၆၀
Viewers 9k

မန်နေဂျာက ခပ်သုတ်သုတ် လျှောက်လာသည်။


"မင်းရဲ့ဖျော်ဖြေသမားနဲ့ပတ်သက်ပြီးငါ မကျေနပ်ဘူး။ ငါမှတ်မိသလောက် မင်းတို့ကော်ဖီဆိုင်မှာ တိုင်ကြားနိုင်တဲ့စက်တစ်ခုရှိတယ်။ ငါ သူမအကြောင်းကို တိုင်ကြားချင်တယ်!"

"ငါ တောင်းထားတဲ့သီချင်းကို ဘယ်လိုတီးရမှန်းတောင် သူမ မသိဘူး။ မင်းရဲ့ ကော်ဖီဆိုင်မှာ ဘယ်လိုလူမျိုးကိုငှားထားတာလဲ"

အခြားဧည့်သည်များကပါ ဝင်​ပြောလာကြသည်။

မန်နေဂျာသည် လျင်မြန်စွာလိုက်နာပြီး ရှီဝန်ဖေးကို ဆိုင်​နောက်ကို ဦးဆောင်ခေါ်သွားသည်။

"ဆောရီးပါ။ ဧည့်သည်တွေဆီက တိုင်ကြားချက်တွေက အရမ်းများနေလို့ မင်း ဒီမှာ အလုပ်ဆက်လုပ်လို့ မရတော့ဘူး။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လည်းပဲ​ပေါ့။ ငွေအချို့ကို နောက်မှ ငါ နုတ်လိုက်မယ်။"

ထိုပရိတ်သတ်၏နောက်ကျောကို စိုက်ကြည့်ရင်း ရှီဝန်ဖေး၏မျက်နှာ ဖြူဖပ်ဖြူ​ရောဖြစ်သွားသည်။ ထိုပရိတ်သတ်ကို သူမ သတ်ပစ်ချင်သည်။

ရှီရန်၏ထိုပရိတ်သတ်က သူမကိုပြန်လာရှာရန် အမှန်တကယ်ကို မျှော်လင့်မထားပေ။

ရှီရန် လက်ချက်ပဲဖြစ်ရမယ်။

ရှီရန်က စိတ်ဆိုးနေတာကြောင့် ငါ့အ​ပေါ်ကို တမင်တကာ လက်စားချေလိုက်တာပဲ။

အဆုံးတွင် ကျုံးယူဖန်နှင့် ရှီဝန်ဖေးတို့သည် စိတ်မကောင်းစွာဖြင့် ထွက်ခွာသွားသည်။ သူတို့ထွက်လာသောအခါ ကျုံးယူဖန်၏မျက်နှာသည် ဖြူဖျော့နေသည်။ သူ ပင်ပန်းလွန်းနေသဖြင့် ထိုင်ရန်နေရာရှာလိုက်သည်။

ရှီဝန်ဖေး၏နှလုံးသား နာကျင်သွားသည်။ "တောင်းပန်ပါတယ် ယူဖန်၊ ရှင့်ကို ပါဝင်ပတ်သက်မိ​စေတာက ကျွန်မအပြစ်ပါ၊ မမကို ခုနက မှတ်မိသွား​အောင် မရည်ရွယ်ခဲ့ပေမယ့် မမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ထင်တဲ့ပုံပဲ"

သူမ နောင်တရစွာ ပြုံးလိုက်သည်။ "ကျွန်မ ရှင့်ကို စွဲထည့်မိပြီ။"

"ဒါက မင်းအပြစ်မဟုတ်ပါဘူး။ မင်း ဒီလိုဖြစ်ဖို့ ရည်ရွယ်ခဲ့တာလဲမဟုတ်ဘူး။ ရှီရန်ကသာ ခေါင်းမာနေတာ" ကျုံးယူဖန်၏မျက်လုံးများသည် စိတ်ရှုပ်ထွေးသောအလင်းရောင်များဖြင့် တောက်ပသွားသည်။

တစ်မိနစ်လောက်အကြာတွင် သူက ညည်းညူသည်။ "ဒီနေ့ဧည့်သည်တွေက အရမ်းထူးဆန်းတယ်။ သူတို့တွေက ဆက်ဆံရခက်ခဲ တဲ့ဖောက်သည်တွေဆိုရင်တောင် တစ်ချိန်တည်းမှာ သူတို့​တွေက အရမ်းများလွန်းနေတယ် မထင်ဘူးလား။"

"ရှင် ဆိုလိုတာက..."  ရှီဝန်ဖေးပါးစပ်ကို ဆတ်ခနဲ ဖုံးလိုက်သည်။ သူမ မျက်လုံးများ ပြူးကျယ်သွားသည်။ "မမက အဲ့ဒီလိုလုပ်မှာ​တော့ မဟုတ်ဘူးမလား။ ပြီးတော့ ကျွန်မတို့မှာ ဖုန်းမရှိဘူးလေ။ရိုက်ကူး​ရေးအဖွဲ့ကို ကျွန်မတို့ ဆက်သွယ်လို့ မရဘူး။"

"သူမက တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အဲဒါကိုလုပ်ခဲ့တာကတတိယမြောက်သခင်​လေးဆိုရင် ငါတို့ ရှုံးနိမ့်တာကိုပဲ ၀န်ခံနိုင်မယ်။ သူ့ကို ဆန့်ကျင်ဖို့ မတတ်နိုင်ဘူး။"  ကျုံးယူဖန်၏မျက်လုံးများတွင် မလိုလားသော အရိပ်အယောင် ပေါ်လာသည်။

ကျုံးမိသားစုက ရှီမိသားစုထက် အများကြီး အားကောင်းပေမဲ့ ချူးမိသားစုက...

ကျုံးမိသားစုဘဝမှာ ဘယ်တော့မှ မရောက်နိုင်တဲ့ အမြင့်တစ်ခုပဲ။ ချူးမိသားစုကသာ မကျရှုံးသွားရင် သူတို့ကို အမီလိုက်ဖို့ မဖြစ်နိုင်သလောက်ပဲ။

[-ီး! မဖြစ်နိုင်တာ။ ချူးကျင်းချန်းက လွန်လွန်းတယ်။ သူက အဓိကရင်းနှီးမြုပ်နှံသူဖြစ်တော့​ကော ဘာဖြစ်လဲ။]

[ငါလည်း ထူးဆန်းတယ်လို့ ထင်နေတာ။ ရုတ်တရက် နားလည်ရခက်တဲ့ဧည့်သည်တွေအများကြီး​ပဲ။]

[ဒါက ချူးကျင်းချန်းလက်ချက် ဖြစ်ရမယ်။ အဲ့ဒါတွေက အဓိကရင်းနှီးမြှုပ်နှံသူရဲ့ အခွင့်အရေးတွေ​လေ။]

[အခြားသူတွေအတွက် ဖုန်းတွေ မရှိပေမယ့် သကြားဖေဖေအတွက်တော့ မဟုတ်ဘူးနော်။]

[ဒါက အရမ်းယုတ်လွန်းတယ်။ ရှီရန်ကို မှတ်မိ​သွားအောင်ရည်ရွယ်ပြီး ဖေး​ဖေးက လုပ်ခဲ့တာ မဟုတ်ဘူး။]

[ဒါ့အပြင် ရှီရန်ရဲ့ပရိတ်သတ်က ရုတ်တရက် ပြန်ရောက်လာတာ အရမ်းထူးဆန်းတယ်။ သူမက ထုတ်လုပ်ရေးအဖွဲ့က စီစဉ်ပေးထားခဲ့တာအသိသာကြီး။]

[ညီအစ်မတို့၊ ရှီရန်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို တိုက်ရိုက်ဝင်ကြည့်ကြ။ အဲ့ဒီမှာ ဘယ်သူမှမရှိဘူးလို့ တကယ်ထင်နေတာလား။]

ရှီဝန်ဖေး၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအားလုံးက သူမ၏ပရိသတ်များဖြစ်သည်။

စကားလုံးအနည်းငယ်ဖြင့် သူတို့၏စိတ်ခံစားမှုများကို လှုံ့ဆော်ခံရကာ တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ပြေးသွားကြသည်။

ရှီရန်နှင့် ချူးကျင်းချန်းတို့သည် ထွက်ခွာတော့မည့်အချိန်တွင် အဝေးမှ ဒရုန်းက လိုက်ပါရိုက်ကူး​နေသည်။

ရှီရန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ထုတ်လုပ်ရေးအဖွဲ့က ပေးထားသည့်ဖုန်းကို ကောက်ကိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

အဆုံးတွင် မှတ်ချက်များအားလုံးသည်  ချူးကျင်းချန်းအား ဆူပူကြိမ်းမောင်းနေကြောင်း သူမ မြင်လိုက်ရသည်။

စခရင်ကနေ ဖြစ်ပျက်သွားသည့်အရာကို အကြမ်းဖျင်း သူမ သဘောပေါက်သွားသည်။

"ဟုတ်လား?" ပူနွေးသောအသက်ရှုလေက သူမ၏လည်ပင်းနားကို ရောက်လာသည်။

ချူးကျင်းချန်းသည် ရှီရန်၏နောက်တွင်ရပ်ကာ နီးကပ်လာစေရန် ငုံ့ကြည့်သည်။ သူ့အကြည့်က ဖန်သားပြင်ပေါ်ရောက်သွားသည်။

စခရင်ကနေ ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း သဘောပေါက်သွားသည်။

"သူတို့ပြောတာက ရှင်လုပ်လိုက်တာတဲ့။" ရှီရန်က သူမ၏ဖုန်းကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းကို နောက်လှည့်လိုက်သောအခါ ချူးကျင်းချန်း၏မျက်နှာကို အနီးကပ်တွေ့ရသည်။

သူ့နှလုံးသား တုန်ခါသွားသည်။

ချူးကျင်းချန်းသည် သူ၏ချဉ်းကပ်မှုက မတော်တဆမှုတစ်ခုသာ ဖြစ်သကဲ့သို့ မတ်မတ် ရပ်လိုက်သည်။

သူသည် နံရံကို မှီ၍ လက်ကို မြှောက်ပြလိုက်သည်။ "ကျွန်တော့်မှာ ဖုန်းမှမရှိတာ"

တစ်နည်းအားဖြင့်ဆိုလျှင် မည်သူ့ကိုမျှ သူ ခိုင်းစေခြင်းမပြုနိုင်ပေ။

"ဒါက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပဲ။ ရှင် တခုခုသာလုပ်ခဲ့ရင် လူတိုင်းက မြင်ကြမှာပဲ။"

အ​ပေါ်ယံတွင်  ရှီရန်သည် ချူးကျင်းချန်းနှင့် စကားပြောနေသော်လည်း လက်တွေ့တွင် သူမသည် စခရင်မှ လူများကို စကားပြောနေခြင်းဖြစ်သည်။

[မာစတာရန် နှင့် တတိယသခင်​လေး ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ငါတို့ ကြည့်နေတာ။ သူတို့ ဘာမှ မလုပ်ဘူး ဟုတ်ပြီလား]

[အဲဒါက ရီရတယ်။ ရှီဝန်ဖေးရဲ့ပရိသတ်တွေမှာ PTSD ရှိ​နေတာလား။]

[သူတို့ရဲ့ကိုယ်ပိုင်စရိုက်ကြောင့် သူတို့ဒုက္ခရောက်တာက ငါတို့မာစတာရန်နဲ့ ဘာဆိုင်လို့လဲ။]

[ ရှီဝန်ဖေးရဲ့ အကျင့်စရိုက်က ဆိုးပေမယ့် ကမ္ဘာပေါ်က လူတိုင်းက သူမလိုပဲလို့ ထင်နေတာလား??]

[ ရှီဝန်ဖေးရဲ့ပရိသတ်တွေ ၊ ထွက်သွားလိုက်​တော့။ နင်တို့လူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ သွားကြည့်ကြ။]

[လမ်းကြုံလို့ဝင်ကြည့်တဲ့သူတောင် ရှီရန်က ချောက်ချခံရတယ်လို့ ခံစားရတယ်။]

ချူးကျင်းချန်း သူ့လက်ကို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။ အချိန်က ညနေ ၃း၃၀ ဖြစ်သည်။

"အရမ်း စောနေသေးတယ်။ မင်း အနားယူချင်လား" ချူးကျင်းချန်းက အသံနိမ့်နိမ့်ဖြင့် မေးသည်။

"အင်း?"

ဓာတ်လှေကားရှိကစားရုံကြော်ငြာကို သူ လက်ညိုးထိုးပြသည်။ "ဒီမှာ။"

"အို​ကေ။" ရှီရန် ခေါင်းညိတ်လိုက်သည်။

ယခု သူတို့တွင် စုစုပေါင်း ယွမ် ၁၀၀ ပဲရှိသည်။ ဤအတိုင်းသာဆိုပါက သူတို့ အဆင့်နောက်ဆုံးအဖြစ်သတ်မှတ်ခံရပေမည်။

ထို့​ကြောင့် သူတို့က ထို​ငွေကို အပ်ရသည်မှာ အ​ရေးမကြီးလှ​တော့သဖြင့် ထို့​ငွေဖြင့် သူတို့ ပျော်စရာရှာသင့်သည်။

[ဂျင်မော်စင်တာကဂိမ်းခန်းမက ဈေးကြီးတယ်လို့ နာမည်ကြီးတယ်။ ယွမ် 100 နဲ့ ဘာကစားနိုင်လဲ။]

[တစ်ရာနဲ့ အချိန်ငါးမိနစ်ပဲ ခံနိုင်လိမ့်မယ်။]

[အရုပ်​ကောက်စက်တောင် တစ်ခါထည့်ငွေငါးပြားပေးရတယ်။ နေ့ခင်းဘက် ဓားပြတိုက်နေကြတာ။]

[ဒီ​နေရာက သူဌေးရဲ့နေရာ​လေ။ ငါတို့အတွက်မဟုတ်ဘူး။]

[စကားမစပ် စက်ထဲက အရုပ်တွေက ယွမ်သောင်းနဲ့ချီပြီးတန်တယ်ဟုတ်ပြီလား??]

[မကြာခင်မှာ ချမ်းသာသူနဲ့ဆင်းရဲတဲ့သူကြားက ကွာဟချက်ကို ငါတို့ တွေ့နိုင်တော့မယ်။ ဒီမှာ ယွမ် 100 နဲ့ ငါဘာမှမကစားနိုင်ဘူး။]

ခြောက်လွှာကို သူတို့တက်သွားသည်။ ရုံးဖွင့်ရက်ဖြစ်၍ လူသိပ်မရှိပေ။ ထို​နေရာတွင် လူနှစ်ယောက်၊ သုံး​ယောက်တွဲစီ ကစားနေကြသည်။

"ခဏလောက်စောင့်နေဦး။"

ချူးကျင်းချန်းသည် ထိုစကားများကို ပြောကာ ခန်းမထဲသို့ ဝင်သွားသည်။

မကြာခင်တွင် ဂိမ်းခန်းမထဲက လူများတဖြည်းဖြည်းနဲ့ ခန်းမထဲက ထွက်သွားသည်။ ဝန်ထမ်းများနဲ့ ရှီရန်ကလွဲလို့ ကြီးမားသောဂိမ်းခန်းမကြီးမှာ လူမရှိ​တော့​ပေ။

ချူးကျင်းချန်း ပြန်ပေါ်လာသောအခါ သူသည် ဒင်္ဂါးပြားအပြည့်ထည့်ထားသည့် ခြင်းတောင်းကို ကိုင်ဆောင်ထားသည်။

လက်တစ်ဖက်စီတွင် ခြင်းတောင်းတစ်လုံးကို ကိုင်ဆောင်ထား​သောဝန်ထမ်းတစ်ဦးက သူ့အနောက်တွင်ရှိသည်။ ခြင်း​တောင်းအားလုံး အကြွေစေ့နဲ့ ပြည့်နေသည်။

[ဒေါ်လာတစ်ရာက အဲ့​လောက်အကြွေစေ့​တွေရတယ်လား။]

[ငါ စစ်ကြည့်ပြီးပြီ။ ဂျင်မော်စင်တာကို KT ကပိုင်တယ်။ ဆိုလိုတာက အဲဒါက သူ့ပိုင်ဆိုင်မှုပဲ။]

[ဘယ်လို]

[ဘယ်လိုတောင်ဆန်းကြယ်တာလဲ]

[ ချမ်းသာပြီးတစ်ရွတ်ထိုးဆန်တယ် !!! ငါတော့ မနာလိုဖြစ်လာပြီ!]

ရှီရန်သည် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသောကြောင့် သူမ မေးခွန်းမမေးတော့ပေ။

ထို့နောက် သူတို့နှစ်ဦးသည်  ဂိမ်းတိုင်းလိုလို ကစားကြသည်။

သေနတ်ပစ်ရမည့်ဂိမ်းနေရာတွင် သူမသည် ရုတ်တရက် စိတ်ပါဝင်စားလာပြီး ချူးကျင်းချန်းအား သူမနှင့်ယှဉ်ပြိုင်ရန် အကြံပြုသည်။

အဆုံးတွင် သူတို့နှစ်ယောက်လုံး ပစ်မှတ်ကို ထိပြီး သ​ရေကျသဖြင့် ဝန်ထမ်းများက သူတို့ကို အရုပ်ကြီးနှစ်ရုပ်ကို ပေးသည်။

"ဒါကဆုပါ။"

ရှီရန်၏ရင်ခွင်ထဲတွင် ဖဲပြားပါ​သော ခရမ်းရောင်ဝက်ဝံရုပ်တစ်ခုရှိသည်။

ချူးကျင်းချန်း၏ရင်ခွင်တွင် အနက်ရောင် လည်စည်းဝတ်ထားသောဝက်ဝံရုပ်တစ်ရုပ်ရှိသည်။

ရှီရန်ကအရုပ်ကို ပွေ့ဖက်လိုက်သည်။ နူးညံ့သောအထိအတွေ့က သူမကို ပွတ်သပ်ချင်လာအောင်လုပ်​နေသည်။

ချူးကျင်းချန်း၏မျက်လုံးများ နက်​မှောင်သွားသည်။

သူသည် သူ့အရုပ်ကို မလိုက်ပြီး မျက်မှောင်ကြုတ်ကာ အနည်းငယ် အကြိုက်မ​တွေ့ဖြစ်နေသံ ထွက်လာသည်။ "သာမန်ပဲ။"

"ရှင်မကြိုက်ဘူးလား?" ရှီရန်က မေးသည်။

“မင်းအရုပ်လောက်တောင် မလှဘူး” ဟု အတည်ပေါက် သ​ရော်ကာ ပြန်ဖြေသည်။

ရှီရန်က သူမကိုယ်သူမ ငုံ့ကြည့်ပြီး 'ရှင့်အရုပ်ကို ကျွန်မအရုပ်နဲ့ လဲပေးရမလား' ဟု ပြောထွက်သွားသည်။

ထိုစကားကိုပြောပြီးနောက် သူမ၏အရုပ်သည် ဖဲပြားကိုဝတ်ဆင်ထားသည်ဖြစ်ကြောင်း သူမ သိလိုက်သည်။ ချူးကျင်းချန်းလိုလူမျိုးက ဒါ​တွေ ဘယ်လိုကြိုက်မှာလဲ။

သူမ ရှင်းပြခါနီးတွင် ချူးကျင်းချန်းက ပြုံးကာ "ကောင်းပြီ၊ လဲကြရအောင်" ဟု စိတ်​သောကကင်း​နေ​သော​လေသံဖြင့်​ပြောလာသည်။

ရှီရန်: ???

[ခွီး  ဟားဟားဟား]

[တတိယမြောက်သခင်​လေး ကိုယ့်ဂုဏ်သိက္ခာ လည်း ကိုယ်ဆယ်ပါဦးလား။ အဲ့မှာ ဖဲပြားကြီး​ပါ​နေတယ်လေ!!]

[ဒါဆို တတိယသခင်ငယ်လေးက ဒီလိုအကျင့်ရှိနေတာလား။ KT ဝန်ထမ်းတွေ​ကော သိရဲ့လား။]

[KT မှာ အလုပ်လုပ်တဲ့စာရေးက ငါတို့သူဌေးက ဖဲပြားကို မကြိုက်နိုင်ဘူးလို့ ပြောတယ်။ အရုပ်​​တွေ​တောင်​မကြိုက်​လောက်ဘူးတဲ့!!!]

[နင်တို့ နားမလည်ဘူးလား? တတိယသခင်​လေးက မာစတာရန်ပွေ့ပိုက်ထားတဲ့အရုပ်ကိုပဲလိုချင်နေတာ​လေ။]

[တတိယသခင်လေးရဲ့နှလုံးသားအကြောင်းကို လူတိုင်းသိတယ်။]

မှင်သက်ကာ သူမသည် ချူးကျင်းချန်းနှင့် အရုပ်ကို လဲလှယ်သည်။

နောက်ကျနေပြီဖြစ်၍ ကမ်းခြေရှိအိမ်ကို မောင်းပြန်ကြသည်။

ကမ်းခြေအိမ်သို့ ရောက်သောအခါ ညနေ ခြောက်နာရီတိတိဖြစ်သည်။ တခြားဧည့်သည်များလည်း ပြန်ရောက်နေပြီဖြစ်သည်။

ရှီဝန်ဖေးသည် ဆိုဖာပေါ်တွင် ထိုင်ကာ ငိုယိုနေသည်။ သူမမျက်လုံးထဲ မျက်ရည် ပြည့်လျှံနေပြီး တခြားသူများက သူမကို နှစ်သိမ့်ပေးရင်း သူမ သနားစရာ​​ကောင်းလှစွာ ငိုနေသည်။

"ဖေး​ဖေး ရပါတယ် နင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမှမဟုတ်တာ ပရိတ်သတ်က သူ့ကိုယ်သူ သိသွားခဲ့တာ​လေ" ယွီဇစ်ကျန်းသည်  ရှီဝန်ဖေး၏ပခုံးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ ညင်သာစွာ နှစ်သိမ့်ပေးသည်။

နေ့လည်က ကော်ဖီဆိုင်တွင် ဖြစ်ပျက်ခဲ့သည့်အ​ကြောင်းအရာကို လူတိုင်းသိသည်။

ရှီရန်ဝင်လာသည်ကို သူမ မြင်သောအခါတွင် ယွီဇစ်ကျန်းက "ရှီရန် ပြန်လာပြီ" ဟု​ချက်ချင်း ပြောသည်။

ရှီဝန်ဖေးက တချက်ကြည့်ကာ စိတ်ထိခိုက်သွားသည်။ "မမ၊ ညီမ တကယ်မရည်ရွယ်ပါဘူး။ ညီမ ဒီလိုမဖြစ်စေချင်ခဲ့ပါဘူး။ မမ ညီမကို ခွင့်လွှတ်ပေးနိုင်မလား"

ရှီရန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး အေးစက်စက် ကြည့်သည်။ ရှီဝန်ဖေးကို သူမ အာရုံမစိုက်ချင်ပေ။

ချူးကျင်းချန်းသည် ရှီရန်၏နောက်တွင် ရပ်နေသည်။ သူ့အရပ် ၁၉၀ စင်တီမီတာခန့်ရှိပြီး လက်တစ်ဖက်စီတွင် အရုပ်တစ်ရုပ်ကို ကိုင်ဆောင်ထားသည်။

အရုပ်သည် သူ့မျက်နှာကို ကွယ်ထားသည်။

သူသည် အရုပ်နှစ်ရုပ်ကြားထဲခေါင်းကို ထုတ်လိုက်ပြီး ရှီရန်နှင့်ရှီဝန်ဖေးတို့ရန်ဖြစ်ရန် စောင့်နေသော ဒါရိုက်တာကို ကြည့်လိုက်သည်။

"ဒါရိုက်တာ၊ ခြောက်နာရီတောင်ထိုးနေပြီ။ ရလဒ်တွေကို ကြေညာရမယ့်အချိန်ရောက်ပြီမဟုတ်ဘူးလား။"

ဒါရိုက်တာက တုန်လှုပ်ကာ အူ​ကြောင်​ကြောင် ရယ်မောလိုက်သည်။ သူက ချက်ချင်း အသံချဲ့စက်ကို ကောက်ကိုင်လိုက်ပြီး ပြောသည်။ "ကဲ ဒီနေ့ အုပ်စုလေးစုရဲ့အမှတ်စာရင်းကို ကြေညာလိုက်ရအောင်။ ပထမရတဲ့သူအကြောင်းကို ပြောရအောင်..."

တတိယသခင်​လေး၏အေးစက်သောအကြည့်များက သူ့ကို စိုက်ကြည့်နေပြီး ရလဒ်ကို ကိုင်ထားသော သူ့လက်များက တုန်ခါသွားသည်။

သူက လည်ချောင်းကို ရှင်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့်​ပြောသည်။ "ပထမနေရာကို ရမှတ် 100 နဲ့ရရှိသွားတဲ့ ချူးကျင်းချန်းနဲ့ရှီရန် ဂုဏ်ပြုပါတယ်"