Ch 11
Viewers 11k

11: မင်းကိုမကြိုက်ဘူး

 

လင်းချွမ်က ဘာမှပြန်မပြောလာပါဘဲ မနီးမဝေးမှသစ်ပင်အောက်မှာသာ ရပ်နေရင်း ဆေးလိပ်သောက်နေခဲ့တယ်။

 

အမျိုးသားတွေက ဆေးလိပ်သောက်နေချိန်မှာ ပိုပြီး ယောကျ်ားပီသတယ်ဆိုတာကိုတော့ ထည့်ပြောနေစရာမလိုတဲ့အချက်ပဲ။ ဒီလူသာ မိန်းကလေးတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ ပိုပြီး ညင်သာသိမ်မွေ့မယ်ဆိုရင်တော့ ပိုကောင်းလိမ့်မယ်။

 

ဒါပေမယ့် တွေးကြည့်ရင် တခြားသူတွေ အပေါ် ဂရုမစိုက်တာကလည်း အကြောင်း မှားနေတာတော့မဟုတ်ပါဘူး။ သူမက ထိုသူ တောင်ပေါ်မှ ကယ်တင်ပေးခဲ့တဲ့ သူစိမ်းတစ်ယောက်ပဲလေ။ သူသာ သိမ်မွေ့ချင်တယ်ဆိုရင် ဇာတ်လိုက်မကိုပဲ နူးညံ့သိမ်မွေ့စွာ ဆက်ဆံမှာပေါ့။

 

ဇာတ်လိုက်မရဲ့အကြောင်းကိုတွေးနေစဥ်မှာပဲ ဇာတ်လိုက်မက တစ်ဖက်မှ လာနေခဲ့တယ်။ သူမနဲ့အတူ အမျိုးသမီးပညာတတ်လူငယ် နှစ်ယောက်ပါ ပါလာတယ်။

 

ထို့နောက်မှာတော့ သူတို့တွေက လင်းချွမ်မှ ဇာတ်လိုက်မကို လမ်းတစ်ဝက်မှာ လာစောင့်နေတယ်လို့ အထင်မှားသွားကြပုံရတယ်။ ထိုနေရာမှာ သူ့ကိုမြင်ပြီးနောက် ရယ်မောရင်းနဲ့ ထွက်သွားကြလေတယ်။ ဇာတ်လိုက်မသည်လည်း ရှက်ရွံ့စွာပြုံးရင်း လင်းချွမ်ဆီကို လျှောက်လာခဲ့တယ်။

 

ချွမ်ဇီ ရှင် ကျွန်မနဲ့ လုပ်စရာတစ်ခုခုရှိနေလို့လား

 

လင်းချွမ်က ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်တယ်။

 

မရှိဘူး

 

ကောင်းပြီ။ ဆုဆုတစ်ယောက် သူမရဲ့မျက်လုံးတွေကို ကောင်းကင်ကြီးကို မြင်ရလောက်တဲ့အထိ လှန်လိုက်မိတယ်။ သူ့ရဲ့ ဒီလိုသဘောထားနဲ့ဆိုရင် ဇာတ်လိုက်မက သူ့ကို ကြိုက်တာကမှ ထူဆန်းလိမ့်မယ်။ အေးစက်ပြီး ခက်ခဲလွန်းတယ်!

 

အိုး ကျွန်မက ရှင် ကျွန်မနဲ့ လုပ်စရာ တစ်ခုခုရှိနေလို့ စောင့်နေတာလို့ ထင်ခဲ့တာ... ချွမ်ဇီ ကျွန်မတို့လက်ထပ်ပွဲအတွက်အချိန်က နည်းနည်းမှားနေတယ်လို့ ရှင်မထင်ဘူးလား.. ရှင်ဘာလို့ ရှင့်ရဲ့မိသားစုနဲ့ မဆွေးနွေးတာလဲ...

 

ဒါဆို မင်းက ဘယ်အချိန်မှာ လုပ်သင့်တာလို့ထင်လဲ

 

ကျွန်မ... ကျွန်မတက္ကသိုလ်တက်ရမယ်ဆိုရင် ကျောင်းကိုသွားရမှာလေ.. ကျွန်မတို့တွေ လက်ထပ်ထားရင်တောင် ကျွန်မ ဒီမှာ နေလို့မရဘူး ဟုတ်တယ်မလား

 

ဒီတော့ မင်းဘာပြောချင်တာလဲ

 

လင်းချွမ် ဒီအချိန်မှာ အတော်လေးစိတ်ပျက်နေခဲ့ပြီ။ သူက အိမ်ထောင်ရေးအတွက် အစီရင်ခံစာကို တင်ထားခဲ့ပြီးပြီလေ။ အခုချိန်ထိ လက်ထပ်ပွဲကို မဆုံးဖြတ်နိုင်သေးဘူးဆိုရင် သူ ပြန်သွားတဲ့အချိန်မှာ ဘယ်လိုမျိုး ရှင်းပြရမှာလဲ။

 

အရေးကြီးဆုံးကတော့ သူ့ရှေ့မှာရပ်ပြီး တီးတိုးပြောနေတဲ့မိန်းကလေးက ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို သူ မတွေးတတ်တော့တာပဲ။ သူမက အခု လက်ထပ်ပွဲမလုပ်ချင်ဘူးဆိုရင် သူ့ကို ကောလိပ်ပြီးတဲ့အထိ စောင့်ခိုင်းနေတာလား။

 

ကျွမ်မထင်တာတော့ ကျွန်မကောလိပ်ပြီးမှ လက်ထပ်တာ ပိုကောင်းမယ်ထင်တယ်

 

ထင်တဲ့အတိုင်းပဲ။ လင်းချွမ် ဆေးလိပ်က ပစ်ချလိုက်ပြီး မီးသေသွားအောင် ခြေနဲ့နင်းလိုက်တယ်။

 

“ပထမအချက်က မင်း ဝင်ခွင့်စာမေးပွဲအောင်လိမ့်မယ်ဆိုတာက မသေချာဘူး.. ပထမနှစ်အတွက် ဝင်ခွင့်စာမေးပွဲဖြေတဲ့ ကျောင်းသားတွေက အရမ်းကိုနည်းနေတုန်းပဲဆိုပေမဲ့ ဝင်ခွင့်ရဖို့က ခက်ခဲနေသေးတယ်.. 

 

ငါ အခုပြန်လာတာက လက်ထပ်ဖို့အတွက် ပြန်လာခဲ့တာ.. တကယ်လို့ မင်းသာ လက်မထပ်ချင်ဘူးဆိုရင် သတင်းအချက်အလက်ပို့ပေးချိန်မှာ ဘာလို့ မပြောခဲ့တာလဲ.. ငါ အိမ်ထောင်ရေး အစီရင်ခံစာ မတင်ရသေးခင်တုန်းက ဒီအကြောင်းကို ထည့်ရေးခဲ့ပေမဲ့ မင်းက စာထဲမှာ ဘာတစ်ခုမှ ထည့်မပြောခဲ့ဘူး

 

ဝိုး.. ဆုဆု သူမရဲ့ လက်ချောင်းတွေကို ဆန့်ထုတ်ပြီး ရေတွက်လိုက်တယ်။ ဒီကမ္ဘာကို ရောက်လာပြီးကတည်းက အရံဇာတ်ကောင်က အခုတစ်ကြိမ်မှာ စကားအများဆုံးပြောခဲ့တာပဲ။ သို့ပေမဲ့

 

သူက ဆက်ပြောလာတုန်းပဲ။

 

မင်းတကယ် ကောလိပ်တက်ချင်တယ်ဆိုရင် ငါမင်းကို ထောက်ပံ့ပေးမယ်.. ဒီတော့ ငါတို့... ကလေး အရင်မယူသေးလို့ ရတယ်

 

ဒါကိုကြားတော့ ဆုဆု ခဏလောက်ကြောင်အမ်းသွားရတယ်။ အမျိုးသားအရံဇာတ်ကောင်က တကယ်ကို ကောင်းလွန်းတဲ့သူပဲ။ ဇာတ်လိုက်မက ကောလိပ်ကိုသွားတက်နိုင်သလို ကလေးလည်းမယူလို့ရတယ်။ သူရဲ့အသက်က သိပ်ပြီးငယ်တော့တာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်။ ကောင်းပြီ၊ အနည်းဆုံးတော့ ဒီခေတ်မှာဆိုရင် သူ့ရဲ့ အသက်အရွယ်က မငယ်တော့ဘူး။

 

သူက စာအုပ်ထဲမှာ ပြောထားသလောက် အေးစက်နေတာမျိုးမဟုတ်ဘူး။ အဆုံးမှာ သူတို့ရဲ့မိသားစုက အရာအားလုံး အဆင်သင့်ဖြစ်နေပြီလေ။ သူတို့တွေက လက်ထပ်ဖို့အတွက် အိမ်တစ်လုံးတောင် ဝယ်ထားပြီးနေပြီ။ တကယ်လို့ဒီအချိန်မှာ လက်မထပ်ဘူးဆိုရင် လင်းမိသားစုကို တခြားသူတွေက ဟာသအဖြစ်မြင်ကြလိမ့်မယ်။ သူတို့ကို တစ်ရွာလုံးက လှောင်ရယ်နေကြမှာကိုတောင် စိုးရိမ်မိတယ်။

 

ဒါကြောင့် အရံဇာတ်ကောင်က လက်ထပ်ပွဲကို ခေါင်းမာနေတာက မှားယွင်းနေတာတော့မဟုတ်ဘူး။ အဆုံးမှာ သူတို့အားလုံး အရွယ်ရောက်နေပြီပဲလေ။

 

ဒါပေမယ့် ဇာတ်လိုက်မက ကျေးလက်ဒေသမှာ တကယ်ကြီး လက်မထပ်ချင်ဘူးဆိုတာကို သူ မသိခဲ့ဘူး။ သူမရဲ့ စိတ်ကူးကတော့ သူမ ရွာက ထွက်သွားပြီးရင် ကမ္ဘာကြီးက ကျယ်ပြောတဲ့အတွက် နူးညံ့သိမ်မွေ့ပြီး ချစ်မြတ်နိုးတတ်တဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့လိမ့်မယ်။ အမျိုးသားဇာတ်လိုက်တောင်မှ အမျိုးသားအရံဇာတ်ကောင်ထက် အများကြီး ပိုအားကောင်းသေးတယ်။

 

ဒါပေါ့။ ဒါတွေကို စာအုပ်ထဲမှာ မရေးထားပါဘူး။ အကုန်လုံးက ဆုဆုဘာသာ ခွဲခြမ်းစိတ်ဖြာထားတာပဲ။

 

တကယ်တမ်းမှာ သူမသည်လည်း အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် စိတ်အားထက်သန်တဲ့ အမျိုးသမီးတစ်ဦးက မည်သို့သို့တွေးတော့လောက်မလဲဆိုတာကို သဘာဝကျစွာနဲ့ သိရှိနိုင်တယ်။

 

ကျွန်မ .. ကျွန်မ ဒီမေးခွန်းကို မကြားချင်ဘူး

 

အမျိုးသမီးဇာတ်လိုက်က ငိုချတော့မလိုဖြစ်နေပေမဲ့ အရံဇာတ်ကောင်ကတော့ ကျိုးကြောင်းညီညွတ်မှုမရှိ ဖြစ်နေတုန်းပဲ။

 

ရှင်တို့ပြောပြီးပြီလား .. ကျွန်မ အနားယူပြီးသွားပြီ.. အာ ချင်ယွဲ့ယွဲ့ မနင် ဘာလို့ငိုနေတာလဲ.. ချွမ်ကော နဲ့ လက်ထပ်ရတော့မှာမို့လို့ ပျော်နေတာလား

 

ဆုဆု အပြုံးလေးနဲ့ ပြောလိုက်ပြီးနောက် အမျိုးသားအရံဇာတ်ကောင်ရဲ့ ချစ်မြတ်နိုးနေပုံရတဲ့ မျက်လုံးတွေကို လက်ခံလိုက်ရတယ် __မင်း ဘာလို့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးတွေ ကွယ်နေရတာလဲ။

 

သို့ပေမဲ့ ဆုဆုက သူမရဲ့ မေးစေ့ကို ပင့်မ,ရင်း ပြောလာတယ်။

 

ငါပြောမယ် နင််ရဲ့အမြင်က တကယ်ကောင်းတာပဲ.. နင် အနာဂတ်မှာ ပျော်ရွှင်နေရမှာ သေချာတယ်

 

လူတွေကို ချော့မြူနိုင်တဲ့ ယောက်ျားတိုင်းက ကောင်းတဲ့လူပဲလို့ တရားသေ သတ်မှတ်လို့မရဘူးလေ။ သူတို့တွေက အစပိုင်းမှာ အလွန်အမင်းကောင်းမွန်ပေမဲ့ နောက်ပိုင်းမှာတော့ တစ်ခြားလူတွေကိုပါ ကောင်းမွန်စွာဆက်ဆံပေးနေတာကိုတွေ့လာရပြီး တစ်ယောက်က နှစ်ယောက်၊ နှစ်ယောက်က သုံး၊ လေး၊ ယောက် ဖြစ်လာကာ မင်းကို အလွန်စိတ်အနှောင့်အယှက်ဖြစ်လာစေလိမ့်မယ်။

 

အရေးကြီးဆုံးအရာကတော့ လိင်ပိုင်းဆိုင်ရာတွေ မပါဝင်တဲ့ အိမ်ထောင်ရေးပဲ။ ဒီအမျိုးသားက သူမ သဘောမတူသရွေ့ ဇာတ်လိုက်မကို ထိမှာမဟုတ်ဘူး။ ဆိုလိုတာက ဇနီးတစ်ယောက်ရလိုက်ပေမဲ့ အသားစားရခြင်းမရှိဘူးလို့ ပြောချင်တာပဲ။

 

နောက်ပိုင်းမှာ သူက ကလေးလိုချင်ခဲ့ပြီး သူ့သူငယ်ချင်းရဲ့ ကလေးကိုသာ ပွေ့ချီနိုင်ခဲ့ပေမဲ့ ဇာတ်လိုက်မရဲ့ အထင်လွဲခြင်းကို ခံခဲ့ရပြီး ဖြေရှင်းခဲ့ရပြန်တယ်။

 

တွေးကြည့်မယ်ဆိုရင် သူမပြောတာက အမှန်တရားပဲလေ။

 

သို့သော်လည်း ဘေးမှာရှိနေတဲ့ လင်းချွမ်က ချောင်းခြောက်အသာဆိုးပြီး ရှက်ရွံ့စွာနဲ့ မျက်နှာကို ဘေးတစ်ဖက်သို့ လှည့်လိုက်မိတယ်။

 

ချင်ယွဲ့ယွဲ့ကတော့ ဆုဆုကိုစိုက်ကြည့်ပြီး တစ်ဖက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားခဲ့တယ်။

 

ဆုဆု သူမရဲ့မေးစေ့ကိုအသာထိကာ ချင်ယွဲ့ယွဲ့က သူမကို အထင်လွဲသွားတာများလားလို့ တွေးလိုက်မိတယ်။ သူမက ဘာလို့ သူမ(ဆုဆု)ကို အဲလိုမျိုးကြည့်ပြီး ထွက်ပြေးသွားရတာလား? 

 

တကယ်ကြီးကို သူမက အမျိုးသားအရံဇာတ်ကောင်ကို စိတ်မဝင်စားပါဘူးနော်။ သူမက သူတို့တွေကို စောစောစီးစီး လမ်းခွဲလိုက်စေချင်တဲ့ဆန္ဒပဲရှိတာ။ ဇာတ်လိုက်မသာ မရှိဘူးဆိုရင် လင်းချွမ်အနေနဲ့ သူနဲ့ ဘဝတစ်လျှောက်လုံးလက်တွဲသွားနိုင်မဲ့ ဇနီးကောင်းတစ်ယောက်ကို လက်ထပ်နိုင်လိမ့်မယ်။

 

လင်းချွမ်က သူမကို ရုတ်တရက် စိုက်ကြည့်ပြီး ပြောလာတယ်။

 

မိန်းကလေးရဲ့ မိသားစုက ဒီကိစ္စတွေကို ဝင်မပါသင့်ပါဘူး

 

ဟေး ကျွန်မက ရှင်တို့ဘာတွေကို ပူပန်နေလဲလို့ ခွဲခြမ်းစိတ်ဖြာကြည့်ရုံပါပဲ.. ပြောရရင် မိန်းကလေးတစ်ယောက်က အဲဒီအမျိုးသားကို တကယ်ကြိုက်ရင် ဘာလို့ သူ့ကို လက်မထပ်ချင်ရတာလဲ.. ကျွန်မ တကယ်နားမလည်လို့ .. အဲဒါက အဓိပ္ပါယ်မရှိဘူးမလား

 

ဆုဆက ပေါ့ပေါ့ပါးပါးပြောလိုက်လေမဲ့ လင်းချွမ်ကတော့ ခဏလောက် ရပ်တန့်သွားခဲ့တယ်။ ထိုအရာတွေအားလုံးကို သူကောင်းစွာသိနေပေမဲ့လည်း သူလည်း ဘာမှ မတတ်နိုင်ဘူးလေ။ 

 

တကယ်လို့ သူသာ ဒီလက်ထပ်ပွဲကို အမှန်တကယ် ဖြတ်တောက်လိုက်မယ်ဆိုရင် ချင်ယွဲ့ယွဲ့က ဒီရွာမှာ ဆက်ပြီး နေလို့မရတော့ဘူး။ ဒီခေတ်မှာ အမျိုးသမီးတွေအပေါ် တင်းကြပ်မှုတွေက မြင့်မားလွန်းတယ်။

 

တကယ်လို့ လက်ထပ်ပွဲကို မလုပ်ဘူးဆိုရင် သူ့ရဲ့မိဘတွေကလည်း ဝမ်းနည်းနေရလိမ့်မယ်။ ဒါကြောင့် သူ့အတွက် အလယ်မှာရောက်နေပြီး နောက်တစ်ကြိမ် ပြောင်းလဲဆုံးဖြတ်ဖို့ ခက်ခဲလွန်းနေတယ်။

 

ဒါပေါ့။ သူက အမျိုးသားတစ်ယောက်ဖြစ်နေတာကြောင့် ထိုအရာတွေအားလုံးကို စကားအဖြစ်ပြောင်းလဲနိုင်ခွင့်မရှိပဲ အရာအားလုံးကို နှလုံးသားထဲမှာပဲ မျိုသိပ်ထားခဲ့ရတယ်။

 

ဆုဆုအနေနဲ့ လင်းချွမ်က တကယ်တမ်းမှာအရာအားလုံးကို သိနေပြီး ဇာတ်လိုက်မက သူ့ကို မကြိုက်တဲ့အကြောင်းကိုပါ နားလည်နေတယ်လို့ ဘာကြောင်းတွေးလိုက်မိမှန်းကို မသိတော့ဘူး။ ဒါပေမဲ့ လင်းချွမ်သိနေမယ်ဆိုရင် ဘာအတွက်ကြောင့် လက်ထပ်ပွဲကို မဖျက်ပဲ တင်းခံနေရတာလဲ?

 

သူမ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ လူတိုင်းက အသစ်ဝယ်ထားတဲ့ အိမ်ကြီးကို သန့်ရှင်းရေးလုပ်ဖို့ ထွက်သွားကြပြီဆိုတာကိုနေ တွေ့လိုက်ရတယ်။ ထိုအိမ်က သူတို့အိမ်ရဲ့ အနောက်ဘက်ဘက်ရှိပြီး လမ်းရဲ့ တစ်ဖက်မှာရှိတယ်။ ဒါပေမဲ့ အိမ်နောက်ဖေးတံခါးကိုဖွင့်လိုက်မယ်ဆိုရင်တော့ အိမ်နှစ်အိမ်ကို တွဲလိုက်ဖို့ အဆင်ပြေသွားလိမ့်မဲ။

 

​​အိမ်က မိသားစုရဲ့အိမ်ထက် အများကြီးပိုကောင်းတယ်။ ဝက်ခြံတွေလည်းရှိပြီး ခြံဝန်းကလည်း ကျယ်တယ်။ အနောက်ဘက်မှာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေလည်း အများကြီးရှိနေတယ်။

 

သူမ လာခဲ့တဲ့ခေတ်သစ်မှာဆိုရင်တော့ ဒီလိုခြံတစ်ခြံကို အနည်းဆုံး ဒေါ်လာ တစ်သောင်း သို့မဟုတ် သိန်းနဲ့ချီပြီး ကျသင့်လိမ့်မယ်။ တကယ်လို့ ကျေးလက်ဒေသမှာ တကယ်နေထိုင်မယ်ဆိုရင်ရင် ဒီလိုအိမ်အသေးတစ်လုံးလောက် ရှိနေတာ ပိုကောင်းလိမ့်မယ်။

 

ဒါပေမယ့် ဇာတ်လိုက်မက ကောလိပ်ကျောင်းသူဖြစ်ပြီးနောက် မြို့ကိုပဲပြန်သွားလိမ့်မယ်။

 

တကယ်တမ်းမှာ ခေတ်သစ်မှလူတစ်ယောက်အနေနဲ့ ကျေးလက်ဒေသမှာနေတာနဲ့ မြို့ပြမှာနေတာကြားမှာ သိပ်ပြီး ကွာဟချက် ကြီးမားမှာမဟုတ်ဘူး။

 

သူမရဲ့ခေတ်မှ ကျေးလက်နေပြည်သူတွေရဲ့ဘဝနေထိုင်မှုပုံစံက ခုခေတ်ရဲ့မြို့ပြပြည်သူတွေထက် ပိုကောင်းသေးတယ်။ သူတို့တွေမှာ လယ်တွေ၊ မြေတွေ၊ အိမ်တွေ၊ ထောက်ပံ့ကြေးတွေ နှစ်စဉ်နှစ်တိုင်းရရှိကြတယ်။

 

နောက်ပြီး မြို့ပြမှ လူတွေအများစုက မြိုးပြနေထိုင်မှုုုံစံကို ငြီးငွေ့လာတာကြောင့် ကျေးလက်ဒေသမှာ အိမ်တွေဝယ်ပြီး ဆောက်လုပ်လာကြတယ်။ ဒါအပြင် ကျေးလက်ဒေသက လေထုကလည်း ကောင်းမွန်ပြီး လူတွေရဲ့စိတ်နှလုံးကလည်း ရှုပ်ထွေးမှုမရှိကြဘူးလေ။ ပုံမှန်အားဖြင့် သူတို့တွေက အတူတူစုဝေးထိုင်ပြီး စကားပြောလေ့ရှိကြတယ်။

 

သူမ ဒီကိုမရောက်လာခင်တုန်းက သူမရဲ့ မိဘတွေထံမှ ချမ်းသာတဲ့ဆွေမျိုးတစ်ယောက်က အငြိမ်းစားယူဖို့အတွက် ရွာတစ်ရွာမှာ အခြေချနေထိုင်တဲ့အကြောင်းပြောတာပိုကြားဖူးတယ်။ သူက သူမငယ်ငယ်တုန်းက ကြောင်တွေ၊ ခွေးတွေတောင် ယူလာပေးဖူးခဲ့တယ်တဲ့ နားထောင်ရတာ တကယ်ကို ကြည်နူးစရာပါပဲ။