72 : မင်းအတွက် ကောင်းတာပေါ့
နံနက်တိုင်း သူ့အတွက် ထားခဲ့သော မနက်စာ ဖြစ်ပါသည်။
ထို့ပြင် ဤမနက်စာက ယခင်က ခေါက်ဆွဲထက် ပိုကောင်းသည်
မဟုတ်ပါလား?
သို့သော်…
"လူတစ်ယောက်က အကြောင်းမဲ့၊ အရင်းမဲ့ ကောင်းခြင်းပြလာပြီဆိုရင်
မကောင်းတဲ့အရာ ဒါမှမဟုတ် မဟုတ်တာတစ်ခုခု လုပ်ခဲ့လို့ပဲ" ဆိုတဲ့ စကားကို ကြားဖူးလား?"
သူ့မျက်လုံးများက လင်းဖန်အပေါ် လျှောက်လှဲသွားပြီး ချူရှောင်က တစ်လုံးချင်းစီ အလေးအနက်ထား
ပြောလေသည်။
"ထားလိုက်တော့၊ မင်းဘာအမှားလုပ်ခဲ့လဲ။ အခုဝန်ခံတာ
နောက်မကျသေးပါဘူး" ဟု ချူရှောင်က ထပ်ပြောသည်။
သူ့စကားများသည် တစ်စုံတစ်ရာကို ရည်ညွှန်းနေမှန်း
ထင်ရှားပါသည်။
နိုးထလာသောအခါ သူသည် ရေချိုးပြီးဖြစ်၍ အဝတ်အစားများပင်
လဲလှယ်ထားပြီး ဖြစ်သည်။ အိမ်မှာ သူတို့နှစ်ယောက်ပဲရှိတာဆိုတော့ လင်းဖန်မဟုတ်ရင် ဘယ်သူဖြစ်မလဲ?
လင်းဖန်အတွက် ထိုသို့ပြုလုပ်ပေးခြင်းက ပုံမှန်ဖြစ်သော်လည်း
အကြောင်းတစ်ခုခုကြောင့် ချူရှောင်က သူ့အတွက် ထိုသို့ပြုလုပ်ပေးသော ကလေးအပေါ် ခုခံမှုအချို့
ရှိနေဆဲပင်။
"အဟမ်း..." ထင်ရှားသည်မှာ လင်းဖန်လည်း
ချူရှောင်ဘာကိုပြောနေသည်ဆိုသည်ကို သိသည်။ သူက ခြောက်သွေ့စွာ ချောင်းဆိုးပြီးမှ
"ဒီနေ့ ကျောင်းမသွားရတော့ဘူးဆိုပြီး စဉ်းစားလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ပျော်ပြီး
အချိန်တွေအများကြီး ပိုရနေလို့လို့ မှတ်လိုကိ"
အရင်တုန်းက ကျူယွမ်ကျန်း နွားကျောင်းတုန်းက ကျူးတာဆိုတဲ့သူက
အရမ်းတော်တာကို ချူရှောင်က ယုံကြည်မှုမရှိဘူးလို့ မြင်တော့ လင်းဖန်က စကားလမ်းကြောင်း
လွှဲလိုက်သည်။
"ခင်ဗျားကိုကြည့်ဦး။ ခင်ဗျားမှာ ရာထူးရှိနေတာပဲ။
ခင်ဗျားပြန်သွားရင် ကျွန်တော်လည်း ခင်ဗျားကို အများကြီး 'ကူညီ' ပေးခဲ့တဲ့အတွက် ရာထူးတိုးနိုင်တယ်"
"အဲဒါဆို... ကျွန်တော် ခင်ဗျားကို ကောင်းကောင်းဆက်ဆံသင့်တယ်လို့
ထင်တယ်" လင်းဖန်ရဲ့ လေသံက နည်းနည်းနောက်နေတယ်လို့ ထင်ရပေမဲ့ နောက်ဆုံးဝါကျကတော့
တကယ် အတည်ပင်။
လင်းဖန်က ကိုးကားချက်နဲ့ ဥပမာ နှစ်ခုလုံးကို သုံးပြီး
ချူရှောင်ကို ဖျော်ဖြေခဲ့သည်။
"ဟေ့၊ စောက်ကလေး၊ မင်း ပထမဆုံး စာကိုပဲ အာရုံစိုက်ရမယ်
ဒီလို အသုံးမကျတဲ့ ဟာတွေကို တစ်နေကုန် တွေးမနေနဲ့” သို့သော် လင်းဖန်က မပြောရင်တောင် သူက ချူအုပ်စုကို
ခေါ်လာပြီး သင်ကြားပေးလိမ့်မည်။
ဘယ်သူကများ ဒီကောင်လေးကို သူ့မျက်လုံးထဲမှာ နှစ်သက်စရာ
ဖြစ်အောင် လုပ်ခဲ့တာလဲ?
"ဒါပေမယ့် မနေ့က ဖြစ်ခဲ့တာမျိုးက ဒုတိယအကြိမ်
မဖြစ်ရဘူးနော်၊ မင်းသိတယ် မဟုတ်လား" ချူရှောင်က လင်းဖန်ကို ကြည့်ပြီး ပြောလိုက်သည်။
ဒီလိုပြောပြီးနောက် သူက သူ့စိတ်ထဲမှာ တိတ်တိတ်လေး
သက်ပြင်းချတာကို မထိန်းနိုင်တော့ဘူး။ ဒီကောင်လေးအပေါ် သူ တကယ်ကို အတော်လေး ပျော့ပြောင်းနေတာပဲ…
"အို" လင်းဖန်က မရှင်းလင်းတဲ့ လေသံနဲ့
ပြန်ဖြေလိုက်သည်။
သူ သိတယ်။ ဒါပေမယ့် သူ နောက်မှ ပြောတဲ့အတိုင်း လုပ်မလားဆိုတာက
သူ့စိတ်ခံစားချက်ပေါ် မူတည်တယ်။
"သွားရအောင်"
"ဟမ်"
နှစ်ယောက်စလုံး ဘာမှ မပြောကြတော့ပေ။
သို့သော် လေထုက သိပ်မဆိုးလှ။
ဆန့်ကျင်ဘက်အားဖြင့် လင်းဖန်က နွေးထွေးမှု အရိပ်အယောင်တစ်ခု
ခံစားရသည်။
ဘဝနှစ်ခုလုံးမှာ သူ့ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူး၊
ဒါမှမဟုတ် သူ့ကို အာရုံစိုက်ခဲ့ခြင်း မရှိခဲ့ဘူး၊ ဒီလိုမျိုး ဘယ်သူနဲ့မှ မကြုံခဲ့ဖူးဘူး။
သူနဲ့ ချူရှောင် အတူနေခဲ့တာ လူလုပ်ထားတဲ့ တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေမဲ့ ဘာပဲဖြစ်ဖြစ်
သူတို့ အတူနေခဲ့ကြပြီ။
တကယ်တော့ ဒီလိုမျိုး အပြန်အလှန်ဆက်ဆံရေးပုံစံက လင်းဖန်
သူ့ဘဝနှစ်ခုလုံးမှာ ဆန္ဒပြုခဲ့တဲ့ အရာပင်။
တစ်စုံတစ်ယောက်နဲ့ အတူနေထိုင်ရခြင်း…
လင်းဖန် သူ့နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်တာကို
မထိန်းချုပ်နိုင်ခဲ့ပေ။
သူတို့က ရန်သူတွေ မဟုတ်ကြတော့ဘူးဆိုရင် သူတို့ရဲ့
ဆက်ဆံရေးအတွက် ဖြစ်နိုင်ခြေတွေ အများကြီး ရှိတာပေါ့…
ဟုတ်ပါတယ်။ အခြေခံအချက်ကတော့ ပြန်ပေးဆွဲတာ၊ ဆေးခတ်တာ၊
ဘားတုန်းက ကိစ္စတွေ... ချူရှောင် သိလို့မရဘူး…
ချူရှောင်က ဒီအရာတွေ လုပ်ခဲ့တဲ့သူက သူဆိုတာ သိရင်…
ဒီလို ဖြစ်နိုင်ခြေကို တွေးမိတာနဲ့ လင်းဖန် ရုတ်တရက်
အပြစ်ရှိသလို ခံစားလိုက်ရသည်။