ဒါရိုက်တာသည် ချူးကျင်းချန်းကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး "ချူးကျင်းချန်းနဲ့ရှီရန်တို့က စုစုပေါင်း 10,100 ယွမ်ရရှိခဲ့ပါတယ်" ဟု ကြောက်ရွံ့စွာဖြင့် ဆက်လက်ကြေငြာသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?" ရှီဝန်ဖေးက အမှတ်တမဲ့ ပြောလိုက်မိသည်။
တခြားသူများကလည်း ယုံရခက်နေကြသည်။
နေ့ခင်းဘက် ကော်ဖီဆိုင်တွင် သူတို့က အချိန်ပိုင်းအလုပ်မလုပ်ခဲ့ကြသော်လည်း ရှီဝန်ဖေး ပြန်လာချိန်တွင် သူမက ဖြစ်ခဲ့သည့်အကြောင်းအရာကို တခြားသူများကို ပြောပြခဲ့သည်။
ရှီရန်သည် ဆယ်မိနစ်ထက်နည်းသောအချိန်အတွင်းသာ စန္ဒယားတီးခတ်နိုင်ခဲ့ပြီးနောက် ပရိသတ်က ရှီရန်ကို မှတ်မိသွားသည်။
ချူးကျင်းချန်းက အလုပ်တစ်ခုမှမလုပ်ခဲ့ပေ။ ကော်ဖီဆိုင်ရှိ မန်နေဂျာနှင့် ပျော်ရွှင်စွာ စကားပြောဆိုခဲ့သည်။
'ဒါဆို ယွမ်တစ်သောင်းက ဘယ်ကရောက်လာတာလဲ။'
"ဒါရိုက်တာ ရေတွက်တာ မှားနေတာလား? မန်နေဂျာက ရှီရန်ကို ယွမ် 100 ပေးလိုက်တာကို ကျွန်တော် မြင်လိုက်တယ်" ကျုံးယူဖန်က စိတ်ဝင်တစား မေးသည်။
ဒါရိုက်တာက ခေါင်းယမ်းသည်။ "ရေတွက်တာက မှန်ပါတယ်။"
ကျုံးယူဖန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ချူးကျင်းချန်းကိုမြင်သောအခါ သူ့မျက်ခုံးများ ပြေလျော့သွားသည်။ "ကျွန်တော် နားလည်ပါပြီ။ ဒါရိုက်တာ ပြောတာ မှန်ပါတယ်။"
သူ ပြုံးနေသော်လည်း သူ့ဒေါသကို လူတိုင်း မြင်နိုင်သည်။
အခြားသူများ၏အမူအရာများသည် အနည်းနှင့်အများ ဒေါသထွက်နေပုံပေါ်သည်။
[တကယ်ကြီးလား ???? တစ်ယောက်ယောက်က အဓိကရင်းနှီးမြုပ်နှံသူရဲ့အခွင့်အရေးကို အသုံးပြုခဲ့တယ်လိုတော့ လာမပြောနဲ့နော်။]
[ငါ့သကြားဖေဖေက တကယ်ကို အရှုံးမပေးနိုင်တာပဲ။ ဒါဆို ဘာလို့ပြိုင်နေသေးတာလဲ။ ချန်ပီယံအဖြစ် ကြေငြာလိုက်ရုံပဲပေါ့။]
[နေ့လည်က ကစားရုံမှာလည်းဒီလိုပဲ။ အလှလေး ပြုံးနိုင်ဖို့အတွက် သူ့အခွင့်ထူးတွေကိုမသုံးခဲ့ဘူးလား။]
[စခရင်ပေါ်မှာ နင်ပြောတဲ့စကားကိုလည်း သတိထားရမယ်။ သတိထားနော် မဟုတ်ရင် ဒယ်ဒီက နင့်ကို အကောင့်သစ်တစ်ခုပေးလိမ့်မယ်။]
[ရှီရန်က နေ့ခင်းဘက်မှာ ချောက်ချခံလိုက်ရပေမဲ့ သူမက စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်နေသေးတယ် မဟုတ်လား။]
[ငါတော့ ဆွံအသွားပြီ... ပိုက်ဆံက အရာအားလုံးဖြစ်နိုင်တယ်။]
[မှတ်ချက်တွေက ဒီနေရာမှာ များနေပြီ။ မင်းက ရှီရန်ဆိုရင် မင်းစိတ်လွတ်ပြီးအရမ်းပျော်သွားလိမ့်မယ်။]
ဒါရိုက်တာသည် ကျုံးယူဖန်တွေးနေသည့်အရာကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။
"ရိုက်ကူးရေးအဖွဲ့က ရေတွက်တာ မမှားပါဘူး။ ယွမ်ငွေ 10,000 ကို ချူး... ချူးကျင်းချန်းက ရရှိခဲ့ပါတယ်။ မန်နေဂျာနဲ့လည်း အတည်ပြုပြီးပါပြီ။ ဒီမှာလည်း ဗီဒီယိုတစ်ခုရှိပါတယ်။"
ဒါရိုက်တာပြောပြီးသည်နှင့်
ဖန်သားပြင်ကြီး တောက်ပလာပြီး ကော်ဖီဆိုင်၏မြင်ကွင်း ပေါ်လာသည်။
ထိုအချိန်တွင် လူတိုင်း၏အာရုံက ရှီရန်ဆီမှာ ဖြစ်သည်။
မန်နေဂျာနှင့် စကားပြောနေသော ချူးကျင်းချန်းအား မည်သူမျှ ဂရုမစိုက်ပေ။
"မင်းပြောတာ ငါ့ကော်ဖီဆိုင်ကို နောက်တစ်ဆင့်တိုးမြင့်ဖို့ နည်းလမ်းရှိနေတယ်လား။" မန်နေဂျာက သူ့အနားကလူကို သတိမထားမိဘဲမေးသည်။
သူတို့ ထပ်ပြောခဲ့ကြသည့် စကားဝိုင်းကို လျှို့ဝှက်ထားသည်။ မည်သူမဆို ကြားနိုင်သည့်အသံက ပီပီဆိုသောအသံများသာ ဖြစ်သည်။
သို့သော်လည်း မန်နေဂျာ၏အမူအရာသည် တဖြည်းဖြည်း အေးခဲသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သံသယဖြစ်ခြင်းမှ အံ့အားသင့်စွာ စကားပြောနေခြင်းဆီသို့ ပြောင်းသွားသည်။
"မင်း....မင်းက ဘယ်သူလဲ။ CEO ကျုံးလား" မန်နေဂျာက အံ့သြစွာ မေးသည်။
သူသည် ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်သဖြင့် ချူးကျင်းချန်းကို ကျုံးယူဖန်အဖြစ် ဆက်ဆံခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ကျုံးယူဖန်သည် အမျိုးသားဧည့်သည်များကြားတွင် တစ်ဦးတည်းသော CEO ဖြစ်ခဲ့သည်။
"အလကားရတယ်ဆိုတဲ့အရာက လောကမှာ ဘာမှမရှိဘူးလေ။ မန်နေဂျာ ဘယ်လိုထင်လဲ" ချူးကျင်းချန်းက ပြုံးလိုက်ပြီး သူ့မျက်လုံးကို ခန့်မှန်းမရပေ။
မန်နေဂျာက ချက်ချင်း သဘောပေါက်သွားသည်။ "မင်းရဲ့ အကြံပြုချက်က ကျွန်တော်တို့အတွက် အရမ်းအသုံးဝင်တယ်။ ဒီမစ်ရှင်အတွက် တိုင်ပင်ဆွေးနွေးကြေးအဖြစ် မင်းကို ကျေးဇူးတင်ဖို့ နောက်ထပ် ယွမ်နှစ်သောင်း ပေးပါမယ်"
ဗီဒီယိုသည် ရုတ်တရပ်ရပ်သွားပြီး အပို ယွမ် ၁၀,၀၀၀ အကြောင်း ရှင်းလင်းသွားသည်။
"၂၀၀၀၀ မဟုတ်ဘူးလား။ဘာလို့ ၁၀၀၀၀ ပဲကျန်ရတာလဲ" ကျူယီဖေးက စိတ်ဝင်တစား မေးသည်။
အားလုံးက ချူးကျင်းချန်းကို ကြည့်ကြသည်။
“အဲဒါနဲ့ ကျွန်တော်တို့ ကစားခန်းမကိုဘိုကင်လုပ်လိုက်ပါတယ်” ဟု တည်ငြိမ်စွာပြောသည်။
သူ့လက်ထဲမှာရှိသောအရုပ်နှစ်ရုပ်ကို သတိထားမိသောအခါ အားလုံးက ချက်ချင်းသဘောပေါက်သွားသည်။
ရှီဝန်ဖေးက မတ်တပ်ရပ်နေပြီး မျက်နှာက ဖြူဖျော့နေသည်။
ငါ အားလုံးကို လက်မခံနိုင်ဘူး
အစက ရှီရန်နောက်ဆုံးနေရာကို သေချာပေါက်ရောက်မယ် ဒါဆို တတိယသခင်လေးက သူမကိုအပြစ်တင်မယ်လို့ ငါ ထင်ခဲ့တာ
ရှီရန်ပထမနေရာကို ရဖို့တောင် ငါ မမျှော်လင့်ထားဘူး။
ခွေးကောင်မ!! တတိယသခင်လေးသာမရှိရင် နင်က ဘာမှအဖြစ်ရှိမှာမဟုတ်ဘူး။
ကျုံးယူဖန်က နှုတ်ခမ်းကိုပိတ်ကာ တိတ်ဆိတ်နေသည်။
ထိုနည်းနဲ့ ငွေရှာနိုင်မည်ဟု သူ မတွေးခဲ့မိပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ အလွန်အံ့သြသွားသည်။
မန်နေဂျာက ချူးကျင်းချန်းကို သူဟု မှားယွင်းထင်နေကြောင်း သိလိုက်ရသောအခါတွင် သူ ပို၍ပင် ရှက်လာသည်။
[ စခရင်ပေါ်က လူတွေ ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်လိုက်ကြပြီမလား။ ဘာ ပိုက်ဆံရှိလို့သူတို့လုပ်ချင်တာလုပ်နိုင်တယ်???]
[တတိယသခင်လေးက အမေးဇင်းပဲ။ ထက်မြက်တဲ့သူတွေက ဘယ်နေရာသွားသွား ငွေရှာလို့ရတယ်။ သူတို့ရဲ့ တစ်ပန်းသာနေမှုတွေကို အသုံးချရတာ ဂုဏ်ယူနေလွန်းလို့။]
[ဒါဆို ကစားရုံမှာသုံးရတဲ့ငွေက ခက်ခက်ခဲခဲရလာခဲ့တဲ့ငွေတွေပေါ့။ ကဲ့ရဲ့တဲ့သူတွေ၊ အခု နင်တို့ သူ့ကို တောင်းပန်သင့်တာမဟုတ်လား။]
[ရှီရန်ကို ကျိန်ဆဲတဲ့သူတွေ အားလုံးက ရှီဝန်ဖေးရဲ့ ပရိသတ်တွေပဲ မဟုတ်လား။]
[သူက အရပ်ရှည်တယ်၊ ရုပ်ချောတယ်၊ အရမ်း လူကြီးလူကောင်းဆန်တယ်။ ငါ တကယ်
သူ့ကိုချစ်မိပြီ!!]
[ရှီဝန်ဖေး မျက်နှာမလှတော့ဘူး။ ရှီရန်ကို ချောက်ချဖို့ ကျရှုံးခဲ့တာကို သူမ သဘောပေါက်သွားပြီလား။]
[တတိယသခင်လေးရဲ့အားသာချက်က ထင်ရှားတယ်။ ဘယ်သူမဆို KT အဖွဲ့ရဲ့ဥက္ကဌဖြစ်နိုင်လို့လား။]
[ငါ့တို့တတိယသခင်လေးလုပ်တဲ့ဆုံးဖြတ်ချက်မှန်သမျှက သန်းရာနှင့်ချီတန်ဖိုးရှိတယ်။ မန်နေဂျာက 20,000 ပဲသုံးခဲ့တယ်။ သူတော့ ပွပေါက်တိုးသွားတာပဲ။]
ပထမနေရာပြီးနောက် ဒါရိုက်တာက ဒုတိယနေရာမှ စတုတ္ထနေရာအထိကို အစဥ်လိုက်ကြေညာသည်။
စတုတ္ထ ကျုံးယူဖန်နှင့်ကျုံးယူဖန် ယွမ် ၅၅၀ ဖြစ်ပါတယ်။
ရှီဝန်ဖေးမထိန်းနိုင်ဘဲ နောက်ပြန်ဆုတ်သွားသည်။
အစပိုင်းတွင် ရှီရန်က နောက်ဆုံးနေရာကိုရပြီး "သတိ အချစ်ရှိသည်" ကနေ ထွက်နိုင်သရွေ့ သူမရဲ့ဂုဏ်သတင်းက အနည်းငယ် ဆိုးသွားပါကလည်း ၎င်းက သူမအတွက် အရေးမကြီးပေ။
သို့သော် ရှီရန်သည် ပထမနေရာကို ရရုံသာမက သူမကိုယ်တိုင်က နောက်ဆုံးဖြစ်မည်ဟု မထင်ထားမိပေ။
သူမသည် နှစ်ဆ ဆုံးရှုံးခဲ့ရသည်။
ထိုညတွင် ရှီရန်နှင့် ရှီဝန်ဖေးမှလွဲ၍ အခြားအဖွဲ့များသည် ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများအတွက် ၎င်းတို့၏အမှတ်များနှင့် ဖလှယ်ကြသည်။
ရှီရန်၏အဖွဲ့သည် ပါဝင်ပစ္စည်းများကို လဲလှယ်ခြင်းမပြုရခြင်းအကြောင်းရင်းမှာ သူတို့သည် အပြင်တွင် အစားအစာများကို စားလာသောကြောင့်ဖြစ်သည်။
တစ်ဖက်တွင် ရှီဝန်ဖေးနှင့်ကျုံးယူဖန် တို့မှာ အမှတ်နည်းလွန်းနေသောကြောင့်ဖြစ်သည်။
ရှီဝန်ဖေး အခန်းထဲပြန်ရောက်ပြီး ကင်မရာကို ရှောင်ရန် ရေချိုးခန်းကို အသုံးပြုသည်။ သူမ ဖုန်းကို ရေချိုးခန်းထဲသို့ ယူသွားသည်။
သူမ ဖုန်းကို ဖွင့်ပြီးသည်နှင့် အေးဂျင့်၏ဖုန်း ဝင်လာသည်။
"ဝန်ဖေး၊ ဒီနေ့လည်က ကော်ဖီဆိုင်မှာ နင့်ရဲ့မတော်တဆက အခုခေတ်စားနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာပြီ။
အခု ဝေဖန်မှုတွေ အရမ်းများနေတယ်။ နင့်ကို အရင်က ကြော်ငြာအပ်ဖို့ လာကမ်းလှမ်းတဲ့အမှတ်တံဆိပ်တွေကလည်း သူတို့စကားတွေကို ပြန်ရုတ်သိမ်းသွားပြီ။”အစ်မချန်က ပင်ပန်းနေသံပေါက်သည်။
ရှီဝန်ဖေးသည် ခေတ်စားနေသော အကြောင်းအရာကို အမြန်ဖွင့်ကြည့်လိုက်သည်။မျှော်လင့်ထားသည့်အတိုင်း၊ ထိပ်တန်းရေပန်းစားနေသောအကြောင်းအရာတွင် ရှင်းလင်းစွာပြောထားသည်။
# ရှီဝန်ဖေးလက်ဖက်စိမ်းမ
ထိုဗီဒီယိုကို နေ့လယ်ပိုင်းကနေ ထုတ်လွှင့်ပြသခဲ့သည်။ ဖော်ပြထားသောအချက်အလက်များအပေါ် အခြေခံ၍ သူမကို ပို၍ပင် ရွံရှာဖွယ်ဖြစ်အောင် တည်းဖြတ်ထားသည်။
မှတ်ချက်များ 100,000+ အထိရရှိထားပြီး မှတ်ချက်များ အားလုံးက သူမကို ဆဲဆိုကြိမ်းမောင်းနေကြသည်။
[ရှီဝန်ဖေးရဲ့ ပရိသတ်တွေက သူမကို အခုထိ ကာကွယ်ပေးနေတုန်းပဲလား။ ဒီလိုထင်ရှားတဲ့လုပ်ကြံမှုလေ။ ပရိသတ်က မျက်ကန်းတွေလို့ ထင်နေတာလား။]
[ ရှီဝန်ဖေးရဲ့ ပုံစံက ကြာပန်းဖြူရနံ့တွေနဲ့ ပြည့်နှက်နေတာကို ငါခံစားခဲ့ရတာ ကြာလှနေပြီ။ သူ့ပရိသတ်တွေချည်းပဲ တုံးအနေတာ။]
[ငါကသာရှီရန်ဆိုရင် ငါကိုယ်တိုင် တိုက်ရိုက်လက်စားချေမိမှာ။ ညစ်ပတ်တဲ့နည်းလမ်းကို ညစ်ပတ်တဲ့နည်းလမ်းနဲ့ ပြန်ပေးဆပ်ခိုင်းမှာပဲ။]
[ကျုံးယူဖန်က ကန်းနေတာလား။ သူက ရှီဝန်ဖေးကို အချိန်တိုင်းလိုလို ကူညီပေးနေတာ။ သူ့ဇနီးလောင်းက ဘယ်သူလဲ။]
[သူတို့နှစ်ယောက် ဖောက်ပြန်နေတာဖြစ်ရမယ်။]
ထိုခေတ်စားနေသော အကြောင်းအရာ ပလူပျံသွားပြီးနောက် နောက်ထပ် ခေတ်စားနေသော အကြောင်းအရာက ထိပ်ဆုံးကိုရောက်လာသည်။
## ရှီဝန်ဖေး ကျုံးယူဖန်
တစ်ယောက်ယောက်က သူတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပုံကို တည်းဖြတ်ထားသည်။ ဥပမာအားဖြင့် ရှီဝန်ဖေးသည် ကျုံးယူဖန်၏လက်ဖဝါးကို သူမ၏လက်ချောင်းအား လျှို့ဝှက်စွာအသုံးပြုပြီးခြစ်လိုက်ပုံနှင့် ကျုံးယူဖန်က ရှီဝန်ဖေးကို ချစ်ခင်စွာ ပြုံးပြနေပုံ.....
ထိုကဲ့သို့အသေးစိတ်အချက်အလက်များကို အင်တာနက်သုံးစွဲသူများက အဆမတန်ချဲ့ကားပြောခဲ့ကြသည်။ ယခင်တုန်းက လူတိုင်းက ဝမ်းတွင်းအသိကို အခြေခံပြီး သူတို့ဖောက်ပြန်နေကြသည်ဟုသာ ပြောနိုင်သည်။
ယခုတွင် လုပ်ရပ်များစွာက သူတို့ရှေ့တွင် ပေါ်လာရာ အင်တာနက်သုံးစွဲသူများ စည်းလုံးညီညွတ်စွာ ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ရှီဝန်ဖေး သည် အငယ်အနှောင်းဘွဲ့ကို တိုက်ရိုက်ပေးအပ်ခြင်းခံရသည်။
ရှီဝန်ဖေးက ကောင်းကင်ကြီးပြိုကျသကဲ့သို့ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ "အစ်မချန်၊ အဲဒါကို ဖယ်လိုက်။ ခေတ်စားနေတဲ့ အကြောင်းအရာတွေအားလုံးကို ဖယ်ပစ်လိုက်!"
"အစ်မ CEO ကျုံးကို ဆက်သွယ်ပြီးပြီ။ အဲဒါကို ဖယ်ရှားလို့ မရဘူး။ ဒါကို လုပ်နိုင်တဲ့သူတစ်ယောက်ပဲ ရှိတယ်..."
'တတိယသခင်လေး!'
ချူးကျင်းချန်းနဲ့ သူ့နောက်ကွယ်က ပါဝါကို တွေးရင်း ရှီဝန်ဖေး၏မျက်လုံး ရုတ်တရက် ပြူးကျယ်သွားသည်။
အကြောက်တရားက သူမ၏နှလုံးသားထဲပြည့်နှက်လာသည်။
အားလုံးက ရှီရန်ရဲ့ အပြစ်တွေပဲ။
ရှီရန်ကြောင့်သာမဟုတ်ရင် တတိယသခင်လေးကို ငါ စော်ကားမိမှာ မဟုတ်ဘူး။
အံကြိတ်ရင်း သူမ၏မျက်နှာက အကျည်းတန်နေသည်။
ရှီ ရန်
ချူးကျင်းချန်းဘက်ခြမ်းတွင်
သူ့အခန်းထဲက ကင်မရာကို ပိတ်ထားပြီးပြီဖြစ်သည်။
လက်ထောက်က ရှေ့ကို တိုးလာသည်။ "တတိယသခင်လေး၊ တစ်စုံတစ်ယောက်က ကျွန်တော်တို့ မတိုင်ခင် ခေတ်စားနေတဲ့ရှာဖွေမှုတွေကို ထိပ်ဆုံးမှာလက်ဦးတင်ထားပါပြီ။ ထိပ်ဆုံးခေတ်စားနေတဲ့ခေါင်းစဉ်သုံးခုက ရှီဝန်ဖေးနဲ့ကျုံးယူဖန်တို့အကြောင်းတွေချည်းပဲ။"
"ဟင်?" ချူးကျင်းချန်း မျက်ခုံးပင့်ကာ ပျင်းရိစွာ ပြောလိုက်သည်။
"မစ္စရှီဘက်က ဟက်ကာ လုပ်လိုက်တာဖြစ်မယ်။ အခုခေတ်စားနေတဲ့ခေါင်းစဉ်တွေ တက်သွားပြီးပြီဆိုတော့ အဲဒါကို ကျွန်တောိတို့ ဒီအတိုင်းပဲထားလိုက်သင့်လား။"
ချူးကျင်းချန်း မျက်လုံးကို မှေးလိုက်သည်။
'ရှီရန့်ဟက်ကာ?'
သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ "ခေတ်စားနေတဲ့ရှာဖွေမှုတွေအားလုံးကို ဝယ်လိုက်။"
လက်ထောက်က အံ့သြသွားသည်။ "တတိယသခင်လေး၊ ခေတ်စားနေတဲ့စာရင်းတစ်ခုလုံးက ရှီဝန်ဖေးနဲ့ ကျုံးယူဖန်အရှုပ်တော်ပုံအကြောင်းတွေနဲ့ ပြည့်နေရမယ်လို့ ဆိုလိုတာလား။"
"မင်း နောက်တစ်ခုထပ်ထည့်လို့ရတယ်။" ချူးကျင်းချန်းပြုံးလိုက်သည်။
"ဘာ...ထည့်ရမှာလဲခင်ဗျ...?"
လက်ထောက်က သတိထားစွာ ပြောသည်။ သူ မကောင်းသောခံစားချက်ကို ကြိုရနေပေသည်။