Ch 54
Viewers 11k

54: ဇာတ်ကွက်က ပြောင်းလဲလို့မရနိုင်ဘူး

 

အဲဒီနောက်မှာတော့ ဒရိုက်ဘာစစ်သားက ကားက အရမ်းလျှင်မြန်အောင် မမောင်းနှင်တော့ဘဲ အတည်ငြိမ်ဆုံးသောနှုန်းထားအတိုင်းပဲ ဆက်လက် မောင်းနှင်ခဲ့ကာ လမ်းကြမ်းနဲ့ ဆိုးရွားတဲ့လမ်းတွေဆိုရင် အရှိန်ကိုတောင်မတင်တော့ဘူး။

 

အနောက်က စစ်သားက လှမ်းပြောတော့တယ်။

 

“တပ်စုမှူး.. မင်း ဘာလို့ ဒီလောက်တောင် ဖြည်းဖြည်းလေး မောင်းနေရတာလဲ..  ခရိုင်ရုံးကို ရောက်တဲ့အချိန် ကျွန်တော်တို့မှာ တခြား အလုပ်တွေ မရှိတော့ဘူးလား

 

မင်း ဘာသိလို့လဲ..  ဒီလမ်းက သွားဖို့မလွယ်ဘူး.. နောက်ပြီး ကားထဲမှာ အမျိုးသမီး နှစ်ယောက်ရှိသေးတယ်..  ဒါကြောင့် ဂရုတစိုက်နဲ့ မောင်းဖို့လိုအပ်တယ်

 

အရှေ့မှ တပ်စုမှူးက ပြောပြီးတဲ့နောက် ဖြေးဖြေးမှန်မှန်အရှိန်နဲ့ ဆက်လက်မောင်းနှင်ခဲ့ပြီး သူတို့တွေ ခရိုင်ရုံးသို့ ရောက်တဲ့အချိန်မှာမွန်းလွဲပိုင်း ကုန်ခါနီးလောက်ရှိနေခဲ့ပြီ။

 

မူလဝတ္ထုထဲမှာဆိုရင် သူတို့တွေက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မအတွက် နေစရာစီစဥ်ပေးခဲ့ပြီး သူတို့ရဲ့မစ်ရှင်အတွက်ထွက်သွားခဲ့ကြတယ်။ 

 

ဆုဆုကတော့ စိတ်ဓာတ်ကျနေခဲ့လေရဲ့။  ဒါက ဇာတ်လိုက်မနဲ့ ဇာတ်လိုက်တို့တွေ အချစ်ကိစ္စတွေလုပ်မဲ့နေရာပဲ။ တကယ်လို့သူမသာ ဒီမှာရှိနေရင် ဇာတ်လိုက်နှစ်ယောက်ကြားက လိင်ပိုင်းကိစ္စရပ်တွေဆောင်ရွက်မဲ့အရေးကိစ္စတွေကို ပိတ်ဆို့တားဆီးနေသလို မဖြစ်သွားဘူးလား။ မဟုတ်ရင် သူမ လက်မှတ်ဖြတ်ပြီးတော့ တစ်ယောက်တည်းထွက်သွားသင့်လား?

 

သို့ပေမယ့် ဘာဆေးတွေမှားပြီး သောက်မိထားမှန်းမသိတဲ့ တပ်စုမှူးကတော့ သူ့ရဲ့မစ်ရှင်ကို နာရီဝက်လောက်နောက်ကျစေခဲ့ပြီး သူမအတွက် လက်မှတ်ဝယ်ပေးလာခဲ့တယ်။ ထို့နောက် သူက လင်းတုံဟဲကိုလှမ်းပြောလိုက်တယ်။

 

ဒီဘက်က ရဲဘော်လင်းအတွက်ကတော့  တကယ်ပဲ အားနာပါတယ်..  ဒီနေ့ညအတွက် ငါတို့မှာ လက်မှတ်တစ်ခုပဲရခဲ့တယ်.. ဒါက မနက်ဖြန်အတွက် ရထားလက်မှတ်ပါ.. မင်း မနက်ဖြန်ရထားကို စီးပေးလို့ရမလား

 

ကောင်းပါပြီ

 

လင်းတုံဟဲက ကျေကျေနပ်နပ် သဘောတူလိုက်တယမ။

 

ထို့နောက် ဆုဆုက လင်းတုံဟဲကို စကားတစ်ခွန်းမှ မပြောခဲ့ပါပဲ ရထားပေါ်ကိုတက်ဖို့အတွက် စီစဥ်ပေးခံလိုက်ရတယ်။ ဆုဆုတစ်ယောက်  သူမရထားပေါ်သို့ရောက်တဲ့အချိန်ကျမှ တစ်ဖက်လူတွေက သူမအတွက် အိပ်စက်အနားယူစေနိုင်ရန် အဆင့်မြင့်အတန်းမှ ခုံတန်းရှည်တစ်ခုလုံးကို လက်မှတ်ဖြတ်ထားတာဖြစ်တဲ့အကြောင်းကိုသိလိုက်ရတယ်။

 

သူမ ထိုအကြောင်းကို လင်းတုံဟဲကို မပြောပြခဲ့ဘူး။ စစ်သားတွေအားလုံးက အကုန်လုံးတော့ ရိုးသားနေကြတာတွေမဟုတ်ဘူးပဲ။ ဒီတပ်စုမှူးက အလွန်ထက်မြက်ပြီး သူတပါးကို မစော်ကားမိစေဘဲ သူ့ရဲ့မရီးကို တကယ်ဂရုစိုက်ပေးခဲ့တယ်။

 

ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူ လင်းတုံဟဲကိုပေးလိုက်တဲ့လက်မှတ်က ရိုးရိုးတန်းရဲ့ စီးရတာ သက်သောင့်သက်သာမရှိစေတဲ့ ထိုင်ခုံလက်မှတ်ဖြစ်ကြောင်းကို ဆုဆုတွေ့မြင်လိုက်ရတယ်လေ။ 

 

သူမ ထိုင်ခုံမှာ ထိုင်ပြီးတဲ့နောက်မှသာ တစ်ဖက်လူကို ကျေးဇူးတင်စကားမပြောရသေးမှန်း ဆုဆု သတိပြုမိသွားတယ်။ ထားလိုက်ပါတော့။

 

နောက်မှပဲ လင်းချွမ်ကို ဒီအကြောင်းတွေပြောပြလိုက်တာပေါ့။ ဒါက ယောက်ျားတွေအချင်းချင်း ပြောဆိုဆက်ဆံတာက ပိုပြီးသင့်လျော်လို့ သူ့ဆီမှာပဲ အပ်ထားလိုက်တော့မယ်။

 

သို့သော်လည်း ယခုခေတ်ကာလက အိပ်စရာနေရာက အနာဂတ်မှ ယာဥ်တွေလိုမျိုး အဆင်မပြေသေးဘူး။ ဒါပေမယ့် တခြားသူတွေဆီမှာ တိုးကြိတ်အညှစ်ခံနေစရာမလိုအပ်ဘဲ လှဲအိပ်လို့ရတယ်လေ။

 

ခုခေတ်ကာလက သွားလာခရီးလမ်းကြောင်းတွေက ဖွံ့ဖြိုးမှုမရှိသေးတဲ့အတွက် ရထားတွေက လူအရမ်းကျပ်နေတတ်တယ်။ ပုံမှန်တန်းက ထိုင်ခုံဖြစ်ခဲ့မယ်ဆိုရင် သူမ အခုချိန်တခြားသူတွေနဲ့ နေရာလုနေရပြီး တိုးကြိတ်တာကိုခံနေရလိမ့်မယ်။

 

သူမ လက်မှတ်ကိုကြည့်လိုက်တော့ ရထားက မနက်သုံးနာရီ ငါးဆယ်မှာ ဆိုက်ရောက်လိမ့်မယ်။ ဆိုလိုတာက သူမ ညဘက်မှာတော့  ကောင်းကောင်းအိပ်စက်ပြီး ဘူတာရုံအထိ အေးအေးဆေးဆေးအနားယူနိုင်တယ်။

 

ဆုဆု ကျောပိုးအိတ်ကို ဘေးသို့ဖယ်ထားလိုက်ကာ ရေနွေးတစ်ခွက် ထုတ်သောက်လိုက်ပြီး ရထားရဲ့ခုံမှာ လှဲလျောင်းလိုက်တယ်။

 

သူမက ဒီလိုအရာမျိုးတွေကို စီးနေကျမဟုတ်တာကြောင့် ခုံပေါ်မှာ လှဲလိုက်ချိန်မှာ ပြုတ်ကျလုနီးပါးဖြစ်သွားတဲ့အပေါ် သူမကို အပြစ်ပြောလို့တော့မရဘူး။

 

သို့သော်လည်း ခဏအကြာမှာတော့ ဆူညံနေတဲ့ ရထားအတွင်း အိပ်ပျော်သွားခဲ့တော့တယ်။  ဘူတာရုံသို့ရောက်တဲ့အချိန်အတွက်ကတော့ တပ်စုခေါင်းဆောင်က သူမရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဟိုဘက်သို့ အကြောင်းကြားထားမှာဖြစ်ပြီး သူမကိုလာကြိုဖို့အတွက် တစ်စုံတစ်ယောက်လာမယ်လို့ ပြောခဲ့တယ်။

 

စစ်တပ်ရဲ့လုပ်ဆောင်မှုတွေက အမြဲတမ်းစိတ်ချထားနိုင်တယ်။ ဆုဆုက လင်းချွမ်ကိုသာစိတ်ပူနေခဲ့ပြီး သူမ အိပ်ပျော်သွားချိန်မှာ လင်းချွမ်က လက်မောင်းကျိုးနေခဲ့ပြီး ခြေထောက်တစ်ဖက်မရှိပါပဲ သူမဆီသို့ လျှောက်လာတာကို အိပ်မက်မက်ခဲ့တယ်။

 

ဆုဆု ချွေးအေးတွေ စိုစွတ်စွာနဲ့ လန့်နိုးလာခဲ့ပြီး နာရီကိုကြည့်လိုက်တော့ မနက် နှစ်နာရီကျော်နေခဲ့ပြီ။  သူမ တကယ်ကြီးအိပ်ပျော်သွားခဲ့တာပဲ။ ဆုဆု ရေချိုးခန်းထဲကိုသွားပြီး  ​​မျက်နှာသစ်သွားတိုက်လိုက်တယ်။ ပြီးနောက် အိတ်ထဲမှ မျက်နှာသုတ်ပုဝါကို ထုတ်လိုက်ချိန်မှာ မုဆိုးမချောင်ကိုပေးလိုက်တဲ့ အနီရောင်မာဖလာက ပြန်ပေါ်မလာတော့တာကို တွေ့လိုက်ရတယ်။ ဒါက ..

 

ကျောပိုးအိတ်ထဲမှာ မရှိတော့ဘူးဆိုရင် ပစ္စည်းတွေ နဂိုပြန်ပြောင်းပြီးရောက်လာရမှာ မဟုတ်ဘူးလား။

 

သူမ တွေးတောလိုက်ပြီး မနေ့ကသောက်ခဲ့တဲ့ ကားမူးပြေဆေးကိုထုတ်ကြည့်လိုက်တော့ ဆေးက အထဲမှ အထုပ်မှာရှိနေတုန်းပဲဖြစ်ပြီး အခြေအနေကောင်းနေသေးတာကို တွေ့လိုက်ရတယ်။

 

စည်းမျဉ်းအကြောင်းကို နားလည်သိရှိပြီးနောက် ဆုဆု သူမရဲ့ကျောပိုးအိတ်ထဲမှ ပစ္စည်းတွေကို အခြားသူတွေကို နောက် ဘယ်တော့မှ အလွယ်တကူ မပေးတော့ဖို့  ဆုံးဖြတ်လိုက်တယ်။ သို့သော်လည်း သုံးပြီးသား ငွေနှင့် လက်မှတ်တွေ ပြန်ပေါ်လာခဲ့တာက ဒီဘက်ခေတ်မှာ နေထိုင်ဖို့အတွက် သူမကို ယုံကြည်မှု အနည်းငယ် ပိုရှိလာစေခဲ့တယ်။

 

ဆုဆု အထုပ်အပိုးတွေကို ပြန်လည်ပြင်ဆင်ပြီး ကိတ်မုန့်အနည်းငယ်စားပြီးနောက်မှာတော့ သုံးနာရီထိုးနေခဲ့ပြီ။ သူမ ရေနွေးဓာတ်ဘူးနဲ့ ကိတ်မုန့်ကို ကျောပိုးအိတ်ထဲကို ပြန်ထည့်လိုက်ပြီး ရထားမှဆင်းဖို့ အသင့်ပြင်ထားလိုက်တယ်။ အလွန်အမင်း ကောင်းမွန်စွာဝတ်စားဆင်ယင်ပြီး ရုပ်ရည်ချောမောလှပတဲ့ မိန်းကလေးက အထူးဆွဲဆောင်မှုရှိလွန်းတယ်။ ဒီတော့ သူမ ရထားပေါ်မှဆင်းလာချိန်မှာ တချို့တွေက လမ်းကိုပါ ဖယ်ပေးလာခဲ့ကြတယ်။

 

ဒါကြောင့် သူမ ရထားပေါ်မှနေ လူတွေသိပ်မတိုးလိုက်ရဘဲ အောက်သို့ဆင်းလာနိုင်ခဲ့ကာ အဓိက ဂိတ်ပေါက်သို့ရောက်လာနိုင်ခဲ့တယ်။

 

နောက်ဆုံးတော့ သူမ ကားရပ်နားရာနေရာသို့ ရောက်လာခဲ့ပြီး လမ်းမီးရောင်မှိန်မှိန်အောက်မှာ ဘေးပတ်ပတ်လည်ကိုလှည်ပတ်ကြည့်လိုက်တယ်။

 

ဒီကရဲဘော်.. မင်းရဲ့မျိုးရိုးနာမည်က ဆုလား

 

နက်ရှိုင်းတဲ့ အသံတစ်သံက သူမရဲ့နောက်ကျောဘက်မှ ထွက်ပေါ်လာပြီး ဆုဆုတစ်ယောက်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေထသွားရတယ်။

 

ဒီအသံက တကယ်တော့ အတော်လေးကောင်းပါတယ်။ လင်းချွမ်ရဲ့ ပြတ်သားပြီးနက်နဲတဲ့ လေသံနဲ့မတူပါပဲ သူ့ရဲ့အသံက  အတော်လေး... လေးနက်ပုံရတယ်။

 

သူမ ခေါင်းကို ကမန်းကတန်း လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် လူတစ်ယောက်က သူမကို ဓာတ်ပုံလေးတစ်ပုံနဲ့ စစ်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမရဲ့မျက်နှာ သူ့ဘက်ကိုလှည့်လာပြီးနောက်မှာ သူက  အတည်ပြုနိုင်လိုက်ပြီးတဲ့ပုံရပြီး ဓာတ်ပုံကို အဝေးသို့ပြန်ဖယ်လိုက်တယ်။ ကြည့်ရတာ သူရှာနေတဲ့ လူကို ရှာတွေ့သွားနိုင်တဲ့ပုံပဲ။

 

ဆုဆုက သူ့ရဲ့မျက်နှာပေါ်ရှိ နက်နဲသောအမာရွတ်ကြောင့် အနည်းငယ်လန့်ဖျပ်သွားရပေမဲ့လည်း အဆုံးမှာတော့ သူမရဲ့အတွေးကို ထိန်းကာ ပျော်ရွှင်စွာနဲ့ပြောလိုက်တယ်။

 

ဟုတ်တယ်.. ကျွန်မရဲ့မျိုးရိုးနာမည်က ဆုဖြစ်ပြီး လင်းချွမ်ရဲ့ဇနီးသည်ပါ

 

ဟယ်လို ကျွန်တော်က လင်းချွမ်ရဲ့တပ်က လက်ထောက်တပ်ရင်းမှူး ချန်ယွဲ့ကျင်းပါ.. ကျွန်တော်က မင်းကို စစ်တပ်ဆေးရုံကို ပို့ပေးဖို့ တာဝန်ယူထားပါတယ်

 

တစ်ဖက်လူက သူ့ရဲ့လက်ကိုဆန့်ထုတ်လာခဲ့တယ်။

 

ဆုဆု ချက်ချင်းပဲ သူမရဲ့လက်ကိုဆန့်ထုတ်ကာ သူနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်တယ်။

 

ဒါဆို ကူညီပေးပါဦး

 

ချန်ယွဲ့ကျင့်ကတော့ အံ့သြတကြီးဖြစ်နေခဲ့ပြီး လင်းချွမ်က တကယ့်ရတနာလေးကိုလက်ထပ်ခဲ့ရတာပဲလို့တွေးမိသွားခဲ့တယ်။ သူမက သူ့ရဲ့မျက်နှာမှ အမာရွက်ကိုမြင်တာတောင် လန့်အော်ပြီး ထွက်ပြေးမသွားခဲ့ဘူး။

 

ဆုဆုရဲ့အတွေးကတော့ တစ်ဖက်လူက အမာရွက်ရှိနေရင်တောင် ဟိုးလိုးဝင်းပါတီတွေမှာ လိမ်းခြယ်တတ်တဲ့ပုံစံတွေထက်တော့ အများကြီးပိုကောင်းနေတုန်းပဲလေ။ နောက်ပြီး တစ်ဖက်လူက စစ်ယူနီဖောင်းကို ဝတ်ထားတာကြောင့် သူ့ကိုကြည့်ရတာ လုံခြုံတယ်လို့ ခံစားရတယ်။ ဒီလူက သူမကိုလာကြိုပေးတယ်ဆိုမှတော့ သူက ဘာမှ ဆိုးရွားနေတာမျိုးမရှိလောက်ဘူး။ ဒီတော့ သူ့ရဲ့နောက်ကိုလိုက်သွားရုံပဲလေ။

 

ဒီလိုနဲ့ ဆုဆုတစ်ယောက် လက်ထောက်တပ်ရင်းမှူးချန် နှင့်အတူ ကားထဲသို့ဝင်ပြီးလိုက်လာခဲ့တယ်။ သူက သူမကို တ်ဦးတည်းသာ လာကြိုခဲ့ပေမဲ့လည်း ကားကို အလွန်နှေးကွေးစွာ မောင်းနှင်နေခဲ့တယ်။ လမ်းပေါ်မှာလည်း တခြားကားတွေနဲ့ပိတ်ဆို့နေတာမဟုတ်ပဲနဲ့လေ။

 

ဒီကဒုတပ်ရင်းမှူး.. လမ်းပေါ်မှာဘယ်သူမှလည်းမရှိဘူးလေ.. ကျွန်တို့နည်းနည်းလောက်မြန်မြန်သွားလို့ ရနိုင်မလား

 

သူမက လင်းချွမ်ကို ပြုစုဖို့ အလျင်လိုနေခဲ့ပြီး သူဘယ်နေရာကို ဒဏ်ရာရသွားမှန်းကိုလည်း မသိရသေးဘူး။

 

အလျှင်မလိုပါနဲ့.. လင်းချွမ်က ခုလောက်ဆို အိပ်နေတုန်းပဲနေမှာ

 

သူက နှေးကွေးစွာမောင်းနေတုန်းပဲ။ သူ့အနေနဲ့ တပ်စုမှူးထံမှ သူ့ဆီကို သတင်းပို့တဲ့ဖုန်းကိုလက်ခံရရှိထားတယ်လေ။ တပ်ရင်းမှူးရဲ့ဇနီးသည်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်လို့ ကားကိုမြန်မြန်မောင်းလိုက်ရင် သူမ အန်ချင်လာနိုင်တယ်။

 

ဒီတော့ သူကားကို ပိုပြီး ဂရုတစိုက်နဲ့ မောင်းနှင်ရမယ်။ ဒါ်အပြင် သူ့ဆီမှာ ဇနီးမရှိသေးတဲ့အတွက် ကိုယ်ဝန်ရှိနေတဲ့မရီးဖြစ်သူကို  ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို မသိသေးဘူး။ ဒီတော့ ပိုပြီး ဖြည်းညှင်းစွာ မောင်းနှင်ရမယ်။

 

လင်းချွမ်က အိပ်ပျော်နေသေးတယ်ဆိုတာကိုကြားတော့ ဆုဆုက သူ့ကိုထပ်ပြီး မလောဆော်တော့ဘူး။ သို့ပေမယ့် သူတို့ရဲ့ကားဘေးနားမှ စက်ဘီးတစ်စီး ဖြတ်သွားတာကို မြင်လိုက်ရတော့ သူမရဲ့စိတ်တွေ ပြိုလဲသွားတော့မလိုပဲ။

 

သူမ ချန်ယွဲ့ကျင်းကိုပြန်ကြည့်လိုက်တော့ သူ့ရဲ့အမူအရာက အရင်အတိုင်းမပြောင်းမလဲနဲ့ ရုပ်တည်ကြီးအတိုင်းရှိနေတုန်းပဲ။

 

ခဏအကြာမှာ နောက်ထပ်စက်ဘီးတစ်စီးက ဖြတ်သွားခဲ့ပြီး ဆုဆုရဲ့နဖူးမှာ မျဥ်းလေးကြောင်းလောက်ပေါ်လာသလိုခံစားရတယ်။ သို့ပေမယ့် ချန်ယွဲ့ကျင်းရဲ့မျက်နှာကတော့ မျက်နှာသေအတိုင်းရှိနေဆဲ။

 

သူမ ကားတံခါးကိုတွန်းဖွင့်ပြီး ထွက်သွားချင်စိတ်ပေါက်လာခဲ့တယ်။ သို့ပေမယ့် ကံမကောင်းစွာနဲ့ လင်းချွမ်က ဘယ်ဆေးရုံမှာ ရှိနေတာလဲ သူမ မသိခဲ့ဘူး။

 

သူမ နောက်ဆုံးတော့ ရပ်တန့်ဖို့ ပြောထွက်လုနီးပါးဖြစ်နေတဲ့အချိန်ကျမှ ကားက သေးငယ်တဲ့နှစ်ထပ်အဆောက်အအုံတစ်ခုရှေ့မှာရပ်သွားခဲ့တယ်။ ပြီးနောက် ကားအောက်ကိုဆင်းလာပြီး လမ်းကိုဦးဆောင်သွားပြန်တယ်။ဆုဆုကတော့ ဒီလူက  ကားမောင်းတာနှေးတဲ့အပြင် လမ်းလျှောက်တာလည်းနှေးလွန်းကြောင်း စိတ်ထဲက ညည်းညူမိနေပြီ။ ဒါပေမယ့် သူမက ဘာလုပ်နိုင်မှာတဲ့လဲ။ နောက်ကလိုက်ရုံပဲပေါ့။

 

အခုအချိန်မှာ ဆေးရုံမှာ လူများများစားစားရှိမနေခဲ့ဘူး။ မကြာခင်မှာပဲ သူတို့တွေ ပထမထပ်မှ အခန်းတစ်ခုရှေ့ကိုရောက်လာခဲ့တယ်။ သူ တံခါးကိုဆွဲဖွင့်လိုက်ပြီးနောက် အခန်းတွင်းမှာ ငြိမ်သက်တိတ်ဆိတ်နေခဲ့ပြီး ခဏအကြာမှာ စိုးရိမ်တကြီးရှိလှတဲ့အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။

 

လောင်ချန်  မင်းတစ်ယောက်ယောက်ကိုခေါ်လာခဲ့ပြီလား

 

အင်း ခေါ်လာပြီ

 

ချန်ယွဲ့ကျင်း ပြောလိုက်ပြီးနောက် ဆုဆုနဲ့အတူအခန်းထဲသို့ ဝင်လာခဲ့တယ်။

 

ငါ မင်းအတွက် ရေသွားယူပေးမယ်

 

သူက ထိုစကားကိုပြောခဲ့ပြီး ဘယ်နေရာကမှန်းမသိတဲ့ ရေနွေးအိုးကို ယူကာ ပြန်ထွက်သွားတော့တယ်။