Ch 79
Viewers 11k

 

79 : ဒီခံစားချက်ကို ငါ ကြိုက်တယ်။

 

လေ့လေ့ ထွက်သွားပြီးနောက် ဆိုဖာမှာ ဟာလာဟင်းလင်း ဖြစ်သွားလေ၏။

 

သို့သော် ချူရှောင် က သူ့ကို ညက အပြင်မထွက်ခိုင်းခဲ့သောကြောင့် လင်းဖန် က ချူရှောင် မှာ သူ့နှင့်အတူ အိပ်ရာကို မျှဝေလိုသည်ဟု ယူဆခဲ့သည်။

 

တကယ်တော့ ချူရှောင် သည် လင်းဖန် ၏ လုပ်ဆောင်ချက်များစွာကို သဘောတူခဲ့ရုံမကဘဲ အလိုလိုက်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုနှစ်ဦးသားသည် ဤအချက်ကို သတိပြုမိပုံရသော်လည်း တိတ်ဆိတ်စွာပင် ဘာမျှ မပြောခဲ့ကြပေ။

 

မနက်ခင်း၌ ဖုန်းမှ နာရီနှိုးစက် ရုတ်တရက် ထမြည်လာသည်။ သို့သော် လင်းဖန် က "ပယ်ဖျက်ရန်" ခလုတ်ကို လျင်မြန်စွာ နှိပ်လိုက်သည်။

 

တနင်္လာနေ့များလား? ဒါပေမယ့် ကျောင်းမသွားချင်ဘူးဆိုရင်…….

 

လင်းဖန် သည် ဤအကြောင်းကို စိတ်ထဲ၌ သက်သောင့်သက်သာ တွေးရင်း ဖုန်းကို ပြတ်ပြတ်သားသား ပစ်ချလိုက်သည်။

 

ဘာလို့ ဒီလောက် ချောတဲ့လူမျိုး ကမ္ဘာပေါ်မှာ ရှိနေရတာလဲ?

 

ချူရှောင် ၏ အိပ်ပျော်နေသော မျက်နှာကို နီးကပ်စွာ ကြည့်ရင်း လင်းဖန် သည် အကြိမ်များစွာ ကြည့်ရှုပြီးနောက်၌ပင် သက်ပြင်းချလိုက်မိသည်။ ချူရှောင် ၏ ရုပ်ရည်ကြောင့် သူ အံ့အားသင့်မနေဘဲ မနေနိုင်ခဲ့။

 

ထို့ပြင် ချူရှောင် ကို ကြည့်ရင်း လင်းဖန် သည် ယခင်ကကဲ့သို့ သဘောထားမျိုး မရှိတော့ပုံရသည်။ အနုပညာလက်ရာတစ်ခုကို ချီးကျူးနေသကဲ့သို့ပင်။ ဖော်မပြနိုင်ဘဲ လင်းဖန် သည် သူ့ရှေ့မှ ချူးရှောင် ကို ကြည့်ကာ စိတ်ကျေနပ်မှု၊ အောင်မြင်မှု တစ်စုံတစ်ရာကိုပင် ခံစားခဲ့ရလေသည်။

 

လင်းဖန် သည် ညတိုင်း ချူရှောင် ခံစားနေရသည်ကို မြင်ရသောအခါ ဆေးပေးခဲ့ခြင်းကို နောင်တရမိသော်လည်း တစ်ချိန်တည်းမှာပင် ကျေးဇူးတင်မိ၏။ သို့မဟုတ်လျှင် ချူရှောင် သည် N မြို့၏ ထိပ်တန်း မြေအောက်ဧကရာဇ် ဖြစ်နေဆဲပင်။ သူ့မျက်လုံးထဲတွင် သာမန်အရပ်သားတစ်ဦးမျှသာ ဖြစ်သည်။

မဟုတ်ပါ၊ ‌ချူရှောင် ၏ မျက်လုံးထဲတွင် သူ မရှိသင့်ခဲ့။

 

ထိုဆေးမရှိခဲ့ပါလျှင် ထိုညက ချူရှောင် သည် လမ်းကြားထဲ၌ ဘယ်တော့မှ ပေါ်လာမည်မဟုတ်ဘဲ ဤအိမ်ငယ်လေးတွင် သူနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်မည်မဟုတ်ပေ။ ညတိုင်း သူ့ကို ထိုသို့ ပြုမူခွင့်ပေးရန်ပင် မဖြစ်နိုင်ခဲ့ပါ။

 

ထိုအရာအားလုံးကို ဆေးထိုးတစ်ချက်ကြောင့် ရရှိခဲ့သည်ဟု လင်းဖန် က ယူဆခဲ့သော်လည်း သူ အနည်းငယ် စိတ်မသက်မသာဖြစ်ကာ စိတ်ပျက်မိသည်။

 

ဘာများ ဆန့်ကျင်ဘက်ဖြစ်နေရတာလဲ…

 

လင်းဖန် က သူ့နှလုံးသားထဲ၌ မိမိကိုယ်ကို အပြစ်တင်သံများဖြင့် သက်ပြင်းချလိုက်သည်။

 

သို့သော် လင်းဖန် ၏ အကြည့်က ပြင်းထန်လွန်း၍ ဖြစ်မည်။ အိပ်ပျော်နေသော ချူရှောင် သည် တစ်စုံတစ်ရာ ခံစားမိသွားပုံရသည်။ ချက်ချင်းပင် မျက်လုံးများ ပွင့်လာတော့သည်။

 

ထိုကြောင့် လင်းဖန် သည် ထိုရှုပ်ထွေးမှုကို ပြေပျောက်ရန် အချိန်မရလိုက်ဘဲ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပေါ်လာတော့သည်။

 

"ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ?" လင်းဖန် ၏ အကြည့်နှင့် ဆုံမိသောအခါ ချူရှောင် က အံ့အားသင့်စွာ မေးလိုက်သည်။ ထို့နောက် သူသည် သူ့အကြည့်ကို လွှဲကာ မျက်လုံးထဲမှ ပုံမှန်မဟုတ်သည့် အမူအရာကို ဝှက်ထားလိုက်၏။

 

ချူရှောင် နိုးလာပြီး သူ့ကို ဖမ်းမိသွားသည်ဟု မြင်သောအခါ လင်းဖန် က သူ့နှုတ်ခမ်းထောင့်ကို မသက်မသာ ကွေးညွှတ်လိုက်သော်လည်း သူ၏ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်သည်။

 

"ဘာလို့လဲဆိုတော့ ခင်ဗျားက အရမ်းချောလို့လေ" ဟု လင်းဖန် က တစ်ဝက်တစ်ပျက် နောက်ပြောင်ကာ ပြောလိုက်သည်။

 

အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ခဲ့ပါလျှင် သူ သူ့သေတွင်းကိုယ် သူ့ဘာသူ တူးခြင်းပင်။ သို့သော် လင်းဖန် က ထိုသို့သော ကိစ္စများ၌ အကျင့်သားရနေပြီ။ အရေးအကြီးဆုံးမှာ ချူရှေညင် ကလည်း အကျင့်သားရနေခဲ့ခြင်းပင်။

 

"ဘယ်မှာလဲ မင်းရဲ့ ယဉ်ကျေးမှု..." ချူရှောင် က လင်းဖန် ကို ကြည့်ရင်း ပြောလိုက်သည်။

 

"မင်း အခုလို ငေးမောနေဖို့ အချိန်ရှိရင် ဘာလို့မသွားတာလဲ..." သူ ထိုသို့ပြောပြီး ခဏတာ ရပ်နားကာ "ဒီနေ့ တနင်္လာနေ့လား?"

 

"အင်း"

 

"ကျောင်းမသွားသင့်ဘူးလား? ဘာလို့ ဒီမှာ ရှိနေတာလဲ?" ချူရှောင် က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

 

သူ ဝန်မခံချင်သော်လည်း သူ့ပုံစံက မိဘတစ်ဦး ရုတ်တရက် သူ့ကလေး ကျောင်းပျက်ကွက်နေသည်ကို သိလိုက်ရသည့် ပုံစံမျိုး ဖြစ်သည်။

 

"ကျွန်တော်က ကျောင်းမသွားချင်ဘူး" ဟု လင်းဖန် က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

 

သူ့၏ တည်ငြိမ်သော သဘောထားကြောင့် ချူရှောင် သည် ခဏတာ ပြန်ပြောစရာ စကားရှာမရ ဖြစ်သွားခဲ့သည်။

 

"ပြီးတော့ အတန်းနည်းနည်းလောက်ပဲဟာ ခင်ဗျား ကျွန်တော့်ကို ပြန်သင်ပေးမှာပဲလေ မဟုတ်ဘူးလား?" ချူရှောင် စကားမပြောမီ လင်းဖန် က အရှက်မဲ့စွာ ဆက်ပြောလိုက်သည်။

 

နောက်ဆုံးအကြိမ်က ချူရှောင် က သူ့ကို အဝတ်အစားများယူရန် အတန်းပိုင်ဆရာအား ခွင့်ယူခိုင်းခဲ့သည်။ သူက ထိုနေ့အတွက် အတန်းများကို ပြန်လည် ဖြည့်ဆည်းပေးခဲ့သည်။

 

တကယ်တော့ သူ အတန်းများကို ပြန်ဖြည့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူ့ရမှတ်များကို ထိခိုက်မည်မဟုတ်ပေ။ သို့သော် လင်းဖန် က ထိုအချိန်တွင် ငြင်းပယ်ခဲ့ခြင်း မရှိပေ။

 

တကယ်တော့ လင်းဖန် က အတန်းများကို ပြန်လည် ဖြည့်ဆည်းပေးရသည့် ခံစားချက်ကို နှစ်သက်ခဲ့သည်။

 

"စဉ်းတောင် မစဥ်းစားနဲ့" ဟု ချူရှောင် က မလောက်လေး‌မလောက်စား ခွေးကောင်လေးကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

 

ဘဏ္ဍာရေးလောကက ပါရမီရှင်တစ်ယောက်က အထက်တန်း တတိယနှစ် ကျောင်းစာအုပ်တွေကို ဘယ်လိုများ မကိုင်တွယ်နိုင်ရတာလဲ?

 

ထိုအရာက ယခင်က သူ ပြုမူခဲ့သော အပြုအမူများကဲ့သို့ပင် မှတ်မိနေခဲ့သည်။

 

ချူရှောင် ၏ မျက်လုံးများက လင်းဖန် ၏ ကျောပြင်ဆို စိမ့်ခနဲ ဖြစ်သွားစေခဲ့သည်။

 

"အဟမ်း၊ ထတော့မလို့လား?" လင်းဖန် က ခြောက်သွေ့စွာ ချောင်းဆိုးပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

 

 "အင်း…"

 

"ဒါဆို ဆေးထိုးဖို့ ခင်ဗျားကို ကူပေးမယ်" လင်းဖန် က မတ်တပ်ရပ်ပြီး စေတနာ့ဝန်ထမ်း ကဲ့သို့ ပြောလိုက်သည်။

 

"ကောင်းပြီလေ..." လင်းဖန် သည် ထိုကဲ့သို့ သေးငယ်သော ကိစ္စများ၌ ကူညီရန် မလိုသော်လည်း ချူရှောင် က လင်းဖန် ၏ တောင်းဆိုမှုကို မပယ်ချဘဲ သူ လုပ်ခွင့်ပြုနေသကဲ့သို့ ပြုမူခဲ့သည်။

 

လင်းဖန် ကျေနပ်သွားသည်။

 

မူလက ချူရှောင် သည် အိပ်ရာပေါ်တွင် ဘေးတိုက်လှဲနေ၏။ ဤသို့ဖြင့် လင်းဖန် သည် ဆေးထိုးအပ်ကို တိုက်ရိုက်ယူကာ မှီလိုက်ပြီး သူ့အပေါ်တွင် ထိုးရန် ပြင်လိုက်သည်။

 

"ဘာလုပ်နေတာလဲ... ဆေးထိုးတာလေးပဲလေ ဟုတ်တယ်မလား?"

 

 "ဘယ်လို ထိုးရမလဲဆိုတာ စဉ်းစားနေတာ" ဟု လင်းဖန် က မျက်နှာသေဖြင့် ပြောလိုက်သည်။

 

အင်း၊ လက်မောင်းမှာ ထိုးတာက တကယ်ကို တီထွင်ဖန်တီးမှု မရှိလှပေ။

 

တီထွင်ဖန်တီးမှု။

 

အကယ်၍ ချူရှောင် က လင်းဖန် ၏ အတွေးများကို သိခဲ့ပါလျှင် ဤကောင်လေး၏ ခေါင်းအား ပစ်သတ်လိုက်မည်လား?

 

အဓိကကတော့...

 

"လာ၊ လုပ်လိုက်ပါတော့!" ချူရှောင် က စိတ်မရှည်စွာ ပြောလိုက်သည်။

 

"အိုကေ၊ ဒါဆို လည်ပင်းကနေ ထိုးလိုက်မယ်" ဟု လင်းဖန် က ချူရှောင် ၏ ချောမွေ့သော လည်ပင်းပေါ်သို့ မျက်လုံးများ ဝေ့ကြည့်ပြီးနောက် ပြောလိုက်သည်။

 

"အင်း" ချူရှောင် မငြင်းခဲ့ပေ။

 

သူ့လည်ပင်း၌ အနည်းငယ် နာကျင်မှုကို ခံစားရသောအခါ ချူရှောင် သည် ဆေးထိုးပြီးပြီဟု သိလိုက်သည်။

 

သို့သော်…

 

နှစ်မီလီလီတာအောက် နည်းသော ဆေးရည်သည် လင်းဖန် အတွက် နှေးလွန်းနေသည် မဟုတ်လား?

 

"မြန်မြန်လုပ်လည်း ငါ မသေပါဘူး!" ချူရှောင် က မျက်မှောင်ကြုတ်ကာ စိတ်မရှည် ပြောလိုက်သည်။

 

အရေးအကြီးဆုံး အကြောင်းပြချက်မှာ သူ့၏ ပုံစံကြောင့် သူ အနည်းငယ် ထူးဆန်းပြီး ပိုမို ခွန်အားကြီးလာသည်ဟု ခံစားရခြင်းပင်။

 

ဒီမတိုင်ခင် သူတို့နှစ်ယောက် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထူးဆန်းသော ခံစားချက်က ပိုပြီး ပြင်းထန်လာကာ အားကောင်းလာသည်။

 

ဒီလိုပုံစံမျိုးဆိုတော့... ဒီခွေးမသားလေး လင်းဖန် တမင်လုပ်တာ မလား?

 

ချူရှောင် က သူ့စိတ်ထဲ၌ ကြိတ်တွေးရင်း သွားများကို ကြိတ်လိုက်သည်။

 

သို့သော် လင်းဖန် က မည်သို့မျှ မခံစားရဘဲ သူ့ကိုယ်ပိုင် အရှိန်အဟုန်ဖြင့် ဆေးထိုးအပ်ကို ချူရှောင် ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက် ထိုးသွင်းနေ၏။

 

"မြန်မြန်လုပ်လို့ရတာတော့ ကျွန်တော်လည်း သိတာပေါ့..." ဟု လင်းဖန် က သက်သောင့်သက်သာ ပြောလိုက်သော်လည်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ပြီးတော့ ဒီခံစားချက်ကို ကျွန်တော်

 တကယ် ကြိုက်တယ်"

 

ဒါပေမယ့် ငါတော့ လုံးဝ ကြိုက်မနေဘူး!

 

ချူရှောင် က သူ့စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။

 

"နှာဘူးကောင်!" ချူရှောင် က ခါးခါးသီးသီး ကျိန်ဆဲလိုက်သည်။

 

သို့သော် သူသည် မျက်လုံးများကို မသက်မသာ မှိတ်လိုက်ပြီး ဘာမျှ မပြောတော့ပေ။

 

သူသည် သူ့ကို ဆက်လက် အလိုလိုက်နေသည်မှာ ထင်ရှားသည်။

 

ဤအရာကို မြင်သောအခါ လင်းဖန် သည် နှုတ်ခမ်းများ ကွေးညွှတ်မနေဘဲ မနေနိုင်သော်လည်း သူ၏ လက်များကမူ အလွန်ပင် အားစိုက်ထားခဲ့သည်။

 

ရုတ်တရက် ဖုန်းမြည်လာရာ ဆိတ်ငြိမ်ပြီး သဟဇာတဖြစ်သော ပတ်ဝန်းကျင်ကို ဖြိုခွဲလိုက်သည်။

 

ဝင်လာသော ဖုန်းခေါ်ဆိုမှုကို မျက်နှာပြင်ပေါ်တွင် ကြည့်လိုက်ရာ ဆေးထိုးအပ်ကို ကိုင်ထားသော လင်းဖန် ၏ လက်သည် ရုတ်တရက် အေးခဲသွား၏။

 

"အိုး..." လည်ပင်းမှ ထုတ်မထားသေးသော ဆေးထိုးအပ်သည် ရုတ်တရက် လှုပ်သွားပြီး ချူးချောငိ ကို အော်ဟစ်စေခဲ့သည်။

 

မူလက သူသည် လူမိုက်တစ်ဦးကို ဆဲဆိုချင်ခဲ့သော်လည်း ဤအချိန်တွင် လင်းဖန် က ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ပြီးဖြစ်သည်။

 

"ခုဏက ဘာအသံလဲ?" ဖုန်း၏ တစ်ဖက်မှ လျူလီ ၏ အသံ ထွက်ပေါ်လာ၏။

 

"ဘာမှမဟုတ်ပါဘူး။ ခုဏက တစ်ယောက်ယောက်ကို မတော်တဆ ထိခိုက်မိသွားတာပါ” သီအိုရီအရတော့ ငါ့ရဲ့ အနာဂတ်ခင်ပွန်း‌လောင်းပေါ့

 

 "အို" အခြား ကိစ္စများ စိတ်ထဲ၌ ရှိသောကြောင့် လျူလီ က လင်းဖန် ၏ ထူးဆန်းသော အဖြေကို အလေးမထားခဲ့ပေ။

 

ထို့နောက် လျူလီ က သူ့ကို ကျောင်းမတက်သည့် အကြောင်းရင်းကို မေးမည်ဟု လင်းဖန် က ထင်ခဲ့သည်။

 

သို့သော် သူ မမေးခဲ့ပေ။

 

လျူလီ ပါးစပ်ဖွင့်သည်နှင့် သူ မျှော်လင့်ထားသည်ထက် လုံးဝ ကွဲပြားသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

 

"ငါ မင်းကို မေးပါရစေဦး ဒီဖုန်းက မင်း ဖုန်းလား?"

 

"အင်း" လျူလီ ၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း လင်းဖန် က ပုံမှန်အတိုင်း ပြန်ဖြေခဲ့၏။

 

"တကယ် မင်းဖုန်းလား? မင်း ကိုယ်တိုင် ဝမ်ထားတာလား ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို ပေးထားတာလား?" လျူလီ က ထပ်မေးလိုက်သည်။ မေးခွန်းက... အခုထိ ထူးဆန်းနေဆဲပင်။

 

"ဟုတ်ပါတယ်၊ ကျွန်တော့်ဖုန်းပါ" ဟု လင်းဖန် က ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်သော်လည်း သူ့မျက်နှာမှာ မှေးမှိန်သွားပြီး လျူလီ မေးသည့် အကြောင်းရင်းကို စဉ်းစားတော့သည်။

 

မည်သည့်ဆရာကမှ ကျောင်းသားတစ်ဦး၏ မိုဘိုင်းဖုန်းပြဿနာကို ဤမျှ စိုးရိမ်မည်မဟုတ်ပေ၊ မဟုတ်လား။ ထို့ပြင် တစ်ဖက်လူမှာ လျူလီ ဖြစ်သည်။

 

သို့သော် လျူလီ က ထူးဆန်းသော မေးခွန်းတစ်ခုကို ပစ်ထုတ်လိုက်ရာ လင်းဖန် က ထိုမေးခွန်းကို မသင်္ကာတော့။ သူအရင်လို လူမိုက်လို့ ထင်နေတုန်းပဲလား?

 

လင်းဖန် က သူ့စိတ်ထဲ၌ တိတ်တဆိတ် ရယ်မောလိုက်သော်လည်း သူသည် ဤအခြေအနေကို ဆက်လက် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

 

"ကျွန်တော်တို့ ကျောင်းက မိုဘိုင်းဖုန်း မသုံးရဘူးလို့ မပြောထားဘူးလေ ဟုတ်တယ် မလား?" လင်းဖန် က သူ့လေသံကို ပြောင်းကာ ကျောင်းက ဖုန်းကို သိမ်းဆည်းမည်ကို ကြောက်နေသကဲ့သို့ မေးလိုက်သည်။

 

"အင်း၊ ဘာမှမဟုတ်ပါဘူး၊" ဟု လျူလီ က သူ့မေးခွန်းက ရုတ်တရက် ဖြစ်သွားသည်ကို သဘောပေါက်ပြီးနောက် ပြောလိုက်သည်။ “အခြေအနေကို နားလည်အောင် ကြိုးစားနေတာပါ"

 

"အင်း၊ မကြာသေးခင်က မင်း…” လျူလီ က ခဏရပ်ပြီးနောက် ပြောလိုက်သည်။

 

"ဆရာ၊ တခြား ပြဿနာတစ်ခုခုများ ရှိသေးလို့လား?" လျူလီ ၏ စကားများ ပျောက်ဆုံးနေသည်ကို မြင်သောအခါ လင်းဖန် က ဤဖုန်းခေါ်ဆိုမှု၏ ရည်ရွယ်ချက်ကို လျူလီ ကို ပိုမို မေးမြန်းချင်လာသဖြင့် မျက်ခုံးပင့်ကာ ဟန်ဆောင်မေးလိုက်သည်။

 

"အမ် ဘာမှမဟုတ်ဘူး၊ ဘိုင်း" ဟု လျူလီ က မပျော်မရွှင်ဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။

 

"အိုး၊ ဘိုင့်၊ ဆရာ"

 

ဖုန်းချလိုက်ပြီးနောက် လင်းဖန် ၏ မျက်လုံးများက အေးစက်လာပြီး လျူလီ ၏ ဖုန်းခေါ်ဆိုမှု၏ အမှန်တကယ် ရည်ရွယ်ချက်ကို စဉ်းစားတော့သည်။

 

အခြေအနေကို နားလည်အောင် လုပ်တာလား?

 

အင်း၊ လျူလီ က ထိုသို့သော ကိစ္စများ၌ အချိန်ဖြုန်းမည့်သူ မဟုတ်ခဲ့ပေ။

 

ယခင်ဘဝက လျူလီ ကို နက်နက်နဲနဲ နားလည်ထားသောကြောင့် ဖြစ်နိုင်ချေရှိသည်မှာ လင်းဖန် က လျူလီ လုပ်သည့် အရာအားလုံး၏ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

 

ဤတစ်ကြိမ်တွင်မူ အကြောင်းရင်း မရှိဘဲ လျူလီ ၏ ဖုန်းခေါ်ဆိုမှုသည် ချူရှောင် နှင့် ပတ်သက်နေနိုင်သည်ဟု လင်းဖန် က ဝိုးတဝါး ခံစားမိသည်။

 

ယခင်တစ်ကြိမ် ဈေးဝယ်စင်တာ၌ လျူလီ ကို မြင်ခဲ့ရသကဲ့သို့ပင်။ ဤသို့သော ကိစ္စမျိုးသည် တစ်ကြိမ်ဖြစ်လျှင် တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း ဒုတိယ သို့မဟုတ် တတိယအကြိမ် ဖြစ်ပွားမည်မဟုတ်ပေ။

 

ခဏတာအတွက် အကြောင်းရင်းကို ရှာမတွေ့နိုင်ခဲ့သော်လည်း အထောက်အထားများ မတွေ့ရှိရသေးသော်လည်း လျူလီ သည် ချူရှောင်၏ ခြေရာခံများ ရှာဖွေတွေ့ရှိသင့်သည်ဟု လင်းဖန် က ယုံကြည်နေဆဲပင်။

 

အဘယ်ကြောင့်ဆိုသော် ထိုသူသည် လျူလီ ဖြစ်၏။

 

သူ့၏ ယခင်ဘဝ၌ ချူရှောင် ၏ ကမ္ဘာထဲသို့ ဝင်ရောက်လာပြီး ချူရှောင် ၏ အကူအညီဖြင့် ပိရမစ်၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သူပင် ဖြစ်လေသည်။