Ch 33
Viewers 11k

33

 

ဆုဆုက သူမကိုယ်သူမကို ရိုး,အပြီး မသိနားမလည်နိုင်တဲ့ သနားစရာလူတစ်ယောက်လို့ မထင်ပေမဲ့ လင်းချွမ်ကတော့ ထိုသို့ တွေးထင်နေလောက်တာဖြစ်နိုင်တယ်။

 

ဒါပေမယ့် အခုလိုမျိုး တစ်ချိန်လုံးပွေ့ချီခံထားရတာက ရှက်စရာကောင်းတယ်လေ။ နောက်တော့ အခန်းအနားမှူးက ရယ်မောရင်း စနောက်လာခဲ့တယ်။

 

မင်း ဆက်ပြီး ပွေ့ချီထားနိုင်သေးလား.. မရတော့ရင် အခန်းထဲကိုဝင်ပြီး အရင် အနားယူလိုက်ပါလား

 

လင်းချွမ်အနေနဲ့ ဒီလိုအချိန်မျိုးမှာ တကယ်ပဲ တောင့်မခံနိုင်တော့ရင်တောင် မရဘူးဆိုတဲ့စကားမျိုးကို ပြောနိုင်မှာမဟုတ်ဘူးလေ။ ဒါကြောင့် အံကိုတင်းတင်းကြိတ်ပြီးပြောလိုက်တယ်။

 

ရတယ်

 

ဒါအပြင် ဆုဆုကလုံးဝကို လေးလံခြင်းမရှိပဲ ပေါ့ပါးလွန်းတယ်။

 

ဒါပေမယ့် ဆုဆုက သူ ပင်ပန်းနေလား မပင်ပန်းဘူးလားဆိုတာကို မသေချာတာကြောင့် တီးတိုးလေးပြောလိုက်တယ်။

 

ရှင် ဘာလို့ ကျွန်မကို အောက်ကိုအရင်မချထားရတာလဲ.. ဘာပဲဖြစ်ဖြစ် ဒီမှာ ချထားစရာနေရာတွေလဲ ရှိနေတာပဲမလား

 

မလိုဘူး ဒီအတိုင်းနေလိုက်ပါ

 

ကျွန်မက တော်တော်လေး လေးတယ်လေ

 

လုံးဝမလေးဘူး .. မင်းက အရမ်းပေါ့တယ်

 

ဆုဆုရဲ့နှလုံးသားက ငှက်မွှေးလေးတွေမျှောလွင့်နေသလိုမျိုး အံ့သြပျော်ရွှင်နေခဲ့ရတယ်။ တကယ်လို့ လင်းချွမ်သာ သူ့နောက်ပြောမဲ့စကားကို ထည့်မပြောဘူးဆိုရင် တစ်နေ့လုံးတောင် ပျော်ရွှင်နေရလိမ့်မယ်။

 

စစ်တပ်ထဲက သဲအိတ်တွေထက် အများကြီးပိုပေါ့တယ်

 

“…”

 

ဆု_သဲအိတ်_ဆုတစ်ယောက် ဒီအချိန်မှာ သဲအိတ်က အလွန် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာလို့ တွေးလိုက်မိတယ်။ သဲအိတ်က ကမ္ဘာပေါ်မှာ စိတ်အနှောင့်အယှက်အဖြစ်စေဆုံးအရာပဲ!

 

သူမက အရွယ်ရောက်နေပြီးတဲ့ လှပတဲ့မိန်းကလေးတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး သဲအိတ်နဲ့နှိုင်းယှဥ်ရတာလဲ။ တကယ်ကို တုံးအလွန်းတာပဲ!

 

အကုန် ပြီးစီးသွားပါပြီ.. အစ်ကိုချွမ်ဇီ ကျေးဇူးပြုပြီး လူကို အောက်ကိုချလိုက်ပါတော့

 

ဇာတ်လိုက်မ ချင်ယွဲ့ယွဲ့က သူမရဲ့နဖူးပေါ်မှ ချွေးတွေကို သုတ်ပြီး အပြုံးတစ်ခုနဲ့လာတယ်။ သူမက ကိုယ်အမူအယာတွေကိုအသုံးပြုပြီး ဒီမင်္ဂလာပွဲအပေါ် သူ အမှန်တကယ်ဂရုစိုက်ကြောင်းပြသနေခဲ့တယ်။ သူမက အကောင်းဆုံးလုပ်ခဲ့တယ် ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့။ ဒါ့အပြင် သူမက လင်းချွမ်ဘက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေခဲ့သေးတယ်။ ဒါက ဘာကိုဆိုလိုချင်နေတာလဲ?

 

ဆုဆု မျက်မှောင်ကြုတ်လိုက်မိတယ်။ ဇာတ်လိုက်မ ဘာလုပ်ချင်နေတာလဲဆိုတာကို ဒီခဏမှာ သူမ သိပ်ပြီးနားမလည်နိုင်တော့ဘူး။ ဇာတ်လိုက်မက လင်းချွမ်ကို လုံးဝ စိတ်မဝင်စားဘူးဆိုတာကို သူမ သေချာပေါက်သိတယ်။

 

ဒီတော့ သူလက်ထပ်သွားတဲ့အချိန်ကျမှ သူမက သူ့ကို အမှန်တကယ်ချစ်မိသွားတယ်ဆိုပြီး နားလည်သဘောပေါက်သွားတယ် ဆိုတာမျိုးက မဖြစ်နိုင်ဘူး။ ဒါက လုံးဝကို အဓိပ္ပါယ်မရှိတဲ့စကားသက်သက်ပဲဖြစ်လိမ့်မယ်။

 

နောက်ပြီး သူမသာ တကယ်ဂရုစိုက်တာဆိုရင် တခြားလူတွေကို သိခွင့်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် သူမရဲ့အမူအရာကတော့ လူတိုင်းကို မြင်တွေ့စေချင်ပုံပေါ်နေခဲ့တယ်။ ပထမတုန်းက သဘောမပေါက်နိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဆုဆုနားလည်သွားပြီ။ သူမက ဒရမ်မာချပြချင်နေတာပဲ။

 

တကယ် စိတ်ဝင်စားစရာကောင်းတယ်!

 

ဆုဆုက စိတ်ခံစားချက်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ အတွေ့အကြုံမရှိခဲ့တာကြောင့် ကောင်းစွာနားမလည်ခဲ့ပေမဲ့ သူမက မြေပြင်ပေါ်မှာရပ်ပြီး သူမရဲ့မျက်ရည်တွေကို တိတ်တဆိတ်သုတ်နေချိန်မှာ တစ်စုံတစ်ယောက်မှ သူမကို နှစ်သိမ့်ပေးနေတာကိုမြင်လိုက်ရချိန်မှာတော့ အကုန်လုံးကို ရုတ်တရက် နားလည်သွားခဲ့တယ်။

 

ဇာတ်လိုက်မက တိတ်တဆိတ်နဲ့ မကောင်းဆိုးရွားအလုပ်တွေ ထပ်ပြီးလုပ်နေပြန်ပြီ။ နောက်ပြီး သူမရဲ့ လက်ရှိသရုပ်ဆောင်မှုက သူမ လင်းချွမ်နဲ့ မခွာနိုင်တဲ့အကြောင်း လူတိုင်းကို ရိုးရှင်းစွာ ပြောနေခဲ့တာ။ နောက်ပြီး သူမက သူနဲ့ လမ်းခွဲဖို့အတွက် ဖိအားပေးခံခဲ့ရကြောင်းနဲ့ ကူကယ်ရာမဲ့နေရကြောင်း လူတိုင်းကို တွေးမိသွားစေချင်ခဲ့တယ်။

 

သူမ ဘာကြောင့် အားကိုးရာမဲ့ ဖိအားပေးခံလိုက်ရတာလဲ? သေချာပေါက် ဆုဆုက လင်းချွမ်ကို အဝေးသို့ ခိုးယူသွားခဲ့လို့ပဲပေါ့။

 

ပြီးသွားရင်တော့ ထိုမတော်တဆဖြစ်ရပ်က တစ်ရွာလုံးကို ကောလဟာလများအဖြစ် ထွက်ပေါ်လာလိမ့်မယ်။ နောက်ပြီး ဒီတုံး,အတဲ့အမျိုးသား လင်းချွမ်က ဖြတ်ခနဲကြည့်ရုံနဲ့တင် ပျော်ရွှင်နေပုံရတယ်လေ။ ဒီတော့ ဒါတွေအားလုံးကိုစုပေါင်းလိုက်တဲ့အချိန်မှာ လူတော်တော်များများက သူတို့ကို ခွေးစုံတွဲလို့ သတ်မှတ်လိုက်ကြမှာဖြစ်ပြီး ဇာတ်လိုက်မကတော့ စွန့်ပစ်ခံလိုက်ရတဲ့သနားစရာမိန်းကလေးဖြစ်သွားလိမ့်မယ်။

 

ထိုအချိန်ကျရင် သူတို့ရဲ့နောက်ကျောဘက်ကို တံတွေးထွေးကြမဲ့လူတွေအများကြီးဖြစ်လာလိမ့်မယ်။

 

သူမက ဘယ်လို မုန်းတီးမှုတွေ၊ ဘယ်လို နာကြည်းမှုတွေ ရှိနေခဲ့လို့ လင်းမိသားစုကို အခုလို သေတွင်းတူးပေးနေရတာလဲ?

 

သူမ ထိုအကြောင်းကိုတွေးနေချိန်မှာ လင်းချွမ်ကလည်း ထိုကဲ့သို့ တွေးလိုက်မိတယ်။အရင်တုန်းကလည်း သူက နားမလည် သဘောမပေါက်ခဲ့တာမဟုတ်ပဲ ပြန်လည်တုံ့ပြန်ရမှာကို ပျင်းရိနေခဲ့ရုံပဲ။ ဒါပေမယ့် အခုချိန်မှာတော့ ထိုသို့မလုပ်နိုင်တော့ဘူး။ 

 

တကယ်လို့ သူ့ကို အပြစ်တင် မကောင်းပြောမယ်ဆိုရင် သူ သည်းခံနိုင်ပေမဲ့ သူ့ရဲ့ဇနီးသည်ကိုတော့ တခြားလူတွေမကောင်းပြောမှာကို သူသည်းမခံနိုင်ဘူး ။ သူမက သူ့ကိုကူညီပေးခဲ့တာကို ဘယ်လိုလုပ်ပြီး မှားယွင်းခံရစေလို့ဖြစ်မှာလဲ။ ဒါ့အပြင် သူထွက်သွားတဲ့အချိန်မှာ သူမက ဒီမှာ တစ်ယောက်တည်း ကျန်နေရစ်ခဲ့ရမှာလေ။ သူမအတွက် အခက်အခဲတွေဖြစ်လာမှာကို သူ အရမ်းစိတ်ပူနေမိတယ်။

 

ဆုဆုက သူမရဲ့အမျိုးသားက အမှန်တကယ် တုံးအနေတာမဟုတ်ကြောင်း မသိထားတာကြောင့်ဇာတ်လိုက်မရဲ့ရုပ်ဆိုးတဲ့ မျက်နှာဖုံးကိုခွာချနိုင်မဲ့ နည်းလမ်းတွေ ကို တွေးတောနေတုန်းပဲ။ ဒါပေမယ့် ဒီနေ့ကသူတို့ရဲ့ လက်ထက်ပွဲနေ့ဖြစ်တာသူမအနေနဲ့ အလွန်အကျွံလုပ်လို့မရဘူး။

 

ထိုအချိန်မှာပဲ သူတို့ရဲ့ရှေ့မှာရပ်နေတဲ့ အခန်းအနားမှူးက လူငယ်စုံတွဲကို ဘိုးဘေးတွေရှေ့မှာကျမ်းကျိန်ဖို့ပြောလိုက်တယ်။

 

ဆုဆု သူမရဲ့ဘေးနားမှာရှိနေတဲ့ အရပ်ရှည်တဲ့အမျိုးသားကို လက်ချောင်းလေးဖြင့် အသာ ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ 

 

ကျွန်မ.. ကျွန်မ မလုပ်တတ်ဘူး

 

ကိုယ်လုပ်တဲ့နောက်က လိုက်လုပ်

 

အိုး

 

အရေးကြီးတဲ့အခိုက်အတန့်တွေမှာ သူမရဲ့ချစ်သူက အစွမ်းထက်နေတုန်းပဲ။

 

ဆုဆုက စိတ်လှုပ်ရှားစွာဖြင့် ထိုအမျိုးသားရဲ့နောက်မှ ကျိန်ဆိုခဲ့ပြီး ခေါင်းပြန်မော့ကြည့်လိုက်ချိန်မှာ ထိုအမျိုးသားရဲ့အကြည့်ကြောင့် ပူလောင်လာသလိုခံစားလိုက်ရတယ်။

 

အခန်းအနားမှူးအဖြစ်လုပ်ပေးတဲ့ ပါတီအတွင်းရေးမှူးက အလွန်အမင်းတင်းကြပ်တဲ့လူမဟုတ်တာကြောင့် လူငယ်နှစ်ယောက်ရဲ့ ကျမ်းကျိန်မှုကို ကြည့်ရှုပြီးနောက် ပြုံးပြီး ပြောလာတယ်။

 

အခု ရဲဘော်လင်းချွမ်က သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအတွေ့အကြုံအကြောင်း ပြောပြသွားမှာပါ.. အားလုံးပဲ ကြိုဆိုလိုက်ရအောင်

 

လူအချို့က လျှင်မြန်စွာ လက်ခုတ်တီးပြီး စိတ်လှုပ်ရှားစွာ ကြည့်လာကြတယ်။ အဆုံးမှာ လူတိုင်းက ဒီလူနှစ်ယောက်အကြောင်းကို သိကြတယ်လေ။ သူတို့က တစ်ယောက်နဲ့တစ်ယောက်သိတာ ရက်အနည်းငယ်ပဲကြာသေးတဲ့အချိန်မှာပဲ လက်ထပ်ခဲ့ကြတယ်။ သူတို့မှာ ဘယ်လိုအချစ်ရေးအတွေ့အကြုံမျိုး ကြုံတွေ့ခဲ့ကြတာလဲ။ တကယ့်အတွင်းပိုင်းမှာ ဘာတွေဖြစ်နေမလဲဆိုတာ ဘယ်သူကသိမှာလဲ။

 

ချင်ယွဲ့ယွဲ့ရဲ့ အစောပိုင်း ဖျော်ဖြေတင်ဆက်ထားမှုကနေတစ်ဆင့် တချို့လူက တကယ့်ကို အလွန်အကြွံတွေးထားခဲ့ကြပြီ။ အထူးသဖြင့် အသက်ကြီးနေတဲ့ လူတွေပဲ။ ဒီချောမောတဲ့ လူငယ်လေးနဲ့ မိန်းကလေးက ဟိုးအစောကြီးကတည်းက လက်ထပ်ဖို့ စေ့စပ်ထားကြတာလေ။ အခုတော့ မူလစေ့စပ်ထားတဲ့လူနဲ့ လက်ထပ်ပွဲပျက်သွားတဲ့အတွက် သူတို့က ဂုဏ်သတင်းကောင်းမွန်လိမ့်မှာမဟုတ်ဘူးလို့ တွေးနေကြတယ်။

 

ဆုဆုက လူအနည်းငယ်ရဲ့ အမြင်မှားနေမှုကို ခံစားလိုက်ရတာကြောင့် မျက်မှောင်ကြုတ်လိုက်မိပေမဲ့ ရုတ်တရက်သူမရဲ့ လက်ဖဝါးကိုဆုတ်ကိုင်ခံလိုက်ရတယ်။ ပြီးနောက် သူမရဲ့ လက်ထပ်ပြီးကာစ အသစ်စက်စက် ခင်ပွန်းသည်က အရှေ့သို့ ခြေတစ်လှမ်းတိုးကာ တုံ့ဆိုင်းမှုမရှိဘဲ သူမရဲ့ရှေ့တည့်တည့်မှာရပ်နေသည်ကို မြင်ပေမဲ့ သူဘာလုပ်ချင်နေမှန်းကို နားမလည်ခဲ့ဘူး။

 

ဒါဟာ ရှက်ရွံ့တဲ့ ကာရိုက်တာဒီဇိုင်းရှိတဲ့ ဇာတ်ကောင်မဟုတ်ဘူးလား။ ဘယ်အရာကများ သူ့ရဲ့ အချစ်ရေး အတွေ့အကြုံ အကြောင်းကိုပြောပြဖို့ အခုလိုမျိုး အရှေ့ကိုထွက်လာစေခဲ့တာလဲ။ ဒါက ဇာတ်ကောင်ဒီဇိုင်း ပြိုလဲပျက်စီးသွားတာများလား?

 

သို့ပေမဲ့လည်း သူဘာလို့ ဒီလောက်တောင်လေးနက်နေရတာလဲ။ သူ့ရဲ့ပုံစံက မရှင်းလင်းတဲ့အချစ်ရေးအကြောင်းကိုပြောပြမှာထက် သတင်းအစီအရင်ခံတင်ပြနေတာနဲ့တောင် ပိုပြီးတူနေသေးတယ်။

 

ဆုဆုရဲ့ ပါးစပ်တွေက ကောင်းကင်ပေါ်ကိုထိစပ်လုနီးပါးအထိ ကော့ညွှတ်နေခဲ့ရတယ်။ သူမ ဒီအမျိုးသားကို ကြိုက်တယ်ဆိုပေမဲ့ သူက အရမ်းလေးနက်လွန်းနေတယ်လေ။ နောက်ပြီး သူက အခုမှ အသက်နှစ်ဆယ်ကျော်ပဲရှိနေသေးတယ်။

 

သူမ အတွေးလွန်နေတုန်းမှာပဲ လင်းချွမ်က ပါးစပ်ကိုဖွင့်ဟလာတယ်။ သို့ပေမယ့် သူ့ရဲ့ အတွေ့အကြုံအကြောင်းကိုပြောလာတာတော့မဟုတ်ဘူး။

 

လူတိုင်းက ရဲဘော်ဆုနဲ့ ကျွန်တော်တို့ ဘာကြောင့် အတူရှိနေဖြစ်သွားတာလဲဆိုတဲ့အကြောင်းကို သိချင်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ပြောရမယ်ဆိုရင်တော့ ဒါက ကံကြမ္မာလို့ပဲ သတ်မှတ်ရလိမ့်မယ်

 

တစ်ဖက်မှာရှိနေတဲ့ ချင်ယွဲ့ယွဲ့က သူမ ဘာကြောင့် တစ်ခုခုမှားယွင်းနေသလို ခံစားနေရလဲဆိုတာမသိဘူး။ သူမရဲ့ စေ့စပ်သူဟောင်းရဲ့အကြောင်းကို သူမသိထားသလောက်ဆိုရင် သူက ဒီလိုမျိုး စကားတွေကို ပြောရတာကို သဘောကျတဲ့ လူမျိုးမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ သူ့ဘက်က အရင်စပြီး ပြောဖို့လုပ်နေခဲ့တယ်။

 

ဆုဆု ခေါင်းကိုစောင်းပြီး နားထောင်နေခဲ့တယ်။ သူက ဘာကြောင့် ဒီကိစ္စကိုအကျယ်ချဲ့ချင်နေတာလဲဆိုတာကို သူမ နားမလည်ခဲ့ဘူး။ သူ့ရဲ့အကျင့်အရ ထိုစကားမျိုးကိုမပြောသင့်ဘူးမလား?

 

ဟိုးအစတုန်းက ကျွန်တော့်ရဲ့ စေ့စပ်သူဟောင်း ရဲဘော်ချင်ယွဲ့ယွဲ့က ဒီနှစ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ရလဒ်ကောင်းနဲ့ အောင်မြင်ခဲ့တယ်လေ.. ဒီတော့ သူမက နောက်နှစ်မှာ ကောလိပ်သွားတက်လိမ့်မယ်.. ကျွန်တော်ကလည်း သူ့ဆန္ဒအတိုင်း အောင်မြင်သွားခဲ့လို့ ဂုဏ်ပြုပါတယ်..အဆုံးမှာ ကောလိပ်ကို လူနည်းနည်းလောက်ပဲ တတ်ရောက်နိုင်တာလေ..

 

သေချာတာပေါ့.. သူမပြောတဲ့အတိုင်းဆိုရင် သူမက ကောလိပ်တက်ဖို့အတွက် သူမလုပ်နိုင်တာမှန်သမျှကို ကြိုးစားရလိမ့်မယ်.. ဒါကြောင့် သူမက ဒီမိသားစုနဲ့ အချည်အနှောင်မခံထားချင်ဘူး.. ဒီတော့ သူမက ကျွန်တော်နဲ့ စေ့စပ်ထားတာကိုဖျက်ချင်တယ်..  ဒါမှမဟုတ်ပဲ ကျွန်တော့်ဘက်က လက်မခံနိုင်ဘူးဆိုရင် သူမ ကျောင်းပြီးတဲ့အချိန်အထိ စောင့်ပြီး ဘွဲ့ရတဲ့အချိန်ကျမှ လက်ထပ်မယ်လို့ ပြောခဲ့တယ်

 

ဘာလဲ?

 

ဘွဲ့ရပြီးမှ မင်္ဂလာဆောင်ချင်တာလား။

 

ဒီစကားကို ကြားလိုက်တာနဲ့ တစ်ခုခုက မူမမှန်ဘူးဆိုတာကို လူတိုင်း ခံစားနိုင်တယ်။ ဘွဲ့ရဖို့အတွက်က နှစ်ပေါင်းများစွာ အချိန်ယူရဦးမှာလေ။

 

တစ်ဖက်လူ ပြောခဲ့တဲ့ စကားတွေက အမှန်တရားတွေဖြစ်နေတဲ့အတွက် ချင်ယွဲ့ယွဲ့ ဘာကိုမှ မပြောနိုင်ခဲ့ဘူး။ သူမ ရှက်ရွံ့စွာနဲ့ နားလည်သွားခဲ့တယ်။ သူမက သစ်သားတစ်ချောင်းလို့ထင်ထားတဲ့လူက တစ်စုံတစ်ယောက်ကို ကိုက်ခဲလာတဲ့အချိန်မှာ အမှန်တကယ်အကြင်နာကင်းမဲ့ပြီး ရက်စက်လွန်းတတ်တာပဲ။ ထိုလူက ဒီလိုအချိန်မျိုးမှာ အမှန်တရားကို လူတိုင်းရှေ့မှာ ဖော်ပြလာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

 

သူမရဲ့ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာခဲ့တယ်။ သူမအနေ ယခင်တုန်းက ဒီလိုမျိုးအရှက်ကွဲမှုကို တစ်ခါမှ မခံစားခဲ့ရဖူးဘူးလေ။

 

သူမကို မပြောနဲ့။ လင်းတုံဟဲတောင်မှ လင်းချွမ်က ဒီလိုစကားမျိုး မပြောသင့်ဘူးလို့ ခံစားရတယ်။ ဒါကချင်ယွဲ့ယွဲ့အတွက် ဆိုးရွားပြီး ရုပ်ဆိုးလွန်းတယ်ဆိုတာ အသိသာကြီးပဲလေ။ ဒါပေမယ့် သူတို့ပြောခဲ့တာတွေက အမှန်တွေဖြစ်နေတာကြောင့် သူ့ဆီမှာ သူမအတွက် ခုခံပေးဖို့ နည်းလမ်းမရှိခဲ့ဘူး။

 

ဆုဆုရဲ့ ပါးစပ်က အနည်းငယ်ပွင့်ဟနေခဲ့တယ်။ ကြည့်ရတာ ဒီအမျိုးသားက အတော်လေးယုံကြည်စိတ်ချရတဲ့ပုံပဲ။ အမှန်တကယ်ကိုက်တတ်တဲ့ခွေးက ဟောင်မှာမဟုတ်ဘူးဆိုတဲ့ စကားအတိုင်းပဲဖြစ်လိမ့်မယ်။

 

လင်းချွမ်က ဆက်ပြောလာတယ်။

 

“ဒါပေမယ့် ကျွန်တော့်ရဲ့မိဘတွေက ဒီမင်္ဂလာပွဲကိုစီစဉ်ဖို့ တစ်နှစ်ခွဲနီးပါးလောက် အချိန်ယူပြီး ကြိုးစားထားခဲ့ရတယ်.. ဒီတော့ အခုလက်ရှိ ကျွန်တော်နဲ့လက်ထပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ဇနီး ရဲဘော်ဆုဆုက ကျွန်တော် သူမကိုကယ်တင်ပေးခဲ့တဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက်ဆိုပြီး ပြီး ဒီမင်္ဂလာပွဲကိုပြီးမြောက်စေဖို့အတွက်ကျွန်တော်ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်.. ကျွန်တော်က သူမကို အများကြီး ကျေးဇူးတင်ပါတယ်

 

သူက စကားကိုပြီးဆုံးအောင်ပြောပြီးသည်နှင့် ဆုဆုဘက်သို့ မျက်နှာလှည့်ကာ ရုတ်တရက် လက်ကိုမြှောက်ပြီး စစ်သားတစ်ယောက်ရဲ့ လက္ခဏာနဲ့အညီအလေးပြုလာခဲ့တယ်။

 

ဆုဆု : ...

 

သူမရဲ့ မျက်လုံးဝိုင်းတွေက ချက်ချင်းပဲ နီရဲလာခဲ့တယ်။ တကယ်တမ်းမှာ သူမက သူပြောသလောက် ကောင်းတဲ့လူမဟုတ်သလို ကျေးဇူးတင်သင့်တဲ့လူလည်း မဟုတ်ဘူး ။

 

နောက်ဆုံးမှာတော့ လက်ထပ်ပွဲကိုတက်ရောက်လာခဲ့ကြသူတွေအားလုံးက သူတို့တွေ ဘာကြောင့်အလျှင်အမြန်လက်ခပ်ခဲ့ကြတာလဲဆိုတာကို နားလည်သွားခဲ့ကြတယ်။ တကယ်တော့ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ဖို့ ဖြစ်ခဲ့တာပဲ။