12:
ဇာတ်လိုက်မရဲ့ မကျေနပ်ချက်များ
ဒီရွာမှာတော့
တစ်နှစ်ပတ်လုံးအလုပ်လုပ်နေတာတောင် ပိုက်ဆံတွေများများစားစားမရှိနိုင်ကြဘူး။
ငတ်မွတ်ဘေးတွေ နဲ့ အေးစက်တဲ့ဒဏ်တွေကို ခံစားနေရတယ်။
တကယ်တမ်းမှာတော့
ဒီဘက်ခေတ်မှာ မြို့ပြဒေသနဲ့ ကျေးလက်ဒေသက အခြေခံအားဖြင့်တော့ အတူတူပါပဲ။
တစ်ခုချင်းဆီတိုင်းမှာ အားသာချက် အားနည်းချက်တွေ ရှိနေတယ်။
အခုချိန်မှာ
တပ်မဟာမှ စားပွဲခုံတွေ၊ ကုလားထိုင်တွေကို လှူဒါန်ပေးဖို့အတွက် လူတွေဆီကို
စည်းရုံးနေတုန်းပဲဖြစ်ကာ ကျောက်သင်ပုန်းကိုလည်း လိုက်ရှာနေရဆဲပဲဖြစ်တာကြောင့်
စာတတ်မြောက်ရေး အတန်းဖွင့်ဖို့အတွက် နှစ်ရက်လောက် အချိန်ယူရဦးမယ်။
ဒါကြောင့်
သူမလည်း ယခု အသစ်ဝယ်ထားသော အိမ်ကို သန့်ရှင်းရေးကူလုပ်ပေးဖို့အတွက်
လင်းမိသားစုရဲ့နောက်မှ လိုက်သွားလိုက်တယ်။ သူတို့မိသားစုက လူတွေအများကြီးနဲ့
ကလေးတွေလည်းအများကြီးရှိကာ အကုန်လုံးက အလုပ်ကို တက်တက်ကြွကြွလုပ်နေကြတယ်။
ဆုဆု အမေလင်းရဲ့
နောက်မှလိုက်သွားပြီး ဖန်ခွက်ကို ကူညီဆေးကြောနေခဲ့ပေမဲ့ ခဏအကြာမှာပဲ သူမရဲ့လက်တွေက
အေးခဲပြီး နီရဲလာခဲ့တယ်။
ဒါကြောင့်
အမေလင်းက သူမကို အဝေးမှာနေဖို့ ပြန်လွှတ်လိုက်လေတယ်။
ဆုဆု
ပြုံးရယ်ရင်းနဲ့ ခန်ကိုလှည်းကျင်းဖို့ အခန်းထဲသို့ ဝင်သွားလိုက်တယ်။ သို့ပေမယ့်
လင်းဟိုင်က တံမြက်စည်းကို လုယူပြီး ပြောလာခဲ့တယ်။
“အစ်မဆု ဒီကို
လာမလှည်းရင်လည်းရတယ်.. ကျွန်တော်လုပ်လိုက်မယ်”
သူမ
ချက်ချင်းပဲ ဘာမှလုပ်စရာမကျန်ရှိတော့ဘူး။ နောက်ဆုံးတော့
အိုးထဲမှာ ရေနွေးကိုကျန်သေးတာကိုမြင်တော့ လှမ်းပြောလိုက်တယ်။
“ဒါဆို ငါ
ကုလားကာတွေကို လျှော်လိုက်မယ်”
“မင်းလုပ်နိုင်လို့လား”
လင်းဟိုင်
မျက်မှောင်ကြုတ်လိုက်ကာ သူမကို အပေါ်အောက်အကဲခတ်လိုက်ရင်း ရှက်ရွံ့သွားခဲ့လေတယ်။
သူမက အလွန်လှပတယ်။ သူပိုပြီးကြည့်လေလေ ပိုပြီးလှပတယ်လို့ ထင်လာလေလေပဲ။
သူမရဲ့အသားအရည်က နူးညံ့ပြီး ဆံပင်တွေကလည်း ချောမွေ့နေမှာပဲ။ဒီလိုမျိုး ဒဏ္ဍာရီလာ
မိန်းမလှလေးက အလုပ်ကြမ်းတွေ မလုပ်နိုင်မှာသေချာတယ်။
ဆုဆုကတော့
သူ့ရဲ့စိတ်တွေ ဘယ်လောက်ထိ ဝေးလွင့်နေမှန်းကို မသိပဲ ကိုယ့်ဘာသာကိုယ်ပြောလိုက်တယ်။
“ငါဒီအလုပ်ကိုတော့
လုပ်နိုင်ပါသေးတယ်”
ထို့နောက်
ရေနွေးတွေထည့်ဖို့ ပုံးတစ်ပုံးသွားရှာကာ ရေနွေးတွေသွန်ထည့်ဖို့အတွက် အိုးအဖုံးကို
မ,လိုက်တယ်။
ဒါပေမယ့်
ဒီဘက်ခေတ်က အိုးအဖုံးတွေက သစ်သားနဲ့လုပ်ထားတာဖြစ်ပြီး အရမ်းအမင်းလေးလံတယ်။ သူမ
မ,မြှောက်လိုက်ပေမဲ့ အိုးအဖုံးကို မဖယ်ရှားနိုင်ပဲ သူမကသာ အနောက်ကိုနောက်ပြန်
လဲကျသွားရတယ် ။
ထိုအချိန်မှာပဲ
မီးဖိုခန်းထဲကိုလူတစ်ယောက်ဝင်လာခဲ့တယ်။
လင်းချွမ်
အထဲကိုဝင်လာပြီးနောက် သူမကိုလက်တစ်ဖက်နဲ့ အရင်ထိန်းပေးလိုက်ပေးပြီးမှ
အိုးအဖုံးကိုပါ ဆွဲဖွင့်ပေးလိုက်တယ်။
ဆုဆုတစ်ယောက်
အိုးထဲမှ အပူငွေ့တွေ ထွက်လာတာကိုမြင်တော့ သူမ
အကယ်တင်ခြင်းခံလိုက်ရကြောင်းသဘောပေါက်သွားပြီး လှည့်ကြည့်လိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
လင်းချွမ်က
သစ်ခုတ်သွားဖို့ ပြင်ဆင်နေခဲ့တာ။ ထိုအချိန်မှာပဲ အတွင်းပိုင်းက ကိုယ့်ကိုယ်ကိုယ်
စိတ်ကြီးဝင်နေဟန်ရတဲ့ အသံကို ကြားလိုက်ရလို့ ဝင်လာခဲ့တာပဲ။
ဆုဆုတစ်ယောက် သူမ
တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ရေနွေးတွေကို ခွက်နဲ့ ခတ်ထုတ်ယူတာကို လုပ်ခဲ့ပြီး
ကုလားကာတွေကိုလည်း လျှော်ဖွတ်ခဲ့တယ်။ ဒီကုလားကာတွေက သေးငယ်ပြီး
ကိုင်တွယ်လျှော်ဖွတ်ရလွယ်ကူတဲ့ပုံအရ ပြတင်းပေါက်တွေကလည်း အလွန်ကြီးနေမှာ
မဟုတ်လောက်ဘူး။
ဒါပေမဲ့
ကုလားကာတွေကို လှန်းရတဲ့အချိန်မှာတော့ တန်းရဲ့အမြင့်က ရှည်လျားတာကြောင့် အတော်လေး
ခက်ခဲနေပြန်တယ်။
သူမ တစ်ဝက်ကို
လှန်းပြီးနောက် နောက်တစ်ဝက်ကို ထပ်တင်ဖို့လုပ်နေချိန်မှာပဲ လက်ကြီးတစ်ဖက်က
သူမဆီကနေ လုယူသွားခဲ့လေတယ်။ သူမဗလာဖြစ်သွားတဲ့ လက်ကို ကြည့်လိုက်ပြီးနောက်
ခေါင်းပေါ်မှာ မေးခွန်းအမှတ်အသားတွေ ပေါ်ထွက်လာရပြီး သူမရဲ့ဘေးမှ
အရပ်ရှည်တဲ့အမျိုးသားကို လှမ်းကြည့်လိုက်တယ်။
သို့ပေမယ့်
တစ်ဖက်လူက ရှင်းပြမလာခင်မှာပဲ အမေလင်းက လှမ်းအော်လာတယ်။
“
အခြောက်ခံဖိုကိစ္စကို ချွမ်ဇီနဲ့ လွှဲထားလိုက်.. မင်းရဲ့လက်ကို
ထပ်ပြီးအေးခဲမသွားစေနဲ့”
“အိုး.. အိုး”
အိုး.. သူက
အမြဲတမ်း သစ်သားတုံးလိုလုပ်မနေခဲ့ဘူးပဲ။ တစ်ခါတစ်ရံ မိန်းကလေးတွေကိုလည်း
ဂရုစိုက်ပေးတတ်တယ်ပေါ့လေ။
အမေလင်းက ဘေးကနေ
ထပ်ပြီး အော်လာပြန်တယ်။
“ချွမ်ဇီ မင်း
ဆုဆုကို ကန့်လန့်ကာတွေ အခြောက်ခံဖို့ ကူညီပေးပြီးရင် ယွဲ့ယွဲ့ကို
သွားခေါ်လိုက်ဦး.. သူမက အနာဂတ်မှာ ဒီအိမ်မှာ နေရမှာဆိုတော့
သူလိုတာလေးတွေ ပြောလို့ရအောင်လို့.. ပစ္စည်းတွေကိုကို ဘယ်လိုထားမလဲဆိုတာ သူလာမှ
ပိုအဆင်ပြေမှာ”
လင်းချွမ်
ခေါင်းညိတ်ပြီး ထွက်သွားခဲ့တယ်။
ဆုဆု
သူမရဲ့လက်တွေကို သုတ်ရင်းနဲ့ တွေးလိုက်မိတယ်။ ဇာတ်လမ်းထဲမှာ အရံဇာတ်ကောင်က
ဇာတ်လိုက်မကို အိမ်သန့်ရှင်းရေးလုပ်ခိုင်းခဲ့တယ်တဲ့။ ဒါပေမယ့်
တကယ်တမ်းမှာ အမေလင်းက အဲဒီလို ပြောခဲ့တာမဟုတ်ဘူး။
သူမက အိမ်ကို
ဘယ်လိုပုံစံလိုချင်လဲဆိုတာကိုပဲ လာကြည့်ခိုင်းခဲ့တာ။ ဒါက သူမကို
လေးစားမှုပေးထားခဲ့တာလေ။ နောက်ဆုံးတော့ သူမက အနာဂတ်မှာ ဒီမှာနေရမယ့်
သတို့သမီးပဲမဟုတ်ဘူးလား။
ဒါ့အပြင်
လူအများကြီးက သူမအတွက် ဝိုင်းပြီး မကူညီပေးခဲ့ဘူးလား? အိမ်က သန့်ရှင်းရေးလုပ်လို့
ပြီးလုနီးပါးတောင်ဖြစ်နေပြီလေ။ လင်းချွမ် သူမကိုခေါ်လာပြီးတဲ့အချိန်မှာ
ပြီးတောင်ပြီးနေလောက်ပြီ။
သူမ
ဘာမှတော့ဝင်ပြောမှာမဟုတ်ပါဘူး။ ခဏနေရင် ဇာတ်လိုက်မ ဘယ်လိုလုပ်လာမလဲဆိုတာကိုပဲ
စောင့်ကြည့်ကြတာပေါ့။
နာရီဝက်လောက်ကြာပြီးနောက်မှာတော့
ဇာတ်လိုက်မရောက်လာခဲ့ပြီ။
အလွန်အမင်းသိသာထင်ရှားနေတဲ့ မကျေနပ်တဲ့အကြည့်တွေနဲ့ပေါ့။
အာ.. သူမ တကယ်ကို
အထင်လွဲခဲ့တာပဲ။
လင်းချွမ်ဆီမှာ
အမှန်တကယ် တောက်ပတဲ့ အစက်အပြောက်များစွာရှိနေခဲ့ပေမဲ့ သူမက
မျက်လုံးကွယ်နေခဲ့သလိုမျိုး မမြင်နိုင်တဲ့ပုံပဲ။
ဥပမာ
အခုအချိန်လိုမျိုးပေါ့။ သူမက ရှင်းရှင်းလင်းလင်းကို အကာအကွယ်ပေးခံနေရတာဖြစ်ပေမဲ့
သူမရောက်လာတဲ့အချိန်မှာ လင်းမိသားစုတွေ အလုပ်ရှုပ်နေဆဲ ဆိုတာကို မြင်လိုက်ရတာနဲ့
ချက်ချင်းပဲမျက်မှောင်ကြုတ်သွားခဲ့လေတယ်။ ထို့နောက်
ဒေါသကြီးတဲ့ချွေးမတစ်ယောက်လိုမျိုး အမေလင်းကို မေးလာတယ်။
“အန်တီ ကျွန်မက
ဘာလုပ်နိုင်မှာလဲ”
သူမက
ငါဘာလုပ်ရမှာလဲလို့ မေးလာခဲ့တာမဟုတ်ဘဲ ဘာလုပ်နိုင်မှာလဲလို့မေးလာတယ်။ ဒါက
သေချာပေါက် အထင်လွဲနေတာပဲလေ။
ဒါပေမဲ့
အမေလင်းနဲ့ တခြားသူတွေက ရိုးရှင်းတဲ့ တောင်သူလယ်သမားတွေဖြစ်နေတာကြောင့်
သူမရဲ့စကားထဲမှ နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကို အာရုံမစိုက်မိခဲ့ဘဲ
တိုက်ရိုက်လှမ်းပြောလာတယ်။
“အိမ်ထဲကိုဝင်ပြီး
လာကြည့်ကြပါဦး”
အမေလင်းက
အိမ်ထဲကိုဝင်ပြီး သန့်ရှင်းရမဲ့နေရာတွေ ပြောင်းလဲစရာလိုအပ်တဲ့နေရာတွေ ရှိမရှိ
သိရဖို့အတွက် သူမကို အိမ်ထဲသို့ ဝင်ခိုင်းခဲ့တယ်။
သို့ပေမဲ့
ဇာတ်လိုက်မကတော့ အိမ်ထဲသို့ဝင်ပြီးနောက် တံမြက်စည်းကိုလှမ်းယူကာ ကြမ်းပြင်ကို
အကြိမ်ရေအနည်းငယ်လှည်းကျင်းလိုက်ပေမဲ့ သူမရဲ့လက်ကို ဆူးနဲ့ထိုးမိခြင်းဖြင့်သာ
အဆုံးသတ်သွားခဲ့ရတယ်။
ဆုဆုကတော့ သူမနဲ့
ဇာတ်လိုက်မက အတော်လေးတူညီတယ်လို့ တွေးမိတယ်။ သူတို့တွေက ခြေလက်တွေရှိနေရဲ့သားနဲ့
ကောင်းကောင်းအသုံးမချနိုင်တဲ့ လူအမျိုးအစားတွေထဲမှာ ပါဝင်ကြတယ်လေ။
“နင်
အဆင်ပြေရဲ့လား.. ဒီနေရာက လှည်းပြီးသားဆိုတော့ ထပ်လှည်းနေစရာ မလိုပါဘူး”
ဆုဆု
တံမြက်စည်းကို လှမ်းယူလိုက်ပေမဲ့ ဇာတ်လိုက်မက တိတ်တဆိတ်နဲ့ မျက်ရည်သုတ်နေတာကို
တွေ့လိုက်ရတယ်။ ဒါက သူမ မြင်အောင် တမင်လုပ်ပြနေတာပဲ ဟုတ်တယ်မလား။
“ငါ ငါတကယ်
ဘယ်လိုလုပ်ရမှန်းကို မသိဘူး.. အိမ်သန့်ရှင်းရေးကိုလည်း ဘယ်လိုလုပ်ရမှန်းမသိဘူး..
ငါအခု ဘာလုပ်သင့်လဲ”
ချင်ယွဲ့ယွဲ့က
ဆုဆုကို တိုးတိုးလေးပြောလာတယ်။
ဆုဆုအနေနဲ့
ဇာတ်လိုက်မက သူမကို လှည့်စားပြီးပြောနေကြောင်းကို သိပေမယ့်
ပြန်ပြောစရာလိုနေသေးတယ်လေ။ သူမက မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်ရတယ်။
“ချင်ယွဲ့ယွဲ့
နင်ဘယ်လိုပြောလိုက်တာလဲ.. အန်တီက နင့်ကို လာခိုင်းတာက အခန်းတွင်းမှာ
ဘယ်လိုစီစဉ်ပြီး ပရိဘောဂတွေကို ဘယ်လိုနေရာချထားရမလဲဆိုတာကို
နင့်ကိုကြည့်စေချင်လို့ပါ .. နင် အိမ်ကို မကြည့်ခဲ့ဘူးလား.. အိမ်
သန့်ရှင်းရေးလုပ်တာက အကုန်လုံးတောင် ပြီးခါနီးနေပြီလေ နင်မမြင်ဘူးလား”
သူမရဲ့ အသံက
သိပ်ပြီးမတိုးဘူး။ ဒါကြောင့် အိမ်ပြင်ဘက်မှာ ပန်းကန်တွေဆေးကြောနေတဲ့လူတွေပါ
ရှင်းရှင်းလင်းလင်း ကြားလိုက်ရလိမ့်မယ်။
ပန်းကန်တွေဆေးနေတာက
ဘယ်သူလဲဆိုတာကိုတော့ သူမ,မသိပေမယ့် သူမပြောတဲ့စကားကို
တခြားလူတွေဆီပို့ပေးမယ်ဆိုရင်ကောင်းတာပဲ။
“ဒါဆိုလည်း
သူတို့ ကြိုက်သလို လုပ်လို့ ရပါတယ်.. ပညာတတ်လူငယ်တွေမှာက လုပ်စရာတွေ
ရှိနေသေးတယ်.. လူတိုင်းက ဒီရွာမှာ လယ်အလုပ်တွေမရှိတဲ့အချိန်
ဘာတွေလုပ်ကြမလဲဆိုတာကို ဆွေးနွေးဖို့ အစည်းအဝေးလုပ်ဖို့ စီစဥ်ထားကြတာ”
ချင်ယွဲ့ယွဲ့ကလည်း
လူတွေရဲ့အရိပ်အကဲကို ဘယ်လိုကြည့်ရမလည်းဆိုတာကို သိထားတယ်။ ဆုဆုရဲ့စကားတွေက
လင်းမိသားစုဆီ လုံးလုံးလျားလျား ဦးတည်နေတာကို တွေ့လိုက်ရတဲ့အတွက် သူမရဲ့ စကားသံက
ချက်ချင်းပဲ ပြောင်းလဲသွားခဲ့တယ်။
ဆုဆု: “အိုး ဒါဆိုလည်း
နင် တစ်ချက်လောက်တော့ကြည့်လို့ရတယ်လေ.. သဘောမကျတာတွေရှိရင်
အန်တီ့ကိုပြောပြီး ပြန်သွားလိုက်ပေါ့.. ဒါဆို နင့်ရဲ့အစည်းအဝေးကို
မနှောင့်နှေးတော့ဘူး”
သူမ
ပြောပြီးသည်နှင့် ဇာတ်လိုက်မကို ဂရုမစိုက်တော့ပဲ လှည့်ထွက်လာခဲ့လိုက်တယ်။
သူမအနေနဲ့ ဇာတ်လိုက်မကို မုန်းတယ်လို့ မဆိုနိုင်ပေမဲ့ လင်းမိသားစုက ကိုယ့်ကိုယ်ကို
ဆာလောင်အေးခဲတဲ့ဒုက္ခတွေ ကိုခံစားပြီးလုပ်ပေးခဲ့ရတာတွေနဲ့ မထိုက်တန်ဘူးလို့
ခံစားမိတယ်။
ချင်ယွဲ့ယွဲ့
အပြင်ကို ထွက်လိုက်တယ်ဆိုရင်ပဲ တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ လင်းချွမ်ကို
တွေ့လိုက်ရပြီး သူ့ရဲ့မျက်နှာကလည်း အနည်းငယ် မည်းမှောင်နေခဲ့တယ်။
သူ အကုန်လုံးကို
ကြားသွားလောက်လား။
“ငါ မင်းကို
ပြန်ခေါ်သွားပေးမယ်”
လင်းချွမ်
ပြောပြီး တံခါးနားမှာ ရပ်စောင့်နေခဲ့တယ်။
“ကျွန်မ
ရောက်တာမကြာသေးတော့ ပြန်သွားမယ်ဆိုရင် သိပ်ပြီးမကောင်း....”
ချင်ယွဲ့ယွဲ့အနေနဲ့
သူမက လင်းမိသားစုရဲ့အကူအညီကြောင့် ဒီမှာ ဆက်ပြီးနေလို့ရနေတာကို သိထားတဲ့အတွက်
သူတို့တွေကို သိပ်ပြီး အပြစ်မလုပ်ရဲဘူး။
“ငါ မင်းကို
ပြန်ခေါ်သွားမယ်”
လင်းချွမ်က
ခပ်ပြတ်ပြတ်ပြောလာပြန်တယ်။
ရွေးချယ်စရာမရှိတော့တာကြောင့်
ချင်ယွဲ့ယွဲ့ အပြင်ဘက်သို့ အနေရခက်စွာ ထွက်လာခဲ့ရတယ်။ ပြီးနောက် အမေလင်းဆီကို
လှမ်းပြောလိုက်တယ်။
“အစ်ကိုချွမ်ဇီက
ကျွန်မကို အရင်ပြန်ပို့ပေးမယ်ဆိုလို့ အရင်ပြန်လိုက်ဦးမယ်”
**