Ch 52
Viewers 11k

52:

 

ဆုဆုတစ်ယောက် သူမရဲ့ယောက္ခထီးလို မျိုး ရိုးသားလွန်းတဲ့လူက သူမကို ဒီလိုမျိုးစနောက်လာမယ်လို့ မမျှော်လင့်ထားခဲ့တာကြောင့် သူ့ဘက်ကို လှည့်ကြည့်ကာ မျက်တောင်ခတ်လိုက်မိတယ်။ သို့ပေမဲ့ တစ်ဖက်လူက ဖြောင့်တန်းတည်ကြည်တဲ့မျက်နှာနဲ့ပြောလာတယ်။

 

ငါမှတ်မိတာမှန်ပါတယ်.. ဒါတွေက အရင်မျိုးဆက်တွေဆီကနေ ထိန်းသိမ်းထားပြီး ငါ့ကိုပေးခဲ့တာလေ

 

ကောင်းပြီ ကောင်းပြီ ကျွန်မနားလည်ပါတယ်

 

အမေလင်းက  ဆုဆုကို ဆက်ရေးဖို့ တိုက်တွန်းခဲ့ပြီး သူမက ခေါက်ဆွဲတွေကို (ကော်အဖြစ်)လက်မှာကိုင်ရင်း ထိုကောင်းချီးစာရွက်တွေကို နံရံမှာကပ်ဖို့ စောင့်နေခဲ့တယ်။

 

ဆုဆု ခေါင်းညိတ်ပြလိုက်ပြီး ကောင်းချီစာရွက်နှစ်ခုရေးလိုက်တယ်။ တစ်ခုကအိမ်တံခါးအတွက်ဖြစ်ပြီး နောက်တစ်ခုကအပြင်ဘက်ခြံဝန်းတံခါးအတွက်ပဲ။ ပြီးနောက် နောက်ထပ် မင်္ဂလာရှိတဲ့စကားလုံးတစ်ချို့ရေးပြီး ရွှေရောင်ကြက်ဖကို ဘောင်အပြည့်ရေးကာ နောက်ထပ် ဝက်ဝတုတ်ကိုပါ မှင်နဲ့ထပ်ရေးလိုက်တယ်။

 

မူလတုန်းက သူတို့ရဲ့မိသားစုထဲမှာ ဝက်ခြံလုပ်ပြီးသားရှိပေမဲ့ ဝက်မရှိခဲ့ဘူး။

ဒါကြောင့် ဆုဆုက တစ်ရွာတည်းနေမိသားစုထံမှ ဝက်နက်တစ်ကောင်ကို ဝယ်ယူခဲ့တယ်။ ထိုဝက်က တစ်ဆယ့်ငါးယွမ်အောက်သာ စျေးရှိပြီး အလွန်စျေးသက်သာတယ်လို့ဆိုနိုင်တယ်။

 

ထိုဝက်ကို  လင်းဟိုင်က သွားသယ်ခဲ့တာဖြစ်ပြီး သူက အလွန်ပျော်ရွှင်နေခဲ့ပေမဲ့ အမေလင်းက ပြောလာခဲ့တယ်။

 

“မင်းဘာလို့ မင်းရဲ့ပိုက်ဆံတွေကို သုံးနေရတာလဲ

 

အမေလင်းက အလွန်တွေးတောနေတုန်းဖြစ်ပြီး သူမက ဆုဆုကိုပိုက်ဆံပြန်ပေးဖို့လုပ်ခဲ့တယ်။

 

ဆုဆုက သူမရဲ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။

 

ကျွန်မတို့တွေ  နောက်နှစ်အတွက် နှစ်သစ်ကူးမှာ အသားစားရမယ်လေ.. ကျွန်မကို ပိုက်ဆံပေးစရာ မလိုပါဘူး ကျွမ်တို့က မိသားစုတွေပဲမလား..  စားစရာတွေသာ ပိုပြီး များများပေးရင်ရပြီ

 

လင်းချွမ်က သူမအတွက် အစားအသောက်တွေ အများကြီး ကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့် နှစ်သစ်ကူးအချိန်မှာ သူမအတွက် ဘာတစ်ခုမှ ချို့တဲ့မနေခဲ့ဘူး။ သို့ပေမယ့် သူမက တစ်ယောက်တည်း မစားသောက်ချင်ခဲ့တာကြောင့် တစ်ခါတလေမှာ အရသာရှိတဲ့ အစားအစာတချို့ ပြုလုပ်ပြီး အရှေ့ဘက်ခြံကို ယူလာတတ်တယ်။

 

တစ်ခါတလေမှာတော့ သူမက ချက်ပြုတ်စရာပစ္စည်းတွေယူလာတတ်ပြီး အရှေ့ဘက်အိမ်မှာပဲ ချက်ပြုတ်ဖို့ ပေးတတ်တယ်။ 

 

အတိုချုပ်ပြောရလျှင် သူမနဲ့လက်ထပ်ပြီးကတည်းက လင်းမိသားစုရဲ့ အစားအသောက်တွေက များစွာတိုးတက်ကောင်းမွန်လာခဲ့ ယောက်ျားလေးသုံးယောက်သည်လည်း ဗိုက်ဆာရခြင်းမရှိတော့တာကြောင့် ကိုယ်အလေးချိန်တွေတက်လာကြတော့တယ်။

 

အထူးသဖြင့် သူတို့ရဲ့ သင်ကြားရေးအမျိုးအစားနှစ်မျိုးကလည်း ပိုပြီးမြန်ဆန်လာခဲ့ကြတယ်။ ဘာသာစကားတတ်မြောက်ရေးအတန်းထဲမှ အခြေအနေက မဆိုးရွားပဲ စကားလုံးအနည်းငယ် မှတ်မိနိုင်ကြပြီဖြစ်သလို အပေါင်းအနှုတ်တွေကိုလည်း 100 အတွင်းမှာ တွက်ချက်တတ်လာကြတယ်။

 

အမေလင်းနဲ့ အဖေလင်းတို့တောင်မှ သင်ယူလာနိုင်ခဲ့တယ်။ သူတို့ နှစ်ယောက်က တုံး,နေခြင်းမရှိတာကြောင့် မြန်မြန်ဆန်ဆန် သင်ယူနိင်ခဲ့ကြတယ်။

 

ဆုဆုအနေနဲ့ လင်းမိသားစုက အလွန်ဥာဏ်ရည်ထက်မြတ်တယ်လို့တွေးမိတယ်။ ကောင်လေးနှစ်ယောက်က အတန်းထဲမှာ စာအတော်ဆုံးတွေဖြစ်ပြီး လူကြီးနှစ်ယောက်ကလည်း သင်ယူနိုင်စွမ်းကောင်းမွန်တယ်။ ဒီလိုဆိုမှတော့ လင်းချွမ်သည်လည်း တုံးအနေလောက်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ သူနားလည်နိုင်စွမ်းမြင့်လောက်တယ်။

 

တရုတ်နှစ်သစ်ကူးပြီးသွားချိန်မှာတော့ သူမ သူ့ကို ပိုလို့တောင် လွမ်းဆွတ်လာမိတယ်။ သို့ပေမယ့် ကံမကောင်းစွာ ဖုန်းခေါ်ဆိုတာတွေ စာပို့တာတွေတောင်  မလုပ်နိုင်ခဲ့ဘူး။

 

လင်းမိသားစုမှာ လူတွေအများကြီးရှိနေတာကို ကျေးဇူးတင်ရမယ်။ သူမ သိပ်ပြီး အထီးကျန်ခဲ့ရဘူးလေ။

 

ဒီဘက်ခေတ်က ဆင်းရဲနွမ်းပါးကြပေမဲ့ နှစ်ကုန်ပြီးနောက်မှာ လူတွေက အရသာရှိတာတွေစားကြတယ်။ ခေတ်သစ်ကာလတွေမှာလို စားစရာတွေအများကြီးမရှိဘူးဆိုပေမဲ့ အရာအားလုံးက အရသာရှိနေခဲ့တယ်။

 

နှစ်သစ်ကူးအချိန်ကာလ အဆုံးသတ်နားကိုရောက်လာချိန်မှာတော့ ထိုနေ့မှာ ဟင်းလျာခြောက်ပွဲကိုချက်ပြုတ်ခဲ့ကြတယ်။ အသားဟင်းတွေပါဝင်သလို သက်သတ်လွတ်ဟင်းတွေလည်းပါဝင်တယ်။ ဒါ့အပြင် အသားသက်သက်ဖြင့်ပြုလုပ်ထားတဲ့ဖက်ထုပ်တွေလည်းပါရှိပြီး အတွင်းပိုင်းမှာ ရှေ့ခေတ်အကြွေစေ့တွေထည့်သွင်းထားကာ ကြေးပန်းကန်ပြားပေါ်မှာတင်ထားကြတယ်။ မည်သူက အကြွေစေ့ပါတဲ့ဖက်ထုပ်ကို စားမိမလဲဆိုတာကို ကြည့်ပြီး အများဆုံးရတဲ့လူက ဒီနှစ်မှာ ကံကောင်းမှာဖြစ်ပြီး  လာဘ်လာဘတွေအမျာ့ကြီးရရှိလိမ့်မယ်။

 

ဒါပေါ့။ ဒီနေရာမှာ ဆုလည်းပါဝင်ပြီး ကြည့်ရတာအလွန်ပျော်စရာကောင်းနေခဲ့တယ်။

 

ဒါက အပျော်တမ်းဖြစ်ပေမဲ့လည်း လူတိုင်းက အလွန်စိတ်လှုပ်ရှားနေကြပြီး အသားဖက်ထုပ်တွေကလည်း တကယ်ကို အရသာရှိလွန်းတာကြောင့် အားလုံးက ဗိုက်ကိုတင်းကားနေတဲ့အထိ စားခဲ့ကြတယ်။

 

ဖွဲ့ဖြိုးကြီးထွားဆဲကာလဖြစ်တဲ့ ကလေးတွေက အလွန်အမင်းစားချင်တဲ့အာသီသရှိကြပြီး ဆုဆုသည်လည်း သူတို့ရဲ့စားချင်စိတ်ကို ကောင်းစွာသိထားတယ်လို့ ဆိုနိုင်ပေမဲ့ ဖက်ထုပ်တစ်အိုးလုံးမှာ ငါးခုပဲစားလိုက်ရလိမ့်မယ်လို့တော့ မမျှော်လင့်မိခဲ့ဘူး။ အမေလင်းက နောက်ထပ်တစ်အိုးချက်လာပေးခဲ့ရတယ်။  တကယ်ကို အံ့သြစရာပဲ။

 

သူတို့နဲ့ လုမနေနဲ့တော့ မင်းအတွက် ပန်းကန်တစ်ချပ်ခွဲထားလိုက်.. ချွမ်ဇီက ဒီမှာမရှိလို့ပေါ့ မဟုတ်ရင် အဲဒီကောင်လေးတွေ သူ့ကိုအမှီလိုက်နိုင်မှာမဟုတ်ဘူး

 

အမေလင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလာတယ်။  ဒီနှစ်ရဲ့ နှစ်သစ်ကူး အကြိုနေ့က အလွန်ပေါကြွယ်ဝနေတာကြောင့် သူမ တကယ်ကိုပျော်နေခဲ့တယ်။

 

ဒီမိသားစုက လူတွေလည်း ပိုများလာတယ်။ ပိုက်ဆံတွေလည်း ပိုပြီးရှာဖွေစုဆောင်းလာနိုင်ပြီး အသိပညာကလည်း ရှိနေတာကြောင့်  တစ်ရွာလုံးက သူတို့မိသားစုကို မနာလိုဖြစ်လုနီးပါး ဖြစ်နေခဲ့ကြတယ်။

 

ဆုဆုက အိမ်မှုကိစ္စတွေကို လုပ်ရတာမကြိုက်ပေမဲ့ မိသားစုဝင်တွေကို ကောင်းကောင်းဂရုစိုက်ပေးသလို သိတာတွေလည်းများလွန်းတယ်။ ဒီတော့ တခြားဘာလိုအပ်သေးလို့လဲ။ အမေလင်းက ရွာထဲမှ တခြားသော ယောက္ခမတွေလို သူတို့ရဲ့ချွေးမကိုဘယ်လိုဖိနှိပ်ရမလဲဆိုတာကိုပဲတွေးနေတဲ့သူတွေနဲ့ မတူချင်ဘူး။ သူမက အခုချိန်မှာ ဆုဆုကို သူ့ရဲ့ကိုယ်ပိုင်မိသားစုမှ မိသားစုခေါင်းဆောင်တစ်ယောက်လို သူမဘာသာပဲဆုံးဖြတ်စေခဲ့တယ်။

 

ဒါ့အပြင် သူမက သားဖြစ်သူရဲ့ အကျင့်စရိုက်ကိုလည်း ကောင်းစွာသိထားတယ်လေ။ တကယ်လို့ သူမသာ စိတ်သဘောထားကောင်းမွန်ပြီး သူမကို အတတ်နိုင်ဆုံးကာကွယ်ပေးမယ်ဆိုရင် အဆင်ပြေလိမ့်မယ်။ တကယ်လို့  ထိုသို့မဟုတ်ပဲ သူမရဲ့ချွေးမဖြစ်သူကို ထိန်းချုပ်ဖို့ကြိုးစားမယ်ဆိုရင်တော့ နောက်နှစ်သူပြန်လာတဲ့အချိန်မှာ သူတို့တွေ ကွဲပြဲတဲ့အထိဖြစ်သွားနိုင်တယ်။

 

သူမကိုယ်တိုင် မွေးဖွားထားတဲ့သားဖြစ်သူအကြောင်းကို မသိပဲနေပါ့မလား။

 

အဲဒီကောင်လေးက သူ့ရဲ့ကိုယ်ပိုင်မိသားစုကို အလွန်ဂရုစိုက်ပေးတတ်တဲ့သူပဲ။

 

နှစ်သစ်ရဲ့ပထမနေ့အပြီးမှာတော့ ဆုဆုတစ်ယောက် အကြိမ်ပေါင်းများစွာထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ လင်းတုံဟဲနဲ့ သူ့ရဲ့ညီငယ်က စည်းမျဥ်းတွေကိုလိုက်နာဆဲဖြစ်ပြီး သူ့ရဲ့မရီးဖြစ်တဲ့သူမကို ဂါရဝပြုဖို့ရောက်လာခဲ့တယ်လေ။

 

သူမ ခဏလောက် အနေရခက်သလို ခံစားခဲ့ရပေမဲ့ လင်းဟိုင်လို အရပ်ရှည်ရှည်နဲ့သန်မာတဲ့သူက လင်းတုံဟဲကိုဂါရဝပြုနေတာကိုမြင်လိုက်ရတော့ ဒါက ဘာမှမဟုတ်သလို ခံစားလိုက်မိပြန်တယ်။

 

ဒါပေမယ့်လည်း အမျိုးသားဇာတ်ဆောင်ဆီကနေ အရိုအသေပေးခံရတာက နည်းနည်းလောက်မဆိုးရွားလောက်ဘူးလား?

 

သူမ တုံ့ဆိုင်းနေတဲ့အချိန်မှာပဲ အမျိုးသားဇာတ်လိုက်က ဒူးထောက်ပြီးနေပြီဖြစ်ကာ အမေလင်း သူ့ကို စာအိတ်အနီတစ်အိတ်လှမ်းပေးလိုက်လေတယ်။ ဒါက သူမအတွက် နှစ်သစ်ကူးနှုတ်ဆက်လာတာဖြစ်တဲ့အတွက် မရီးဖြစ်တဲ့သူမသည်လည်း သူ့ကိုစာအိတ်နီတစ်လုံးပြန်ပေးရလိမ့်မယ်။

 

တကယ်တော့ စာအိတ်နီထဲမှာ တစ်ယွမ်သာပါဝင်ပြီး ဒါက စိတ်ရင်းကိုဖော်ပြရုံသက်သက်ပဲလေ။

 

လင်းတုံဟဲကလည်း လင်းဟိုင် နှင့် အခြား ကောင်လေးနှစ်ယောက်ကို စာအိတ်နီတွေ ပေးခဲ့ပြီ ဒါက တရုတ်နှစ်သစ်ကူးရဲ့ ရိုးရာဓလေ့တစ်ခုပဲ။

 

ဘယ်လိုပဲဖြစ်ဖြစ် ဆုဆုကတော့ သူမကိုယ်သူမ အလွန်ဂုဏ်ယူနေခဲ့တယ်။ သူက အမျိုးသားဇာတ်လိုက်ဖြစ်ပြီး ဖြတ်လျှောက်လေးသူမရဲ့ရှေ့မှာ ဒူးထောက်သွားရတယ်လေ။ ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် ဒါက ဘဝတစ်သက်သာအတွက် လုံလောက်သွားပြီ။

.

မူလတုန်းကတော့ သူမအနေနဲ့ မရီးလို့အခေါ်ခံရတာကို ရှက်ရွံ့ခဲ့ပေမဲ့ ခုချိန်မှာတော့ အတော်လေးသဘောကျနေခဲ့ပြီ။

 

လင်းတုံဟဲက လင်းဟိုင် ဆီကိုသွားခဲ့ပြီး ကောင်လေးတွေက လင်းဟိုင်ပြီးတဲ့နောက် သူမကို ဂါရဝပြုနှုတ်ခက်ခဲ့ကြတယ်။  ဆုဆုအနေနဲ့ ဘာမှမပြင်ဆင်ထားခဲ့မိပေမဲ့လည်း အမေလင်းက သူမအတွက် ပြင်ဆင်ပေးခဲ့ပြီး တစ်ဦးကို တစ်ယွမ်စီပေးခဲ့တယ်။

 

တကယ်တမ်းမှာ ဆုဆုကိုယ်တိုင် ပြင်ဆင်ထားခဲ့မယ်ဆိုရင် နည်းနည်းလောက်ပိုများလောက်မှာဖြစ်ပေမဲ့ ဒီခေတ်ကာလမှာတစ်ယွမ်က အတော်လေးများနေပြီလို့ဆိုနိုင်တယ်။

 

ထို့နောက် ဆုဆုက အသက်မပြည့်သေးတဲ့ လင်းတုံဟဲရဲ့ညီဖြစ်သူနဲ့လည်းတွေ့ခဲ့တယ်။ သူက အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး အိမ်မှာမနေပဲ ကွန်မြူနတီမှာ ကျောင်းသွားတက်နေခဲ့တဲ့သူပဲ။

 

ဒီနေ့မှာ ဆုဆုက စာအိပ်နီနှစ်အိတ်ထုတ်ခဲ့ရတယ်။ သူမက တခြားလူတွေအားလုံးဂါရဝပြုပြီးတာကိုမြင်တော့ သူမသည်လည်း လင်းချွမ်အတွက် အမေလင်းနဲ့အဖေလင်းတို့ကို ကိုယ်စားဂါရဝပြုသင့်တယ်လို့တွေးမိတယ်။ အဆုံးမှာ လင်းချွမ်က ဒီမှာရှိမနေဘူးမလား။

 

အမေလင်းက သူမပြောတဲ့စကားကိုကြားတော့ ပြုံးပြီးပြောလာခဲ့တယ်။

 

အမျိုးသမီးတွေက  လုပ်စရာမလိုအပ်ပါဘူး

 

ကျွန်မက  လင်းချွမ်အတွက် ကိုယ်စား ဂါရဝပြုချင်တာပါ.. သူက သူ့ရဲ့တာဝန်ကြောင့် သားသမီးဝတ္တရားအရ ဒီကို ဂါရဝပြုဖို့ရောက်မလာနိုင်ဘူးလေ.. ဒီတော့ ကျွန်မ ဒီနှစ်သူ့ကိုယ်စားလုပ်ပေးပါရစေ

 

အားလုံးက မကန့်ကွက်တာကိာမြင်တော့  ဆုဆုတုံ့ဆိုင်းမနေတော့ဘဲ လူအိုကြီးစုံတွဲကို တိုက်ရိုက်ပဲ ဒူးထောက်ဂါရဝပြာလိုက်တယ်။

 

တကယ်တော့ ဒါက ဘာတစ်ခုမှ မခက်ခဲပါဘူး။ ဒီဘက်ခေတ်မှာတွင် သူမအနေနဲ့ လင်းချွမ်အတွက် သားသမီးဝတ္တရားဖြည့ပေးရလိမ့်မယ်။

 

အမေလင်းက ဝမ်းသာအားရဖြင့် စာအိတ်နီကို ပေးလာခဲ့ပြီး ဂါရဝပြုမှုကိုကျေနပ်စွာ လက်ခံခဲ့တယ်။

 

ထို့နောက် နှစ်သစ်ရဲ့ဒုတိယမြောက်နေ့မှာတော့ အမေလင်းက သူမကို နေရာတိုင်းသို့ အလည်အပတ်ခေါ်သွားပေးခဲ့တယ်။

 

ရွာလေးက အလွန်သေးငယ်ပြီး နှစ်ရက်ကြာ ဆွေမျိုးတွေပေါင်းစည်းပြီးသည့်နောက်မှာ လင်းမိသားစုနှင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးနီးပါးက အတူပေါင်းစည်းဖို့ လာရောက်လည်ပတ်ပြတယ်။

 

ထို့နောက် အဖေလင်းနဲ့ အမေလင်းတို့က လင်းချွမ်ရဲ့ ဦးလေးကိုတွေ့ဖို့အတွက် သူတို့ရဲ့မိဘအိမ်ကိုသွားခဲ့ကြတယ်။ သူတို့က ကျန်ရှိနေတဲ့ ကလေးလေးယာက်ကို  စိတ်မချနိုင်ဖြစ်နေခဲ့ပြီး လင်းဟိုင်ကို အိမ်နှစ်အိမ်လုံးကိုဂရုစိုက်ဖို့ အထပ်ထပ်အခါခါမှာပြီးမှ ထွက်သွားခဲ့ကြတယ်။

 

ဆုဆုအနေနဲ့  တာဝန်သိစိတ်ရှိပြီး အကြီးဆုံးမရီးတစ်ယောက်ဖြစ်တဲ့ သူမက မောင်ငယ်သုံးယောက်ကို ဂရုစိုက်ပြုစုရမယ်လို့တွေးခဲ့တယ်။ ဒါကြောင့် မနက်ခင်းမှာတုန်းက သူမ ဘာမှမလုပ်နိုင်ခဲ့ပေမဲ့ နေ့ခင်းဘက်တွင်တော့ သူတို့တွေစားသောက်နိုင်ဖို့အတွက် နေ့လယ်စာ ချက်ပြုတ်ရန် အချိန်မှန်ရောက်လာခဲ့တယ်။

 

ကံကောင်းစွာနဲ့ ဆောင်းရာသီမှာ ခေါက်ဆွဲနဲ့ စွပ်ပြုတ်ကလွဲလို့ ဘာမှလုပ်စရာမရှိဘူး။ ပထမဆုံးနေ့မှာ သူမ အတော်လေး အောင်မြင်ခဲ့ပေမဲ့လည်း နောက်နေ့ကိုရောက့တော့ ဘာဟင်းချက်ရမလဲဆိုတာကိုမသိတော့ဘူး။ ကံကောင်းထောက်မစွာနဲ့ ကလေးသုံးယောက်လုံးကချက်ပြုတ်နိုင်နေသောကြောင့် သူမအနေနဲ့ သိပ်ပြီးရှက်ရွံ့နေစရာမလိုခဲ့ဘူး။

 

သို့သော်လည်း ဆုဆုအနေနဲ့ ချက်ပြုတ်နည်းကို သင်ယူဖို့ အချိန်ကျပြီလို့ ခံစားမိခဲ့ပြီး သင်ယူရန် စဉ်းစားနေချိန်မှာ လင်းတုံဟဲက ရုတ်တရက် ပြေးလာပြီး တုန်လှုပ်ချောက်ချားစွာပြောလာတယ်။

 

“ရဲဘော်စု.. ခုနတုန်းက စစ်တပ်ကနေဖုန်းဆက်ပြီး  အစ်ကို ချွမ်ဇီ ရောက်လာပြီလို့ပြောတယ်.. သူ မစ်ရှင်အတွင်းမှာ ဒဏ်ရာရလာခဲ့ပြီး သူ့ကို ပြုစုဖို့အတွက် သူ့မိသားစုက လိုက်လာဖို့လိုတယ်တဲ့

 

ဆုဆုရဲ့ လက်ထဲက ရေဇလုံက ချက်ချင်း မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ရတယ်။ သူမ ငိုမိလုနီးပါးဖြစ်နေပြီ။ သူမအနေနဲ့ ဒီလိုအရာမျိုး ကြုံတွေ့လာမှာကို မမျှော်လင့်မိခဲ့ဘူး။ ဒီမှာ မဟုတ်ဘူးမလား.. ဘာလို့....

 

အိုး ဟုတ်သားပဲ.. စာအုပ်အလည်မှာ အဲလိုပါခဲ့တာပဲ။