77 : ဒါကြီးက မဟုတ်သေးဘူးထင်တယ်
အရင်ညက ချူရှောင်သည် လင်းဖန်အား ပြန်သွားရန် မပြောခဲ့ပေ။
ထို့ကြောင့် လင်းဖန်က ချူရှောင်း၏ သဘောထားကို လက်ခံကြောင်း မှတ်ယူလိုက်ပြီး သူတို့
နေ၍ရသည်ဟု ယူဆလိုက်သည်။
သို့နှင့် နံနက်ခင်း၌ နှစ်ဦးသား နိုးထလာချိန်တွင်
တစ်ခုတည်းသော အိပ်ရာနှင့် ခေါင်းအုံးကို အတူမျှဝေသုံးစွဲခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။
လင်းဖန် နိုးလာသည်နှင့်အမျှ ချူရှောင်လည်း မျက်လုံးဖွင့်လာခဲ့သည်။
နှစ်ဦးသားသည် ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည်များကို
တွေးတောမိကြရာတွင် တိတ်ဆိတ်သော နားလည်မှုတစ်ခု ရှိနေခဲ့သည်။ အွန်း… အဓိပ္ပာယ်မရှိသည့်
ကိစ္စများ... လေထုက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။
အင်း၊ ဒါကြီးက မဟုတ်သေးဘူးထင်တယ် နည်းနည်းတော့ သိမ်မွေ့သင့်တယ်လေ
"အဟမ်း၊ မနက်စာ သွားပြင်ပေးမယ်"
"အင်း"
"ဆိုတော့၊ ခင်ဗျား ဘာစားချင်လဲ?" ဟု လင်းဖန်က
မေးလိုက်သည်။ ချူရှောင် ရောက်လာကတည်းက သူ့မနက်စာများသည် ပိုမို ကြွယ်ဝလာခဲ့သည်။
"ဘာပဲ ဖြစ်ဖြစ်" ဟု ချူရှောင်က ခေတ္တရပ်နားပြီးမှ
ပြောလိုက်သည်။ "ငါ ဆိုလိုတာက၊ ဘာပဲဖြစ်ဖြစ် စားရတယ်"
"အင်း၊ ကောင်းပြီလေ၊ ခဏစောင့်နော်" ဟု
လင်းဖန်က ကုတင်ပေါ်မှ လှည့်ထွက်ကာ ထွက်ခွာသွားသည်။
"ခဏလေး”
"ဟင်?"
"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်..."
ချူရှောင်က ထိုသို့ တောင်းဆိုသည်ကို အံ့အားသင့်သော်လည်း
လင်းဖန်က စက္ကန့်အနည်းငယ်ကြာပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အင်း၊ အိုကေ"
"စားပွဲပေါ်က ဆေးလေး ငါ့ကို ယူပေးဦး" ဟု
ချူရှောင်က ပြောလိုက်သည်။
သူပြောသော ဆေးရည်သည် ဆေးရုံမှ ဒါရိုက်တာချန်က ပေးခဲ့သော
ဆေးရည်ပင်။ ညက ဆေးက အလုပ်မလုပ်ခဲ့သော်လည်း ချူရှောင်၏ ခန္ဓာကိုယ်၌ အမှန်တကယ် အာနိသင်
ရှိနေပြီး နေ့ဘက်တွင်မူ အလွန် ထိရောက်မှု ရှိနေခဲ့သည်။
"ကျွန်တော် ကူညီပေးရမလား" ဟု လင်းဖန်က
ဆေးကိုယူပြီးနောက် မေးလိုက်သည်။
"အင်း"
ချူရှောင်၏ ဆုံးဖြတ်ချက်က လင်းဖန်ကို ထပ်မံ အံ့အားသင့်စေခဲ့သည်။
မူလက သူက မေးမြန်းရုံမျှသာ၊ ချူရှောင်က ငြင်းဆန်လိမ့်မည်ဟု
ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။
သို့သော်လည်း မမျှော်လင့်ဘဲ လင်းဖန်သည် ချူရှောင်ကို
ကူညီရန် ဆန္ဒရှိနေခဲ့သည်။
ဆေး၏ အာနိသင်က အလွန်မြန်ဆန်သည်။ ဆေးထိုးပြီးနောက်
ချူရှောင်သည် ကိုယ်ကာယ ကြံ့ခိုင်မှုကို လျင်မြန်စွာ ပြန်လည်ရရှိခဲ့သည်။ လင်းဖန်၏ အကြည့်အောက်တွင်
သူသည် ကုတင်ပေါ်မှ ထကာ အဝတ်အစားများကို ချွတ်လိုက်တော့သည်…
အာ... ချူရှောင်က သူ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်
'တုံ့ပြန်မှု' တစ်ခုခု ဖြစ်မယ်ဆိုတာ မသိခဲ့ဘူး မဟုတ်လား? အထူးသဖြင့် မနက်ခင်းမှာဆို
ပိုဆိုးတာပေါ့... သူ လင်းဖန်ရှေ့မှာ ဒီလို အဝတ်အစား ချွတ်ခဲ့ဖူးတာလား?
ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုနေသော လင်းဖန်သည် သူ့စိတ်ထဲ၌
တီးတိုးရေရွတ်နေမိသည်။
သို့သော်လည်း သူ မသိခဲ့သည်မှာ…
ချူရှောင်က တစ်ခုခုကို… ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းပင်။
မူလက… စမ်းသပ်မှုတစ်ခု၏ အရိပ်အယောင်လေး ရှိနေခဲ့သည်။
သို့သော်လည်း ချူရှောင် အခု စမ်းသပ်လိုသည်မှာ လင်းဖန်၏
မူရင်းဘဝ မဟုတ်တော့ပေ။
…
"ပြီးပြီလား?”
"အင်း"
"အဟမ်း၊ ဒါဆို သွားကြစို့" ဟု လင်းဖန်က
အနည်းငယ် ချောင်းဆိုးရင်း ပြောလိုက်သည်။
နှစ်ဦးသား အခန်းမှ ထွက်ခွာသွားသောအခါ လေ့လေ့သည် သဘာဝအတိုင်း
နိးထလာတာ ဗိုက်ဆာနေသဖြင့် အိပ်ခန်းတံခါးဝတွင် အိပ်ချင်မူးတူးမျက်လုံးများနှင့် ရပ်နေသည်။
"ဗိုက်ဆာနေပြီလား?" ဟု လင်းဖန်က သူ့မျက်ခုံးပင့်ကာ
မေးလိုက်သည်။
"အင်း" ဟု လေ့လေ့က မျက်လုံးပြာဝေဝေဖြင့်
ခေါင်းညိတ်လိုက်သည်။ သို့သော် သူသည် ချူရှောင်ကို အခန်းထဲမှ ထွက်ခွာလာသည်ကို မြင်သောအခါ
ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဆိုဖာပေါ်မှာ ထိုင်ပြီး စောင့်နေ" ဟု
လင်းဖန်က ပြောလိုက်သည်။
“ဟုတ်ကဲ့" ဟု လေ့လေ့က ပြန်ဖြေသည်။ သူသည် ငိုက်ငိုက်စိုက်စိုက်
ခေါင်းငြိမ့်ပြီး ဆိုဖာပေါ်သို့ လျှောက်သွားကာ တည့်မတ်စွာ ထိုင်လိုက်သည်။
မူလက မိဘမဲ့ဂေဟာ၏ အကြီးအကဲသည် သူတို့ကို မသင်ကြားမီကပင်
ယခုလို အသစ်ရောက်လာသော မိဘများသည် အခန်းတစ်ခန်းထဲသို့ အတူဝင်ရောက်သွားခဲ့လျှင် ကလေးငယ်များကို
မွေးဖွားသင့်သည်ဟု သင်ကြားခဲ့ဖူးသည်။ ထိုအချိန်တွင် သူတို့သည် နာခံရမည်၊ ရန်မဖြစ်ရ၊
မတိုက်ခိုက်ရပေ။ ထိုနည်းလမ်းဖြင့် အကယ်၍ အသစ်ရောက်လာသော မိဘများသည် သူတို့၏ ကိုယ်ပိုင်ကလေးငယ်ကို
မမွေးဖွားခဲ့ပါက သူတို့ကို ပြန်လည် မပို့တော့ပေ။
အဲ့တော့... မနေ့ညက အကိုကြီးလင်းနဲ့ အစ်ကိုကြီးချု
ကလေးလေးတွေ မွေးဖို့ လုပ်ခဲ့ကြတာလာ?
လေ့လေ့သည် ဆိုဖာပေါ်၌ ထိုင်လျက်၊ ခေါင်းကို စောင်းပြီး
သူ၏ ကမ္ဘာ့အမြင်ငယ်လေးကို တွေးတောနေသည်။
အကယ်၍ လင်းဖန်သာ လေ့လေ့ ဘာတွေးနေသည်ကို သိခဲ့ပါလျှင်
သူသည် မိဘမဲ့ဂေဟာတွင် ဆက်လက် ရင်းနှီးမြှုပ်နှံတော့မည် မဟုတ်ပေ၊ ငွေကိုပင် ပြန်တောင်းချင်စိတ်
ပေါ်လာနိုင်ပေသည်။
မိဘမဲ့ဂေဟာနှင့် "နေရာတကာတွင် ရှိနေတတ်သော"
အကြီးအကဲတို့က ကလေးများကို ဘာတွေ သင်ပေးခဲ့ကြပါလိမ့်ဟု ထူးဆန်းစွာ တွေးမိတော့သည်။
ချူရှောင်ကသာ သိခဲ့ပါမူ…
ဆက်ပြီး မရှိတော့မည် မဟုတ်။
မိဘမဲ့ဂေဟာသည် N မြို့မှ ပျောက်ကွယ်သွားရပေလိမ့်မည်။
…
လေ့လေ့သည် စားပွဲရှေ့တွင် ထိုင်နေပြီး သူ့ခွန်အားကို
ပြန်လည်ရရှိခဲ့သည်။ စားပွဲပေါ်တွင် မနက်စာများ ပြည့်နှက်နေသည်။ သူ၏ တံတွေးများသည် စားပွဲပေါ်သို့
ကျဆင်းလုနီးပါးပင်။ သို့သော်လည်း သူသည် သူ၏ သူငယ်တန်းဆရာမက သူ့ကို လင်းဖန်နှင့် ချူရှောင်ကို
နှုတ်ဆက်ခိုင်းခဲ့သည်ကို မှတ်မိနေခဲ့သည်။
"မင်္ဂလာနံနက်ခင်းပါ၊ ဝမ်းကွဲအကို၊ မင်္ဂလာနံနက်ခင်းပါ၊
အစ်ကိုကြီးချူ"
ပေါက်စီလေးသည် အတော်လေး ချစ်စရာကောင်းသော အသံဖြင့်
ပြောလိုက်သည်။
သို့သော်လည်း လေ့လေ့က သူ့ကို ထိုသို့ ခေါ်ဝေါ်သည်ကို
ကြားသောအခါ ချူရှောင်သည် မှင်တက်သွားခဲ့သည်။
တစ်ညတည်းနဲ့ မနေ့က "ဦးလေးချောချော" ကနေ "အစ်ကိုကြီးချူ" ဖြစ်သွားတာလား?
သူသည် "ချစ်စရာကောင်းသော" ဟူသော စကားလုံးကို
မကြိုက်ခဲ့သော်လည်း လေ့လေ့သည် သူငယ်တန်းကလေးငယ်တစ်ဦးပင် ဖြစ်သည့်တိုင် ထိုသို့ သိရှိနားလည်မှု
မြင့်မားနေသည်မှာ ထင်ရှားသည်။
ထို့ကြောင့် ချူရှောင်သည် မည်သူက သူ့ကို ပြောင်းလဲခိုင်းသည်ကို
သိနေခဲ့သည်။
ထိုအတွေးနှင့်အတူ ချူရှောင်းသည် လင်းဖန်ကို စူးစိုက်ကြည့်လိုက်သည်။
"ချစ်စရာကောင်းသော" ဟူသော နာမဝိသေသနကို
ဖယ်ရှားလိုက်သည်ကို ချူရှောင်က ကျေနပ်ခဲ့သော်လည်း "အစ်ကိုကြီး" ဟူသော စကားလုံးကမူ…
တစ်ချိန်တည်းတွင် လေ့လေ့သည် ထိတ်လန့်တကြားဖြစ်ကာ
တောင်းပန်သော မျက်နှာအမူအရာဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။
အစ်ကိုကြီးချူက
အဲဒီလိုခေါ်တာကို မကြိုက်လို့ သူ့ကို လျစ်လျူရှုလိုက်တာလား?
"အင်း ဟင်း ဒီလိုခေါ်တာက တော်တော်လေး ကောင်းတယ်လို့
ထင်တယ်" ဟု လင်းဖန်က စူးစမ်းရှာဖွေသော အကြည့်များနှင့် တောင်းပန်သော အသံဖြင့်
ပြောလိုက်သည်။
မူလက လင်းဖန်သည် ချူရှောင်၏ ငြင်းဆန်မှုကို လက်ခံရန်
ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း သူက မငြင်းခဲ့ပေ။
အင်း၊ ချူရှောင်သည် ထိုခေါ်ဝေါ်မှုကို ငြင်းပယ်ရန်
ရည်ရွယ်ခဲ့ခြင်း မရှိခဲ့ပေ။
ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် ကလေးတစ်ဦးက သူ့ကို
"အစ်ကိုကြီး" ဟု ခေါ်ဝေါ်ခြင်းမှာ ထူးဆန်းသော်လည်း သတိမထားမိဘဲ ချူရှောင်သည်
ထိုအသုံးအနှုန်းကို အတော်လေး နှစ်သက်မိခဲ့သည်။
သူ၏ ပါးစပ်ထောင့်စွန်းပင် ကွေးညွတ်သွားခဲ့သည်။
သူ့ရှေ့တွင် ထိုင်နေသော လေ့လေ့သည် အစ်ကိုကြီးချူ
သူ့ကို သဘောကျပြီး ပြုံးပြလိုက်သည်ကို မြင်တော့ အံ့ဩဝမ်းသာသွားပြီးနောက် တံခါးခေါက်သံ
ကျယ်ကျယ်လောင်လောင်အား ကြားလိုက်ရသည်။
အကျွမ်းတဝင်ရှိသော တံခါးခေါက်သံကို ကြားလိုက်သောအခါ
လေ့လေ့မျက်လုံးများ တောက်ပလာသည်။
"သားသွားမယ်၊ သား သွားမယ်၊ သားကို သွားခွင့်ပြုပါဦး"
ဟု လေ့လေ့က ပြောလိုက်ပြီးနောက် သူ့ဇွန်းကို ပစ်ချကာ တံခါးဆီသို့ ပြေးသွားသည်။
လေ့လေ့ ထိုမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ
လင်းဖန်သည် အတော်လေး တည်ငြိမ်နေပုံ ပေါ်သည်။
သူ့အဖေ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ၊ ဒါက သဘာဝကျသည်ပင်။
လင်းဖန်က တံခါးခေါက်တာ လေ့ဝူမှန်း ဘယ်လိုသိလဲဆိုတော့…
အမှန်တကယ်တော့ ဒါက လွယ်ကူခဲ့သည်။
မူလက လင်းဖန်သည် အခြားသူများနှင့် အဆက်အသွယ် သိပ်မရှိခဲ့ပေ။
များသောအားဖြင့် သူ့အိမ်သို့ မည်သူမျှ မလာတတ်ကြပေ။ လေ့ဝူမှလွဲ၍ အခြားမည်သူမျှ တံခါးကို
ထိုမျှ ပြင်းပြင်းထန်ထန် ခေါက်ရဲသည် မရှိခဲ့ပေ။
လင်းဖန် ခန့်မှန်းခဲ့သည်မှာ မှန်ကန်ကြောင်း ပေါ်လွင်လာခဲ့သည်။
ရောက်လာသူသည် လေ့ဝူပင် ဖြစ်သည်။
လေ့ဝူက တံခါးဖွင့်ပေးသော လေ့လေ့ကို ကြည့်လိုက်ပြီး
သူ့ကို ကောက်ချီကာ ပခုံးပေါ်တင်ပြီးနောက် အထဲသို့ ဝင်လာခဲ့သည်။
အရင်က သူဌေးက သူ့ကို ခေါ်ဆောင်လာသည့်အခါတိုင်း သူ့ကိုယ်ပိုင်အိမ်သို့
ပြန်လာသကဲ့သို့ သဘာဝကျနေခဲ့သည်။
သို့သော်…
လေ့ဝူက နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်
သူ့မျက်နှာသည် နောက်ဆုံးတွင် သဘာဝမကျတော့ပေ။
Holy Sh*t….
ဘယ်သူက သူ့ကို လမ်းမှားလာတာလား၊ ဒါမှမဟုတ် လုံးဝ
မနိုးသေးဘဲ အိပ်မက်မက်နေတာလားလို့ ပြောနိုင်မလဲ?!
သူဌေးအိမ်မှာ မရှိသင့်တဲ့သူတစ်ယောက်ကို ဘာလို့ သူမြင်နေရတာလဲ?!
မနက်စာ အေးအေးဆေးဆေး စားနေသော လင်းဖန်ဘေး စားပွဲရှေ့တွင်
ချူရှောင် ထိုင်နေသည်ကို မြင်သောအခါ လေ့ဝူသည် အလွန်တုန်လှုပ်သွားပြီး သူ့မေးရိုးများပင်
ပြုတ်ကျလုနီးပါး ဖြစ်နေတော့သည်။
သူ့သား၏ စကားတစ်ခွန်းကြောင့် လေ့ဝူ၏ ပါးစပ်သည် အနည်းငယ်
ပိတ်သွားခဲ့သည်။
"ဖေဖေ ဖေဖေ ဒါ ဒါအစ်ကိုကြီးချူလေ" ဟု လေ့လေ့က
လေ့ဝူ၏ လက်ကို ဆွဲကာ ပြောလိုက်သည်။
ဟုတ်သည်၊ သူ မည်သူဖြစ်သည်ကို သိပြီး သူ့သား၏ မိတ်ဆက်ပေးမှု
မလိုအပ်ပေ။ သခင်ရှောင် ချူရှောင်။ N မြို့တွင် မည်သူမျှ သူ့ကို မသိသူ မရှိပေ။ လွန်ခဲ့သည့်
တစ်လခွဲကပင် သူ့ကို ပြန်ပေးဆွဲခဲ့ဖူးသည်။
"Fuck! ဒါမဟုတ်သေးဘူးလေ! အစ်ကိုကြီးချူ…. လေ့လေ့က
ချူရှောင်နဲ့ ဘယ်တုန်းက ဒီလောက် နီးစပ်သွားတာလဲ?
ဒါက မသိပ္ပံနည်းကျဘူး!"
ထိုအတွေးနှင့်အတူ လေ့ဝူသည် လင်းဖန်ဘက်သို့ လှည့်လိုက်သည်။
နောက်ဆုံးတွင် လင်းဖန်၏ သတိပေးအကြည့်ကို ခံယူပြီးနောက်
လေ့ဝူသည် ပူးပေါင်းဆောင်ရွက်လိုက်ကာ သူ့မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို ဖယ်ရှားလိုက်သည်။
"ဪ၊ ဖန်ဖန်၊ မင်း အိမ်မှာ ဧည့်သည်ရောက်နေတာလား?"
ဟု လေ့ဝူက လေ့လေ့ကို ချထားပြီး သူ့ခေါင်းကို ပွတ်ကာ ဉာဏ်နည်းသော အပြုံးဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဖန်ဖန်ရဲ့ ဦးလေးပါဗျ မနေ့က ကျွန်တော်
အလုပ်များနေလို့ လေ့လေ့ကို ဂရုစိုက်ခိုင်းခဲ့တာ ဒီနေ့ ကလေးကို လာခေါ်တာ၊ ဧည့်သည်ရောက်နေမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး။"
လေ့ဝူ၏ စကားကို ကြားသောအခါ ချူရှောင်က ခေါင်းညိတ်ပြီး
ပြေပြစ်စွာ ပြောလိုက်သည်။ "ဟယ်လို" လေ့လေ့က သူ့ကို အဖေဟု ခေါ်ဝေါ်သည်ကို
သူ သတိပြုမိပြီး သူတို့နှစ်ဦး၏ အပြန်အလှန်ဆက်ဆံမှုကို ကြည့်လိုက်သည်။
"ဟဲဟဲ၊ ဟယ်လို" ဟု လေ့ဝူက ပြုံးလိုက်သည်။
သူသည် သူ့လေယူလေသိမ်းကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်သည်။
သူဌေးက ချူရှောင်ကို ပြန်ပေးဆွဲစဉ်က သူ့ကို မေ့ဆေးပေးခဲ့ပြီး ကျန်တဲ့ ကိစ္စတွေကို
monkeyတို့သုံးယောက်နှင့် အခြားသူများ ကိုင်တွယ်ခဲ့သော်လည်း သူကတော့ တကယ်တမ်း ထိတွေ့မှု
သိပ်မရှိခဲ့ပေ။
ချူရှောင်က တစ်ခုခုကို သတိထားမိလိမ့်မည်မှာ ထင်ရှားသည်။
သို့သော် ထိုသူက ထက်မြက်သည်၊ တစ်ခုခု သတိထားမိလျှင်ပင် ဆိုးဝါးပေလိမ့်မည်။
တစ်ဖက်တွင် တိတ်ဆိတ်စွာ လေ့ဝူကို စောင့်ကြည့်နေသော
လင်းဖန်သည် သူ့ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
အဓိကအားဖြင့် သူ့ပါးစပ်ထောင့်စွန်း လှုပ်နေသည်ကို
ချူရှောင် မြင်စေလိုခြင်း မရှိခဲ့ပေ။
အဟမ်း၊ ကျေးလက်ဆန်သော အငွေ့အသက်နှင့် ပြုံးနေသော
ထိပ်ပြောင်လူကြီးတစ်ဦး၊ သို့သော် သူသည် တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်း ရောစပ်ထားသော
စကားဝဲဖြင့် တစ်ခုခုကို ပြောနေရပေဦးမည်…
ဒါက တကယ်နည်းနည်းလေး… အွန်း၊ ဖော်ပြဖို့ ခက်ခဲသည်။
"ဦးလေး၊ မလာခင်က ဘာ စားခဲ့ပြီးပြီလား"
ဟု လင်းဖန်က လေ့ဝူ၏ sh*tty သရုပ်ဆောင်ချက်အား ဖြတ်တောက်ပြီး မေးလိုက်သည်။
"ဟဲဟဲ၊ အင်း၊ စားခဲ့ပြီးပြီ။"
"တကယ်လား? ဒါဆို နောက်ထပ် နည်းနည်းလေး ထပ်စားပါဦး။"
“ဪ၊ အိုကေလေ…"
နောက်ထပ် သူ ဘာလုပ်ရမှန်း မသိတော့ပေ။ ဒါကြောင့် သူဌေးက
သူ့ကို စားစေချင်သဖြင့် သူ စားရတော့မည်။
မုန့်ဆီကြော်တစ်ချောင်းကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်ရင်း
လေ့ဝူသည် သူ့နှလုံးသားထဲ၌ တီးတိုးရေရွတ်လိုက်သည်။
တစ်ချိန်တည်းတွင် သူသည် သူတို့၏ သူဌေးကိုလည်း လျှို့ဝှက်စွာ
လေးစားနေမိသည်။
အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့ သူဌေးက အရမ်းမိုက်လို့ပင်။
ရှုံးနိမ့်ခဲ့တဲ့သူကို သူ့သူဌေးက အိမ်ခေါ်လာတာ မဟုတ်လား။ ဒါ မမိုက်ဘူးလား။
သို့သော်လည်း…
ရုတ်တရက် သူ့ကို တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။
လေ့ဝူသည် သူတို့၏ သူဌေးကို ကြည့်လိုက်ပြီး ချူရှောင်ကို ဂရုတစိုက် ကြည့်လိုက်သည်။
သူသည် ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
တစ်ခုခု မမှန်ဘူးလို့ ခံစားရသည်!
သူတို့က ရန်သူတွေ မဟုတ်ဘူးလား?
သူတို့က ရန်သူတွေ မဟုတ်ဘူးလား?
ရန်သူနှစ်ယောက်က ဒီလောက် ချစ်ကြည်ရင်းနှီးစွာ မနက်စာ
အတူစားမှာလား? ပြီးတော့ ဒီလောက်နီးနီးလေး ထိုင်နေတာလား? အဓိကအချက်က သူတို့ရဲ့ သူဌေ
က တကယ်တော့ ဟိုဘက်လူကို တစ်ရှူးတောင် ကမ်းပေးနေတာ...