10: လူကို
လုယက်ခြင်း
အထဲကိုဝင်လာပြီးနောက်
ဆုဆု မျက်မှောင်ကြုတ်လိုက်မိတယ်။ အခန်းထဲမှာ ဆေးလိပ်နံ့တွေနဲ့
ဖုံးလွှမ်းနေတာပဲ။
သူမ
လှည့်ပတ်ကြည့်လိုက်ပြီး အသက်ရှုမဝဖြစ်နေတာကို အသာဖြေလျှော့ပြီး
အနည်းငယ်ရှူသွင်းလိုက်ရတယ်။
အခန်းထဲမှာ
အမျိုးသားငါးယောက်၊ခြောက်ယောက်နှင့် အမျိုးသမီး နှစ်ယောက်၊ သုံးယောက်လောက်
ထိုင်နေတာကို တွေ့လိုက်ရပြီး သူတို့တွေက အသက်အတော်လေးကြီးနေပြီဖြစ်တဲ့ပုံပဲ။
ဆုဆု
ဝင်လာတာကိုမြင်တော့ သူတို့ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ပြီး တချို့က သူမအတွက်
နေရာပေးဖို့ မတ်တပ်ထရပ်လာကြပြီး တချို့ကတော့ ပြုံးပြလာကြကာ
အလွန်နွေးနွေးထွေးထွေးနဲ့ကြိုဆိုနေကြတဲ့ပုံပဲ။
နောက်ဆုံးမှာရှိနေတဲ့
လင်းချွမ်ကတော့ ထိုလူတွေက တွက်ချက်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့
ခံစားမိနေခဲ့တယ်။ ထိုလူတွေအားလုံးက ရွာထဲမှာရှိတဲ့
အဆိပ်အတောက်လိုလူတွေချည်းပဲလေ။
လင်းတုံဟဲက
ချက်ချင်းပဲ မိတ်ဆက်ပေးလာတယ်။
“ဒါက မြို့တော်ကနေ
စာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ကျွန်တော်တို့ဆီကို ရောက်လာတဲ့ ရဲဘော်ဆုဆုပါ..
သူက ငယ်ရွယ်နေသေးပေမယ့် ကောလိပ်ကျောင်းကနေ
ဘွဲ့ရထားတဲ့သူတစ်ယောက်ပဲ.. အားလုံးပဲ သူမကို ကြိုဆိုလိုက်ရအောင်”
သူကပြောပြီးတာနဲ့
အရှေ့မှ ဦးဆောင်ပြီး လက်ခုပ်တီးလိုက်တယ်။
ရွာသားတွေကလည်း
လက်ခုပ်တီးလာကြတယ်။ သို့ပေမဲ့ သူတို့တွေက လက်ခုပ်တီးတဲ့
အလေ့အကျင့်မျိုးမရှိဖူးတာကြောင့် အကြိမ်ရေအနည်းငယ် လက်ခုပ်တီးပြီးနောက်မှာ
လက်ကိုအောက်သို့ ပြန်ချလိုက်ကြတယ်။
လင်းတုံဟဲကတော့
ကူကယ်ရာမဲ့နေရတယ်။ လက်ခုပ်တီးချက် အကြိမ်ရေအနည်းငယ်လောက်နဲ့ သူတို့တွေ
ဘယ်လောက်ကြိုဆိုလဲဆိုတာကို ဘယ်လိုများ သက်သေပြနိုင်မှာလဲ။ မြို့ပေါ်မှလူတွေက
အကြည့်တစ်ချက်နဲ့တင် ချက်ချင်းမြင်နိုင်လိမ့်မယ်။
ဆုဆုကတော့
ဂရုမစိုက်ခြင်းမရှိပါဘဲ အပြုံးလေးနဲ့ မိတ်ဆက်လိုက်တယ်။
“ကျွန်မက ဆုဆုပါ..
အားလုံးပဲ မင်္ဂလာပါ”
လင်းတုံဟဲက
ဆက်ပြောလာပြန်တယ်။
“ရဲဘော်ဆုဆုက
ကျွန်တော်တို့ရဲ့ ရှောင်ရှန်ရွာလေးကို အခုမှရောက်လာခဲ့တာလေ.. ဒီတော့
အားလုံးက မင်းရဲ့အဝတ်အစား၊ စားနပ်ရိက္ခာ၊ နေစရာအိမ်နဲ့
လမ်းပန်းသွားလာရေးတွေကို အရမ်းစိတ်ပူနေကြတာ ဒါကြောင့်.....”
“ကောင်းပြီ
ကပ္ပတိန် မုသားတွေကို ဆက်မပြောနေနဲ့တော့.. ငါကပဲ စပြောလိုက်မယ်.. ရဲဘော်ဆုဆု မင်းက
မြို့ပေါ်ကနေ မိန်းကလေးတစ်ယောက်တည်း အခုလိုမျိုး ငါတို့ရွာဆီကို လာပြီး
ဒီလိုအခက်အခဲတွေကို ခံနိုင်ရည်ရှိပါ့မလား.. အထူးသဖြင့်
လင်းမိသားစုရဲ့အိမ်မှာနေပြီးတော့လေ.. ဒုတိယမိသားစုရဲ့ ရိက္ခာနဲ့ စားစရာတွေက
ပိုတောင်နည်းသေးတယ်လေ.. ဒီတော့ ငါတို့အိမ်ကိုလာပြီး ဘာလို့မနေရမှာလဲ?
ငါတို့မိသားစုမှာ ငါနဲ့
ငါ့ရဲ့ဇနီးအပြင်မိန်းကလေးနှစ်ယောက်ပဲရှိတာ.. မင်းနေဖို့ နေရာအများကြီးရှိတယ်”
အသက်ငါးဆယ်ကျော်
အမျိုးသားတစ်ယောက်က စကားထပြောလာတယ်။
“
ရှင့်ရဲ့မိသားစုက ဘယ်နေရာမှာ အလှည့်ကျနေလို့လဲ? နောက်ပြီး သူမကို ရှင့်ရဲ့
အကြောသေနေတဲ့ယောကျာ်းသားနဲ့ အခန်းနှစ်ခန်းထဲပဲရှိတဲ့
အိမ်မှာနေထိုင်ခိုင်းမလို့လား.. အဲဒီနံစော်နေတဲ့....”
“မုဆိုးမချောင်
မင်းဘာစကား ပြောတာလဲ”
ထိုလူထွားကြီးက
မတ်တတ်ထရပ်လိုက်ပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်တော့မဲ့ပုံစံမျိုး
ဟန်ပြင်လာခဲ့တယ်။
သို့သော်လည်း
မုဆိုးမချောင်ကတော့ သူကို လျစ်လျူရှုထားပြီး မတ်တပ်ထရပ်ကာ ဆုဆုရဲ့ရှေ့တွင်
လျှောက်သွားလိုက်တယ်။ သူမက ဆုဆုရဲ့လက်ကိုလှမ်းဆွဲလိုက်ပေမဲ့ သူမရှေ့မှလူက
နားမလည်နိုင်စွာ ပျောက်ကွယ်သွားခဲ့ရပြီး စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လင်းချွမ်ကသာ
သူမရဲ့ရှေ့ကိုရောက်လာခဲ့တယ်။ သူ့ကို တိုက်ရိုက်ကြည့်ဖို့ကတော့ မဖြစ်နိုင်ဘူး။
သူမ
ကြောက်လန့်တကြားနဲ့ ခြေတစ်လှမ်းဆုတ်လိုက်မိပြီး ထစ်ငေါ့စွာပြောလာတယ်။
“မင်းလည်း
ကြားမှာပါ.. ငါက မုဆိုးမပဲ.. ငါတို့ မိသားစုထဲမှာ သားတစ်ယောက်ထဲပဲ ရှိတယ်..
နေစရာနေရာလည်း ရှိတယ်.. လူဦးရေကလည်း နည်းသေးတယ်...”
“မသွားဘူး”
ဒါက
ဆုဆုပြောလာတာမဟုတ်ဘဲ လင်းချွမ်က ဝင်ပြောလိုက်တာပဲ။
အခန်းထဲမှလေထုက
ချက်ချင်းပဲ အေးစက်သွားခဲ့ကာ ဆုဆုကတော့ သူမရဲ့မျက်နှာကို ထုတ်ပြဖို့
အခွင့်အရေးတောင် မရတော့ဘဲ ထောင့်နားဆီကို အကပ်ခံလိုက်ရတယ်။
သူမရဲ့ခေါင်းပေါ်မှာတော့ အနက်ရောင် မေးခွန်း အမှတ်အသားတွေ ပေါလောပေါ်နေခဲ့ပြီ။
သူမ နားမလည်တာ
တစ်ခုက ဘာအတွက်ကြောင့် ဒီလူတွေက သူမကို လုယက်နေကြတာလဲဆိုတာပဲ။ နောက်တစ်ခုကတော့
အမြဲတမ်း သစ်သားတုံးလို ငြိမ်သက်နေတတ်တဲ့လင်းချွမ်က ဘာအတွက်ကြောင့်
သူမရဲ့ရှေ့မှာရပ်ပြီး ထိုမိန်းမ သူမကိုလာထိမှာကနေ ကာဆီးလိုက်ရတာလဲ။ နောက်ပြီး သူမ
အတွက်တောင်မှ ငြင်းဆန်စကားဆိုလိုက်သေးတယ်။
သို့သော်လည်း
မကြာခင်မှာ အရာအားလုံးကို ရှင်းလင်းသွားရတယ်။
ထိုမုဆိုးမချောင်က
မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။
“ ချွမ်ဇီ မင်းက
ဘာကို ဆိုလိုတာလဲ ရဲဘော်ဆုဆုကတောင် ဘာမှမပြောရသေးဘူး.. မင်းကဘာလို့ သူများအတွက်
ဝင်ပြောနေရတာလဲ.. ငါ့ရဲ့ရှေ့ကနေဖယ်စမ်းပါ.. ငါ့ဆီမှာ ရဲဘော်ဆုဆုနဲ့
ပြောစရာတွေကျန်သေးတယ်”
လင်းချွမ်က
ဘာမှပြန်မပြောပေမဲ့ ဖယ်လည်း ဖယ်မပေးခဲ့ဘူး။
ဆုဆု
သူမရဲ့လက်ကို ဆန့်ကာတွန်းဖယ်ကြည့်ပေမဲ့ သူမရဲ့အရှေ့မှလူက ကျောက်တိုင်ကြီးလို
မြဲမြံစွာရပ်နေပြီး မတွန်းဖယ်ခဲ့ဘူး။ သူမ မတတ်နိုင်ပါပဲ ဒေါသတကြီးနဲ့ သူ့ကို
လက်ချောင်းနဲ့ ထိုးရုံပဲတတ်နိုင်တော့တယ်။ ဒါပေမယ့် သူမရဲ့လက်နဲ့ မထိခင်ကမှ
ပိုပြီးအဆင်ပြေပါသေးတယ်။ အခုလို လက်ချောင်းနဲ့ တို့ထိပြီးချိန်မှာ
သူ့ရဲ့ခန္ဓာကိုယ်က ပိုပြီးတော့တောင် မာကြောလာခဲ့ပြီး လုံးဝလှုပ်ရှားမလာတော့ဘူးလေ။
မုဆိုးမချောင်သည်လည်း
ဒေါသထွက်နေပေမဲ့လည်း သူမရဲ့ အရှေ့မှလူကို မတွန်းထုတ်နိုင်ခဲ့ဘူး။
“ဘယ်လိုသောက်ကျိုးနည်းလဲ!
လင်းရဲ့ ဒုတိယမိသားစုက ရဲဘော်ဆုဆုကို မင်းတို့ရဲ့အိမ်မှာပဲ ထားချင်နေတာလား..
မင်းမိသားစုမှာ ကလေးဘယ်နှစ်ယောက်တောင်ရှိနေလဲဆိုတာကို
မတွေးတော့ဘူးလား.. မြို့ပေါ်က ကလေးမက အစာငတ်ပြီး ကိုယ်အလေးချိန်ကျသွားရင်
ဘယ်လိုလုပ်ပေးမှာလဲ”
မုဆိုးမချောင်က
သူမရဲ့တင်ပါးပေါ်ကို လက်နှစ်ဖက်ထောက်ကာ ကြိမ်းမောင်းနေခဲ့တယ်။
ဆုဆု
လင်းမိသားစုအတွက် စကားအနည်းငယ်ပြောဖို့ အချိန်တန်ပြီဟု ထင်လိုက်မိသော်လည်း
ထိုအချိန်မှာပဲ ကျယ်လောင်သော အမျိုးသမီးတစ်ယောက်ရဲ့အသံထွက်ပေါ်လာတယ်။
“ နင်ကတော့
လုပ်နိုင်တယ်ပေါ့လေ .. မုဆိုးမချောင်.. နင့်ရဲ့အိမ်မှာ အခန်းနှစ်ခန်းပဲရှိတယ်..
ရဲဘော်ဆုဆုကို နင်က ဘယ်နေရာမှာ ခေါ်ထားမှာလဲ? နင်နဲ့ နင့်ရဲ့သားက
တစ်ခန်းထဲနေပြီး ရဲဘော်ဆုဆုကို တစ်ခန်းပေးမှာလား? ဒီလိုဆိုရင် နင့်အတွက်
ယောက်ျားတစ်ယောက်ကို အိမ်ကိုခေါ်တဲ့အချိန်တွေမှာ မနှောင့်နှေးသွားဘူးလား”
“....”
ဒါဆို
ဒီမုဆိုးမချောင်ရဲ့ နေထိုင်မှုပုံစံက လျောက်ပတ်မှုမရှိဘူးပေါ့? ထို့ကြောင့်ပဲ
အမျိုးသားအရံဇာတ်ကောင်က သူမကို ထိတွေ့ခွင့်မပြုခဲ့တာဖြစ်လိမ့်မယ်။
ဟားဟား..
ဖော်ပြနိုင်စွမ်းမရှိလောက်အောင် ချစ်စရာကောင်းတာပဲ။
မုဆိုးမချောင်က
ချက်ချင်းပြန်ဖြေလာတယ်။
“ကျိုးရှောင်ဟွား
မင်းဘာစကားပြောလိုက်တာလဲ ငါဘယ်တုန်းက ဒီလိုမျိုးလုပ်လို့လဲ”
“နင်လုပ်နေတာတွေကို ဘယ်သူမှမသိသလိုမျိုး
အသုံးမဝင်တဲ့စကားတွေကို ပြောမနေပါနဲ့.. နောက်ပြီး နင့်ရဲ့သားက
ပြစ်မှုကျူးလွန်ထားတဲ့လူလေ.. ဒီလိုချောမောတဲ့မိန်းကလေးကို နင့်အိမ်ဆီ
ခေါ်ချင်နေတာက နင့်မှာ ရည်ရွယ်ချက်ကောင်းရှိနေတာ ဖြစ်နိုင်လို့လား”
ကျိုးရှောင်ဟွား
ထက်ရှစွာပြောလိုက်တယ်။
ဆုဆုကတော့
သူမရဲ့ရှေ့မှာ အလွှာပိုမြင့်တဲ့ မျှော်စင်တစ်ခုရှိနေသလိုမျိုး ခံစားမိနေပြီ။ သူမ
အနေနဲ့ မထိုးဖောက်နိုင်တာကြောင့် ရုတ်တရက်
မိုးကြိုးသံလိုကျယ်လောင်တဲ့အသံကိုသုံးပြီးပြောလိုက်တယ်။
“တိတ်တိတ်နေကြ!”
သူမရဲ့ အော်သံ
ကျယ်သွားလို့လား ဆိုတာကိုတော့ မသိပေမဲ့ လူတိုင်းက ပါးစပ်ပိတ်သွားကြတယ်။
ထို့နောက်မှာတော့
အမျိုးသားအရံဇာတ်ကောင်က လွှမ်းမိုးနိုင်စွာနဲ့ ပြောလာတယ်။
“ငါ သူမကို
တောင်ပေါ်ကနေ ကယ်တင်ပေးခဲ့တာ နောက်ပြီး သူမကလည်း ငါတို့အိမ်မှာပဲ
အမြဲတမ်းဆက်နေသွားလိမ့်မယ်.. ငါတို့မိသားစု ငတ်ပြီးသေသွားရမယ်ဆိုရင်တောင်
သူမကိုတော့ ကိုယ်အလေးချိန် ကျသွားစေမှာမဟုတ်ဘူး.. ခင်ဗျားတို့ဆီမှာ
ပြောစရာတွေကျန်နေသေးလား”
ဆုဆုကတော့
အနောက်ဘက်ကနေ တွေးတောနေခဲ့တယ်။ သူမအနေနဲ့ အရင်တုန်းက မတူညီတဲ့လင်းချွမ်ကိုပဲ
မြင်တွေ့ဖူးခဲ့တယ်။ အခုကျတော့ သူက ဘာလို့ ဒီလောက်တောင်
နိုင်လိုမင်းထက်ဆန်လွန်းနေရတာလဲ?
“ချွမ်ဇီ
အနည်းဆုံး ရဲဘော်ဆုဆုရဲ့အတွေးကိုလည်း မေးသင့်တယ်မလား”
လင်းတုံဟဲကလည်း
တွေးနေခဲ့တယ်။ သူ့ရဲ့ဝမ်းကွဲသာ တစ်ခုခုပြောခဲ့ပြီဆိုရင် သူတို့တွေ ပြန်ပြင်ဖို့
မဖြစ်နိုင်တော့ဘူး။
ဆုဆုတစ်ယောက်
နောက်ဆုံးတော့ လွတ်မြောက်လာခဲ့ပြီ။ သူမက လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ပြီး
အားနည်းစွာပြောလိုက်တယ်:
“ကျွန်မက
ချွမ်ကောတို့ မိသားစုရဲ့အိမ်နဲ့ ရင်းနှီးနေပြီးသားဖြစ်လို့ အဲဒီမှာပဲ
ဆက်နေမှာပါ.. ရှင်တို့ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့
သူတို့ရဲ့မိသားစုက ကျွန်မအတွက် အဆင်ပြေမှာပါ”
သူမက
ချိုမြတဲ့အသံနဲ့မွေးဖွာလာတဲ့သူဖြစ်ပြီး အထူးသဖြင့် သူမရဲ့အသံက
သေးကွေးလွန်းတာကြောင့် ချစ်စရာကောင်းလွန်းနေခဲ့တယ်။ ဒါကြောင့် ရှိနေကြတဲ့
အမျိုးသားတွေက သူတို့ရဲ့ခန္ဓာကိုယ်ပျော့ပြောင်းနူးညံ့သွားသလိုခံစားရပြီး
ပြောမပြနိုင်လောက်အောင် သက်တောင့်သက်သာ ရှိစေသွားကြရတယ်။
ဒါပေမယ့်
ဒီလိုမိန်းကလေးထံမှ အပြောခံလိုက်ရတဲ့အတွက် သူတို့တွေ သိပ်ပြီး မရှက်ရွံ့ကြဘူး။
ကျိုးရှောင်ဟွားအမည်ရတဲ့
အမျိုးသမီးက ခဏလောက် ရုန်းကန်နေပြီး လှမ်းပြောလာတယ်။
“ငါပြောပါမယ်
ရဲဘော်ဆု.. မင်းရဲ့ချွမ်ကောက မကြာခင်လက်ထပ်တော့မှာလေ.. ဒီတော့ မင်းအနေနဲ့
အဲဒီမှာ ဆက်နေဖို့ အဆင်မပြေဘူးမလား?”
“ဘယ်လို အဓိပ္ပါယ်မရှိတာပြောနေတာလဲ”
လင်းချွမ်
ကျိုးရှောင်ဟွားဆီသို့ စိုက်ကြည့်လိုက်ကာ တစ်ဖက်လူကိုတုန်လှုပ်သွားစေခဲ့တယ်။
ဆုဆုရဲ့
မျက်လုံးတွေကလည်း ပြူးကျယ်သွားခဲ့ရတယ်။ ဒီအမျိုးသမီးက ဘယ်လိုများ
ဒီလိုစကားတွေကိုပြောနိုင်ရတာလဲ။ သူမက ဒီအမျိုးသားအရံဇာတ်ကောင်ကို လုံးဝ
ဂရုမစိုက်ပါဘူးနော်။ အိုး မဟုတ်သေးဘူး။ အစကတော့ သူမတွေးခဲ့မိသေးပေမဲ့ တစ်ဖက်လူက
စာအုပ်ထဲကလူဖြစ်ကြောင်းကို သိလိုက်ရချိန်မှာ ရပ်တန့်ထားခဲ့တာ။
ကျိုးရှောင်ဟွားက
အနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်တယ်။
“ငါ
အဲဒါကိုပြောနေတာပဲလေ”
“ခင်းဗျား
နောက်တစ်ခေါက် ထပ်ပြောရင် ခရိုင်ရုံးမှာတွေ့ကြတာပေါ့”
လင်းချွမ်ရဲ့စကားက
ညှာတာမှုကင်းမဲ့လွန်းတာကြောင့် ကျိုးရှောင်ဟွားသာမက တခြားလူတွေလည်း
ဘာမှမပြောရဲကြတော့ဘူး။
လင်းချွမ်က
မလုံလောက်သေးဟန်ဖြင့် သူ့ရဲ့ဝမ်းကွဲဘက်ကိုလှည့်ကြည့်လိုက်တယ်။
“အခုတော့
အရာအားလုံးကို ဖြေရှင်းပြီးသွားပြီ.. နောက်ထပ် ကြိုဆိုပွဲ အခမ်းအနားကျန်သေးလား”
သူက
နောက်ဆုံးစကားလုံးလေးလုံးကို ပိုပြီးဖိပြောလိုက်တယ်။ အဓိပ္ပါယ်က ဒီထက်ပိုပြီး
သိသာစရာမရှိတော့ဘူး။
လင်းတုံဟဲ
ချက်ချင်းပဲ ခေါင်းခါပြလိုက်တယ်။
“မရှိတော့ဘူး”
“နောက်ကျနေပြီ
ထမင်းစားဖို့ပြန်ရအောင်”
လင်းချွမ်
ဆုဆုဘက်ကို လှည့်ကြည့်ပြီး ချက်ချက်ပဲ မျက်နှာလွှဲကာ ထွက်သွားခဲ့တယ်။
ဆုဆု : “...”
သူမလည်း အရှေ့ကို
အမြန်ပြန်ထွက်လာခဲ့ပေမဲ့ သူမ အပြင်ကိုရောက်လာချိန်မှာပဲ
လင်းချွမ်အရှေ့မှာစောင့်နေတာကို မြင်လိုက်ရတယ်။
သူတို့ နှစ်ယောက်
လမ်းတစ်ခုတည်းမှာ အတူတူ လမ်းလျှောက်နေကြပေမယ့် နှစ်ယောက်ကြားမှာ လူငါးယောက်စာလောက်
အကွာအဝေးမှာ ခြားနေခဲ့တယ်။
ဆုဆု ဘယ်လောက်ပဲ
အနောက်ကအမြန်လိုက်နေပါစေ
အလယ်မှရှိနေတဲ့အကွာအဝေးကို လျှော့ချနိုင်ခြင်းမရှိခဲ့ဘူး။ အဆုံးမှာတော့ သူမ
အလွန်ပင်ပန်းလာခဲ့တာကြောင့် လမ်းတစ်ဖက်မှာရှိနေတဲ့ သစ်ပင်ငုတ်တိုပေါ်မှာ
ထိုင်ချလိုက်တယ်။ ပြီးနောက် မောဟိုက်စွာနဲ့ :
“ခဏနားလိုက်ဦးမယ်”