Ch 40
Viewers 11k

40: ဘယ်နှစ်ရက်ကြာမှာလဲ?

 

သူမသာ မနက်အစောကြီးထပြီး အရှေ့ဘက်ခြံကို ပြေးလွှားသွားလာနေရမယ်ဆိုရင် သူမရဲ့မျက်နှာလေး အေးခဲပြီးနီရဲသွားမှာကို သူ့ကိုစိုးရိမ်မိတယ်။

 

လင်းချွမ် ဘယ်လိုလုပ်ရမလဲ တွေးနေတုန်းမှာ ဆွေမျိုးတွေကိုပြန်ပို့ဖို့အတွက် ကွန်မြူနတီကို သွားရဖို့ဖြစ်လာခဲ့တယ်။ ဒါကြောင့် အပြန်လမ်းမှာ သူ့ရဲ့ချွေးမအိမ်မှာ သက်တောင့်သက်သာ နေနိုင်ဖို့ တရုတ်ဂေါ်ဖီထုပ်တွေ ဝယ်လာခဲ့လိုက်တယ်။ အိမ်မှာ အသားတချို့ ကျန်နေသေးတာကြောင့် ထိုဂေါ်ဖီထုပ်နဲ့ ဝက်သားကိုရောကာ ဖက်ထုပ်တွေ အများကြီးလုပ်နိုင်လိမ့်တယ်။

 

အမေလင်းက မူလတုန်းက အသားတွေကိုတရုတ်နှစ်သစ်ကူးအတွက် သိမ်းဆည်းထားဖို့တွေးထားခဲ့ပေမဲ့လည်း သူမရဲ့သားက ချွေးမဖြစ်သူအတွက် ချန်ထားခဲ့မှာကိုကြားတော့ လက်ခံလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။

 

ဒီတော့ သူတို့ တစ်မိသားစုလုံး ဖက်ထုပ်အစာသွပ်ဖို့အတွက် ရောမွှေတာနဲ့ ဖက်ထုပ်သားတွေကို လျှင်မြန်စွာလုပ်နေခဲ့ကြပြီး နောက်တစ်ညအထိ စောင့်ဆိုင်းမနေဘဲ လျှင်မြန်စွာ ထုပ်ပိုးခဲ့ကြတယ်။

 

ဆုဆုရဲ့ စာသင်ကြားရေးက သူမရဲ့ လက်ထပ်ပွဲအတွက် ပိတ်ရက်ရှည် ငါးရက်ရရှိခဲ့ပြီး လင်းချွမ်က အိပ်ယာခင်းကို အပြင်မှာ ထုတ်လှမ်းထားတာကို အမေလင်းမြင်သွားခဲ့တဲ့အတွက် တစ်ညလုံးအနိုင်ကျင့်ခံထားရတဲ့ ချွေးမဖြစ်သူအပေါ် အလွန်ကောင်းစွာ ဆက်ဆံခဲ့တယ်။ သူမက ဖက်ထုပ်လုပ်တာကလွဲလို့ တခြားအလုပ်တွေကို ဝင်လုပ်ဖို့အတွက် ခွင့်မပြုခဲ့ဘူး။

 

ဖက်ထုပ်လုပ်လို့ ပြီးစီးသွားချိန် ညနေခင်း အိမ်ကိုပြန်ရောက်ချိန်မှာတော့ လင်းချွမ်က သူ့ရဲ့အိတ်ကပ်ထဲက စက္ကူအိတ်အသေးလေးတစ်အိတ်ကို ထုတ်ယူလိုက်တာကို ဆုဆုမြင်လိုက်ရတယ်။

 

ပြီးနောက်  သူက ရေနွေးလောင်းထည့်လိုက်ပြီး ထိုအိတ်ထဲမှ ပါဝင်တဲ့အရာတွေကိုပါ ထည့်လိုက်တယ်။ ဒါက အနည်းငယ်နီရဲပြီး သကြားညိုနဲ့ ဆင်တူနေသလိုပဲ...

 

ရှင်က အရွယ်ရောက်နေတဲ့လူပဲကို။ ဒီလောက်ဂရုပြုနေဖို့ လိုနေသေးလို့လား?

 

ပူနေတုန်းမှာ သောက်လိုက်လေ

 

လင်းချွမ်က သကြားရည်ခွက်ကို သူမရဲ့လက်ထဲကို ထည့်ပေးလာပြီး ကျန်ရှိနေတဲ့ သကြားထုတ်ကို ဖီးဖိုထဲက ဗီရိုလေးပေါ်မှာ တင်လိုက်ပြီးပြောလာတယ်။

 

နောက်တစ်ခေါက်ကျရင် ဒီမှာ လာရှာလိုက်နော်

 

ကောင်းပြီ

 

သူက ကံအရမ်းဆိုးပေမယ့် သူ့ရဲ့အကျင့်စရိုက်တွေကတော့ တကယ်ကောင်းလွန်းတယ်။

 

ဆုဆု နှစ်သစ်ကူးပြီးရင် မင်း စစ်တပ်ထဲကို လာလည်မှာလား ဒါမှမဟုတ် အဲဒီမှာ အလုပ်လာလုပ်မှာလား

 

ကောင်းပြီ ကျွန်မက ဘယ်နေရာမှာမဆို  အလုပ်လုပ်နိုင်ပါတယ်

 

အိမ်ဆိုတာက သူရှိနေတဲ့နေရာပဲ။

 

သူမရဲ့ မျက်လုံးတွေထဲမှ ယုံကြည်စိတ်ချတဲ့ အကြည့်တွေနဲ့ ခေါင်းကို မော့ကြည့်လာတာကိုမြင်တော့ လင်းချွမ်ရဲ့ နှလုံးသားက လက်ချောင်းလေးတွေဖြင့် ကုတ်ခြစ်ခံလိုက်ရသလိုမျိုး ယားယံလာခဲ့ရတယ်။ အဆုံးမှာတော့ သူ့ရဲ့ခေါင်းကိုငုံ့ကိုင်းကာ သူမရဲ့ပါးစပ်လေးကို နမ်းရှိုက်လိုက်ပြီး သူ့ရဲ့လျှာဖျားကို ညင်သာစွာ ဆန့်ထုတ်လိုက်တယ်။

 

ချိုမြိန်တယ်။ နေရာတိုင်းက ချိုမြိန်လွန်းတယ်။

 

အနမ်းတစ်ခုက ဒီလောက်ထိကောင်းမွန်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိခဲ့ဘူး။ မနေ့တုန်းက သူမကို ထိတွေ့ခဲ့ပြီး သူ့ရဲ့အလုပ်ကို လုပ်ချင်ခဲ့ပေမဲ့ ဒီပါးစပ်လေးကို မြည်းကြည့်ဖို့ အချိန်မရခဲ့ဘူး။ သူလိုချင်တဲ့အရာက အလုပ်မဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ အနမ်းကလည်း ကောင်းမွန်တဲ့အရာတစ်ခုလို့ ထင်ရတယ်။

 

ဆုဆုကတော့  တစ်ဖက်လူက လက်ထပ်ပြီးသွားတဲ့အချိန်မှာ အလွန်တိုက်ရိုက်ဆန်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမက သူ ခဏတာလောက်တော့ စိတ်ထဲမှာရုန်းကန်နေရဦးမယ်လို့ ထင်ခဲ့တာ။

 

အဆုံးမှာ စာအုပ်ထဲမှာ ဇာတ်လိုက်မနဲ့လက်ထပ်ပြီးနောက် သူက တစ်ဖက်လူကို အရိပ်အမြွတ်လောက်သာ ပြရသေးပေမဲ့ ပစ်ချခံလိုက်ရပြီး ဇာတ်လိုက်မက မထိခိုင်းတဲ့အချိန်မှာ သူကလည်း ဇာတ်လိုက်မကို တကယ်ပဲနည်းနည်းလောက်တောင်မထိခဲ့တော့ဘူး။

 

ဒါပေမယ့် ဒီလက်ထပ်ပွဲက သူတို့ဆီမှာ ဖြစ်လာချိန်မှာတော့ လုံးဝခြားနားသွားခဲ့ရတယ်။ 

 

ဒီအမျိုးသားက သူမကို ထိတွေ့ချင်ပြီး နမ်းရှိုက်ချင်နေတယ် သူမကို တချိန်လုံးတောင်မှ ထိတွေ့ချင်နေတဲ့ပုံရတယ်။ ဒါက သူမရဲ့ ဘေးမှ ဝံပုလွေတစ်ကောင်ရှိနေပြီး သူမကို အချိန်မရွေး မျိုချနိုင်သလိုမျိုးပဲ။

 

ဘယ်နှစ်ရက်လဲ?

 

ရုတ်တရက် ထိုစကားနှစ်ခွန်းက သူမရဲ့နားရွက်အနီးမှ ပေါ်ထွက်လာခဲ့တယ်။  ထိုအချိန်ကျမှ သူမကိုယ် သူမ ခန်ပေါ်မှာ ဖိချပြီး အနမ်းခံနေရတာကို သတိပြုမိသွားခဲ့ပြီး အခြေအနေတွေက အလွန်အန္တရာယ်များနေတဲ့ပုံရတယ်။

 

ကျွန်မ...ငါးရက်

 

ဆုဆု သူမရဲ့ စိတ်ဆန္ဒကို ပြန်လည်တိုက်ထုတ်လိုက်ပြီဖြစ်ပေမဲ့ လင်းချွမ်ရဲ့မျက်နှာကိုမြင်လိုက်ရချိန်မှာ တံတွေးမြိုချလိုက်မိပြန်တယ်။ သူမလည်း လိုချင်တယ်ဆိုပေမဲ့ အခြေအနေက ခွင့်မပြုထားဘူးလေ။

 

ငါးရက်?

 

ဒါက သူ့ကို သတ်ပစ်လိုက်တာပဲ။ သူ့ရဲ့အားလပ်ရက်က သန်ဘက်ခါပြီးရင် ကုန်သွားပြီလေ။

 

မေ့လိုက်ပါတော့။  အနာဂတ်မှာ အချိန်တွေ ရှိနေဦးမှာပါ။ ဘာပဲဖြစ်ဖြစ် သူက ဒီဇနီးသည်ကို လက်ထပ်ပြီးပြီဖြစ်တာကြောင့် သူမက ထွက်ပြေးနိုင်ပါဦးမလား။

 

နောက်နှစ်ကိုရောက်လို့ သူမကို ဆွေမျိုးအဖြစ် အလည်အပတ်ခေါ်လို့ရမဲ့ အချိန်ထိ စောင့်လိုက်ကြတာပေါ့။ ပြီးရင် ခွင့်ပြုချက် လျှောက်ထားခွင့်ကိုယူပြီး ဒီမိန်းကလေးကို သူ့ရဲ့အပိုင်ဖြစ်အောင်လုပ်ရမယ်။

 

လင်းချွမ် တွေးတောပြီးနောက် တစ်ဖက်လူကို ပြန်ထနိုင်ဖို့ ကူညီပေးပြီးပြောလိုက်တယ်။

 

“ကိုယ် အပြင်မှာ နှစ်ပတ်လောက်ပြေးလိုက်ဦးမယ်

 

သူ ထပ်ပြီးနှိပ်စက် ညှင်းဆဲခံနေရမှာကို စိုးရိမ်တဲ့အတွက် သူရဲ့ကိုယ်ထဲမှ အားအင်တွေကို အာရုံလွှဲဖို့ တခြားတစ်ခုခုလုပ်နေမှဖြစ်မယ်။ မဟုတ်ရင် ဒီအခန်းထဲက လူက အရမ်းတရားလွန်လွန်းတယ်။ သူမက စွဲမက်ဖွယ်ကောင်းလွန်းလို့ သူ့အနေနဲ့ ခံနိုင်ရည်မရှိတော့ဘူး။

 

ဆုဆုလည်း အလွန်အကူအညီမဲ့နေရတယ်။ သူမရဲ့ ပါးစပ်မှ အသားက ဒီလိုမျိုး ပြုတ်ကျသွားရတာလေ။

 

သူမ ကိုယ့်ကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်လိုက်ပြီး စောင်ကို ဖြန့်ခင်းလိုက်ကာ ဘေးတစ်ဖက်မှာ မှီထိုင်ကာ စာအုပ်ဖတ်နေခဲ့ပြီး ခဏအကြာမှာတော့ စာဖတ်နေရင်းနဲ့ အိပ်ပျော်သွားခဲ့တယ်။

 

နည်းလမ်းမရှိဘူးလေ။ လူသတ်သမားအန်တီက ဒုတိယနေ့တွေမှာ လူတွေကို အလွန်အမင်း ပင်ပန်းစေတယ်။

 

အမေလင်းက အေးခဲထားတဲ့ ဖက်ထုပ်တွေကို လာပေးတဲ့အချိန်မှာ နူးညံ့ပြီး ကျိုးပဲ့လွယ်တဲ့ ပန်းပွင့်လေးလိုမျိုး အားနည်းနေတဲ့  သူမရဲ့ချွေးမဖြစ်သူကို  မြင်တွေ့လိုက်ရတယ်။ သူမ(ဆုဆု)ရဲ့ အားအင်ကုန်ခမ်းနေပုံကိုကြည့်ရတာ သူမရဲ့သားဖြစ်သူဆီမှာ အပြင်းအထန်လူးလိမ့်ခံထားရလို့ပဲဖြစ်ရမယ်။

 

စစ်တပ်ထဲမှာ သုံးနှစ်နေခဲ့ရတဲ့အချိန်တွေမှာ သူက ဝက်မကိုတောင် မြင်တွေ့ခဲ့ရမှာမဟုတ်ဘူး။ ဒီလိုမျိုး ဖြူစင်နူးညံ့တဲ့ ဇနီးလေးမျိုးကိုတော့ ထည့်ပြောစရာတောင်မလိုအပ်ဘူး။ မဖြစ်ဘူး။ အမေတစ်ယောက်အနေနဲ့ သူ့ကို သင်ခန်းစာပေးရမယ်။ ဒီရက်အနည်းငယ်ကို အခွင့်ကောင်းယူပြီး လူကို ကျိုးပဲ့သွားအောင် လုပ်လိုက်လို့မရဘူး။

 

အမေလင်း တွေးတောရင်းနဲ့ ဖက်ထုပ်တွေကို အိမ်နောက်ဖေးမှာရှိတဲ့ ဂိုဒေါင်အသေးလေးထဲမှာ သွားထည့်ပြီး ပြန်လာခဲ့တယ်။ ထိုအချိန်မှာပဲ ပြေးလွှားရင်း ပြန်လာတဲ့ လင်းချွမ်က သူ့ရဲ့ချွေးတွေကို ဆေးကြောပြီး နီမြန်းနေတဲ့မျက်နှာနဲ့ ပြန်ဝင်လာတာနဲ့ တွေ့ဆုံတော့တယ်။

 

သူမ လေမှုတ်ထုတ်လိုက်တယ်။ သူမရဲ့သားဖြစ်သူက ဘယ်လောက်တောင် သန်မာလဲဆိုတာကို သူမသိထားတယ်လေ။ သူ့ချွေးမရဲ့ လက်ကောက်ဝတ်မှာ အတွင်းကြေတဲ့အရာတွေပေါ်နေတာကို သူမ မတွေ့ဘူးလို့ မထင်နဲ့။ သူ့ရဲ့လက်ချက်ပဲဖြစ်မှာ အသေအချာပဲ။

 

ငါနဲ့ လိုက်ခဲ့ဦး

 

ဟမ်

 

သူ့အမေဆီမှ ရုတ်တရက် အခေါ်ခံလိုက်ရတဲ့ လင်းချွမ်ကတော့ ဘာဖြစ်နေလဲဆိုတာကို မသိသေးလေဘူး။ သူက သူမရဲ့နောက်ကနေ အိမ်နောက်ဖေးမှ ဘယ်သူမှမရှိတဲ့နေရာအထိ ဖြည်းညင်းစွာ လိုက်သွားခဲ့ပြီး အမေဖြစ်သူ အသံတိုးတိုးနဲ့ပြောလာခဲ့တယ်။

 

မင်းက အသက်နှစ်ဆယ်ကျော်နေပြီနော်..  ဆယ်ကျော်သက်အရွယ်မဟုတ်တော့ဘူး ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ?  ဆုဆုက အလုပ်ကြမ်းတွေတောင် တစ်ခုမှမလုပ်ဖူးခဲ့တဲ့ မြို့ကရောက်လာတဲ့ မိန်းကလေးလေ.. မင်းဆိုတဲ့ ဝက်ဝံလေးကတော့ ဘာလို့ ဒီလောက်ထိ ကြမ်းတမ်းနေရတာလဲ?  သူမရဲ့လက်ကောက်ဝတ်ပေါ်က ဒဏ်ရာကို မင်း မမြင်ဘူးလား?

 

သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတောင် ခရမ်းရောင်တွေ အပြာရောင်တွေ စွဲနေလောက်ပြီမလား?  မင်း နည်းနည်းလောက် ထိန်းသိမ်းမထားနိုင်ဘူးလား? ငါမင်းကိုပြောမယ် မိန်းကလေးတွေအတွက် ဒီကိစ္စမှာ လုံလတွေအများကြီး ရှိနေရင် မကောင်းဘူးဆိုတာကို မသိဘူးလား.. မင်း သူ့ရဲ့ကိုယ်က တစ်ရက် နှစ်ရက်အတွင်း ပြန်သက်သာလာလိမ့်မယ်လို့ထင်လို့လား?

 

လင်းချွမ် : ...

 

ဒီကမ္ဘာပေါ်မှာ သူ့ထက် ပိုပြီး အလုပ်မလုပ်ခဲ့ရတဲ့ သတို့သားရှိနေမှာတောင်မဟုတ်လောက်တော့ဘူးဆိုပေမဲ့ သူ့အနေနဲ့ ဒီကိစ္စကို မရှင်းပြနိုင်ဘူးလေ။ သူက သူ ဘာတစ်ခုမှမလုပ်ရပဲ ပြန်သွားရမှာကို ကြောက်နေရချိန်မှာ သူ့ရဲ့အမေကတော့ ထိုအကြောင်းကို ပိုပြီးစိတ်ပူနေခဲ့တယ်။

 

မင်း ဘာကိုပြန်ကြည့်နေတာလဲ ငါပြောတာကို နားလည်ရဲ့လား

 

အမ်

 

ဒီနေ့ စောစောအိပ်ပြီး သူမကိုကောင်းကောင်း အနားယူခိုင်းလိုက်

 

ကောင်းပါပြီ

 

မင်းရဲ့ဇနီးကို မင်းထပ်ပြီးအနိုင်ကျင့်နေတာကို တွေ့လို့ကတော့ ငါ သူမကို အရှေ့ဘက်အိမ်ကိုပြန်ခေါ်သွားပြီလို့သာ မှတ်ထားလိုက်တော့..  အဲဒီအချိန်ကျရင် မင်းဘာသာမင်း ခန်ပေါ်မှာ တစ်ယောက်တည်းပဲ အိပ်လိုက်တော့

 

အမေလင်းက သူမရဲ့ သားဖြစ်သူကို လက်ညိုးနဲ့ ထိုးလိုက်ပေမဲ့ သူမရဲ့လက်ကသာ နာကျင်သွားရတယ်။

 

လင်းချွမ်က ခေါင်းကုတ်လိုက်မိပြီး သူ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ သံသယဝင်လာခဲ့ရတယ်။

 

သို့သော်လည်း အမေလင်း ထွက်သွားပြီးနောက် သူ အခန်းထဲကို ပြန်ဝင်လာတဲ့အချိန်မှာ သူ့ရဲ့ဇနီးလေးက အားနည်းစွာ အိပ်ပျော်နေတာကို မြင်တွေ့လိုက်ရတယ်။

 

သူ့ရဲ့အမေ ဆူပူကြိမ်းမောင်းတာ အံ့သြစရာမဟုတ်တော့ဘူး။  ဒီမိန်းကလေးရဲ့ အားနည်းလွန်းတဲ့ ပုံကြောင့်ပဲ။ သူ သူမရဲ့လက်ထဲမှာ စာအုပ်ကို အနည်းငယ် ကူကယ်ရာမဲ့စွာ ယူလိုက်ပြီးမှ လူကို ခန်ပေါ်သို့ သယ်ဆောင်ပွေ့ချီပြီး တင်ပေးလိုက်တယ်။ သို့ပေမဲ့ ဒါတွေ လုပ်ပြီးသွားချိန်မှာတောင် သူမက နိုးမလာသေးဘဲ အိပ်ပျော်နေတုန်းပဲ။

 

သူ သူမကို ဘာတစ်ခုမှမလုပ်ပဲ ဘေးနားမှာ ထိုင်ကြည့်နေခဲ့ပေမဲ့ လုံလောက်တယ်လို့ မခံစားရသေးဘူး။

 

ဆုဆု...

 

သူမ အရမ်းလှလွန်းတယ်။ နောက်ဆုံးတော့ သူမရဲ့ နှုတ်ခမ်းထောင့်နားကို မနမ်းပဲမနေနိုင်တော့ဘူး။

 

နောက်တော့ သူ မလုံလောက်တော့သလို ခံစားခဲ့ရပြီး ဂရုတစိုက်နဲ့ တခြားတစ်ခုကို ထပ်ပြီးလုပ်မိပြန်တယ်။

 

ဆုဆုကတော့ အိပ်မက်ထဲမှာ သူမကို လူတပိုင်းဆိတ်တပိုင်း သစ်တောစောင့်သတ္တဝါဆီမှ တစ်ချိန်လုံးနှောင့်ယှက်နေတာကို ခံနေရတယ်။ နောက်ဆုံးတော့ သူမ ဒေါသထွက်လာခဲ့ပြီး လက်ကိုဆန့်ကာ တစ်ဖက်လူရဲ့မျက်နှာကို ရိုက်ချလိုက်မိတော့တယ်။ ထိုအချိန်ကျမှ အဲဒီလူက ထွက်ပြေးသွားခဲ့လေတယ်။

 

သူမလည်း စိတ်ချလက်ချနဲ့ ဆက်လက် အိပ်ပျော်သွားခဲ့တယ်။

 

သို့ပေမဲ့ အရိုက်ခံလိုက်ရတဲ့လင်းချွမ်ကတော့ သူ့ရဲ့မျက်နှာကို လက်နဲ့အုပ်ကိုင်ပြီး ပြောစရာမဲ့နေရတယ်။ သူ့ရဲ့ချွေးမက အိပ်မက်ထဲမှာတောင် လူတွေကို ရိုက်နှက်နိုင်တယ်ဆိုတော့ အတော်လေး အလုပ်ကြိုးစားတာပဲ။

 

သူ သူမရဲ့လက်ကို ကောက်ကိုင်ကြည့်လိုက်တော့ မနေ့တုန်းက သူဆုတ်ကိုင်ထားတဲ့နေရာက အပြာရောင်လက်ရာပေါ်နေတာကို မြင်တွေ့လိုက်ရတယ်။  သူမက တကယ်ကို နူ့ညံ့ပြီးချစ်စရာကောင်းလွန်းတယ်။ အနာဂတ်မှာ သူ့ရဲ့အားကို ပိုပြီးလျှော့ချထားမှဖြစ်လိမ့်မယ်။

 

သို့သော်လည်း သူ့ရဲ့ဇနီးသည်က သူ့ရဲ့လက်မောင်းထဲမှာရှိနေချိန်မှာတောင် ဘာမှမလုပ်နိုင်တဲ့အပေါ်မှာ စိတ်ဓာတ်ကျနေတုန်းပဲ။ အချိန်အတော်ကြာအောင် တို့ဟူးစားသုံးပြီးနောက်မှာ သူ့ဆီမှာဒုက္ခတွေပိုများလာခဲ့ရတယ်။ လင်းချွမ် အပြင်ကိုထွက်ကာ စီးကရက်သောက်ရင်း အအေးခံလိုက်ပြီးမှ အခန်းထဲကိုပြန်ဝင်ပြီး မီးကိုမှုတ်ကာ အိပ်စက်လိုက်တော့တယ်။

 

ဆုဆု ညသန်းခေါင်မှာ လင်းချွမ်ထံမှ ဆေးလိပ်နံ့တို့ကြောင့် သူ အပြင်သို့ထွက်ပြီးဆေးလိပ်သောက်ခဲ့တာကို သိလိုက်တယ်။ ဒါပေမယ့် ဒီလူက ပြန်လာတဲ့အချိန်မှာ စောင်အောက်ကို မဝင်ဘဲ ဘာလို့ ဘေးမှာဒီအတိုင်း လှဲအိပ်နေရတာလဲ?

 

သူမကို ညစ်ပတ်တယ်လို့ထင်နေတာလား?