Ch 32
Viewers 11k

32 : ချွေးမလို့ ခေါ်မယ်

 

မင်းကဘယ်သူလဲ.. ဒီအိမ်ထဲကလူနဲ့ ဘယ်လိုပတ်သက်လဲ

 

လင်းကျင်းက သူ့အစ်ကိုကြီးအတွက် ကျင်းတူးပေးရတာ အတော်ကောင်းတာပဲလို့ ခံစားမိနေတာကြောင့် အရွယ်ရောက်နေတဲ့ လူကြီးလေးတစ်ယောက်လိုမျိုး ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ပုံစံအတိုင်း ဟန်ဆောင်နေခဲ့တယ်။

 

ဆုဆုက ရယ်မောမိလုနီးပါးဖြစ်သွားပြီး လင်းချွမ်ဆီမှ ထွက်လာမဲ့အဖြေစကားကို တကယ်ကြားချင်နေခဲ့တယ်။

 

တစ်ဖက်လူက အနည်းငယ်လောက် မကျေနပ်ဖြစ်နေပုံရပြီး ခဏလောက်ကြာမှ ပြောလာတယ်:

 

အိမ်ထဲကလူက ငါ့ရဲ့ချွေးမပဲ

 

ထိုခေါ်ဆိုမှုက ကျေးလက်တောရွာဆန်လှတဲ့ အမည်နာမဖြစ်သော်လည်း ဆုဆုရဲ့ နှလုံးသားက နွေးထွေးမှုကို ဘာကြောင့် ခံစားလိုက်မိတာကို မသိလေဘူး။

 

သူမရဲ့ လက်မနှစ်ချောင်းက လက်မချင်း လှည့်ပတ်ကစားတဲ့ ဂိမ်းကိုကစားမိနေခဲ့တယ်။ တကယ်တမ်းမှာ သူမက လင်းကျင်းတစ်ယောက် သူ့ရဲ့အစ်ကိုအကြီးဆုံးကို ရှက်ရွံ့အောင်လုပ်နေတာကို မြင်ရတာ သဘောကျနေခဲ့တယ်။ သူ့ရဲ့စကားလုံးတွေကို ရွှေလို တန်ဖိုးထားပြီး ရိုးရသားလွန်းတဲ့လူက အခုကို စကားမျိုးတွေ ပြောနေရတာကို မြင်ရတာက စိတ်ဝင်စားစရာကောင်းတယ်လေ။

 

အိမ်ထဲမှာ လူတွေအများကြီးရှိတယ်.. ဘယ်သူက မင်းရဲ့ချွေးမလဲ

 

လင်းကျင်းက သူ့ရဲ့လက်တွေကို ရင်ဘတ်နားမှာ ပိုက်ထားပြီး ဆက်မေးလာတယ်။

 

သတို့သမီးက သူ့ရဲ့ စိတ်ရင်းအမှန်ကို သိနိုင်ဖို့အတွက် လင်းချွမ် စိတ်ရှည်စွာနဲ့ ပြန်ဖြေလိုက်တယ်။

 

ဆုဆုပဲ.. ဆုဆုက ငါ့ရဲ့ချွေးမ

 

မင်းရဲ့ချွေးမကို ဒီအတိုင်းခေါ်မယ်ဆိုရင် အသုံးမဝင်ဘူး။ မင်း လူကို ခေါ်ချင်တယ်ဆိုရင် စာအိတ်နီပေးမှရမှာပေါ့

 

လင်းကျင်း ရယ်မောရင်းပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူက အိမ်မှာကတည်းက ပြင်ဆင်ထားခဲ့ပြီးသားပဲ။ သူ့ရဲ့အစ်ကိုသာ အခုပိုက်ဆံပေးမယ်ဆိုရင် သူ ကလေးတွေကိုခေါ်ပြီး ထွက်သွားရမယ်။ အခုအချိန်မှာ ဆင့်အနည်းငယ်လောက်ရရင်တောင် သကြားလုံးဝယ်စားလို့ရတယ်လေ။

 

လင်းချွမ်: ကောင်းပြီ မင်း တံခါးအရင်ဖွင့်လိုက် ငါ စာအိတ်နီ ပေးမယ်

 

အရင်ဖွင့်လိုက်မယ် ဒါပေမယ့် ဘယ်သူ့ကိုမှ မဝင်ခိုင်းသေးဘူး

 

လင်းကျင်းက စာအိပ်နီရတာတောင် လုံလောက်အောင် မပျော်သေးဘဲ သူ့ရဲ့အစ်ကိုကြီးကို ထပ်ပြီး စနောက်ချင်နေသေးတယ်။

 

သို့ပေမယ့် လင်းကျင်းက သူ့အစ်ကိုရဲ့ ခွန်အားကို မေ့သွားခဲ့တာပဲ။ သူက တစ်ဖက်လူကို ဆွဲမထားလိုက်နိုင်ရုံတင်မကဘဲ သူတို့ကို တွန်းဖယ်ပြီး အထဲကို ဝင်သွားခဲ့တာကိုပါ ခံလိုက်ရတယ်။

 

လင်းချွမ်က စာအိတ်နီကို သူ့ဆီသို့ပေးလိုက်တယ်။

 

သွားကစားချေ

 

ပြောချင်တာက မင်းနဲ့ဘာမှလုပ်စရာမလိုဘူး မြန်မြန်လေးထွက်သွားလိုက်တော့။

 

လင်းကျင်းတစ်ယောက် ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ကြတဲ့ ကလေးတစ်စုကို စိုက်ကြည့်လိုက်ရုံသာတတ်နိုင်ပြီး သူ့ရဲ့ မရီးဆီကို တစ်ချက်လှမ်းကြည့်ကာ မရီးဖြစ်သူထံသို့ ခြေလှမ်းသုံးလေးလှမ်းလောက်နဲ့ အပြေးသွားခဲ့တယ်။

 

ဒီနေ့ သူမက အရမ်းလှနေခဲ့တယ်။ လင်းကျင်းတစ်ယောက် တံတွေးမြိုချလိုက်မိပြီး ပုဝါနဲ့ ဖန်တီးထားတဲ့ ပန်းတစ်ပွင့်ကို သူမရှေ့ကို ချပေးလိုက်တယ်။

 

မင်းအတွက်

 

ဒါက လက်ဆောင်တစ်ခုဖြစ်ပြီး ပန်းတစ်ပွင့်ဖြစ်အောင် လက်နဲ့ဖန်တီးထားတာပဲ။ ဒီခေတ်မှာ ပန်းတွေမပွင့်နိုင်တဲ့ရာသီမှာ ဘယ်လိုလုပ်ပြီး ပန်းတွေ ရရှိလာနိုင်မှာလဲ။ ဒီတော့ သူက လက်ဆောင်အတွက် လက်ကိုင်ပုဝါတစ်ထည်ဝယ်ပြီး ပန်းတစ်ပွင့်နဲ့တူအောင် လုပ်ပေးနိုင်ရုံသာတတ်နိုင်ခဲ့တယ်။

 

ကျေးဇူးတင်ပါတယ်

 

ဆုဆုက ဘာဆက်လုပ်ရမှန်း မသိတော့တာကြောင့် ခုံပေါ်မှာ ဝင်ထိုင်လိုက်တယ်။

 

ဓာတ်ပုံရိုက်မယ် ဓာတ်ပုံရိုက်မယ်

 

ထိုအချိန်မှာပဲ လူစိမ်းတစ်ယောက်က လက်ရှိခေတ်မှ ကင်မရာမျိုးဖြစ်တဲ့ လေးလံပုံရတဲ့ ကင်မရာကိုကိုင်ပြီး ဝင်လာခဲ့တယ်။ 

 

သတို့သမီးနဲ့ သတို့သား ထိုင်လိုက်ကြ.. ဓာတ်ပုံရိုက်မယ်

 

လင်းချွမ်က ဆုဆုဘေးတွင် ဝင်ထိုင်လိုက်ပြီး နှစ်ယောက်သား ဘေးချင်းကပ်ထိုင်လျက် အရှေ့ကိုကြည့်လိုက်ကြတယ်။

 

အထူးသဖြင့် အခုခေတ်မှာ ဓာတ်ပုံရိုက်ဖို့ ကင်မရာမင်းကို အိမ်အထိခေါ်ရိုက်တာမျိုးက တကယ်မလွယ်ကူနိုင်ဘူး။

 

ကြည့်ရတာ ဒီလူက လင်းချွမ်ခေါ်လာတဲ့လူဖြစ်ပုံရတယ်။

 

ဓါတ်ပုံရိုက်ပြီးနောက် လင်းချွမ်က မိတ်ဆက်ပေးလာတယ်။

 

ဒါက ကိုယ့်ရဲ့ သွေးသောက်ရဲဘော်ရဲဘက်ပဲ.. ဓါတ်ပုံရိုက်ကူးရိုက်ပေးဖို့အတွက် ဒီကိုလာခဲ့တာ

 

ဒါဆို ကျွန်မ အန်တီနဲ့ တခြားလူတွေနဲ့ပါ အတူတွဲပြီး ဓာတ်ပုံရိုက်ချင်သေးတယ်

 

မိသားစုဓာတ်ပုံလိုမျိုး။

 

ကောင်းပြီ

 

လင်းချွမ်ပြောပြီးတဲ့နောက်မှာ ခန်ပေါ်မှဆင်းပြီး ဆုဆုကို ပွေ့ချီလိုက်တယ်။

 

ဆုဆု တိုးတက်မှုက ဒီလောက်ထိမြန်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် လင်းချွမ်ရဲ့လည်ပင်းကို ချက်ချင်းပဲသိုင်းဖက်လိုက်မိတယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ အလင်းတန်းတစ်ခုက ဖြတ်ခနဲလင်းလာပြီး လူစိမ်းက အပြုံးတစ်နဲ့ပြောလာတယ်။

 

ဒီပုံကို ဖလင်ဆေးပြီးထုတ်လာရင် ကြည့်ကောင်းလောက်တယ်

 

လင်းချွမ်က အသံပြုမလာခဲ့ပေမဲ့ သူ့ရဲ့နားရွက်များက နီရဲလာခဲ့ပြီး ခဏအကြာမှာ သူရဲ့မျက်လုံးများကပါ သာမာန်မျက်လုံးနဲ့ မြင်ရလောက်တဲ့အထိ နီရဲလာခဲ့တယ်။

 

ကျွန်မက အရမ်းလေးနေလို့လား?

 

ဆုဆုက သူရဲ့ဝတ်ထားတဲ့ ဝတ်စုံကထူထဲလွန်းတာကြောင့် သူမရဲ့ ကိုယ်အလေးချိန်နဲ့ပေါင်းပြီး သူ သယ်ထားရတာ တော်တော်လေး လေးနေလိမ့်မယ်လို့ ခံစားမိတယ်။

 

ဒါပေမယ့် အရင်တစ်ခေါက်က သူမကို တောင်ပေါ်ကနေ သယ်ပေးခဲ့တုန်းကတော့ သူ အခုလိုမျိုး ပင်ပန်းခြင်းမရှိခဲ့တာကို ပြန်တွေးလိုက်မိတယ်။

 

မဟုတ်ဘူး.. မင်းက မလေးပါဘူး

 

လင်းချွမ် စိတ်မလှုပ်ရှားပဲမနေနိုင်တော့ဘူး။ သူကြိုက်ရတဲ့ မိန်းကလေးက သူ့ရဲ့ရင်ခွင်ထဲကိုရောက်နေပြီး သူ့ကိုပွေ့ဖက်ထားတာကို သူက မထိတ်လန့်ရင်မခုန်ပဲနေနိုင်မှာတဲ့လား။ 

 

ကံကောင်းထောက်မစွာနဲ့ သူ့ကိုယ်သူ ချက်ချင်းပဲ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့လက်မောင်းထဲမှာ လူတစ်ယောက်ကိုပွေ့ချီထားတာတောင် တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ ထွက်လာနိုင်ခဲ့တယ်။

 

သတို့သမီးက လူတိုင်းကို သိနေစရာမလိုသလို နှုတ်ဆက်နေဖို့လည်းမလိုအပ်ဘူး။ ဒီအတိုင်း ရှက်ရွံ့စွာ ရှိနေဖို့ပဲလိုအပ်တယ်။

 

ဆုဆုက တစ်ခါမှ လက်မထပ်ဖူးခဲ့ရင်တောင် မြင်ဖူးထားတာကြောင့် သူမရဲ့မျက်နှာကို လင်းချွမ်ရဲ့ ရင်ဘတ်ပေါ်မှာ အပ်ထားခဲ့ပြီး အပြင်ဘက်ကို လှည့်မကြည့်ခဲ့ဘူး။ သူတို့ လင်းမိသားစုရဲ့အိမ်သို့ရောက်တော့ လင်းချွမ်က သူမကို အနောက်ဘက်ခန်းမှာ ချပေးလိုက်တယ်။ အခန်းထဲမှာ လူတွေအများကြီးရှိနေပေမဲ့ လူအများစုက အပြင်ကို ထွက်သွားခဲ့ကြပြီး အပြင်မှာ ရပ်နေခဲ့ကြတယ်။

 

အဖေလင်းနဲ့ အမေလင်းတို့က ခန်ပေါ်မှာ ထိုင်နေခဲ့ကြပြီး ယနေ့ခေတ်အတွက် ခေတ်ဆန်တဲ့ အဝတ်အစားတွေကို ထုတ်ယူပြီး ဝတ်ဆင်ထားကြကာ စိတ်ခံစားချက်တွေကောင်းမွန်နေပုံရတယ်။

 

ယခုခေတ်မှာ လက်ထပ်မှုရဲ့အယူအဆတွေက ရှိနေတုန်းပဲဖြစ်ကာ ကျေးလက်ရွာမှာ မင်္ဂလာပွဲကျင်းပမယ်ဆိုရင် ကောင်းကင်နဲ့မြေကြီးကို ဂါရဝပြုဖို့ လိုအပ်နေသေးတယ်။

 

ဒီ ကောင်းကင်နှင့်မြေကြီးကို ဂါရဝပြုဖို့အတွက် ပါတီအတွင်းရေးမှူးက ဦးစီးပေးခဲ့တယ်။ သူတို့တွေက ဒူးထောက်ဂါရဝပြုစရာမလိုအပ်ပဲ မတ်တပ်ရပ်ပြီး အရိုအသေပေးရုံသာ လိုလိမ့်မယ်။

 

ကောင်းကင်နဲ့ မြေကြီးအပြင် လူကြီးမိဘတွေကို ဂါရဝပြုပြီးနောက် အမေလင်းက ဆုဆုကို ပိုက်ဆံတွေပေးလိုက်တယ်။

 

အခုကစပြီး ငါတို့တွေက မိသားစုတွေဖြစ်လာလိမ့်မယ်.. ကောင်းကောင်းနေထိုင်ကြတာပေါ့.. ငါတို့မိသားစုက မင်းကို ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ပါဘူး.. အစားအသောက်ကိုလည်း ဝအောင် စားရမှာဖြစ်ပြီး မင်းကို ဗိုက်မဆာစေရဘူး

 

အမ်..ကျေးဇူးတင်ပါတယ် အမေ

 

သူမက သူမကို အမေ( မား) လို့ခေါ်ချင်ခဲ့ပေမဲ့ လင်းချွမ်က အမေ(အားမူ)လို့ခေါ်တဲ့အတွက် သူမလည်း လင်းချွမ်ခေါ်သလိုသာ လိုက်ခေါ်ခဲ့တယ်။

 

သူမကို အမေလို့ခေါ်ခဲ့တဲ့အတွက် အဖေလင်းကိုလည်း အဖေ(အားဖူ)လို့ ခေါ်ရလိမ့်မယ်။ ခေတ်သစ်မှ အမျိုးသမီးတစ်ယောက်အနေနဲ့ အွန်လိုင်းပေါ်မှာ စကားပြောတဲ့အချိန်တွေမှာ အရာအားလုံးကို စနောက်ပြီး ပြောဆိုခဲ့ဖူးတာကြောင့် အဖေလင်းကို အဖေလို့ တုံ့ဆိုင်းမှုမရှိခေါ်လိုက်နိုင်တယ်။

 

လိမ်မာလိုက်တဲ့ကောင်မလေး

 

အဖေလင်းက သဘောတူလိုက်ပြီး အလွန်အမင်း ပျော်ရွှင်နေခဲ့တယ်။

 

သူ့ရဲ့ သားအကြီးဆုံးမှာ မိသားစုရော အလုပ်ပါရှိနေပြီ။ သူတို့နှစ်ယောက် အနာဂတ်မှာ ကောင်းမွန်စွာနေထိုင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က သူ့ကို အလွန်ပဲ စိတ်ကျေနပ်စေခဲ့မယ်။

 

ပွဲအခမ်းအနားပြီးသွားတဲ့နောက်မှာတော့ အဖေလင်းက ခုံမှာ ဝင်ထိုင်နေခဲ့တယ်။ အဖေလင်းက လင်းချွမ်ကဲသို့စကားနည်းလွန်းတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ ပျော်ရွှင်နေတဲ့အခါမှာတော့ တက်ကြွလာတတ်တယ်။

 

လင်းချွမ်က ဆုဆုတိုက်မိမှာကိုကြောက်တာကြောင့် သူမကိုပွေ့ချီပြီး ပြန်ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ မင်္ဂလာပွဲအခမ်းအနားကို ဆက်လက် ကျင်းပဖို့ ကျန်ရှိနေသေးတယ်လေ။ မူလတုန်းကတော့ ဇနီးမောင်နှံတွေ မထွက်ခွာသွားခင်မှာ ဒီနေရာမှ ဧည့်သည်များနှင့် စကားပြောသင့်သေးတယ်။ သို့ပေမယ့် သတို့သားက လူရှုပ်နေတာကို မပျော်မရွှင်ဖြစ်နေပုံရပြီး မင်္ဂလာပွဲကို အမြန်ပြီးဆုံးစေချင်ပုံရတယ်။

 

ပါတီအတွင်းရေးမှူးက ထိုင်ချလိုက်ပြီး လူတွေထွက်သွားတာကို ကြည့်နေခဲ့တယ်။ ဒီလူငယ်လင်းချွမ်က တိတ်ဆိတ်နေပေမဲ့ သူ့ကိုယ်သူထိန်းချုပ်ထားပုံရကာ သူ့ရဲ့ချွေးမကိုတော့ အလွန်ကာကွယ်စောင့်ရှောက်ချင်ပုံရနေတာကို ပျော်ရွှင်တဲ့ ခံစားချက်တွေနဲ့ စိုက်ကြည့်နေမိတယ်။ သူက သူ့ရဲ့သတို့သမီးကို အမျိုးသားဧည့်သည်ရဲ့ စိုက်ကြည့်မှုကို အနည်းငယ်လောက်တောင် ခွင့်မပြုပေးခဲ့ပါပဲ ပွေ့ချီပြီးခေါ်သွားခဲ့တယ်။

 

သူကတစ်စုံတစ်ယောက်ကို ပွေ့ချီထားချိန်မှာတောင် ခိုင်မာစွာ ရပ်နေနိုင်တုန်းပဲ ။ အဲဒီလို ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ဆို စစ်တပ်ထဲမှာ အချိန်အကြာကြီး အလုပ်လုပ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်ဘူးလို့ သူတွေးလိုက်မိတယ်။ တကယ်လို့ အနာဂတ်မှာ စစ်တပ်ကနေထွက်လာခဲ့မယ်ဆိုရင်လည်း ကောင်းကောင်းနေနိုင်လိမ့်မယ်။

 

အနောက်ဘက်မှာ ပြင်ဆင်မှုတွေက အသင့်မဖြစ်သေးဘူး။ သူတို့ကလည်း မင်္ဂလာစုံတွဲက ဒီလောက်ထိအစောကြီး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ အရေးကြီးတာတွေကို ပြင်ဆင်ထားပြီးဖြစ်ပေမဲ့ မြေပြင်ကိုတော့ အနီရောင်အဝတ်နဲ့ မခင်းရသေးဘူး။

 

လင်းချွမ်ကလည်း အလျင်လိုခြင်းမရှိပဲ ဆုဆုကို ပွေ့ချီထားခဲ့တယ်။

 

အရေးကြီးဆုံးအရာက သတို့သမီးခန်းကိုပြင်ဆင်နေကြတဲ့အထဲမှာ ဇာတ်လိုက်မလည်းရှိနေခဲ့တယ်။ သူမက ဒီကိုလာပြီးကူညီပေးတဲ့အထိ ထူထဲတဲ့အရေပြားတွေရှိနေတာပဲ။ ဒါပေမယ့် သူမသာ မလာရင် အခြေအနေက ပိုပြီးခက်ခဲလောက်လိမ့်မယ်။ ဘာဖြစ်လို့လဲ သူမက ရွာထဲက လူတွေအားလုံးကို သူတို့တွေက သူမကို ဝိုင်းပယ်ထားတယ်ဆိုပြီး ပြောကြလိမ့်မယ်လေ။