Ch 41
Viewers 11k

41

 

အမျိုးသမီးတွေဆိုတာက အမြဲတမ်း ထိလွယ်ရှလွယ်နိုင်တတ်တယ်။ ဒါ့အပြင် သူတို့က လက်ထပ်ပြီးကာစဖြစ်နေသလို သူမရဲ့အန်တီလည်း ရောက်နေသေးတယ်လေ။

 

ရှင်  ဘာကိုဆိုလိုတာလဲ

 

လင်းချွမ်တစ်ယောက် လန့်ဖြန့်သွားပြီး ထထိုင်လိုက်မိကာသူ့ရဲ့မျက်နှာပေါ်မှာမေးခွန်း အမှတ်အသားတွေ အပြည့်ဖြင့် သူမကို ကြည့်လိုက်မိတယ်။

 

ကျွန်က  ဒီမှာ.. အန်တီရှိနေလို့... ကျွန်မဒီမှာရှိနေလို့ ရှင်က ကျွန်မကို ရွံရှာပြီး အိပ်ရာထဲကိုတောင် မဝင်တော့ဘူးလား

 

ထို့နောက်မျက်ရည်များ ကျဆင်းလာရပြီး သူမက အလွန်နုနယ်ပြီး ထိခိုးခံစားလွယ်နေပုံရတယ်။

 

လင်းချွမ်ရဲ့နှလုံးသားက နူးညံ့ပျော့ပျောင်းလာကာ သူမရဲ့ခေါင်းကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး ရှားပါးစွာဖြင်း ရှင်းပြလာခဲ့တယ်။

 

ကိုယ့်ရဲ့ခန္ဓာကိုယ်က  အေးနေပြီးတော့ ဆေးလိပ်နံ့တွေလည်းနံနေလို့ပါ

 

ထိုအချိန်ကျမှသာ ဆုဆုတစ်ယောက် သူမ နားလည်မှုလွဲသွားတာကို ရိပ်မိသွားပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်တယ်။

 

ရှင်က  ငတုံးလား အေးနေရင် အိပ်ယာထဲကို ဝင်မှပေါ့.. အိပ်ယာထဲက ပိုနွေးတယ်လေ

 

ပြောရင်းနဲ့ သူမက စောင်ကို အသာလှစ်ပေးလိုက်တယ်။

 

အေးခဲနေတာကို  .. ကျွန်မတို့က ဘယ်သူတွေမို့လို့လဲ?

 

ဆုဆု

 

ဒီကောင်မလေးက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ချစ်စရာကောင်းနေပါလိမ့်။

 

လင်းချွမ် စိတ်လှုပ်ရှားလာရတာကြောင့်  သူမကို ပွေ့ဖက်ကာ ခန်ပေါ်မှာ ဖိချပြီးနမ်းရှိုက်လိုက်မိပြန်တယ်...

 

သူ  ဘာတစ်ခုမှ မလုပ်နိုင်တာ သနားစရာပဲ။ သူ့ရဲ့ခန္ဓာကိုယ်က ဆူပွတ်နေပြီး အဆင်မပြေဖြစ်နေရပေမယ့် သူ့ရဲ့စိတ်ခံစားချက်တွေကတော့ အလွန်အမင်းပျော်ရွှင်နေခဲ့တယ်။

 

အထူးသဖြင့် တစ်ဖက်လူက ရှက်ရွံ့စွာနဲ့ နစ်နာနေသလို ပြောနေခဲ့တယ်လေ။

 

ကျွန်မရဲ့ပါးစပ်က အရမ်းနာနေပြီ... ရှင်က အရမ်းကြမ်းတမ်းတာပဲ

 

လင်းချွမ်ရဲ့  နှလုံးသားက  အရိုင်းဆန်စိတ်တွေ ပြည့်နှက်လာရကာ သူမကို ပိုပြီးနာကျင်အောင်လုပ်ပြီး နစ်နာခံစားရစေနိုင်မဲ့ နည်းလမ်းတွေကို တွေးတောနေခဲ့သော်လည်း အပေါ်ယံမှာတော့ လေးနက်စွာပြောနေတုန်းပဲ။

 

ကိုယ်တောင်းပန်ပါတယ် နည်းနည်းတောင်နီရဲနေပြီပဲ.. ကိုယ် မင်းကို လေနဲ့မှုတ်ပေးမယ်လေ

 

ထို လေမှုတ်ပေးလာမှုကြောင့် သူတို့နှစ်ယောက်က အချိန်ခဏကြာပြီးချိန်မှာ အားအင်တွေ ပြန်ပြီး ပြည့်နှက်လာခဲ့ရပြန်တယ်။

 

ဆုဆု အသံက ငိုသံမပေါက်လာမချင်း ပေါ့။

 

ဟင့်အင်း တော်ပြီ.. ကျွန်မ အိပ်တော့မယ်

 

ကောင်းပြီ အိပ်ရအောင်

 

လင်းချွမ် ဒီတစ်ခါမှာတော့ သူမကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး ရိုးသားစွာနဲ့ အိပ်ပျော်သွားခဲ့တယ်။

 

သူမ နောက်တစ်ကြိမ်နိုးလာတဲ့အချိန်မှာတော့ အစားအစာတွေထုတ်ပိုး စားသောက်ပြီးနောက် လင်းချွမ်က မိသားစုအသုံးစရိတ်အတွက်ဆိုပြီး သူမဆီကို လွဲပြောင်းပေးလာတယ်။ သူက သူ့ရဲ့ မိသားစုအပေါ် အလွန်ကောင်းပေမဲ့လည်း သူ့ရဲ့လက်ထဲမှာ လက်ထပ်ဖို့စုဆောင်းထားတဲ့  ပိုက်ဆံတချို့ရှိနေသေးပြီး ဆုဆုကို အကုန်လုံးပေးခဲ့လိမ့်မယ်။

 

  ဒါက နည်းတယ်ဆိုပေမယ့် တရုတ်နှစ်သစ်ကူးချိန်မှာ မင်းအတွက် အစားအသောက်နဲ့ အဝတ်အစားတွေ ဝယ်လို့ရတယ်

 

ရှင်ကရော?

 

ကြည့်ရတာ သူ့ကိုယ်သူ အပေါက်ဖောက်နေတယ်လို့  ခံစားနေရတယ်နော်။

 

ကိုယ့်ဆီမှာ ပိုက်ဆံရှိသေးတယ် နောက်ပြီး စစ်တပ်ထဲမှာ ပိုက်ဆံသုံးစရာ မလိုဘူး

 

လင်းချွမ်က လေးနက်စွာပြောလာတယ်။

 

ရှင်  စီးကရက်မဝယ်ချင်ဘူးလား

 

ဆေးလိပ်သောက်တာရပ်လိုက်ပြီ

 

ဘာလို့လဲ?

 

ဆေးလိပ်သောက်တာက ပိုက်ဆံအများကြီးကုန်တယ်

 

သူ့ရဲ့အဖြေက တကယ့်ကို ရိုးရိုးရှင်းရှင်ဖြစ်ပြီး ရက်ရောကာ ပြိုင်ဘက်ကင်းတယ်။

 

ဆေးလိပ်ဖြတ်ခိုင်းတာက အမျိုးသမီးရဲ့ သူတို့ရဲ့ ခင်ပွန်းသည်အပေါ် လုပ်ခိုင်းတတ်တဲ့တာဝန်မလား? သို့ပေမယ့် သူမကတော့ အဲဒါကို ဂရုမစိုက်ပါဘူး။

 

ဒါပေမယ့် ကျွန်မက ပိုက်ဆံတွေအများကြီးရှိတယ်လေ..  ဒါကြောင့် ရှင် ဆေးလိပ်ဖြတ်ဖို့ မလိုအပ်ပါဘူး.. ဆေးလိပ်ဖြတ်တာ ကောင်းတယ်ဆိုပေမယ့် အဲဒါက ရှင့်ကို ကျန်းမာလာစေဖို့အတွက်ပဲ..  ဒါပေမယ့် ဒီလိုမျိုး ပိုက်ဆံချွေတာဖို့အတွက်တော့ ဖြတ်နေစရာ မလိုအပ်ပါဘူး..ရှင် ကျွန်မကို မယုံရင် ကျွန်မပြပေးမယ်

 

သူမက သူမရဲ့ပိုက်ဆံအိတ်အသေးလေးကို ထုတ်ယူပြီး ဇစ်ကို အားနဲ့ ဖွင့်လိုက်တယ်။

 

ရလဒ်ကတော့ ပိုက်ဆံအိတ်လေးက ဒီလိုသေးငယ်တဲ့ဆယ်ယွမ်တန် ပိုက်ဆံတွေ အများကြီးကို ထုပ်ပိုးထားဖို့အတွက် အလွန်တရာမှ ပြည့်ကျပ်နေခဲ့ပြီး နောက်ဆုံးတော့ အပြင်ဘက်ကိုပါလျှံထွက်ကာ ခန်ပေါ်ကိုပြုတ်ကျလာခဲ့တယ်။

 

လင်းချွမ်ရဲ့ သူငယ်အိမ်တွေက ချက်ချင်းပဲ နက်မှောင်သွားခဲ့ရတယ်။ သူ့အနေနဲ့  ဒီလောက်ထိ ချမ်းသာတဲ့အမျိုးသမီးနဲ့ လက်ထပ်ခဲ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး။

 

မင်းသိထားရမှာက ဒီခေတ်မှာ မြို့ပေါ်မှာ အလုပ်နှစ်ခုလုပ်ပြီး ပိုက်ဆံစုရင်တောင်နှစ်ကုန်ပိုင်းမှာ ရာဂဏန်းလောက်ထိ စုဆောင်းမိဖို့ဆိုတာ အလွန်ခက်ခဲနေတုန်းပဲ။ ဒါပေမယ့် သူ့ချွေးမကတော့ အရမ်းတော်တာပဲ။  သူမက အပြင်ကိုထွက်လာချိန်မှာ ပိုက်ဆံတွေ ဒီလောက်အများကြီး ယူလာခဲ့တယ်။

 

သူ ပိုက်ဆံတွေကို အလျှင်အမြန်ပြန်ကောက်ပေးလိုက်ကာ သူမရဲ့ ပိုက်ဆံအိတ်ကို ဖိချလိုက်ပြီး လေးနက်တည်ကြည်တဲ့အသံနဲ့ ပြောလာတယ်။

 

ရဲဘော်ဆုဆု

 

ဆုဆု မသိစိတ်အရ တံတွေးကို မျိုချလိုက်မိပြီး  သူမရဲ့ ပိုက်ဆံတွေက ဘယ်နေရာက ရလာတာလဲဆိုတာကို ရှင်းပြဖို့ ကြိုးစားလိုက်တယ်။

 

သို့ပေမယ့် သူမ မပြောရသေးခင်မှာပဲ လင်းချွမ်က ပြောလာခဲ့တယ်။

 

အနာဂတ်မှာ မင်းရဲ့ကိုယ်ပိုင်ပိုက်ဆံကို မကိုင်နဲ့ .. ကိုယ့်ရဲ့မိသားစု အပါအဝင်တခြားဘယ်သူ့ကိုမှလည်း ဒီပိုက်ဆံတွေရဲ့အကြောင်းကိုမပြောပြနဲ့

 

ဘာလို့လဲ?

 

ကမ္ဘာမှာ ဖောက်ထွင်းလို့မရနိုင်တဲ့ တံတိုင်းဆိုတာ မရှိဘူး.. တကယ်လို့ ဒီအကြောင်းတွေ တခြားလူတွေဆီကို ပြန့်သွားခဲ့ရင် မင်းကိုအန္တရာယ်ဖြစ်စေနိုင်လိမ့်မယ်..  ဒါမှမဟုတ် မင်းရန်မစသင့်တဲ့လူတွေကို ရန်စမိသလိုဖြစ်သွားမှာကို ကိုယ်စိုးရိမ်တယ်

 

ဒါပေမယ့် ကျွန်မ ရှင့်ကိုပဲ ပြောပြတာပါ

 

ကျွန်မက ရှင့်တစ်ယောက်တည်းကိုပဲပြောတာဆိုတဲ့ စကားက လင်းချွမ်ရဲ့ နှလုံးသားကို ပျားရည်ထဲမှာစိမ်လိုက်သလို ချိုမြိန်သွားစေခဲ့ပြီး ဆုဆုကို ညင်သာစွာ နမ်းလိုက်မိကာ ပြောလိုက်တယ်။

 

ကိုယ်တို့ရဲ့ရွာက အရမ်းဆင်းရဲတယ်..  ဆောင်းရာသီမှာ အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးနိုင်ဖို့က လူတိုင်းအတွက် အခက်အခဲ ဖြစ်နေတာလေ..  ​​ဒါကြောင့် အရမ်း ထူးကဲနေလို့ မရဘူး

 

သူက ဟောပြောတဲ့ နေရာမှာ တော်တဲ့လူတစ်ယောက်မဟုတ်ဘူး။ စစ်တပ်ထဲမှာ တပ်သားသစ်များကို လေ့ကျင့်ပေးတဲ့အချိန်ကျမှသာ စကားများများပြောလေ့ရှိတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့စိတ်ရှည်မှုတွေက ဘယ်နေရာက ရောက်လာမှန်းကို မသိပါပဲ ဆုဆုကို သူတို့ရဲ့ရွာအကြောင်းကို နားလည်ဖို့နဲ့ သတိလက်လွတ်မရှိစေဖို့ ထပ်မံ ရှင်းပြခဲ့ပြန်တယ်။ သူမက သူ သူမကို လာခေါ်မဲ့အချိန်ကို စောင့်နေရမယ်။ မြို့ကိုရောက်ပြီးသွားရင်တော့ သူမအတွက် ပြဿနာမရှိတော့ဘူး။

 

ဆုဆုက လင်းချွမ်ရဲ့အတွေးတွေကို နောက်ဆုံးတော့ နားလည်သွားရပြီး ခေါင်းညိတ်ကာ သူမ လိမ်လိမ်မာမာနေပြီး  ပိုက်ဆံ အလွန်အကျွံမသုံးတဲ့အကြောင်း၊  အသားကိုလည်း နေ့တိုင်းမစားပေမဲ့ မကြာခဏလည်း သူ့ကိုယ်သူအတွက် ဝယ်ယူမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင်လည်း မလုပ်မဲ့အကြောင်း ကတိပေးခဲ့တယ်။

 

သို့ပေမယ့် အဆုံးအထိ တစ်စုံတစ်ယောက်ကတော့  စိတ်ပူနေတုန်းပဲ။ ဒီတောင်ပေါ်ရွာလေးဆီမှ ကွန်မြူနတီသို့ သွားရတဲ့လမ်းက အမှန်တကယ်ကို သွားလာရခက်ခဲပြီး ပြဿနာများကို အလွယ်တကူ ဖြစ်ပွားနိုင်တယ်လေ။

 

ဒီလိုမျိုး လှပနုနယ်တဲ့ မိန်းကလေးက မြို့ပေါ်ကိုသွားလာရမှာကို လင်းချွမ် စိတ်ပူနေတာကြောင့် သူ ပြန်မသွားရခင်မှာ  မြည်းလှည်းကို ငှားခဲ့ပြီး သူ တစ်စုံတစ်ခု ဝယ်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ အမှန်တကယ်မှာတော့ သူက ဆုဆုအတွက် ပစ္စည်းတွေ ဝယ်ပေးချင်ခဲ့လို့ပဲ။

 

သူက ဆုဆုကို ဒေါ်လာငါးဆယ်ပေးခဲ့ပြီး သူမကိုယ်တိုင်ဆီမှာလည်း အသားလက်မှတ်နဲ့ အစားအသောက်လက်မှတ်တွေရှိနေတယ်။

 

လင်းချွမ်က မြည်းလှည်းကို အများပြည်သူအတွက် အရောင်းဆိုင်တွေအနားသို့ ရောက်ပြီးတဲ့နောက်မှာ သူမကို အပြင်သို့မထွက်ခိုင်းသေးဘဲ မြည်းလှည်းပေါ်မှာ ထိုင်ပြီး စောင့်နေခိုင်းခဲ့တယ်။ ထို့နောက် သူတို့ရွာမှ သို့မဟုတ် ရွာသားတွေနှင့် ပတ်သက်တဲ့ မည်သူတစ်ဦးတစ်ယောက်မှ မရှိတာကိုမြင်မှ ဆုဆုဆီကို ပြန်လာပြီး သူနှင့်အတူ ခေါ်လာခဲ့တယ်။ အခု သူမကို လွတ်လွတ်လပ်လပ် ဈေးဝယ်ထွက်ခိုင်းလို့ရပြီ။

 

သူ့ဆီမှာ ပိုက်ဆံတွေအများကြီးရှိနေတာကြောင့် တစ်ခါတည်းနဲ့ အသားဆယ်ကယ်တီဝယ်လိုက်ပြီး ခေါက်ဆွဲဖြူသုံးဆယ်ကယ်တီနဲ့ ပြောင်းဆန် ဆယ်ကယ်တီကို ဝယ်လိုက်တယ်။

 

ထိုပစ္စည်းတွေကို လှည်းထဲသို့ ထည့်ပြီးနောက် လင်းချွမ်က ဆုဆုအတွက် အေးခဲထားတဲ့ ကြက်နှစ်ကောင်နဲ့ ဘဲတစ်ကောင်ကို ထပ်ဝယ်လိုက်ပြန်တယ်။ ထိုအရာတွေအတွက်က လက်မှတ်တွေ မလိုအပ်ပဲ ရွာသားတွေဆီက ဝယ်ယူခဲ့တာ။

 

ဆုဆုက ဒီဆောင်းရာသီမှာ အသားပြတ်လတ်တော့မှာမဟုတ်ဘူးလို့ ခံစားမိသော်လည်း ထိုဟင်းတွေကိုတော့ သူမကိုယ်တိုင် လုပ်နိုင်ရလိမ့်မယ်။

 

သူမက ရိုးရိုးခေါက်ဆွဲ ဒါမှမဟုတ် ရိုးရှင်းတဲ့ဟင်းတစ်ခုခုချက်နိုင်တယ်ဆိုပေမဲ့  ဟင်းကောင်းတွေတော့ မချက်နိုင်ဘူးလေ။ အနည်းဆုံးတော့ သင်ယူရဦးမယ်။

 

မဝယ်နဲ့တော့.. ရှင်ဝယ်ရင်တောင် ကျွန်မမချက်နိုင်ဘူး

 

ပြန်ရောက်ရင် ကိုယ် မင်းအတွက် အပိုင်းလေးတွေပိုင်းပြီး  အနောက်ဘက်က ဂိုဒေါင်လေးမှာ ထားခဲ့ပေးမယ်.. မင်းစားချင်လာရင် ဟင်းချက်စားလိုက်လေ.. ပြီးတော့ ကိုယ် အိမ်မှာ အာလူးနဲ့ ဂေါ်ဖီတွေ ဝယ်ထားပေးတယ်..  အိမ်ကိုရောက်ရင် ဟင်းဘယ်လိုချက်ရမလဲဆိုတာ ကိုယ်မင်းကို သင်ပေးမယ်..ပြီးတော့ မင်းအတွက် ကန်စွန်းဥတချို့ သွားရှာရဦးမယ်.. မင်းဗိုက်ဆာတဲ့အချိန်ကျရင် မီးဖုတ်စားလို့ရတယ်

 

လင်းချွမ်က ပြောပြီးတာနဲ့ ကန်စွန်းဥသွားရှာပြီး သူမအတွက် ကန်စွန်းဥတစ်ထုပ် သွားဝယ်လာခဲ့ပြန်တယ်။

 

ဆုဆုကတော့ ဒီအမျိုးသားအရံဇာတ်ကောင်က သူမ အိမ်မှာ တစ်ယောက်တည်းငတ်သေမှာကို အရမ်းကြောက်နေပုံပဲလို့ တွေးမိနေပြီ။

 

လင်းချွမ်က အရာအားလုံးနီးပါးဝယ်ပြီးတဲ့နောက် အိမ်ပြန်သွားတော့မဲ့အချိန်မှာတောင် ယွမ်ငါးဆယ်ထဲမှ နှစ်ဆယ် ကျန်နေသေးတာကိုတွေးမိနေခဲ့တယ်။ ဒီတစ်ကြိမ် ပိုက်ဆံသုံးရတာက တကယ်ကိုထိုက်တန်တယ်။

 

သူတို့တွေပြန်လာပြီးနောက်မှာတော့ လူ နှစ်ယောက်က သူတို့ရဲ့အိပ်လေးထဲကိုဝင်လာကြပြီး တစ်ယောက် ကြက်တွေကိုပိုင်းဖြတ်နေပြီး နောက်တစ်ယောက်က ပစ္စည်းတွေကို ဂိုဒေါင်လေးဆီ သို့ ပစ္စည်းတွေသယ်နေခဲ့တယ်။

 

ကြက်တစ်ကောင်ကို အပိုင်းသုံးပိုင်း ဖြတ်လိုက်ပြီးနောက် လှီးဖြတ်ပြီးထားတဲ့ အပုံငယ်တစ်ခုဆီကို အအေးခံတဲ့စက္ကူဖြင့်ထုပ်ကာ အေးခဲစေဖို့အတွက် အကန့်တစ်ခုပေါ်မှာ တင်ထားလိုက်တယ်။ ထို့နောက် အေးခဲသွားတဲ့အချိန်မှာ ဘူးတစ်ခုထဲသို့အရာအားလုံးကိုထည့်လိုက်ပြီး အပေါ်ကနေ လေလုံအောင်ဖုံးအုပ်လိုက်ပြီး အိတ်ထဲကို ထည့်လိုက်တယ်။ စားတော့မယ်ဆိုရင်တော့ ပထမဆုံးပြုတ်ဖို့ လိုအပ်တယ်။

 

ထိုအရာများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လင်းချွမ်က သူ့ရဲ့ဇနီးလေးကို မီးဖိုတဲ့နည်းတွေ၊ ချက်ပြုတ်တဲ့နည်းတချို့တွေကို သင်ကြားပေးခဲ့တယ်။

 

မင်းကိုယ်တိုင် ချက်ပြုတ်ရတာကို မကြိုက်ဘူးဆိုရင် အရှေ့ဘက်အိမ်ကို ယူသွားမယ်ဆိုရင်လည်းရတယ်

 

အမ် ကျွန်မတို့ ဒါတွေကို အရှေ့အိမ်အတွက် မခွဲတော့ဘူးလား

 

ကိစ္စမရှိဘူး.. ကိုယ်က ဒါတွေကို မင်းအတွက် ပြင်ဆင်ပေးတာ.. အရှေ့ဘက်အိမ်အတွက် တစ်အိတ်ယူလာတယ်.. သူတို့ကို နောက်မှပေးလိုက်မယ်..  ကျန်တာတွေကို မင်းတစ်ယောက်တည်း ဖြည်းဖြည်းချင်းစားလို့ရတယ်

 

မဟုတ်တာ.. ဒါက မကောင်းဘူးမလား?

 

တစ်ယောက်တည်းစားရမှာလား။

 

မင်းက သူတို့နဲ့ မတူဘူး

 

မင်းက ခက်ခဲကြမ်းတမ်းမှုတွေကို သည်းခံနိုင်မှာမဟုတ်ဘူး။