာ အလွန်သက်သောင့်သက်သာမရှိဖြစ်နေခဲ့တာ။

 

သူ ရက်တွေကို ရေတွက်ကြည့်လိုက်တော့ လင်းချွမ် စစ်တပ်ထဲကို ပြန်ရောက်လာတာ နှစ်လကျော်နေပြီပဲ...

 

သူ့ရဲ့မျက်လုံးတွေက ချက်ချင်းတောက်ပသွားပြီး သတိထားစွာနဲ့ မေးလိုက်တယ်။

 

မရီး မင်း အဆင်မပြေဘူးလား”

 

ဆုဆု သူမလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။

 

ကားမူးချင်နေတာ ဖြစ်နိုင်တယ်.. ရပါတယ် ကျွန်မဆီမှာ အမူးပြေဆေးတွေရှိတယ်

 

သူမက ဘယ်တုန်းကမှ ကားမမူးခဲ့ဖူးဘူး။ ထိုဆေးတွေက သူမရဲ့အတန်းဖော်တွေအတွကာ ယူဆောင်လာခဲ့တာပဲ။

 

ဆေးက နှစ်ထုပ်သာကျန်ရှိနေတော့တာဖြစ်ပြီး သူမကျောပိုးအိတ်ကြီးရဲ့ ဘေးအိတ်ထဲမှာ ထည့်ထားခဲ့တာ။ သူမ အိတ်ထဲမှ ဆေးအိတ်ကို ထုတ်ပြီး တစ်အိတ်ကိုဖြဲကာ ပါးစပ်ထဲသို့ထည့်လိုက်တယ်။

 

မရီး မရီး.. ဒါက... တစ်ခါတလေကျရင် ဆေးသောက်တာက မကောင်းတာမျိုးတွေရှိတယ်..  ဘာလို့ ခဏလောက် သည်းခံပြီးမနေကြည့်တာလဲ

 

သူမကို ကိုယ်ဝန်ရှိနေတာလို့ ပြောပြဖို့ကခက်ခဲနေတာကြောင့် သေသေချာချာမသိရသေးတဲ့ ဆေးဝါးတွေကို မသောက်တာ အကောင်းဆုံးပဲ။

 

ဒါက တရုတ်တိုင်းရင်းဆေးစစ်စစ်တွေဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိပါဘူး.. တကယ်တော့ သကြားနဲ့ တောင်ဆင်တူပါတယ်

 

သို့သော်လည်း မိန်းမပျိုလေးတစ်ဦးသာဖြစ်နေသေးတဲ့ ဆုဆုကတော့ တခြားလူရဲ့ကြင်နာမှုကို နားမလည်နိုင်ခဲ့ပဲ ဆေးအကြောင်းကိုသာ ရှင်းပြခဲ့တယ်။

 

ထို့အတူ တစ်ဖက်မှ စစ်သားအစ်ကိုကြီးကတော့ ဆေးက ဘေးထွက်ဆိုးကျိုးမရှိစေဖို့ တိတ်တဆိတ်ဆုတောင်းနေခဲ့တယ်။  တကယ်လို့ ကလေးကိုသာ ထိခိုက်မိစေခဲ့ရင် သူတို့ရဲ့ တပ်ရင်းမှူးလင်းက သူ့ကိုခွင့်လွှတ်တော့မှာမဟုတ်ဘူး။

 

T/n_ အိုင်တို့ရဲ့ လင်းချွမ်တာ့ကောက သူကသာ ဘာမှမလုပ်နိုင်သေးတာ

 

ဘယ်နေရာပဲရောက်ရောက် သူ့ရဲ့မိန်းမမှာကိုယ်ဝန်ရှိနေပြီလို့ အထင်ခံနေရတာနော်  Lmao!

 

**”