Ch 78
Viewers 11k

78 : ချင်းဂိုဏ်း ဒုက္ခရောက်ခြင်း

 

"ဂိုဏ်းမှာ တစ်ခုခုဖြစ်ခဲ့တာလား?" လင်းဖန်က လေ့ဝူအား 'ဦးလေး' ဟု ခေါ်ပြီးနောက် လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

 

ပုံမှန်အားဖြင့် လေ့ဝူသည် ဖုန်းကို ချမည်မဟုတ်၊ သို့မဟုတ် ဖုန်းမဆက်ဘဲ သားဖြစ်သူကို လာခေါ်မည်လည်း မဟုတ်ပေ။

 

ထို့ကြောင့် လင်းဖန် တွေးနိုင်သည်မှာ ချင်းဂိုဏ်းတွင် တစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းပင်။

 

"အင်း၊ အမ်း အဲ့လိုပေါ့ ဒီနေ့ အထူးပြောပြချင်လို့” လေ့ဝူက မျက်လုံးတို့တွင် လေးနက်မှု အပြည့်ဖြင့် ပြောလိုက်သည်။ သူ၏ ဟန်ဆောင်ဖြူစင်သော မျက်နှာထားသည် လေးနက်မှုဖြင့် အစားထိုးခံခဲ့ရသည်။

 

"ပြောလေ..."

 

"အင်း၊ ဒီလိုပါ... လျူဟဲခရိုင်မှာ ဂိုဏ်းအနည်းငယ်က အခုတလော ကျွန်တော်တို့ကို လာရှုပ်နေကြတာဗျ။ မနေ့ကဆို 'Cat' နဲ့ တခြားသူတွေနဲ့ ရန်ဖြစ်ကြတယ်... ဒါပေမဲ့ ကျွန်တော်တို့က လူနည်းသွားတယ်။ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ လုံထန်နေရာကို သိမ်းသွားပြီ" လေ့ဝူက မျက်လုံးတို့တွင် ပြင်းထန်သော ဒေါသနှင့် မကျေနပ်မှုတို့ လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ပြောလိုက်သည်။ "အဲဒီနေရာက ကျွန်တော်တို့ သူဌေး သိပ်ကြိုက်တဲ့နေရာပါ အခုတော့ ဆုံးရှုံးသွားပြီ"

 

"ဒါတင်မကဘူး။ အခုတလောမှာ ကျွန်တော်တို့ စီးပွားရေးတွေကို တခြားဂိုဏ်းတွေက အကြီးအကျယ် နှိမ်နင်းနေကြတယ်၊ တချို့ဂိုဏ်းခွဲတွေက တခြားနေရာတွေမှာလည်း ပြဿနာရှာနေကြတယ်" ဟု လေ့ဝူက လက်သီးကို ဆုပ်လျက် ပြောသည်။

 

ဒီလိုအခြေအနေမျိုးမှာ လေ့ဝူရဲ့ စိတ်နေစိတ်ထားအရ သူ တိုက်ရိုက်သွားပြီး ပြန်တိုက်ခိုက်ချင်မှာ အမှန်ပင်။ ပြဿနာက တစ်ဖက်မှာ ဂိုဏ်းအနည်းငယ်ရှိပြီး အကုန်လုံးက လူဟောင်းတွေဖြစ်၍ သူတို့နဲ့ မယှဉ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါသည်။

 

"What the f*ck!" သူ၏သားသည် အသီးစားနေတုန်း ကစားနေသည်ကို လျစ်လျူရှုကာ လေ့ဝူက ကျိန်ဆဲပစ်လိုက်သည်။

 

လေ့ဝူ၏ ဒေါသနှင့် မတူဘဲ လင်းဖန်သည် သူ၏ စကားများကို ကြားသောအခါ ငြိမ်သက်နေပုံရသည်။

 

လျူဟဲခရိုင်ကို ဖော်ပြနိုင်သည့် စကားတစ်လုံးတည်းရှိပါလျှင် ၎င်းမှာ ရှုပ်ထွေးမှုပင်။

 

ဂိုဏ်းအနည်းငယ်သည် ယနေ့ ပြိုကွဲသွားခဲ့ပြီး မနက်ဖြန်တွင် ဂိုဏ်းငယ်လေးများစွာ ပေါ်ပေါက်လာခဲ့သည်။ ဤအရာသည် ထိုနေရာတွင် အလွန်ပင် ပုံမှန်ဖြစ်ပြီး မည်သူမျှ ဂရုမစိုက်ကြပေ။

 

သို့သော် ချင်းဂိုဏ်းမှာမူ ကွာခြားသည်။ သူတို့၏ တိုးတက်မှုသည် အလွန်မြန်ဆန်ခဲ့သည်။

 

ဤနည်းဖြင့် သဘာဝကျစွာပင် လူအချို့က မနာလိုဝန်တိုမှု ခံစားရပြီး အချို့က စိတ်မပျော်မရွှင် ဖြစ်ကြရသည်။ အချို့ကမူ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ ခိုးယူခံရသည်ဟု ခံစားခဲ့ကြရသည်။

 

ထို့ကြောင့် သူတို့အတွက် ပြဿနာရှာခြင်းသည် အချိန်မရွေး ဖြစ်ပေါ်နိုင်သည့် ကိစ္စတစ်ခုမျှသာ။

သို့သော် လေ့ဝူနှင့် အခြားသူများသည် နေရာအားလုံးကို မစုစည်းရသေးခင်ပင် သူတို့သည် ပူးပေါင်းပြီးသား ဖြစ်ကြသည်။

 

"အင်း... နည်းနည်းတော့ စောနေသေးသလိုပဲ"

 

လင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။

 

"ယဲ့မိသားစု ဦးဆောင်တာလား" လင်းဖန်က မျက်ခုံးပင့်လျက် မေးလိုက်သည်။ ယဲ့မိသားစုမှလွဲ၍ သူသည် မကြာသေးမီက မည်သည့်အင်အားစုကမျှ သူတို့ကို စော်ကားခဲ့သည်ကို မသိခဲ့ပေ။

 

ချူရှောင်လား။ ကောင်းပြီ၊ အဲဒါတော့ မဟုတ်ဘူး။

 

"ယဲ့မိသားစုလား၊ သူတို့ကို မမြင်မိပါဘူး..." လေ့ဝူ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများ လင်းလက်သွားသည်။ သူ၏ နဖူးကို ပုတ်လျက် "သူဌေး၊ သတိရပြီ"

 

"ရက်အနည်းငယ်လောက်က ယဲ့မိသားစုက တခြားဂိုဏ်းကြီးတွေက ခေါင်းဆောင် ၂၀ ကျော်ကို လက်ဖက်ရည်မြည်းသောက်ပွဲ ဖိတ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်က ဒီခွေးမသားကြီး ဘာလို့ ဒီလောက် အောက်တန်းကျပြီး လစ်ဘာတီဂိုဏ်းထဲကို ရုတ်တရက် ဝင်ချင်ရတာလဲလို့ တွေးနေတာ"

 

"သူဌေး၊ ယဲ့မိသားစုက နောက်ကွယ်ကနေ ကျွန်တော်တို့ ဂိုဏ်းကို ဖျက်ဆီးချင်တယ်လို့ သံသယရှိတာလား?"

 

"မဟုတ်ဘူး၊ ဒါပေမယ့်... နီးစပ်တယ်" ဟု လင်းဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။

 

ချူရှောင်က ထိုလူမိုက်များကို ဂရုမစိုက်သကဲ့သို့ ယဲ့မိသားစုကလည်း ချင်းဂိုဏ်းလေးတစ်ခုအတွက် အကြီးအကျယ် လုပ်ဆောင်မည်မဟုတ်ပေ။

 

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူတို့သည် အခြားဂိုဏ်းခေါင်းဆောင်များအား ပန်းများဖြင့် ဧည့်ခံကာ လက်ဖက်ရည်များ တိုက်ကျွေးပြီး ချင်ဂိုဏ်း၏ တိုးတက်မှုသည် အလွန်မြန်ဆန်ပြီး ရဲရင့်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းပင်။ ဤနည်းဖြင့် မကြာမီတွင် တစ်စုံတစ်ဦးက ဝင်ရောက်ပြီး "ပန်းများ" ကို ဖျက်ဆီးပစ်လိမ့်မည်ဟု ဆိုလိုခြင်းပင်။

 

ယဲ့မိသားစုတွင် ဤမျှလောက်သော ဆွဲဆောင်မှုနှင့် သြဇာအာဏာ ရှိနေသေးသည်။

 

"ဒါဆို... သူဌေး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ?" လေ့ဝူက စိုးရိမ်သော မျက်နှာဖြင့် မေးလိုက်သည်။

 

အကယ်၍ ဂိုဏ်းငယ်လေးများသာ ဆိုပါလျှင် သူသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်မှာ သေချာပါသည်။ သို့သော် ယဲ့မိသားစု... နည်းနည်းတော့ ခက်ခဲပါ၏။

 

ထပ်မံ၍ လေ့ဝူသည် နောင်တရစပြုလာသည်။ သူ ဘာလို့များ ဒီလောက်စိတ်မြန်လက်မြန် ဖြစ်ရတာလဲ၊ သူဌေးကို သွားဆွပြီး ယဲ့မိသားစုကို သွားစိန်ခေါ်မိရတာလဲ…

 

"ဒီကာလအတွင်းမှာ မင်းတို့ လူတွေကို နောက်ကွယ်ကနေ ထိန်းထားဖို့နဲ့ အေးအေးဆေးဆေးနေဖို့ လိုတယ်။ မလိုအပ်ရင် တခြားသူတွေရဲ့ နေရာတွေကို လိုက်မသွားနဲ့။ တစ်စုံတစ်ယောက်က လာရှုပ်ရင် တိုက်ပစ်လိုက်၊ မတိုက်နိုင်ရင်တော့ ပြေး! မှတ်ထား! ကိုယ့်ကိုယ်ကို ကာကွယ်ကြ၊ အထူးသဖြင့် အဲဒီခေါင်းဆောင်တွေ။ ဖုန်းဆက်ပြီး တစ်စုံတစ်ယောက် သေသွားပြီလို့ ပြောတာမျိုး မကြားချင်ဘူး" လင်းဖန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ဒါ ‘’လုံးဝ’ အရွယ်မရောက်သေးသူ ဆယ့်ရှစ်နှစ် ကောင်‌လေးတစ်ယောက်ကဲ့သို့ မဟုတ်ချေ။

 

"ဟုတ်ကဲ့၊ နားလည်ပါပြီ။ သူဌေးကို နောက်ထပ် စိတ်ပူရမယ် အလုပ်မျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး" လေ့ဝူက ပြတ်သားသော အမူအရာဖြင့် ကတိပြုသည်။

 

"အင်း၊ ကျန်တဲ့သူတွေအတွက်တော့... စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်" လင်းဖန်က ပြုံးလျက်  အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

 

ဤနောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှင်းလင်း၏။ ၎င်းတို့၏ စစ်အင်အားကို ဆက်လက်တိုးတက်စေပြီး နယ်မြေများကို သိမ်းပိုက်ရမည်ပင်။

 

အစောပိုင်းက ချင်းဂိုဏ် သည် ချူရှောင် ကို လက်စားချေရန် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လက်စားချေခြင်းဟု ခေါ်ဆိုသော အရာသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

 

သို့သော် ၎င်းသည် သူ့လက်အောက်ခံ ညီအစ်ကိုများအတွက် ဖြစ်စေ၊ အခြားအကြောင်းများကြောင့် ဖြစ်စေ ချင်းဂိုဏ် ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရပ်တန့်မည် မဟုတ်ပေ။

 

ထို့ပြင် ဖော်မပြနိုင်ဘဲ သူသည် ချူရှောင် ကို လက်စားချေရန် မလိုတော့သည့်နောက်တွင် ပိုမိုအားကောင်းသည့် စွမ်းအားများ ရရှိနိုင်ရန် မျှော်လင့်နေခဲ့သည်။

 

"မင်းသွားလို့ရပြီ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး" ဟု လင်းဖန် က ပြောလိုက်သည်။

 

"ဟုတ် စိတ်မပူပါနဲ့ သူဌေး" လင်းဖန် ၏ ညွှန်ကြားချက်များကို ကြားပြီးနောက် လေ့ဝူ မှာ တစ်ဖန် စိတ်အားထက်သန်လာပြန်သည်။

 

"ဒါနဲ့ မင်း ဒီကာလအတွင်း လာလည်ဖို့ အချိန်မရရင် လေ့လေ့ ကို ဒီမှာပဲ နေခိုင်းလိုက်" ဟု လင်းဖန် က ခဏတာ တွေးပြီး ပြောလိုက်သည်။

 

ထို့သို့ ဖြစ်ပုံရသည်... ချူရှောင် က သူ့ကို အတော်လေး နှစ်သက်ပုံပင်။

 

ဟုတ်ပါတယ်၊ နောက်ထပ် အဓိကအချက်တစ်ခု ရှိသေးသည်။ သူတို့ အိပ်နိုင်သည့် ဆိုဖာနှင့် ကုတင်တစ်လုံး ရှိသည်။

 

ဆိုဖာကို လေ့လေ့ က သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

ထိုအရာကို တွေးမိသောအခါ လင်းဖန် သည် ရုတ်တရက် မသိသော အပြုံးတစ်ပွင့်ကို ဖော်ထုတ်လိုက်သည်။

 

လေ့ဝူ သည် လင်းဖန် ဤမျှ "ကောက်ကျစ်" မည်ဟု မမျှော်လင့်ခဲ့ပေ။

 

သို့သော် လင်းဖန် တွင် မိသားစုဝင်တစ်ဦး ရှိနေပြီဟု တွေးမိပြီး ယခု ‌လေ့လေ့ ကို ထိုနေရာတွင် နေခိုင်းပါက သူဌေးအတွက် ဒုက္ခများစွာ ပေးလိမ့်မည်။ ထို့ကြောင့် လေ့ဝူ က ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ကို ချလိုက်သည်။

 

"လေ့လေ့ ကို နောက်မှ သူငယ်တန်းပို့ပေးမယ်။ အဆိုးဆုံးကတော့ ဒီကလေးကို ခဏလောက် သူငယ်တန်းမှာ နေခိုင်းလိုက်မယ်" ဟု လေ့ဝူ က ပြောလိုက်သည်။

 

အရေးအကြီးဆုံးကတော့ လေ့ဝူ မပြောဝံ့သည့် အရာမှာ သူဌေး၏ နေရာတွင် နေထိုင်သူမှာ ဆရာရှောင်ဖြစ်သည်။ လေ့လေ့သည် ကလေးတစ်ယောက်ပင်။ သူ ချူရှောင်ကို စိတ်ဆိုးစေပြီး သေဆုံးသွားခဲ့လျှင် လေ့လေ့မိသားစုတွင် သားသမီးမရှိတော့သည် မဟုတ်ပါလား။ ဤသို့ ဖြစ်ခွင့်မပြုနိုင်ပေ။

 

ချူရှောင်ကို တွေးမိသောအခါ လေ့ဝူသည် အပေါ်ထပ်တွင် နံနက်စာ စားနေသည့် မြင်ကွင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

 

ထို့နောက် အသက်သုံးဆယ်ကျော်အရွယ် လူကြီးတစ်ယောက်၏ အတင်းအဖျင်းစိတ်ဓာတ် ပြန်လည်ပေါ်ပေါက်လာသည်။

 

“သူဌေး၊ မေးခွန်းတစ်ခု မေးလို့ရမလား" လေ့ဝူက လင်းဖန်ကို ပြုံးလျက် ပြောလိုက်သည်။

 

"ဘာလဲ"

 

"အင်း... ချူရှောင်ကို ဘယ်လို ဖမ်းမိတာလဲ သူဌေး" ပြီးတော့ သူ့ကို အိမ်ပြန်ခေါ်လာခဲ့တာလား။ သူ ကောင်းကောင်း ဝှက်ထားတာတောင် သူ့လက်ရုံး၊ သူတောင် မသိခဲ့ဘူး။

 

"ငါ သူ့ကို ခေါ်လာခဲ့တာ" လင်စဖန်က မျက်ခုံးပင့်လျက် အတိုချုပ် ပြောလိုက်သည်။

 

ဟုတ်တယ်၊ သူ ခေါ်လာခဲ့တာ!  လမ်းကြားထဲကညမီတာနှစ်ရာလောက် အကွာအဝေးမှာ။

 

လေ့ဝူရဲ့ ပါးစပ်က တွန့်ခနဲ ဖြစ်သွားသည်။ ဘာလို့ ဒီလောက် မသိပ္ပံနည်းကျမှန်း သူ ခံစားမိတာလဲ?

 

မဟုတ်ဘူး၊ ဒါက လုံးဝ မသိပ္ပံနည်းကျဘူး။

 

"သူဌေး၊ အဲ့လူနဲ့ ဆက်ဆံရေးက..." လေ့ဝူက ဂရုတစိုက် မေးလိုက်သည်။

 

သူသည် အလွန် ရှုပ်ထွေးနေသည်။ သူဌေးနှင့် ချူရှောင်၏ ဆက်ဆံရေးကို ယခုလေးတင် စဉ်းစားကြည့်ရာတွင် သူဌေးပြောခဲ့သည့် စကား၊ ၎င်း၏ သစ္စာခံရန်သူနှင့် လုံးဝ မတူသည်ကို တွေ့ရသည်။

 

ဆန့်ကျင်ဘက်အားဖြင့် သူတို့သည်... အင်း၊ ရင်းနှီးပုံရသည်။

 

လေ့ဝူ၏ အတင်းအဖျင်းမျက်လုံးများကို ကြည့်ကာ လင်းဖန်သည် သူ၏ ပါးစပ် တွန့်ခနဲ ဖြစ်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။

 

"ငါ မင်းကို ပေးထားတဲ့ တာဝန်က အရမ်းလွယ်တယ်လို့ ထင်လား" လင်းဖန်က လေ့ဝူရဲ့ မေးခွန်းကို လျစ်လျူရှုပြီးနောက် မေးလိုက်သည်။

 

"အရမ်းလွယ်နေတယ်ဆိုရင် ငါ…"

 

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မလုပ်ပါနဲ့တော့ သူဌေး။ နောက်ထပ် ဘာမှ မမေးတော့ပါဘူးလို့ ကတိပေးပါတယ်…" လေ့ဝူက လင်းဖန်၏ စကားကို ဖြတ်ပြီး ပြောလိုက်သည်။

 

"ကဲ၊ နောက်တောင်ကျနေပြီ လေ့လေ့ကို အရင် ဂိုဏ်းကို ပြန်ခေါ်သွားလိုက်မယ်။ သူဌေး၊ ကျွန်တော့်ကို လိုက်ပို့စရာ မလိုပါဘူးနော် တကယ်..." လေ့ဝူက လေ့လေ့ကို ကောက်ချီပြီး ပြောလိုက်သည်။

 

မကြာသေးမီက အခြေအနေများ ရှုပ်ထွေးနေခဲ့သည်။ သူဌေးသည် စိတ်မကြည်ဘဲ သူ့ကို အလုပ်များ ပိုပေးမည်ကို သူ အမှန်တကယ် စိုးရိမ်ခဲ့သည်။ ဒါဆိုရင်တော့ အရင်ပြေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မည်။

 

သို့သော် လေ့ဝူ၏ နှလုံးသားထဲတွင် အတွေးနက်နဲတစ်ခု ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ သူဌေးနှင့် ‌ချူရှောင်၏ ဆက်ဆံရေးသည် တစ်ခုခုတော့ ထူးဆန်းနေရမယ်!

 

….

 

"မင်း သူ့ကို ပြန်ပို့လိုက်ပြီလား" လင်းဖန် ဝင်လာသည်ကို မြင်သောအခါ ချူရှောင်က မေးလိုက်သည်။ သူသည် ဆွေမျိုးတစ်ဦးကို အောက်ထပ်သို့ ပို့ရန် အချိန်ကြာမြင့်ခြင်းကို မေးမြန်းခြင်း မရှိခဲ့ပေ။

 

မေးစရာ မလိုသည့်အတွက်ကြောင့်…

 

လေ့လေ့နှင့် ထိုပုဂ္ဂိုလ်၏ ဖခင်-သား ဆက်ဆံရေးအပြင် လင်းဖန် ပြောခဲ့သည်မှာ ထိုသူသည် သူ၏ 'ဒုတိယဦးလေး' ဖြစ်သည်ဆိုသော အချက်တို့ကို ချူရှောင်သည် အားလုံးကို သံသယမရှိခဲ့ပေ။

 

သို့သော် ချူရှောင်သည် ထိုသူသည် ထိုသို့သော ရိုးသားသူ တစ်ယောက်ဟု မယုံကြည်ခဲ့ပေ။

 

ဖန်မင်၏ ဦးလေးက သာမန်လူ တစ်ယောက် ဖြစ်နိုင်ပါ့မလား?

 

လင်းဖန်သည် သူ၏ အထောက်အထားကို တစ်ဖက်က သိပြီးဖြစ်သည်ကို မသိခဲ့ပေ။ သဘာဝကျစွာပင် သူ ချူရှောင် ဘာတွေးနေသည်ကို ခန့်မှန်းရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် ပေါ့ပေါ့တန်တန် မေးခွန်းတစ်ခုအဖြစ်သာ ယူဆခဲ့သည်။

 

"အင်း..."

 

သို့သော် သူ သန့်ရှင်းပြီးသား စားပွဲကို မြင်သောအခါ သူ အံ့အားသင့်သွားသည်။

 

"စားပွဲ ရှင်းပြီးပြီလား" လင်းဖန်က အံ့သြစွာ မေးလိုက်သည်။

 

သခင်ရှောင်က ပန်းကန်တွေ ဆေးပေးပြီး စားပွဲရှင်းပေးတယ်တဲ့။ သူ ဂုဏ်ယူသင့်လား…

 

"ဘာလဲ၊ ငါ့လက်တွေ ကျိုးနေတယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် ဒီလိုရိုးရှင်းတဲ့ ကိစ္စလေးကို ဘယ်လိုလုပ်ရမှန်း မသိဘူးလို့ ထင်နေတာလား" လင်းဖန်၏ မျက်နှာပေါ်က အံ့အားသင့်မှုကို မြင်ပြီး ချူရှောင်က မျက်မှောင်ကြုတ်လျက် မပျော်မရွှင် ပြောလိုက်သည်။

 

တကယ်တော့ သူကိုယ်တိုင်လည်း အံ့အားသင့်ခဲ့သည်။

 

ယခင်က တစ်စုံတစ်ယောက်က ဒီလိုမျိုး လုပ်ခိုင်းရင်…

 

သို့သော် အခြားတစ်ဖက်က လင်းဖန်ရှိနေသောကြောင့် လက်ခံနိုင်စရာမရှိသည့် အရာများ မရှိတော့ပုံရသည်။ အထူးသဖြင့် သူ လင်းဖန်သည် ဖန်မင်ဖြစ်သည်ကို အတည်ပြုပြီးနောက် အရာအားလုံးသည် အလွန်ပင် ဆီလျော်ပုံရသည်။

 

"နည်းနည်းတော့ အံ့သြသွားတာပါ" လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။

 

"ညစာ ဘာစားချင်လဲ"

 

“ဘာဖြစ်ဖြစ်…”

 

"ဒါဆို ခေါက်ဆွဲ ပြုတ်ပေးမယ်" လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။

 

ချူရှောင် အမုန်းဆုံးက သူ ချက်ပြုတ်သော ခေါက်ဆွဲများဖြစ်သည်ကို သိလျက်ပင် သူသည် တမင်တကာ ထိုသို့ ပြောလိုက်သည်။

 

ချူရှောင်က သူ့ကို စက်ဆုပ်စွာ ငြင်းဆန်လိမ့်မည်ဟု သူ တွေးခဲ့သည်။ သို့သော် သူ မငြင်းဆန်ခဲ့ပေ။

 

"ရတယ်”