Ch 31
Viewers 11k

31: ရေချိုးဖို့လိုတယ်

 

တစ်ဖက်လူကို မမြင်ရတော့ပေမယ့် လင်းချွမ်ကတော့ အတွေးမှာမျောနေတုန်းပဲ။ ထိုမိန်းကလေးက ခေါင်းလျှော်ထားတယ်။ နောက်ပြီး အင်္ကျီကော်လံတွေကလည်း စိုစွတ်နေတာကိုကြည့်ရင် အတွင်းပိုင်းထဲကိုလည်း သန့်ရှင်းထားပုံရတယ်။

 

လင်းချွမ် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိဘူးလို့ ခံစားမိတယ်။ မနက်ဖြန် သူ့ရဲ့ချွေးမကို ဒီလိုမျိုးပုံစံနဲ့ တွေ့ဆုံခိုင်းလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ?

 

ရေချိုးရမယ်။ ရေချိုးရမယ်!

 

ဒါပေမယ့် မိသားစုထဲမှာ ယောက်ျားတွေနဲ့ပြည့်နေပြီး သူတို့တွေ အိပ်ရာဝင်ဖို့ကလည်း အချိန်စောနေဦးမှာဖြစ်လို့ သူဘယ်နေရာမှာ ရေသွားချိုးရမလဲဆိုတာက ပြသနာဖြစ်လာတယ်။ သူသာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောင်ပြောင်ရှင်းရှင်း ရေချိုးလိုက်မယ်ဆိုရင် သူ ဟာသအလုပ်ခံရလိမ့်မယ်။ ဒီတော့အပြင်ကိုထွက်ပြီး ချိုးလိုက်တာက အဆင်ပြေလိမ့်မယ်။

 

ရာသီဥတုက အေးစက်လွန်းနေပေမယ့်လည်း နှင်းထဲမှာ ရက်အတော်ကြာ သွားခဲ့တဲ့လူအတွက်တော့ ပြဿနာမရှိပါဘူး။ စကားမစပ် သူ့ရဲ့အတွင်းပိုင်းက အဝတ်တွေကိုလည်း လဲလှယ်ရမယ်။ မနက်ဖြန်ကျရင် သူလက်ထပ်ရတော့မှာလေ။

 

ဦးလေးရဲ့သားဖြစ်သူက လင်းချွမ် သူ့ရဲ့ခန္ဓာကိုယ်ကို သဘက်နဲ့ သုတ်နေတာကို မြင်လိုက်ရတာကြောင့် ရယ်မောပြောလာခဲ့တယ်။

 

မင်းရေချိုးနေတာလား.. မင်းက မင်းရဲ့ချွေးမလေး အဲဒါကိုမကြိုက်ဘဲနေမှာကို ကြောက်နေတာလား

 

မင်းနဲ့ဆိုင်လို့လား

 

မဟုတ်ပါဘူး.. ငါက မင်းတကယ် ပဲ သေသေချာချာဆေးကြောနေတာပဲလို့ တွေးနေတာ.. မင်း နေရာတိုင်းကိုဆေးကြောလိုက်တာလား

 

အဲဒီနေရာကိုရောလား?

 

“…”

 

လင်းချွမ် ဇလုံထဲမှရေကို အိမ်သာထဲသို့ လောင်းချလိုက်ပြီး အဝတ်အစားတွေ ပြန်ဝတ်ကာ ထွက်လာခဲ့တယ်။

 

ဒီကိုလာခဲ့ မင်းရဲ့ညီက မင်းကို ပြောပြပေးမယ်.. မင်း မနက်ဖန်သုံးရမဲ့ ပစ္စည်းကို မဆေးရသေးဘူးဆိုရင် ဆေးကြောလိုက်တာကောင်းမယ်နော် အဲဒါက အရေးကြီးတဲ့ကိစ္စပဲ

 

“…”

 

လင်းချွမ် မျက်မှောင်ကြုတ်ပြီး သူ့ကို လျစ်လျူရှုလိုက်တယ်။

 

အဲ့ကောင်မလေး...

 

သူဆက်ပြောချင်ပေမယ့် လင်းချွမ်က သူ့ရဲ့ရင်ဘတ်ကို လက်သီးနဲ့ထိုးလိုက်တယ်။

 

သူ အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်ပြီး ခဏလောက် အသက်ရှူရခက်သွားသလို ခံစားလိုက်ရတယ်။ သူဘာလို့ ဒီလောက်ရှက်နေရတာလဲ။

 

လင်းချွမ်ကတော့ မည်းမှောင်နေတဲ့မျက်နှာနဲ့ ထွက်သွားခဲ့ပြီ။ ယောက်ျားတွေက ညစ်ညမ်းတဲ့စကားတွေကိုပြောဆိုတတ်တာ ပုံမှန်ပဲဆိုပေမဲ့ သူမရဲ့အကြောင်းကိုထည့်ပြောလာတာကိုတော့ သူခွင့်ပြုပေးမှာမဟုတ်ဘူး။ သူတို့က ထိုအကြောင်းတွေကိုပြောနေချိန်မှာ သူ့ရဲ့ ဦးနှောက်ထဲမှာ မသန့်ရှင်းတဲ့အတွေးတွေနဲ့ ပြည့်နေလိမ့်မယ်။ သူကတော့ ထိုကဲ့သို့ စကားတွေကို အလွန်မုန်းတီးတယ်။

 

တကယ်တမ်းမှာ ဆုဆုက အလွန်ကောင်းမွန်တဲ့အတွက် ယောကျာ်းတွေအများကြီးက သူ့ကို လိုချင်တတ်မက်မှုတွေရှုနေတယ်ဆိုတာကို သူနားလည်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူမက သူ့ရဲ့ချွေးမလေးဖြစ်နေပြီ။ နောက်ပြီး သူတို့ လက်မထပ်ရသေးဘူးဆိုရင်တောင် သူရဲ့ တစ်ဦးတည်းပိုင်ဆိုင်လိုစိတ်တွေက သန်မာသထက် သန်မာလာခဲ့တယ်။

 

သူ့ရဲ့အနာဂတ်ချွေးမလေးက ကြောက်လန့်သွားမှာကိုလည်း စိုးရိမ်မိတယ်။

 

သူ ရေချိုးပြီးသွားတော့ အနည်းငယ် စိတ်သက်သာရာရသလိုခံစားရပြီး ပင်မအခန်းဆီကို သွားပြီး မှန်အသေးလေးတစ်ချပ်ကိုသွားယူကာ ဆီမီးထွန်းထားတဲ့အနားမှာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကို ဖြတ်တောက်လိုက်တယ်။ သူ့ရဲ့မေးမှာ အစူးတွေမကျန်တော့ဘူးဆိုတာကို ခံစားမိမှ ရပ်တန့်လိုက်ပြီး အဒေါ်ရဲ့ကလေးက ဝင်ပြောလာတယ်။

 

လက်ထပ်တော့မှာဆိုတော့ ယောကျာ်းတွေတောင် အလှကြိုက်လာတာပဲ

 

အိပ်တော့

 

သူက မှန်ကိုချလိုက်ပြီး ခန်ပေါ်ကိုတက်လိုက်တယ်။ သူတို့အုပ်စုက လူတွေ များပြားနေခဲ့ပေမဲ့ လင်းချွမ်ကတော့ မနက်ဖန်မှာ သူ့ရဲ့ချွေးမလေးကို ပွေ့ဖက်နိုင်တော့မယ်ဆိုတာကိုတွေ့တော့ အိပ်စက်ဖို့တောင်မလိုအပ်တော့သူ။ ဒါကိုတွေးမိရင် သူ အလွန်အမင်းဂုဏ်ယူနေမိတယ်။

 

သို့သော်လည်း လူငယ်တစ်စုက အတူအိပ်စက်ချိန်မှာ ပွင့်လင်းရိုးသားမှုတွေ ပြည့်နေခဲ့ကြပြီး ပထမဆုံး အသက်မွေးဝမ်းကြောင်းအလုပ်တွေကို ပြောဆိုရာမှာ အချစ်ရေးအကြောင်း တဲ့ နောက်ဆုံးတော့ အိမ်ထောင်ရေးအကြောင်းတွေကို ပြောလာခဲ့ကြတယ်။

 

အဒေါ်ရဲ့ကလေးက လင်းချွမ်ကို ပြောလာတယ်။

 

မင်းက ချစ်ပြီးမှ လက်ထပ်တာလား

 

“…”

 

အဲလိုမျိုးတော့ မထင်ရဘူး။ သူက မချစ်ကြိုက်ခင်မှာ စေ့စပ်ဖြစ်ပုံရပြီး အခုဆို လက်ထပ်တော့မှာ။

 

ဦးလေးရဲ့သားက သိပ်ပြီးဂရုစိုက်မနေပဲ ထထိုင်လိုက်ပြီး ပြောလာတယ်။

 

“သေစမ်း .. မင်းအရင်တုန်းက အဲဒီပညာတတ်လူငယ်ကို မင်းရဲ့ညီတွေနဲ့ မိတ်ဆက်ပေးခဲ့သင့်တာ.. အခုတော့ သူက ကောလိပ်သွားတက်တော့မှာဆိုတော့ အပြင်လူကိုပဲ နှလုံးသားထဲကိုထည့်လောက်တော့မှာ

 

(T/n_ ချင်ယွဲ့ယွဲ့ကိုပြောတာဖြစ်မယ်)

 

အဒေါ်ရဲ့သား: ဒါပေမယ့် တကယ်တမ်းမှာ ခံစားချက်တွေကျန်နေသေးလို့ ဖြစ်မှာပေါ့လေ

 

သူ့ရဲ့စကားတွေက သူတို့ရဲ့ အိမ်ထောင်ရေးကြားမှာ အနှောင့်အယှက်ဖြစ်စေရင် ပိုကောင်းလိမ့်မယ်။ ဒါမှမဟုတ်ရင် သူ့ရဲ့ညီကို ပညာတတ်လူငယ်နဲ့ လက်ထပ်ခွင့်ပေးလိုက်သင့်တယ်လေ။ ဒါပေမယ့် သူ့ဘာသာသူ ပညာတတ်လူငယ်တစ်ယောက်ကို ကိုယ်တိုင်ရှာရမယ်ဆိုရင်တော့ မျှော်လင့်ချက်မရှိနိုင်ဘူး။

 

ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ မျှော်လင့်ချက်မပြည့်ဝခဲ့ပါပဲ လင်းချွမ်က သူတို့ရဲ့စကားဝိုင်းထဲမှာ လုံးဝမပါဝင်ခဲ့ဘူး။ သူတို့တွေ ပြောရင်းပြောရင်းနဲ့ အာခေါင်တွေခြောက်လာချိန်မှာတော့ လင်းချွမ်က အိပ်ပျော်နေပြီဆိုတာကိုမြင်လိုက်ရတယ်။ အခုမှ ကိုးနာရီပဲရှိသေးတာကို မင်းဘာလို့ အစောကြီး အိပ်နေရတာလဲ။

 

စဉ်းစားကြည့်လိုက်တော့ သူက မနက်ဖန်လက်ထပ်ပွဲအတွက် စောစောထရမှာဖြစ်တဲ့အကြောင်း တွေးမိသွားကြတယ်။

 

နည်းလမ်းမရှိတော့တာကြောင့် သူတို့လည်း တိတ်တဆိတ်နဲ့ လှဲအိပ်ဖို့သာ တတ်နိုင်တော့တယ်။

 

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်နေ့မနက်ကိုရောက်ရှိလာကာ ဆုဆုတစ်ယောက် လှုပ်ရှားသံတွေကြောင့် အိပ်ယာမှ နိုးလာခဲ့တယ်။ ဒီနေ့ သူမရဲ့ လက်ထပ်ပွဲဖြစ်ပေမဲ့ သူမက တခြားလူတွေရဲ့ အကူအညီကိုမယူခဲ့ပဲ ဝတ်စားဆင်ယင်မှုနဲ့ မိတ်ကပ်တွေကို ကိုယ်တိုင် ပြင်ဆင်ခဲ့တယ်။

 

ကံကောင်းထောက်မစွာနဲ့ သူမက ဒီနှစ်တွေအတွင်းမှာ တက္ကသိုလ်ကျောင်းသူဘဝဖြင့် ကျင့်သားရနေခဲ့ပြီး ပြင်ဆင်မှုတွေကိုကောင်းမွန်စွာသိကျွမ်းနေခဲ့တယ်။ သူမက ကျောပိုးအိတ်ထဲမှ တင်းကျပ်တဲ့ဆွယ်တာအင်္ကျီနှင့် သူမ တစ်ခါမှမဝတ်ခဲ့ဖူးတဲ့ ဒူးရှည်စကတ်ကို ရွေးချယ်ကာ သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ခဲ့တယ်။

 

အပြင်ဘက်မှာတော့ ကာကီရောင်ဂျာကတ်ကို ထပ်ဝတ်လိုက်တယ်။ ထိုအင်္ကျီက ယခင်တုန်းက အဝါရောင်ဖြစ်ခဲ့ပေမဲ့ ဒီဘက်ကိုရောက်လာချိန်မှာ အရောင်ပြောင်းသွားခဲ့တယ်။ သို့ပေမယ့် ဒါက အလွန် ရေပန်းစားနေဆဲဖြစ်ပုံပဲ။

 

ဒါတွေ အားလုံးပြီးသွားတဲ့အချိန်မှာတော့ သူမ နောက်ထပ်ကျစ်ဆံမြီးနှစ်ခုကို ကျစ်လိုက်ပြီး ပေါ့ပါးတဲ့မိတ်ကပ်ကို ပြင်ဆင်လိုက်တယ်။ နှုတ်ခမ်းနီကလည်း အရောင်ဖျော့တဲ့အထဲမှာပါပြီး အလွန်ရေပန်းစားတဲ့ နှုတ်ခမ်းနီမျိုးပဲ။

 

သူမရဲ့ အသွင်ပြောင်းမှုပြီးသွားတဲ့နောက်မှာတော့ မျက်တောင်တဖြတ်ဖြတ်ခတ်ပြီးကြည့်လိုက်တယ်။ အခုဆို သူမရဲ့အသွင်အပြင်က နောက်ထပ်အဆင့်သစ်တစ်ခုသို့ တက်သွားသလိုမျိုး ခံစားလိုက်ရတယ်။ အသက်ငယ်ရတာ တကယ်ကောင်းတာပဲ။

 

ဒီလို နူးညံ့ပျော့ပျောင်းတဲ့ အသားအရေက ရေကိုတောင် ညှစ်ထုတ်နိုင်လိမ့်မယ်လို့ ထင်ရပြီး ဖောင်ဒေးရှင်းအလွှာကို လိမ်းပြီးတဲ့အချိန်မှာ ချွေးပေါက်တွေကိုတောင် မမြင်နိုင်ရတော့ဘူး။ ဒီလိုမျက်နှာမျိုးကိုမြင်ရတဲ့အချိန်မှာ ဘယ်သူကများ စိတ်မကျေနပ်ပဲ နေနိုင်မှာလဲ။

 

သူမ ပြင်ဆင်စရာရှိတာတွေအားလုံးကို ပြင်ဆင်ပြီး အမေလင်းက အပြင်မှာ စောင့်နေခဲ့တာကြာပြီဖြစ်လို့ တံခါးကိုတွန်းဖွင့်လိုက်တယ်။

 

အမေလင်းကတော့ သူ့ရဲ့ချွေးမ တံခါးဖွင့်ပြီးထွကာစလာတာကိုမြင်တွေ့ရချိန်မှာ မျက်လုံးတွေ တောက်ပသွားခဲ့ရတယ်။ သူမက လှပတယ်ဆိုတာကို သိထားပြီးသားဖြစ်ပေမဲ့ အခုလိုမျိုး မျက်နှာပေါ်မှာ လိမ်းခြယ်ပြီးသွားချိန်မှာ သူမရဲ့ ပင်ကိုယ်စရိုက်ကတောင် ပြောင်းလဲသွားသလိုမျိုး ထင်မြင်သွားရစေတယ်။

 

အိုး အရမ်းလှတာပဲ.. လာစမ်းပါဦး အန်တီ တစ်ချက်ကြည့်ဦးမယ်.. ငါ့ရဲ့ ချွေးမက အရမ်းလှနေတာပဲ

 

သူမရဲ့ ချီးကျူးစကားတွေက ဆုဆုရဲ့မျက်နှာတစ်ပြင်လုံးကို နီရဲသွားစေပြီး အနည်းငယ် မလွယ်ကူသလိုခံစားရကာ သူမရဲ့ ရင်ဘတ်ပေါ်မှ ကျစ်ဆံမြီးကို လက်နဲ့ ရစ်ပစ်နေမိတယ်။

 

တကယ်ကို ကြည့်ကောင်းတာပဲ.. တကယ်လှလွန်းတယ်

 

ပထမအဒေါ်ကလည်း ဝင်ပြောလာတယ်။

 

ငါတို့တွေ လှတယ်လို့ပြောတာက ဘာအသုံးဝင်လို့လဲ ချွမ်ဇီလာမှပြောပါစေ

 

နောကာအဒေါ်တစ်ယောက်က ဝင်ပြောလိုက်တယ်။

 

သူတို့ပြောပြီးတာနဲ့ ဆုဆုကိုအိမ်ထဲမှာစောင့်ခိုင်းပြီး အရှေ့ဘက်အိမ်ကို အလျှင်အမြန်သွားခဲ့ကြတယ်။

 

ဆုဆုက အိမ်ထဲမှာထိုင်ပြီး အဆင်သင့်ဖြစ်မဲ့အချိန်ကို စောင့်နေခဲ့တယ်။ အရှေ့မှာ ဧည့်သည်တွေ အားလုံးဝင်ထိုင်ပြီးမှ စားသောက်ပွဲကို စတင်မှာလေ။

 

လက်ထပ်ပွဲကို ဒီရွာကျင်းပခဲ့ပြီး သူမဆီမှာလည်းမိသားစုဝင်မရှိတာကြောင့် သတို့သမီးက ရွှေ့ပြောင်းနေစရာမလိုအပ်ဘူး။ သိပ်မကြာခင်မှာ လင်းချွမ်က သူမကိုသယ်ဆောင်ပြီး ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ဖို့အတွက် အရှေ့ခြံဝမ်းကိုခေါ်သိားမှာဖြစ်ကာ အခမ်းအနားမှူးက လက်ထပ်ပွဲကို ဦးစီးလိမ့်မယ်။

 

ဒီနေ့မှာ သူမရဲ့ခြေထောက်တွေက မြေကြီးနဲ့ ထိလို့မရဘူး။ မြေပြင်နဲ့ထိသွားရင် မင်္ဂလာမရှိတော့ဘူးလို့ သတ်မှတ်လိမ့်မယ်။ သူမက အနီရောင်အဝတ်ခင်းထားတဲ့ အပေါ်မှာပဲ ရပ်ရလိမ့်မယ်။

 

ခေတ္တလောက်စောင့်ဆိုင်းပြီးချိန်မှာတော့ သူမ မီးရှူးမီးပန်းတွေဖောက်ခွဲတဲ့အသံကို ကြားလိုက်ရပြီး တံခါးအပြင်ဘက်မှာလည်း လူအများ စည်ကားလာခဲ့တယ်။

 

လင်းကျင်းနဲ့ အမည်မသိကလေးတစ်စုက အရင်ပြေးဝင်လာခဲ့တယ်။ သူတို့က ဝင်ပြီးနောက် အပြင်မှ တံခါးကို သော့ခတ်လိုက်ကြတယ်။ လင်းကျင်းက အခန်းထဲမှာရှိတဲ့ သူ့ရဲ့မရီးကို ပြည်လှည့်ကြည့်ပြီးနောက် ရှက်ရွံ့စွာနဲ့ခေါ်လိုက်တယ်။

 

မရီး မရီး!

 

ကြည့်ရတာ အမေလင်းက လင်းကျင်းတို့ကို ဒီကိုလာဖို့ စီစဥ်ထားခဲ့တာဖြစ်ပုံရပြီး ထိုကလေးအုပ်စုကိုကြည့်ပြီး သူတို့တွေက သနားညှာတာမှာမဟုတ်ကြောင်း သူမသေချာပေါက်သိလိုက်တယ်။

 

ထိုအချိန်မှာ လင်းချွမ်က ခြံပြင်ဘက်မှာရောက်လာပြီး အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ်။

 

တံခါးဖွင့်ပေး